အချဉ်ပေါင်း (၂)

တနေ့က စီးတီးမတ်ရောက်တယ် လိုတာလေးတွေသွားဝယ် ညဘက် မုန့်တွေပေါ့ လက်ဘက် ဘာညာ သာရကာ လေ…….
ထုံးစံအတိုင်းရောက်တော့ စာအုပ် ဝင်ကြည့် နည်းနည်း ဝယ်
အဲ့မှာ ဘာတွေ့လဲ ဆိုတော့
ကလေး စာပေတွေ
ပေါက်နေတဲ့ အိတ်ထောင်
ငွေဖလား ဆယ့်နှစ်လုံး
အန္တရာယ်ကောင်
စတဲ့ ဟိုမှာတော့ လူငယ်ဘတ် အသက်အရွယ် အကန့်အသတ်နဲ့ပေါ့ ဒါလေးတွေဆို ၈-၁၃ နှစ်ကြား ကလေးစာပေ ခေါ်မယ် ထင်တယ်
ပြီးတော့ စာကြည့်တိုက် စာစဉ် အတွဲ ၁ နဲ့ ၂
အဓိကကတော့ ကမ္ဘာ အရပ်ရပ်က မာ့ခ် ဇူကာဘတ် တို့ ဘီလ်ဂိတ်တို့ မာသာထရီစာ စသဖြင့်ပေါ့ သူတို့တွေရဲ့ဘိုင်အိုဂရပ်ဖီတွေပေါ့
ကောင်းပါတယ် ဘာသာပြန်လေးတွေ စာကြည့်တိုက် စာစဉ်လေးတွေအနေနဲ့ ထွက်တာ
တို့ဆီမှာကော အဲ့လို ရေးဆရာ လူတွေ မရှိဘူးလား အခု သေတန် မိတဲ့ သူတို့ ကျော်လင်းတို့ ငုံးဥ သည်ကြီး တို့ ရဲ့ဘိုင်အိုဂရပ်ဖီတွေ ရေးကြပါလိမ့် လူငယ်တွေ အဲ့လို မဖြစ်အောင် ပညာယူရအောင်
ဘာကို သွားတွေးမိလဲ ဆိုတော့ ငါတို့ နိုင်ငံမှာကော အဲ့လို တခုတ်တရ စာအုပ်ရေးချင်လောက်စရာ လူမရှိဘူးလား ရှိရင်ကော ဘာလို့ စာရေးဆရာတွေက မရေးနေကြတာလဲ ဘာလို့ ဆူလွယ် နပ်လွယ် လထထ လမမမ ပညခ ၇မ တို့လို ချစ်ကြိုက်ကွဲညား မွဲပြာပုဆိုး ဝတ္ထူတွေပဲ ရေးနေကြတာလဲ
ဟိုးအရင် ဆရာကြီး ရွှေဥဒေါင်း တို့ စုံထောက်တွေ ဆရာကြီး မောင်ဝံသ ရဲ့ ရှေ့နေကြီး ပယ်ရီ မေဆင် တို့လို မှုခင်း စုံထောက်တွေ ဆိုလဲ အကုန် ဘာသာပြန်
ဆရာသော်တာဆွေလို ဟာသတောင် အမှီး ဆိုတော့ တို့မြန်မာပြည် စာပေလောက နဲ့ အနာဂတ် ကို ရင်လေးစရာတောင် ရှာမတွေ့တော့ဘူး ဟိုးအောက်ဆုံး ရောက်နေလို့
ခုနောက်ပိုင်းဆိုလဲ အရင် အလားအလာ ရှိတယ် ဆိုတဲ့ မခစစ တို့ ဆိုလဲ သုည လား ဘာလား တို့ဘဝ တို့ကမ္ဘာ ကို မှီးတယ် ဆိုပြီး ရှိတဲ့ အလားအလာ ပျောက်
ပဆလ တို့ဆိုတော့ ဘာသာပြန်အမှီးတောင် မဟုတ်ဘူး မြန်မာလို ရေးထားတဲ့ တာရာမင်းဝေ တို့ကို တိုက်ရိုက်ကို ခိုးချတာ ဆရာမ မနော်ဟ၇ီ ကလဲ ဘာမှ မပြောဘူးလာ မသိဘူး
ထားတော့ ပြောချင်တာ တို့တွေ မှာ ကလေး စာပေ သိပ်နည်းတယ် အရင် ကို်ယတို့ငယ်ငယ်က ဘတ်ဖူးတဲ့ မိုးသောက်ပန်း တေဇ ရွှေသွေး တို့ကျောင်းသား မင်္ဂလာမောင်မယ် ဆိုလဲ အီစွတ်တွေ လိမ်မာယဉ်းကျေး ပုံပြင်ဆိုလဲ ဇာတ်ကြီး ဆယ်ဘွဲ့ ၅၅ာ ဇာတ်နိပတ်တော် ဇာတက ဒါတွေထဲက ကို မထွက်ဘူး
ဘတ်ကြည့်ရင်လဲ အတင်း လိမ်မာစေချင်တာနဲ့ မထော်မနန်း ယုတ်္တိ မတန်တဲ့ ဇာတ်လမ်းတွေ နဲ့ အတင်း မိဘကျေးဇူး သိခိုင်းတာ ယူမလား ဆရာ ကို ဇွတ် ကိုးကွယ် ခိုင်းတာ ယူမလား ငရဲ နဲ့ ဖြဲ ခြောက်တာ ယူမလား အများစုက ဘူး ရှစ်
အဲ့တော့ အဲ့ကွက်လပ်ကလေး ကို ခရီရေးရှင်း ရှိရှိနဲ့ ရေးမယ့် လူရှိရင် ထုတ်ပေးချင်ပါတယ်
ကိုယ်ပိုင်ရေးတာ ဖြစ်ရမယ် အတင်း သွတ်သွင်း လိမ်မာခိုင်းတာ မဖြစ်ရဘူး
ရှိခဲ့တဲ့ သောက်တလွဲတွေ အမှီးတွေ ထဲ က ခွဲထွက်ပြီး ထူးခြားဆန်းသစ်တဲ့ အတွေးအခေါ်တွေ ရှိရမယ်
ဟယ်ရီပေါ်တာဆို မဖြစ်နိုင်တာရေးတာပဲ နာမည်ကျော်လွန်းလို့ သူ့ ဝတ္တုဘတ်ဖို့ ဒစ်ရှင်နရီ တောင် သပ်သပ် ထွက်သေးတယ်
အဲ့လို ပညာရှင်မျိုး ဘာလို့ မပေါ်လာပဲ
ပဆလ လို ငါးစိမ်းသည်တပိုင် သူခိုးမ နဲ့ ထမနဇ လို မခစစ လို ပညခ လို
လကရက လို ဆရာဝန် စာရေးဆရာ အများစု လို ဘာသာပြန်ရင် ပြန် မပြန်ရင် ဖာ တွေ ကို ချနင်း ဖာ အကြောင်းရေး ရင် စာရေး ဆရာ ဖြစ် ပေါက် ရောင်းကောင်း တွေပဲ များနေတယ်
တခုခု လုပ်ကြပါ

အချဉ်ပေါင်း (၁)

အချဉ်ပေါင်း (၁) 
ကိုယ်က အမြင် တခုခုရေးတယ် ဆိုပါတော့ ဥပမာ နိုင်ငံရေး နဲ့ ပတ်သက်တာပဲ ဖြစ်ဖြစ် ပညာရေးနဲ့ ပတ်သက်တာပဲ ဖြစ်ဖြစ် ကလေးတွေ အကြောင်း ကျန်းမာရေး တခုခုပေါ့
အဲ့တာကို အောက်နေလာပြီး အတွေးက တူတူပဲ တထပ်ထဲပဲ လာရေးရင် သိပ်အမြင်ကပ်တယ်
သူများအတွေးအကြံကို ခူးစားချင်လို့ 
နှမ်းဖြူးတယ်လို့ပဲ မြင်တယ် အတွေးတူရင် အစကတည်းက ကိုယ့်ဘာသာ အဲ့အတွေးကို ဖော်ထုတ်လေ မရေးတတ်ဘူး မပြောနဲ့ ကိုယ့်နှမ်းဖြူးတဲ့ ကွန်မန့် ကိုယ်ပြန်ကြည့် ဒါလောက်ပဲ ပြောမယ်
နောက် ခံစားချက်တွေကို ဘလိုင်ကြီး attention ရအောင် တင်တဲ့ သူတွေလဲ အမြင်ကပ်တယ်
Pls no one wanna know or care about your personal life or how heart broken you are, people are just laughing at your back with amusement, that’s all.
နောက်တမျိုးက မဟုတ်တမ်းတရားတွေ ဥပမာ ကိုယ်တွေက သိနေတယ် အခြောက်ကြီး က အခြောက်လေးကို ကြိုက်တယ် အဲ့တာကို ကိုကြီးတွေ ကိုလေးတွေ လုပ်နေတယ်
ပိုဆိုးတာက အပုန်းမတွေက မိန်းမတွေကပဲ သူတို့ကို ကြိုက်သလိုလို မိန်းမနို့တွေကိုပဲ သူတို့ကြိုက်သလိုလို ရေးပြောပြီး ပို့စ် တွေ ရှဲတာ
မိန်းမနို့တွေကို သူတို့ကြိုက်တာကတော့ ဟုတ်တယ် လိုချင်စိတ်နဲ့ ငါလဲ အဲ့လိုကြီးချင်လိုက်တာ ဆိုတဲ့ စိတ်နဲ့ ကြိုက်ကြတာ ဒါပဲ
ဤတွင် စောက်ဆရာကြီးလုပ်ကာ စောက်ဖောင်းထုခြင်း အစီအစဉ် အပိုင်း (၁) ပြီးဆုံးပါပြီ ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာ လန်းဖျာ ယွပိုးထိုးနိုင်ကြပါစေရှန်

အချဉ်ပေါင်း ကားလက်မှတ်

ဘာရေးရမလဲ

စာက မရေးတာကြာတော့ မရေးတတ်တော့သလိုပါပဲ။ ဘာရေးရမလဲ မသိဘူး ဖြစ်နေတယ်။ ပြန်ရောက်ကတည်းကလဲ အလုပ်ကိစ္စပဲ လုံးပန်းနေတော့ စာရေးတဲ့ဘက်လဲမလှည့်နိုင်ပါဘူး။ ခရီးတော့ တော်တော်လေးထွက်ဖြစ်တယ်။ အဲ့ဒီအကြောင်းရေးချင်ပြန်တော့လဲ မြန်မာရွှေပြည်က ဓါတ်ပုံတင်ရတာခက်နေပြန်တော့……..

ကဗျာလေးဘာလေးရေးဖို့ကျတော့ အင်စပရေးရှင်းက မလာ (စပရေးဗူးကုန်နေတယ်)

ကဲ အဲ့တော့ ဘာရေးရမလဲ ပရိတ်သတ်ကပဲတောင်းဆိုပါတော့………

ဟင်းချက်တာတော့ မရေးခိုင်းနဲ့နော် ခုနကပဲပြောထားတယ် ဓါတ်ပုံတင်ရတာ သိပ်သိပ်ခက်နေတယ်။ နောက် အခု အသစ်ပြောင်းသွားတဲ့ ဖော်မက်ကိုလဲ မကြိုက် လုံးဝမကြိုက် ဓါတ်ပုံတင်ရတာ မကောင်း တင်ပြီးတော့ စာတင်တော့လဲ အနေအထားက မကျ အချိုးကမပြေ

ကဲ စာမရေးရသေးဘူး စိတ်တိုလာပြီ။

အချဉ်ပေါင်းပဲရေးရရင်ကောင်းမယ်။

ခရီးထွက်ထားတော့ ခရီးထွက်တာနဲ့ပတ်သက်တဲ့ အချဉ်ပေါင်းလေးတွေပဲ ရေးရတော့မယ်။

မြန်မာပြည်အနေနဲ့ ပြောရမယ်ဆိုရင်တော့ အရင်တခါ ပြောထားတဲ့ ပြောနေကျ service ဝန်ဆောင်မှုညံ့တာကိုပဲပြောရမှာပါပဲ။ မဲပြာပုဆိုးတော့ ဖြစ်နေပေမယ့် မပြောမပြီး မတီးမမြည် တီးတာတောင် မမြည်တာ မြန်မာပြည်က ဝန်ဆောင်မှု အပိုင်းပါ။ ဝန်ထမ်းတွေကိုပဲ ဖိပြောရမယ်ဆိုလဲ မဖြစ်သေးပါဘူး။ ဘာလို့လဲဆိုတော့ ဝန်ထမ်းတွေကို ပိုက်ဆံနည်းနည်းပဲပေးချင်တာ ခိုင်းတော့ များများခိုင်းချင်တာ ပိုက်ဆံပိုပေးလိုက်ရင် အလုပ်မှာ ပိုပျော်မှာပဲ လို့ထင်နေတာ လုပ်ငန်းရှင်တော်တော်များများပါ။ တခုပဲ စိုးရိမ်စရာရှိတာက အခု ၂၀၁၃ ၂၀၁၅ ဆိုရင် မြန်မာနိုင်ငံကို နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ ဝင်လာပါတော့မယ် အဲ့အခါကျရင် နိုင်ငံခြားကုမ္ဗဏီတွေနဲ့အပြိုင်ဖိုက်ရတော့မယ် အဲ့အခါကျရင်တော့ စည်းစနစ်မရှိတဲ့ ကျင့်သုံးဖို့ မသိတဲ့ တို့ ရွှေတွေနဲ့ စည်းစနစ် တွေ အသင်နဲ့ လက်နက်အသင့်ဝင်လာမယ် နိုင်ငံခြား ကုမ္ဗဏီတွေ နဲ့ ထိပ်တိုက်တွေ့တော့မှာပါပဲ။ ထိပ်တိုက်လို့တောင် ပြောလို့ မရပါဘူးလေ။ ဝင်လာတာနဲ့ ပြာမှာ ကိုယ်တို့ရွှေတွေပါ။

ကဲအချဉ်ပေါင်းဘက်ပြန်လှည့်ရအောင်

အရင်ဆုံး ပြောချင်တာကတော့ အခု ရန်ကုန်မန်းလေး ကားသစ်တွေ အကောင်းစား (အရင်ကနဲ့ယှဉ်ရင်တော့) တွေနဲ့ကားလိုင်းတွေအများကြီးပြေးဆွဲလာကြပါတယ်။ အဓိက နာမည်ကြီးပြီး အခု အမိုက်စားဝန်ဆောင်မှုတွေနဲ့ပေးနေတာကတော့ JJ, Elite, Shwe Nan Taw စတာတို့ပါပဲ။ အဲ့လိုကားကောင်းတွေ ရှိလာသလို အိမ်တိုင်ရာရောက်ဆိုတဲ့ ဝန်ဆောင်မှု ကျော်ညာ (သတိထားဘတ်ပါ ကျော်အောင်ညာနေတဲ့ ကျော်ညာတွေပါ ကြေငြာတွေမဟုတ်ပါဘူး။) တွေနဲ့ အပြိုင်အဆိုင် အလုအယက်ကျော်ညာလာတာကတော့ ကားလက်မှတ်အရောင်းဝန်ဆောင်မှုတွေပါပဲ။

အခုပိုစ့်မှာ အဓိက ပြောချင်တာကလဲ အဲ့တာပါပဲ။ ဒီ နိုဝင်ဘာနဲ့ဒီဇင်ဘာ မှာ မန်းလေးကို သုတေသန တခု အတွက် ၂ ခါရောက်ပါတယ် တခေါက်ကို ၁၀ ရက်လောက်ကြာပါတယ်။ အဲ့တော့ ကားခဏခဏ စီးဖြစ်တာပေါ့။ ကြားထဲမှာ နေပြည်တော်လဲ သွားလိုက်ပါသေးတယ် အဲ့တာကတော့ သပ်သပ်ပြောပါမယ်။

ရန်ကုန်မှာ ခဏခဏ တွေ့နေတာ က အိမ်တိုင်ရာရောက် လက်မှတ်ပို့ပေးပါတယ်ဆိုတဲ့ ဝန်ဆောင်မှု ကျော်ညာ နဲ့ အကြီးအကျယ်ကျော်ညာထားပြီးတော့ တကယ်မှာတော့ မရတာက ရန်ကုန်မှာ “ရွှေဇင်” ဆိုတဲ့ ဝန်ဆောင်မှုပါ။ ဖုန်းဆက်ပြီးတော့ Elite နဲ့ လက်မှတ်လိုချင်ပါတယ် ရမလားဆိုတော့ Elite ကိုမှာပါတဲ့ Elite ကို တိုက်ရိုက်ဆက်ပြီး လက်မှတ်ဖြတ်ပါ ရရင် သူတို့ ကို ပြန်ဆက်ပေးပါ သူတို့ လာပို့ပါမယ်တဲ့။ အဲ့တာနဲ့ ဆက်လိုက်ဖြတ်လိုက်ကော။ သူတို့ “ရွှေဇင်” ကို တခါပြန်ဆက်တော့ Elite ဆိုရင် သူတို့ က အိမ် မပို့ပေးပါဘူးတဲ့ ကျော်ညာထားတာတော့ Elite က ထိပ်ဆုံးကပါတယ်နော်။ ဘာလို့လဲဆိုတော့ Elite က လက်မှတ်ဖြတ်ရင် ပိုက်ဆံချက်ချင်းပေးရလို့ပါတဲ့။ အမ် ကြောင်သွားတယ် နားမလည်ဘူး။ အကျယ်ချဲ့ပါအုံးဆိုတော့ သူတို့က တခြားကားတွေက လက်မှတ်ဖြတ်ရင် တရက် ၂ ရက်နေမှ ပေါင်းပေးလို့ရပါတယ်တဲ့ Elite ကျတော့ နေ့ချင်းပေးမှ ရပါတယ်တဲ့ တကယ်လို့ တခြားကားနဲ့ဆိုရင်တော့ အဆင်ပြေပါတယ်တဲ့ အဲ့တော့ သဘောကဘာလဲ Elite နဲ့ က အဲ့လိုမရဘူးဆိုရင် အစကတည်းက ကျော်ညာမှ ထည့်နဲ့လေ။ ဒါမှမဟုတ် Elite က သူတို့ကို ကော်မရှင်ပေးတာနည်းလို့ တခြားကားကို ပိုပြီး ပရိုမုတ်လုပ်တဲ့သဘောလား ဘာလားတော့ သူတို့မှပဲသိမယ်လေနော်။ ဒါမှမဟုတ် အဲ့ဒီဖုန်းကိုင်တဲ့ ကောင်မလေးကပဲ Elite က ဖုန်းကိုင်တဲ့ (သို့) လက်မှတ်ဖြတ်တဲ့ ဒီပတ်မန့်နဲ့ မတည့်လို့လား စသဖြင့် လားပေါင်းများစွာနဲ့ စိတ်တိုခဲ့ရပါတယ်။ နောက်တော့လဲ ခယ်မ ဝမ်းကွဲ ရဲ့ အေဂျင်စီကနေပဲ လက်မှတ်ကို မှာလိုက်ရပါတော့တယ်။ သေချာတာကတော့ နောက်တခါဆိုရင် ရွှေဇင်သည် မသုံးတော့မည့် စာရင်းထဲဝင်သွားပါပြီ။ အဲ့လိုပဲ သူငယ်ချင်းတွေ လိုအပ်တယ်ဆိုရင်လဲကိုယ်က အာမခံပြီး ကောင်းပါတယ်လို့ မပြောပေးရဲတော့ပါဘူး။

နောက် တခုကတော့ မန်းလေးက ပါ။ နာမည်က “ငုဝါ”တဲ့။ အဲ့လိုပါပဲ။ အဲ့မှာကတော့ တော်တော်လေးကိုပိုဆိုးပါတယ်။ ငုဝါ က အရင်တခေါက်ကလဲ ဝယ်ဘူးပါတယ်။ သူတို့က ဟိုတယ်ကို အရောက်လာပို့တာပါ မြန်လဲမြန်တယ် အဲ့တော့ နောက်တခါလဲပြန်သုံးဖြစ်တယ်ပေါ့။ အဲ့မှာ ဆိုးသွားတာပါ။ အဲ့နေ့က သိန်းဝင်းဆိုတဲ့နေရာမှာ ခေါင်းသွားလျှော်ပါတယ်။ ငုဝါနဲ့ နီးတော့ လက်မှတ်တခါတည်းဝင်ယူမယ်ဆိုပြီးတော့ ဖုန်းနဲ့ပြောတော့ သူတို့ကလဲ အဆင်ပြေပါတယ်တဲ့။ အဲ့တာနဲ့ အပြန်မှာ ဝင်ယူတော့ လက်မှတ်အရောင်းဌာနက ကောင်မလေးတယောက်ပါပဲ။ ရုပ်က ခပ်ဆိုးဆိုးနဲ့ပါ အင်းလေ အကျင့်က တန်တော့ ရုပ်ကလဲ ဆိုးပြီပေါ့။ အဲ့ဒီ လက်မှတ်အရောင်းစာရေးမက လက်မှတ်ကို ရေးနေတာ မပြီးတော့ပါဘူး။ လက်မှတ်က VIP အခု နောက်ပိုင်းမြန်မာပြည်မှာ စတင်ပြေးဆွဲနေတဲ့ ၃ ခုံပဲ ပါတဲ့ ခုံကျယ် ကားမျိုးပါ။ အဲ့တာကို ကိုယ်က ၃ ခုံတွဲ လိုချင်တော့ နေရာ သိပ်မကောင်းတာကို သည်းခံပြီး (အလယ်လောက်နားရောက်နေပါတယ်၊ ကိုယ်ကလဲ မနက်ဖြန်ပြန်မှဖြစ်မယ့် အနေအထားမို့)  ယူမယ်ပေါ့။ အဲ့တာကို လက်မှတ်သည်မ က တစောင်ထဲမှာ ပေါင်းရေးပါတယ်။ သူတို့ကတော့ ရေးနေကျပါပဲ။ ကိုယ်တို့က လက်မှတ် ၃ စောင်ယူတာဖြစ်တဲ့ အတွက် လက်မှတ်ကို ၃ စောင်လိုချင်တာပါ။ နားရှုပ်သွားသလား၊ အဲလေ မျက်စေ့ ရှုပ်သွားသလား။ ဆော်ရီး မျက်ဝန်းရှုပ်သွားသလား။ (မျက်စေ့ သည် ဘယ်လိုရေးရေး မျက်ဝန်းမှမပါး ရိုမန်မတစ်ပါ စမ်းကြည့်ကြလေ) သူတို့က လက်မှတ်တစောင်ထဲပေါ်မှာ ၃ ခုံစာ ရေးပေးမယ် ဥပမာ 8 A, B and C စသဖြင့်ပေါ့ ကိုယ်က အဲ့တာ ကို 8 A 8 B and 8 C  တရွက်စီ လိုချင်တယ်။ သူတို့က ကိုအောင်မျိုး 8 A B and C ကို တရွက်ထဲရေးပေးမယ် အဲ့လိုပါ။ အဲ့မှာကတည်းက အဲ့ဒီ လက်မှတ်သည်မ က မျက်ခွက်မည်းချင်ပါပြီ။ ကိုယ်ကလဲ မကြည်တော့ပါဘူး။ ဟုတ်တယ်လေ customer service ပေးတာကို အဓိက ထားတဲ့ နေရာ တနေရာမှာ လုပ်တဲ့ သူက အဲ့လောက်စိတ်မရှည်ဘူးလား။ ဖြစ်ချင်တော့ အဲ့နေ့က မန်းလေးက သမီးလေးတွေလဲပါပါတယ်။ တယောက်က အလုပ်ကိစ္စလေးရှိလို့ အလျှင်လိုနေတာနဲ့ သူ့ကို “အမရယ် နည်းနည်း မြန်မြန်လေးရေးပေးပါ” လို့ တောင်းဆိုပါတယ်။ ကောင်မလေးက ကောင်းကောင်းမွန်မွန်ပဲပြောရှာတာပါ။ မန်းလေးသူများ အင်မတန် နန်းဆန်ကြပါတယ်။ လက်မှတ်သည်မကတော့ မန်းသူ မဟုတ်ဘူးမှတ်တယ်။ ရေးနေတာပဲ ဒါအမြန်ဆုံးပဲ လို့ ရွှေ ၇ ကျပ်သားပျောက်တဲ့ မျက်နှာနဲ့ ပြန်ပြောလာပါတယ်။ ကိုယ်က တော်တော်လေးကို အံ့သြသွားတယ်။ ဟုတ်တယ်လေ ကိုယ်သွားလာတာ နိုင်ငံပေါင်း ၁၅ နိုင်ငံမကတော့ဘူး (ကပ်ကြွား) တခါမှ ဒီလောက်ဆိုးရွားတဲ့ လက်မှအရောင်းဌာန မျိုးမကြုံဘူးဘူး (မှတ်ချက် ရန်ကုန် ဆာကူရာတာဝါအောက်က TG ရုံးမှအပ) သို့သော် ဟိုက TG လေနော်။ လေယာဉ်ပျံလေ။ သူက ကားလက်မှတ်အရောင်းသည်မ။ တီချမ်းတော်တော်စိတ်တိုသွားပါတယ်။ တခုခု ပြောကိုပြောရတော့မယ်။ အဲ့တာနဲ့ သို့သော် စိတ်ကိုတော့ ခဏလေး ဆွဲဆန့်လိုက်ပါသေးတယ်။ ကိုယ်က မနက်ဖြန် မပြန်ရင် မဖြစ်တဲ့ လက်မှတ်ကို လိုချင်နေတာကိုးနော် နောက် အချိန်ကလဲကပ်နေပြီဖြစ်တဲ့အတွက် တခြား ကားဆီပြောင်းရင် မရဖို့က များနေပြီလေ။ အဲ့တာနဲ့ မတ်တပ်ရပ်လိုက်တယ် လက်ပိုက်လိုက်တယ် သူရေးတာကို စိတ်ဆွဲဆန့်ပြီးစောင့်တယ် ပြီးတော့ ပိုက်ဆံပေးတယ် ပြန်အမ်းတာစောင့်တယ်။ ပြီးတော့မှ အဲ့ဒီ လက်မှတ်သည်မ ကို သေချာ ကြည့်ပြီးတော့ ဒီမှာ သမီးလို့ (ဟုတ်တယ် သမီးလို့ပဲ ခပ်ကျောကျောလေးခေါ်လိုက်တယ်) လက်ရေးကို ဒီ့ထက်မြန်မြန်ပိုရေးနိုင်အောင်ကျင့်လိုက်ပါလို့။ အံ့မယ် တသက်လုံးမကြီးပွားမယ့် လက်မှတ်သည်မ က ချက်ချင်းပြန်ပက်တယ်။ အဲ့တာ အမြန်ဆုံးပဲတဲ့ ဟုတ်တယ်လို့ အဲ့တာကြောင့် ဒီ့ထက် ပိုမြန်အောင်ကျင့်ခိုင်းတာလို့ မဟုတ်ရင် နင့် ဘဝ တသက်လုံး ဒီလို သူများ အတွက် အလုပ်လုပ်ပေးရတဲ့ စာရေးမ ဘဝနဲ့ ပြီးသွားလိမ့်မယ်လို့။ သူလဲ ကြောင်အ သွားတယ်။ ဘယ့်နှယ် ဒီယောက်ျားရင့်မာ ကြီးက နှုတ်သီးကောင်းလျှာပါး သူ့ကို ဘက်ပြောနေတာလဲ လို့ တွေးနေမှာပေါ့။ သူကြောင်အနေတဲ့ အချိန်မှာပဲ ကိုယ်တွေက ထွက်လာပြီ။ ပြောလိုက်သေးတယ်။ နောက်ကို နင်တို့ ငုဝါ ကို မသုံးဘူး ဘယ်လိုဆိုတာလဲ သေချာကြေငြာပေးမယ်လို့ ကဲ အခု အဲ့တာ ကြောငြာပဲ။

ရန်ကုန်မှာ ဆို နိုးတာ ရွှေဇင်
မန်းလေးမှာဆို နိုးတာ ငုဝါ သိပြီနော်။

အောက်မှ တီတီဆွိက ကွန်မန့်ထားလို့ နောက်ထပ် တိုးလိုက်ပါတယ်။ တီ ပထမ တခါက ဂျေဂျေ စီးတာပါ နောက် အခေါက် က အသွားကို အီလိုက် အပြန်ကို ရွှေနန်းတော်ဆိုတော့ အခုနောက်ပိုင်းကားကောင်းတွေပေါ့

အသွားဂျေဂျေ ကိုကြိုက်ပါတယ် ခုံပိုကျယ်တယ် ဆားဗစ်လဲ ပိုကောင်းတယ် အားနည်းချက်တခုကတော့ ၁၁၅ မိုင်တို့ ၂၈၅ တို့မှာ ခဏပဲ ရပ်ပါတယ် သူက ၁၀ မိနစ်ပဲရပ်ပြီးတော့ Feel ကနေ မုန့်ဝယ်ကျွေးတာပါ ဈေးက ၁၆၈၀၀ အီလိုက် က ၁၈၀၀၀ ရွှေနန်းတော်က ၁၆၅၀၀ ဆိုတော့ ဈေးက အီလိုက်နဲ့ကွာတယ် ရွှေနန်းတော်နဲ့ မ ၃၀၀ ပဲကွာတယ် သို့သော် ဝန်ဆောင်မှုချင်းကျတော့ ရွှေနန်းတော်နဲ့က တော်တော်ကွာပါတယ် ဂျေဂျေက ပိုကောင်းတယ် တော်တော့ ကို ပိုကောင်းပါတယ်  အီလိုက်ကကျတော့ ဈေးက ပိုများနေပေမယ့် အဲ့လောက်မကွာပါဘူး ကားပိုကောင်းတယ်ပြောကြပေမယ့် တီကတော့ မကွာဘူးထင်ပါတယ် အီလိုက်က တခုကောင်းတာ တဦးချင်းအတွက် အီးယားဖုန်းတွေရှိတော့ ကိုယ်နားမထောင်ချင်ရင် နားမထောင်ယုံပဲ အရင် ကားတွေစီးရသလို အဓိပ္ဗါယ်မရှိတဲ့ ကလိထိုး မြန်မာကားတွေဇွတ်မကြည့်ရတော့တာ တော်တော်လေးကောင်းပါတယ်။ သို့သော် သူက နားတဲ့နေရာတွေမှာ မိနစ်၃၀ နားတော့ ပိုကောင်းတယ် ကိုယ်ကြိုက်တဲ့ဆိုင်မှာ ကိုယ်စားချင်တာ ဝယ်စားလို့ရတယ် မကောင်းတာက ဈေးအများကြီးပိုယူထားပြီးတော့ ဘာမှ ဟုတ်ဟုတ်ကောင်းကောင်းမကျွေးတာပါပဲ

ဥပမာ ဂျေဂျေဆို Feel က ကျွေးတာ သေချာတယ် မုန့်က တကယ့်ကို အဲပုဂံထက်ကောင်းတယ် ခုံလဲပိုကောင်းတယ် ပိုကျယ်တယ် ဆားဗစ် ပိုကောင်းတယ် ကားမယ်က ပိုလှတယ် (တီနဲ့တော့ မဆိုင်) သို့သော် အားနည်းချက်က ၁၀ မိနစ်ပဲရပ်တယ် အဲ့တာ မကြိုက်
နောက် လက်မှတ်ခမှာလဲသူက ကားအတွက်က ၁၀၄၀၀ ဆားဗစ်နဲ့မုန့်အကျွေးအမွေအးအတွက်က ၆၄၀၀ ပေါင်း ၁၆၈၀၀ စသဖြင့် ခွဲထားပေး လက်မှတ်က လေယာဉ်လက်မှတ်အတိုင်းပဲ မိုက်စ် 

အီလိုက် ကားပိုကောင်းတယ် ဆိုသော်ညားလဲ တယ်မကွာ ဈေးအများကြီးပို မုန်းကောင်းကောင်းမကျွေး ဆားဗစ် က စိုးစိုးပဲ ပိုကောင်းမနေ မိနစ် ၃၀ နားရတာကောင်း

ရွှေနန်းတော် ဈေးအနည်းဆုံး မိနစ် ၃၀ လဲနား မုန်းက တော့ မကောင်း သို့သော် အပေါ့သွားလို့ရသော် အိမ်သာပါ အခြား ကား ၂ မျိုးထက်ပိုကောင်း မောင်းတဲ့သူ နည်းနည်းညံ့ တီ့တို့ ကံမကောင်းတာလဲဖြစ်နိုင်

ကားတွေအကုန်ကတော့ ညဘက် သိပ်ဆူညံ့ မြန်မာကားတွေမဖွင့်တော့ အဲ့တာ အားလုံးကောင်း

ကဲ အဲ့တော့ စာဘတ်သူတွေလဲ ကိုယ်ကြိုက်ရာကား စီးကြကုန်
အားသာချက် အားနည်းချက်တွေ တော့ပြောပြပေးပြီပြီနော်

နောက် အချဉ်ပေါင်းများကို မျှော်

အားလုံးကိုချစ်တဲ့ တီချမ်း

A Chen
12:02 PM
 23rd Jan 2013
Wednesday
David’s Home
Yankin | Yangon | Myanmar

အချဉ်ပေါင်း (၃)

တကယ်ပါပဲ မြန်မာပြည်တခါပြန်ရင် တခါ မုဒိတာတွေပွားလာတယ် ခန္တီစပါရမီ ရင့်သန်လာတယ်။ မေတ္တာထားတတ်လာတယ်။ တကယ်ပါပဲ။ မြန်မာပြည်မှာ ကြာကြာနေရင် နိဗ္ဗာန်နဲ့မြန်မြန်နီးနိုင်ပါတယ်။ ထားတော့ လိုရင်းတွေကိုပဲပြောပါမယ်။

ကြုံရတာကတော့ များပါတယ်။ တချို့ဟာတွေကျတော့ မမှတ်မိတော့ဘူး။ ဒင်းတို့တွေကံကောင်းတာပဲ။

၁) ညီဝမ်းကွဲတယောက်ကပြောလာပါတယ်။ သူတနေ့ပါရမီတက်စီကို ငှားစီးပါတယ်တဲ့။ ပါရမီတက်စီ သည် မြန်မာနိုင်ငံတွင် ပထမဆုံး မီတာ စနစ်ဖြင့်မောင်းမည်။ အဲကွန်းပါမည် လို့ ကြေငြာပြီး လုပ်တဲ့ ကားလိုင်းထင်ပါတယ်။ ပါရမီ တက်စီ အများစုသည်တကယ်ပဲ အဲကွန်းဖွင့်ပါသည်။ ထားတော့။ သို့သော် မီတာ ဘယ်လောက်ပဲ တပ်တပ် မြန်မာပြည်သည် မြန်မာပြည်သာပဲ ဖြစ်တဲ့ အတွက် ဒီမိုကရေစီ ဘယ်လောက်ပဲ ရရ မီတာနဲ့မမောင်းပါဘူး။ အခုထိ ဈေးဆစ်ရနေသေးတာပါပဲ။ ထားတော့။ ဖြစ်ပုံကတော့ ညီက ဈေးတည့်လို့ စီးတော့ ကားပေါ် အတက်မှာ ကားမောင်းသူက အဲကွန်းကို ပိတ်လိုက်ပါတယ်တဲ့။ အစက သူ့ဘာသာသူ လျောက်မောင်းနေတုံးကတော့ ဖွင့်ထားတယ်နော်။ ထားတော့။ အဲ့တာနဲ့ ညီကလဲ ကားပေါ်က အဆင်းမှာ ကားနံပါတ်ကို မှတ်ထားပြီး ပါရမီ တက်စီ ကို ဖုန်းဆက်တိုင်ပါတယ်တဲ့။ အံ့သြစရာ က အခုမှ စတာပါ။
နောက်နေ့မှာ ညီ ဖြစ်သူဆီကို ဖုန်းတခုပြန်ဝင်လာပြီး သကာလ မနေ့က ပါရမီ တက်စီ ကားမောင်းသမားက တောင်းပန်စကားပြောပါတယ်တဲ့။ ကျန်တာတော့ စာဘတ်သူပဲ ဆက်စဉ်းစားပါ။ တီက အဖြစ်အပျက်ကိုပဲ ပြောပြချင်တာ။ တီပြောချင်တာ အကုန်ပြောပြီးပြီ။

၂) တီ့ကိုယ်တွေ့ပါ။ တီ့ အိမ်က ဘလေဇုန် နဲ့ နီးပါတယ်။ တနေ့ ညနေဘက်ကို ညနေစာ စားပြီးအပြန် ဘလေဇုန်က ဂျေဒိုးနတ်မှာ ကော်ဖီသောက်မယ် လို့ စဉ်းစားပြီး မောင်နဲ့ သွားထိုင်ပါတယ်။ အဲ့မှာ အလယ်က ခုံနားမှာ ဂျေဒိုးနတ်က အအေးခွက်(သောက်ဖူးသူများသိပါလိမ့်မယ်၊ မသိသေးသူများ ပုံကိုရှု) ကို ပုံပါအတိုင်း ကော်နဲ့ကပ်ထားတာ မြင်ခဲ့ရပါတယ်။ အဲ့မှာ ရေးထားတာကပုံမှာ ပါတဲ့ အတိုင်းပါပဲ။သေချာမမြင်ရမှာ စိုးလို့ နောက်တပုံသေချာ ခိုးရိုက်ခဲ့ပါသေးတယ်။ တီ့ ရဲ့အသစ်ဝယ်ထားတဲ့ ၅၅၀ ဒီ နဲ့ ပါ။ နောက်ပုံတွေတော့ ခိုးရိုက်လို့ မရလို့ ဖုန်းနဲ့ပဲ ရိုက်ခဲ့ရတယ်။

နောက်တခုက ကောင်တာ မှာရေးထားတဲ့ စာပါ။ အဲ့တာ က ဖုန်းနဲ့ခိုးရိုက်ရတာ ဖြစ်တဲ့ အတွင် သေချာ မကြည်ပါဘူး။ စာမှာ ရေးထားတာက “ဖျော်ရည်သုံးဆောင်သူများ ရေခဲ ကို မိမိတို့ စိတ်တိုင်းကျ ထည်၍ သုံးဆောင်နိုင်ပါသည်” တဲ့။ ဟုတ်ကဲ့ ဘေးမှာ ရေခဲဘုံးလေး ထားပေးထားပါသေးတယ်။ ကောင်တာက အရောင်းဝန်းထမ်းမမ က အအေးမှာ ရင် ကော်ခွက်တခု နဲ့ချင်ပြီး ထည့်ပေးပါတယ်။ သေချာအောင်လို့ မောင့်ကို အအေးတခွက်သွားဝယ်သောက်ခိုင်းလိုက်ပါသေးတယ်။ တကယ့်ကို ကော်ခွက်နဲ့ ချင်ပေးတာပါ။ ဒီလိုလေ ဘုံးထဲက အအေးကို ကော်ခွက်နဲ့ ချင်ထည့်တယ် ပြီးတော့မှ စားသုံးသူရှေ့မှာ ဖန်ခွက်ထဲကိုလောင်းထည့်ပြတယ်။ အဲ့ဒီမှာ ခုနက ပြထားတဲ့ ခွက် က မြားလေးနဲ့ကွက်တိ။ ရေခဲကိစ္စကတော့ အောက်မှာ ဆက်ရှု။

တွေ့တယ်နော်။ ပုံလေးကတော့ နည်းနည်းဝါးနေတယ်။ ဘေးမှာက ဖျော်ရည်ဘူး။ စက္ကူနောက်မှာ ရေခဲဘုံး။ ဘယ်လိုဖြစ်တာလဲလို့ ကောင်တာက မမ ကိုမေးကြည့်တော့ စားသုံးသူက ကွန်ပလိမ့် တက်လို့ လို့ဖြေပါတယ်။ တော်တော်ကျေနပ်သွားပါတယ်။ စကားစပ်မိလို့ မဂ္ဂဇင်းတခုထဲမှာ ဆရာတယောက် ရေးထားတဲ့ မြန်မာပြည်နဲ့ AFTA အာစီယံ လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီစာချုပ် အကြောင်းပါ။ ခြုံပြောရရင်တော့ သူပြောချင်တာ ၂၀၁၅ မှာ မြန်မာပြည်က အဲ့ဒီ စာချုပ်မှာ လက်မှတ်ထိုးပြီဆိုရင် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေပိုလာမယ့်အကြောင်း အဲ့အတွက် ပြည်တွင်း ရင်းနှီးမြုပ်နှံမှု လုပ်ငန်းရှင်တွေအနေနဲ့ အပြိုင်အဆိုင်တွေ ကို ပိုမိုကြုံတွေ့လာမယ့် အကြောင်းပါ။ အဲ့ဒီလို စာချုပ်တွေကြောင့် ကြုံတွေ့နိုင်တဲ့ အခက်အခဲတွေ နောက်ဆက်တွဲ ပြဿနာတွေ ပြည်သူတွေ ကြုံတွေ့နိုင်တဲ့ ဆုံးရှုံးမှုတွေကို မသိမသာ မပြပဲ ကောင်းကွက်လေးတွေကိုပဲ အလေးပေးရေးသွားတာပါ။ ရေးလို့မရလို့လဲ ဖြစ်နိုင်တာပေါ့လေ။ ထားတော့ ပြောချင်တာကတော့ ခုလိုလေးတွေမြင်ရတော့ စိတ်ထဲမှာ ကျေနပ်မိပါတယ်။ ဒါလေးတွေကတော့ ကြိုက်တာလေးတွေပေါ့။ မကြိုက်တာလေးတွေလဲ ရေးမှာပါ။ ပိုစ့်နာမည်က အချဉ်ပေါင်းမှလား။

၃) ခုနက ပြောသလိုပါပဲ တီက ဘလေဇုန်နားမှာ နေပါတယ်။ အထင်မကြီးပါနဲ့ မြေနီကုန်းဘက်အခြမ်းပါ။ ပြီးတော့ တီချမ်း အိမ်မှာ ကားမရှိပါဘူး။ အဲ့တော့ ကားငှားစီးရပါတယ်။ အဲ့တော့ ဦးဝိစာရ လမ်းကို အမြဲ ဖြတ်ရပါတယ်။ သိကြမှာပါ အလယ်မှာ ကျွန်းမျောလေးတွေရှိပါတယ်။ အိမ်ကိုဝင်တဲ့လမ်းက (စကားမစပ်ပြောရရင်တော့ အတွင်းရေးမှုး (၁) ဦးခင်ညွှန့် ဖွင့်ခဲ့တာပါ) ဘလေဇုန် နားကနေ မျက်စောင်းထိုးလိုက်ရင် ကွန်စထရပ်ရှင်ကြီး ဆောက်မယ် ဆောက်မယ် နဲ့ကာထားတဲ့ (တီတို့ အဲ့မှာ အိမ်ဝယ်တာ ၁၀ နှစ်ကျော်ပါပြီ။ မဝယ်ခင်ကတည်းက ရှိတာပါ။ ခုထိ မဆောက်သေးပါဘူး ထားတော့) ကြားကလမ်းပါ။ ဈေးလမ်း ခေါ်ပါတယ်။ အရှည်ကတော့ မြေနီကုန်းဈေးလမ်းပေါ့။ သူက ဟိုဘက် ပြည်လမ်းအထိ ပေါက်တယ်။ အလယ်ထဲမှာ ဇစ်ဇက်ပါ။ အဲ့လမ်းကိုဖြတ်ဖို့ အလယ်က ကျွန်းမျောတွေကို ဖြတ်ရင် ကွေ့ရပါမယ်။ ပြောချင်တာက အဲ့မှာပါ။ မြန်မာပြည်က ကားမောင်းတဲ့ လူ ၁၀ ယောက်မှာ ၉ ယောက် က စည်းကမ်းကို မသိတာလား၊ နားမလည်တာလား၊ သတိမမှုတာလား၊ သဘောမပေါက်တာလား၊ မလိုက်နာတာလား၊ ဥပေက္ခာပြုတာလား၊ တခုခုတော့ တခုခုပါပဲ။ အဲ့လိုနေရာမှာ ကွေ့မယ်ဆိုရင် ဥပမာ ဦးဝိစာရ လမ်းပေါ်မှာကိုပဲ တီ့အိမ်ဘက်ကိုကွေ့မယ့်ကား ဆိုပါတော့ မြင်အောင်ပြောရရင် ဗားကရာ မီးပွိုင့်ဘက်ကလာတဲ့ကားက ညာဘက်ကို ပမ်းယူရပါမယ် မြန်မာပြည်က ညာမောင်းဖြစ်လို့ပါ။ အဲ့လိုပဲ ဟံသာဝတီဘက်ကလာတဲ့ကားက ဦးဝိစာရအတိုင်း ဆင်းလာလို့ ဘလေဇုန် ဘက်ကို ကွေ့မယ်ဆိုရင်လဲပဲ သူက ညာဘက်က ပမ်းယူရပါမယ် အဲ့တာဆိုရင် ကားနှစ်စီး စလုံးသည် သူ့နေရာနဲ့ သူ အလိုလို အိုကေပြီးသား။ အဲ့တာကို ခုန က ပြောတဲ့ မြန်မာပြည်မှာ ကားမောင်းနေတဲ့ ၁၀ ယောက်မှာ ၉ ယောက်က စည်းကမ်းကို မသိတာလား၊ နားမလည်တာလား၊ သတိမမှုတာလား၊ သဘောမပေါက်တာလား၊ မလိုက်နာတာလား၊ ဥပေက္ခာပြုတာလား စတဲ့ အကြောင်းတခုခုကြောင့်ပေါ့ အမြဲ လိုလိုေ-ာက်တလွဲ ကွေ့ကြပါတယ်။ တဘက်လူကို ကါန်စစ်ဒရိတ်လုပ်ဖို့ မပြောနဲ့ သူ့ဘာသာတောင် မှားနေတာ သိရဲ့လား သိသိနဲ့ မှားတာလား တော်ပါပြီလေ။ ပြောချင်တာက အဲ့တာပဲ။ ဒီမိုကရေစီနဲ့ အတူ စည်းကမ်းတွေပါလာမယ်ဆိုတာတော့ သတိမူသင့်ပါတယ်။ (ဆိုင်ဆို်င်မဆိုင်ဆိုင် ဒီမှာ မဆိုင်ရင် တနေရာရာမှာတော့ ဆိုင်မှာပဲ) အောက်မှာ များစွာသော တလွဲမောင်းသူများထဲမှာ တယောက်ပေါ့။ ရှု……

၎) နောက်တခုကတော့ တက်စီသမားတွေပါပဲ။ ကြည့်ပါ ပုံက သူ့ဘာသာ ပြောပြပြီးသားပါ။ တီ အထွေအထူးမပြောတော့ဘူး။ အပေါ်မှာ ခုနက ပြောတဲ့ ဒီမိုကရေစီ နဲ့ စည်းကမ်း တာဝန်တွေ က ဒီမှာလာဆိုင်တယ် တွေ့လား။

ခပ်တည်တည်ပါပဲ လမ်းမပေါ်မှာ ရပ်ပြီးတော့ ကွမ်းတံတွေးကို ရေနဲ့ ထွေးချနေပါတယ်။ မိုက်ပါလေ့။

ဒါလေးကတော့ တီငှားစီးလာသော တယောက်သော ကားသမားပါ။ အခု မြန်မာပြည်မှာ ဖုန်းတွေ ပေါပေါသီသီ (အရင်နဲ့စာရင်) ကိုင်လာနိုင်ကြတာ ကောင်းပါတယ်။ ဒီမှာ (ထိုင်းမှာ) လဲ ကားသမားတွေကားမောင်းရင်း ဖုန်းပြောကြပါတယ်။ သို့သော် အီးယားဖုန်းလေးတွေနဲ့ပါ။ တီက တော့ သေချာ မသိပါဘူး။ ကားမောင်းရင်း ဖုန်းမပြောရဘူးလားလို့ပါ။ ဘေးက ပုံကတော့ သူ့ နာမည်နဲ့ ကားနံပါတ်ပေါ့။ တမင်ဝါးထားတာ မဟုတ်ပါဘူး။ ဖုန်းက သိပ်မကောင်းလို့ပါ။

၅) ဒါလေးကလဲ တီ့အိမ်နားကပါပဲ။ တီချမ်း အိမ်နားမှာ ဘာဆိုင်မှ ဖွင့်ကြတော့မယ်မထင်…….မွန်းဘေကရီပေါ့ ဗားကရာ ဓမ္မာရုံလမ်းထိပ်ကဆိုင်ပါ။ ဟုတ်ကဲ့ ကြက်လျှာစွန်း နဲ့ကပ်ရက်ပါ။ တလက်စတည်း ကြက်လျှာစွန်းအကြောင်းလဲ ပြောပါအုံးမယ်။ အဲ့ဒီမွန်းဘေကရီက ပုံကို ရိုက်ကလစ် ခေါက်ပြီး အကျယ်ချဲ့ ကြည့်ပါ။ ဝန်ထမ်း တွေကောင်တာအနောက်မှာ အခုပုံမှာ မြင်နေရတာကိုက ၄ ယောက်ပါ။ တီတို့ ထိုင်နေတဲ့ နောက်မှာ ကော်ဖီကောင်တာက တယောက် နောက် စာပွဲထိုးတွေနဲ့ ဆိုရင် အနည်းကလေး ၁၀ ယောက်ကျော်ပါတယ်။ စားသုံးသူက တီတို့ စားပွဲပါမှ လေးလုံးလားပါ။ ဝန်ထမ်းတော်တော်များများက ဘာမှ မလုပ်ပဲ ကောင်တာနောက်မှာ ဟီလာထ နေကြပါတယ်။ တကယ်ပြောတာပါ။ ဟီလာထနေတယ်ဆိုတဲ့ စကားကို ဒီနေရာမှာ အတိအကျ သုံးလို့ ကိုရပါတယ်။ စားသုံးသူတွေဘာလိုနေမလဲ။ ဘယ်လိုဝန်ဆောင်မှုပေးရင် ငါတို့ ဆိုင်ကို လူပိုဝင်မလဲ၊ စတာတွေက သူတို့နဲ့ လုံးလုံးမဆိုင်တဲ့ အလားပါ။ ပြီးတော့ ကက်ရှာ မိန်းမက လဲ ကော်ဖီဆိုင်က မို့လို့သာပါ။ မျက်နှာက ၁၆ ခေါက်ချိုးပါ။ အမှန်က ကိုယ့်မှာ ဘာပဲ ဖြစ်ဖြစ် ဘာပြဿနာပဲ ရှိနေနေ ဝန်ဆောင်မှုပေးတဲ့ အလုပ်လုပ်နေရင် ကိုယ်က ချိုသာရပါမယ်။ ပိုက်ဆံပေးပြီး လာသောက်တဲ့ စားသုံးသူတွေဟာ ဒီလိုမျက်နှာ လာကြည့်တာ မဟုတ်ပါဘူး။ ကော်ဖီတခွက် (အရသာ အရ ပေးရတဲ့ ငွေနဲ့ လုံးဝမတန်တဲ့ ကော်ဖီ) ကို လာသောက်တဲ့ အခါ ဝန်ထမ်းတွေက ချိုသာတယ်ဆိုရင် တော်ပါသေးတယ်။ ဒီလိုသာ ၁၆ ခေါက်ချိုးဆိုရ်ငတော့ နောက်တခေါက်လာဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဟုတ်ကဲ့ ပုံထဲမှာ ပါနေတာ ကြည်လဲ့လဲ့ဦး တုတ်ထိုးက ကြည်လဲ့လဲ့ဦး ပါ။

၆) တလက်စတည်း ကြက်လျှာစွန်းကို ပြောပါမယ်။ တနေ့ တီတို့အိမ်မှာ ဘာမှ မချက်လို့နေ့လည်စာ စားရအောင် ဒံပေါက်သွားဝယ်ပါတယ်။ အမေက ရင်အုပ် ကြိုက်တယ်။ တီက ပေါင်ပဲ စားတယ်။ မောင်က မစား၊ အဲ့တော့ နှစ်ပွဲ ဝယ်မယ်ပေါ့။ အမေက အသည်းအမြစ်လဲစားချင်တယ် ဝယ်ခဲ့ဆိုတော့ တီက အသဲအမြစ် ကို ဟင်းချည်းပဲ တပွဲပေးလို့ ပြောတာကို ဆိုင်က ဒံပေါက်ထည့်တဲ့ ကောင်လေးက အသားပါလဲ ၁၆၀၀ အသားမပါလဲ ၁၆၀၀ ပဲ လို့ ပြောလာပါတယ်။ တီတောင် ကြောင်သွားတယ်။ အိုကေ အဲ့တာဆို အသည်းအမြစ်နဲ့ တပွဲပိုထည့်လို့ပဲ ပြောလိုက်တော့တယ်။ ပြီးရော။ ပြောချင်တာကို သဘောပေါက်လား?

နောက်ပြီးတော့ သဘောကျတာ တခုက သူ့ဆီမှာ ရေးထားတယ်။ ဘာတဲ့။ ဈေးမှန် ပစ္စည်းမှန်ရောင်းချနေသောကြောင့် ၅ ထုပ်ဝယ်လျှင် ၁ ထုပ် အပိုမပေးပါတဲ့။ မသိတဲ့ သူအတွက်ကတော့ တမျိုးပေါ့။ အော် မြေနီကုန်းမှာ တင်အေး ဒံပေါက်၊ တာတူး ဒံပေါက်၊ နောက် စမ်းချောင်းဘက်က ကောင်းကြိုက် ဒံပေါက် စတာတွေက ၅ ပွဲဝယ်ရင် ၁ ပွဲ အပိုပေးပါတယ်။

ထပ်ပြောရရင်တော့ အဲ့နေ့က ကြက်လျှာစွန်းစားပြီး ကိုယ်ရော အမေရော နေမကောင်းဖြစ်ပါတယ်။ ကိုယ်တောင် နောက် ဒံပေါက်မစားတော့ဘူး ဆုံးဖြတ်လိုက်သေးတယ်။ နောက်နေ့ကျတော့ ကြုံလို့ မြို့ထဲမှာ နီလာ ကိုဝယ်စားတော့ ဘာမှ မဖြစ်ပါဘူး။ ပြောချင်တာကတော့ ဒံပေါက်ဆိုရင် နီလာမှ ကောင်းပါတယ်။ ကြေညာ။

ရ) အင်းလျားလမ်းက ကျောင်း……..လူတိုင်းသိပါတယ် ဟုတ်ကဲ့ အင်းလျားလမ်းက ကျောင်းပါ။ မီးလောင်သွားတဲ့ ကျောင်းပါ။ သူဌေးကျောင်းပါ။ အဓိက ပြောချင်တာက ကျောင်းဆင်းချိန် ကျောင်းတက်ချိန်ဆိုရင် အဲ့နေက မောင်းဖို့ မစဉ်းစားပါနဲ့။ တခြားနေရာကသာ ကွေ့သွားပါ။ ကားတိုးမပေါက်ပါဘူး။ ကျောင်းသားတယောက်ကို ကားတစီးများရှိသလား မှတ်ရတယ်။ သေချာ စောကျောကြည့်တော့မှ အမှန်က ကျောင်းသား လာကြိုတဲ့ မိဘ အများစု က သူဌေး ဂုဏ်မောက်နေကြတာလား၊ တခြားလူတွေကားတွေကို ဂရုစိုက်စရာမလိုဘူးဆိုတဲ့ အထာလားတော့ မသိပါဘူး။ ကားတွေကို နှစ်ထပ်ရပ်ပါတယ်။ ကျောင်းကားတွေကလဲ ထိုနည်း၎င်းပါပဲ။ အဲ့တော့ ပေ ၃၀ မှ မပြည့်ချင်တဲ့ လမ်းက ပိတ်ပြီပေါ့။ ရပါတယ် ကိစ္စ မရှိပါဘူး။ သူဌေး ကျောင်းပဲ လုပ်ချင်တာ လုပ်လို့ ရပါတယ်။ ရှောင်သွားကြလိမ့်မပေါ့။

၈)ငယ်ငယ်တုံးက ကြားဖူးပါတယ် ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့တဲ့…..တီ ဒီတခေါက် အပြန် မန်းတလေး သွားတုံးက ၁၃၅ မိုင်မှာ ကြုံတာလေးပါ။ မှတ်မှတ် ရရမှတ်တမ်းတင်ခဲ့ပါတယ်။ ဟုတ်ကဲ့ တီချမ်း က မဆိုင်တဲ့ ဓါတ်ပုံ နှစ်ပုံ နဲ့ မတရားပြောတာပါ။ ကားမရပ်ရ ဆိုင်းဘုတ် ထောင်ထားတာ ဖီး ရှေ့မှာ ဖြစ်ပြီးတော့ သက်ဆိုင်ရာ ကားတွေ ရပ်ထားတာ နောက်တဘက်မှာ ဖြစ်ပါတယ်။ အော် မသိပါဘူးလေ တူတူပဲလားလို့။

၉ ) ဒါလေးကတော့ နောက်ဆုံး လက်ဆောင်ပါ။ ဒီတခေါက် ညီဝမ်းကွဲ မင်္ဂလာဆောင်တာ နဲ့တောင်ကြီး ကိုသွားဖြစ်ပါတယ်။ တည်းခိုတဲ့ ဟော်တယ်မှာ ကပ်ထားတာလေး သဘောကျလို့ပါ။ ရှယ်တာပါ။

ပရိတ်သတ်များကျေနပ်ကြမယ်ထင်ပါတယ် တီကတော့ ကျောချမ်းတယ်။

ဘီဆူ ဘီဆူ……

A Chen
2:03AM
Thursday
12th Jan 2012
Home
Bangkok

အချဉ်ပေါင်း (၂)

တနေ့ကပဲ ရေးနေသေးတယ် ခုတော့ နောက်ထပ်နောက်ဆက်တွဲ အပုပ်နံက ဆက်တိုက် ဆိုသလို လိုက်ချလာတာပါပဲ မြန်မာစကား ပုပ်လို့ ပေါ် ဟုတ်လို့ကျော်ဆိုတာ သိပ်မှန်တယ် ရှေးလူကြီးတွေ သိပ်ပြောတတ်တာပဲ

ဖော်ဝပ်မေးက နေရလာတာလေးပါ အရင်ပိုစ့် နဲ့ဆက်နေလို့ တင်ဆက်ပေးလိုက်ပါတယ် ဘာလိုလိုနဲ့ တီချမ်း ရဲ့ဘလောခ်လဲ အတင်းအဖျင်း သတင်းစဉ် ဖြစ်တော့မယ်

ဘီစူ ဘီစူ

ချမ်း

etone says:
မေးလ်ကနေရလို့ ဖြန့်ဝေတာပါ… ။ စာရေးသူက ဦးကိုကိုဌေးလို့ ရေးထားပေမဲ့… နာမည်အမှန်ကတော့ ဦးကိုကိုထွေးပါနော် ။
%%%%%%%%%%%%%%%%%%%%%
တော်ဝင်စင်တာအပုတ်နံ့  ကျွန်တော်တို့ရန်ကုန်မြို့ရဲ့ကျက်သရေဆောင်
ကြီးကျယ်ခန်းနားလှတဲ့တော်ဝင်စင်တာကြီး ဖွင့်ပြီးလို့မှ
မကြာအပုတ်နံ့သတင်းတွေက
တထောင်းထောင်းထွက်လာပါရောလားဗျို့ ။
ပြွတ်သိပ်အောင်မတရားပိုက်ဆံကြိုတင်ငွေတွေယူထည့်သွင်းခံထားတဲ့
ဆိုင်ခန်းပိုင်ရှင် တွေစီကမကြေလည်သံတွေကကြွက်စီကြွက်စီပေါ့။
ဒီအဆောက်အဦးကြီးမပြီးခင်ထဲကကြော်ညာပန်းဖလက်ကို
စပါယ်ရှယ်ရိုက် ကြော်ညာကောင်းကောင်းနဲ့ အခုဆိုင်ရှင်တွေဆီ က
ဆိုင်ခန်းခငွေကတနှစ်စာ၃နှစ်စာစသဖြင့ိုကြိုတင်ယူပြီးမှ
ဒီငွေတွေနဲ့ဒီအဆောက်အဥှီးကိုဆောက်ခဲ့တာ။
ပုံမှာပြတော့တမျိုးမိုးလားကဲလားပြီးလဲပြီးရော
ဆိုင်ခန်းတွေဆေးဆိုးပန်း၇ိုက်မတရာပြွတ်သိပ်နေ
၊ ဆိုင်ခန်းအမှတ်ဆိုင်ခန်းနာမည်နဲ့လမ်းညွှန်တွေ
ကနိုင်ငံခြားမှာလိုရှိမနေ
ပြီးတော့နိမ့်လိုက်တဲ့မျက်နှာကျက်
အိမ်မြှောင်ကတောင်ခေါင်းကိုလျှာနဲ့လျှက်သွားနိုင်တယ်။
လေပိုက်တွေကရုပ်ဆိုးစွာအစီအရီ။ထားလိုက်ပါတော့လေ။
ဒီ အထိဆိုင်ရှင်တွေ က မေ့ထားနိုင်ပါတယ်။
ပထမဆုံးကြားရတာကတော့အစားအသောက်တန်းပြသနာပါဘဲ။
ဆိုင်ခန်းတခန်းကျဉ်းးကျဉ်းလေးကိုတလ၅သိန်းအထက်
တနှစ်စာအစောကြီးထဲကကြိုယူထားတဲ့တော်ဝင်စင်တာပိုင်ရှင်ဦးကိုကိုဌေးက
ဆိုင်ခန်းတွေမှာလေထုတ်စစ်စတန်တည်ဆောက်ပုံမမှန်ကန်လို့
အကြော်အလှော်နံွ့တထောင်းထောင်းအသက်ရှုမဝ
ရောဂါရလောက်တဲ့ကိစ္စကိုမသိကျိုးကြဉ်ပြုနေပါသတဲ့
။ အစားအသောက်တန်းကဆိုင်ပိုင်ရှင်တွေ
တညီတညွတ်ထဲတောင်းဆိုမှုကိုယခုထက်ထိပြုပြင်ပေးခြင်းမရှိပါတဲ့။
တိုင်ချင်တဲ့နေရာတိုင်ဖို့စိန်ခေါ်တယ်တောင်သဲ့သဲ့ကြားနေရပါတယ်။
ယနေ့အာဏာရှိလူကြီးအသိုင်းအ၀ိုင်းတချို့နဲ့လုပ်ငန်းရှယ်ယာပတ်သက်တယ်
သတင်းထွက်တဲ့ဦးကိုကိုဌေးရဲ့မောက်မာမှုလူလယ်ကြမှုနဲ့
သူရဲ့သခင်အားရကျွန်ပါးဝတပည့်တပန်းတချို့ရဲ့စကားပြောရင့်သီးမှုကို
ဆိုင်ခန်းပိုင်ရှင်များကခံပြင်းနေကြတယ်လို့ကြားရပါတယ်။
ညှော်နံ့မီးခိုးနံ့တွေကြောင့်စားသုံးသူအတော်များများကလဲ
အပေါ်ထပ်စားသောက်တန်းကိုရှောင်ဖယ်ကုန်တော့
ဆိုင်ပိုင်ရှင်တွေခမြာကျန်းမာရေးထိခိုက်ရုံမက
ရင်းထားတဲ့ဆိုင်ဘိုးပစ္စည်းဘိုးအလုပ်သမားခ
တနှစ်စာကအရှုံးလဲပေါ်နေကြပါပြီ။
ရပ်လိုက်ရင်လဲငွေပြန်အမ်းမဲ့သူမျိုးကမဟုတ်
ဆက်လုပ်ရင်လဲဆေးရုံပါတက်ကြရတော့မယ့်အတိုင်းပါ။
ဆုတ်လဲစူးစားလဲရူးဆိုတာကဒီကိစ္စမျိုးကိုခေါ်တာပါဘဲ။
ဒီပုံအတိုင်းဆိုရင်တော်ဝင်စင်တာက
နှစ်ရှည်မခံလောက်ဘူးလို့ အားလုံးက ခန့်မှန်းနေကြပါတယ်။
ဟောအခုနောက်တမျိုးကြားရပြန်ပါဘီ
။ မိုးရာသီအရောင်းမြှင်တင်ရေးပေါ့လေ။
တကယ်တော့ဆိုင်ခန်းပိုင်ရှင်တွေ ကို
အစည်းအဝေးခေါ်တိုင်ပင်သင့်ပေမယ့် ဦးကိုကိုထွေးက
သူ့သဘောနဲ့သူကံစမ်းမဲကိုသူ့အရောင်းထိုင်းတိုက်ခန်း
မဲဖောက်မယ်ဆိုပြီးမြူဆွယ်လိုက်ပါပြီ။
စားသုံးသူတွေလားပျော်တာပေါ့တိုက်ခန်းရမှာဘဲ။
သူ့တိုက်ခန်းကရေမလာတဲ့တိုက်ခန်းလား
ဘိလပ်မြေမပါတဲ့တိုက်ခန်းလား
ဘယ်သိနိုင်ပါ့မလဲ။အလကားရမှာဘဲလေ။
မပျော်သူတွေကဘယ်သူတွေလဲဆိုင်ပိုင်ရှင်တွေပါ။
သူ့သဘောနဲ့သူမတိုင်ပင်ဘဲလုပ်တာလေ
ပြီးတော့သူတိုက်ခန်းဘိုးငွေကိုဆိုင်ရှင်တွေစီက
အချိုးကျ လယ်ပင်းညှစ်တောင်းတာစနေပြီတဲ့။
ပရိုမိုးရှင်းကာလတွေမှာဆိုင်ရှင်ပါရမယ်ပြောထားတာတော့ရှိတယ်။
ဒါပေမယ့်ဒီလောက်ပြင်းထန်မယ်တော့တွေးမထားမိတဲ့
ဆိုင်ရှင်တွေအငိုက်မိတာပေါ့။ မိုးရာသီ၃လမှာ
ဆိုင်အကျယ်အ၀န်းအလိုက်တလ၃သောင်းခွဲ၎သောင်းခွဲ
၃လဆက်တိုက်ပေးရမယ်။ လမ်းကြားလည်ချထားတဲ့စင်ကလေးနဲ့
ကလေးအကျီင်္ဘီဒိုသမားလဲ ၂သောင်းခွဲ၊
စသဖြင့်companyletterhead ရိုက်မထားတဲ့စာရွက်
လိုက်ဝေပြီး အားလုံးကိုလိုက်တောင်းပါတယ်။
မပါလဲရတယ်။မပါတဲ့သူဆိုင်နံပါတ်နဲ့
ဆိုင်ပိုင်ရှင်လက်မှတ်ထိုးပါလို
ပထမအဖွဲ့ကခပ်မာမာခြိမ်းခြောက်ပြောပါတယ်။
မပါလဲရတယ်ဆိုတော့မပါဘူးဆိုပြီး
ရေးပြီးစာတင်လိုက်တဲ့ဆိုင်ပိုင်ရှင်တွေရဲ့
အိမ်ဖုန်းတွေကိုရွေးပြီးနောက်တဖွဲ့ က ထပ်ဆက်ပါတယ်။
၁၆ ရက်ဇွန်လ ၂၀၁၁ ကပါ။
၁၈ ဇွန်လ၂၀၁၁ မှာမှ ငွေလာမသွင်းရင်
နောက်တပတ် မှာ ဒါဏ်ငွေကောက်မှာမို့
၃၅၀၀၀ သမားသည် ၇၀၀၀၀၊
၄၅၀၀၀ သမားသည် ၉၀၀၀၀ လို့ဆိုပါတယ်။
နောက်ထပ်တပါတ်မှာမှလာမသွင်းရင်
ငွပြန်အမ်းမည်မဟုတ် ဆိုတဲ့ခြိမ်းခြောက်တဲ့စကားကို
လက်တောက်လောက်ရုံးဝန်ထမ်းတွေက
ဆိုင်ပိုင်ရှင်ဝန်ထမ်းတွေကိုပြောပါသတဲ့။
အေးလေ
သူတို့လဲသခင်ခိုင်းလို့ကိုက်ရတဲ့ခွေးတွေဘဲ
လို့နှလုံးသွင်းကြပြီး ဆိုင်ရှင်တွေခေါင်းခြင်းရိုက်ကုန်ကြပါပြီ။
၁၇ရက်နေ့အဖွဲ့ကတော့သမီးတို့ကိုကူညီပေးတယ်လို့ဘဲ
သတ်မှတ်ပါ လို့ချိုချိုသာသာနဲ့
ဘဲအေးဓါးပြတိုက်တယ်လို့ကြားပါတယ်။
ဓါးပြတိုက်ခံရတာခြင်းတူတူတော့ချိုချိုသာသာနှိုက်ယူတာက
တော်သေးတာပေါ။့
မအေနှမမဆဲရုံတမယ်တောင်းတာတော့မကောင်းပါဘူးလို့
တချို့ကလဲပြောနေပါတယ်။နောက်ဆုံး သတင်းကို အခုထွသေချာမသိရသေးပေမယ့် ဒီ ၂ပတ်အတွင်း
ဦးကိုကိုဌေးရဲ့တုန့်ပြန်မှုကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။
ရှော့ပင်စင်တာတစ်ခုရဲ့
အသက်သွေးကြောဖြစ်တဲ့အစားအသောက်တန်း ကတော့
တပြားမှမပေးဘူးလို့လူညီနေတာတွေ့ရပါတယ်
သူတို့က အခံစားရဆုံးလူတွေ ကိုး။
အသက်သွေးကြောလို့ပြောရတာက
ရာသီဥတုလေးပူတယ်လူတွေ က အားနေတယ်ဆို
အိမ်မှာမနေလဲ ရှော့ ပင်စင်တာလေးလျှောက်ကြည့်
မျက်လုံးနဲ့စိတ်ကူးနဲ့ဘဲ ဈေးဝယ်
(တကယ်လဲ မြန်မာတွေ အပို မဖြုန်းနိုင်တော့တဲ့ ဘ၀ပါ)
ပြီး၇င် အစားအသောက်ဆိုင်လေးခနထိုင်ပြီးနားကြတာဘဲလေ။
ဒါပေမဲ့
တလ၅သိန်းကျော်ပေးထားရတဲ့တော်ဝင်စားသောက်ခန်းတွေက
နဲနဲလေးမှတခေါက်နားချင်စရာမကောင်းတဲ့နေရာတွေဖြစ်နေပါတယ်။
တလ၁၀သိန်းကျော်ပေးပြီးဖွင့်ထားတဲ့မြေအောက်ထပ်
မွန်းဘိခရီတို့ကြက်ကြော်ဆိုင်တို့
ကိုရီးယားစားသောက်ဆိုင်တို့ကတော့
တော်ပါသေးတယ်လေ
။ အခုတလောအမည်းဝမ်းဆက်ကိုယ်ရံတော်၎၊၅၊၆ယောက်
နဲ့ဈေးကို ဟန်ရေးပြပတ်တတ်တဲ့ဦးကိုကိုဌေးသမီးတော်ရော
ဦးကိုကိုဌေးရောတော်ဝင်ကိုရောက်မလာလို့
လူရိုက်ခံရမှာကြောက်လို့လားမသိဘူးလို့
ရယ်စရာပြောနေကြပါတယ်
။နောက်ပြီး
ဒီလောက်သူ့ကိုယ်ပိုင်ငွေ တပြားမှ မထွက်ဘဲ
သူများငွေကိုသာကိုယ့်အိပ်ထဲ အရောက်
သဲ့ယူတတ်တဲ့ သူဌေးက ဒီစင်တာဖွင့်ပွဲမှာ
ကိုရီးယားစားသောက်ဆိုင်ပိုင်ရှင် ကိုရီးယားလူမျိုးကို
ကိုရီးယားမင်းသားမင်းသမီးတွေခ်ါပေးဖို့ကြိုတင်ငွေ
ဒေါ်လာ၅သောင်းပေးလိုက်တယ်ဆိုပြီးတရားစွဲထားတဲ့
ကိစ္စဟာလုံးဝကို မဖြစ်နိုင်တဲ့ကိစ္စလို့တွက်ချက်နေကြတယ်လေ။
သူ့လိုလူမျိုးက ဘယ်လိုလုပ်ငွေကြိုပေးတာဖြစ်နိုင်ပါ့မလဲတဲံ့။
ပင်ပမ်းရတဲ့ ဘ၀အပမ်းတွေ ကြားမှာရယ်စရာတွေ
ရှာပြောနေပေမယ့် တကယ်တော့ တော်ဝင်က ဘယ်ဆိုင်ရှင်မှ
ဟက်ဟက်ပက်ပက် မရယ်နိုင်တာကြာပါပြီ။

အချဉ်ပေါင်းများ အပိုင်း (၁)

ဒီခေါင်းစဉ်နဲ့ ရွှေနိုင်ငံပြန်ရာမှာ ကြုံတွေ့ ရတဲ့ အချဉ်ပေါက်မှု တွေကိုပြောချင်ရေးချင်တာပါ။ တချို့ ကိစ္စတွေ က သေးသေးလေးတွေပါ။ တိုးတက်စေချင်တာလေးတွေလို့ပြောရင် တီချမ်း အပိုပြောတာပါ တကယ်က အမြင်ကပ်တာတွေပြောမှာ။ အပြုသဘော ဘာသဘောမျိုးမှ မဟုတ်ဘဲ ကိုယ်တွေ့ ကိုယ့်အတွေ့အကြုံ ကိုယ့် ပုဂ္ဂလ အယူအဆ သဘောထား စတာတွေနဲ့ပဲ တုတ်ထိုးအိုးပေါက် တင်ပြမှာ ဖြစ်ပါတယ် အဲ့တာကြောင့် သဘောထားချင်း တိုက်ဆိုင်တာ ရှိမယ် မတိုက်ဆိုင်တာ ရှိမယ် သဘောတူတာရှိမယ် မတူတာရှိမယ် လွတ်လပ်စွာ ကွဲလွဲပါ။

စာဘတ်သူတွေလဲ ကိုယ်ကြုံတာ ကြိုက်တာ မကြိုက်တာတွေကို ကန်မန့်နေရာမှာ ရေးခဲ့ပါ ခုအောက်မှာ ရေးထားတာကတော့ တီ ၆ လပိုင်း ပြန်တုံးက တွေ့ခဲ့တဲ့ စိတ်အချဉ်ပေါက်မှုလေးတွေပါ။ သရော်ချင်တာလေးတွေ ကညော့ထားတာလေးတွေပေါ့။ အပျင်းပြေအပျော်ဘတ် လို့သဘောထားပေါ့လေ။

၁) ရန်ကုန်မြို့ ပြည်လမ်းတွင် အသစ်ဖွင့်လှစ်လိုက်သော တော်ဝင်စင်တာကြီးသည် ရောင်းသူ-ရောင်းသူ များဖြင့် စည်းကားလျက်ရှိပါသည်။

၁.၅) နောက်တိုးအတင်းအနေနဲ့ တော်ဝင်စင်တာရဲ့ ဓါတ်လှေကားတွေဟာ အင်မတန်မှ စတုပစ်ဖြစ်ကြောင်း တခုနှိပ်မှ တခုသာလာကြောင်း ဆိုင်များ၏ အခင်းအကျင်းသည်လည်း ကာစတမ်မာ ဖရန်းလီးမဖြစ်ကြောင်း ကြပ်ညပ်ပြွတ်သိပ်နေကာ ကြည့်ရှုရတာ အဆင်မပြေလှကြောင်း….စာဘတ်သူတဦး က ထည့်ဝင်အတင်းတုတ်ပေးပါတယ်။ တီချမ်းက အပရူလုပ်ပါတယ်။ ဓါတ်လှေကားတွေဟာအင်မတန်ကို အဆင်မပြေတာ ဖြစ်ပါတယ်။ နောက်တိုး နောက်တခုအနေနဲ့အပေါ်ဆုံးထပ် ဖွတ်ကော့ဒ် မှာ ရှိတဲ့ တခုတည်းသော ဒင်းဆမ်း ဆိုင်က အသိုးတွေအနံ့ထွက်နေတာ တွေ ရောင်းတာ ဖြစ်တဲ့ အကြောင်းလည်း ကိုယ်တွေ့ အတွေ့အကြုံအရ အတင်းသစ်တခု ထပ်မံ ရရှိပါတယ်။

၂) တော်ဝင်စင်တာမှာ တော်ဝင်အိမ်ရာဆိုပြီး အရစ်ကျပေးစနစ်ကွန်ဒိုတွေ သမိုင်းလမ်းဆုံဘက်ကနေ ခွဲတဲ့ ဗဟိုလမ်း (ဦးဘညိမ်း သို့ ဦးဘငြိမ်လမ်းထင်တယ်) ဘက်မှာ ဆောက်ပြီး ရောင်းမယ်လို့ ကြားတော့ လက်ထဲမှာ ငွေယားလေးရှိနေတဲ့ တီချမ်းတယောက် သွားစပ်စုပါတယ်။ တွေ့ရတာကတော့ တော်ဝင်စင်တာ ၃ ထပ်မှာ ရှိတဲ့ အရောင်းခန်းမက ဝန်ထမ်းမိန်းမတယောက်က အင်မတန်မှကို ကတ်စတမ်မာ ဆားဗစ် ဆိုတာလဲ နားမလည် ကာစတမ်မာ အစ် အော်ဝေ့စ်ရိုက် စတာတွေ ကြားတောင် ကြားဖူးရဲ့လားမသိ၊ ငါးစိမ်းသည်မ မျက်နှာနဲ့ တိုက်ခန်းရောင်းဖို့ ကြံစည်နေတာ တွေ့ရတာပါပဲ။ သူများ ဝန်ထမ်းအနေနဲ့ သူများဆီမှာ လခစားလုပ်ပြီး တိုက်ခန်း လပေးရောင်းလို့သာတော်တော့ တယ် ရွှေရောင်းရင် ဘယ်လိုနေမယ်မသိ၊ တကမ္ဘာလုံး သူလုပ်ကျွေးနေရတဲ့ မျက်နှာ၊ လူတွေပြောပြောနေတဲ့ ခမဲလိုနေတယ် ဆိုတဲ့ ပုံစံ စတဲ့ နာမဝိသေသနတွေ နဲ့ သင့်တော်နေတဲ့ အရောင်း ဝန်ထမ်း တယောက်ကို အံ့သြဖွယ်ရာ ကြုံတွေ့ရတာပါပဲ။ တခြား ကောင်းမွန်တဲ့ ဝန်ထမ်းကောင်းတွေ ရှိနိုင်ပါတယ်။ သေချာတာကတော့ အဲ့ဒီ မိန်းမက ဝန်ထမ်းကောင်း မဟုတ်တာကတော့ သေချာတယ်။ အမှန်ကတော့ သူများ ကို ဒီလိုလဲ မပြောချင်ပါဘူး မပြောတတ်ပါဘူး (အံမလေး မပြောတတ်ပေလို့ပဲနော် ကြောက်ထှာအေ) အခုကတော့ ငါးခုံးမတကောင်ကြောင် ပုပ်ရတဲ့လှေပါပဲ။ အမြင်မတော် လို့ ပြောမိတာပါ။

၂.၅) အကြမ်းဖျင်းကတော့ ဒီလိုပါ ကွန်ဒိုက ၃ မျိုးရှိတယ် ဆိုပါတော့ တီသွားကြည့်တာက တိုက်ပ် C ဆိုပါတော့ ရောင်းဈေးက ၁၂၈ သိန်းပါ ဒေါင်းပေးမန့် က ၃၂ သိန်းပေးရပါမယ် နောက် တလ ကို ၈ သိန်း နဲ့ ၁၂ လ ကြာတော့ တခါတည်းအကျေပေါ့လေ။ တခုမကောင်းတာ က ဒီမှာ ဘန်ကောက်မှာ ဆိုရင် ဈေးက ဘယ်လောက်ပဲဖြစ်ဖြစ် ဒေါင်းပေးမန့် ချေပြီးတာနဲ့ တက်နေလို့ ရပြီ။ တော်ဝင်က အဲ့လို မဟုတ်ဘူး သူက အခန်းတွေအကုန်ရောင်းပြီးမှ စဆောက်မှာ။ ဆောက်နေရင်းနဲ့ အခန်းဝယ်ထားတဲ့ လူတွေ ဆက်ဆက် ပေးနေတာတွေနဲ့ ဆက်ဆောက်နေမယ် သဘောပေါက်လား အဲ့တော့ ကိုယ်တွေ က နောက်ဆုံးပေးပြီးတော့ တက်နေလို့ ရမယ် ကြားထဲမှာ မပေးနိုင်တော့ ရင် ကိုယ်က အရှုံး ဒါကတော့ ဘယ်မှာပဲ ဖြစ်ဖြစ် အတူတူပါ ကွန်ဒစ်ရှင်တွေတော့ ရှိမှာပေါ့။

တခုပဲ မြန်မာပြည်ဖြစ်နေတော့ ဂရမ်တီ မရှိ ဘူးလေ။ နောက်ပြီး ပြီးခါနီးမှ ကွာလတီ ကျကျ လာတာ ဥပမာတွေရှိတယ် နောက် ငွေတွေအစုလိုက်အပြုံလိုက် လိမ်တာ တွေ ရှိတယ် (ဥပမာ အရင်က လုပ်သွားတဲ့ ဧရာမြေ)။ မကောင်းတာကတော့ ကိုယ်က ပေးနေပြီးတော့ မနေရသေးတာပဲ အဲ့တာ အင်စတောမန် မဟုတ်ဘူး။ ကိုယ့်ပိုက်ဆံ နဲ့ သူတို့က ဆောက်မှာ လုပ်စားမှာ။ စတာတွေတွက်ချက်ပြီးသကာလ မဝယ်ဖြစ်တော့ဘူး။ တကယ်လို့ တကယ်လုပ်ကြတယ်ဆိုရင် နောက်လဲ တခြား ဆောက်လုပ်ရေးတွေက လုပ်လာကြအုံးမှာပဲလေနော်။ ကိုယ်က က ငွေစုထားဖို့ ပဲလိုတယ်။

၃) ရွှေလီ အသားကင်ဆိုင်သည် လူ ၂ယောက် ၃ ယောက် သာမန်မျှ မှာကာ တခါစားလျှင် အနည်းဆုံး ၅ သောင်းနှင့် အထက် ကုန်သောကြောင့် နောင်အခါတွင်မစားသင့်သော ဆိုင်အဖြစ် နိုင်ဂန်ဂျားပြန်များက သတ်မှတ်သည် ဟု စလုံး ဘန်ကောက် စသော အိမ်နီးနားချင်းနိုင်ငံများတွင်နေထိုင် ကြသော ပြည်ပရောက်ရွှေ များက ပြောကြားလာပါသည်။ တကယ်ကို သေချာပြန်တွက်ကြည့်လျှင်လည်း မြန်မာနိုင်ငံ ရန်ကုန်ရွှေမြို့တော်သည် သာမန် လက်လုပ်လက်စား အများစု သီသီကလေးမျှ မကပ်နိုင်သော ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားနေကြသည်မှာ အိမ်နီးနားချင် ဘန်ကောက် နှင့်ယှဉ်လျှင်သော်မှ လူနေမှု စရိတ်မြင့်တက်နေကြောင်း သိရှိရပါသည်။ သို့သော်လည်း ဖော်ပြပါဆိုင်များတွင် စားသုံးသူများသည် အလှုပေးသည့် အလား ကြိတ်ကြိတ်တိုး စားသောက်နေကြသည်မှာ မုဒိတာပွားစရာ ဖြစ်ကြောင်း ဘန်ကောက်မြို့နေ ပြည်သူ့အချစ်တော် ဘလောခ်ဂါ အန်တီချမ်း မှ ဖြည့် စွက်ပြောကြားသွားပါသည်။

ဤတွင် အတင်းများ ကိုကြေညာလို့ ပြီးပါပြီ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ လန်းဖြာ ကြပါစေရှင်။

XOXO….bisou bisou…..gossip girl…

A Chen
5:13 PM
Tuesday
5th July 2011
Bangkok