လရောင်လမ်း နှင့် အခင်းဖြစ်ပွားခြင်း

မောင်တေဇာ (လရောင်လမ်း) ရဲ့ စာတွေကို သွားသွားဘတ်နေကြပါ။ တခါတခါ တော်တော်သဘောကျတာ တွေ့ရင် ကါန်မန့် ရေးတတ်ပါတယ်။ ခုလဲကါန်မန့် ရေးတဲ့ထဲက တခု အတော် သဘောကျလို့ ပြန်ရှယ် ချင်ပါတယ်။ အော်ရီဂျင်နယ် က ဒီမှာပါ

အခင်းဖြစ်ပွားမှု (Phenomenological)

Posted by တေဇာ (လရောင်လမ်း)

အဲလိုပဲ ဖြစ်သွားတယ်
ကဲ့ရဲ့ဖို့မဟုတ်၊ ချီးမြှောက်ဖို့မဟုတ်
သေချာတာက အဲလိုပဲ တကယ်ဖြစ်သွားတယ်
အဲဒီဖြစ်စဉ်အတိုင်း ကျွန်တော်လိုက်သွားကြည့်မယ်
အနည်းဆုံး မဆုံးသေးတဲ့အထိ။

Phenomenological

It just happens.
Worthy of neither polemics nor compliments.
The fact is that it really happens.
I will follow the phenomenon,
At least, until it ends.

တေဇာ (လရောင်လမ်း)

7 comments:

Addy Chen said…

မောင်တေဇာ နောက်ဆုံး အကြောင်း က မြန်မာလို နဲ့အီး လို ကွန်ထရာဒစ်နေလားလို့ April 25, 2011 9:39 AM

အင်္ဂလိပ်လိုမှာတော့ ပြဿနာမရှိဘူးထင်တယ် တီချမ်း။ မြန်မာလိုကို `ဘာသာပြန်ဖတ်´ ဖတ်တဲ့အခါကျတော့ နည်းနည်းလေး ပြောရင် ပြောစရာဖြစ်နေတယ်။ အဲဒါက `အနည်းဆုံး မဆုံးမချင်း´ လို့မသုံးဘဲ၊ `အနည်းဆုံး မဆုံးသေးတဲ့အထိ´ လို့ သုံးလိုက်လို့လည်း ဖြစ်မယ်။

ဥပမာ-
I read the poem until its end.
ဒီကဗျာကို မဆုံးမချင်း (Negative) ဖတ်တယ်၊ (ဒါမှမဟုတ်)
ဒီကဗျာကို ဆုံးတဲ့အထိ/တိုင်အောင် (Positive) ဖတ်တယ်။

မြန်မာဘာသာကို ဖလှယ်တဲ့အခါမှာ `မဆုံးမချင်း´ လို့ Negative နဲ့ပြန်ပြန်၊ `ဆုံးတဲ့အထိ´လို့ Positive နဲ့ ပြန်ပြန်၊ အဓိပ္ပာယ် တူတူပဲ ဖြစ်နေတယ်။ မဆုံးမချင်းဖတ်ဖတ်၊ ဆုံးတဲ့အထိ/တိုင်အောင်ဖတ်ဖတ် ကဗျာတစ်ပုဒ်လုံးပြီးအောင် ဖတ်လိုက်တာချင်း တူတယ်။

နောက်ထပ်ဥပမာတစ်ခုပြောရရင်
He held the power until his death. ကို မြန်မာဘာသာပြန်မယ်ဆိုရင်
သူဟာ အာဏာကို မသေမချင်း ဆုပ်ကိုင်ခဲ့တယ်။
(ဒါမှမဟုတ်)
သူဟာ အာဏာကို သေတဲ့အထိ/တိုင်အောင် ဆုပ်ကိုင်ခဲ့တယ်။
(ဒါမှမဟုတ် ကျွန်တော် ကဗျာမှာသုံးထားသလို)
သူဟာ အာဏာကို မသေသေးတဲ့အထိ ဆုပ်ကိုင်ခဲ့တယ်။

မြန်မာလိုမှာ Positive/Negative ကွဲနေပေမယ့် `အနက်´မှာ အတူတူချည်းပဲ ဖြစ်နေတယ်။

You don’t know what you can achieve until you try.
ဒီလိုဝါကျမျိုးကျတော့ `မကြိုးစားသေးတဲ့အထိ´ (ဒါမှမဟုတ်) `မကြိုးစားမချင်း´ လို့ Negative နဲ့ မြန်မာလို ဖလှယ်မှပဲ အဆင်ပြေတာကို တွေ့ရတယ်။ အဲဒါက ရှေ့မှာ Negative (don’t know) ပါနေလို့ဖြစ်လိမ့်မယ်။

ကဗျာက Present Continuous ကိုတော့ will ပြောင်းလိုက်တယ်ဗျာ။ အမြင်မတော်တာရှိရင် နည်းနည်းထောက်ပါ တီချမ်း၊ ကျွန်တော်လည်း သိသလောက်နဲ့ လျှောက်ရေးတယ်။း) April 25, 2011 6:15 PM

Addy Chen said…

ဟုတ်ကဲ့ ပေါက်ပြီ ကိုကိုတေဇာ ပြောတာကောင်းတယ်

အမှန်က မဆုံးမချင်း လို့ပြန်ရင် ပိုဘတ်ရတာ ချောမှာ

မသေသေးတဲ့ အထိ နဲ့ မသေမချင်း ဘတ်ရတာ ကွာသလိုပေါ့ အသုံးကွာတယ် ထင်တာပဲ

နောက် အက်တစ်ပက်စစ် လေနော် အီး အသုံးမှာက

ဥပမာ English စစ်တွေ ဆိုရင် i cut my hair လို့ မှ မရေးတာ
i had my hair cut ဆိုမှ သဒ္ဒါ အရမှန်မယ်လေ အခုနောက်ပိုင်း တော့ တီတို့ ပတ်ဝန်းကျင်မှာ က အမေရိကန် အီး အပျက်တွေ ပဲ သုံးတာများနေတာလဲပါတယ် ခုနောက်ပိုင်းပိုဆိုးတယ် အမေရိကန် ရုပ်ရှင်တွေမှာ အမဲကောင်တွေက စကားပြောရင် he don’t she don’t တွေ တောင်လာတယ်
မောင်တေဇာ ကဗျာ တိုတွေမှာ အစကတည်း အီး ကို သဒ္ဒါ မှန်အောင် သုံးတာတွေအတွေ့များတယ် အဖေ့ ဆီက ရတာထင်တယ်

အခုဟာကတော့ ခုန က ပြောသလို မောင်ရင့် စကားလုံး အသုံးအနှုန်းရွေးချယ်မှုပေါ့ မဆုံးမချင်း လို့ မောင်ရင် သုံးရင် မဆုံးသေးတဲ့ အထိ ထက် ပိုလှမယ် လို့ ကိုယ်ကထင်တယ်

ဒါက ဘတ်သူဘက်က ခံစားချက် (တခါတခါ စာဘတ်သူက အသိဥာဏ် ရှိတယ် သူစာဘတ်ကျေတယ် လို့ သူ့ကိုယ်သူ ထင်တဲ့ အခါ စာရေးသူ ကို စမ်းတာ တော့မဟုတ်ဘူး စာရေးသူ ကဗျာရေးသူ ရဲ့ လွတ်လပ်ခွင့် ကိုထိပါးတတ်တယ် ကိုယ်လို လူတွေအဖြစ်များတယ် အမှန်ကတော့ မောင်တေဇာ ရေးတာ ကောင်းတယ် ကြည့်တဲ့ ခံစားတဲ့တဲ့ ထောင့်မတူတာပါ)

မနေနိုင်မထိုင်နိုင် တတ်သလောက် မှတ်သမျှ ပြန်ဆွေးနွေးကြည့်တယ်

ကြည့်လိုက် ဒီနေရာမှာ တတ်သလောက် မှတ်သလောက် လို့ ပဲ သုံးရင် ရတယ် ကိုယ်က မှတ်သမျှ လို့ကွန့်သုံးတယ်

ပြန်ဆွေးနွေးကြည့်တယ် လို့ ပညာရှိချင်ယောင်ဆောင် (ဟန်ဆောင်) ပြီး ရေးသေးတယ် April 26, 2011 10:50 AM

ကျေးဇူး တီချမ်းး) April 26, 2011 2:50 PM

Addy Chen said…

mg tay zar if u agree i would like to post this comments at my blog
including ur poem of course with ur link stated.

only if u agree
i think this is a good conversation and i think it will benefits some people at least, see i am being proud again… April 26, 2011 3:55 PM

Why not? T chan. I agree. 🙂 April 26, 2011 4:16 PM

Addy Chen said…

အိုကေ နော် အဲ့တာဆို လုပ်ချလိုက်တော့မယ် April 27, 2011 9:09 AM

ခြင်ကိုက်ရင် HIV ကူးပါသလား?

ခြင်ကိုက်ရင် HIV ကူးပါသလား?

လာပြီလာပြီ ဒေါ်ချမ်းချမ်း။ ဟုတ်ကဲ့ တနေ့က ရေးတဲ့ တီ့ weekend holidays post မှာ မမကွမ် လာမေးသွားတဲ့မေးခွန်းလေးဖြေပေးမှာပါ။ အဲ့ဒီပိုစ့်မှာ တီက ငါးနဲ့ခြေထောက်နှိပ်တာ (ဝါ) အကိုက်ခံတာ ကိုရေးထားပါတယ်။ ပြီးတော့ တီ့ စာဖတ်ပရိတ်သတ်အများစုသိကြပြီးတဲ့ အတိုင်း တီက HIV positive ဖြစ်တဲ့ အတွက် မမကွမ်မေးတဲ့မေးခွန်းက သဘာဝကျပါတယ်။ မေးခွန်းမေးတဲ့အတွက် စိတ်မဆိုးပါဘူး၊ ကျေးဇူးတောင်တင်ပါသေးတယ်။ မဟုတ်ရင် ဒီလိုပိုစ့်လဲ တီရေးဖြစ်မှာ မဟုတ်ဘူးလေ။ အရင် တီ စာစရေးကာစက အလုပ်အတူလုပ်ခဲ့ဖူးတဲ့ အမတယောက်က တီ့ အလုပ်အတွေ့အကြုံတွေ၊ တီသွားခဲ့ဖူးတဲ့ နိုင်ငံတကာ ညီလာခံတွေကိုရေးစေချင်ပါတယ်။ တီက မရေးချင်တာတော့မဟုတ်ပါဘူး။ မကြုံတာပေါ့။ တခါတလေ ကြုံရင်တော့ရေးဖြစ်ပါတယ်။ ဥပမာ မနှစ်က ကိုတောင်ပေါ်သားနဲ့ စကားစမြည်လိုမျိုးပေါ့။ နောက် တီ့ပုံမှန်စာဖတ်ပရိတ်သတ်တဦးဖြစ်တဲ့ တီက ရေခဲတောင်လို့ အမြဲခေါ်တတ်တဲ့ ဂလေစီယာ ကလဲ တီ့အလုပ်နဲ့ပတ်သက်တာရေးဖို့ပြောဖူးပါတယ်။ ခုနပြောသလိုပဲ တီက စာရေးတာ ဝါသနာပါလို့ရေးတာဆိုတော့ ရေးချင်တာပဲရေးနေတာပါ။ မဟုတ်ရင် ကိုယ့်ကို ကို တွန်းရတာ ပိုခက်မှာ သိနေလို့ပါ။ ဝါသနာပါတာပဲရေးတော့ အနည်းဆုံးရေးရတာ flow ရှိတာပေါ့လေ။ ခုလဲ မမကွမ် မေးတဲ့မေးခွန်းကိုတော့ တီခုတလော လုပ်နေတဲ့ UN CARE Programme က ဒီ region မှာ ရှိတဲ့ UN တော်တော်များများ အားလုံးနီးပါးကို HIV/AIDS နဲ့ပတ်သက်ပြီးတော့ သင်တန်းပေးနေပါတယ်။ အဲ့တာ တီ့ အဓိက အလုပ်တော့ မဟုတ်ပါဘူး။ (လာငှားလို့ ပိုက်ဆံရလို့ လုပ်တဲ့ အလုပ်ပါ) ထားပါတော့ အဲ့လို UN တွေကို သင်တန်းပေးတော့လဲ ဒီမေးခွန်းက ခဏခဏ အမေးခံရတဲ့မေးခွန်းပါ။ ခြင်ကိုက်ရင်ကူးသလားဆိုတာမျိုးပေါ့။ စကားစပ်လို့ပြောရမယ်ဆိုရင်တော့ တီ သင်တန်းပေးရတဲ့လူတွေက expatriate တွေပါ။ ယိုးဒယားနိုင်ငံမှာ တီတို့လိုပဲ အလုပ်လာလုပ်နေတဲ့ နိုင်ငံခြားသားတွေချည်းပါပဲ။ အများစု က ဘိုတွေ၊ အဖြူတွေပါ။ သို့သော်လည်း အားလုံးသည် HIV နဲ့ပတ်သက်တဲ့ ဗဟုသုတ ရှိနေပြီလို့ ပြောလို့မရပါဘူး။ UN တွေက မျိုးစုံရှိတဲ့ အတွက် သူတို့ဆိုင်ရာ ဆိုင်ရာ မှာသာလျှင် ကျွမ်းကျင်လေ့ရှိကြပါတယ်။ နိုင်ငံခြားသား ဖြူသော အရေ ရှိရင်ပြီးရော အထင်ကြီးသူများ သတိချပ်သင့်ပါတယ်။ (ရေးရင်းနဲ့ တီချမ်း ထုံးစံအတိုင်း ရိုက်ပေါက် ဘေးရောက်ဖြစ်နေပြန်ပါပြီ) ပြန်ဆက်ပါမယ်။ အဲ့တော့ အဲ့လို အမေးအများဆုံးမေးခွန်း တီ မြန်မာ နိုင်ငံမှာ လုပ်ခဲ့သမျှ သင်တန်းတွေ မှာလဲ ခဏခဏ အမေးခံရတဲ့မေးခွန်း။ ဖြေရှင်းရင် အများအတွက်လဲ အကျိုးရှိမယ်ထင်လို့ အပင်ပန်းခံ စာရှာဖတ် ပြီးဖြေပေးထားပါတယ်။ တလက်စတည်း စမေးပေးတဲ့ မမကွမ် ကိုကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ မေးတာ က ငါး ဘာလို့ ခြင် နဲ့လာဖြေနေသလဲ လို့ အပြစ်တော် တင်မစောဖို့ ကြိုပြောလိုပါတယ်။ နောက်ဆုံး အထိ ဖတ်ကြည့်လိုက်ပါ။ ရှင်းသွားပါလိမ့်မယ်။
ကဲ အဲ့တာတွေမပြောခင် အရင် ဂျင်နရယ် ဗဟုသုတ အနေနဲ့ ဒါလေးတွေသိထားဖို့လိုပါတယ်။ HIV 101 ပေါ့နော်။ အဲ့တာတွေကတော့

HIV ကူးစက်နည်း ၃ မျိုး

1. သွေးမှ တဆင့်ကူးစက်တာ (ပိုးရှိတဲ့သွေးသွင်းမိတာမျိုး၊ ပိုးရှိသူနဲ့ ဆေးထိုးအပ် အတူ သုံးစွဲတာမျိုးကနေအဓိက ကူးပါတယ်)
2. အကာအကွယ်မဲ့ လိင်ဆက်ဆံတာ ကနေ ကူးပါတယ် (လိင်တူ၊ လိင်ကွဲ နှစ်မျိုးစလုံးပါ)
3. မိခင်မှ တဆင့် သန္ဓေသား ကို ကူးစက်တာ က တမျိုးပါ။

HIV ကူးစက်စေနိုင်တဲ့အခြေအနေ ၄ မျိုး နဲ့ ပိုးပါတဲ့ အရည်တွေ

1. HIV ပိုးဟာ ပိုးရှိတဲ့သူရဲ့ ခန္ဓာထဲကနေအရည်တခုခု အနေနဲ့ ထွက် လာရပါမယ်
2. ပြီးတော့ အဲ့ဒီ ထွက်လာတဲ့အရည်တွေမှာကူးစက်နိုင်ဖို့ လုံလောက်တဲ့ ပိုး ပမာဏ ကွမ်တတီ ပါရမှာဖြစ်ပါတယ်။ ဆိုလိုတာက ပိုးရှိတဲ့သူ ရဲ့ ခန္ဓာက ထွက်လာတဲ့ အရည်သည် လုံးလောက်တဲ့ ပိုးပမာဏ ကို ထိန်းထားနိုင်တဲ့ အရည်မျိုးဖြစ်ရပါမယ်။ ဥပမာ…သွေး၊ သုက်၊ သုက်ရည်ကြည်၊ မိန်းမကိုယ်က ထွက်တဲ့အရည်နဲ့ မိခင်နို့တို့ဖြစ်ပါတယ်။ ကျန်တဲ့အရည်တွေမှာ ကူးစက်နိုင်စေလောက်တဲ့ ပမာဏရှိတဲ့ပိုးမပါလာနိုင်ပါဘူး။ အဲ့တာကြောင့် လေကုန်ခံပြီး ချွေး၊ တံတွေး စတာတွေကို မပြောတော့ပါဘူး။
3. နောက်ပြီးတော့ အဲ့လို အရည်တခုခုနဲ့ထွက်လာတဲ့ပိုးတွေဟာ ခံနိုင်ရည် ကွာလတီ ရှိရပါမယ်။ HIV ပိုးဟာ ခန္ဓာ ပြင်ပ မှာဆိုရင် အင်မတန်မှနုပါတယ်။ လေသလပ်တာခံရတာနဲ့တင် သေနိုင်ပါတယ်။ သူတို့ အသက်ရှင်ရပ်တည်ဖို့က ကိုယ်ခန္ဓာ အပူချိန်နဲ့ အခြေအနေ လိုပါတယ်။ ဥပမာ အပြင်ကိုရောက်လာတဲ့သွေးတစက်ဆိုရင် လေသလပ်လို့ချက်ချင်း ခြောက်သွားနိုင်ပါတယ်။ အဲ့တာဆိုရင် အဲ့မှာပါတဲ့ HIV ပိုးတွေဟာ ချက်ချင်းသေသွား နိုင်ပါတယ်။ သွေးပမာဏပေါ်တော့မူတည်တာပေါ့လေ။ ဒါပေမယ့် များသောအားဖြင့် က ချက်ချင်းလိုလိုသေပါတယ်။ နောက် တခြား အခြေ အနေတွေ…ဥပမာ ခံတွင်းထဲ က တံတွေးမှာပါတဲ့ အက်ဆစ်ဓါတ်တမျိုး ကလဲ ပိုးကို ခံနိုင်ရည်ကျစေနိုင်သလို ကျတော်တို့ အစာအိမ်ထဲမှာ ရှိတဲ့ အစာချေရည် အက်ဆစ်တမျိုးကလဲ HIV ကိုသေစေနိုင်ပါသတဲ့။ အဲ့တော့ ပါးစပ်နဲ့လိင်ဆက်ဆံတာမျိုး၊ သုက်ရည်မြိုချတာမျိုး၊ နှုတ်ခမ်းချင်းတေ့စုပ်ပြီး နမ်းတာမျိုးတွေကနေမကူးနိုင်ဘူးဆိုတာရှင်းပါလိမ့်မယ်။
4. နောက်တခုကတော့ ခုနက ပိုးရှိတဲ့သူ ခန္ဓာကိုယ်ထဲက ထွက်လာတဲ့ အဲ့ဒီပိုးပါတဲ့အရည်တွေဟာ နောက်တယောက်ရဲ့ ခန္ဓာကိုယ်ထဲကို ဝင် ရပါမယ်တဲ့ လမ်းကြောင်းပေါ့ အဲ့တာလိုပါတယ်။ ဒီမှာ တခု ဖြေရှင်းချင်တာက ခုနက ပြောတဲ့ တံတွေးနဲ့ မျက်ရည် ချွေး စတာတွေမှာပိုးမပါဘူးလို့ပြောခဲ့ပါတယ်။ အမှန်ကတော့ အလွယ်ပြောတာပါ။ ပိုးက ပါပါတယ် ဒါပေမယ့် အချက် ၂ နဲ့ ၃ ကိုမကျော်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ဥပမာ တံတွေးထဲမှာပါတဲ့ ပိုးပမာဏ က နောက်လးကို HIV ပိုးကူစက်စေနိုင်ဖို့ဆိုရင် အဲ့ဒီလူထဲကို ဝင်ဖို့က ဂါလံနဲချီပြီးလိုပါသတဲ့။ အဲ့တော့ လူတယောက်က တံတွေးလို ချွေးလို မျက်ရည်လို အရာမျိုးက ဂါလံနဲ့ချီပြီး ထုတ်လုပ်နိုင်ပါသလား၊ ပြီးတော့ နောက် လူတယောက်ရဲ့ ကိုယ်ထဲကိုလဲ အဲ့လို ဂါလံနဲ့ ချီတဲ့ အရည်တွေဝင်ဖို့ လမ်းကြောင်းရှိပါသလား။ မရှိနိုင်ဘူးဆိုရင်ရှင်းပါပြီနော်။ အဲ့တာကြောင့် အဲ့ဒီအရည်တွေမကူးနိုင်လို့ စကားထဲထည့်မပြောကြတာပါ။ ဒါပေမယ့် သွေး၊ ဒါမှမဟုတ်ခုန က အပေါ်မှာ ပြောခဲ့တဲ့ အရည်တမျိုးမျိုးဆိုရင်တော့ တစက်ကလေးမှာတောင် ကူးစက်ဖို့ လုံလောက်တဲ့ပိုး အရည်းအသွေးကော အရည်အတွက်ကော ရှိပါသတဲ့။ ပိုရှင်းအောင် အောက်မှာ English လိုကြည့်ကြည့်လိုက်နော်။ အတိုကောက်ကိုတော့ ESSE ဒါမှမဟုတ် QQR လို့မှတ်လို့ရပါတယ်။
4 Conditions for HIV Transmission

1. Virus must EXIT the body it occupies (ROUTE)
2. There is SUFFICIENT quantity of HIV (QUANTITY)
 spinal cord fluid, blood, seminal fluid, vaginal fluid & breast milk
 NOT saliva, tears, sweat, urine, stool
3. Virus must SURVIVE (QUALITY)
HIV cannot live outside the human body & is easily destroyed (e.g., acid in stomach)
4. Virus must ENTER the other person’s blood stream directly (ROUTE) thru:
 Unprotected penetrative sex
 Blood to blood – e.g., using same injection equipment
 From mother to baby

အဲ့တော့ လူတယောက်ကနေ နောက်လူတယောက်ကို HIV ကူးစက်နိုင်ဖို့အတွက်က အဲ့ဒီအချက် ၄ ချက်စလုံးသေချာပြည့်စုံမှန်ကန်မှ ဖြစ်နိုင်ပါသတဲ့။ တချက်ချက်နဲ့ လွဲနေရင် မကူးနိုင်ပါဘူးတဲ့။ တခု သတိထားဖို့ရှိတာက အဲ့ဒီလူက ကိုယ့်ကို အမှန်ပြောမပြောဆိုတာပါပဲ။ လူတွေက ခေါင်းရိတ်တဲ့ဓါးကနေ ကူးလာတယ်၊ သွားစိုက်ဆိုင်ကနေ ကူးလာတယ်။ ပိုးရှိတဲ့လူရဲ့ ပစ္စည်းသုံးမိလို့ကူးလာတယ် စသဖြင့် ပြောတတ်ကြပါတယ်။ ခုနကပြောတဲ့ အချက် ၄ ချက်နဲ့နိုင်းယှဉ်စဉ်းစားပါ။ ဥပမာပေးမယ်… ဓါးကနေတဆင့်ကူးတယ် အိုကေနော်… English လို reality check လို့ခေါ်ပါတယ်… လူတယောက်က မုတ်ဆိတ်ရိတ်တယ်ပေါ့ ဓါးရှတယ်ပေါ့ ပြီးရင် ဘာလုပ်ပါသလဲ…ရေမဆေးဘူးလား။ နောက်လူတယောက်က ကော ချက်ချင်း လာသုံးသလား….“ဟား ဟိုကောင်ရိတ်သွားတယ် ဓါးမှာသွေးတွေနဲ့ အပိုင်ပဲ ငါလဲရိတ်လိုက်အုံးမှ” လို့ဘယ်နှယောက်ကများ လုပ်မလဲ စဉ်းစားကြည့်ကြပါနော်။ အဲ့လိုပဲ ကဲ ပထမလူက မဆေးဘဲထားခဲ့တယ် ပဲထားပါတော့ ခုနကပြောခဲ့တယ်လေ လေသလပ်တာနဲ့ သွေးခြောက်ရင် HIV ကသေပါတယ်လို့ အင်မတန်နုတဲ့ပိုးလေးပါ။

နောက် နည်းနည်းထပ်ဆွေးနွေးရမယ်ဆိုရင် တီတို့ရဲ့ body defense mechanism ခန္ဓာဗေဒရဲ့ အလိုအလျောက်တုံ့ပြန်မှုစနစ် (အင်း အီးလိုပြောရတာ ပိုလွယ်တယ် မြန်မာလိုက ရှင်းရခက်တယ်) က ဥပမာ လက်ကို ဓါးရှတယ်ဆိုပါတော့… လက်က ဥပမာနော် ဘယ်နေရာပဲဖြစ်ဖြစ်ပါ။ ဘယ်လိုဖြစ်လဲ….သွေးက ငှောက်တောက် ပန်းထွက်တာမှလား… ကဲခုနပြောတဲ့ ဥပမာကိုပဲ ပြန်ကောက်မယ်နော် အရင်လူက ဓါးရှတယ်၊ သူ့မှာကလဲ ကံဆိုးစွာပဲ ပိုးရှိတယ်။ ကို့ကိုလဲထပ်ရှတယ်။ ကဲ အချက်၎ချက်နဲ့ ချိန်ကြည့်ရအောင် ပထမ ၃ ချက်မကိုက်ဘူးလား။ ကိုက်နေပါတယ်နော်. အဲ နောက်ဆုံးအချက်လေ ကိုယ့်ဆီကသွေးကလဲ ပန်းထွက်လာတာလေ ပန်းဝင်သွားမှ မဟုတ်တာ။ အဲ့တာဆိုရှင်းမယ်ထင်ပါတယ်နော်။ တီ့စာဖတ်ရင် လူလည်ချည်းပဲပေါ့။ ဒီလောက်ပြရင် အကုန်မြင်လောက်ပြီနော်။

တခုတော့ ရှိတယ် သွေးသွင်းတာတို့ မူးယစ်ဆေးထိုးတာတို့မှာသုံးတဲ့အပ်က အခေါင်းပေါက်ပါတယ် အဲ့ဒီအခေါင်းကလဲ လေမခိုနိုင်အောင် လုပ်ထားတာဖြစ်တဲ့အတွက် အဲ့ဒီမှာ ကပ်ကျန်နေတဲ့ပိုးဆိုရင်တော့ အချိန်တော်တော် ကြာတဲ့အထိ အသက်ရှင်နိုင်ပါတယ်။ သူ့မှာ ကိုယ်ခန္ဓာ အပူချိန်မရှိပေမယ့် လေမဝင်နိုင်တဲ့အတွက် သွေးပမာဏ အလျောက် အပ်က ထိန်းပေးထားနိုင်တာကိုး။ နောက် နမ်းတာကနေကော ကူးမလား စဉ်းစားကြည့်ရအောင်… လူတယောက်က နေ ပိုးကထွက်လာရပါမယ်။ အရည် ဘာအရည်လဲ။ ဘယ်သူကများ ဟယ်သွေးတွေနဲ့ ပါးစပ်ကြီး လာနမ်းလိုက်ကြစို့ လို့များရှိသလား အဲ twilight light တို့ new moon saga တို့ထဲက ဒရက်ကူလာ Robert Pattinson ဆိုရင်တော့ တီလဲပြောတတ်ဘူး။ တီဆိုရင်တော့ ထပ်ကူးမယ်ဆိုရင်တောင် အကြိမ်တထောင်ကူးဝံ့တယ်လို့ပဲ ပြောချင်တယ် (အဟဲဟဲ နီရူဒ ကိုနောက်တာ မှုတ်ပါ)

တခု ထပ်ပြောပါမယ် စကားမကျန်အောင်ပါ။ တီခုပြောနေတာာ HIV အကြောင်းနော်။ တခြား ကာလသား STIs/STDs (Sexually Transmitted Infections/Diseases) တွေမပါဘူးနော်။ အဲ့တော့ HPV B တို့ HPV C တို့စတဲ့ အသည်းရောင် အသားဝါ ပိုးတွေ တခြား ဆစ်ဖလစ် ဘာညာ တွေမပါပါဘူး။ အဲ့တော့ ……

ကဲ နောက်တဇာတ်လမ်းဆက်ရမှာက ခြင်ကိုက်ရင်ကူးမကူးပါ။ အောက်မှာ သုတေသန နှစ်ခု ကိုဖော်ပြထားပါတယ်။ အကြမ်းဖျင်းက ဘာကိုဆိုလိုသလဲဆိုတော့

1. ခြင်က လူ ကိုကိုက်တဲ့အခါမှာ သူ့ ရဲ့ တံတွေးကို ချော်ဆီအဖြစ် လူရဲ့ ခန္ဓာကိုယ်ထဲကို ထိုးထည့်ပါတယ်တဲ့။
2. ပြီးတော့ မှ လူရဲ့ သွေးကိုစုပ်တာပါ။ အဲ့တော့ ခြင်တကောင်က လူတယောက် (ပိုးရှိတဲ့လူတယောက်) ကိုကိုက်လာခဲ့ရင်တောင် နောက်လူတယောက်ကို ကိုက်တဲ့အခါ ပထမ ကိုက်လာတဲ့ လူရဲ့ သွေးကို နောက်လူထဲကို ပြန်မထိုးထည့်ပါဘူးတဲ့။ သူ့ရဲ့ တံတွေးကိုသာ ထိုးထည့်တာပါတဲ့။ အဲ့တော့ ခုန အပေါ်ကပြောခဲ့တဲ့ အချက်လေးချက်ထဲက ဘယ်အချက်နဲ့ ကိုက်မကိုက်ပြန်ကြည့်ကြရအောင်နော်။
• ပထမဆုံး ပိုးရှိတဲ့လူဆီကနေ ထွက်လာပါသလား? (ထွက်လာတယ်နော် အကိုက်ခံရတယ် သွေးစုပ်သွားတယ်လေနော်)
• အချက် ၂ နဲ့ ၃ လဲ ပြည့်စုံပါတယ် ပိုးရှိတဲ့ လူရဲ့ သွေးလေနော်
• ဟော ဒါပေမယ့် အချက် ၄ နဲ့ ပြည့်စုံသေးရဲ့လား? (မပြည့်စုံတော့ဘူးလေနော်)
• ပြီးတော့ ပိုးဟာ ခြင်ရဲ့ ကိုယ်ထဲကို ရောက်သွားတာနဲ့ ချက်ချင်းလိုလိုပဲသေပါသတဲ့ ပိုးမယ်နုလေနော်
• နောက်အရေးအကြီးဆုံးက ဘာလဲဆိုတော့ ခြင်တကောင်ဟာ လူတယောက်ကို ကိုက်ပြီးသွားရင် ဗိုက်ဝသွားပြီဖြစ်တဲ့အတွက် နောက် လူတယောက်ကို ချက်ချင်းမကိုက်တော့ပါဘူးတဲ့။ ဒါကလဲ လျှာရှည်တတ်တဲ့ မိကျောင်းသားတွေအတွက် သုတေသီတွေက ရှာရှာဖွေဖွေ တင်ပြထားတာပါ။
• ပိုရှင်းတဲ့ ဥပမာကတော့ တီတို့အရပ်ဒေသတွေမှာ တောင်ပေါ်ဒေသတွေရှိပါတယ်။ ငှက်ဖျားအားကြီးပေါပါတယ်။ ဒါပေမယ့် အဲ့ဒီအရပ်တွေမှာ HIV ကူးစက်နုံးက ထူးပြီးမများပါဘူးတဲ့။ ကဲရှင်းပြီနော်။ ခြင်ကိုက်လို့သာ HIV ကူးမယ်ဆိုရင် အဲ့လိုငှက်ဖျားများတဲ့ဒေသတွေမှာ HIV ကူးစက်နုံးကလဲငှက်ဖျားလိုပဲ အရမ်းမြင့်နေမှာပါ။

အဲ့တော့ မမကွမ်အမေးကို ပြန်ဖြေစရာမလိုတော့ဘူးထင်ပါတယ်နော်။ ပြီးတော့ ငါးတွေက ရေထဲမှာနေတယ်လေ။ အဲ့တော့ ငါးက ကိုက်လို့ တီ့ဆီက သွေးထွက်တယ်ဆိုရင်တောင် ရေတွေက ပိုးရဲ့ ကွာလတီ ကွမ်တတီကို ကျစေနိုင်ပါတယ်။ နောက်ပြီးတော့ သွေးတွေ က နောက်လူရဲ့ ကိုယ်ထဲကို ဝင်ဖို့ ဝင်ပေါက်လိုပါမယ်။ ရေနဲ့ရောနေပြီဖြစ်တဲ့အတွက် ဂါလံ လိုက်ဝင်ရန်လိုပါလိမ့်မယ်။ သောက်ရင်တောင်မှ အဲ့လောက်များတဲ့ရေတွေသောက်နိုင်ရင် ဂရင်းနစ်ထဲမှာ ဘရစ်နီ နဲ့အပြိုင်နေရာရနိုင်ပါတယ်လို့…………………..

အီးလိုဖတ်ချင်သူများအတွက် အောက်မှာ တီရှာထားတဲ့ source တွေနဲ့ Links တွေပါထည့်ပေးထားပါတယ်။

The San Francisco AIDS Foundation provides a very succinct summary of our arguments:

HIV is not transmitted by mosquitoes, flies, ticks, fleas, bees or wasps. If a bloodsucking insect bites someone with HIV, the virus dies almost instantly in the insect’s stomach (as it digests the blood). HIV can only live in human cells.
Mosquitoes cannot transmit HIV for two reasons:
The mosquito draws blood and injects saliva. The blood from one person is not injected into the mosquito’s next victim.
HIV dies in the mosquito’s body. People sometimes are confused because malaria actually reproduces inside the mosquito’s digestive tract, using the insect as part of its life cycle. HIV does not.
These facts are confirmed by looking at infection patterns. In areas where mosquitoes are common and where HIV is prevalent, the distribution of AIDS cases in the population is not different from other areas. If mosquitoes transmitted HIV, they would be seeing a disproportionate number of children and elderly infected in those areas.

http://www.sfaf.org/aids101/transmission.html#insects

Perhaps a more widely trusted source would be the US CDC, and here’s their info sheet, which also says the same thing:

Can I get HIV from mosquitoes?

No. From the start of the HIV epidemic there has been concern about HIV transmission from biting and bloodsucking insects, such as mosquitoes. However, studies conducted by the CDC and elsewhere have shown no evidence of HIV transmission from mosquitoes or any other insects–even in areas where there are many cases of AIDS and large populations of mosquitoes. Lack of such outbreaks, despite intense efforts to detect them, supports the conclusion that HIV is not transmitted by insects.
The results of experiments and observations of insect biting behavior indicate that when an insect bites a person, it does not inject its own or a previously bitten person’s or animal’s blood into the next person bitten. Rather, it injects saliva, which acts as a lubricant so the insect can feed efficiently. Diseases such as yellow fever and malaria are transmitted through the saliva of specific species of mosquitoes. However, HIV lives for only a short time inside an insect and, unlike organisms that are transmitted via insect bites, HIV does not reproduce (and does not survive) in insects. Thus, even if the virus enters a mosquito or another insect, the insect does not become infected and cannot transmit HIV to the next human it bites.
There also is no reason to fear that a mosquito or other insect could transmit HIV from one person to another through HIV-infected blood left on its mouth parts. Several reasons help explain why this is so. First, infected people do not have constantly high levels of HIV in their blood streams. Second, insect mouth parts retain only very small amounts of blood on their surfaces. Finally, scientists who study insects have determined that biting insects normally do not travel from one person to the next immediately after ingesting blood. Rather, they fly to a resting place to digest the blood meal.

Last Modified: October 20, 2006
Last Reviewed: October 20, 2006
Content Source:
Division of HIV/AIDS Prevention
National Center for HIV/AIDS, Viral Hepatitis, STD, and TB Prevention
http://www.cdc.gov/hiv/resources/qa/qa32.htm

အောက်တန်းကျတယ်ဆိုတာ ဒီလို

ထုံးစံအတိုင်းပါပဲ မသူတော်ရဲ့ ကွန်မန့်ပါ လင့်ခ် က နတ္ထိပါ သတ္တိရှိတာဒီလို တီလဲစာဖတ်သူတွေကို အားနာလို့ မတင်တော့ဘူး စိတ်ကူးပါတယ် ဒါပေမယ့် အောက်တန်းကျတယ်ဆိုတာ ဒီလိုပါလား လို့ သိအောင်ပါ (ထည့်တာတောင် ဗဟုသုတများ ဆိုတဲ့ Category မှာထည့်ပေးထားပါတယ် ဒါလဲယူတတ်ရင် ဗဟုသုတပါပဲ လောကမှာ ဒီလိုစိတ်ဓါတ်နိမ့်ကျနေတဲ့ လူတွေရှိသေးတယ်ဆိုတာ သိလာတာပေါ့) ယောက်ျားထုနဲ့ ချီပြီးမပြောချင်ပါဘူး ယောက်ျားကောင်းတွေအများကြီးရှိတော့ မသူတော်တကောင် ကြောင့် တလှေလုံးပုပ် မပြောချင်တာပါ english လိုတော့ worm လို့သာသာကလေးသုံးပါတယ် လူထက်နိမ့်ကျတဲ့အကောင်မျိုးကို ပြောတာပေါ့…ဒီလောက်ပါပဲ ဘာပဲပြောပြော အစဉ်တစိုက်အမြဲမနေနိုင်မထိုင်လာရောက်အားပေးနေတဲ့ မသူတော် ကိုကျေးဇူးတင်ပါတယ် ကြံဖန်တင်တတ်ရင်တော့ ရတာပါပဲ ငြိမ်းချမ်းတာပေါ့………..

thu said…
ဒီစာကို ဖတ်တော့မှ တီချမ်းဆိုတဲ့ အခြောက်မဟာ အရပ်ပျက်မလောက်တောင် အဆင့်အတန်းမရှိတာ ပို သေချာတယ်။လီးတကာလိုက်စုပ်၊ လူတကာ ဖင်လိုက်ခံနေတာ ခောတ်မှီတယ်လို့ ထင်တဲ့သူတွေက ရှိသေး။ အံ့ရောဗျာ……တစ်ည လီးတစ်ချောင်းမှ ပါးစပ်ထဲ၊ ဖင်ထဲ မ၀င်ရ မနေနိုင်တဲ့သူ.. ဒီရောဂါရတာ မဆန်းပါဘူး။အခြောက်မနှင့် သူ၏ ယောက်ျားမမှန်သော လင် (တစ်ဖင်ခံ)များ..ဖတ်ရတာ လောကကြီးအကြောင်း ပိုသိလာတဲ့သူက ရှိသေးဗျာ။ ညံ့ချက်…။လောကကြီးမှာ ယောက်ျားကောင်း၊ မိန်းမကောင်း၊ ကျားမဟုတ် မ မဟုတ် ပေမဲ့ ကိုယ်ကျင့်တရားကောင်းတဲ့ သူတွေ အများကြီး ရှိနေတာ မမြင်မတွေ့ရအောင် အကုသိုလ်တွေ ဖိစီးနေကြပုံများတော့ကွာ….တယ်…..တောက်……ပြောရင် ငသူတော် လွန်ရာကျမယ်
December 3, 2009 9:39 AM

ကုထုံးကျရှူံးခြင်းကို နားလည်ခြင်း

TREAT Asia Report
July 2009

ကုထုံးကျရှူံးခြင်းကို နားလည်ခြင်း

ကုထုံးကျရှူံးခြင်းမှာ ဆေးသောက်ချိန်မှန်ကန်တိကျမှုနှင့် ဆေးမတိုးတော့ခြင်းများက
အဓိက ကျသော အခန်းကဏ္ဍမှပါဝင်နေခြင်း

ဂျူလိုင် ၂၀၀၉- အာရှမှာ ရှိတဲ့ လူနာတော်တော်များများ ရဲ့ ကုထုံးကျရှူံးမှုနဲ့ တွေ့ကြုံ နေရ ခြင်း အရေအတွက်တွေ တဖြည်းဖြည်းနဲ့ ပိုမိုများပြားလာနေပါတယ်။ ကုထုံးကျရှူံးမှု ဆိုတာ ခန္ဓာ ကိုယ်အတွင်း အိတ်ခ်ျအိုင်ဗီ ပိုးတွေရဲ့ တိုးပွားနှူန်းကို အေအာဗီ ခေါ်တဲ့ ပိုးတားဆေး တွေက ထိထိရောက်ရောက်မတားဆီးနိုင်တော့ခြင်းကိုခေါ်တာပါ။ ကုထုံးကျရှူံးခြင်းဟာ လူနာရဲ့ ဆေးကို အချိန်မှန်မှန်ကန်ကန်နဲ့ သောက်သုံးရမယ့်အတိုင်းအတာ၊ ပမာဏ၊ ဆေး အမျိုးအစား အတိုင်းတိတိကျကျ လိုက်နာသောက်သုံးခြင်း (ဆေးသောက်မှန်ခြင်း) နဲ့
သောက်သုံးနေတဲ့ဆေးအမျိုးအစားရဲ့ အာနိသင်ရှိခြင်းမရှိတော့ခြင်း၊ ဆေးတိုးခြင်း မတိုးတော့ခြင်း (ဆေးမတိုးတော့ခြင်း) နဲ့ တိုက်ရိုက် ဆက်စပ်နေပါ တယ်။

ဆေးမတိုးတော့ခြင်းကိုယ်တိုင်ကိုက ရှုပ်ထွေးတဲ့ဖြစ်စဉ်တခုပါပဲ။ အိတ်ခ်ျအိုင်ဗီ ပိုးတွေဟာ တဖြည်းဖြည်းနဲ့ ဆေးတွေ ရဲ့ အလုပ်လုပ်ပုံကို နားလည် ယဉ်ပါး လာပြီးတော့ ဆေးတွေက အာနိသင်အရ သူတို့ ကိုမျိုးပွားတဲ့ တားဆီးခြင်းကနေ ဘယ်လို ရှောင်ကြဉ်ရမလဲဆိုတာ သဘောပေါက်လာကာ ဆက်လက်မျိုးပွားလာ ကြခြင်း ကိုခေါ်ပါ တယ်။ ဒီနည်းနဲ့ ရောဂါပိုးတွေ ဟာ မျိုးဗီဇ အရ ပိုမိုထက်မြက်တဲ့ ရောဂါပိုးတွေ ကို မျိုးပွား ထုတ်ယူပြီးတော့ လက်ရှိသောက်သုံးနေတဲ့ ဆေး အာနိသင်မရှိတော့ခြင်း (တနည်း) ဆေး မတိုးတော့ခြင်း ဆိုတဲ့ ဖြစ်စဉ်ကို လုပ်ယူပါတယ်။ အခုဆိုရင် စဉ်ဆက်မပြတ် သုတေသန ပြုမှု တွေ ကနေ ပြီး တော့ ဆေးသောက်မှန်မှုနဲ့ ဆေးတမျိုးခြင်းဆီရဲ့အာနိသင်ပျောက်ဆုံး မှု (တနည်းဆေးမတိုးတော့ခြင်း) အကြားက ဆက်စက်မှုတွေ ကို သိလာရပါပြီ။

အေအာဗီဆေးတွေ ကို သူတို့ ရဲ့ အာနိသင် အလိုက်အုပ်စု များခွဲခြားနိုင်ပါတယ်။ တနည်းအားဖြင့် အိတ်ခ်ျအိုင်ဗီ ပိုးတွေရဲ့ မျိုးပွားခြင်း အပေါ် သူတို့ ရဲ့ တားဆီးနိုင်စွမ်းနဲ့ ခွဲခြားတာပါ။ အေအာဗီဆေးတွေမှာ ဆေးမတိုးတော့ခြင်းနဲ့ ဆိုင်တဲ့ မျိုးဗီဇ ဆိုင်ရာ အခက်အခဲ တွေလဲရှိပါသေးတယ်။ မျိုးဗီဇ ဆိုင်ရာ အခက်အခဲ ဆိုတာကတော့ ပိုးတွေအနေနဲ့ ဆေးမတိုးတော့မယ့် အဆင့်ကိုရောက်ဖို့ မျိုးဗီဇပြောင်းလဲခြင်း ဘယ်နှကြိမ် လုပ်ဖို့ လိုလဲ ဆိုတာ ကိုတိုင်းတာတဲ့ အရာပါ။ အဆင့်မြင့် မျိုးဗီဇ ဆိုင်ရာ အခက်အခဲ ဆိုတာကတော့ ပိုးတွေအနေနဲ့ မျိုးပွားခြင်းကို ထိန်းချုပ်ခံရခြင်းကလွတ်အောင် မျိုးဗီဇ အသွင်ပြောင်းခြင်း ကို အဆင့် များစွာ လုပ်ဖို့လိုတယ် လို့ ပြောချင်တာပါ၊ နောက်တမျိုး အဆင့်နိမ့် မျိုးဗီဇဆိုင်ရာ အခက်အခဲဆိုတာက ပိုးတွေအနေနဲ့ ဆက်လက်မျိုးပွား နိုင်ဖို့ အတွက် မျိုးဗီဇ အသွင်ပြောင်းခြင်း ကို အကြိမ်နည်းနည်းပဲ လုပ်ဖို့လိုတယ်လို့ ဆိုလိုတာပါ။ ဥပမာအားဖြင့်-ရီတိုနားဗီးယား နဲ့ ထပ်တိုးအားဖြည့်ထားတဲ့ လိုပီနားဗီယား (ကယ်လီထရာ သို့ အလူဗီယာ) ဟာဆိုလို့ရှိရင် အင်မတန်အာနိသင်ရှိတဲ့အတွက် သူ့မှာ အဆင့်မြင့်မျိုးဗီဇဆိုင်ရာ အခက်အခဲ ရှိတယ်လို့ဆိုပါတယ်။ အဲ့ဒီအတွက် ဒီဆေးကို ဆေးမတိုးတော့မယ့် အဆင့်ကို ရောက်ဖို့ အတွက် ပိုးတွေအနေနဲ့ အနည်းဆုံး အဆင့်၆ ဆင့်လောက်မျိုးဗီဇ အသွင်ပြောင်းရမှာဖြစ်ပါတယ်။ အဲ့တာမှသာဆေးမတိုးတော့တဲ့ အဆင့်ကိုရောက်ပြီး ပိုးတွေဆက်လက်မျိုးပွားနိုင်ကြမှာဖြစ်ပါတယ်။ ဒါပေမယ့် တပြိုင်နက်တည်းမှာပဲ နီပါရာပင်းကတော့ အာနိသင်တော့ရှိပါရဲ့ အဆင့်နိမ့် မျိုးဗီဇ ဆိုင်ရာ အခက်အခဲပဲ ရှိတဲ့အတွက် ပိုးတွေအနေနဲ့ အဆင့်တဆင့်သာ မျိုးဗီဇကွဲ အသွင်ပြောင်း လိုက်ရုံနဲ့ ဆေးရဲ့အလုပ်လုပ်ခြင်း (တနည်း) ဆေးရဲ့ အာနိသင်ကိုရပ်ပစ်နိုင်ပါတယ်။ အဲ့တာကြောင့် ဆေးသောက်မှန်ကန်မှု ကောင်းကောင်းနဲ့ စနစ်ကျကျရှိဖို့ (ဥပမာ-သောက်ရမယ့် ဆေးပမာဏ ရဲ့ အနည်းဆုံး ၉၅% ရဲ့အထက် တိကျသေချာ ဆေးသောက် မှန်ကန်မှု ရှိရပါမယ်။ ပိုရှင်းအောင်ပြောရရင် တလ မှ ဆေးအကြိမ် ၆၀ သောက်ရမယ် ဆိုရင် ၃ ကြိမ်ထက် ပိုပြီးဆေးလွတ်လို့မဖြစ်ပါဘူး) ဟာ ဆေးမတိုးတော့ခြင်း ကိုကာကွယ် ဖို့အတွက် လိုအပ်ပါတယ်။

အေအာဗီဆေးသောက်ကြိမ်လွတ်သွားခြင်း ဒါမှမဟုတ် ၃ မျိုးသောက်ရမယ့် ဆေးမှာ ၁ မျိုး သို့မဟုတ် ၂ မျိုးသာသောက်မိခြင်း စတာတွေဟာ ခန္ဓာကိုယ်တွင်း ဆေးအာနိသင် မညီမျှမှု ကိုဖြစ်ပေါ်စေပါတယ်။ အဲ့ဒီအချိန်မှာ အိတ်ခ်ျအိုင်ဗီ ပိုးတွေ ဟာ အဲ့တာ ကိုအခွင့်ကောင်းယူ ပြီးတော့ ပိုးပွားခြင်းနဲ့ မျိုးဗီဇကွဲ အသွင်ပွားခြင်းတွေကို လုပ်ပါတယ်။ တကယ်လို့ အဲ့လို ဆေးလွတ်တဲ့၊ ဆေးမသောက်မိတဲ့ အကြိမ်များလာလေလေ ဆေးတွေအနေနဲ့ ယဉ်ပါးမှု ပြဿနာ ပိုကြီးလာလေလေပါပဲ။အဲ့ဒီအတွက်ကြောင့် နောင်တချိန်မှာပြန်ပြီး ဆေးသောက် မှန်လာရင်တောင် ဆေးမတိုးတော့မယ် ပြဿနာက ရှိမြဲရှိနေမှာဖြစ်ပါတယ်။

အကြမ်းဖျင်းအားဖြင့် အေအာဗီဆေးရဲ့ ယေဘုယျ ပန်းတိုင်ဟာ စပ်တွဲဆေးအတွဲတတွဲနဲ့ အိတ်ခ်ျပိုင်ဗီ ပိုးတွေကိုမျိုးပွား၊တိုးပွားခြင်းကနေ တတ်နိုင်သမျှ အချိန်ကြာကြာ ကာကွယ် တားဆီး ပေးဖို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် ဆေးသောက်မှန်ခြင်း (သောက်ရမယ့် ဆေးမာဏ နဲ့ ဆေးသောက်သုံးမှု အချိန်မှန်ခြင်း ၊တိကျခြင်း) နဲ့ ဆေးတခုခြင်းဆီရဲ့ သွင်ပြင်လက္ခဏာ (ဥပမာအားဖြင့် အန်အာတီအိုင်၊ အေအာဗီဆေး ရဲ့ ပထမဆုံးအုပ်စု ဟာဆိုလို့ ရှိရင် တခြား ဒုတိယ၊ တတိယ ဆေးအုပ်စုတွေထက် ပိုးကိုဆေးမတိုးနိုင်တော့ခြင်းမှာ ပိုနိုင်ပါတယ်။ ဆိုလိုတာကတော့ လွယ်လွယ်နဲ့ဆေးမတိုးတော့မယ့် အာနိသင်မရှိတော့မယ့် ဆေးအုပ်စု ကို ဆေးတမျိုးခြင်းဆီရဲ့ သွင်ပြင်လက္ခဏာ လို့ ခေါ်ပါတယ်) စတဲ့အချက်တွေဟာလဲ ကုထုံးကျရှူံးမှု ဘယ်အချိန် မှာ ဖြစ်မယ် ဒါမှမဟုတ် ဖြစ်မယ်မဖြစ်ဘူးစတာ တွေကို လွှမ်းမိုးနိုင်ပါတယ်။

နေ့လည် ၂း ၄၈ နာရီ
၁၆ ရက် ဂျူလိုင်လ ၂၀၀၉ ခုနှစ်
အောင်မျိုး
ဘာသာပြန်သည်။

ခန္ဓာကိုယ်အကြောင်းသိမှတ်စရာ

တီ တို့ရဲ့ခန္ဓာကိုယ်အကြောင်းသိမှတ်စရာ အချက်ကလေးတွေပါ
သူငယ်ချင်းဆီက ရတဲ့ ဖော်ဝတ်ပ်တက် အီးမေးလ်ပါ
အောက်မှာ တီ ဘာသာပြန်ထားပေးပါတယ်
နောက် အော်ရီဂျင်နယ်လိုလဲပြန်ထည့်ပေးထားပါတယ်
ပျော်ရွှင်ကြပါစေလေနော်။

  1. တီ တို့စားတဲ့အစာတွေ ပါးစပ်ကနေ အစာအိမ်ကိုရောက်ဖို့အတွက် အချိန် ၇ စက္ကန့်ကြာပါသတဲ့
  2. လူတယောက်ရဲ့ဆံတပင်ဟာ အလေးချိန် ၃ ကီလို (၆.၆ ပေါင်) နိုင်ပါသတဲ့ (၀ီဝီ ပွမ်ပွမ် ရက်လိုက် ပရီကောရှင်း။=။=။ မိန်းကလေး များကိုယ့်စိတ်ကိုကိုယ်မနိုင်လျင် နံပါတ် (၃)ကိုကျော်ဖတ်ပါရန် ဖတ်ပြီးမှတီ့ ကိုရန်လာမတွေ့ရ)
  3. ယောက်ျားတယောက်ရဲ့ လိင်တံအရှည်ဟာ အကြမ်းဖျင်း သူ့လက်မအလျားရဲ့ ၃ ဆရှိပါသတဲ့
  4. လူတွေရဲ့ ပေါင်ရိုးဟာ ကွန်ကရစ်ထက် မာပါသတဲ့
  5. မိန်းမတွေ က ယောက်ျားတွေထက် နှလုံးခုန်တာပိုမြန်ပါသတဲ့
  6. တီ တို့ရဲ့ ခြေထောက်တဖက်စီမှာ ဘက်တီရီယား ပိုးတွေ ထရီလီယံ လောက်ရှိပါသတဲ့
  7. မိန်းမတွေဟာ မှန်းခြေ ယောက်ျားတွေထက် နှစ် ဆ ပိုမျက်တောင်ခတ်ပါသတဲ့
  8. သာမန် လူတယောက်ရဲ့အရေပြား အလေးချိန်က သူ့ဦးနှောက်အလေးချိန် ရဲ့ ၂ ဆ ရှိပါသတဲ့
  9. တီ တို့မတ်မတ်ရပ်နေတဲ့အခါ မှာ တီ တို့ ခန္ဓာကိုယ်က သမကျကျ မျှမျှတတ ဟန်ချက်ညီညီ ရပ်နိုင်ဖို့အတွက် ကြွက်သား ၃၀၀ ကျော်သုံးပါသတဲ့
  10. တကယ်လို့များ တံတွေးက အရာတခု ကို အရည်မဖျော်နိုင်ဘူးဆိုရင် တီ တို့အဲဒီအရာကို အရသာမခံနိုင်ပါဘူးတဲ့
  11. အခု ဒီစာကိုဖတ်နေတဲ့ ဘလောခ်သူ မမ၊တီတီ ဒေါ်ဒေါ် များကတော့ စာဖတ်တာ ပြီးဆုံးလုပြီဖြစ်ပေမယ့်
  12. ဦးဦး ကိုကို ညီညီ မောင်မောင် သားသားလေးများကတော့ အခုထိ သူတို့ လက်မ ကို တိုင်းလို့မပြီးသေးဘူးတဲ့

အဟိဟိဟိဟိစိတ်ဆိုးကြနဲ့နော် ပြီးတော့ လိုက်လဲတိုင်းကြနဲ့အုံး ပြီးတော့ လူမြင်ကွင်းမှာလဲ တူညားတွေရဲ့လက်မကို ကြာကြာငေးကြည့်တာကောင်းဘူးတဲ့လေနော် ဒါပဲအောက်မှက အော်ရီဂျင်နယ်ပါနော်……….အဟစ်အဟစ်အဟစ် ရယ်ချင်နေသေးတယ် (တီချမ်းမကောင်းဘူးနော်)ခစ်ခစ်ခစ် ခိခိခိ ခွိခွိခွိ ဟားဟားဟား ဟီးဟီးဟီး အဟွင်းဟွင်းဟွင်း ငှဲငှဲငှဲ ငွီးငွီးငွီး

  1. It takes your food seven seconds to get from your mouth to your stomach.
  2. One human hair can support 3 kg (6.6 lb).
  3. The average man’s penis is three times the length of his thumb.
  4. Human thighbones are stronger than concrete.
  5. A woman’s heart beats faster than a man’s.
  6. There are about one trillion bacteria on each of your feet.
  7. Women blink twice as often as men.
  8. The average person’s skin weighs twice as much as the brain.
  9. Your body uses 300 muscles to balance itself when you are standing still.
  10. If saliva cannot dissolve something, you cannot taste it.
  11. Women reading this will be finished now.
  12. Men are still busy checking their thumbs.

ချစ်ချမ်းညနေ ၄း၀၀ နာရီမတ်လ ၂၇ရက် သောကြာနေ့၂၀၀၉ ခုနှစ်ရုံးမှာခေတ္တ ဘန်ကောက် အဟစ်ဟစ်ဟစ်