နီးချင်းဝေးချင်းသဘောတရားများ…..

ဤပုံများကိုကြည့်ပါ သင်ဘာကိုမြင်ပါသလဲ….?

တီချမ်းပြောချင်တာ

မရှိလို့မမြင်
မမြင်လို့မရှိ
မသိလို့မမြင်
မမြင်လို့မသိ
ရှိရက်သားနဲ့မမြင်
မြင်ရက်သားနဲ့ ရှိမရှိ မသိ
မြင်ရက်သားနဲ့ မရှိလို့ ငြင်း
ရှိရက်သားနဲ့ မမြင်လို့ ငြင်း
မယုံလို့ငြင်း၊ မမြင်လို့ငြင်း၊
မသိလို့ငြင်း၊ မရှိလို့ငြင်း
ရှိရက်မြင်ရက်သိရက်နဲ့ ပြုတဲ့ ဥပေက္ခာ

အချစ် ခင်မင်မှု
သံယောဇဉ်

တခုခုပေါ့
ထည့်ကြည့်လေ…

A Chen
2:27 PM
18th March 2011
Friday
Bangkok

ပန်းစကား နဲ့ တခွန်းစကား ရဲ့ အဖြေ

ပုံက တီ ၁၀ တန်းလောက်တုံးက ဆွဲထားတာထင်တယ် ၉ တန်း ၈ တန်းလောက်ကလဲ ဖြစ်ကောင်းဖြစ်မယ်
ကြာလွန်းလို့ မမှတ်မိတော့တာကတော့ သေချာတယ် နောက် တီ ၁၀ တန်းတုံးက ရန်ကင်း အထက ၂ မှာတက်တာပါ လ ၄ ကနေပြောင်းလာတဲ့ သူငယ်ချင်းတယောက်ရှိပါတယ်
နာမည်က ၄ လုံးတွဲပါ သေချာ မမှတ်မိတော့ပြန်ဘူး ဒီလိုပုံပါပဲ
ပုံဆွဲတုံးက ပန်းချီ ဧရာ ရဲ့ ကာတွန်းတွေကို ကြိုက်နေတဲ့အချိန်ပါ အတုယူဆွဲခဲ့ပါတယ်
နာမည်တောင် သူ့ ကာတွန်း တခုထဲက နာမည်ပဲပေးခဲ့တာပါ
ဇာဇာတဲ့ ခုတော့ ပိုစ့်မှာ တင်ထားတဲ့ ဒေါ်သစ်ပေါ့ ခိခိ
တိုက်ဆိုင်လို့ နောက် ကဗျာ တပုဒ်ကိုလဲ သတိရမိပါတယ်
ငယ်ငယ်လေးတုံးကပါ

မမဝဝ ထထက
အက ပထမ
ကပါကပါ မမရာ
ညည လသာသာ
လအခါ ငါ စာရ
မမဝဝ ထထက။

ကတာလဲကတာပေါ့ မမရာ ဟင်းလေးဘာလေး ချက်အုံးလေဟာ
အော် ငယ်ငယ်ကသူငယ်ချင်းတွေကို သတိရမိပါတယ် ခုတော့ ကျောင်းတုံးက သူငယ်ချင်းတွေကို တခါတလေ တောင် မတွေ့မိပါဘူးကြွယ်ဝတဲ့ ဗမာ စကားနဲ့ ၈ လုံးတွဲပြောရရင်တော့“ဘဝဆိုတာ ဒီလိုပါပဲ” ပေါ့လေအင်းဂလိရှ် လိုတော့ “life is like this” ပေါ့this is life, well that’s life, such a life စသဖြင့်လဲ ပြောလေ့ရှိကြပါတယ် သူတို့ သိုးဆောင်းဘာသာစကားကလဲကြွယ်ဝသားလေနော်ပြင်သစ်လိုတော့ “c’est la vie” လို့ပြောကြတယ် တီကတော့ နောက်ပြောင်ပြီး ဘဝဆိုတာ အထီးကြီးပါလို့အမြဲပြောတယ် ဟဲဟဲဟဲ အဖြေနော် အဖြေ

colours et moi

colours et moi

ဘာရယ် မဟုတ်ပါဘူး
မိညီမ ကိုအားကျလို့ပါ ပိန့် နဲ့ လုပ်ထားတာ
တင်ချင်တာတင်တယ် ကွယ်
မန့်ချင်ရာမန့်
ဒီပုံ တင်နေရင်းနဲ့ ဂျူး ရဲ့ “အရောင်များနဲ့ကစားခြင်း” ကိုသတိရနေမိသေးတယ်
နောက် မဆီမဆိုင် ဘာလို့ “တတိယမြောက်ညနေ” ကိုလဲသတိရမိလဲမသိပါဘူး
အဲ့ဒီဝတ္ထု တို နှစ်ပုဒ် ကိုအမြဲ လိုလို တပုဒ်ထဲလို့ပဲ ထင်မြင်နေမိတယ်
ကိုယ်တခုခု သို့ နှစ်ခုခု သို့ သုံးခုခု များ မှားနေပြီလား???

P.S
အစကတော့ သီတင်းကျွတ်ဆိုတဲ့ ကဗျာ မိဘုတ်နဲ့ရေးထားတာ တင်မလို့ပါ
ပုံရှာတာ မတွေ့သေးလို့ နောက်မှ ဘဲတင်တော့မယ်
မိညီမရေ
ညုန်း နော်
ဟိဟိ

A Chen
6th Oct 2009
11:13 am
Office
Bkk

mariah

these are the sketches that i have had done when i was young and inspiration are with me
now i am so out of it
and inspiration are all gone………..by time
anyway
just posting as one of my memories………………….

ဒါလေးက ငယ်နုစဉ် က ပိုလုပ်ဖြစ်တဲ့ ၀ါသနာလေးပါ ခုတော့ အချိန်မရတာရယ် စိတ်မပါတာရယ်နဲ့မလုပ်ဖြစ်တာကြာပြီပေါ့ အမှတ်တရအနေနဲ့ တင်ထားတာ မတ်ခ်တွိန်း ပြောသလို ဒီဟာလေးက လူတော်တော်များများမမြင်ဘူးတဲ့ ကိုယ့် “လ” ရဲ့ နောက်တခြမ်းပေါ့

ဒါကိုယ့်အကြိုက်ဆုံး နံပါတ် ၁ အဆိုတော်ပါ
လောလောဆယ်တော့ အရောင်မဲ့ ပဲ တင်ပါမယ်
မိညီ အရောင်ဖြည့်ပေးပြီးရင်တော့ အရောင်နဲ့ ပြန်တယ်ပါမယ်

အရူးထတဲ့ ကစားနည်း

အရူးထတဲ့ ကစားနည်း

မင်းက မင်းရဲ့အင်္ကျီတွေကိုချွတ်ပြီး
မိုးရေထဲမှာ ရပ်နေတယ်
မင်းအဲ့လိုပဲ အမြဲအရူးထလေ့ရှိတယ်လေ

ငါက……..
ငါက ငါ့ရဲ့ပြတင်းပေါက်ကနေလှမ်းကြည့်နေရင်း
အပြင်မှာမင်းနဲ့ အတူတူ မိုးရေထဲမှာ
မင်းမျက်လုံးတွေကို စိုက်ကြည့်နေတယ်လို့
အမြဲ ခံစားရတယ်

မင်းဟာ…………
အမြဲတမ်း ပဟေဠိဆန်ဆန်၊
မျက်လုံးနက်နက်၊ ဆံပင်ကပိုကယိုနဲ့
ဖက်ရှင်ကျကျ
ပြီးတော့ အရမ်းလဲ
ထိခိုက်လွယ်တယ်လေ
ဒါပေမယ့် လဲ အဲ့ဒီအချက်ကို
ဂရုစိုက်မိဖို့ကျတော့
မင်းရဲ့ဟန်ပန်ပုံစံတွေက
မိုက်လွန်းနေပြန်ရော

မင်းငါ့ရဲ့ အိမ်တံခါး ရှေ့မှာရပ်နေတယ်
ဘာမှပြောစရာမရှိဘဲနဲ့လေ
အင်း………….
ရာသီဥတုအကြောင်းနည်းနည်းပါးပါး
စကားမရှိ စကားရှာပြောတာကလွဲလို့ပေါ့

ကဲပါလေ
တကယ်လို့များ မင်းသတိမထားမိခဲ့ရင်
မင်းမမြင်ခဲ့မိရင်………….
ဒီမှာ
ငါ့ရဲ့ နှလုံးသားပါ
မင်းရဲ့ရှေ့မှောက်မှာ
သွေးစိမ်းရှင်ရှင်ထွက်နေတာပေါ့
ငါပါ………..
မင်းရှေ့မှောက်မှာ ဒူးထောက်နေတာ

ပြီးတော့ ဒီအရူးထခြင်းကစားနည်းက
ငါ့ကိုတဖြည်းဖြည်းစုတ်ဖြဲနေသလို
ပြီးတော့
မင်းရဲ့ေ-ာက်ဂရုမစိုက်တဲ့ စကားတွေကလဲ
ငါ့အသည်းကိုတဖြည်းဖြည်းခွဲ နေသလို
မင်း ငါ့အသည်းကိုခွဲတယ်……………….

မနက်တွေမှာဆိုရင်
မင်းက အမြဲတောက်ပနေတာပဲ
မင်းရဲ့ စီးကရက် ကိုခဲရင်း
ကော်ဖီသောက်ရင်း နဲ့
မနက်စာ စားပွဲပေါ်မှာ စကားပြောတယ်

မင်းရဲ့ အနုပညာအပေါ် မြင်တဲ့ ဒဿနတွေ၊
လွန်လွန်ကျူးကျူးဖော်ညွှန်းမှုတွေက
မင်းကို
ဘယ်လောက်အထိ ဆွဲဆောင်နိုင်တာတွေ
မင်းမိုးဇက်ကို မင်း ဘယ်လောက်ကြိုက်တာတွေ စသဖြင့်………..
မင်းက မင်းချစ်တဲ့ သူတွေအကြောင်းပြောနေလေ့ရှိတယ်
ငါက………………
ငါ့ရဲ့ ဂစ်တာ ကိုငါ ပုံပန်းမကျ ကိုယို့ကားယား တီးခေါက်နေတဲ့အချိန်မှာပေါ့

ငါ့ကို မင်းက
ရိုးသားတဲ့အရာတွေအကြောင်း
သင်ပေးတယ်
ချစ်စရာကောင်းတဲ့ အရာတွေ
ရှင်းသန့်တဲ့အရာတွေ
သန့်ရှင်းတဲ့ ပိုက်ဆံဆိုတာ ဘာကိုဆိုလိုတာလဲဆိုတာ ကိုသေချာသိတဲ့အရာတွေကိုပေါ့

ငါ့ရဲ့ ညစ်ပေနေတဲ့ လက်တွေကိုငါ
ငါ့ ကျောရဲ့ အနောက်ဘက်တနေရာရာ မှာ
ဖွက်ထားပါရဲ့

တနေရာရာမှာတော့ ငါက မင်းရဲ့လမ်းကြောင်းနဲ့သွေဖီနေပြီပေါ့
ငါ့ကိုခွင့်လွှတ်ပါ

ကြည့်ရတာ………..
မင်းကိုငါ
တခြားတယောက်ယောက်နဲ့ မှားယွင်းနေမိတယ်ထင်တယ်
ငါ့ကိုေ-ာက်ဂရုစိုက်တဲ့တခြားတယောက်
ငါနဲ့ အသွင် ပိုတူတဲ့တခြားတယောက်နဲ့ပေါ့
အဲ့ဒီအတွက် ငါ့ကိုခွင့်လွှတ်ပါ

ပြီးတော့ဒီ “အရူးထခြင်း” ကစားနည်းက
ငါ့ရဲ့ တကိုယ့်လုံးကို တဖြည်းဖြည်းစုတ်ဖြဲနေသလို
ပြီးတော့
မင်းရဲ့ေ-ာက်ဂရုမစိုက်တဲ့ စကားတွေကလဲ
ငါ့အသည်းကိုတဖြည်းဖြည်း ခွဲနေသလိုပါပဲ
မင်း ငါ့အသည်းကိုခွဲတယ်

မင်းက မင်းရဲ့အင်္ကျီတွေကိုချွတ်ပြီး
မိုးရေထဲမှာ ရပ်နေတယ်
မင်းအဲ့လိုပဲ အမြဲအရူးထလေ့ရှိတယ်လေ

Jewel Kilcher
Song Title: Foolish Games
Album: Pieces of you
Translated by
A Chen
3:10 pm
17th May 2009
Home
Bkk

ကလိုကလူလေး……

မီးမီး ကိုမွေးပြီ
မင်းသမီးဖြစ်ဖို့မွေးလာတာများလားပဲ…ဟီဟီ
ခစ် ခစ် ခစ် ခစ်အဟာ အဟာ ဟ ဟ………….

အင်းလေ ဒီလောက်လှနေမှတော့ မင်းသမီးမလုပ်ရင် နှမျောစရာ
ဒါရိုက်တာ တွေ ကလဲ တနေ့တနေ့ အိမ်လာခေါ်လိုက်ကြတာ
ငြင်းရမှာလဲ အားနာစရာ ကဲကဲ
တပုဒ် နှစ်ပုဒ်လောက်တော့ ရိုက်ပေးလိုက်ပါမယ်လေ

ဟေး………………… မီးမီး ကတော့ ဘာပဲလုပ်လုပ် ဆီးရီးယပ်စ်နော်


အင် လူကိုဘာလာလုပ်တာလဲ မျက်စိစူးတယ် နော်

အင်း ရှော့ပ်ပင်းထွက်အုံးမှ ကားမောင်းသွားမယ်

ဘေးကိုဘေးကို တိုက်မိရင်တာဝန်မယူဘူးနော်

အား…………တိုက်မိပြီ


အဟီး ဦးဦးရဲကြီး နေကန်းလား?

အဲ ဦးဦးရဲရေ မီးမီး ကိုဖမ်းပါနဲ့ မီး က နာမည်ကြီးမော်ဒယ်လ် ကလိုကလူလေးပါ

ခိခိ ဦးဦးရဲ က သဘောကောင်းတယ် ခစ်ခစ်

ရှော့ပင်းမှအပြန်…………..
အင်းပင်ပန်းလိုက်တာ အိပ်အုံးမှ
မနက်ဖြန်ကျတော့ ရိုက်ကွင်းမှာ လှနေမှဖြစ်မှာ


အိပ်ချင်ပြီ

တော်တော့ကွာ…..
မရိုက်နဲ့တော့
တနေ့တနေ့ ဓါတ်ပုံအရိုက်ခံနေရတာနဲ့ပဲလူကနားရတယ်ကိုမရှိဘူး ဟွန်း………… အနုပညာကြေးတော့တိုးတောင်းမှဖြစ်တော့မယ်ထင်တယ်
နောက်တနေ့မနက်………….
ဝါး………………….
နိုးပီ………….မေရေ

အင်း ရေမိုးတော့ချိုးပြီးပြီ ရှုတင်သွားရအုံးမှာပါလား……….
ဟူး……….. တနေ့တနေ့ လုပ်လိုက်ရတဲ့အလုပ်
လက်နဲ့ပြတ်တယ်ကိုမရှိဘူး
ချစ်စရာကောင်းလွန်းတဲ့ကိုယ့်ကို ကိုယ်ဘဲစိတ်ပျက်ရမလား
ခိုင်းစားတဲ့မိဘတွေကိုပဲစိတ်ဆိုးရမလား
တောင်းဆိုလွန်းတဲ့ပရိတ်သတ်တွေကိုပဲစိတ်ကုန်ရမလား
မသိတော့ ပါဘူး
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ကြော်ညာ ရိုက်ကွင်းတခု အတွင်းတနေရာ………………
ပါလားလာ လားလား ဗုံ
ပါလားလာ လားလား ဗုံ

စိန်နဲ့ မြ…………….

(ချစ်ရတဲ့ ကလိုကလူလေး အတွက် အမှတ်တရ)
A Chen
12:24 am
7th April 2009
home bkk

သင်္ကြန်ရောက်ပီ

အစကတော့ ပိုစ့်လေးရေးအု့းမလိုပပါ
ခုတော့ စိတ်မပါတော့ဘူးဒ
ီးအတိုင်းတင်လိုက်တယ်
“တော်ပီ
ပုံတွေကိုယ်ဘာစသာလာကူးတော့
စိတ်တိုမေနတယ် စယာလု့းပေါ့င်းတေါ့လဲမှနြေပြီ


ဒါကတော့ နိုဝင်ဘာလ အထိရေမဆေးပဲထားမယ့်ခြေထောက်ပါ
(ကတိ က ကတိပဲနော် တည်ပါစေ…………..)

ဒါက ဒေါင်းတွေ ကြားက ကျီးလေးတွေ လို့ပြောချင်ပေမယ့် ငုမှာလဲ သူ့အလှနဲ့ သူပါလေနော်

ဒီပုံလေးရဲ့ အပေါ်ဆုံးက တီ့အိမ်လေးပါ
လောလောဆယ် တီဒီမှာနေနေပါတယ် ရောက်ရင် လာလည်ကြနော်
ပုံတွေ အကြောင်း ပြောရရင်တော့ စိန်က ကံကိုကောင်းတာပါ
သူလိုချင်တယ်လဲပြောရော မိုးနတ်မင်းကတောင်မနေနိုင်လို့ထ ရွာပေးတယ်
ဘန်ကောက်မြို့ကြီးလဲ စိုစို ရွှဲရော
အဲဒါနဲ့ ခွင့်နေ့တ၀က်ယူပြီး လုံပနီ (ဘုရားပွင့်တဲ့ နီပေါ က ဟာမဟုတ် ဘန်ကောက်မြို့ လယ်ဂျန်ဒရီ ပက်ပုံးနားကပါ ဘုရင် ရားမား ၆ ရဲ့ ရုပ်ထုရှိပါတယ် ဤကားစကားချပ်) ဥယာဉ်ထဲ ပုံလိုက်ရိုက်ပါတယ်
တညနေလုံးလိုက်ရိုက်လိုက်တာ ဒီလိုပုံတွေရလာပါတယ်
ကြံဖန်ပြီး ဒင်းကိုကျေးဇူး တင်ရတာက သူ့ကြောင့် မိုးရွာပြီးစ ပိတောက်တွေ ရဲ့ ရနံ့မွှေးမွှေးလေးကိုခံစားရတာပါပဲ။
အမှတ်တရပေါ့
ဪ မေ့တော့မလို့ မိုးရွာပြီးစ ဆိုတော့ ရေတွေလဲတက်နေတယ်………….