အိုဘယ့်…ဖနွမ်ပင်…

foto from google

အိုဘယ့်….. ဖနွမ်ပင်

နွမ်းနေသလား ဖနွမ်ပင်
ပန်းနေသလား ဖနွမ်ပင်
မလန်းပါလား ဖနွမ်ပင်

မင်းဆီကို ငါတခေါက်
ထပ်ရောက်ရပြန်ပြီ

နေပူနေတုံးပဲ
ဖုန်ထူနေတုံးပဲ
ဂုဏ်မယူနိုင်တုံးပဲ

ကြာခဲ့ပြီ
နှစ်တွေ ကြာခဲ့ပြီ
၃ နှစ်လောက်ရှိမလား

ဒါပေမယ့်…
မင်းကတော့
အရင်အတိုင်း

ဘာမှ မပြောင်းလဲသေးပါဘူးလေ

လူတွေလဲ ရုန်းကန်ဆဲ
အပူဒဏ်ကိုလဲ တွန်းလှန်ဆဲ
ဆူညံ ပူညံ လဲ မဖြစ်သလိုပဲ

မဲခေါင်မြစ်ဝှမ်းချင်းယှဉ်ရင်တော့
ကိုယ်တွေက သာတယ်ပြောရမယ်

တခုတော့ တိုးတက်လာတယ်
အခု အာဆီယံ ထဲကနေ
ရွှေတွေ ဗီအိုအေ ရပြီ။

A Chen
10:45 AM
Tuesday
14th June 2011
Asia Hotel,
Phnom Penh
Cambodia

မက်ဟီကို

မက်ဟီကို

မော်နူမန်တို အာကိုလွန်*
လှပတဲ့ မြို့ကလေးတမြို့ပါ
ငါ့ရဲ့ ဘယ်ဘက်က နံရံတခုလား?

ပြေပြစ်တဲ့မျက်နှာကျတွေနဲ့
မျက်ခုံးမျက်လုံး လှပတဲ့လူတွေ
ငါ စီးကရက်သောက်ရင်း
လမ်းပေါ်မှာ လျောက်သွားနေမိတယ်
ငါ့နောက်က တယောက်ယောက်လိုက်လာတာလား?
ကြောက်စရာကြီး
(မက်ဟီကို မသွားခင်က
စဝ်ကယူရတီ နဲ့ ပတ်သက်ပြီး
အများကြီး သတိပေးကြပါတယ်)
လမ်းထဲက လူတယောက်ကလဲ
ငါ့ကိုကြည့်နေလိုက်တာ
သူ့အကြည့်တွေက စိတ္တဇဆန်လိုက်တာ
ငါ့ရဲ့ ညာဘက်က နံရံတွေလား?

သစ်ပင်တွေအများကြီးနဲ့
လမ်းမကျယ်ကြီးတွေ
ရာသီဥတုက
ငါ့ကို ရှန်ဟိုင်းမြို့နဲ့ ဟနွိုင်းမြို့တွေကို
သတိရစေပြန်တယ်
အေးလိုက်တာ…………စိမ့်နေတာပဲ
တုန်ခိုက်ချင်လာသလိုပဲ
ရုတ်တရက်
မိုးကရွာချလာပြန်တယ်
ငါ့အရှေ့မှာ ပိတ်နေတာ နံရံကြီးလေလား?
ဟူး………………………………

ပင်လယ်ရေမျက်နှာပြင်ကနေတော်တော်မြင့်လို့
မြို့ ကငါ့ကိုအသက်ရှူကြပ်စေလိုက်တာ
ဟိုတယ်မှာ လေအေးပေးစက်မလိုဘူး
တက်စီတွေ ဘတ်စ်တွေရောပဲ
ငါ့အနောက်မှာ နံရံတွေလား?

အဆောက်အဦ ထူထူကြီးတွေ
သမိုင်းဝင်ဆန်ဆန်နဲ့ခန့်ညားလို့
ဟောင်းနွမ်းလှပြီ
လူဦးရေသန်း ၂၀တဲ့
ငါနေခဲ့တဲ့မြို့တော်ထက်
၎ဆလောက်များနေပေါ့

နေရာတိုင်းမှာရှိနေတဲ့
မတူညီတဲ့ ထူးဆန်း ပန်းပုရုပ်တုတွေ
ခုံတန်းရှည်တွေနဲ့ ပလက်ဖောင်းကျယ်ကျယ်တွေကို တော့
အတော်လေးသဘောကျမိပြန်တယ်

အဲ့အချိန်မှာပဲ လမ်းထောင့်တနေရာမှာ
လူတယောက်ကိုတွေ့လိုက်တယ်
လက်တချက်ပြရင်းနဲ့ နှုတ်ဆက်လိုက်တယ်
အိုးလာ……(ဟယ်လို)
ဘွယ်နိုဒီယပ်စ်……(ဂွတ်မောနင်း)
အားဒီယိုစ်….(ဂွတ်ဘိုင်)

* (Christopher Columbus အထိမ်းအမှတ် ရုပ်တု
မက်ဟီကို မြို့တော်ကြီးရဲ့ အဓိက မီးပွိုင့်နေရာ အရင်တုံးက အထင်ကရ ရထားဘူတာရုံ နားမှာ ပြင်သစ်လူမျိုး Henri Cordier က ကိုလံဘတ်စ် အထိမ်းအမှတ်နဲ့ ဆောက်ထားခဲ့တဲ့ ရုပ်ထုပါ ရုပ်တု က ရေပြင်ညီမျဉ်းအတိုင်း မြို့ထဲဘက်ကို လက်ညိုးညွှန်နေတဲ့ပုံစံပါ။ ဒီလိုမျိုး ခပ်ဆင်ဆင် မော်နူမန်တို အာကိုလွန် အထိမ်းအမှတ်ရုပ်တုတွေ အယ်လ်မေးနီးယား၊ အာဂျင်တီးနား၊ ဘိုလီးဗီးယား၊ ကိုလံဘီယာ၊ စပိန်၊ ကူးဘား၊ အမေရိက၊ အီတလီ၊ မက္ကစီကို၊ ပေါ်တူဂီ၊ ဗြိတိန်၊ ဒိုမီနီကန်ရီပတ်ပလစ် စတဲ့နိုင်ငံတွေမှာလဲ ရှိပါတယ် ဘာ့ကြောင့် သူ့ကိုအထိမ်းအမှတ်အဖြစ်ထားတာလဲဆိုတာကိုတော့ရှင်းပြစရာလိုမယ်မထင်တော့
ပါဘူးနော် ဒေါ်ရီတာ ပြောလို့ စာနဲနဲရှာဖတ်ပြီးတင်ပေးလိုက်တယ်နော် ဟွန့် ဗဟုသုတ မရဘူးမပြောနဲ့ အမှန်က တီ့စာတွေက ဗဟုသုတထက် “ဘူးဟုသုတ” ပိုများတာပါ အဟေးဟေး)

A Chen
11:38 pm
10th November 2009
Home
Bangkok

မက်ဟီကို နဲ့ တီချမ်းရန်စခြင်း (နှာဗူးမကြီး ကြွားလုံးထုတ်ခြင်း)

ဒေလီယာ သူသူ က မာယာတွေနဲ့ ကမ္ဘာပျက်မယ့်အကြောင်းတွေရေးတော့ တီလဲအရင်တခါတင်ပြီးတဲ့ မက်ဟီကို ဆိုတဲ့ကဗျာ ပိုစ့်ကို သတိရမိပါတယ် တီကအဲ့လိုပဲ ခရီးတွေထွက်ရင်းမရောက်ဘူးတဲ့ မြို့တွေရောက်ရင် ကဗျာလေးတွေရေးလေ့ရှိပါတယ် မြို့အကြောင်းလူတွေအကြောင်း သဘာဝပတ်ဝန်းကျင်အကြောင်းဘာဘာညာညာ စသဖြင့်ပေါ့လေ ခုလဲ မနှစ်က သြဂတ်စ် ကသွားခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ အေစ့်ညီလာခံက ကအပြီး မက်ဟီကိုမြို့နဲ့ အနီးပတ်ဝန်းကျင် ကိုသွားလည်ခဲ့ကြပုံတွေ နဲ့ တီရေးထားတဲ့ ကဗျာလေးတင်ပေးလိုက်ပါတယ်နော် အင်္ဂလိပ် ဘာသာနဲ့ပါ လေးဘက်လေးတန်နံရံတွေနဲ့ မွန်းကျပ်နေမယ့် ကိုယ့်ကို မြင်ယောင်ကြည့်ကြပါ

st1:*{behavior:url(#ieooui) }

Mexico CityMonumento a’ colonBeautiful cityIs that the wall on my left???Nice feature, cute peopleI am walking on the street smoking cigarette Is that someone following me?ScaryThere a man in the streetLooking at meSpooky Is that the wall on my right???Wide roadsLots of treesWeather remind me of Shanghai…HanoiCool, cold, shiverSuddenly, it rainIs there a wall in front of me???huuuuuuuuuuuuuuuuuHigh altitude makes me difficult to breatheHotel doesn’t need air conditionTaxi and buses eitherIs that a wall behind me???Thick buildingsHistoricAncient 20 million of population four times of my cityI like the wide platforms with different sculpture and benches

everywherethen you see someone at the street cornerand greet…>>>>

Hola Buenos dias Adio’sA Chen 20th Aug 200812:48 pm

မက်ဟီကို =>>>>> ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂၂၄၀ ရှိတဲ့ဒီမြို့လေးဟာ အပူချိန်ကျတော့ ၁၆ံစင်ဒီဂရိတ ၆၁ ဒီဂရီ ဖာရင်ဟိုက် ပဲရှိတာပါ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂၀၀၀ ကျော်မြင့်တဲ့အတွက် ကိုယ်တို့ရှူနေကျ အောက်စီဂျင် ထက် နည်းတဲ့ အောက်စီဂျင်ပဲရှိတာပါ (သူ့ရဲ့လေထုကလေ) အဲ့တာကြောင့် အသက်ရှူရတာ နည်းနည်းပိုခက်တာပေါ့ အရက်သောက်ထားရင် လွယ်လွယ်လေးနဲ့မူးတယ်တဲ့ ဦးမွန်ကိုတောင် သတိရမိသေးတော့ လူဦးရေကတော့ သန်း ၂၀ နီးပါးရှိတဲ့ ကမ္ဘာပေါ်က တိုကျို နဲ့ နယူးယောက်ပြီးရင် တတိယ လူဦးရေ အထူထပ်ဆုံးမြို့ပါ

(တီ့ စာဖတ်ပရိတ်သတ်တွေထဲမှာ ဒေါ်ရီတာ တို့လို့ အီး အဖတ်ပျင်းတဲ့သူတွေလဲပါတော့လေ၊ အမှန်က အဲ့မိန်းမ အကြောင်းပြတာပါ တခြားကမ္ဘာ ဂန္တဝင် အီးကဗျာတွေတော့ သူဖတ်ပြီးတင်နေသားပဲ တီက ကမ္ဘာမကျော်လို့နေမှာပေါ့အေနော့ ထားတော့ ထားတော့ နောင်ကမ္ဘာကျော်လာလို့ လက်မှတ်လာထိုးခိုင်းရင် ချေနေလိုက်မယ် အဲ့မိန်းမ ကိုဟွန့်) အမှန်ကတော့ ပုံတွေ ရှိသေးတယ် အများကြီးတင်ရင် အပြောခံရမှာ စိုးလို့လေ တော်ကြာ နှာဗူးမကြီးမှသည် အရှက်မရှိကောင်ကြီး ဖြစ်နေအုံးမယ် သူများမပြောခင် ကိုယ့်ဘာကိုယ်ပြန်ပြောထားတာ ခုတလောက တီ့ဘလောခ် ကိုအချိန်တိုင်း နာရီမိနစ် စက္ကန့်မလပ် စောင့်ကြည့်သူတွေရှိနေတယ်လေ

(အဟေးဟေး ဘယ်သူမှမပြောခင် ကြိုပြောထားတာ အော် ပြီးတော့ တီ့ပုံတွေ ကို ခိုးမယူရဘူးနော် ခွင့်တောင်းပါ အဟိ တော်ကြာ တီ့ ကို ကြိတ်ကြိုက်နေတဲ့ ကိုကိုတုတ်ကြီး တွေ့ရင် လာခိုးယူနေမှာ စိုးလို့ ။ ဗီဒိုထဲက ထွက်ခဲ့ပါတော့ (come out off the closet) ကိုကိုတုတ်ရယ် အခြောက်တွေ မိန်းမ တွေတောင်မှ နာမည်အရင်းတွေနဲ့ကိုယ်ရေးချင်ရာ ကိုယ်ယုံကြည်ရာ ကို ရဲရဲရေးနေတဲ့ခေတ်ကြီးမှာ တို့တွေလောက်မှ သတ္တိမရှိရင်လဲ ထမိန်သာဝတ်ထားလိုက်တော့အေ သူသူ့ ပိုစ့်မှာတွေ့တယ် ဟုတ် မိန်းမတွေ ကမ္ဘာ ကိုစိုးမိုးလာတော့မှာ အဲ့တော့ ရှင်လဲ အချိန်မကုန်ခင် မြန်မြန် လိင်ပြောင်းလိုက်တော့ (ရှင်လုပ်ချင်နေတာ သိပါတယ်အေ့) ၂၀၁၂ နော် နီးနေပြီ) (အဟေးဟေး အခြောက်တွေကို စရာတကယ်ပျော်ဖို့ကောင်းတာပဲ )

ကဲကဲ သူ့ရန်စနေရတာနဲ့ …………………………..

ပိုစ့် ပြန်ဆက်မယ်

ဒီပုံက basilica de guadalupe ဘုရားကျောင်း မှာ ရှိတဲ့ သူသူပြောတဲ့ မာယာ ပြက္ခဒိန် ပါ

အဲ့ဘုရားကျောင်းက ဘာနဲ့တူလဲဆိုတော့ ရွှေတိဂုံဘုရားလိုမျိုးပါ (ခရစ်ရှန် နဲ့ ဗုဒ္ဓ ဘာသာ ကိုနှိုင်းယှဉ်ပြတာမဟုတ်ပါဘူး) ပြောချင်တာက မက်ဟီကို လူမျိုးတွေ အကုန်က တီ့ တို့ မြန်မာတွေလိုပဲ ရွှေတိဂုံ ကို အမြို့မြို့ အနယ်နယ် ကနေ လာဖူးကြသလိုပဲ အဲ့ဒီ basilica de guadalupe ဘုရားရှိခိုးကျောင်းကိုလဲ ညအိပ်ညနေ စောင့်ပြီးတော့ ကို လာဖူးကြပါတယ် အထူးသဖြင့် ရက်ထူးရက်မြတ်တွေမှာ ဆို တကယ်ကိုပဲစောင့်အိပ်ပြီး တံခါးဖွင့်တဲ့ အထိ ကွင်းပြင်(ရင်ပြင်ထဲမှာ) ညလုံးပေါက် စောင် ခေါင်းအုံး မီးဖို ထမင်းချိုင့်စတာတွေနဲ့ မိသားစု လိုက်လာစောင့်ဖူးကြတာပါ။

ဘုရားကျောင်းထဲမှာ ကောင်းကင်တော် ကဥယျာဉ်ပုံ ကိုလုပ်ထားတာ နောက်ပြီးတော့ ပုပ်ရဟန်းမင်းကြီး ပုံရုပ်ထု နတ်တမန်တော်တွေ စတာတွေကို ထုလုပ်ထားတာ အများကြီးရှိပါတယ်



နောက်ပြီးတော့ လဲ black Jesus and Mary ရုပ်တုတွေလဲရှိပါတယ် ကိုယ်တွေတွေ့နေကျ ရုပ်တုတွေနဲ့ အဓိပ္ပါယ်က မတူဘူးလို့ပြောပါတယ် တီ့လိုအပ်ချက်က သူသူ့လို သေသေချာချာလေ့လာရေးသားဖို့အချိန်မပေးနိုင်တာပါ နောက်များမှပေါ့နော့

ဒီပုံက pope တရားဟောခန်းမ ပါ ကိုယ်လဲဆုတောင်းခဲ့သေးတယ်

အောက်ကပုံတွေကတော့ ဘုရားရှိခိုးကျောင်းကို အမြင်ရှူထောင့်အမျိုးမျိုးက မြင်ရတဲ့ပုံတွေပါ သူက ဝန်းတခုထဲမှာပဲ ဘုရားကျောင်းတွေအများကြီး ရှိနေတာမျိုးလေ ဝန်းကြီးက အကျယ်ကြီးပဲ

လူတွေသောင်းနဲ့ချီလာတာတောင် မပြည့်ဘူး

ဒါက မြို့ထဲကပုံတွေပါ နောက် ပိုင်းမှာထပ်လာပါမယ် နာမည်ကြီးနေရာတွေအကြောင်း

အောက်ကတော့ ကြားဖြတ်ပြီး ပိရမစ်အကြောင်းပြောပါမယ်

ဒါကတော့ ပိရမစ် teotihuacan လို့ခေါ်ပါတယ် မက်ဟီကိုမြို့ကနေ ရထားနဲ့ဖြစ်ဖြစ် ကားနဲ့ ဖြစ်ဖြစ် သွားလို့ရပါတယ် တီတို့ကတော့ အသွားကိုရထားစီးပြီးတော့ အပြန်ကို ဘတ်စ် စီးပါတယ် အစုံပေါ့ ရောက်သွားတော့လဲ ဘာမသိပ်မထူးပါဘူး တီကတော့ စိတ်ထဲ ကမ္ဘောဒီယား က အန်ကော်ဝတ် ကိုတောင်ပိုကြိုက်မိသေး အပေါ်တက်တော့ ကျိုက်ထီးရိုးလိုလဲခံစားချက်ပေးတယ် အမြင့်ကြောင့်ထင်တယ် မြို့ထဲထက်တော့ပိုပူတယ် ထူးဆန်းတာ က ကန္တာရ ပင်အကြီးကြီးတွေရယ် အဲ့အပင်ရဲ့ အသီးတွေကို ရောင်းနေတာပါအခွံခွာလိုက်ရင် ရဲယိုသီးနဲ့တူသလိုလို ကီဝီနဲ့လဲအရသာ ခပ်ဆင်ဆင်ပါ စားလို့ကောင်းပါတယ် အရသာက ချိုချဉ်ပြုံးလေးပါ ဒီမှာကြည့်ပါ

ဒါကတော့ တီရဲ့ ဟိုရိုက်ဒီရိုက်ပေါ့

ဒီပုံက ပိရမစ် ရဲ့အဝေးမြင်ပါ အမြင့်ကြီးပဲ ဒီတခုက အမြင့်ဆုံး မတက်ဘူး မောမယ်ဆိုတာ မြင်ယုံနဲ့သိလို့ သူသူပြောတဲ့ ပြက္ခဒိန်နဲ့ ဆိုင်တာ ဒဓီတခုလို့ထင်တယ် သိပ်တော့မသေချာဘူး တီဘာမှမသိပါဘူးဆိုနော့ ပြောထားတယ်လေ အစကတည်းက အာပတ်လွတ်အောင်

ဒါကတော့ ဘေးတိုက်ပိရမစ်ပုံတွေပါ အဲ့မှာလဲ ခုနက ဘုရားကျောင်းလိုပဲ ကွင်းပြင်အကျယ်ကြီးထဲမှာ ပိရမစ်တွေအများကြီး ဆောက်ထားတာ နောက်တော့ လာအုံးမယ် မြို့ထဲက ကွင်းပြင်ကြီးအကြောင်းအောက်မှာ မာယာတွေနဲ့ ကွင်းပြင်ကတခုခုတော့ တခုခုပဲ ကြည့်ရတာ နေကနေ မီးလုံးတွေကျလာရင် ပြေးစရာနေရာရှိအောင်ထင်တယ် နော့

အဲ…တီနဲနဲနိမ့်တာ တခုတော့တက်ခဲ့တယ် အောက်မှာကြည့်ပုံတွေရှိတယ်

ဒါကတော့အတက်ပါ လှေခါးကလဲအသေမတ်ပါတယ် တန်းရှိလို့တော်တော့တယ်

ဒါကတော့ အပေါ်ရောက်သွားတဲ့ပုံပါ ပြောသားပဲ ဘာမှတယ်မထူးခြားပါဘူးလို့ ကိုယ်တို့ ကျိုက်ထီးရိုးကတောင် သာသေး အရောင်ပြောပါတယ် ဝင်နေတာလေ ရွှေလူမျိုးတွေနဲ့ ရွှေရောင်ပေါ့ မဟပ်ဘူးလား?း=)

ဒါလေးတွေကတော့ အပေါ်က အရန်ရန်အထပ်ထပ် ကြားက ပုံတွေပါ

မလှမှာတော့ မပူရဘူး ကိုယ်က တာရာမင်းဝေ ရဲ့ အရှေ့မြို့ရိုးမှ မိုးရေစက်များထဲက ကခြေသည်မလေး ဂျူနို လိုပဲ ဘယ်လိုနေနေလှတဲ့ မိန်းကလေးဆိုတော့ အဟိ

ကဲအများကြီးလဲမသိပါဘူးလို့ပြောထားပြီးသားနော် ပြီးတော့ ပုံတွေ အပ်လုတ်လုပ်နေတာနဲ့တင် အချိန်တော်တော်ကုန်သွားလို့ ရေးမယ်စဉ်းစားထားတာတွေ ခေါင်းထဲကနေ ကြက်ငှက်များကဲ့သို့ ပျောက်ကွယ်ကုန်ပေါ့ အောက်ကပုံတွေကတော့ မက်ဟီကို မြို့ထဲက ပုံတွေပါ ကဗျာထဲကရေးထားသလိုပဲ ခုံတန်းရှည်တွေ တမြို့လုံး ပလက်ဖောင်းကျယ်ကျယ်ပေါ်မှာ အများကြီးရှိပါတယ် တတိယပုံက monumento angel de la independencia ပါ မက်ဟီကန်တွေ ရဲ့ မက်ဟီကို မြို့ အဓိက အကျဆုံးနဲ့ အထင်ကရ အဖြစ်ဆုံး လွတ်လပ်ရေးကျောက်တိုင်ပေါ့

လာပါပြီ ကွက်လပ်နောက်တခု Zo’calo ဇိုကိုလို လို့ခေါ်ပါတယ် သူ့အရှေ့ က လွှတ်တော် city hall ပါ အဲ့နားမှာက အလယ်ကိုကွက်လပ်လုပ်ထားပြီးတော့ ဘေးပတ်ပတ်လည်မှာ သမိုင်းဝင် အဆောက်အဦတွေနဲ့ဝန်းရံထားတာပါ သူသူတို့ဒေါ်ရီတာ တို့လို အာခီတွေ အင်…ဂျင်နီယာတွေဆိုရင်တော့ တော်တော်လေ့လာလို့ကောင်းမယ် မြို့ပါ ကိုယ်လို နလပိန်းတုံးအတွက်ကတော့ အင်း…………………မက်ဟီကို ကကောင်လေးတွေက ချောတယ်ကွယ် ခက်တာက ဝ နေကြတာပဲ မျက်လုံးမျက်ခုံးလေးတွေကလှကလှနဲ့ ကိုယ်လုံးတွေကလုံးနေတာခက်တယ် ကိုယ်က ဝတာမကြိုက်….း=(

အဲ့ဒီကွက်လပ်က ရုရှားက ကွက်လပ်ပြီးရင် ကမ္ဘာမှာ ဒုတိယအကြီးဆုံးလို့ပြောပါတယ် ရုပ်ရှင်ထဲကအတိုင်းပဲနော်

ဒီပုံတွေက အနားမှာရှိတဲ့ Majestic Hotel ရဲ့ ၇ ထပ်ကကော်ဖီဆိုင်ကနေ panoramic view ရိုက်ထားတာပါ။

ဒါကတော့ မြို့လယ်ကွက်လပ်က ဘုရားကျောင်းပါ အနောက်နိုင်ငံတွေကလဲ သူတို့ဘာသာနဲ့သူတို့တော့ တော်တော်လေးကို ယုံကြည်သက်ဝင်ကြတာတွေ့ရပါတယ် ဖရီးသင်ကာတွေများတယ်ဆိုပေမယ့်လဲ ရီလေးဂျီးယပ်စ် တွေလဲများတော့မျှနေပုံရပါတယ် ဒီဘုရားကျောင်းက နှစ် ၅၀၀ ကျော်ပြီလို့ပြောပါတယ် အမိုးပေါ်အထိတက်လို့ရပါတယ် ပြင်နေတာတွေလဲတွေ့ရပါတယ် ထိန်းသိမ်းထားတဲ့သဘောထင်ပါတယ် အဟောင်းတွေကိုဖျက်ပြီး ထိန်းသိမ်းတယ်ဆိုတာ ကိုယ့်စိတ်ထဲတော့တမျိုးပဲ အင်းလေ ဒါကလဲ သမိုင်း ကိုထိန်းသိမ်းတဲ့လူတွေပိုသိမှာပါ အောက်က အလံနောက်က အဆောက်အဦ ကခုနကပြောတဲ့ လွှတ်တော်ပါ မိုက်တယ်နော်

ဂျက်ကီချန်းကိုတောင်ကွက်လပ်ထဲလျောက်ပြေးပြီးနောက်ကနေ ရုရှားသေနတ် သမားတွေက လိုက်သတ်နေပုံမျက်လုံးထဲမြင်ယောင်လာသလိုပဲ

ဒါကတော့ တီမြို့ထဲမှာ လျောက်သွားရင်းရိုက်ထားတာတွေပါ

ကဲတော်ပြီ အိပ်တော့မယ်

အရေမရ အဖတ်မရတွေလဲရေးပြီးသွားပြီ

တီချမ်း ဟင်းပဲချက်တာကောင်ပါတယ်နော် လျောက်လုပ်နေတယ်

12:05 am

10th November 1981

Home

Bangkok

Thailand

ကူမင်း သို့တခေါက်

ကူမင်း သို့တခေါက်

နံစော်နေတဲ့ လေဆိပ်က အိမ်သာ
ဈေး ၅ဆကြီးတဲ့ လေဆိပ်စားသောက်ဆိုင်
အရင်တခါထက်ပိုအဆင်ပြေတဲ့ ပြည်ဝင်ခွင့် နှင့် လူဝင်မှုကြည့်ကြပ်ရေး
အကောက်ခွန်
စိတ်ဝင်စားစရာကောင်းတဲ့ လျှပ်စစ်စွမ်းအင်သုံး
လောင်စာလျော့ချ မော်တော်ဆိုင်ကယ်တွေ
နေရာတော်တော်များများမှာ လျော့သုံးတဲ့ကြွပ်ကြွပ်အိတ်
အေးစိမ့်တဲ့ရာသီဥတု
စိုစွတ်စွတ်မိုးနဲ့
အော်ရီဂျင်နယ် မာလာဟင်း
ဈေးပေါတဲ့တရုတ်ပစ္စည်းတွေ
ဒီဇိုင်းစုံ အဆင်ဆန်းအနွေးထည်တွေ
စီဒီတွေ
စာအုပ်တွေ
ဒီဗီဒီတွေ
ဝန်ဆောင်မှုကောင်းတဲ့ New era ဟိုတယ်က ဝန်ထမ်းတွေ
အရသာကောင်းတဲ့ Fresh brew coffee
Shang Hai နဲ့ဆင်တဲ့ ရာသီဥတု
ကိုယ်သတိရမိတဲ့
စီးကရက်သောက်ခြင်းနဲ့ “မင်း”
မေပယ်လ်ရွက်ဆန်တဲ့ အရွက်တွေရှိတဲ့အပင်တွေ တန်းစီနေတဲ့
နေမထိုးလမ်းကလေး
လူတွေစုံတဲ့ မြို့လည်ကောင် မြေကွက်လပ်
လမ်းလေးအုတ်ခုံပေါ်မှာအိပ်နေတဲ့ လူတွေ
(အိန္ဒိယ ကိုတောင်သတိရမိသေးတော့)
အရသာမရှိတဲ့ တရုတ်ပြည်ဖြစ် ကျွဲရိုင်း
ပိုက်ဆံပေးမှ ယူမယ်ဆိုတဲ့ သူတောင်းစား
ပြီးတော့ ဒီမြို့ကြီးမှာ တရုတ်လိုမှမတတ်ရင်
သွားရောပဲ
ဘယ်နဲ့လဲ သိပ်အဆင်မပြေဘူးဟုတ်?

A Chen
26th October 2009
2:51 pm
Bangkok

Kunming (a quick glance)

Kunming (a quick glance)

I don’t know whether it is good to start a first sentence of a peom with stink toilets…haha

Anyway I’m gonna start my first line with it….
If you don’t agree just accept it as “me”
The toilets that are stink from airport
The airport restaurant that is FIVE times more expensive than the actual price
Comparing to the first time, the easier Visa, Immigration and customs
Surprising electronically charge motorcycles
Polluted population
Likable reducing use of plastic bags
Icicle cold weather
Sudden rains of cats and dogs
The original of Mar Lar curry and veggies
Cheap Chinese stuffs
CDs, VCDs, DVDs and EVDs
Blue rays
Books
Warm coats which comes in various designs, colors, sizes and prices
Good quality services of New Era hotel’s staffs
A good taste of Yunnan’s fresh brew coffee

The weather that similar to Shanghai
Reminding me of smoking cigarettes and missing “YOU”

A small street covers with the leaves similar to maple tree
Thus, not a single sun rays spot on it
The city’s heart square where all sort of people gather
The street aside benches that full with sleepers
Which again, remind me a lot of India…

Tasteless Chinese red bull
The bagger that only wants MONEY
And you know what in this particular city
If you don’t know Chinese you are doomed
Not quite convenience to go around HUH?

A Chen
2:30 pm
24th September 2009
Kunming Airport

Mexico City


Mexico City

Monumento a’ colon
Beautiful city
Is that the wall on my left???
Nice feature, cute people
I am walking on the street smoking cigarette
Is that someone following me?
Scary
There a man in the street
Looking at me
Spooky
Is that the wall on my right???
Wide roads
Lots of trees
Weather remind me of Shanghai…Hanoi
Cool, cold, shiver
Suddenly, it rain
Is there a wall in front of me???
huuuuuuuuuuuuuuuuu
High altitude makes me difficult to breathe
Hotel doesn’t need air condition
Taxi and buses either
Is that a wall behind me???
Thick buildings
Historic
Ancient
20 million of population four times of my city
I like the wide platforms with different sculpture

and benches everywhere
Hola
Buenos dias
Adio’s

A Chen
20th Aug 2008
12:48 pm

ဘန်ကောက်

ဘန်ကောက်

အပြုံးတုတွေရယ်
နွဲ့တဲ့တဲ့အသံတွေနဲ့ မစစ်မှန်တဲ့ယောင်္ကျားတွေရယ်
ညစ်ထေးထေးအပူချိန်နဲ့လေထုရယ်
လူဦးရေပေါက်ကွဲမှုနဲ့ ညစ်ညမ်းမှုတွေရယ်
မိုးပျံရထားနဲ့မြေအောက်ရထားတွေရယ်
ဈေးဝယ်ကုန်တိုက်ကြီးတွေရယ်
ဖြားရောင်းမှုတွေနဲ့ ရုန်းကန်မှုတွေရယ်
အလယ်အလတ်တန်းစားဝင်ငွေနဲ့လူတန်းစားရယ်
ရေပေါ်ဆီတွေနဲ့မိုးထိမြင့်တိုက်တွေရယ်
စာကြောင်းကြားကကျဉ်းကျဉ်းသွားတဲ့ကွက်လပ်ရယ်
သတိထားမိခြင်းရယ်
လိမ်ညာတတ်တဲ့ အငှားကားမောင်းသမားတွေရယ်
မီးခိုးငွေ့တွေနဲ့အဆိပ်ငွေ့တွေရယ်
လမ်းမကျယ်ကျယ်ကြီးတွေနဲ့ ဟိုင်းဝေးလမ်းမတွေရယ်
ဆွိုင်း လို့ခေါ်တဲ့လမ်းမြှောင်လေးတွေနဲ့
စောဝါဒီ ဆိုတဲ့နှုတ်ဆက်စကားရယ်
အဖြူတွေကိုယူတဲ့ အညိုတွေရယ်
ငွေကြေးနဲ့လဲလှယ်တဲ့ပျိုမြစ်မှုတွေရယ်
‘‘အကြည့်’’ တွေနဲ့ လူထုရဲ့အမြင်တွေရယ်
ပြစ်တင်ရှုံ့ချမှုနဲ့ အထင်သေးမှုသဘောထားတွေရယ်
အိုမင်းခြင်းနဲ့နုပျိုမှုတွေရယ်
လိင်တူဆက်ဆံမှု နဲ့ ပွင့်လင်းတဲ့လိင်မှုဘ၀တွေရယ်
လိင်လုပ်ငန်းတွေနဲ့ အနီရောင်မီးပြထားတဲ့ ဧရိယာတွေရယ်
မိုဘိုင်းဖုန်းတွေနဲ့ စီးကရက်တွေရယ်
စတားဘတ်စ်ကကော်ဖီနဲ့ အဖော်အချွတ် ကခန်းတွေရယ်
အလုပ်ထဲကသူငယ်ချင်းတွေနဲ့ ငါ့ရဲ့မွန်းကြပ်မှုတွေရယ်
ငါ့ကိုခဏလောက်ဖြစ်ဖြစ် လွပ်လပ်ခွင့်ပေးကြပါ။ ။

A Chen
6:58 am
10th January 2009
Home
Phaya Thai, Bangkok