ချစ်သူ ဇလပ်ဖြူ

ချစ်သူ ဇလပ်ဖြူ
အင်္ဂလိပ်စကားပုံတစ်ခုရှိတယ်။
“ကိုယ်မပြောရဲတဲ့ စကားလေးတွေကို
ပန်းလေးတွေကို ပြောခိုင်းပါ” ……..တဲ့…..
“အဓိပ္ဗါယ်ရှိတဲ့ နှင်းဆီပွင့်လေးတွေမှာလဲ
နှုတ်ခမ်းလေးတွေ ရှိတယ်”……….တဲ့
(နီကိုရဲ က သူ့ဝတ္ထု တပုဒ်ထဲမှာ
ရေးထားတာ ဘတ်ဖူးတယ်)
ရင်နဲ့ မဆန့်တော့တဲ့ ကိုယ့်အချစ်တွေအကြောင်း
ပန်းကလေးတွေက ကိုယ့်ကိုယ်စားပြောပြပါစေ
လမင်းကြီးက ကိုယ့်ကိုယ်စားပြောပြပါစေ
ငှက်ကလေးတွေကလဲသူတို့ရဲ့
တေးသံသာနဲ့ ဆိုပြကြပါစေ
လေညှင်းကလေးတွေကလဲ သယ်ဆောင်ပေးပါစေ
မင်းရဲ့ လည်ကုတ်မွှေးညှင်းလေးတွေကို
နှင်းဆီပန်းလေးတွေရဲ့ နှုတ်ခမ်းဖူးဖူးလေးတွေနဲ့
ထိတွေ့ နမ်းရှိုက်ကြပါစေ 
ကိုယ်ကတော့ ရဲရင့်တဲ့ နှင်းဆီထက်
ဖြူလွလွ ဇီဇဝါ ကိုသာ ပို သဘောကျသူပါ
ချမ်း
၂၉  ရက် ဇန္နဝါရီ ၂၀၁၆ ခု
သောကြာ
LTO

ပန်းစက္ကူ

ပန်းစက္ကူ

ပန်းစက္ကူ
ကမ်းလှည့် လို့မယူချင်ဘု
လူတွေက
ရောင်စုံစုံ ပွင့်သော်ငြား
မမြင့်မားတဲ့ သူ့ခမျာ

ရောင်သွေးစုံ
ဖြူ လိမ္မော် ပန်း နီ ခရမ်း ကယ်နဲ့
မကြူသော်လည်း လှ
မမွှေးသော်လည်း ဝေပါလျက်
နောက်ကောက်ကျတယ်

ပန်းဘဝ
တော်ဆိုလည်း တန်းမဝင်
နွမ်းလျ ကြွေသော်တောင်မှ
ကုံးသီသူ လူမရှိပါဘု
အော်…ဂုဏ်နိမ့်သူ
ကိုယ်တို့ ခမျာ
ပန်းဖြစ်လျက်မလန်း။

A Chen
12:44 AM
Tuesday
7 June 2011
Street aside tea shop
Sulay and Anawyahtar Junction

ပုံတွေအကုန် တီရိုက်သည်။ ပုံတွေက ရိုက်ထားတာ ကြာပီ ကဗျာ က ရေးမယ် ရေးမယ် နဲ့ အင်စပရေးရှင်း က မရတာ တနေ့က ညကတော့ ဘုတ်ဆုံ နဲ့ ညဘက် ဓါတ်ပုံ ရိုက် ထွက်ကြရင်း ခေါင်းထဲဝင်လာတာ နဲ့သူ့ဆီက ဘော့ပင် စာရွက်တောင်းပြီး ကောက်ခြစ်လိုက်တာ မိနစ်ပိုင်းပဲ ကြာတယ် ထွက်ချင်ရင်လဲ အဲ့လိုပဲ
အော် အဲ့ည က နန်းညီ မပါ သနားပါတယ် ညုန်းမ်

စတယ်လာတာ….

ဓါတ်ပုံ ခရက်ဒစ်
နာမည်ကျော် အန်တီချမ်း

ကဗျာ အမည် – စတယ်လာတာ
ကဗျာ အမျိုးအစား – ပန်းဖွဲ့ကဗျာ
ရေးသူ – စာဆိုတော် နန်းမတော် မိမိချမ်း

စတယ်လာတာ

ချစ်သူလား…စကားတပွင့်ပွင့်ခဲ့တယ်
မငွားမစွင့် ရှိခဲ့တယ်
မကြွားမဝင့် ဖြစ်ခဲ့တယ်

မောင့်ကိုယ်စား…စကားတပွင့်ပွင့်ခဲ့တယ်
မယ့်ခေါင်း မြင်ဆင့်တင့်ခဲ့တယ်
ဖြူဝါညက်ညက်မွှေးမြတယ်

နွမ်းကာသွား…ကေသာထက်က လျောခဲ့တယ်
ရနံ့သင်းသင်း ဖျော့ခဲ့တယ်
နောက်မိုးတလင်း ကင်းခဲ့တယ်

နွမ်းလေငြား မယ့်အိပ်ရာထဲ ထားခဲ့တယ်
ပန်းရွှေစကား…ကဗျာတပုဒ်ဖွဲ့ လို့ရယ်
လွမ်းနေမလား မောင်မောင်ဘတ်ဖို့ ပို့ခဲ့တယ်
မယ့်ကိုယ်စား မောင့်ကို စာလွှာဆွေးစိတ်ပြယ်။

ဝန်ခံချက်
ဆရာမ ဂျူး၏ ဝတ္တုခေါင်းစဉ် ကို ကဗျာ အစ စာကြောင်းအဖြစ် ယူသုံးထားပါသည်

A Chen
1:52 PM
9th June 2011
Thursday
Bangkok

ကနေတဲ့ မိန်းမငယ်

ကနေတဲ့ မိန်းမငယ်
ကနေတဲ့ မိန်းမငယ်

ကနေတဲ့ မိန်းမငယ်
ဒန်းစင်းလေဒီ လို့ ခေါ်ကြတယ်
သူ့အလှ သူ့ဘဝ
ဖန်တီးသူတွေမြင်ကြတယ်
ပုံတွေ ရိုက်မယ်
စာတွေရေးမယ်
ပန်းချီ အရောင်ချယ်ကြတယ်

ရှင်သန်ရာကမ္ဘာထဲမယ်
ကမယ် ခုန်မယ် သီချင်းဆိုမယ်
ခဏတာဆိုလဲ ပျော်ပျော်နေမယ်
ဘဝတာ တိုလဲ တိုပါစေကွယ်
လူတွေ လူတွေ
လှတယ်ဆိုပြီး မခူးခင်ကွယ်

အလှကြောင့် ဘဝပျက်မယ်
အလှကြောင့် ဘဝခက်တယ်
အပင်ပေါ်ကနေ ပန်ဆင်သူလက်ထဲ
သက်ဆင်းသော်လည်း
အသက်ပျောက်ရတယ်
အဆင်းလှသော်လည်း
ဘဝက မလှတယ်
ဒန်းစင်းလေဒီ
ကနေတဲ့ မိန်းမငယ်

A Chen
4:18 PM
2nd Feb 2011
Wednesday
Bangkok

ခုတလော မမပန်ပန် ရဲ့ ဖဘ ကို ခဏခဏ ရောက်ပါတယ်။ တနေ့ကလဲပုံတပုံ အမြတ်ထုတ်ပြီးကဗျာ ရေးပါတယ်။မဘတ်လိုက်ရတဲ့ သူတွေအတွက် ဒီမှာပါ
ဒီနေ့လဲ ထပ်ရောက်တော့ နောက်တပုံ ကိုမန့်ရင်းနဲ့ ကဗျာ ဖြစ်သွားပါတယ်။ ကလေးဆန်ဆန်ပဲ ရေးထားတာပါ။ ရိုးရိုးတွေးပြီး ရိုးရိုးပဲ တင်ပြပါတယ်။ အဖွဲ့အနွဲ့ထက် အကြောင်းအရာ ပိုစောင်းပေးထားတာပါ။ ကိုယ်ကလဲ ကဗျာဆရာ နာမည်ခံနိုင်တဲ့ အဆင့်မရှိပါဘူး။ ရောက်ရာ ပေါက်ရာ လျောက်ရေးပါတယ်။ အမန်နျူရယ်ပေါ့ ပရော်ဖက်ရှင်နယ် မဟုတ်ပါဘူး။

ကိုယ့် ကဗျာတွေက တကယ့် အဒိုလန့်စန့် ပါပဲ အရင်ကလဲ မွေးနေ့ ဆုတောင်းကဗျာတွေ ရေးပေးလေ့ရှိပါတယ်။ ကာရံမဲ့ထက် ကာရံနဲ့ ကဗျာ တွေ ကိုပိုကြိုက်တတ်ခဲ့တယ် (သစ္စာနီ တို့ ဘာပြောပြော အဟိ) ငယ်ငယ်က မိုးသောက်ပန်း တေဇ တို့ကျောင်းသား ရွှေသွေး မင်္ဂလာမောင်မယ်တွေ ဘတ်တာများလို့

ပုံတွေ သုံးခွင့်ပြုတဲ့ မမပန်ပန် ကိုကျေးဇူး အထူးတင်ကြောင်းပြောလိုပါတယ်။

မောင်ဗေဒါ

မောင်ဗေဒါ

ဗေဒါငယ်ငယ်
မာန်ကြွယ်ကြွယ်
မလှသော်လည်း ကြံ့ခိုင်တယ်
ဘဝ ကိုလဲ ရုန်းကန်တယ်
ရေကိုလဲ စုန်မယ်
လေကိုလဲ ဆန်မယ်
မုန်တိုင်းကိုလဲ အံ့တုမယ်

အတ္တိသယ ဆိုသော်လည်း
လှတယ်
စိတ္တဇ ဟုဆိုသော်လည်း
ရမယ်

ဗေဒါ ငယ်ငယ်
မလှသော်လည်း အရှုံးမခံတယ်
ဘဝကိုလဲ ရုန်းကန်တယ်

A Chen
4:33 PM
2nd Feb 2011
Wednesday
Bangkok

မနက်က ညီမငယ်တယောက်က ဖဘ မှာ ဆရာဇော်ဂျီ ရဲ့ ဗေဒါ စီးရီးထဲက “ရဲခဲ့သည်ပဲ” (ဘယ်ဘက်က လောလောဆယ် ကြိုက်နေတဲ့ ကဗျာ ကော်နာ ကို ကြည့်ပါ) ဆိုတဲ့ ကဗျာလေး ကိုတင်ပါတယ်။

နေ့လည်ပိုင်းကျတော့ ဖဘ မှာ ပုံတွေ လျောက်ကြည့်ရင်းနဲ့ မမပန်ပန် ပုံတပုံမှာ ကွန်မန့် မန့်ရင်း ကဗျာ တပုဒ်ရေးပါတယ်။ အစကတော့ ဒန်းဇင်းလေဒီ (နောက်နေ့တင်မယ့် ကဗျာ) နဲ့ ဗေဒါ ကို “နှိုင်းယှဉ်” ပုံစံလေးရေးထားတာပါ။ နောက်တော့ သပ်သပ်ခွဲထုတ်လိုက်ရင် ပိုကောင်းမယ်ထင်လို့ ဗေဒါ က သပ်သပ် တပုဒ်ဖြစ်လာပါတယ်။ ပုံကိုတော့ ဂူဂဲလ် ကနေရပါတယ်။

ပန်းတွေ ဆိုရင် မိန်းကလေးနဲ့ တင်စားတတ်ကြလို့ ကိုယ်ကတော့ သန်ရာသန်ရာ ကောင်လေး အနေနဲ့ မြင်ကြည့်တယ်။ အဲ့တာကြောင့် ကဗျာ နာမည် ကို မောင်ဗေဒါ လို့ပေးပါတယ်။ ဆရာဇော်ဂျီ ကိုပြောင်လှောင်လိုခြင်း အလျင်းမရှိကြောင်း အရင်ပြောချင်ပါတယ်။

စကားကုန်။ (မကျန်အောင်ပြောတာပါ စကားကြွင်းမဟုတ်ဘူးနော်)
သူငယ်ချင်းက မေးပါတယ် ….နင်က မောင်ဗေဒါလားတဲ့ ပြန်ဖြေလိုက်တယ် “ဟင့်အင်း မဟုတ်ဘူး” လို့
“ကျမ က ဘဲအုပ် တရာ နှစ်ရာမက သုံးရာလောက် နဲ့ တွေ့ချင်တဲ့ မဗေဒါပါ” လို့
ဟိဟိဟိ လူအပြောခံရအောင် လုပ်မိပြန်ပြီ