အထူး သတင်းကြေငြာချက်

အထူး သတင်းကြေငြာချက်

အင်ဒိုနီးရှား…. မလေးရှား…. ခရိုယေးရှား….. စသော နိုင်ငံများနှယ် နိုင်ငံအမည် လေးလှစေရန်၊ တိုင်းသူပြည်သားများသာယာဝပြော အေးချမ်းစိုပြေရန်အလို့ငှာ ယမန်နေ့ နံနက် မင်္ဂလာစံတော်ချိန် နံနက် ၉ နာရီ တိတိမှာ တော်ဝင်နန်းတွင်း ပညာကဝိကြီးများ၏ အခါတော်ပေးချက်အရ ယခင် ပြည်ထောင်စု မြန်မာနိုင်ငံတော် ကြီးအား “ရေမီးရှား” နိုင်ငံတော်ကြီး ဟုပြောင်းလဲခေါ်ဝေါ်ရန်။

နောက်ဆက်တွဲအနေဖြင့် စီးပွားရေးမြို့တော် ယခင် အခေါ်အဝေါ် ရန်ကုန်အားလည်း စင်္ကာပူ ကွာလာလမ်ပူ မဏိပူ တို့ကဲ့သို့ “အရမ်းပူ” ဟုပြောင်းလဲခေါ်တွင်စေမည်ဖြစ်ပါသည်

ထို့ပြင်တဝ ဒုတိယ မြို့တော် မန္တလေး ရတနာပုံ ရွှေနန်းမြို့အားလဲ “ရတနာပူ” ဟု ဂုဏ်ယူစွာပြောင်းလဲ ခေါ်ဝေါ်ကာ နေပြည်တော် အားလည်း “ရေကြည်မပေါ်” ဟု ပြောင်းလဲ ခေါ်ဝေါ်စေမည်ဖြစ်ပါသည် ရှန့်။

ယနေ့ ကြားဖြတ် အထူးသတင်း ကိုကြေငြာလို့ပြီးပါပြီ ရှန် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာတော်မူကြပါစေရှန်။

comment for rita (မြို့မေတ္တာခံယူမယ့်သားပေမို့)

ဒေါ်ရီတာ ရဲ့ ဖြေကြည့်သူများ ပိုစ့်ကိုဖတ်ပြီးတော့ ပြောချင်တာလေးတွေရှိလာတယ် အမှန်ကတော့ ကွန်မန့်မှာ တင်တာပါ မပေါ်လာဘဲပျောက်သွားတယ် ပြီးတော့ ရေးရင်းပြောချင်တာတွေကများပြီး အရမ်းလဲရှည်လာတာနဲ့ ပိုစ့်တခုအနေနဲ့ပဲ ကိုယ့်ဘလောခ်မှာ တင်လိုက်ပါတယ် ဒေါ်ရီတာ တို့ခေတ်နဲ့ ကိုယ်တို့ခေတ်နဲ့ သိပ်မကွာပါဘူး (ဒါက အသက်ကိုမှန်းပြီးပြောကြည့်တာပါ) ဒါပေမယ့် ကိုယ်က တက္ကသိုလ် မတက်ခဲ့ရဘူး နောက်ပြီးတော့ တက်ဖြစ်တယ်ဆိုအုံးတော့ အင်ဂျင်နီယာ မဖြစ်နိုင်ဘူး အဲ့တာဆိုရင်လဲ အတန်းကြီး ကျောင်းသားတွေ နဲ့ မကြုံရတဲ့အတွက် အမြင်တွေက မရှိလောက်ဘူး နောက်ပြီး ဒေါ်ရီတာ ပြောတာတခုကို ကိုယ်ကတော့ လက်ခံတယ် အဲ့တာက ကိုယ်တို့တွေခေတ်မှာ အဲ့ဒီ ကိစ္စ ကိုလူငယ်တွေ သိပ်စိတ်မဝင်စား ကြတော့တာပဲ ခုခေတ်ဆို ပိုဆိုးမယ် ဒါပေမယ့် အဲ့လူတယောက်ကြောင့် “ဟင်” သွားတယ် လို့တော့ ကိုယ်က ဒေါ်ရီတာ ကိုမထင်ဘူး အဲ့ဒီ ဘက်မှာ ကိုယ်ခံအားနည်းတယ် လို့ပဲထင်ပါတယ် ဘာလို့လဲဆိုတော့ ရှင်က ရှာမှရှား စာဖတ်ပြီး တွေးတတ်တည့်မိန်းမပေကိုး ပြီးတော့ အငြင်းကလဲသန်တယ် (ဒါကတော့ လုံးဝကို ငြင်းမရသောအချက်ပေါ့) အဲ့တော့ ခုန ပြောသလို အဲ့ဒီ ဘက်မှာ စိတ်ဝင်စားတဲ့ ကိုယ်ခံအားနည်းတာပါ ကိုယ်ဆို ၈၈ တုံးက အသက် ၇ နှစ်ပဲရှိသေးတယ် ၁တန်း ၂ တန်းပေါ့ တောင်ကြီးမှာ ကျောင်းအိပ်ကျောင်းစားနေတယ် ကျောင်းရှေ့ကိုလူတွေရောက်လာရင် ဆရာမကြီးနဲ့ တူတူထွက်ပြီး အားပေးတယ် ကျောင်းရှေ့မှာ လာဆော်ကြရင် ကိုယ်တို့ က အတန်းခုံတွေအောက်မှာသွားဝပ်နေရတယ် ဂျင်ကလိမှန်မှာစိုးလို့ အဲ့ခေတ်က တောင်ကြီးမှာတော့ ဂျင်ကလိ ကခေတ်စားတယ်လေ နောက်တော့ ၉၆ မှာ ကိုယ် ၇တန်း ၈တန်းရောက်နေပြီ ဒါပေမယ့် ကိုယ်ဘာမှမသိလိုက်ဘူး အကိုတယောက် အင်ဂျင်နီယာပဲ စက်မှုတက်တယ် အဲ့တုံးကလဲ သူတို့ ပါကြတယ် ကိုယ်တို့ကတော့ ဘာသိဘာသာပဲနေခဲ့တယ် သေချာလဲမသိဘူး မသိတဲ့အတွက်ပါရကောင်းမှန်းလဲမသိဘူး ကိုယ်ကတော့ ၉၆ ပြီးတော့ ကျောင်းတွေပိတ်တော့လူငယ်ပီပီ ကျောင်းပိတ်ရင် ပျော်တာကိုပဲမှတ်မိနေတယ် (တကယ်ပြောတာ ခုပြန်တွေးရင် ၉၆ က ဘာဖြစ်ခဲ့တယ်ဆိုတာ ဘာမှမမှတ်မိဘူး)
၁၀ တန်းကျတော့ ကိုယ်တို့ ကိုသင်တဲ့ သမိုင်းဆရာက တကယ့်ပါဝင်သူစစ်စစ်ကြီး အဲ့လိုဆရာနဲ့စာသင်ခဲ့တာတောင် ကိုယ်က အဲ့ဘက်ကို စိတ်မပါခဲ့ဘူး ဆရာစာသင်တာအရမ်းကောင်းပါတယ် ပြီးတော့ လက်ရှိလဲ တက္ကသိုလ်မှာ ဆရာလုပ်နေသေး(တယ်လို့ထင်)ပါတယ် ကိုယ်တို့နှစ်တုံးကတော့ လုပ်နေသေးတယ် ပြီးတော့ ဆရာစာသင်တိုင်းသင်တိုင်း သူ့အတွေ့အကြုံတွေကိုအမြဲထည့်ထည့်ပြောတတ်တယ် နားထောင်လို့လဲအရမ်းကောင်းတယ် ကျောင်းသားတွေကို သူတို့ ဘယ်လိုအားပေးခဲ့တာ ထိန်းပေးခဲ့တာ ဘယ်လိုလမ်းကြောင်းပေးခဲ့တာ ဒါပေမယ့် ခုပြန်တွေးကြည့်တော့ တော်တော်လေးဝါးနေပြီ မမှတ်မိတော့ဘူး ဆရာအပြောမကောင်းလို့လား မဟုတ်ဘူး ကိုယ်ဆရာသင်ခဲ့တဲ့ သမိုင်းတွေ ခုထိ မှတ်မိနေတယ် ဒါပေမယ့် အဲ့ဒီ ကိစ္စတွေကိုတော့ ဆရာပြောတာတွေတောင်မမှတ်မိတော့ဘူး ခုနပြောသလိုပဲ ကိုယ့်ကိုယ်ခံအား အဲ့ဘက်မှာ မကောင်းတာ ဖြစ်နိုင်ပါတယ် စိတ်ဝင်စားမှုနည်းတာပေါ့လေ

“ကိုယ်ကတော့ ကျော်လွန်ပြီး
မကြည့်နိုင်သေးဘူး။

ကိုယ်လိုလူတွေ အများကြီး ရှိမှာ
သေချာတယ်။”

သေချာတာပေါ့ ကိုယ်လဲ အဲ့လိုလူတွေထဲက တယောက်ပဲဖြစ်နေခဲ့တယ် ရွေးချယ်ခဲ့တာလား မသေချာပါ ဘာလို့လဲဆိုတော့ ရွေးချယ်ခွင့် သိပ်ရှိခဲ့တယ်မထင်လို့ပါ၂၀၀၇ စက်တင်ဘာ ကျတော့ ကိုယ်က သင်တန်းပေးနေပြီ HIV/AIDS နဲ့ပတ်သက်ပြီးတော့ အဲ့တော့ ကိုယ်တို့အလုပ်တွဲလုပ်ကြတဲ့ လူထုအခြေပြုအဖွဲ့ကလေးတွေကို သင်တန်းပေးရတယ် ရွှေဝါရောင်တော်လှန်ရေးဖြစ်တော့ ကိုယ်တို့ သင်တန်းပေးနေတုံး စင်ထရယ်ဟိုတယ်မှာ။ တပည့်တွေကထွက်ကြည့်ချင်ကြတယ် ကိုယ်အတန်းခဏနားပေးတယ် ကိုယ့်အထက်အရာရှိဆရာက တကယ်ဝါသနာပါ စိတ်ပါ သွားကြည့်တယ် လိုက်တယ် အားပေးတယ် ဝင်ပါတယ် ကိုယ်ကတော့ ဘာသိဘာသာပဲ နောက်သင်ရမယ့် သင်ခန်းစာကို ကြိုကြည့်နေတယ် ပြောချင်တာ က အဲ့ဒီ ဘက်မှာ ပါဝင်ချင်တဲ့စိတ် ကိုယ်ခံအား အားနည်းတာပါ အားနည်းဆို စိတ်ပါဝင်စားဖို့အခြေအနေမပေးခဲ့ဘူး ကိုယ်တို့ လူငယ်ဘဝတုံးက တရားပွဲဘာညာမရှိဘူး (ကိုယ်ကျောင်းသားဘဝက ၄၂ စီးရတော့ လိုင်းကားက တက္ကသိုလ်ရိပ်သာလမ်းဟောင်းကဖြတ်ရင် ဒေါ်စု သူ့အိမ်ရှေ့မှာတရားထွက်ဟော်တာမှတ်မိနေတယ် နောက်အစိုးရက လမ်းပိတ်လိုက်တာာ ဒေါ်ဂွက်ထော် နဲ့ မြန်မာ့ရုပ်မြင်သံကြားမှာ အဲ့တာကို သရော်ပြီး ရိုက်ခိုင်းတာ ဒေါ်ဂွက်ထော်အိမ်ကို ခဲနဲ့အပေါက်ခံရတာ တွေတော့ မှတ်မိနေတယ်) ကိုယ်တို့ပတ်ဝန်းကျင်က လူတွေကအဲ့ဒီကိစ္စတွေကိုမပြောကြဘူး ကိုယ်တို့သိတာ ၁၀တန်း။ ကျောင်းစာ။ နောက်တော့ ပိုက်ဆံရှာ။ ဒါပဲ။ အခြေအနေအချိန်အခါမပေးခဲ့တာလဲဖြစ်နိုင်ပါတယ် အခြေအနေအချိန်အခါပေးခဲ့ရင်တော့ ကိုယ့်အမြင်တွေ အတွေးတွေ ယုံကြည်မှုတွေ တခုခု ပြောင်းလဲလာမလားမပြောနိုင်ဘူး နောက်တခုက ခုန ဒေါ်ရီတာ ပြောသလိုပဲ အဲ့လူအော်သွားတာ “မင်းတို့အတွက် အလုပ်လုပ်နေတာ” ဆိုတာ တကယ်ပဲလား ကိုယ်တို့အကျိုးအတွက် သူတို့တကယ့်ကို ယုံယုံကြည်ကြည်နဲ့ လုပ်ပေးနေတာလား ကိုယ်မပြောနိုင်ဘူး ကိုယ့်လာမေးရင်တော့ ကိုကမယုံဘူးလို့ပြောရမယ် ဘာလို့လဲဆိုတော့ ကိုယ်မကြုံခဲ့ရလို့ ယုံကြည့်ရလောက်အောင် အားကိုးရလောက်အောင် ကျိုးစာခဲ့တဲ့ကျောင်းသား ခေါင်းဆောင်ဆိုတာမျိုးကိုယ့်တို့ခေတ်မှာ မကြုံခဲ့ဘူး ကိုယ်သိတာ သမိုင်းထဲက ကိုအောင်ကျော်ပဲ အဲ့တာကြောင့် အဲ့လမ်းကိုခဏခဏရောက်တယ် ကေအမ်ဒီတက်တုံးကရယ် YES မှာ english တက်တုံးကရယ် နောက်တော့ ကိုယ့်ညီလေး st mary church မှာ ကျောင်းအိပ်ကျောင်းစားနေတုံးကရယ် နောက် ကိုယ် တရုတ် တိုးဂိုက်လုပ်တော့ အဲ့မှာ china airline company ရှိလို့ရယ် စသဖြင့်ပေါ့လေ တခါတခါ စဉ်းစားမိတယ် လူတွေက အပြောင်းအလဲ ကိုတကယ်မလိုချင်ကြလို့ တကယ်မပြောင်းလဲအောင်မလုပ်ကြတာလား လို့တွေးမိတယ် ဒါမှမဟုတ် တချို့လူတွေပြောပြောနေကြသလို ကိုယ်တို့မြန်မာတွေနဲ့ မတန်သေးလို့ တန်တာ နဲ့ပဲနေနေရ တာလားပေါ့ နောက်ကိုယ်လုပ်ငန်းထဲမှာ ကြုံဖူးတာကလဲ အဲ့တာတွေလုပ်နေတယ်ဆိုတဲ့ လူတွေက ကိုယ်တို့ ပေါ့စတစ်တွေကို အသုံးချ ဘန်းပြ ပြီးလုပ်စားသွားတာတွေပဲမြင်ခဲ့ဘူးတယ်လေ ဆေးပေးမယ်ဆိုပြီး အဖွဲ့ထဲဝင်ခိုင်းတာ ဆုတောင်းပွဲတွေမှာ အင်အားပြခိုင်းတာ ကိုယ်ပြောချင်တာ အဲ့လိုကိစ္စတွေကို သေချာနားလည်လို့ စိတ်ပါလို့ ယုံကြည်လို့လုပ်မယ်ဆိုရင်လုပ်ကြ မသိနားမလည်တဲ့လူတွေကို လိုအပ်တာ တခုခုပေးမယ်ဆိုပြီးတော့ ရောရောင်မလုပ်ခိုင်းနဲ့ လုံးဝမကြိုက်ဘူး သဘောလဲမတူဘူး အဲ့တာ အသုံးချတာသက်သက်ပဲ

“(သိပ်မကောင်းတဲ့ လူတွေနဲ့ပဲ တွေ့ရတာ ကံမကောင်းလို့
ဖြစ်မှာပေါ့။ အဲဒီတော့ အဲဒီ
အရေးကိစ္စတွေဟာ စိတ်ကုန်စရာတွေလို့ မြင်ကုန်တယ်။
နောက်ပြီးတော့ ကိုယ့် အရေးကိစ္စ
ကွက်ကွက်ကလေးကိုပဲ စိတ်ဝင်စားတတ်တဲ့ အတ္တကြောင့်
ဖြစ်လိမ့်မယ်။)”

အဲ့တာတွေလဲပါမှာပေါ့ မယုံကြည်နိုင်တော့တာ တကယ်ကို သူတို့တွေလုပ်နေတာ ကိုယ်တို့ အရေးအတွက်လို့ မယုံကြည်နိုင်တော့တာ နောက်ပြီး မြန်မာတွေအများကြီးပါ အပြင်ရောက်မှ အဲ့တာကိုအော်ကြတာပါ အဲ့လို အော်နေကြတဲ့လူတွေက အထဲမှာတုံးက ဘာလုပ်နေတယ် ထင်ပါသလဲ ကြားတောင်မကြားမိကြဘူး ခုလဲမဲစောက်မှာ အဲ့လိုတွေ နဲ့ထွက်ဖို့စောင့်နေတ့လူတွေအများကြီး ကိုယ်လဲ ဘာမှကိုယ့်နိုင်ငံအတွက်မလုပ်ပေးနိုင်ခဲ့ပါဘူး အဲ့တာကြောင့် ကိုယ်ဘာမှအော်မနေဘူးလေ
အမှန်ကတော့ မီးမလာတာ ရေပျက်တာ ဒါတွေလဲနိုင်ငံရေးပါပဲ ဒေါ်လာဈေးတယ်တာ ကားခဈေးတက်တာ ကန်စွန်းရွက်ဈေးတက်တာလဲ နိုင်ငံရေးပဲ ကိုယ့်အတွက်ဆိုရင် ပေါ့စတစ်တွေ ဆေးမရတာ နိုင်ငံရေးပဲ အဲ့တာအတွက် ကိုယ်တတ်နိုင်သလောက် လုပ်နေတယ်လုပ်ခဲ့တယ် လုပ်နေအုံးမယ် မှတ်မိသေးတယ် နေပြည်တော် ဝန်ကြီးအစည်းအဝေးတခုမှာပေါ့ ကိုယ်က ပေါ့စတစ်တွေဆေးမလောက်တာ ကိုထပြောတယ် အဲ့တော့ ဝန်ကြီးက ကိုယ့်ကို ဒီကောင်လေးမလောက်လေးမလောက်စားနဲ့ ဘာတွေလာပြောနေတာလဲဆိုတဲ့အကြည့်နဲ့ ကြည့်တယ် ဒက်ပြူတီ ကလုပ်နေကြပါတယ်လို့ပြောတယ် အမှန်က ကိုယ်တို့တွေဒီလိုတွေလုပ်နိုင်ဖို့ လိုအပ်တဲ့ အထောက်အပံ့တွေ မရနေကြဘူး အဲ့လိုပဲ လိုအပ်တဲ့ နည်းပညာ အချက်အလက် မရနေကြဘူး ပြောဖို့အတွက် အခွင်းအရေးမရနေကြဘူး ဒါပေမယ့် လူတွေ ဘာမှမလုပ်နေကြဘူး အေးဆေးပဲ ဈေးတက်ရင်ပေးလိုက်တယ် မီးမလာရင် စောစောအိပ်တယ် မနေနိုင်တဲ့လူတွေက အပြင်ကိုထွက်နိုင်အောင်ကြိုးစားကြတယ် ကိုယ်လဲသေချာတယ် ပြောချင်တာတွေအစည်းအဝေးမှာ ထထပြောပြီး ဘာမှပြောင်းလဲမလာမယ့်အတူတူ ညဘက်ကျမှ ကိုယ် ဝှစ်ကနဲပျောက်သွားပြီး မပြန်လမ်းကိုမမြန်းချင်ဘူး အဲ့လိုပဲ ကိုယ်သူများတွေအတွက် အလုပ်လုပ်လို့ ကိုယ့်အတွက် ကိုယ့်လုံခြုံမှုအတွက် ဘာမှအာမခံချက်မရှိဘူး တခါ လူတေါ လူတွေ သူတို့ပြောချင်တာတွေကို ကိုယ်တို့က ပြောသယောင်လုပ်ပေးစေချင်ကြတယ် ကိုယ်က ဒီလိုအစည်းအဝေးတက်ရခါစ meeting politic တွေနားမလည်ဘူး ဒါပေမယ့် ကိုယ်က ဘာပြောရမလဲမသိရင်သာရှိမယ် ဘာမပြောရဘူးလဲတော့ သိတယ် ကိုယ့်ဘဝပေးအခြေအနေသင်ထားပေးခဲ့လို့ ကိုယ့်ပတ်ဝန်းကျင် က ဥပမာတွေကြောင့် တခြားလူတွေလဲ ကိုယ့်လို့ပဲနေမှာပါ ခုကိုယ်တို့တွေက အပြင်ကနေ ဒီလိုစာတွေရေး စကားတွေပြောရတာ လွယ်ပါတယ် ဒါပေမယ့် ကိုယ်တို့တွေလဲ(သေချာတယ်)အထဲမှာ တုံးက ချီးတောင်အသံကျယ်ကျယ်မပေါက်ခဲ့ကြဘူးလေနော့

သေချာတာတခုကတော့ ဒီပိုစ့်ကိုဖတ်ရတာ ကျေနပ်တယ် ရှင်သည် အရင်ထင်ထားတဲ့အပြင်းစားမိန်းမဆိုတာထက်ပိုတယ် ဆိုတာပြတာပဲ ဒါပေမယ့် ခက်တာကအဲ့လို ကိုယ်တိုင်းပြည်ကိုအကျိုးပြုနိုင်မယ့် လူငယ်တွေ တော်တော်များများက အပြင်ရောက်နေကြပြီး ပြန်လာဖို့အစီအစဉ်မရှိကြတာပဲ ရင်နာရပါတယ် in spite of everything ကိုယ်ကတော့ ကိုယ့်တိုင်းပြည်ကိုချစ်ပါတယ် ပြန်လဲသွားမယ် အကုန်ပြောင်းလဲမှာမဟုတ်ဘူးဆိုတာလဲသိတယ် လူသာပြောင်းရင်ပြောင်းမယ် မူကတော့………
နောက်ပြီး ဒီလိုအပြင်ရောက်နေတဲ့လူငယ်တွေ ဘာလို့အပြင်ရောက်နေတာလဲဆိုလို့ ကိုယ့်လာမေးလဲ ကိုယ်ကတော့ ကြက်ဥ ပဲပေးနိုင်မယ် ကြက်မကလိုက်ဖမ်းရမှာမို့လို့
ထားပါ ဒီလောက်ပြောရင်လူတွေလဲတော်တော်ချဉ်ရောပေါ့ ရှင်နဲ့ကျုပ်ပေါင်းရင် ငရုတ်သီးနဲ့ငံပြာရည်ပဲလိုတယ် မဟုတ်ရင် စားလို့ရပြီ………………း)

ကဲ ပိုစ့်နဲ့ကပတ်သက်ပြီးတော့တော့ ပြောစရာကုန်ပြီ

တခုပဲ ဟန်လင်းထွန်းကို တုံပြန်ထားတာကတော့ ကိုယ်တော်ဟာ အမြဲ မာတုဂါမတွေနဲ့ ပတ်သက်ရင်တော့ ခက်နေတော့တာပဲ ဘယ်တော့မှလဲ ကိုယ်တော်ပြင်မှာမဟုတ်ဘူး လို့ပဲပြောချင်တယ်

ကိုယ်ကတော့ ဘာလဲသေချာအောင် Nicholas Spark ရဲ့ the note book ဖတ်နေတယ် ရှင်လဲ အီးလိုအဖတ်မပြင်းဘူးဆိုရင် ယူလာပေးမယ်

ကိုယ်လဲကိုယ်တော်နဲ့ ဘာမှမထူးပါဘူး အဲ့တော့ မာတုဂါမကိုဖျက်လိုက်ပြီ

ရွေးချယ်မှု (ကိုတောင်ပေါ်သားနှင့် ကြုံတုန်း)

အင်း ကိုတောင်ပေါ်သားဆွေးနွေးထားတာကောင်းပါတယ်
ကျေးဇူးလဲတင်ပါတယ် ဒီလိုအပြုသဘောဆွေးနွေးတာမျိုးကိုတော့ ကြိုဆိုပါတယ်
တခုပဲ အရင်ပြောထားပါရစေ
ကျတော် ဒီဘလောခ် ကိုရေးတာ က ကျတော့အလုပ်နဲ့ ပတ်သက်ပြီးရေးဖို့မရည်ရွယ်ပါဘူး
ကျတော်ဝါသနာပါရာ စာတိုပေစ ကဗျာ ဘာညာလေးတွေရေးပြီး နိုင်ငံရပ်ခြားအလုပ်လာလုပ်နေရတဲ့ ကျတော့ စိတ်ဖြေရာလေးတခုအနေနဲ့လုပ်တာပါ
အဲ့တာကြောင့် ရေးတာအများစုကတောင် အတည်အခန့်မဟုတ်ဘဲ အနှောက် အသောလေးတွေများပါတယ် အရင်ကတောင် အလုပ်အတူလုပ်ခဲ့ဘူးတဲ့ အမတယောက်က ကျတော့် အတွေ့အကြုံတွေ လုပ်ငန်းနဲ့ပတ်သက်တာတွေရေးစေချင်လို့ပြောဖူးပါတယ်
အမှန်အတိုင်းပြောရရင်မရေးချင်ပါဘူး အပျော်လေးတွေပဲရေးချင်တာပါ ခုနပြောသလို စိတ်ထွက်ပေါက်အနေနဲ့ ဘလောခ်ရေးတာပါ ပျော်ချင်လို့ပါ
အခု ကိစ္စတွေကလဲ တကယ်တော့ ဖိုးသူတော်ကို ပြန်ဖြေရှင်းရင်းနည်းနည်းပါးပါး ပါ သွား တဲ့သဘောပါ နောက်တခုပြောချင်တာာ က ကျတော်သူ့ကိုအဓိက ပြောချင်တာကလဲ rights ပါ အခြောက်တွေ ကိုနိမ့်ကျတဲ့ third sex ဘာဘာညာညာ စတဲ့ double standard အမြင်တွေကို ကျတော် မြင်တဲ့အတိုင်း ပြန်ဆွေးနွေးတာပါ မိန်းမတွေ က second sex မဟုတ်သလို ယောကျာ်းတွေကလဲ first sex မဟုတ်ပါဘူးဆိုတာပဲပြောချင်တာပါ
အဲ့တော့ ကျတော်ဒီမှာ အကျယ်မရှင်းတော့ပါဘူး
ကျတော် ပြောခဲ့တဲ့ ရွေးချယ်မှု နဲ့ ကိုတောင်ပေါ်သား ပြန်ဆွေးနွေးထားတဲ့အချက်လေးတွေကို ပဲ နည်းနည်းပြန်ဆွေးနွေးပါမယ်

ကျနော်အမြင်အရ တခုပဲ စဉ်းစားမိတာပါ။ တီချမ်းပြောသလို ကိုယ်တာဝန်ကိုယ်ယူကြရမယ်ဆိုတာကို သဘောပေါက်ပါတယ်။ ဒါပေမဲ့ တီချမ်းရဲ့ မတော်တဆ ဆိုတာကိုကော ပြောလို့ရပါ့မလား။ ဆိုလိုတာက ပွင့်ပွင့်လင်းလင်းပြောရရင် အဲ့ဒါကိုကြောင့်လို့ မဆက်ဆံနဲ့လို့ ပြောလို့ရတယ်ဆိုပေမဲ့ ဆိုပါစို့ တဖက်သူကလဲ မကူးနိုင်လောက်ဘူး၊ မဖြစ်နိုင်လောက်ဘူးဆိုပြီး ဆက်ဆံမိတယ်၊ ပြီးမှ ကူးသွားတယ် ဒီလူကလဲ သူ့မှာ ရောဂါရှိပြီဆိုတာကို မသိဘူး နောက်လူတွေနဲ့ ဆက်ဆံတယ် ဒါဆိုရင် ရှေ့ဆက် ဘယ်လိုဖြစ်ကုန်မလဲ…

ကိုတောင်ပေါ် ကွန်မန့်မှာရေးထားတာပါ ကျတော်ပြန် quote လုပ်တာပါ

အမှန်ကတော့ အကိုပြန်ဆွေးနွေးတဲ့အထဲမှာ အဖြေပါသွားပြီးသားပါ
လောကကြီးမှာ ကျတော်တို့ ပတ်ဝန်းကျင်မှာ မသေချာမှုတွေ မတိကျမှုတွေ မတော်တဆမှုတွေ အများကြီးရှိနေပါတယ်
ကျတော် အရင်ဆွေးနွေးသွားတာက ကျတော့် အတွေ့အကြုံ ကိုပဲ အခြေတည်ထားသလိုဖြစ်နေပါတယ်
ကျတော် ကတော့ ကိုယ့်ဘာသာ ပေါ့စတစ်လို့သိနေတဲ့အနေအထားနဲ့ပြောတာပါ
ဒါပေမယ့် သဘောတရားက အတူတူပါပဲ
ဘာလို့လဲဆိုတော့ ကျတော်တို့ ဘယ်သူက ပိုးရှိမရှိ ကို မြင်ရုံနဲ့ မသိနိုင်ပါဘူး
အဲ့တာကြောင့် ကိုယ့်ကို ကိုယ်ကာကွယ်ရပါမယ်
ကျတော်တို့ လဲပေါ့စတစ်ဖြစ်နေတာတောင် ကိုယ့်ကိုကိုကာကွယ်နေရသေးတာပါပဲ
ငါတော့ ပေါ့စတစ်ဖြစ်နေပြီပဲ သန်းခေါင်ထက် ညည့်မနက်တော့ပါဘူး ပိုးချင်းတူတူပဲ ပြောမရပါဘူး ဘီ စီ အစရှိတဲ့ တခြားပိုးတွေ HIV ထဲမှာကိုပဲ ပိုးမျိုးကွဲတွေ နောက် ဆေးမတိုးတော့တဲ့ပိုးတွေ ဆက်ဆက်ပြီး နောက်ထပ်ရလာရင် super infection လို့ခေါ်တဲ့ နောက်ထပ်နောက်ထပ် ထပ်ဆင့် ကူးစက်မှုတွေကြောင် ခန္ဓာကိုယ်ထဲမှာ ပိုးမျိုးစုံပြီး သက်တမ်း ပိုတိုသွားနိုင်ပါတယ်
ဒီနေရာမှာ ကျတော်အရင်ကပြောသွားသလိုပဲ ငွေကြေးအတွက် အလုပ်လုပ်နေကြတဲ့ မိန်းကလေးတွေ ကို ထည့်မဆွေးနွေးသွားတာ က သူတို့မှာ ငွေကြေးနဲ့ပတ်သက်လာတဲ့အတွက် ရွေးချယ်ခွင့်နည်းတတ်တဲ့အဖြစ်တွေကြုံတွေ့ရတတ်လို့ပါ ဒါက ကျတော် အကြောင်းအချက်တခုတည်းကိုပဲ ထောက်ပြတာပါ factor တွေအများကြီးရှိနိုင်ပါတယ် သူတို့ အကာကွယ်သုံးဖို့ အခွင့်အရေးနည်းရတဲ့အကြောင်းအရင်း အမျိုးမျိုးရှိနိုင်ပါတယ် ဘာလို့လဲဆိုတော့ သူတို့ ဟာ ရွေးချယ်ခွင့် ပိုနည်းနေတဲ့အတွက်ပါ

နောက်တခု ကျတော်တို့ ဂေးတွေမှာလဲ ရှိတတ်ပါတယ် မသိတာမဟုတ်ဘူး သိတယ် ကာကွယ်ရမှာကိုလဲသိတယ် နည်းကိုလဲသိတယ် ဒါပေမယ့်………..

(ထုံးစံအတိုင်းပေါ့ ဒါပေမယ့် တော်တော်များများနောက်ကွယ် က ဟာတွေက မကောင်းတာ ဆက်လာတတ်သလိုပဲ)

ဥပမာ ကောင်လေးတယောက် ကို ကိုယ်ကအရမ်းကြိုက်နေတယ်
အခွင့်အရေးကလဲကြုံလာတယ်
ကွန်ဒုံးကလဲပါမလာဘူး
ဒီနေရာ မှာ ကိုယ်က အဲ့ကောင်လေးနဲ့ ဆက်ဆံမလား မဆက်ဆံဘူးလား ဆိုတာ ကိုယ့်ရွေးချယ်ခွင့်ပါ
ဒီမှာ ကျတော် အဲ့ကောင်လေး ကပေါ့စတစ် ဟုတ်မဟုတ် ကိုယ်က ပေါ့စတစ် ဟုတ်မဟုတ် ထည့်မပြောပါဘူး
ရွေးချယ်ခွင့် ကိုပဲ အဓိက ပြောမှာပါ ဘာလို့လဲဆိုတော့ HIV ဆိုတဲ့ပိုးရှိတာ ကိုလဲသိထားပြီ ကွန်ဒုံးဆိုတဲ့ အရာနဲ့ ကာကွယ် လို့ရတာလဲသိတယ် မပါဘဲနဲ့ အကာကွယ်မဲ့ ဆက်ဆံရင် ဘာဖြစ်လာနိုင်တယ် ဆိုတာလဲသိတယ် ကဲ……ရွေးချယ်မှုပါပဲ
(မိန်းမတွေကအရင်တုံးက ရွေးချယ်မှု အရာမှာ ယောက်ျားတွေထက်ပိုနည်းပါတယ် ဘာလို့ လဲဆိုတော့ ကွန်ဒုံး က လိင်တံမှာ ပဲစွပ်ဖို့ တီထွင်ထားတာကိုး အဲ့တာကြောင့် အခုနောက်ပိုင်း မှာ မိန်းမတွေအတွက် ကွန်ဒုံးတွေ လဲတီထွင်လာကြတာပါ အခုကျတော်ပြောတဲ့အချက်က ခုနက ပြောတဲ့ ငွေးကြေးနဲ့ အသက်မွေးဝမ်းကြောင်းလုပ်တဲ့ မိန်းကလေးတွေကိုလဲ apply ဖြစ်ပါတယ်….စကားချပ်)
အဲ့တော့ ကွန်ဒုံးမပါလာတဲ့အနေအထားတခုမှာ ကိုယ်က အကာကွယ်မဲ့ လိင်ဆက်ဆံတာ ကိုရွေးချယ်လို့ရသလို လိင်ဆက်ဆံမှုက ရှောင်ကြည်ဖို့ ကိုလဲဒီနေရာမှာ ရွေးချယ်လို့ရပါတယ်
အဲ့လိုမှမဟုတ်ဘဲ ကောင်လေးကို ကြိတ်ကြိုက်လာရတာ ကြာလှပြီဖြစ်တဲ့အတွက် လက်မလွှတ်ချင်ဘူးဆိုရင် အန္တာရာယ် နည်းတဲ့လိင်ဆက်ဆံမှုမျိုးကို လုပ်သင့်ပါတယ်
ဥပမာ ပါးစပ်နဲ့ဆက်ဆံတာမျိုး ပေါင်ကြားမှာ ဆက်ဆံတာမျိုး ပွတ်သပ်ကိုင်တွယ်ရုံနဲ့ အာသာဖြေတာမျိုး တခုခုပါ တယောက်နဲ့တယောက် လိင်အာသာဖြေမှု ပြေမှု မတူညီနိုင်ပါဘူး
အဲ့တာတွေအားလုံးကလဲ ကိုယ့်ရွေးချယ်မှုပါပဲ
အခုကျတော် တို့ က HIV အကြောင်းနဲ့ ဦးတည်ဆွေးနွေးနေလို့ပါ
ခုနဟာတွေ တခုခု လုပ်မယ်ဆိုရင်လဲ HIV မဟုတ်တဲ့ တခြားကာလသားရောဂါတွေအများကြီး ရဲ့ အန္တာရာယ်က ရှိပါသေးတယ် ကျတော်ပြောချင်တဲ့အဓိက အချက်ကတော့ လူတဦးချင်းစီရဲ့ မိမိကိုယ်ကို ကာကွယ်နိုင်မှု နဲ့ ရွေးချယ်းမှု ပါပဲ။ အန္တာရာယ် ရှိတာသိတယ် ဒါပေမယ့် အဲ့ဒီအန္တာရာယ် ရှိတဲ့အပြုအမှုကိုဘယ်အတိုင်းအတာ ထိလုပ်မလဲ ဆိုတာ က ကိုယ့်ရဲ့ရွေးချယ်ခွင့်ပါ Risk taking behavior လို့ ပြောပါတယ်

ပိုရှင်းတဲ့ ဥပမာ ပေးရရင် တခါတလေ ကျတော်တို့ ဆိုင်ကယ်စီးရင် ဦးထုပ်မဆောင်းချင်ကြဘူး
ရဲဖမ်း ရင် ဒဏ်ငွေဆောင်ရနိုင်တယ်ဆိုတာလဲသိတယ် မှောက်ရင် ပြုရင် အနာတရ ဖြစ်နိုင်တာ လဲ သိတယ် ကားအောက်ထဲဝင်သွားရင် ဘာဖြစ်နိုင်တယ်ဆိုတာလဲသိကြပါတယ်
ဒါပေမယ့် လစ်ရင်လစ်သလို မဆောင်းချင်ကြပါဘူး
အကြောင်းတွေကတော့ အမျိုးမျိုးရှိနိုင်ပါတယ် ကေပျက်ကာအနေခက် မှာစိုး၍ သော် လည်းကောင်း လွတ်လပ်တာကိုကြိုက်၍သော်လည်းကောင်း လေတိုးတာကိုကြိုက်၍သော်လည်းကောင်း အစရှိသဖြင့်ပေါ့လေ အမျိုးမျိုးပါ ပြန်ဆွဲပြောရမယ်ဆိုရင် ကွန်ဒုံး သုံးခြင်းမသုံးခြင်းကလဲ အကြောင်းအမျိုးမျိုးပါပဲ ပူလို့ အလွှာခြားနေသလိုခံစားရလို့ မကြိုက်လို့ မတည့်လို့ အလုပ်ရှုပ်လို့ အလွယ်တကူမရနိုင်လို့ စသဖြင့်ပေါ့လေ

နောက်တခါ အသိရှိတာနဲ့ လိုက်နာနိုင်တာ knowledge and practicing behavior ကလဲ ဒီနေရာမှာ ထည့်ပြောရမယ့်အချက်ပါ

ဥပမာ ဆရာဝန်တွေ ဘာလို့ အရက်သောက်လဲ ဘာလို့ဆေးလိပ်သောက်လဲ သူတို့ ဖြစ်လာနိုင်တဲ့ ဆိုးကျိုး အန္တာရာယ်တွေကိုမသိလို့လား သိပ်သိတာပေါ့ ဒါပေမယ့်
သိသိကြီးနဲ့ လုပ်နေကြတာပဲလေ အဲ့တာ ကို risk taking level လို့ပြောပါတယ်

ခုနက အပေါ်မှာ အကိုဆွေးနွေးတဲ့ မသိခဲ့ရင် နဲ့မတော်တဆ ဆိုတာ ကိုကျတော် ပြောပြချင်လို့ ဒီလောက်အရှည်ကြီးရေးနေတာပါ

သိသိကြီးနဲ့ တောင်မှ မဆင်ခြင်နိုင်ရင် မသိတာဆို ပိုမဆင်ခြင်သင့်ဘူးလား အန္တာရာယ် ရှိနိုင်တယ် ဆိုတာ သိရုံနဲ့ ဒီလမ်းကို မသွားသင့်ဘူးဆိုတာ သိရုံနဲ့ မသွားကြတော့ဘူးလား မလုပ်ကြတော့ဘူးလား ဆေးလိပ်မသောက်ကြတော့ဘူးလား အရက်မသောက်ကြတော့ဘူးလား အကာကွယ်မဲ့ လိင်ဆက်ဆံကြတော့မှာလား မဆက်ဆံကြတော့ဘူးလား ကျတော် အကုန်ယှဉ်ပြနေတာပါ
အန္တာရာယ် Level ညှိပြနေတာ မဟုတ်ပါဘူး ရွေးချယ်မှုကိုမြင်သာအောင် ပြောပြချင်တာပါ
အရာရာ မှာ အားလုံးက ကိုယ့်အပေါ်မှာပဲတည်ပါတယ် သိသိကြီးနဲ့ လုပ်မလား မသိလို့လုပ်မလား သိရင်မလုပ်တော့ဘူးလား သိသိ မသိသိ လုပ်နေအုံးမှာပဲလား

အကုန်လုံးရွေးချယ်မှုပါ
အဲ့တော့ မိမိကိုယ်ကိုကာကွယ်မှု ဆိုတာလဲ မိမိကိုယ်တိုင်ရဲ့ရွေးချယ်မှုပါပဲ

လူတွေအကုန်ကိုယ်ကြိုက်တာ ကိုယ်လုပ်ကြတာပါ ကိုယ်လုပ်တဲ့အလုပ်တခု ကနေ အဖြစ်အပျက် တစုံတရာ နောက်ဆက်တွဲ ဆိုးကျိုးတစုံတရာ ရရှိလာတယ် ဆိုရင် လဲ ကျတော်တို့ က လက်ခံရမှာပါ ဘာလို့လဲဆိုတော့ အစကတည်းက ကျတော်တို့မှာ လုပ်မလား မလုပ်ဘူးလားဆိုတာ ကိုရွေးချယ်ခွင်ရှိခဲ့ကြလျက်နဲ့ လုပ်မယ်ဆိုတာ ကိုပဲ ရွေးချယ်ခဲ့ကြလို့ပါ

ကံကံ၏အကျိုးတွေ ဘာညာကျတော် မပြောလိုပါဘူး
ဒါပေမယ့် ကံဆိုတာ အလုပ်လို့ယုံရင် ယူဆ လက်ခံရင်
ရွေးချယ်မှု ဆိုတာကလဲ ကိုယ်ကလုပ်တာပါပဲ
အဲ့တော့ ကိုယ့်ကံ ကိုကိုယ်သာစီမံတာပါပဲ

ဖိုးသူတော် နှင့် အမေးအဖြေ (ဒေါ်ရီတာ အား အလျင်အမြန်အတုခိုးခြင်း)

ဖိုးသူတော် said…
ကျွန်တော်က ကိုယ့်ညီကို ထိခိုက်နစ်နာလိုစိတ်မရှိပါဘူးဗျာ..း(။ ကိုယ့်ညီက ကိုယ်လျှောက်ရမယ့်လမ်းကို သိပြီးသားဖြစ်နေတဲ့လူမို့ အကောင်းဆုံးဖြစ်စေချင်တာ တစ်ခုရယ်ပါ။ အဲဒီဝေဖန်ရေး ချာတူလန်ဘလောဂ့်ပြောတာ စိတ်ထဲတောင်မရှိဘူးဗျ။ ကိုယ့်ညီ အနေနဲ့ အခြောက်ဖြစ်နေတာတောင် မကောင်းတဲ့ လိင်တူဆက်ဆံတဲ့အကြောင်းတွေ ဘလောဂ့်ပေါ်တင်ရေးနေတာ မဖြစ်စေချင်ရုံသက်သက်ပါ။ ကဗျာတွေ စာတွေ အက်ဆေးတွေ ပညာပေးတွေ ကိုယ့်ညီရေးနိုင်နေတာလည်း တွေ့ရတာပဲ။ ကိုယ့်ရဲ့ အကုသိုလ်ကြောင့် ကိုယ့်အရောင်တွေ မမှိန်ပါစေနဲ့။ စိတ်အနှောက်အယှက်ဖြစ်ခဲ့ရင် ခွင့်လွှတ်ပါ။
October 19, 2009 11:48 PM

အန်တီချမ်းပါ said…
အခြောက်ဖြစ်နေတာ ဘာမကောင်းဘူးလဲ လာပြောပါလိင်တူဆက်ဆံတာ မကောင်းဘူးဆိုတာလဲ ချက်နဲ့လက်နဲ့လာပြောပါ တခုချင်းစီရှင်းမယ် ခုကျတော် လူတော်တော်များများမရတဲ့ လစာ ကို ဆယ်တန်းဆိုတဲ့ ပညာအရည်အချင်းနဲ့ရထားတယ် ဂုဏ်လုပ်ပြောနေတာ မဟုတ်ဘူး
နောက် ပြီးတော့ ကျတော့ ပတ်ဝန်းကျင် ကျတော့လို ပေါ့စတစ်တွေအများကြီးကိုလဲ ကူညီနေနိုင်တယ် ကူညီခဲ့တယ် နိုင်ငံတကာ ရင်ဘောင်တန်းပြီးလဲ ဒီအလုပ်တွေအကုန် ကိုကိုယ်စားပြုလုပ်ပေးနေတယ်
ကဲ အဲ့တော့ ဘယ်မလဲ အခြောက်တွေမကောင်းတာ အသုံးမကျတာ ကျတော့ ပုဂ္ဂိလိက အမြင်ကတော့ လူတယောက်ဟာ သူ့ပတ်ဝန်းကျင် သူ့လူမျိုး သူ့ဘဝတူတွေအတွက် အကျိုးပြုနိုင်ရင် တော်တာပဲကျတော့ကတော့အဲ့လိုပဲ ခံယူတယ် ကျတော့ ဘာသာ ယောက်ျားကိုကြိုက်ရင်ကြိုက်မယ် ခံရင်ခံမယ် အဲ့တာ ဘယ်သူ့ ကိုမှမထိခိုက်ဘူးလို့ထင်ပါတယ် (အင်း သူတို့ ကိုမကြိုက်မိလို့ တစုံတယောက်က ထိခိုက်တယ်လို့ခံစားရရင်တော့ ထားပါတော့ အဟိ မနေနိုင်လို့မွှေမိတယ် နည်းနည်းပါ)
October 20, 2009 1:45 PM

ဖိုးသူတော် said…
(အခြောက်ဖြစ်နေတာ ဘာမကောင်းဘူးလဲ လာပြောပါလိင်တူဆက်ဆံတာ မကောင်းဘူးဆိုတာလဲ ချက်နဲ့လက်နဲ့လာပြောပါတခုချင်းစီရှင်းမယ်)

တီချမ်းတို့နာမည်ကြီးခြင်း

အင်း ဘယ်လိုပြောရမလဲတောင်မသိတော့ဘူး
မပြောလဲမပြောချင်တော့ပါဘူး

တနေ့က ဒနည က ဂျီတော့ခ် ကနေ ပြောလာပါတယ်
တီရေတီ့ ဘန်နာ နာမည်ကြီးနေပြီတဲ့

ဟဲ့ ပလုတ်တုတ် အိုဘာတုန်းလို့ ဆိုတော့

အဲ့လင့်ကိုသွားကြည့်တဲ့ http://formmbloggers.blogspot.com/2009/10/blog-post_15.html

ကဲကဲ ကြည့်လိုက်ပါတယ် ဘာတွေ့လဲ ဆိုတော့ နာမည်ကြီးဘလောခ်ဂါ တချို့ ဟိဟိ ကိုယ်လဲအဲ့ထဲမှာ ပါတယ်လို့ပဲ ကိုယ့်ကိုယ်ကိုယ် တွေးလိုက်ပါတယ် နော့ မမကွမ်(ခင်ဦးမေ) မယ်လိုဒီမောင် ကိုပေါ စတဲ့ သူတွေကိုဝေဖန်ထားတာ အဖြူရောင်နတ်သမီး တီချမ်း စတဲ့ နာမည်ကြီး အကျော်ဒေးယျ ဘလောခ်ဂါတွေပေါ့လေ ခိခိခိ အော် ကိုယ်တောင် ဘာလိုလိုနဲ့ တော်တော်မြင့်တဲ့အပင်ဖြစ်နေပါပေါ့လားပေါ့ ကျေနပ်မိပါတယ် ကြည်းနူးမိပါတယ် သာယာမိပါတယ် လေဟပ်မိပါတယ် ညှင်းညှင်းညှင်း

မမရီတာ ကလဲ ဒါတွေနဲ့ပတ်သက်ပြီး ပြုသူအသစ် ဖြစ်သူအဟောင်း ဆိုတဲ့ ပိုစ့်လေးရေးပြန်ပါတယ်
လူတွေစုံကြတာပ ကောင်းလေစွ ကောင်းလေစွ

တဆက်တည်းမှာ ပဲ သူတို့ နာမည်ကိုနှိပ်လိုက်ရင် Google.co.th နောက် the blogger not exist but name available စတဲ့ အမည်မဖော်လိုသူ ဆရာကြီးများက ဖိုးသူတော်၊ ကိုပါကြီး၊ နောက်ခေတ်မှီစွာ Annonymous စတဲ့ နာမည်တွေနဲ့ ကွန်မန့်တွေ စွတ်လာပေးနေပါတယ် ပျော်စရာကြီး ကောင်းလေစွ ကောင်းလေစွပေါ့လေနော့ တီချမ်းကလဲမရေးတော့ဘူးစိတ်ကူးတာပါပဲ
နောက်တော့လဲ မနေနိုင်တော့ နဲနဲ ကညော့တယ်ပေါ့ ဒီလောက်ပါပဲ
တခုပဲပြောချင်တာ တီ့ကိုပြောချင်ကြတဲ့ သူတွေ က ဘလောခ် ကိုလဲသေချာမဖတ် စာကိုလဲသေချာမဖတ် ပရိုဖိုင်းတောင် သေချာမကြည့်ပဲနဲ့ သူတို့ ကိုသူတို့ ဘလော်ခ်ဂါ တွေကိုဝေဖန်အုံးမတဲ့
ကဲ ဘာပြောရမှန်းမသိဖြစ်သွားပါတယ်
ပထမတော့ ရီချင်တယ် နောက်တော့ သူတို့လေးတွေ ကို သနားလာတယ် (သနားတာ ကိုပိုမိုပေါ်လွင်စေချင်တဲ့အတွက် “လေး” လို့တောင် သုံးထားပါတယ်နော့)
အင်းသေချာတာကတော့ လူတွေလူတွေ ဘိုင်ပိုလာ ဒစ်အော်ဒါ ဖြစ်တာ တော်တော် များလာတာပဲ
ဒုက္ခ ဒုက္ခ ဒုက္ခ
ကဲကဲ ပရိသတ်တွေ ရှူ…………………….

နှာဘူးမကြီး တစ်ယောက်အကြောင်း
Posted by ဘလောဂ်ဂါတို့ရဲ့ ဘလောဂ့်ဂါ Labels:

မိန်းမတချို့များ နာဘူးထလာရင် ဘယ်လိုမှ ထိမ်းသိမ်းလို့ မရဘူးဆိုတာ အခုမှ ပဲယုံကြည်တော့တယ်။ ဒီဘန်နာကို အစက တွေ့တုန်းက မြန်မာ အမျိုးသမီးမှ ဟုတ်ပါ့မလားလို့ သံသယ ဖြစ်မိသေးတယ်။ ဘန်နာကိုလုပ်တဲ့သူက NangNyi လို့တွေ့တော့မှ သေချာသွားတော့တယ်။ တကယ်တော့ နန်းညီမှာ အပြစ်မရှိ။ သူက အကူအညီတောင်း သို့မဟုတ် ပိုက်ဆံရလို့ လုပ်ပေးတာ ဖြစ်နိုင်သည်။ လုပ်ခိုင်းတဲ့လူက တကယ့်တရားခံ။ဘလော့ဂ်နာမည်က တီးချမ်းရဲ့ကမ္ဘာတဲ့။ အခန်းထဲမှ အ၀တ်မရှိတဲ့ ယောင်္ကျားတစ်ယောက်က မှောက်အိပ်ပြီး အဖော်ကိုစောင့်နေတဲ့ပုံစံ။ ဒီလောက်နှာဘူးထနေရင်လည်း ကိုယ့်ဟာကို တိုးတိုးတိတ်တိတ်လုပ်ဆောင်ပါလား။ အခုတော့ ဒီလိုမဟုတ် ဘန်နာကြီး တည်ဆောက်ပြီးတော့ မြူဆွယ်နေလိုက်တာ။ကျန်ုပ်တို့ မြန်မာ အမျိုးသမီးများသည် ထိုကဲ့သို့သော အရှက်မရှိသောအလုပ်များကို လုပ်ဆောင်ရမှာ သေမလောက်ရှက်တက်ကြပါသည်။ မိမိကိုယ်ကို မိကောင်းဖခင်သားသမီးများအဖြစ် သတ်မှတ်ထားသောသူတို့သည် ထိုကဲ့သို့သော ကိစ္စမျိုးကို လူရှေ့တွင်တောင်ပြောဆိုဖို့ ပို၍ပင် ကြောက်တက်ကြသေးသည်။အခုတော့ တီချမ်းဆိုသူက သူ့ရဲ့ကမ္ဘာဆိုသည်မှာ အခန်းထဲတွင် အ၀တ်မရှိသော ယောင်္ကျားနှင့်နေရခြင်းကို ဆိုလိုနေသလိုဖြစ်နေသည်။ ထို့အတူ တခြားသော ယောင်္ကျားများကို စွဲဆောင်သည့်အလား ဘန်နာခပ်ကြီးကြီးလုပ်၍ အရှပ်မရှိ ရဲရဲတင်းတင်းနှာဘူးထနေလေသည်။ထိုအခြင်းအရာကို မြင်တွေ့လိုက်သည့်အခိုက် ကျန်ုပ်တို့ အဖွဲ့သားများ ခေတ္တခဏမျှ ငြိမ်သက်သွားကြသည်။ အံ့သြခြင်း မိမိ မြန်မာအမျိုးသမီးအတွက် ရှက်မိခြင်း တပြိုင်နက်ထဲ ခံစားမိလေသည်။သောက်ရှက်မရှိသော နှာဘူး ဘလော့ဂ်ဂါ အလိုမရှိ။P.S( လိင်ခွဲခြားမှုမရှိ။ မိန်းမဖြစ်ချင်သောသူကို မိန်းမအဖြစ်သတ်မှတ်ပေးရမည်။မောင်ဘ (သုံးသပ်တင်ပြသည်)
at 7:19 AM
Delicious Digg StumbleUpon Subscribe to RSS Feed

0 comments:
Post a Comment
Newer Post Older Post Home

သူတို့ရဲ့ကွန်မန့် တွေကိုကြည့်လိုက်ရင် လူတွေ သူတို့ကို ဘယ်လောက်ချဉ်နေတယ်ဆိုတာ အသိသာကြီးပါ
အောက်မှာ တခြားပို့တွေ (အစပိုင်းက ပိုစ့်တွေ ကို တခြားသူတွေ ရေးထားတဲ့ ကွန်မန့်တွေ ပါထည့်ပေးလိုက်ပါတယ်)အစပိုင်းကတော့ လူတွေကလည်း သူတို့ ကို ပြင်စေချင်တဲ့စေတနာ နဲ့ ဝိုင်းဝန်း ဖြောင်းဖျကြပုံရပါတယ် တီကတော့ များများမပြောချင်တော့ပါဘူး
သူတို့ ရဲ့ဘိုင်ပိုလာ ကိုယ်စား သက်ပြင်းကြီးကြီးတချက်ပဲ ချပေးနိုင်ပါတော့တယ် ဟူး……………………….

Nge Naing said…
C-Box မတွေ့လို့ ဒီမှာပဲ ရေးထားခဲ့တယ်။ ကျွန်မ ဘလော့ဂ်ကို လာလည်တာ ကျေးဇူးတင်ပါတယ်။ ပြန်လာလည်ရင်းနဲ့ ရေးထားတဲ့ ပို့စ်တွေကို ဖတ်မိလို့ မှတ်ချက်ရေးစရာအကြောင်းက ပေါ်လာတယ်။ ဘယ်သူမှ ပြီးပြည့်စုံတယ်ရယ်လို့ မရှိနိုင်တဲ့အတွက် ဘလော့ဂ်တွေကို အပြုသဘောနဲ့ ဝေဖန်သုံးသပ်ပေးတာ သိပ်ကောင်းတဲ့ အလုပ် ဆိုတာလက်ခံပါတယ်၊ ဒါပေယ့် ဝေဖန်ထားတဲ့အထဲမှာ တချို့ ဝေဖန်ချက်တွေက ကောင်းပေမယ့် တချို့မှာက ဖေါ်ပြတဲ့ အကြောင်းအရာနဲ့ မဆိုင်ပဲ ပုဂ္ဂိုလ်ရေး သိပ်ဆန်လွန်းတဲ့ ဝေဖန်မှုမျိုးကျတော့ မူလ ရည်ရွယ်ချက်ဖြစ်တဲ့ အများအတွက် (သို့) ဘလော့ဂါအတွက် အကျိုးရှိစေတဲ့ ဝေဖန်မှုမျိုးကနေ လမ်းလွဲသွားနိုင်တာမျိုးကို သတိပြုသင့်တယ်လို့ ထင်တယ်။ စာရေးတဲ့သူတိုင်းက ဘာရည်ရွယ်ချက်နဲ့ပဲ ရေးရေး ကိုယ့်စာကို သူများဖတ်စေချင်တဲ့ စေတနာ စာရေးသူတိုင်း (ဘလော့ဂါတို့ရဲ့ ဘလော့ဂါအပါအ၀င်) မှာ ရှိတယ်ဆိုတာ ဘယ်သူမှ ငြင်းလို့ မရပါဘူး။ တယောက်လက်ခံထားတဲ့ အမူအကျင့်တခုကို တခြားတယောက်က မနှစ်သက်တာ ရှိနိုင်ပေမယ့် အများကို မထိခိုက်ရင် ဒါကို သူကြိုက်လို့ သူလက်ခံထားတဲ့ ကိစ္စအတွက် အပြစ်မရှိပါဘူး။ ဒါကြောင့်မို့ ကိုယ့်ဘလော့ဂ်ကို လူလာစေချင်လို့ သူ့နည်းသူ့ဟန်နဲ့ ဆွဲဆောင်တဲ့ ကိစ္စမှာ ဘယ်သူ့ကိုမှ မထိခိုက်ရင် အပြစ်မပြာသင့်ဘူးလို့ ထင်ပါတယ်။ ကျွန်မ မအားတဲ့ကြားက အားလုံးကို ပြီးအောင် ဖတ်ပြီးမှ ပထမဆုံးပို့စ်မှာ မှတ်ချက်ထားခဲ့တာပါ။ ဝေဖန်သူကို ပြန်ဝေဖန်သွားတာ အမှားပါသွားတယ် ထင်ရင် တောင်းပန်ပါတယ်။

Nai ရဲ့  ရွှေရတုမှတ်တမ်း said…
ပြောစရာရှိလာပြီဆိုတော့ပြောရပေါ့ဗျာ…..ဘလော့ဂါရဲ့ဘလော့ဂါ..ဆိုတဲ့ညီလေးများနဲ့..မြတ်နိုးခင် ဆိုပြီး ယောင်္ကျားလား..မိန်းမလား..အခြောက်လား..ကွဲကွဲပြားပြား မရှိလှတဲ့..blog ပိုင်ရှင်များကိုပါ….ညီလေးတို့က..ကိုယ့်ကိုယ်ကို ဝေဖန်ရေး ဆရာကြီးများ ဆိုပြီး အမျိုးသမီးများရဲ့ blog တွေ ကို အသားလွတ် ပုဂ္ဂိုလ်ရေးတိုက်ခိုက် မှုတွေပြုလုပ်လာလို့ပါ။ ငါ့ညီတို့အခု ရေးနေတာက..ဝေဖန်ရေးမဟုတ်ပဲ..ယောင်္ကျားရန်လို..စအိုတကြွကြွ..ဆိုသလို လူတဖက်သားကို အမနာပတွေ ပြောနေကြတာတွေ..မြင်ရတာ..အင်မတန်မှ..ယောင်္ကျားတယောက်အနေနဲ့ ရှက်စရာကောင်းလှပါတယ်…ငါ့ညီတို့..satire ရေးကြတယ်..ဆိုရင်လဲ ဆရာ့ဆရာကြီးတွေ..ဆရာစိန်ခင်မောင်ရီတို့ ဆရာမောင်သော်က တို့ဘယ်လိုရေးတယ်ဆိုတာ လေ့လာကြပါဦး…ဝေဖန်ရေးမှရေးချင်တယ်ဆိုလဲ..ဆရာမောင်စွမ်းရည်..ဆရာအောင်သင်းတို့ ဘယ်လိုဝေဖန်တယ်ဆိုတာ ဖတ်ကြည့်ကြပါဦး။ blog ရေးချင်းဟာလည်း..အနုပညာ တရပ်ပါ…blogger တွေ အားလုံးဟာ ဘက်စုံ ရှုထောင့်စုံက သူတို့ရင်တွင်းဖြစ်တွေကို ခံစားတင်ပြနေကြတာပါ…အခုငါ့ညီတို့က..အားနွဲ့သူမိန်းမသားများ ကိုမှ ပုဂ္ဂိုလ်ရေး တိုက်ခိုက်နေတာတော့..အကိုတော့ဘာကြောင့်လဲဆိုတာနားမလည်ဘူး…ယောင်္ကျားblog တွေ မပုတ်ခတ်ရဲတာ ..အကိုထင်တယ်လေ…( ငါ့နှမများ..ငါ့တူမများ..နားနဲ့မနာဖဝါး နဲ့သာနာကြပါတော့)..ယောင်္ကျား blogger များက မင်းတို့ ကို ပြန်ဗျင်းရင်..မင်းတို့ အီးပေါက်ရင်..ဘူ..လို့တောင် မမြည်ပဲ ဝရော…ဆိုပြီးထွက်သွားအောင်..စအိုဝကျယ်သွားမှာကြောက်လို့မဟုတ်လား….အကိုပြောချင်တာကတော့ အတောင် ၂၀ ဝတ် မင်းယောင်္ကျားဂုဏ်ကိုထိမ်းသိမ်းကြပါ…ဒါပါပဲ…