ဘ၀ဖော် (Soul mate)

ဘ၀ဖော် (Soul mate)
(တခန်းရပ် ပြဇာတ်)

ပါဝင်ကြသူများ

အေလီ ။ ။ပန်းချီ အရောင်းဆိုင် အကူလူငယ်
ဂတ်စ်ပါ ။ ။ဘာသာပြန်သူလူငယ်
ခရစ္စရှန် ။ ။ဆိုင်ပိုင်ရှင် ပန်းချီဆရာ
မိန်းမကြီး ။ ။ပန်းချီကားလာဝယ်သူ

ဇာတ်အိမ်တည်နေရာ

ပြင်သစ်ပြည်၊ ပဲရစ်မြို့၊
လွတ် မာခရေးအစ် (Le Marais) အရပ်

အသက် ၂၀ ကျော်အရွယ်ကောင်လေးတယောက် ပန်းချီအရောင်းဆိုင်ရှေ့တွင် ဆေးလိပ်သောက်နေ။

လက်ထဲက ဆေးလိပ်တိုကို တောက်ထုတ်လိုက်ပြီး အမှိုက်ပုံးကို ဆိုင်ထဲပြန်တွန်းဝင်လာ။

“ဒင်းတောင်” ဆိုသော ခေါင်းလောင်းသံနဲ့အတူ အသက် ၂၀ ၀န်းကျင်ရှိ ဘာသာပြန်သူ လူငယ်လေးနှင့် ပန်းချီကားဝယ်သော မိန်းမကြီးတယောက် ပန်းချီအရောင်းပြခန်းထဲ ၀င်လာ။

ဆိုင်ရှင်မှ ဧည့်သည်များကို “ဘွန်ရှူးး…” ဟု ပြင်သစ်ဘာသာဖြင့် လှမ်းနှုတ်ဆက်။
ထို့နောက် ဆိုင်ကူလူငယ်ဖြစ်ဟန်တူသူအား (ကနဦးဆေးလိပ်သောက်သူ လူငယ်လေး) စကားလှမ်းပြော။
“အေလီ်…
ဧည့်သည်တွေအတွက် ၀ိုင်ယူလာပေးနိုင်မလား?”
ချာတိတ်လေးမှ ၀ိုင်နှစ်ခွက်နှင့်ပြန်ထွက်လာ
တခွက် ကို ဘာသာပြန်သူ လူငယ်အားကမ်းပေး၍ ကျန် တခွက်ကို မိန်းမကြီးအားကမ်းပေး….။

မိန်းမကြီး…“ကဲ ကြည့်ကြရအောင်..”
ပန်းချီကားအား မိန်းမကြီးမှ စားပွဲပေါ်တွင်ဖြန့်၍
“အင်း…………ဒီနေရာမှာ……….. ဒီလိုအရောင်ရအောင်…………ဒီအရောင်တွေက…”
ဘာသာပြန်သူလူငယ်မှ ပန်းချီဆရာ ဆိုင်ပိုင်ရှင်အား …
“သူမက တူညီတဲ့အနီရောင်တွေရဖို့အရေးကြီးကြောင်း ပြောနေတယ်” ဟုဆို။
မိန်းမကြီး မှ
“ဒါဟာ…..ဒီအရောင်ဟာ….
သွေးလိုနီတဲ့အရောင်လား…………….?
ဒါပေမယ့်……ကျမ မသိဘူး…အဲတာဟာသွေးဆိုရင်… ဘယ်လိုရှုထောင့်ကကြည့်လဲဆိုတာပေါ်မူတည်တယ် ဘယ်လိုသွေးမျိုးလဲ?”
“ဟုတ်တယ်” ဟု ဆိုင်ပိုင်ရှင်မှ ခေါင်းတငြိမ့်ငြိမ့် နှင့် ပြန်လည် ထောက်ခံပြောဆို။
“တို့တွေ သွေးကိုသုံးထားတာလား? …….ဂတ်စ်ပါ?” ဟုမိန်းမကြီးမှ ဘာသာပြန်သူ လူငယ်လေးအား လှမ်းမေး..
“ကျတော်တို့ အိုတို ဆေးတွေသုံးထားတာပါ…
မော်တော်ကားတွေမှာ သုံးတဲ့ဆေးလေ……”

“အနောက်ဘက်ကိုလာပါ ကျတော်တို့ ကြည့်ကြည့်ရအောင်”ဟု ပန်းချီ ဆရာ ဆိုင်ရှင်မှ မိန်းမကြီးကိုပြောကာ ဆိုင်နောက်ဘက်သို့ ထွက်ခွာသွား။
အေလီ်… ထိုင်နေရာ စားပွဲအနီး ဘာသာပြန်သူ လူငယ်လေးရောက်လာ။ ထို့နောက် အေလီ့ အားသေချာစွာ စူးစိုက်ကြည့်ကာ….
“ကိုယ်တို့အရင်က တွေ့ခဲ့ဖူးတယ်မှလား?”
“ကိုယ်မင်းကို သိနေတာ ကိုယ့်ကိုကိုယ်သေချာတယ်”
“မင်း ဘယ်မှာနေလဲ ကိုယ်က လမ်း ၁၇ မှာ ဒါမှမဟုတ် ကိုယ်မင်းကို အဲဒီ အနီးနားပတ်ဝန်းကျင်မှာ မြင်ဘူးနေကျလား?”
အေလီ် မှ လက်ထဲမှ စက္ကူငယ်လေးအား ဆေးရွက်များဖြည့်ကာ ဆေးလိပ်အဖြစ်လိပ်နေ….
ဘာမှပြန်မပြောပဲ တချက်တချက် ဘာသာပြန်သူ လူငယ်လေးအား နားမလည်သလိုလှမ်းလှမ်းကြည့်..။
“မင်းစကားသိပ်မပြောဘူးနော်…” ဟုပြောရင်း ဘာသာပြန်သူ လူငယ်လေးမှ မိမိကိုယ်ကို သဘောကျသလို ရှက် ရယ်လေး တချက်ရယ်..၍…..၀ိုင်ခွက်ကိုင်ကာ
ဟိုဘက် ဒီဘက် လမ်းလျောက်နေ။
နောက်ခံဘက်ဂရောင်းအသံ အနေဖြင့် ပန်းချီကားအား သံဘောင်ရိုက်နေသံများ တူထုနေသံအနည်းငယ် ဖြည့်စွက်။
ဘာသာပြန်သူလူငယ်လေးမှ ဆက်လက်၍
“သိပ်တော့မသေချာဘူး…..
ကိုယ်မင်းကို သိနေခဲ့တယ် ထင်တယ်…..မင်းက….မင်းက…သိပ်ထူးခြားတာပဲ မင်းကိုကြည့်ရတာ လျှို့ဝှက်သည်းဖို ဆန်တဲ့ လူတယောက်နဲ့တူတယ်”
“တကယ်ပြောတာ မင်းမှာ ထူးခြားတဲ့ သွင်ပြင်ရောင်ဝါ တွေရှိနေတယ်…..မင်းဝိညဉ်တွေ ကိုယုံလား?… ကိုယ်တော့ အဲတာတွေ သိပ်ယုံတာပဲ။ ဒါမှမဟုတ် မင်းနဲ့ ကိုယ် အရင်ဘ၀တွေ က သိခဲ့ဖူးတာ ဖြစ်မယ်”
အေလီ မှ…ဆေးလိပ်လိပ်တာ ပြီးသွား၍….
“ဒေဖွား” ဟုဆိုကာ မီးလှမ်းတောင်း….
“ဒေဖွား….”ဟု သံယောင်လိုက်ကာ ဘာသာပြန်သူ လူငယ်လေးမှ မီးခြစ်လှမ်းခြစ်ပေး….။
အေလီ် မှ ဆေးလိပ်ကို ပြင်းပြင်း တဖွာ ရှိုက်၍ အငွေ့များမှုတ်ထုတ်ရင်း….
“မက်စီ…” ဟုကျေးဇူးတင်ကြောင်းပြော….။
ဘာသာပြန်သူလူငယ်လေးမှ ဆက်လက်၍
“အရမ်းထူးဆန်းတယ် သိလား? မင်းကို စတွေ့တွေ့ချင်း ကိုယ် မင်းနဲ့ စကားပြောမှ ဖြစ်မယ် လို့ ခံစားရတယ်…..အင်း…….အဲတာ က………. ဘာနဲ့တူလဲဆိုတော့….အင်း..ကိုယ်လဲသေချာမသိတဲ့ ……ထူးဆန်းတဲ့ ….နည်းနည်းလဲ ကသိကအောက်နိုင်တဲ့ ခံစားချက်တမျိုးပဲ….”
“တကယ်လို့သာ ဒီဆိုင်ကနေ ကိုယ်ပြန်မထွက် သွား ခင် မင်းကို စကားမပြောခဲ့ဘူးဆိုရင် ကိုယ့်ဘ၀ရဲ့ တန်ဖိုးရှိတဲ့….အရေးကြီးတဲ့….တစုံတရာ ကို ကိုယ်ဆုံးရှူံး ရလိမ့်မယ် လို့ ကိုယ်ခံစားနေ ရတယ်…”
ဆိုင်ပတ်လည်ကို တချက် ကြည့်၍ ဘာသာပြန်သူလူငယ်လေးမှ “အရမ်းလှတာပဲ …..မင်းအလုပ်လုပ်တဲ့နေရာ က တကယ်လှတာပဲ …..” ဟုပြောကာ တဘက်သို့လျောက်သွားပြီး မှန်ချပ် ကိုဖြတ်ကျော်၍ အေလီ အားလှမ်းကြည့်နေ……….၀ိုင်ခွက် ကို မော့သောက်။
အေလီ မှလဲ ဘာသာပြန်သူလူငယ်
အားပြန်လည်စိုက် ကြည့်………….။
ဘာသာပြန်သူလူငယ်မှ ဆက်လက်၍……….
“ကိုယ် မင်းကို စကားပြောရမယ့် အခွင့်အရေးကို လက်မလွှတ်ချင်ဘူး…နည်းနည်းတော့ ကြောင်နေတာ ကိုယ်သိပါတယ်…ဒါပေမယ့်……ထားလိုက်ပါ…..
ကိုယ်ထိုင်လို့ရမလား….?” ဟု ခွင့်တောင်းရင် အေလီ ထိုင်နေသော စားပွဲတွင် ၀င်ထိုင်။
အေလီ် မှ “၀ီ…” ဟု ခေါင်းတချက်ဆတ်ရင် ပြန်ဖြေ။
“မင်း………….မင်း…….ဘ၀ဖော် (soul mate) ဆိုတဲစကားလုံးကို ယုံလား…? မင်းဘ၀ရဲ့ ကျန်တဲ့ တခြား တ၀က်ကို ရှာဖွေတွေ့တာမျိုးလေ…………..”
အေလီ မှ ဘာမှပြန်မပြောသဖြင့် ဘာသာပြန်သူလူငယ်လေးမှပင် ဆက်လက်၍
“မင်း ဂျက်ဇ် (Jazz) ဂီတ ကိုကြိုက်လား? ……. ချာလီ ပါကာ (Charlie Parker) နဲ့ …. နောက်ပြီး… ကတ်ကိုဘိန်း (Kurt Cobain) လေ …. ကိုယ်သူ့ကို အရမ်းကြိုက်တယ်….. ဘယ်လိုပဲဖြစ်ဖြစ်ပါ….”
ဘာသာပြန်သူ လူငယ်လေး မှ စားပွဲပေါ်ရှိ စာရွက်တပိုင်း နှင့် ခဲတံ ကိုယူ၍
“ဒီမှာ ကိုယ့် ဖုန်း နံပါတ်…….တကယ်လို့မင်းကိုယ့် ကို ဆက်သွယ်ခဲ့ မယ်ဆိုရင်…..ကိုယ်မင်းနဲ့ စကားပြောချင်ပါသေးတယ်….အထူးသဖြင့်……အချိန် ပိုကြာကြာလေးနဲ့ ပိုလေးလေးနက်နက်လေးပေါ့” ဟု ဆိုကာ အေလီ့ အား ဖုန်းနံပါတ်ရေးထားသော စာရွက်ကလေးလှမ်းကမ်းပေး…။
ပန်းချီဆိုင်ပိုင်ရှင် နှင့် မိန်းမကြီး ပြန်ရောက်လာကာ…
ဆိုင်ပိုင်ရှင်မှ…………
“ပြီးပြီ…ချောမွေ့တဲ့ အပြန် ခရီး ဖြစ်ပါစေ” ဟုနှုတ်ဆက်။
ဘာသာပြန်သူလူငယ်လေး မှ အပေါ်အင်္ကျီ နှင့် အိတ်အား ကောက်ယူကာ……
ဆိုင်ပိုင်ရှင်နှင့် “အော်ခ်ဘွား” ဟု အပြန်အလှန်နှုတ်ဆက်ကာ ဆိုင်ထဲမှ ထွက်ခွာ…။

ဆိုင်အတွင်းတွင်….

ဆိုင်ပိုင်ရှင်မှ အေလီ အား….“ဘယ်လိုလဲ” ဟု လှမ်းမေး….။
“ငါလဲမသိဘူး ခရစ္စရှန်….သူက ငါ့ကို “ဒါလေး” ပေးသွားတယ်…”ဟုဆိုကာ ဖုန်းနံပါတ်ရေးထားသော စာရွက်လေးထောင်ပြ……ပြီးကမ်းပေး။
“ဖုန်းနံပါတ်လေးလား…” ဆိုင်ပိုင်ရှင် မှ ယူကြည့်ကာ မှတ်ချက်ချ။
အေလီ မှဆက်လက်၍
“သူဘာတွေပြောနေခဲ့လဲ ငါဘာမှမသိဘူး ငါမှ ပြင်သစ်လို အဲလောက် မပြောနိုင်တာ….. ငါလေ့လာနေတဲ့ စကားပြောစာအုပ်ထဲမှာ မပါတဲ့ စာကြောင်းတွေ စကားစုတွေ အများကြီး သူသုံးသွားခဲ့တယ်……”
ဆိုင်ပိုင်ရှင် မှ စာရွက်ငယ်ကို အေလီ့ အား ပြန်ကမ်းပေးရင်း..
“အင်း……ဖုန်းဆက်ကြည့်ကြည့်လိုက်လေ….” ဟု ပြောကာထွက်ခွာသွား……………..။
လူငယ်လေး……….. အေလီ ၏ နုပျိုသော မျက်နှာ အား..အနီးကပ်ဆွဲပြ………….

နောက်ဆုံးကွက်………….

အေလီ မှ ဆိုင်တံခါး အားတွန်းဖွင့် ကာ လမ်းမပေါ်သို့ ပြေးထွက်………………
ကွန်ဝေးတွစ်တီ (Conway Twitty’s)………..၏
“လုံးလီး ဘလူး ဘွိုင်း” (Lonely Blue Boy) သီချင်း အားနောက်ခံ အဖြစ်ဖွင့်ကာ အေလီ လေး မှ လမ်းများပေါ်ပြေးလွှားနေ……….။

ဤတွင် တခန်းရပ်ပြဇာတ် ပြီးဆုံး၏။ ။

(အထက်ပါ တခန်းရပ် ပြဇာတ်အား စာရေးသူသည် ပါခရီ..ယထမ်း (Paris, Je T’aime) ဟုခေါ်သော ပြင်သစ် ရုပ်ရှင်ကား ၏ ဇာတ်ဝင်ခန်းတခုမှ ခံစားကာ ပြန်လည်ရေးသားပါသည်)

LONELY BLUE BOY

(Ben Weisman – Fred Wise)
« © ’59 Chappell & Co, ASCAP / Erika Publishing, ASCAP »
My name should be trouble my name should be woe
For trouble and heartache is all that I know
Yes lonely lonely blue boy is my name

My life is an empty my heart has been torn
It must have been rainin’ the night I was born
Yea lonely lonely blue boy is my name

Well I’m so I’m so afraid of tomorrow
And so tired so tired of today
They say that love is the answer
But love it never came my way

I might send a letter to someone unknown
And if you should find it and if you’re alone
Oh well lonely lonely blue boy is my name
Remember lonely lonely blue boy is my name
**********

ပြဇာတ်ဆန်ဆန် ကြိုးစား၍ ပထမ ဆုံးရေးထားတာပါ
ဝေဖန်အကြံပြုချက်များပေးခဲ့ပေးပါနော်

A Chen
3:16 am
12th April 2009
Home
Bkk