နိုဝင်ဘာလ

တီချမ်း နဲ့ အမေးအဖြေ

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက် မြန်မာပြည် ခဏ ပြန်တုံးက အရင် ကိုယ် မြန်မာပြည်မှာနေတုံးက လုပ်ခဲ့ဘူးတဲ့ အန်ဂျီအို အဖွဲ့တခုက မြန်မာပြည်တွင်းမှာ ရှိတဲ့ MSM (Men who have sex with men) လိင်တူချင်း ဆက်ဆံတဲ့သူတွေထဲက ခေါင်းဆောင်ပိုင်းနေရာမှာ လုပ်နေတဲ့ လုပ်ခဲ့တဲ့ သူတွေကို စုပြီး ပြက္ခဒိန်တခု ထုတ်ချင် ပါတယ်တဲ့။ အဲ့တာကတော့ အန်ဂျီအို လုပ်ငန်းတွင်းသုံးပေါ့ အစိုးရပိုင်းတွေ ယူအန်တွေလဲ ဝေတဲ့ ဟာမျိုးပေါ့။ အဓိက ကတော့ MSM ကွန်မျူနတီတွေထဲမှာ ဝေတာပေါ့။ တခြား MSM တွေက ကိုယ်တွေကို အားကျ အတုယူဖို့ ပေါ့ စသဖြင့်တွေ ရည်ရွယ်တာပေါ့လေ။ ထုတ်ဝေတာကတော့ စီမံချက်ကန့်သတ်ပါ။ ကိုယ် အပါအဝင် စုစုပေါင်း ခေါင်းဆောင် အဖြစ် လုပ်နေတဲ့ MSM ၁၃ ယောက်ပါပါတယ်။ မတူတဲ့ ဧရိယာတွေကပေါ့။ ဥပမာ အန်ဂျီအို ထဲက ပါမယ်။ လူထု အရပ်သား ပြည်သူထဲက ခေါင်းဆောင်တွေပါမယ်။ မိတ်ကပ် ပညာရှင် ပန်းပညာရှင်တွေ ထဲက ပါမယ် စသဖြင့်ပေါ့။ နယ်တွေကလဲ ပါပါတယ်။ မေးတာကတော့ မေးခွန်း ၄ ခု ကို ဖြေပေးရတာပါ။ မေးခွန်းတွေကတော့ ပရင့်တော့ မပါလာတော့ဘူး ချန်ခဲ့တယ် ထင်တယ်။ ကိုယ်ဖြေတာတွေက များနေတော့ သူတို့ တချို့ ကို ဆင်ဆာ လုပ်လိုက်တယ်။ နေရာ အကျယ်ကြောင့်ပေါ့။ ကိုယ်က စလုပ်ကတည်းက တခု တောင်းဆိုလိုက်တာ ကိုယ့်ကို နိုဝင်ဘာလ ပေးပါလို့ ကို်ယ့်မွေးလ မို့လို့ပါ။ ပုံလေးကတော့ မွေးစားသား ရိုက်ပေးထားတာပါ ဟွာဟင် သွားကြတုံးက ဘလက်ကင်နျန်မှာ ထင်တယ် အော်ပုံက ပိုလှတယ်။ ထည့်ပေးထားတယ် ကြည့်လိုက်။ ပုံကို ထောက်ပြီး ဘတ်ရင်လဲ ရတယ်။ သို့သော် နေရာမဆန့် လို့ ဖြုတ်ကျန်ခဲ့တာတွေပါ အကုန်ဘတ်နိုင်အောင် ပြန်ထည့်ပေး
ထားတယ်။ အောက်မှာ လဲ အရင် အင်တာဗျူး လုပ်ဘူးတဲ့ ပုံတွေထည့်ထားပေးပါတယ်။ တစု တစည်းထဲ ပြန်ဘတ်ရအောင်ပါ။ နောက် အရင်က တခါ တင်ဖူးတဲ့ ပေါ့စတစ်တွေ ချည်းပဲ အတွက် လုပ်တာ တခု ကိုလဲ ဒီမှာ သွားဘတ်နိုင်ပါတယ်နော်။ နောက်တခုက တီချမ်းအကြောင်း တစေ့တစောင်း ဆိုတာ ဒီမှာ ဘတ်ပါ။

မှတ်ချက်။

ကြော်ငြာတာ မဟုတ်ပါ။ နာမည်ကြီးပြီးသားက ဘာကြော်ငြာစရာလိုမလဲနော်။

Q:MSM ဖြစ်ရတာ ကိုယ့်ကိုကိုယ် ဘယ်လိုမြင်ပါသလဲ?
A:MSM ဖြစ်ရတာ ကိုယ့်ကိုကိုယ် ဘယ်လိုမြင်သလဲလို့မေးလာတော့ ဘယ်လိုမှမနေပါဘူး။ တခုခုမြင်တယ်ဆိုတာ အဲ့တာ သူများနဲ့ မတူလို့ပေါ့။ ထူးခြားနေလို့ပေါ့။ MSM ဆိုတာလဲလူတွေထဲက လူပဲ အဲ့တော့ ဘယ်လိုများထူးပြီးမြင်နေစရာလိုမလဲနော်။ ယောကျာ်းဖြစ်ရတာ ဘယ်လိုမြင်လဲလို့ မိန်းမဖြစ်ရတာ ဘယ်လိုမြင်လဲ လို့ ဘယ်ယောက်ျား ဘယ်မိန်းမ မှ အမေးမခံရဖူးဘူး လို့ ထင်တာပဲ။ မေးရင်လဲ တော်တော်ကြောင်မယ် အဲ့တော့ ကိုယ်လဲ လူထဲကလူတယောက်ဖြစ်တဲ့ အတွက် ဘယ်လိုမှမမြင်ပါဘူး။ MSM ဖြစ်တာ ယောက်ျားမိန်းမတွေနဲ့ ဘာမှ မထူးခြားပါဘူး။ ယောက်ျားတွေက မိန်းမကြိုက်တယ်၊ မိန်းမတွေက ယောက်ျားကြိုက်တယ်၊ တချို့ ယောက်ျားတွေက ယောက်ျားပဲ ကြိုက်ပြီးတော့ တချို့မိန်းမတွေက မိန်းမပဲ ကြိုက်တယ်။ တချို့ကျတော့လဲ ဘာမှမကြိုက်ဘူး တကိုယ်တည်းနေရတာပဲကြိုက်တယ်။ ကဲ ဘာများထူးလို့လဲ။ ဒီလိုစမေးနေတယ်၊ ဖြေနေရတယ်ဆိုတာကိုက ကိုယ်တွေက ကိုယ့်ကိုယ်ကိုယ်သူများတွေနဲ့ မတူ ထူးခြားနေတယ် လို့ ခွဲလိုက်ပါပြီ။ MSM ဖြစ်ရတာ ဂုဏ်ငယ်စရာမဟုတ်သလို ဂုဏ်ယူစရာလဲမဟုတ်ဘူး ဒါက ကိုယ့်အကြိုက်နဲ့ ကိုယ့်ရွေးချယ်မှုပဲဖြစ်တယ်။ ကိုယ်မြင်တာကတော့ လူတယောက်ဟာ လူ့ကျင့်ဝတ်တွေက သတ်မှတ်ထားတဲ့ ခိုးဆိုးလုယက်တွေ လုပ်မနေဘူး။ ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်အသိုင်းအဝိုင်း ဒီ့ထက်ပိုကျယ်ကျယ်ပြောရရင် ကိုယ့်နိုင်ငံ အတွက် တထောင့်တနေရာ တတတ်တအားလုပ်ပေးနေနိုင်တယ် ဆိုရင် တန်ဖိုးရှိတာပဲ။ ယောက်ျားမို့လို့ မိန်းမထက်ပိုမြတ်တယ်တို့ မိန်းမက ယောက်ျားတွေထက် တဆင့်နိမ့်တယ်တို့ဆိုတာတွေက ကျဉ်းမြောင်းတဲ့ အမြင်တွေပါ။ လောကကြီးမှာ ကောင်းတာလုပ်တဲ့လူက ပိုမြင့်မြတ်ပြီး ဆိုးတာလုပ်တဲ့လူက မမြင့်မြတ်ဘူး ဒါပဲ။ ယောက်ျားမိန်းမတောင် အဆင့်ခွဲစရာမလိုရင် MSM တွေဆို ပိုလို့တောင် အဆင့်ခွဲစရာမလိုသေးတယ်။ လူတယောက်ကို သူက ဘာလဲဆိုတာနဲ့ ဆုံးဖြတ်လို့မရပါဘူး။ သူဘာလုပ်ခဲ့သလဲ၊ ဘာလုပ်နေလဲပဲ ကြည့်ပြီး ဆုံးဖြတ်ရပါမယ်။ ထမင်းကိုကြိုက်တဲ့ စားတဲ့ အာရှသားတွေထက် ပေါင်မုန့်စားတဲ့ ဘိုတွေအဖြူတွေ က ပိုမမြင့်မြတ်သလိုပဲ မိန်းမကို ကြိုက်တဲ့ ယောက်ျားက ယောက်ျားချင်းချင်းကြိုက်တဲ့ ယောက်ျားထက်ပိုမမြင့်မြတ်ပါဘူး။ သူ့အလုပ်ကသာ သူ့တန်ဖိုးကို အဆုံးအဖြတ်ပေးမှာပါ။ MSM အများစုကိုလဲ အဲ့လိုမမြင်ကြဖို့ ကိုယ့်ကို အဲ့လိုလာမြင်ကြရင်လဲ လက်မခံကြဖို့ အားပေးပြောကြားချင်ပါတယ်။

Q:လက်ရှိလုပ်နေတဲ့ လူထု အကျိုးပြု အလုပ်တွေ
A:
အခုလက်ရှိကတော့ ဘန်ကောက်အခြေစိုက် အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတခုမှာ positive MSM တွေအတွက် အလုပ်လုပ်နေပါတယ်။ သင်တန်းပေးတာတွေ၊ စီမံကိန်းချပေးတာတွေ၊ ရံပုံငွေပေးတာတွေ၊ သုတေသနလုပ်ပေးတာတွေပေါ့။ MSM တွေနဲ့ အလုပ်လုပ်ရတာပျော်တယ်။ ကိုယ်တိုင်လဲ MSM ဖြစ်တော့ ကိုယ့်နဲ့သက်ရွယ်တန်းတူ ပီးယားတွေကို အလုပ်လုပ်ပေးနိုင်တာ ကျေနပ်ပါတယ်။ တခါတခါ ထိန်းရခက်တာကတော့ MSM သဘာဝ ပျော်ပျော်နေတတ်တာကိုးနော်။

Q:ပရဟိတ လုပ်ချင်စိတ် ဘယ်လိုစခဲ့တာလဲ

A:MSM တွေအတွက် အလုပ်လုပ်ပေးချင်စိတ်ဘယ်လိုစဖြစ်လာသလဲဆိုတော့ ကိုယ်ဒီပရဟိတ အလုပ်တွေစလုပ်ဖြစ်လာတာ ပေါ့စတစ်ဖြစ်မှပါ။ အရင်က ကိုယ်က အတ္တကြီးတယ် ဒေါသလဲကြီးတယ် ခုထိလဲ ကြီးတာပါပဲ။ ဒါပေမယ့် ပေါ့စတစ်ဖြစ်သွားတော့ တော်တော်ပြောင်းလဲသွားတယ် အသိတရားရသွားတယ်ထင်တာပဲ။ အရင်ကထက်စာရင်တော့ လူတွေကို နည်းနည်းပို လုပ်ပေးချင်စိတ်ရှိလာတယ်။ အရင်ကတော့ ကိုယ့်အတွက်ကိုပိုကြည့်တာပေါ့။ အဲ့တာနဲ့ ပေါ့စတစ်ဖြစ်တော့ ဒီ အန်ဂျီအို လုပ်ငန်းတွေထဲကိုရောက်လာပါတယ်။ အဲ့ကနေစလုပ်ဖြစ်တာပေါ့။ အစပိုင်းကတော့ ပေါ့စတစ်တွေအတွက်ပဲ ဦးစားပေးလုပ်ခဲ့တယ် ၅ နှစ်လောက်ပေါ့။ ခုနောက်ပိုင်းတော့ MSM တွေအတွက်ပိုလုပ်ပေးဖြစ်ပါတယ်။ အမှန်အတိုင်းပြောရရင် ပေါ့စတစ်ဖြစ်သွားတာ ကိုယ့်အတွက်ကတော့ ဘဝတဆစ်ချိုးပါပဲ။ အကွေ့ကြီးကြီးကွေ့လိုက်ရတာပေါ့ ဒါပေမယ့် အကွေ့ကောင်းဖြစ်သွားတယ်။ ပေါ့စတစ်ဖြစ်တာကောင်းတယ်ပြောတာမဟုတ်ဘူးနော်။ ကိုယ့်အတွက်ကိုပြောတာ။ ကိုယ်က ပေါ့စတစ်ဖြစ်သွားမှ ပိုလူဆန်လာတာကိုး။

Q:ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲ တခု ဘယ်လိုကျော်ဖြတ်ခဲ့လဲ

A:အခက်အခဲတွေကတော့ MSM မဖြစ်လဲရှိနေမှာပဲ။ ပေါ့စတစ်မဖြစ်လဲရှိနေမှာပဲ။ ထုတ်ညည်းနေရင်လဲ ကိုယ့်အခက်မှ ခက်တယ်ဖြစ်နေမယ်။ ကိုယ်ထင်တာကတော့ ဘယ်သူမှာမဆို သူ့အခက်အခဲနဲ့ သူတော့ ရှိနေကြတာချည်းပါပဲ။ လူတိုင်းလူတိုင်းပေါ့။ ရင်ဆိုင်ရဲဖို့ပဲလိုတယ်။ မကြောက်ဖို့ အရှုံးမပေးဖို့ သတ္တိရှိဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့ အဲ့တာတွေရှိရင် အရာရာ ရင်ဆိုင်လို့ရပြီ။ တကယ်လို့ကိုယ်သာ စိတ်ပျော့ပျော့ညံ့ညံ့နဲ့ ဘဝကို လွယ်လွယ်အရှုံးပေးခဲ့ရင် ကိုယ် ၂၀၀၃ ကတည်းက သေပြီ။ အရာရာစိတ်ပဲ။ စိတ်ဓါတ်သာမကျနဲ့ ပြန်စဖို့ ဘယ်တော့မှ နောက်မကျဘူး။ ကိုယ်ကတော့ အဲ့လိုပဲခံယူတယ်။ နောက်တခုပြောချင်တာက ကိုယ်က ၁၀တန်းပဲအောင်ထားတာပါ။ ဒါပေမယ့် အခုလုပ်ငန်းထဲမှာဆိုရင် သူ့အတိုင်းအတာနဲ့သူ အတော်အသင့်အောင်မြင်တယ်ပြောရမယ်။ ပြောချင်တာက ကိုယ့်ကိုယ့်ကိုယ် MSM ဖြစ်လို့ အတန်းပညာနိမ့်လို့ ဆိုတဲ့ အမြင်တွေနဲ့ အားမငယ်စေချင်ဘူး။ ကိုယ်တွေရှေ့မှာ ဒီလိုပဲ အတန်းပညာနိမ့်ပေမယ့် အောင်မြင်နေတဲ့ အန်တီချမ်းတယောက်လုံးရှိနေတယ်။ ကိုယ်တွေ MSM တွေက ယောက်ျားတွေ မိန်းမတွေနဲ့ တန်းတူယှဉ်နိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် တဆင့်နှိမ့်ပြီး ယှဉ်စရာမလိုဘူး။ အဓိက က အသိပညာ နဲ့ ကိုယ်ကျင့်တရားပါ။ နောက်တခုလဲ ပြောချင်သေးတယ်။ ကိုယ့်ကိုကိုယ် ကွန်မြူနတီဆိုတာနဲ့ အခွင့်အရေးတွေရတော့မယ်လို့်လဲ မထင်ကြပါနဲ့။ ပေါ့စတစ်ဖြစ်လို့ MSM ဖြစ်လို့အထောက်အပံ့တွေ အကူအညီတွေတော့ ရတော့မယ် မထင်ပါနဲ့။ လောကကြီးမှာ အလကားရတဲ့ နေ့လည်စာဆိုတာ မရှိပါဘူး။ ကိုယ်တွေက ဘယ်လိုအနေအထားလဲ ဘာလုပ်ရမှာလဲ ဆိုတာသိတတ် မြင်တတ်ဖို့လိုပါတယ်။ အဓိက က ပထမဆုံး ကိုယ့်မိသားစုထဲမှာ အသုံးကျတဲ့ လူတယောက်ဖြစ်အောင်လုပ်ပါ နောက်ကိုယ့်ပတ်ဝန်းကျင် နောက်တော့ အဲ့ထက်ပိုကျယ်လာတော့ ကိုယ့်အသိုင်းအဝိုင်း နောက်တော့ နိုင်ငံ အတွက်ပေါ့။ ဘာပဲလုပ်နေလုပ်နေ ဘယ်နေရာကပဲ လုပ်နေလုပ်နေ ကိုယ့်လိပ်ပြာကိုယ်လုံတဲ့ အလုပ်မျိုးသာဖြစ်ပါစေ။ လဲကျရင် ပူမနေနဲ့ ငိုမနေနဲ့ ကောက်ထပစ်လိုက် အခါ ၁၀၀ လဲကျရင် ၁၀၁ ကြိမ်ပြန်ထပစ်လိုက်။ ဘယ်တော့မှအရှုံးမပေးနဲ့ စိတ်ဓါတ်မကျနဲ့။

ကြွ ကြွာ ကြွား နဲ့ တီချမ်း ရတဲ့လက်ဆောင်တွေ

တီချမ်းတယောက် တကယ်ပဲ နာမည်ကြီးနေပြီလား။ စဉ်းစားစရာပါ။ ဘာ့ကြောင့်တီချမ်း ဒီလိုပြောရတာလဲ ပြောရဲ ရတာလဲ ပြောခွင့်ရှိတာလဲ။ တီချမ်း ပြောတာတကယ်လား၊ ကြွားတာလား၊ တကယ်ကြွားတာလား ………. ဆိုတာသိရအောင်…….စမ်းစစ်ကြည့်ကြရအောင်နော်…………..

ကြည့်ကြပါ တာဘလိုဝမ်း ချောကလက် တတောင့် နဲ့ အင်္ကျီ နှစ်ထည့် (တထည်က တီ့အတွက် တထည်က မောင့်အတွက်) လက်ဆောင်ရတာပါ။ သူငယ်ချင်းရဲ့ သူငယ်ချင်း သြစတေးလျနေ အလင်းအိမ်ဆိုသူက တီ့ စာဘတ်ပရိတ်သတ်ပါ။ သူက လာလည်တော့ တီ့ အတွက်ဆိုပြီး လက်ဆောင်တွေယူလာပါတယ်။ ကဲ စာဘတ်ပရိတ်သတ်ကပေးတဲ့ လက်ဆောင်နော်။ ဒီစာဘတ်ပရိတ်သတ်က တီတို့လိုပဲ ဂေးတယောက်ပါ။


ကဲ ကြည့်ကြပါအုံး။ စတာဒဘတ်ခ်စ် ကော်ဖီထုပ်တွေ။ ပြောပြပါမယ် ဇာတ်လမ်းကို။ ပြီးခဲ့တဲ့ လက ဖေဖော်ဝါရီ ၁၄ မှာတီက ဗင်လင်တံတိုင်း အတွက် ပိုစ့်ရေးတယ်လေနော်။ အဲ့မှာ မောင်ဝယ်ပေးတဲ့ လက်ဆောင် စတားဘတ်ခ်စ်
က ကော်ဖီနှပ်တဲ့ အို အကြောင်းပါတယ်လေ။ ပြီးတော့ နောက် တပိုစ့်ဖြစ်တဲ့ မောင့်အတွက် မှာ တီက အဲ့အိုးကို သုံးပြီး ရေနွေးကြမ်းနှပ်ထားတဲ့ အကြောင်းရေးတော့ တီ့ စာဘတ်ပရိတ်သတ် နောက်တယောက် ကောင်မလေး က (အရင်ကလဲ တီတို့နဲ့ တူတူ အလှုတွေထဲပါဝင်ဘူးတဲ့သူပါ) တီ့ကို ဂျီတော့ကနေ တီချမ်း စတားဘတ်ခ်စ် ကြိုက် ရင်ကော်ဖီထုပ်တွေ လက်ဆောင်ပေးမယ် ဆိုလာပါတယ်။ ကြိုက်တာပေါ့ကွယ် အလကားရရင်ပိုတောင်ကြိုက်
သေးတယ် လို့ ပြောလိုက်တယ်။ တီက ထင်တာ စနေတယ်ထင်တာ နောက်တော့မှ သူက တကယ်ပြောနေတာ ဆိုတော့ ပျော်သွားတာပေါ့။ အဲ့တာတောင် တီက ရိုင်းယောင်း ကို သင်တန်း ပေးဖို့ သွားစရာရှိနေတာနဲ့ နောက် နှစ်ပတ်နေမှ ယူမယ်ဆိုပြီး ချိန်းခဲ့ကြတာပေါ့။ နောက် တီ ရိုင်းယောင်းကနေပြန်လာတော့ ၄ ရက်နေ့ မှာ ချိန်းပြီး တီိ့ကု လက်ဆောင်ပေးအပ်ပွဲတွေ လုပ်ကြပါတယ်။ ကြည့်လိုက်တော့ ကော်ဖီမှုန့်က ၃ ထုပ် အပျင်းနှစ်ထုပ် အပျော့ တထုပ် နောက် ကိုကိုးမှုန့်က တထုပ်ပါတယ်။ ကော်ဖီတွေက တထုပ်ကို ဘတ် ၅၀၀ လောက်ကျမယ်။
ကုန်ပြီလားဆိုတော့ မကုန်သေးဘူး။ သူက ခွက်လဲ နှစ်ခွက်ပေးသေးတယ်။ ရေလည်မိုက်ဒလယ် ပျော်တယ်။
ကျေးဇူးပါ အေးစုစံ………တီကလဲ စတားဘတ်ခ်စ် ခွက်တွေစုတာနဲ့ အတော်ပဲပေါ့။

တခွက်က ခရစ်စမတ် ဒီဇိုင်းနဲ့ အဲ နှစ်ခွက်စလုံးက ခရစ်စမတ် ဒီဇိုင်းပါ။ မိုက်တယ်နော်။ အစိမ်းလေးက ပိုလှတယ်။
မောင်ကလဲ အစိမ်းကြိုက်တယ်ဆိုပြီး လာလုနေသေးတယ်။ ပြောပလိုက်တယ် တီချမ်းအရောင်နဲ့ပါးမပြောင်နဲ့လို့
အောက်ကပုံလေးတွေက တီ ခရီးထွက်လို့ မတူနဲ့ နိုင်ငံတွေမှာ စတားဘတ်ခ်ရောက်တိုင်း ဝယ်ဝယ်စုထားတဲ့ ခွက်
လေးတွေပါ။

ပထမပုံက ဟောင်ကောင်က တခွက် တရုတ်ပြည်က တခွက် နောက်ဘေးက အကြည်လေးက မလေးရှား ကေအယ်လ်မှာ ခရစ်စမတ် ၂၀၀၈လား ၂၀၀၉ လားမသိ။ မမှတ်မိတော့ဘူး။

ပန်းရောင်လေးနဲ့ သမင်လေးတွေပါတာက ဘန်ကောက်မှာပဲ ဝယ်တာလား ဘူဆန်မှာတုံးက ဝယ်တာလား အဲ့တာလဲ သေချာမမှတ်မိ။ အသည်းပုံခွက်ကတော့ ဘန်ကောက်သေချာတယ် အရင်လကမှ ဗဲလင်တိုင်း အတွက် မောင်ဝယ်ပေးတာ။

ဒီခွက်အစိမ်းရောင် အအေးထည့်တာက ၂၀၀၉ ဘာလီ သွားတုံးက ဝယ်တာ။ ဒေါ်လာ ၂၀ ထင်တယ် ပေးရတာ အဲ့ဒီတုံးက စတားဘတ်ခ်ရောဂါ မစွဲကပ်သေးတော့ ခွက်တခွက်ကို အဲ့လောက်ပေးရတာ ဈေးတယ်ကြီးတယ် ထင်သကိုး။ ခုတော့လဲ ရောဂါက ရင့်နေတော့ သူများ အလိမ်ကို ပျော်ပျော်ခံနေတဲ့ ဘဝရောက်နေပြီပေါ့ကွယ်။
အော် ဖရင်ချိုင်းဇင်း ဖရင်ချိုင်းဇင်း ပြီးတော့ သူတို့က ပြောသေးတယ်နော် သူတို့ ကော်ဖီကို ဈေးကြီးရောင်းတာ တို့တွေ ရဲ့ တတိယ နိုင်ငံတွေ ကို ပိုက်ဆံပေးဖို့ ပါဆိုပဲ။ ခုတော့ တတိယနိုင်ငံသားဖြစ်တဲ့ ကိုယ်က အဲ့ဒီ ကိုယ်တို့ နိုင်ငံတွေကို ပေးမယ့် ဈေးကြီး ကော်ဖီ ကို ဝယ်ဝယ်သောက်နေတော့တာပဲ။ အိုလေ နှစ်ခါပေးတယ် ပဲ သဘောထားလိုက်တယ်။ မအေးလား။ ဇာတ်လမ်းက ဒီမှာ တင်မဆုံးသေးဘူး….

တွေ့လား စတားဘတ်ခ်စ် မင်ဘာကဒ် လုပ်ထားတာ။ သူက ပရီပိတ်ကဒ်လိုပါပဲ ကိုယ့်ဘာသာ ပို်က်ဆံကြိုဖြည့်ပြီး
တော့ ဝယ်တဲ့ အခါ ကဒ်လေးနဲ့ပေးပေါ့။ ဘေးက ဟာတွေကတော့ တနှစ်တခါပေးတဲ့ ပလန်နာ သူက ကဒ်နဲ့ သုံးတဲ့သူတွေကို နယူးရီးယား အချိန်မှာ ဘတ် ၂၀၀၀ ထည့်ရင် တအုပ်ပေးတယ်။ မနှစ်ကတော့ ပရိုမိုရှင်းက တမျိုး တနှစ်နဲ့တနှစ် မတူဘူး။ ဒီနှစ်တော့ စာအုပ်လိုချင်လို့ နှစ်ခါဖြည့်ရတယ် မောင် တအုပ် ကိုယ်တအုပ်။

ဒါလေးကတော့ တီ့ ပရိတ်သတ်ကောင်မလေးပေးတဲ့ကော်ဖီ ကိုနှပ်ထားတာပါ။ ကောင်းမှကောင်းပဲ မွှေးနေတာပဲ။

ကော်ဖီတွေပြီးတော့ လက်ဖက်ရည်လာပါမယ်။ လက်ဖက်ခြောက်တွေပေါ့။ ကြည့်ပါ ဘူးလေးနဲ့ကိုလာတာ။ တရုတ်ပြည်က တပည့်တွေ လာတော့ လက်ဆောင်ယူလာပေးတာ။ တရုတ်တွေများ သိပ်ပိုက်ဆံရှာတတ်တယ်။ လက်ဖက်ခြောက်ကို ဒီလိုဘူးတွေ ဘာတွေနဲ့ ထည့်ပြီးတော့ ဈေးကြီးပေးရောင်းတယ်။ အထဲမှာက ဘာမှသိပ်မဟုတ်ပေမယ့် ဒီလို သံဘူးနဲ့ဘာနဲ့ထည့်လိုက်တော့ ရုပ်ထွက်က ကွာသွားရောလေနော်။

ဒီတခုက ပိုဆိုးသေး ပိုတောင်ဈေးကြီးသေးတယ်။
တောင်မြင့်လက်ဖက်ခြောက်လို့ဘာသာပြန်ရင်ရမယ်ထင်တယ်။ သူက ဗူးလဲ ပိုလှတယ် ဈေးလဲပိုကြီးတယ် နောက်သူက လက်ဖက်ခြောက်မဟုတ်ဘူး လက်ဖက်စို ကို လုံးထားတာ ဂရင်းတီး အစစ်ပေါ့လေ။ ရေနွေးနဲ့ ထည့်လိုက်တော့မှ လက်ဖက်တွေက ပြန့်ပြီးတော့ အရွက်လိုက်တွေပြန်ဖြစ်တာ လက်ဖက်ခြောက်လို အကြမ်းနံ့ နဲ့ မဟုတ်ဘူး အစိုနံ့ မသောက်တတ်တဲ့သူအဖို့တော့ စိမ်းရွှေရွှေ ဖြစ်နေနိုင်တယ် တီကတော့ ကြိုက်တယ်။

ဒါလဲ လက်ဖက်ခြောက်ပဲ များလွန်းတော့ ပြန်လက်ဆောင်ပေးလိုက်တယ်။

ဒါလေးကတော့ တူတွေ သူလဲ ဘူးနဲ့လာတာပဲ တရုတ်တွေ တော်တော်ဘူးကြိုက်တယ် အမှန်တော့ သိပ်တန်ဖိုးမကြီးတဲ့ ပစ္စည်းတွေကို ဘူးထဲထည့်ပြီး သကာလ မတန်တဆ ဈေးနဲ့ ရောင်းကြတာ ကိုယ်တို့တွေ ဥပမာ ယူရမယ်။ ပိုက်ဆံရှာပုံကိုပြောတာ။


ဒါလေးတွေကတော့ နောက်ဆုံးပေါ့။ မောင့်လက်ဆောင်ပဲ။ တနေ့က ကော်ဖီထုပ်တွေသွားယူရင်း Terminal 21 လို့ခေါ်တဲ့ ရှော့ပင်းမော အသစ် မှာ ပရိုမိုရှင်းလုပ်နေတာနဲ့ တွေ့တော့ လိုချင်လို့ မောင့်ကို ပူဆာတာ မောင်က ဝယ်ပေးတယ်။ ချစ်စရာကောင်းလိုက်တဲ့ မောင်။ ဘာလုပ်တဲ့စာလဲ သိချင်လား။ ကင်မလာ လန်းစ် ဆေးတာပါ။ ဝမ်းတဆက် လာတာ။ တချောင်းချင်းစီ ကိုယ်လိုတာကိုပဲ ရွေးဝယ်လဲ ရတယ်။ ပါကင်ထဲမှာ လေးခုပါတယ်တဲ့ ကိုယ်တောင်ကြောင်သွားတယ် ဘာလေးခုလဲပေါ့ လက်စသတ်တော့ သူတို့က လန်းစ်ဆေးတဲ့ အချောင်းက ၃ ချောင်း ပြီးတော့ ပုဝါ ကိုပါ တခု အနေနဲ့ ထည့်တွက်တာကိုး။ အဲ့တော့ ပစ္စည်းလေးခုပေါ့။ ထားပါတော့။

သူက နှစ်ဘက်ပါတယ်။ အနီရောင် ခလုတ်လေးကို တွန်းလိုက်ရင် တဘက်က အမွှေးနုလေးတွေနဲ့ ဘရပ်ရှ်လိုဟာ
လေးထွက်လာတယ်။ ပြီးတော့ တဘက်ကို အဖုံးဖွင့်လိုက်ရင် လန်းစ် ကိုသုတ်တဲ့ အတံလေးထွက်လာတယ်။ သူက အပေါ်မှာ ကတ္တီပါလို အစလေးနဲ့ ပါတယ် နောက် တခုနဲ့ တခုမတူဘူး။ ဥပမာ လန်းစ် ဆေးတာဆိုရင် သူက ထိပ်အတံလေးက အခွက်လေးပြန်ပါသေးတယ်။ လန်းစ် ရဲ့ အခုံးကို အကွန်မော်ဒိတ်လုပ်ပေးဖို့ပေါ့။
နောက် နောက်ဘက်က ချောင်းကြည့်ပေါက်လေးအတွက်အတံသေးသေးလေးလဲ ပါသေးတယ်။
မက်ခရို ပန်လို့သူကခေါ်ပါတယ်။ နောက် အပိုတချောင်းက လန်းစ်ဖေလ်တာ အတွက်ပါ သူကတော့ ကတ္တီပါစက အပြောင်ပဲ ခွက်မပါတော့ဘူး။ ဖေလ်တာက ပြင်ညီကော။

ကဲ ဒီနေ့တော့ ပိုစ့်ကို လက်ဆောင်ပေးတဲ့ သူငယ်ချင်း စာဘတ်ပရိသတ်များကိုကျေးဇူးတင်သလို မောင့်ကိုလဲ ကျေးဇူးတင်ကြောင်းပြောရင်နဲ့ ဒီပိုစ့်လေးကို အဆုံးသတ်လိုက်တော့မယ်။ မောင်က မနက်ဖြန် ရန်ကုန်ပြန်ပါမယ်။ အဲ့တော့ တီ ပျင်းနေအုံးတော့မယ်။ အိ……

A Chen
7:40PM
Tuesday
13th Mar 2012
the Orange coffee shop
Phaya Thai
Bangkok

တက်ပမ်းနေပြီ

မောလှပါပြီလေ။ ဘဝကို ဒီလောက် ပင်ပင်ပန်းပန်း ရုန်းကန်ရတာ၊ တနေ့တနေ့ ဘာအတွက်လဲလို့ ကိုယ့်ကိုကိုယ် ခုတလော မကြာခဏ မေးမိနေတဲ့ မေးခွန်းတခုပေါ့။

ကိုယ်တို့တွေ နေ့တဓူဝ စားဖို့အတွက်၊ အမိုးအကာ (နေဖို့အတွက်)၊ ဝတ်ဖို့ အတွက် စတဲ့ အခြေခံ စားဝတ်နေရေး အပြင် တခြား အပို လိုချင်တာတွေအတွက် တနေ့တနေ့ ငွေနောက်ကို လိုက်နေရပါတယ်။ ကိုယ့်ကိုပဲ ကြည့်၊ နိုင်ငံရပ်ခြားမှာ မိကွဲ သူငယ်ချင်းကွဲ လာနေရတယ်။ ပြန်မေးကြည့်တော့ အလုပ်ထက် ငွေကပဲ အဓိက ဖြစ်နေတယ်။ အမှန်အတိုင်းပြောရရင် လုပ်ငန်းက လက်ရှိရုံးမှာတော့ ဒီ့ထက် ပိုတိုးတက်ဖို့ မရှိတော့ဘူး။ အဲ့တာအပြင် လက်ရှိ လုပ်နေရတဲ့ အလုပ်တွေက တနှစ်နဲ့ တနှစ် ပုံစံ တူချည်းပဲ၊ လုပ်ငန်း သဘာဝ အရ စိန်ခေါ်မှု မရှိတော့ဘူး။ ပုဂ္ဂလ အနေနဲ့လဲ တိုးတက်ဖို့ မရှိတော့ သလို အသစ် သင်ယူမှုလဲ မရှိတော့ဘူး။ ဒါပေမယ့် ကိုယ့် မပြစ်ခွာနိုင်သေးဘူး။ ကိုယ့် ဝင်ငွေ ကို မီခိုနေတဲ့ မိသားစုတွေအတွက်၊ ကိုယ့် လိုအင်တွေအတွက် ကိုယ် ဖက်တွယ်ထားရတယ်။ အဲ့တော့ ဘာဖြစ်လာသလဲ ဘဝ က ပိုပို မောလျလာတယ်။ ခုတော့ တနေ့ တနေ့ အလုပ် ကနေ အိမ်ပြန်တဲ့ အခါနွမ်းလျအိမ်ပြန် ဆိုတဲ့ စကားအသုံးအနှုန်းရဲ့ အဓိပ္ဗါယ် ကို ပိုမို နားလည် ခံစားနိုင်လာခဲ့ပြီ။

အိပ်မက်တွေလား ကိုယ့်မှာ ရှိတာပေါ့။ ရည်ရွယ်ချက် ဆိုတာ ထက် အိပ်မက် လို့ပဲ ကိုယ်က နာမည် တပ်ချင်ပါ တယ်။ ရည်ရွယ်ချက်ဆိုတာက ဖြစ်မြောက် အောင်မြင်ရမယ့် အချိန်ကာလ တခုရှိမယ်၊ အကောင်အထည် ဖော်နိုင် ဖို့ လုံလလဲ လိုတယ်။ ကိုယ်ကတော့ ဖြစ်ချင်စိတ်ပဲ ရှိတာ ဇွဲ မရှိခဲ့ဘူး။ ဖြစ်ချင်လဲဖြစ် မဖြစ်လာရင်လဲ ကျရာနေရာ မှာ အရုပ်ထင်အောင် နေခဲ့တယ်။

ငယ်ငယ်က အဆို ဝါသနာပါတဲ့ အတွက် ဝတ္ထုတွေ ဘတ်ပြီးတော့ အထဲက ဇာတ်ကောင်လို စားသောက်ဆိုင် တခု ခုမှာ သီချင်းဆိုတဲ့ လူတယောက် ဖြစ်ချင်ခဲ့ဘူးတယ်။ တနေ့လုံး အိပ်၊ စာအုပ်တွေဘတ်၊ စားချင်တာကို စားချင်တဲ့ အချိန်မှ စား၊ ထချင်တဲ့ အချိန်မှ ထ၊ အထိန်းအကွပ်မရှိတာ မျိုးမဟုတ်ဘဲနဲ့ လွတ်လပ်မှု ရှိတဲ့ ဘဝမျိုး လိုချင်ခဲ့ဖူး တယ်။ ညနေဘက်ကျတော့ ကော်ဖီဆိုင်လိုမျိုးမှာ ဂစ်တာလေးတီးပြီး သီချင်းဆို သုံးလောက်ယုံ လစာလောက်နဲ့ အသက်ရှုတာထက် အသက်ရှင်တာ ကို ပိုလိုချင်ခဲ့ဖူးတယ်။ ဆယ်ကျော်သက်အရွယ်လေ အိပ်မက် ရဲရဲမက်ခဲ့တာ
ပေါ့။ ဘဝ က ဘယ်လောက် ရုန်းကန်ရတယ် မွန်းကြပ်မှုတွေဘယ်လောက်များတယ် ဆိုတာ ဘာဆို ဘာမှ မသိခဲ့ အရာရာ ပေါ့ပေါ့တွေး ပေါ့ပေါ့နေ ခဲ့တာ။

ခုတော့လဲ ဘဝ က အရာရာ မောပန်းမွန်းကြပ်လှချည့်ရဲ့ လို့ မညည်းချင်ပေမယ့် ကိုယ်ထွက်ပြေးချင်တယ်။ လုံးလုံး
တော့ လွတ်နိုင်မှာ မဟုတ်ပေမယ့် ကိုယ်ဖြစ်အောင် လုပ်မယ်။ အနည်းဆုံး ကြိုးစားမယ်။ ကိုယ်မလုပ်ချင်တာတွေ
တော်တော်များများကို ငွေအတွက်တောင်ဖြစ်အောင် ကိုယ်ကြိုးစားခဲ့ ဖူးတာပဲ။ ကိုယ် လုပ်ချင်တာ ဖြစ်ချင်တာ အတွက် ဘာ့ကြောင့် မကြိုးစားနိုင်ရမှာလဲနော်။

ခုတော့ ကိုယ်ဆုံးဖြတ်လိုက်ပြီ။ အလုပ်ထွက်မယ်။ အိပ်မက်နောက်ကို လိုက်မယ်။ တနှစ်လောက်တော့ အနည်း
ဆုံးပေါ့။ ဖြစ်မလာတော့ကော ဘာအရေးလဲ တနှစ်လို့ ကိုယ်သတ်မှတ်ထားတဲ့ အချိန်ကုန်သွားရင် အလုပ်ပြန်ရှာ မှာပေါ့။ ကိုယ် ရည်မှန်းထားတာတွေဖြစ်မလာတော့လဲ တနှစ် ကိုယ်နားရမယ်၊ စာအုပ်တွေ ကို တဝကြီး ဘတ်ဖို့
အချိန်ရမယ်။ အေးအေး လူလူ နားရမယ် စားချင်တာတွေ ချက်စားမယ်။

ကိုယ်နားမယ်။ တကယ်ပြောတာ။ မောင်ကပြောတယ် နားတဲ့ မောင်ရှာ (လျှာ) ကျွေးမယ်တဲ့။

A Chen
4:39PM
Saturday
25th Feb 2012
Phavina Hotel,
Rayong, THAILAND

V Day 2012

ဒီနေ့ ကတော့ ဘာရယ်မဟုတ်ပါဘူး အလုပ်ပြေးပါတယ်။ သောကြာကတည်းက ဆက်တိုက် အစည်းအဝေး ၄ ရက် လုပ်လာတာ ဆိုတော့ မောပြီလေ။ မနက်ဖြန်ကျတော့လဲအစည်းအဝေးတခုရှိနေတော့ ပြေးလို့ မရပြန်ဘူး။ အဲ့တော့ ရတဲ့ အချိန်လေးပဲ မြန်မြန်ပြေးရတာ။ ပြီးတော့ ဒီနေ့က စိန့် ဗယ်လင်တိုင်း ကြီးကို သတ်တဲ့နေ့ဆိုတော့ ကလေးတွေ လူကြီးတွေ ပျိုပျို အိုအို သူသူ ငါငါ ဟိုနား တတွဲတွဲ ဒီနား တတွဲတွဲ လုပ်ကြမယ် မှလား။ ကိုယ်တို့လဲ ပါမှာပေါ့။

ပြီးခဲ့တဲ့ ရက်တွေက မနက် မနက် ၈ နာရီ အရောက်သွားရတော့ ဒီနေ့အလုပ်မသွားဘူးဆိုပြီး အတိုးချ အိပ်တာကတော့ တနေ့လုံးပါ။ (မှတ်ချက် ပုံမှန် တီချမ်း အလုပ်ချိန် သည် မနက် ၁၀ နာရီ မှာ ညနေ ၆ နာရီ ထိဖြစ်ပါတယ်။ ထမင်းစားချိန် ၁ နာရီ ပါပါတယ်။ တီချမ်းကတော့ မနက် ကို ၁၀ နာရီ သွားပြီး ညနေ ကို သူများတွေနဲ့ရောယောင်ပြီး ၅ နာရီလောက်ပြန်ပါတယ်) ညနေ ၃ နာရီလောက်မှ နိုးတယ်။ နိုးပြီးတော့လဲ ဘာမှ မလုပ်ချင်သေးတာနဲ့ မောင့် ကို အရင်ထ ခိုင်းပြီးတော့ အိမ်နားက ဆိုင်မှာ ထမင်းသွားဝယ်ခိုင်းပါတယ်။ မောင်က ငါးကြော် နဲ့ စားပြီးတော့ ကိုယ်က ဝက်အူချောင်းနဲ့ ထမင်းကြော် ကို အမဲသား ထပ်ထည့်ခိုင်းပြီးတော့ စားပါတယ်။ ကြက်ဥ ကြော် က နှစ်လုံးပါ။ ပြီးတော့ မောင်နဲ့ ကိုယ် တူတူ ဖက်ပြီးတော့ (အမှန်ကတော့ မောင့်ရင်ခွင်ထဲမှာပေါ့) ငှဲငှဲ ရုပ်ရှင်ကြည့်ကြပါတယ်။ ကိုယ်ကြည့်ပြီးသား I am sam ပါ မင်းသားရှောင်ပင်း နဲ့ ကလေးသရုပ်ဆောင် dakota fanning ပါတဲ့ကားလေးပါ။ အရမ်းသနားစရာကောင်းတယ်။ ဇာတ်လမ်းအကြမ်းက ရှောင်ပင်းက ကျပ်မပြည့်ပါဘူး။ စတားဘတ်မှာ အလုပ်လုပ်ပါတယ်။ သူ့မှာက ၇ နှစ်သား အရွယ် အသိဥာဏ်ပဲရှိတာပါ။ ဇာတ်လမ်းအစမှာပဲ လမ်းပေါ်က မိန်းမတယောက်နဲ့ ကလေးရပါတယ်။ သမီးလေးပေါ့။ the Beatles ရဲ့ သီချင်းတော်တော်များများကို ဇာတ်ဝင်သီချင်းအနေနဲ့ သုံးထား ပါတယ်။ နောက်တော့ ကလေးက ကြီးလာ သူ့ထက်ပို သိလာ။ အတန်းထဲမှာ စာတမင် မတော် အောင် စာမလုပ်တော့တဲ့ ကလေးအဖြစ် ဒါကိုတာ က သရုပ်ဆောင်တာပါ။ နောက်တော့ ဒါကိုတာ ရဲ့မွေးနေ့မှာ ဖြစ်တဲ့ အက်ဆီဒန့် တခုကြောင့် ကလေးကို ဆိုရှယ် ဆားဗစ် တွေက ခေါ်သွားဖို့ ဖြစ်လာပါတယ်။ အဲ့တာကို ရှောင်ပင်းက ရှေ့နေ (မစ်ရှယ်ဖိုင်ဖား) အကူအညီ နဲ့ပြန်ရအောင် တရားဆိုင်တဲ့ မေတ္တာဘွဲ့ ကားလေးပါ။ မောင့်ကို ကြည့်စေချင်လို့ တနေ့ က ပြန်ဝယ်လာတာပါ။ အဲ့တာနဲ့ မောင်နဲ့ တူတူဖက်ပြီးတော့ ရုပ်ရှင်ကြည့်။ ပြီးတော့ ကလေး နှစ်ကောင် နဲ့ ပါရာဂွမ် သွားပါတယ်။ သမီးက TV သွားဝယ်တာပါ။ အစကတော့ သားက ဝယ်ဖို့နောက်တော့ သမီးက ဝယ်ဖြစ်သွားတယ်။ ထားတော့။ ပြီးတော့ sunrise taco ဆိုတဲ့ မက္ကဆီကန် ဆိုင်မှာ ညစာစားကြတယ်။

သားရိုက်ပေးတဲ့ မောင်နဲ့ ကိုယ်နဲ့ ပုံပါ။ တွေ့တယ်နော် ပိန်သွားတာ။ ပိုလဲလှလာတယ်။ ညှင်းညှင်း။

ဒါတွေကတော့ စားဖြစ်ကြတာတွေပေါ့။ မောင်ကတော့ ကြက်သားမစားလို့ ငတ်ပါတယ်။ အရှေ့ဆုံးက နာချို။ အလယ်က ဘာလဲ မမှတ်မိတော့။ နောက်ဆုံးကတော့ တာကိုပါ။

ပြီးတော့ လက်ဆောင် ဝယ်ဖို့ပြင်တော့ ကိုယ်လိုချင်နေတာ ၃ နှစ်ရှိပြီဖြစ်တဲ့ ကော်ဖီ နှပ်တဲ့ ခရား ကိုမောင်က ဝယ်ပေးပါတယ်။ ပြောထားပြီးသားပါ။ ဘာလိုချင်တယ်ဆိုတာကို။ သွားဝယ်တော့ ကိုယ့်ဘာသာပဲ သွားဝယ်လိုက် တယ်။ မောင့်အတွက်လဲ (လွယ်လွယ်) စတားဘတ်ခ် ကပဲ ဝယ်လာလိုက်တယ်။ အမှန်ကတော့ ဗီဒေး မှာ ချောကလက် ကျွေးချင်တာက အဓိကပါနော်။ (ဒီလိုပဲ ပြောရတာပေါ့ ကိုယ်က ပေါတာပဲ ဝယ်ပေးတာကိုးနော်)

TA DA ………….!

အိတ်ကတော့ နှစ်အိတ်နော် ကဲ ဘာတွေပါမလဲ ကြည့်ကြရအောင်…. အသေးလေးကတော့ ဟုတ်ပါတယ် တီက မောင့်ကို ပေးတဲ့ ဗီဒေး လက်ဆောင်ပါ။
အိပ်ချလောင်း……………….

ဟုတ်ကဲ့ expresso ခွက်ကလေး နဲ့ ချောကလက်ပါ။ မောင့်အတွက် က ချောကလက် ဖြစ်ပြီး ကိုယ့်အတွက်က ခွက်ပါ။ အို အပြစ်တင်မစောကြနဲ့လေ ချောကလက် က အသည်းပုံဆိုတာကော တွေ့ရဲ့လား။ ပြီးတော့ လေး ခုတောင် ဆိုတော့ တယောက် နှစ်ခု စားရတာပေါ့။ အော် ကြုံလို့ပြောအုံးမယ် အခု တော်တော်များများ သုံးကြတဲ့ အသည်းပုံဆိုတာ က တကယ်တော့ ကိုယ်တို့ လူ့ အသည်း ဆိုတဲ့ ကလီစာ စစ်စစ် ကို ပုံတူယူတာ မဟုတ်ဘဲ အရှေ့ ကို ကုန်းနေတဲ့ အမျိုးသမီး တင်ပါး ကို ပြောင်းပြန်လှန်ထားတဲ့ ပုံကို ယူထားတာပါတဲ့။ ဖြစ်တော့ ဖြစ်နိုင် တယ် အသည်းဆိုတဲ့ ကလီစာက တော့ ဒီလိုပုံမဟုတ်တာသေချာတယ်လေနော်။ မယုံကြည်တဲ့ သူများ ရှာဖွေ ဖတ်ရှုကြကုန်။ ဤကား တီချမ်းဘတ်မှတ်ထားသော ဗဟုသုတ တပိုင်းတစ မျှသတည်း။

မောင်ပေးတာကို ကြည့်ကြရအောင်နော်…………ဗူး ကြီးကြီးနဲ့လာပါတယ်။ ဖောက်လိုက်တော့ ဒီလိုတွေ့ရပါတယ်။ ဗူးက သူ့ဗူး အစစ် မဟုတ်ပါဘူး။ သူ့ဗူး ရှာမတွေ့တာနဲ့ ရှိတဲ့ လက်ဖက်ခြောက်ဗူး နဲ့ ထုပ်ပေးလိုက်တာပါ။

ဒါ့တာ…………..TADA………!@@@

ဟုတ်ကဲ့ တီချမ်း လိုချင်နေတာ ကြာလှပြီဖြစ်တဲ့ ကော်ဖီနှပ်တဲ့ ဘီကာ ခွက်ကလေးပါ။ လက်ကိုင်ပါတယ်။ စတားဘတ်ခ်က ထုတ်လုပ်ပါတယ်။ ဈေးကြီးတယ် ထင်လို့ (မတန်ဘူးထင်လို့) မဝယ်ခဲ့တာပါ။ ခုတော့ သူများဝယ်ပေးတော့ တန်တန် မတန်တန် ကိုယ့်အလုပ်မဟုတ်တော့ဘူးပေါ့နော်။ နှစ်နှစ်ခြိုက်ခြိုက် သုံးစွဲဖို့ ကသာ ကိုယ့်အလုပ် ဖြစ်သွားတာပေါ့နော်။ ကဲ ဒီနေ့တော့ ဒီလောက်ပဲကြွား အဲလေ…….တော်ပြီလေနော်။

အမြည်း။

နောက်နေ့ကျရင် ချက်ထားတဲ့ ယိုးဒယား မြောက်ပိုင်း စတိုင်လ် ဝက်နံရိုး ချဉ်ရည်ဟင်း ချို ကိုတင်ပေးမယ်။

နောက် တောင်းဆိုနေကြတဲ့ တီချမ်း ပိန်နည်း ကို ပြောပြမယ်။

နောက် သခွားသီး အစာသွပ် ဟင်းရည် ကို နည်းပေးမယ်နော်။

A Chen
01:08 AM
15th Feb 2012
Wednesday
Home
Bangkok

သရီး ရီးယား အီဗာလူးအေးရှင်း

သရီးရီယား အီဗာလူအေးရှင်း

အော်…….
ပြန်ရပြန်ပြီ
ဖနွမ်ပင်မှသည်
ခဏတာ ခိုနားရာ ဌာနီ
ဘန်ကောက်မြေဆီ

မွေးရပ်မြေမဟုတ်ပေမယ့်
တရွာပြောင်းလာခဲ့တဲ့ကျား
သူကောင်းဖြစ်လား၊ မဖြစ်လား
မသေချာပေမယ့်….
မသေသေးတာလဲသေချာတယ်

သြော်ဘာလိုလိုနဲ့
၃နှစ်၃မိုးပြည့်တော့မယ်
အရင်ချိန်တွေဆိုရင်တော့
တက္ကသီလာ
၁၈ ရပ်ပညာ ငါစုံပေတော့မပေါ့

ခုတော့ ငါ့မှာ
ကြင်ယာ သာရ
ပညာက မပြည့်ဝ
ဘောင်ဘင်ခတ်ဆဲ
မိသားစုတာဝန်တွေက
ပခုံးထက်မှာ
နှစ်ဘက်နှစ်ချက်
လှုပ်ဆဲရှားဆဲ

မောပမ်းမှု ဘဝကြားမှာ
ရုန်းဆဲ ကန်ဆဲ
လေကြမ်းလာ အံတုဆဲ
ရေစုန်လဲ မဝံ့မရဲ
ဗေဒါကို ကဗျာတွေ ဘတ်ပေမယ့်
သူ့လောက်လဲ ငါမရဲ

ခရီးတွေထွက်ပေမယ့်
ဒေသန္တရလဲ
စိတ်မဝင်စားတဲ့ငါ့ခမျာ
ဟိုတယ်ခန်းရယ်
အလုပ်ရယ်
အိပ်မယ်
စားမယ်

တခါတခါတော့လဲ
ရောက်နေရာဘဝ
ကျေနပ်နေပါက
နေပျော်မယ်ထင်ပါ့
ကဗျာလေးရေး
စာလေးဆွေး…

ကာဖီလေးနဲ့
သံစဉ်လေးနဲ့
စာအုပ်လေးဘတ်
အတွေးလေးတွေ ဖွဲ့သီ
အဆွေးလေးတွေ မေ့မည်

အော် ငါဟဲ့ ငါးခြောက်ပြား(အတည်ရေးတဲအခါ ယောက်ျားလို့သုံးပါမည်)
ဆိုပြီး နေဒဏ်ကိုအံတု
ငါမမှုဘူး
ဘဝဒဏ်ကိုလဲ ငါ ဂရုမပြု

အိမ်ပြန်ခရီးနီးသလား
ငါမသေချာ
သေချာတာက
အိမ်အပြန် စောင့်နေမယ့်
ချစ်သူ့မျက်နှာ
အမောပြေ
ရေတခွက်ပေလား
ဘဝရေ….
နင့် မမှု လို့ အော်ဟစ်မြည်ကြွေး
လာပြီ ငါ…လာပြီ
ငါလာပြီ….

မှတ်ချက်
လေယာဉ်စောင့်ရင်း ပျင်းပျင်းနဲ့ စိတ်ထဲပေါ်လာရာလေးတွေ ဟိုခြစ်သည်ခြစ်…
ဘာလိုလိုနဲ့ ၃ နှစ်ပြည့်တော့မည်

A Chen
09:26 AM
Friday
17th June 2011
Cambodia International Airport
on the way back to Bangkok

ရိုးစင်းသော

ရိုးစင်းသော ခုတလော သူသိပ်အထီးကျန်နေပါသည်။ နေ့တဓူဝ အလုပ်တွေ ပုံမှန်လုပ်ဖြစ်နေသော်လည်း လူက စိတ်နဲ့ သိပ်မကပ်။ မနက်ဆိုလျင် သူက စောစောထနေကျ၊ မနက်ကို စောစောထပြီး လျင် ကော်ဖီတအိုးနှပ်လိုက်သည်။ ထို့နောက် ထုံးစံအတိုင်းလမ်းလျောက်ထွက်မည်။ လမ်း လျောက်ထွက်ရာက အပြန်ဈေးကလေးထဲမှာ ဝယ်လာသော နံနက်စာ ကို ကော်ဖီနှင့် စားသောက်မည်။ ဒါတွေက နေ့တိုင်း သူလုပ်နေကြတွေ။ ပြီးလျင်တော့ သတင်းစာ ပို့သမားကို အိမ်ရှေ့ကပြင် ကနေမျှော်မည်။ တခါတရံများ မိုးတွေ လေတွေကြောင့် သတင်းစာ အပို့နောက်ကျလျှင် မနေ့က သတင်းစာကို ဖင်ပြန်ခေါင်းပြန် အပြန်ပြန် အလှန်လှန် ဘတ်နေတတ်သေးသည်။ ၁၀ နာရီလောက်ဆိုလျှင်တော့ မနက်စာ ချက်ပြုတ်ဘို့ သူစရသည်။ သူ့မနက်စာသည် တကယ်တော့ အင်မတန်မှရိုးရှင်းလှပါသည်။ တကိုယ်တည်းသမားဆိုတော့ များသောအားဖြင့် ဖြစ်သလိုသာ စားလေ့ရှိသော်လည်း သူသည် အစားအသောက်ကို ခုံခုံမင်မင်ရှိသူဖြစ်သောကြောင့် မကြာမကြာဆိုသလို မိမိဘာသာ စားချင်သည်လေးများကိုလည်း ဖွယ်ဖွယ်ရာရာ ချက်ပြုတ်စားသောက်တတ်ပြန်သေးသည်။ အဲ့ဒီနေ့ကတော့ ပြက္ခဒိန် အလိုအရဆိုလျှင် သောကြာနေ့ဖြစ်သည်။ ၁၃ ရက်နေ့တော့လည်း မဟုတ်ပြန်ပါ။ သို့သော် မိုးတွေကတော့ မဲမှောင်နေအောင်ပင် ပတ်ဝန်းကျင် တပြင်တခွင်လုံး လိုလို မှိုင်းညို့လို့နေသည်။ အတွေးတွေက အတိတ်ကို လွင့်သွားပြန်သည်။ လွန်ခဲ့သော ဆယ်စုနှစ်တခုခန့်က ဒီလိုမျိုး မိုးသည်းနေ့တနေ့မှာ သူချစ်တဲ့ သူတယောက်ကို သူချစ်လျက်နဲ့ပဲ စွန့်လွှတ်ဖူးခဲ့သည်။ အချိန်က ကုစားပေးလိမ့်မယ်ဆိုသော စကားသည် အခါခပ်သိမ်း မမှန်ပါ။ သူတို့နှစ်ယောက်၏ အဖြစ်အပျက်က သက်သေပဲဖြစ်သည်။ ထိုအချိန်တုံးကတော့ သူသည် တက်ကြွသော ရည်မှန်းချက်ပြည့်ဝသော ရိုးသား ကြိုးစားသော သာမန်လူငယ်လေးတယောက်သာဖြစ်သည်။ သူ့မှာ ရည်မှန်းချက်တွေရှိသည်၊ တောက်ပ သော အနာဂတ်တခုကို သွားမည့် သေချာသော လမ်းကြောင်းရှိသည်။ သူ့ရဲ့ဘေးမှာ ဖဝါးမကွာ လိုက်နေသော နွေးထွေးသည့် အကြင်နာလက်နှစ်ဘက် နှင့် မြဲမြဲခိုင်နေသော ချစ်သူရှိသည်။ ဒါတွေသည် ခုတော့လဲ အိပ်မက်တွေလိုပဲ ဝေးဝါးလွင့်ပါးကုန်ခဲ့ပြီ။ ခုတော့လဲ ဘဝက သူ့အတွက် လှေလှော်ရင်းတက်ကျိုးခဲ့တာလား၊ လမ်းလျောက်ရင် ခြေခေါက်ခဲ့တာလား၊ ကိစ္စ မရှိပါ ဘဝသည် ဘဝပဲ ဖြစ်တဲ့ အတွက်ကြောင့် ခလုတ်ကသင်းတွေ ရှိနိုင်ပါသည်။ ရှိပါလိမ့်မည်။ တက်ကျိုးတော့ လက်ထိုးလှော်ဆိုသလို ခြေခေါက်ရင် ခါပြီး ပြန်ထရမှာပေါ့။ ပြန်ထ ခဲ့ပါသည် ဒီလိုနှင့် သူပြန်ထခဲ့ပါသည်။ အရင်တုံးက ဘေးနားမှာ ရှိခဲ့တဲ့ ချစ်သူဆိုသူကိုလဲ ချစ်သူနှစ်နာမှာစိုးလို့ ဟုသော် အတ္တသက်သက်ဖြင့် သူချစ်သူကို ထားခဲ့ပါသည်။ သူကတော့ ချစ်သူအတွက် ဟုထင်သော်လည်း ချစ်သူကဖြင့် ဒီလိုမြင်ပါ့မလား။ သို့သော် ကိစ္စ မရှိပါ ချစ်သူသည် အခုချိန်ထိ ရင်းနှီးသော သူငယ်ချင်း အဖြစ်ဖြင့် သူ့ဘေးတွင် ရှိနေပါသေးသည်။ ဒါဆို သိပ်မဆိုးသေးဘူး ဟု မိမိဘာသာ ဖြေသိမ့်လိုက်မိသည်။ အတ္တကို သာအနိုင်ပေးမိတာ သူ့ဘဝတွင် ခဏခဏ သို့မဟုတ် အခါခါ ဖြစ်နေကျ အဖြစ်အပျက် တခုသာဖြစ်သည်။ ဒါကလည်း လူပီသတာပဲ ဟု အတ္တကြီးကြီး ဖြင့် သူ့ဘာသာ မိမိကိုယ်ကို ဆင်ခြေပေးမိပြန်သည်။ သူတရားရဲ့လား ကိစ္စ မရှိပါ။ ဘဝရော၊ လောကကြီးရော၊ ကံကြမ္မာရော၊ အချစ်ရော၊ စစ်ရော တရားတာတခုမှမရှိ ဆိုမှတော့ သူကော တရားနေရအုံးမှာတဲ့လားလေ။ ခုတော့လဲ ဘာလိုလိုနဲ့ နေလာလိုက်တာ လူ့ဘဝမှာ တဝက်ကျိုးတော့မည်။ သူ ဘာမှတော့ ဖြစ်မလာသေးပေ။ အိမ်တွေ ကားတွေ စသော ပိုင်ဆိုင်မှုများဖြင့် တိုင်းတာမည်လျှင်တော့ သူခုထိ လူမဖြစ်သေးဘူးပေါ့။ ဒါပေမယ့် လုပ်ခဲ့တဲ့ အလုပ်တွေ အဲ့ဒီ အလုပ်နဲ့ ပတ်သက်ဆက်စပ်နေတဲ့ လူတွေ ရရှိတဲ့ အကျိုးကျေးဇူးစတာတွေ နဲ့ တိုင်းတာမယ်ဆိုရင်တော့ သူတခုခု ဖြစ်ခဲ့ပါပြီ။ လုပ်ခဲ့ပါသည်။ ကိစ္စ မရှိပါ ဒီနေရာမှာ ပေတံမရှိတဲ့ အတွက် ကိုယ်ကြိုက်ရာ ပေတံယူပြီးတိုင်းပါလေ။ ချစ်သူဆိုတာ ဘယ်နေမှန်းမသိတော့ပေမင့် ဘဝလက်တွဲဖော် ဆိုတာ ကိုတော့ သူ လျောက်ရင်း လမ်းမှာ နားလည်လာခဲ့ပါသည်။ ထိုထိုသော သွင်ပြင်လက္ခဏာများနှင့် တိုက်ဆိုင်သော သူတယောက်ကို လည်း တွေ့ခဲ့ပါသည်။ ချစ်သူမဟုတ်ပေမယ့် ချစ်သူယောင်ယောင် ထင်မြင်မိလောက်အောက် ထိုသူကသူ့ ကိုချစ်ခဲ့ပါသည်၊ ချစ်နေပါသည်၊ ချစ်နေဆဲဖြစ်ပါသည်။ သူကကော…? ချစ်သည်ဟု ထင်သလိုလို ရှိသလိုလို တခါတခါတော့လဲ သူကတော့ သူ့ကို အသုံးချယုံပဲ ဟု သူ့ဘာသာတယောက်ထဲ မျက်စိမှိတ်၍ လောကကြီးနှင့်အပြိုင် ငြင်းချင်ပါသေးသည်။ တခါတခါတော့လဲ သူက သူ့ကို အသုံးချနေတာပါ ဟု မြင်ယောင် ထင်ယောင်မိပြန်ပါသည်။ အဲ့တာကရော အရေးကြီးပါသလား…? လူနှစ်ယောက်အတူတူနေရင် ဘယ်အရာက ပိုအရေးကြီးပါသလဲ။ အိမ်ထောင်ရေး ဟု မခေါ်ဆိုနိုင်သော်လည်း တချို့တချို့သော် တရားဥပဒေပါ ပညတ်ချက်များအရ သူအိမ်ထောင်ကျနေပါသည်။ ကိုတာရာကြီးကတော့ လင်းဗင်းတူ ၈ ပဲသား ဟု ပြောပါသည်။ သာယာပါသည်။ သာယာလျှင် အိမ်ထောင်မည်သည်လား? သူ့မှာအဖြေမရှိပါ။ ထို့ကြောင့် ထိုမေးခွန်းကို မမေးသလို ဖြေဆိုဖို့လဲငြင်းဆန်လေ့ရှိသူမှာ သူသာဖြစ်သည်။ အိုးထဲမှ ကော်ဖီကိုခွက်ထဲလောင်းထည့်ကာ သကြား နှစ်တုံးပစ်ထည့်လိုက်သည်။ ကော်ဖီ ကို သူချိုချိုကြိုက်ပါသည်။ သို့သော် ချိုချိုဆိုသော် နာမည်ကိုတော့ သူမကြိုက်ပါ။ မိန်းကလေး များ ကို ချိုချိုအောင်ဟု တချို့ကောင်လေးများစကြတာ ကြားဖူးပါသည်။ သူမကြိုက်ပါ။ သူ့အမြင်တွင် ရိုင်းသည်ဟု မြင်ပါသည်။ ဂျန်ဒါအကြောင်းကို သူသေသေချာချာ နားမလည်သော်လည်း သူဘာကို မကြိုက်သလဲ ဆိုတာကိုတော့ သူသေသေချာချာသိပါသည်။ အိမ်ခန်းထဲ သို့ လှမ်းကြည့်လိုက်သောအခါ သူ့ လက်ရှိ ချစ်သူ (ဘဝ လက်တွဲဖော်) နိုးလာလုပြီ ကိုတွေ့ရသည်။ အပျင်းကြော ဆန့်နေသော ချစ်သူကို ကြည့်၍ ကော်ဖီ ရပြီ မောင် ဟုပြောလိုက်သောအခါ ချစ်သူကပြုံးပါသည်။ ခုတော့လဲ ချစ်သူ့အပြုံးသည် သူ့အတွက် ပွင့်သောပန်းများပဲ ဖြစ်နေသည်မှာ ကာလအားဖြင့် လပြည့် ၆၀ ခန့် ပြည့်ပြီးပြီဖြစ်သည်။ မနက်စာချက်ဖို့ ပြင်ဆင်ယင်း ဘဝဆိုတာ ဒီလိုပါလားဟု အသက် ၃၀ ပြည့်ခါနီး သူတယောက်တည်း တိတ်တိတ်ဆိတ်ဆိတ် ဆင်ခြင်လာမိပါသည်။ A Chen 3:01 PM 11th February 2011 Friday Bangkok

ကြွ…ကြွာ…ကြွား…

ကဲကဲကဲ လာပြီ လာပြီ ဒေါ်သက်ရီနော်
ခေါင်းစဉ်ကိုအရင်ကြည့်ပါ ကျေနပ်မှ ဆက်ဖတ်ပါ ဒါပဲ………………………..

ဒီနေ့ အိပ်ရာထနောက်ကျပါတယ် မနေ့က စောစောအိပ်ရဲ့သားနဲ့တောင် ၁၂ ခွဲလောက်မှ နိုးပါတယ် ဘာ့ကြောင့်လဲ လို့ ဇမ်နူးလိုအော်ရမလိုပါပဲ စနေ တနင်္ဂနွေ လုပ်မယ် ကြံထားတဲ့ အလုပ်တွေ တခုမှ မပြီးပါဘူး
ခုတော့ ညလုံးပေါက် လုပ်ရတော့မယ်ပုံပါ မနက်ဖြန်မပြီးလို့ မရပါဘူး မျဉ်းက သောကြာကတည်းက သေနေတာပါ (dead line=line was dead on friday) အဲ့တော့ ကိုယ့်အပြစ်နဲ့ကိုယ် ကိုယ်ရွေးချယ်တဲ့လမ်း ညလုံးပေါက်အပြီး လုပ်ရပါတော့မယ် အဲ့တာတောင် ခု ၁ နာရီခွဲ ကို အလုပ်မစနိုင်သေးဘဲ လျှာရှည်ပြီး ကြွားချင်နေပါသေးတယ် မကြွားလို့လဲ မဖြစ်ဘူးလေ
ဒီနေ့ အပြစ်တခု ကျူးလွန်ခဲ့တယ် ရာဇဝတ်မှုပဲဆိုပါတော့
ဘာလဲ သိချင်နေကြပြီမှလား ……………..ဟိဟိ

ဒီနေ့ အိပ်ရာနိုးတော့ သား (မွေးစားသား literally) နဲ့ ကွန်ပျူတာ စီးတီး လို့ခေါ်တဲ့ ပန်တစ်ပ် သွားကြမယ် လို့ ချိန်းဖြစ်ပါတယ် ကွန်ပျူတာ သိပ်မကောင်းတာလဲ ပြတင်းပေါက် ချချင်လို့ပါ အဲ့တာနဲ့ ရောက်သွားကြပါတယ် အစကတော့ ဟိုဟိုဒီဒီပါပဲ လျောက်ကြည့် မျက်စိမှောက်ကြည့်တာပေါ့
အဲ့မှာ မနေနိုင်မထိုင်နိုင် နဲ့ ကွန်ပျူတာ ထည့်တဲ့ အိပ်တလုံးဝယ်ပါတယ် belkin ပါ ခုတလော အဲ့တံဆိပ် ကို သိပ်သိပ် အာရုံကျနေပါတယ် တလောကပဲ အိုင်ပေါ့ အတွက် အိတ်ကလေး ကိုအဲ့တံဆိပ်ဝယ်သေးတယ် အဲ့ကတည်းက…………….
“xxxxxxxxxxxxxxxxx………….သူ့ကိုမှ ချစ်မိနေပါတယ်…..xxxxxxxxx……တွေ့နေမြင်နေရတော့…..xxxxxxxxxxxx ဝယ်မိပြန်သေးတယ် မျက်စိထဲတဝဲလည်လည်..xxxxxxxxxxxxxxx..”အဲ့လို ဖြစ်နေတာပါ အောက်မှာ ကြည့်ပါ လှပါတယ် သိပ်သိပ် သဘောကျပါတယ် ဝယ်မိတာ ကိုနောင်တမရပါဘူး…………..
ဇာတ်လမ်းက အဲ့မှာ မရပ်ဘူးလေ ရာဇဝတ်မှု လို့ပြောထားပါတယ် ဒါလေးဝယ်တာကတော့ ဘယ်လိုပြောမလဲ လိမ်လည်မှုလောက်ပဲပေါ့ အောက်ကဟာကမှ တကယ့် အမှုကြီးပါ……………….
ကြည့်လိုက်တော့ ……………….ကြည့်လိုက်ကြတော့……………..SHARP AQUOS No 1 TV in Japan တဲ့ အဲ့လိုရေးထားပါတယ် ကြည့်မိတယ် ဟယ် လှလိုက်တာ ပေါ့ မီးပွင့်သွားပါတယ် သူက ကိုယ့်ကို ကြည်ကြည်နူးနူး စိုက်ကြည့်တယ်လေ အကြည့်ချင်းဆုံ ရင်တွေ ခုန်ကြပြီပေါ့ သူက ပြောတယ် အိမ်ခေါ်သွားပါလားတဲ့ ကိုယ်ကလဲ သိပ်သိပ်ခေါ်ချင်ပါတယ် မြင်မြင်ချင်း ချစ်မိပြီကိုးနော်………….အိမ်မှာ မနှစ်က ဝယ်ထားတဲ့ ၂၂ လက်မ အယ်လ်ဂျီ ရှိပါတယ် အသစ်အတိုင်းပါပဲ ဒါပေမယ့် ခုတလောမှ ဖြစ်နေတဲ့ စိတ်စေတသိတ်တခုရှိပါတယ် အဲ့တာက တီဗီ ကြီးကြီး ကြည့်ချင်တဲ့ရောဂါပါ ဘယ်လိုက နေ ဘယ်လိုဝင်လာလဲတော့မသိပါဘူး တလောက ဆိုနီ အိမ်သီရေတာ ဝယ်လိုက်ကတည်းက လက်ရှိ ရှိနေတဲ့ တီဗီ ကို သိပ်သေးတာပဲ လို့ အထင်အမြင်သေးမိပါတယ်
မချစ်ချင်တော့တဲ့ အခါ အပြစ်မြင်လာပြီလေ ဝိုင်းစုခိုင်သိန်း သီချင်းလဲ ဒီအချိန်မှာ နားမဝင်တော့ဘူး အဲ့တော့ ဖြတ်မယ်လို့ အကြောင်းရှာပါတယ် တွေ့ပြီ သူသိပ်သေးတယ် ၂၂လက်မ ဆိုတော့ ဘာရှိလို့လဲ ကြည့်ရတာတောင် ကြည်ကြည်လင်လင်မရှိဘူး………..ဘာမှန်းကိုမသိဘူး ကြည့်လို့ကိုမရဘူး ဘာညာ ဘာညာ ပေါ့ ဆူညံ ပူညံ လုပ်လိုက်ပါတယ် ကိုယ် သူ့ကို ပစ်တော့မယ်လေ……….အမေ့ဆီ ပစ်ရမလား မောင့် ဆီ ပစ်ရမလား (ပစ်စေချင်တဲ့နေရာ လာမန့်လို့ ရပါတယ်………….)
အဲ့တာနဲ့ ခုနက ပြောတဲ့ ကွန်ပျူတာ စီးတီးမှာ ကြည့်တယ် ကြည့်တော့ တွေ့တာပေါ့နော် သူကလဲကိုယ့်ကို ကြည့်ကြည့်နေတယ်လေ ဘာလို့ကြည့်လဲမေးကြည့်တော့ အိမ်ခေါ်သွားပါလားဟင်တဲ့ ………..
ကိုယ်က စဉ်းစားပါရစေအုံးဆိုတော့ နှစ်လုံးပဲ ကျန်တော့တာတဲ့ ခေါ်ရင် မြန်မြန်တဲ့ ပြီးတော့ သူ့ကိုခေါ်ရင် သူက လက်ဆွဲအိတ်နဲ့ပါ လိုက်မှာတဲ့ (ဘေးက ပုံက လက်ဆွဲအိတ်က အပိုပေးတာပါ တီဗီဝယ်လို့) အဲ့တာနဲ့ ဈေးမေးကြည့်တော့ ၁၂၉၀၀ ဘတ်တဲ့ ဘုရားပေါ့ ပြီးတော့ မှ သူတို့ က ၁၀၀၀ လျော့ပါမယ်တဲ့ တွက်ကြည့်လိုက်တယ် မဆိုးဘူးပေါ့……….ဘေးက အိတ်ကိုလဲ အရမ်းကိုလိုချင်နေပြီ တီဗီ ကတော်တော် အိတ်က ကဲကဲ ဖြစ်နေတယ် အဲ့လိုပဲ ကိုယ်က အပိုပေးတာ တွေကို ပိုစိတ်ဝင်စားတယ် ကိုယ့်လိုလူတွေ ရှိနေလို့လဲ ဒီလို ပရိုမိုရှင်းတွေ အလုပ်ဖြစ်နေတာ အော် သူလဲရောင်းချင်ရှာမှာပေါ့လို့ ဖြေတွေးပေးလိုက်ပါတယ် သူတို့ရောင်းတာလေး တခုလောက်ဝယ်လိုက်ရင် ဒီလို ပစ္စည်းတွေ ထုတ်တဲ့ နေရာ ဥပမာ တရုတ်ပေါ့ အဲ့က လူတွေ အလုပ်ရမယ် သူတို့တွေ အလုပ်ရ ရင် သူတို့ မိသားစုတွေ စားဝတ်နေရေး အဆင်ပြေမယ် အဲ့လိုတွေးပြီးတော့ ကဲကဲ ငါ ကူလိုက်ပါမယ်လေ လို့ ဆိုပြီး “……………..xxxxxxxxxxxxxxxx…………..မျက်စိကို အနားပေးxxxxxxxxxx……လက်မှတ်ထိုးကာ ကိုယ်ဝယ် ……………….xxxxxxxxxxxxxxx…………စာရွက်ပေါ် ချိန်ရွယ် ရေးချလိုက်တယ်………..အစိမ်းတွေရယ် ထွက်ပြန်ပကွယ်…………….xxxxxxxxxxxxxxx………..စုဘူးလေးထဲမှာ ပြည့်ရန်တယ်မမြင်တယ် …………..ဒီိလိုနဲ့ ပဲ အကြွေးထဲမှာ တို့က တဝဲလည်လည်…………xxxxxxxxxxxxxxxx”…………

(မှတ်ချက် အကြွေးတော့ မတင်သေးပါ ခုက ရသမျှ လစာ ကို တလ တလ ကုန်အောင်သုံးတဲ့ အဆင့်ပဲ ရှိပါသေးတယ် လစာက များသော်လည်း ဘဏ်လက်ကျန်ငွေ အမြဲ ဘဲဥ ဘဲလန့်စ် ဖြစ်တဲ့အတွက် ဘဏ် က ခရက်စ်ဒစ် ကဒ် လျောက်တာ ပယ်ပယ်ချပါတယ် နှစ်ခါရှိ နှစ်ခိရှာပြီ……………အဲ့တာပဲ ခပ်ကောင်းကောင်းလို့ ကိုယ့်စိတ်ကိုယ်ပြန်ဖြေရပါတယ် မဟုတ်ရင် ကိုယ့်လက်ဖွာပုံနဲ့တော့ အကြွေးတွေ လည်စိနစ်နေမှာ မြင်ယောင်ပါသေးတယ်)

“………….xxxxxxxxxxxxxxx………..ဒီလိုနဲ့ ပဲ……………xxxxxxxxxx………. ထောင်တန်လေးတွေ တဖြုတ်ဖြုတ်ကြွေ………..xxxxxxxxxxxxxx……… မိုးဆောင်းနွေ ပြက္ခဒိန်တွေ တမျိုးပြောင်းနေ”

ကြည့်လိုက်ပါ မိုက်ပါတယ်…………ဝယ်ပြီးတော့လဲ တကယ် စိတ်ချမ်းသာရပါတယ် ကိုယ်က အခွေလဲ အသေကြည့်တာကိုးနော် အဲ့တော့ တီဗီကတော့ ကိုယ့်အတွက် အဆန်ရှယ်ပါပဲလေ ဆိုပြီးတွေးတွေးကြည်နူးကျေနပ်နေရပါတယ် (ဝယ်ပြီးပြီကိုးနော်)

သေချာထပ်မံ ရှူပါ……….အပ်ချလောင်း…………………..

ဘေးမှာတွေ့လား စာအုပ်တွေ အခွေတွေ က တောင်ပုံရာပုံပါပဲ ကိုယ်က အစားရယ် စာအုပ်ရယ် အခွေ ရယ် ဆိုတာ တွေ ကိုဝယ်ဖို့ဆိုရင် ဘယ်တော့မှ လက်မနှေးပါဘူး အကြောင်းကလဲရှိပါတယ် အစားက လူနဲ့တည့်တယ် ဆိုတယ်မှလား ပြီးတော့ ရှိသေးတယ် စာအုပ်စာပေ လူ့မိတ်ဆွေတဲ့ ဟော ဂီတသံစဉ်ဆိုတာကကော လူ့လောက ကိုလှဆင်နေတဲ့ နဝင်ပီယံ လေးတွေ သုတအရသာလေးတွေပဲ မဟုတ်ပါလား အဲ့တော့ တီက အဲ့ဒီအကြောင်းတွေကြောင့်လက်မနှေးဘဲဝယ်ပါတယ် ဝယ်ပြီးတော့ ဖတ်လားဆိုတော့ မဖတ်ရသေးတာတွေအများကြီးပါ အခွေတွေလဲ ထိုနည်းလည်းကောင်းပါပဲ အစားတွေကတော့ ကုန်ပါတယ် ဒါတောင် တခါတခါ ခရီးထွက်တော့မယ်ဆိုရင် လောဘကြီးပြီး အရမ်းကာရောတွေ စွတ်ဝယ်ထားတဲ့ ရေခဲသေတ္တာထဲက ဟာတွေ ကိုမနှေးအမြန်ရှင်းရတာ တလုပ်ပါ….ထားတော့ ပြချင်တာက တီဗီ အသစ် အော် မကျန်အောင်ကြွားရမယ် ဆိုရင်တော့ တလောက ဝယ်ထားတဲ့ ဆိုနီ အိမ်သီရေတာ စနစ်နဲ့တော့ သိပ်သိပ် ကိုပလဲနံပ ဖြစ်နေတာပေါ့လေ ငှဲငှဲငှဲ ဘေးမှာရောတွေ့လား ဂျူလီယာရောဘတ်နဲ့ ရှုဂျက်မင်…..ခိခိခိ တီ့အချစ်ဆုံးတွေများစွာထဲကပေါ့လေ

ကဲကဲ ကြွားတာတွေ ပြီးတော့ စားတာတွေ လာပါမယ် ညဘက်ကျတော့ တီဗီအသစ်ဝယ်တဲ့ အထိန်းအမှတ်နဲ့ သားနဲ့ သမီး နဲ့ အတူ အမ်ပိုရီယမ်မှာ မက္ကဆီကန် အစားအစာ သွားစားကြပါတယ် တနှစ်တုံးက မက္ကဆီကိုရောက်တုံးက အချိန်တွေကို တောင်သတိရမိသေး တီသတိအရဆုံးက မာချာလာဒါ လို့ခေါ်တဲ့ ဘီယာ အမဲ ကို သံပရာသီး ဆားတွေနဲ့ သောက်တာပါ ခုဒီက အမ်ပိုရီယမ် မှာ အဲ့တာမရဘူးတဲ့ ရိုးရိုးအိတ်စ်ပို့ ဘီယာ တွေပဲရတယ်တဲ့ ညံ့ပါ့နော်………..ထားတော့ …………….သွားတာက သုံးယောက် မှာတာက ခြောက်ယောက်လောက်စားမှ ကုန်မယ့်ဟာတွေ….မှာတာကတော့ တယောက်တပွဲပါပဲ ပိုးရှင်းတွေက ကြီးလို့လေ ကြည့်ကြရအောင် စားလို့တော့တကယ်ကောင်းတယ် အဲ့တာကြောင့်လဲ မက္ကဆီကန်တွေက အဲ့လိုကောင်းတာတွေ အီတာတွေစားပြီး လုံးနေကြတာလို့တွေးမိတယ် ကျန်းမာရေးနဲ့တော့ သိပ်မညီညွတ်ဘူးထင်တယ် (စားပြီးမှ စားပြီးမှ..ခိခိ)

ပထမဆုံးပုံက grande supreme nachos လို့ခေါ်ပါတယ် နာချိုပါပဲ တီစားဖူးတဲ့ နာချိုနဲ့တော့ သိပ်မတူပါ တီစားဖူးတဲ့ နာချိုကပဲ နာချိုမစစ်လို့လားတော့မသိဘူး မုန့်ကြွပ်ပေါ်မှာ ကြက်သားကင်ရယ် ခရမ်းချဉ်သီးရယ် ငရုတ်သီးတမျိုးရယ် အာလူးရယ် ချိစ်ရယ် နောက် ခရမ်ရယ်နဲ့ ကော်ကော်စားရတာပါ ငရုတ်သီး အထူးကောင်းပါတယ် မွှန်ပြီးစပ်တာ သင်းသင်းလေး

ဒုတိယပုံက chicken quesadillas ပါပြောမယ်ဆိုရင်တော့ မက္ကဆီကန် ပီဇာပေါ့ အပြင်အသားကတော့ ဘာနဲ့တူသလဲဆိုရင် ချာပါတီ နဲ့တူပါတယ် အထဲမှာ က ကြက်သားကင်ရယ် မဆလာတွေဘာတွေရယ် ချိစ် အများကြီးရယ် ဘေးက ဆော့်ထ်နဲ့ခရမ် တီမစားနိုင်ပါဘူး ဒီဟာကို သိပ်မကြိုက်ဘူး

နောက်တတိယပုံကတော့ တီမှာတဲ့ အမဲသားပါ beef stake fajitas လို့ခေါ်ပါတယ် စားကောင်းပါတယ် တီက အမဲသားကြိုက်တာကိုး မက္ကဆီ ကိုမှာတုံးကလဲ နေ့တိုင်းလိုလို တခါတော့ စားဖြစ်အောင်စားပါတယ် အမဲသား ကို သံပူပြားပေါ်မှာပဲ ခရမ်းချဉ်သီး ဂရင်းပက်ပါ (ငရုတ်သီးပွ အစိမ်းရောင်) နဲ့ မကျက်တကျက်လေးကြော်တာ သိပ်ကောင်းတယ် ခုန ပြောတဲ့ မာချာလာဒါဘီယာအမဲနဲ့ လိုက်မှလိုက် အမဲသားက ချာပါတီ လိုအဖတ်နဲ့လာပါတယ် ပြီးတော့ ပဲနီလုံးကြီးတွေနဲ့ ထမင်းတူးတူးလေး တပွဲကိုလဲပေးပါတယ် ပုံမှာကြည့်ပါ နောက် ငရုတ်သီးဆော့်ထ်ရယ် ခရမ်ရယ် နောက် ခုနက ကြက်သားပီဇာ လိုဟာနဲ့စားတဲ့ ဆော့်ထ်လိုမျိုး (ခရမ်းသီးထင်တယ်) တမျိုးထပ်ပေးပါတယ် စားပုံကတော့ ချာပါတီ အရွက်ပေါ်ကို အမဲသား ခရမ်းချဉ်သီး ငရုတ်သီး စတာတွေတင် ပြီးတော့ ဆော့်ထ်တွေဆမ်း ပြီးရင် လိတ်ပြီးတော့ ပါးစပ်ထဲထည့် ဝါး ကောင်းမှကောင်း…

အဲ့တာတွေအကုန်စားလိုက်တာ စုစုပေါင်း ၁၀၂၀ ဘတ်….၉၉၆ဘတ်ပါ အပိုဆုကျေးက ၂၀ ဘတ် မွေးစားသားကပြောပါတယ် ဆားဗစ်ချာဂ်ျ ယူပြီးသားတဲ့ ပေးစရာမလိုဘူးတဲ့ နောက်ပြီး အခွန်ကလဲ ၇ % ယူထားသေးတယ်တဲ့ ပြန်ပြောလိုက်တယ်တခွန်းပဲ

coz it is a nice thing to do, and that is what princesses do
we help people လို့ ဟိဟိဟိ ပြောရတာ အရသာ အရသာ…

အောက်ဆုံးက ပုံက တီနဲ့ မွေးစားသမီးပါ (လှတယ်နော်) မွေးစားသားပုံကိုတော့ နောက်မှတင်ပေးမယ် အစက ရိုက်ထားတာတွေ အက်စီတန့်တယ်လီး ဒလိဒ် လိုက်မိလို့ မကျန်တော့ဘူး ပြီးတော့ သူက ရှက်တတ်တယ် နောက်တော့ တင်ပေးမယ်……

Bonus

မနက် ၂ နာရီခွဲမှာ စားနေတဲ့ ဆပ်ပါပါ စာရေးနေရင်းနဲ့ ဆာလာတာနဲ့ ထမင်းထတည်ပါတယ် ဘေးစွန်ကပထမပုံက အမဲသားကြက်သွန်ဖြူနီနဲ့ အစပ်ကြော်တာပါ တီ့ကိုကြီးတယောက်ဖြစ်တဲ့ ဝက်ဝံရဲ့ ချစ်ချစ် ကြော်ပေးတာပါ ဘေးကတော့ စားချင်နေတဲ့ ကြက်ဥ ဘာဖြစ်လို့မသိ ခုနက ရုပ်ရှင်ကြည့်နေရင်းနဲ့ ကြက်ဥ မကျက်တကျက်ကို အရမ်းစားချင်လာတာနဲ့ ကြော်စားလိုက်တယ် နှစ်လုံးပါ တလုံးဆိုမဝပါဘူး
စားနေတဲ့ပုံကို ဘေးမှာတော့ ကြည့်လိုက်တော့ ဒီလို အချိန်မှာ ဒီလိုစားနေတာ ဘယ်လိုပိန်မလဲနော်…………..ဟူး………………………..
ပိုစ့်ကိုတင်ပြီးမှာ ထကြော် ပုံရိုက်ပြီး ပြန်လာတင်တာပါ ခိခိခိ ………………မနိုင်ဘူးနော်

A Chen
2:20 am
28th June 2010
Home
Bangkok

လှတယ်လို့ပြောကြတဲ့ လက်

စာမရေးတာကြာတော့ ဘာရေးရမှန်းမသိပါဘူး အမှန်ပြောတာပါ အဆက်ပြတ်နေတာ ရာစုနဲ့ချီနေသလိုပါပဲ ဒီနှစ်သင်္ကြန်ကတော့ မှတ်မှတ်ရရ ကောင်းကောင်းနားရတယ်ပြောရမှာပါ ပိုက်ဆံစရှာကတည်းက ဒီလို သင်္ကြန်မှာ ကောင်းကောင်းမနားရတာ ကြာလှပေါ့ အလုပ်လုပ်ရင်လုပ် မလုပ်ရင်လဲ ကဲပါတယ် ပြောရမယ်ဆိုရင် ကဲရတာနည်းပါတယ်လေ အဲ့လိုနဲ့ပဲ သင်္ကြန်တွေတောင် အခါခါ ကျော်ဖြတ်လာခဲ့တာ များလှပြီ…
ခုနက ပြောသလို စာမရေးတာကြာတော့ ရေးစရာရှာရပါတယ် ရှားကုန်တာတော့မဟုတ်ပါ ဂျမ်းဖြစ်ကုန်တယ် ပြောရင် ပိုမှန်မယ် ခေါင်းက တန်းမထွက်ဘူး အဲ့တာကြောင့် အလေ့အကျင့်ကလဲတကယ်ကို လိုတာပါပဲ စာကို ဟုတ်သော်ရှိမဟုတ်သော်ရှိ နေ့တိုင်းရေးနေဖို့ကတော့ တကယ်ကိုကျင့်ယူရမယ်ထင်ပါတယ်
အဲ့တာနဲ့ပဲ ပုံတွေပြန်လှန်တော့ တိုက်တိုက်ဆိုင်ဆိုင် အရင် ၂၀၀၇ ခုနှစ် သင်္ကြန်ကာလ တရုတ်ပြည် ရှန်ဟိုင်းမြို့ကိုအလည်ရောက်ခဲ့တုံးက ဝယ်ခဲ့တဲ့ ဆွဲကြိုးလေးတခုကို သွားတွေ့ပါတယ် အောက်ကပုံမှာကြည့်ပါ
အထဲမှာပါတာက ကံကောင်းတယ်လို့ပြောကြတဲ့ four leaf clover ပါ ကလိုဗာဆိုတာ တကယ်တော့ မြက်ပင်အမျိုးအစားဝင် ပန်းတမျိုးပါပဲ ပန်းလို့တောင် မသတ်မှတ်ကြဘူးနဲ့တူပါတယ် ထားပါတော့ ပန်းဖြစ်ဖြစ် မြက်ဖြစ်ဖြစ် ခုဒီ အာတီကယ်မှာတော့ သူက မင်းသားပဲ (မင်းသမီးလို့ ပြောရင်လဲရပါတယ်)
အမှန်က ကလိုဗာတွေဟာများသောအားဖြင့် ၃ ရွက်ပဲရှိတတ်ကြပါတယ် အဲ့တာ ၄ ရွက်ရှိရင် ကံကောင်းတယ် ဘာညာပေါ့နော် အဲ့လို ယူဆကြပါတယ် ၄ ရွက်ထက်ပိုတာတွေလဲရှိပါတယ် အများဆုံးက ဘယ်လောက်အထိလဲဆိုရင် ၂၁ ရွက်ထိပါ အဲ့တာက ၂၀၀၈ ဂျွန် မှာတုံးက လူတယောက်က အရင် ဂရင်းနစ် စံချိန်စာအုပ်မှာ ၁၈ ရွက်နဲ့ သူတင်ခဲ့တဲ့ ရက်ကော့ကိုပဲ ထပ်ချိုးတာပါ။ ကြည့်ရတာ အဲ့လူက ဘာအလုပ်မှမလုပ်ပဲ ကလိုဗာတွေပဲရှာနေပုံရပါတယ် အဲ့တာကိုကလဲ သူ့အလုပ်ဖြစ်နေနိုင်တာပဲလေနော်
အဲ့လိုများ ကိုစိတ်ဝင်စားတာကိုပဲ လုပ်ရပြီး ပိုက်ဆံ ရမယ်ဆိုရင် သိပ်ကောင်းမှာပဲလို့ တခါတခါ တွေးမိတာ ဝန်ခံချင်ပါတယ် အဆိုတော်တွေ ပန်းချီဆရာတွေ စာရေးဆရာတွေပေါ့လေ အဲ့တာကြောင့်များ ကိုလဲ စာရေးဖို့ကြိုးစာနေမိတာလားမသိပါဘူး သေချာတာကတော့ ကိုရေးပုံမျိုးနဲ့ဆို ငတ်မယ်ဆိုတာပါပဲ
ခုနပြောသလိုပေါ့ ကလိုဗာတွေက အများအားဖြင့် ၃ ရွက်ပါ ခုဟာလေးကတော့ ၄ ရွက်တွေ့လား အဲ့တာကလဲ ဒီလိုလေ ဇာတ်လမ်းရှိတယ် တကယ်ကို ဇာတ်လမ်းရှိတာပါ တရုတ်ပြည်ကရိုက်ရိုက်နေတဲ့ အဆက်ကားတွေကြည့်ဖူးကြတယ်ဟုတ် အဲ့လိုပါပဲ ဟောင်ကောင်က တရုတ်အမည် စီ့ယဲ့ခြောတ် [(အရွက်လေးရွက်ပါတဲ့ မြက်) အမှန်ကတော့ ခုနကပြောတဲ့ သိုးဆောင်းဘာသာနဲ့ four leaf clover ပါပဲ] ဆိုတဲ့နာမည်နဲ့ ရုပ်ရှင်တကားရိုက်ခဲ့ဘူးပါတယ် ခုခေတ်စားနေတဲ့ F4 လိုကားမျိုးပါ လူငယ်ကြိုက် ချစ်ကြိုက်ကွဲညား soap opera ပေါ့ အဲ့တာလေးကို ကိုယ် ရှန်ဟိုင်းရောက်တော့ တွေ့တာနဲ့ဝယ်ဖြစ်ပါတယ် နှစ်ခု ပါ တခုကတော့ အချစ်ဆုံးချစ်ခဲ့ဖူးတဲ့ တခါက လူတယောက်ဆီမှာ (ထားပါတော့)
ခုလဲ ဘန်ကောက်မှာ အများကြီးတွေ့ပါတယ် ဒါပေမယ့် အစစ်မဟုတ်ဘူး ပလပ်စတစ်နဲပ လုပ်ထားတာ တီအခု ပုံထဲက ဆွဲပြားလေးထဲမှာပါတာက ပန်းအစစ်လေးလေ….အော် အဲ့တာနဲ့ ခုနက ပြောလက်စ အဲ့ဒီပန်းအကြောင်းပြောပြအုံးမယ် ဘာလို့ အရွက်လေးရွက်ပါရင်ကံကောင်းတယ်လို့ပြောကြတာလဲဆိုတာကိုပေါ့ ရှေးရိုးစဉ်ဆက် ပြောလာကြတဲ့ ပါးစပ် ပုံပြင်တွေကနေ လာတဲ့ အယူအဆတခုပေါ့လေ ဘယ်လိုယုံကြည်ကြလဲဆိုတော့ ပထမတရွက်က မျှော်လင့်ခြင်းပါတဲ့ ဒုတိယတရွက်ကတော့ သစ္စာတရားပေါ့ တတိယတရွက်က အချစ်ပါတဲ့ အဲ နောက်ဆုံး စတုထ္တအရွက်ကတော့ ကံကောင်းခြင်းကို ရည်ညွှန်းပါတယ်တဲ့ ယုံသော်ရှိမယုံသော်ရှိပေါ့ တီလဲ အချစ်ကို ရူးမိုက်တုံး အရွယ်ကတော့ ယုံတာပေါ့ ရင်ခုန်စရာကောင်းတာကိုးနော် ယုတ္တိရှိရှိ မရှိရှိလေ ရိုမန်တစ်ဖို့က ပိုအရေးကြီးတာမှလား ကောင်းကင်က ကြယ်ကို စွတ်မယ်ဆိုတာတောင် ယုံကြသေးတာပဲလေနော့ ခုဟာကလဲ ရှားတယ်လေ ပုံမှန်က ၃ ရွက်ပဲလာတာ သူက ရှားရှားပါးပါး ၄ ရွက် နောက် ဟုတ်သော်ရှိ မဟုတ်သော်ရှိ လှတယ်လေ ကဲ ကြည့်….မလှဘူးလား

လက်တွေအများကြီးရှိပါတယ် လက်တွေအမျိုးမျိုးရှိပါတယ် လှတဲ့လက် မလှတဲ့လက် အဲ့လိုပဲ လက္ခဏာ လို့ခေါ်တဲ့ လက်ဖတ်တဲ့ပညာရပ် စသဖြင့်ပေါ့လေ နောက်အနုပညာသမားလက် အလုပ်ကြမ်းသမားလက် ဆိုတာတွေလဲရှိပါသေးတယ်
ခုဟာကတော့ လှတယ်လို့ မကြာခဏ ချီမွမ်းခံ အပြောခံရတဲ့ လက်ပါ
အမှန်အတိုင်းပြောရရင် ဒီပိုစ့်ကို ရေးဖြစ်တာ နန်းညီရဲ့ ပိုစ့် တခုခုကို ဖတ်မိရင်း သူက လှတယ်လို့ပြောကြတဲ့ လက်ဆိုလား စာတကြောင်းရေးထားတာတွေရပါတယ် အဲ့တာနဲ့ ပုံတွေပြန်ရှာရင်းရေးဖြစ်တာပါ
လှလားမလှလားတော့ ကို့ဘာသာပဲ ကြည့်ရှူဆုံးဖြတ်ပေတော့ ဒါပေမယ့် လှလှမလှလှ သေချာတော့ လဲ မထူးသွားပါဘူး ငယ်ငယ်ကတော့ လက်မိုဒယ် ဖြစ်ချင်ခဲ့ဖူးတယ် အင်းခုတော့ လူလဲအိုပြီ လက်လဲအိုပြီ ဘယ်သူကမှလဲ လက်နဲ့ကြေငြာဖို့လာ မငှားကြဘူး နောက် အနုပညာ လက် အနုပညာ လက်နဲ့ ပြောပြောကြတာ ခံရပေမယ့် အနုပညာနဲ့ ပတ်သက်တာ ဘာမှ ဖြစ်ဖြစ် မြောက်မြောက် မလုပ်ဘူးဘူး
ငယ်ငယ်လေးကတော့ ပန်းချီလေးဘာလေးဆွဲ ကျောင်းပေါင်းစုံပြိုင်ပွဲတွေဘာတွေမှာ ဆုတွေဘာတွေရ နောက်တော့ ခဲနဲ့ ပုံတူလေးတွေ ဟိုခြစ်ဒီခြစ် စနစ်တကျ သင်တဲ့ အထိတောင်မရောက်လိုက်ပါဘူး
နောက် အရွယ်ကလေးရလာတော့ ကဗျာလေး စာလေးရေး ခုထိလဲ ရေးဖြစ်နေသေးတာတော့ တခု ကောင်းတယ်ပဲပြောရမလား နောက် သီချင်းဆိုတာလဲ ကောင်းတယ်ပြောကြပါတယ် သီချင်းလဲရေးပါတယ် ကော်ပီပါပဲ ဘာမှမှမှ မတီးတတ်တာကို………….တခါတခါတော့ ကိုယ့်လက်ကလေးတွေဟာ စန္ဒရားမတီးရတာ တော်တော်နှမြောစရာကောင်းတာပဲလို့ ထင်ပါတယ် ဂစ်တာတီးဖို့သင်ချင်ပြန်တော့လဲ လက်သည်းလေးတွေကို သနားတာနဲ့ အလုပ်မဖြစ်ပြန်ပါဘူး လက်သည်းအိမ်ရှည်ရှည်ကျယ်ကျယ်လေးတွေနဲ့ တော်တော်လှတဲ့လက်လို့တောင် မိန်းကလေး သူငယ်ချင်းတွေ မနာလိုဖြစ်ကြရတဲ့ လက်ပါ ကိုယ်ကိုယ်တိုင်ကလဲ မြန်မာပြည်မှာ စိုးမြတ်သူဇာ ပြီးရင် င့ါလက် အလှဆုံးလို့ မကြခဏ ဝါကြွခဲ့ဘူးပါတယ် ခုတော့လဲ………………………….

I spoiled myself on Saturday (12.12.2009)

၁၂ ရက် ၁၂လ ၂၀၀၉ ခုနှစ်………..

စနေနေ့ပါ အိပ်ရာကနိုးတော့ ညနေ ၂ နာရီ ခွဲနေပြီ အဲ့တာနဲ့ ဒီနေ့ ဘာလုပ်ရမလဲ စဉ်းစားနေရင်း ဗိုက်ကလဲဆာနေပါတယ်။ ပြီးတော့ shop လေ shop မ shop ရတာလဲကြာနေပြီမှလား။ နှစ်ကလဲကုန်ခါနီးနေပြီ အဲ့တော့ ကိုယ့်ကိုကိုယ်လဲ တနှစ်တာလုံးကြိုးစားပမ်းစား အိပ် အဲလေ အလုပ်လုပ်ခဲ့တဲ့ အတွက် ဆုချသင့်တယ်ပေါ့။ (အမှန်က အကြောင်းပြချက်ရှာနေတာပိုက်ဆံဖြုန်းဖို့ ဟိဟိ) ပြီးတော့ ခုကိုပဲ ၂၀၀၉ ကုန်လို့ ၂၀၁၀ ရောက်ချင်နေပြီ ဟော တနှစ်ကုန်သွားလိုက်တာ မျက်တောင်တခတ်ကလေးအတွင်း ဘိုလိုဆိုရင်တော့ in a blink of an eye ပေါ့ ကဲ နောက်ဆို ဘာမှမကြာတော့ဘူး ဟော…………..ဆို
၂၀၁၂ ရောက်လာတော့မှာ ပြီးတော့ စုထားတဲ့ပိုက်ဆံလေးတွေ ဘယ်လိုလုပ်ရပါ့မလဲပေါ့နော် (ယူထားတဲ့အကြွေးတွေကတော့ ကမ္မသကာ ပဲ အဟေးဟေး) အဲ့တာနဲ့ ခုလိုအကြောင်းပြချက်တွေ စုပေါင်းပြီးသကာလ ဈေးဝယ်ထွက်ဖို့ မေလေပြင် လုပ်ပါတယ် တီ့အိုင်ဒီယာ သဘောကျသော လေဒီများ အမျိုးသမီးများ လက်ခုပ်တီးကြပါ (ဟေး မမကွမ်ကြီးရှေ့ဆုံးကထိုင်ပြီး ရေရေလည်လည် အားပေးနေပါတယ်)

ပထမဆုံး လှလှကလေးဖြစ်အောင် ဖိနပ် အသစ်လေးထုတ်စီးပါတယ် dapper ပါ ဒီနှစ် နှစ်စတုံးကဝယ်ထားတာပါ ၁၇၄၀ ဘတ်ပေးရပါတယ် နှစ်ရံဝယ်ရင် ၃၀ % လျော့မယ်ဆိုလို့ အညာမိသွားတာပါ ဝယ်လိုက်မိတယ်ကွယ်ငှယ်ငှဲ ထားပါတော့ တရံကတော့ ဝတ်တာဟောင်းတောင်သွားပြီ ဒီနေ့တော့ အသစ်တရံထပ်ထုတ်ဝတ်ပါတယ် လှချင်တာကိုးနော် ပြီးတော့ အိတ်ကလေးကလဲ dapper ပါပဲ ၃၄၀၀ ဘတ်လားမသိဘူးကျပါတယ် အရင်လ တီ့ မွေးနေ့အတွက် တီ့ ဝမ်းမနာ ကလေး နှစ်ကောင်ဝယ်ပေးတာပါ ဒီအိတ်ဝယ်ပေးဖို့အတွက် သူတို့နှစ်ကောင် မုန့်ဖိုး ၆လစုရပါတယ်တဲ့ တကယ့်ကလေးတွေပဲနော် သိတတ်ကြတယ် (မွေးစားရကျိုးနပ်တယ်နော် တွေ့လား)
ထားပါတော့ အဲ့လိုလှလှလေးဝတ်စားပြီးသကာလ ကြွကြွရွရွလေး ဈေးဝယ်ထွက်ပါတယ် ဒန်ဒန့်ဒန့်….

ပထမဆုံး ကွန်ပျူတာ စီးတီး ပန်တစ် (computer city pantip) ကိုသွားပါတယ် ကိုယ့်အတွက် ဝိုင်ဖိုင် အောပ်တစ်ကယ်မောက်စ် ဝယ်ပါတယ် ဘတ် ၃၀၀ ဆမ်းသင်း ပါ။ ပြီးတော့ ဘေးကဟာတွေက လက်တော့ပ် ဖုန်သုတ်စက်ဘတ် ၁၀၀ ရယ် ကိုကြီး အတွက်မောက်စ် ဘတ် ၁၅၀ ရယ် ကွန်ယက်ထဲက သူငယ်ချင်းတယောက်မှာတဲ့ လက်တော့ ဖုံးတဲ့ ရာဘာပြား ဘတ် ၈၀ ရယ်ပါ အဲ့တာတွေက ဇန်နဝါရီ ပြန်ရင်ပေးရမယ့် လက်ဆောင်တွေ အဟင့်ဟင့် အဲ့တာ သမီး အခြောက်မလေးတွေအတွက် အလှပြင်ပစ္စည်းတွေ မပါသေးဘူး အရပ်ကတို့ရဲ့ ကြည့်ကြပါအုံး အဆင်းလှစွမ်း မိမိချမ်း ဘဝ ကို အောင်မယ်မင်းရယ်တဲ့မှ အမင်းမယ် (ငိုချင်း တွိန်တွိန်တွိန်)

ပြီးတော့ ဘေးနားက ပလက်တီနန် ပလာဇာ ကိုသွားပြီး သကာလ ဂျပန် ငပုစာတွေကို သွားစားပါတယ် ပြောရအုံးမယ် ခုတလောက အဲ့ဒီ ဂျပန်စာကို တီ ချဉ်ချင်းတပ်နေတာ ပါ ခဏခဏ သွားစားတာ ဒီအပတ်ထဲကို လေးခေါက်ရှိပါပြီ ပြီးတော့ စားတိုင်းလဲ တမျိုးထဲ တခုထဲပါပဲ ဒီနေ့တော့ မောင်နဲ့ တူတူသွားစားတယ်
အော် မေ့တော့မလို့ မောင့်ကို ဘာပြောလိုက်လဲသိလား
“မောင်……ခုတော့ တူတူစားနေရပြီနော်….အရင်အခါတွေလာစားတုံးကဆို မောင့်ကို အရမ်းသတိရမိတာပဲ အစားကောင်း စားရင် ချစ်တဲ့သူကို သတိရတယ်ဆိုတော့လေ” လို့
အဲ့လိုလေးလဲ ပြောလိုက်ရော ယောက်ျားတွေများ သိတယ်မှလား ညာတာလေးပဲ ယုံချင်တယ်ဆိုတာလိုလေ အရည်တွေပျော်ကုန်တာပေါ့ မောင်က အဲ့လို ဥာဏ်များတာနော် မိမိချမ်းတို့က ကဲကဲ သမီးလေးတွေ မှတ်ထားကြနော် နည်းလမ်းကောင်းလေးတွေ ဟုတ်သော်ရှိမဟုတ်သော်ရှိပေါ့ ပြောသာပြော အထူးသဖြင့် ယူတော့မယ် ဆိုတဲ့ မိကြယ်တို့ အတုယူဖွယ်ပဲ (ပြောသာပြောရတာပါ တီ့စာဖတ်ပရိတ်သတ်တွေကလဲ တီ့ထက် (၇) လကြီးတွေချည်းပဲနေမှာ သိနေတယ် ဟင်းဟင်း)
ဒီပုံလေးတွေကတော့ မောင်မှသောက်တဲ့ နမ့်ပလောဝ် (ရေ ရိုးရိုးနဲ့) တီသောက်တဲ့ ချာခရို ရောမ်း (ရေနွေးကြမ်း အစိမ်း အပူပါ)
ဘေးကပုံက တီဖတ်လက်စ ဝတ္ထုပါ ဒီမှာ တခါက နည်းနည်း မိတ်ဆက် ရုပ်ရှင် အကြောင်းရေးဖူးပါတယ် ခုတော့ ဝတ္ထုပြန်ဖတ်နေတယ် ရေရေလည်လည်ပဲ မိုက်တယ်
(စာရေးဆရာမလေးက စီစီလီယာ အေဟမ် Cecelia Ahern ပါ တီနဲ့ ရွယ်တူပါ ၈၁ မှာ မွေးပါတယ် တီ့လိုပဲ လှလှလေး တီကတော့ သူ့လောက်မ“ဝ”ပါ မှတ်ချက်) သူဒီဝတ္ထုကို စရေးတုံးက အသက် က ၂၁နှစ်ပဲရှိပါသေးတယ်။ ဒီဝတ္ထုက ၂၀၀၂ ကစရေးတာ ၂၀၀၄ မှာ ထုတ်ဝေတော့ အိုင်ယာလန်မှာ ရက်သတ္တ ၁၉ ပတ် နံပါတ် ၁ အရောင်းရဆုံးချိတ်ပါတယ် ပြီးတော့ နိုင်ငံပေါင်း ၄၀ကျော်မှာလဲ (တီချမ်းရဲ့ စာမူများကဲ့သို့) အသေရောင်းကောင်းနေဆဲပါ။
ရုပ်ရှင်အဖြစ် ဒါရိုက်တာ ရစ်ချက် လာဂရမ်ဗာနီးစ် က ပြန်ရိုက်ပြီးတော့ မင်းသား ဂျရတ် ဘတ်တလာ (၃၀၀ three hundreds) နဲ့ ဟီလာရီ ဆွမ်ခ့် (မီလီယံဒေါ်လာဘေဘီ million dollars baby) တို့ သရုပ်ဆောင်ပြီး ဒီဇင်ဘာ ၂၁ ၂၀၀၇ မှာ အမေရိက မှာ စတင်ဖြန်ချိခဲ့ပါတယ် စာရေးဆရာမ အကြောင်းအသေးစိတ် သိချင်ရင်တော့ http://en.wikipedia.org/wiki/Cecelia_Ahern မှာဖတ်ကြည့်ကြပါ။ တီကတော့ ရုပ်ရှင် ကို အခေါက်ခေါက်အခါခါ ကြည့်ပြီးပါပြီ ကြည့်တိုင်းလဲငိုရပါတယ် ခုတောင်ပြောရင်းငိုချင်လာပြီ……….အဟင့်……….အော် မေ့တော့မလို့ ရုပ်ရှင်ကားနာမည်က “စာကြွင်း….မင်းကို ဒို့ ချစ်တယ်” တဲ့နော်
ဒါကတော့ မှာထားတာတွေမလာခင်စောင့်နေတာပါ မျက်နှာချင်းဆိုင်ထိုင်နေတာပါ ရိုက်လိုက်တော့ ဒီလိုလေးတွေ ထွက်လာတယ် မိုက်တယ်နော် (ဘယ်သူမှမပြောခင် ကိုယ့်ဘာသာပြောထားတာ) ဒါပေမယ့် ကိုယ်က ဓါတ်ပုံ ပိုရိုက်တတ်တော့ သူ့ပုံက ပိုလှနေသလိုဖြစ်နေတာပေါ့ အမှန်က ကိုယ်ကပိုချောတယ် (ဘယ်သူမှဓါးနဲ့ထောက်ပြီး မပြောခိုင်းဘူး ကိုယ်ကအမြဲမှန်သောစကားပဲပြောတတ်တာ အကျင့်ပါနေလို့)

ဒါက A’ la carte ပါ ပုစွန်နှစ်ကောင်ရယ် ပြည်ကြီးငါးတကွင်းရယ် ဂဏန်း နှစ်ဖတ်ရယ် ငါးတဖတ်ရယ်ပါတဲ့
sea food tempura ပါ ဘေးကတော့ ဂျင်းရည်ပူပူလေးပါ အဲ့ဒီအထဲကို မုန်လာဥ အဖြူ မှုန့်မှုန့်လေးကြိတ်ထားတာ (အကြော်တွေဘေးနားက အတုံးလေးတွေ့လား) ကိုထည့်ဖျော်ပါတယ် တန်ပူရာနဲ့တို့စားစရာအချဉ်ရည်ပေါ့

ဒါကတော့ မောင်မှာစားတဲ့ စော်လမွန် ငါးကင်ပါ သူမှာတာက set လိုက်ဆိုတော့ ထမင်းရယ် ကမ်ချီရယ် ဆလပ်တပွဲရယ် မီဆို ဟင်းရည်ရယ်ပါပါသေးတယ် (စကားမစပ် ကိုယ်ကအဲ့ဒီမီဆိုကို ကမ္ဘာပေါ်မှာ အမုန်းဆုံးပါ ပဲပိစပ် ကိုဟင်းရည်လုပ်ထားတာပါ ပဲပိစပ်ကိုမသိဘူးဆိုရင် တောင်ကြီး ဟဲ့ဟိုးဘက်က ပဲပုပ်စေ့သိလား အဲ့တာပဲ ဆယ်တန်းတုံးက စလက်တက် မြန်မာတေးလ် (selected myanmar tales)ထဲမှာပါတဲ့ မင်းသမီးက သူ့အဖေ ဘုရင်ကြီးနဲ့ တော်လည်ထွက်မယ့် သူ့ချစ်သူ ကို ဦးထုပ်အဖြစ်ဖုတ်ပေးလိုက်တာလဲ အဲ့ဒီပဲပိစပ်ပဲပေါ့ ပြောမယ် ဆိုရင်တော့ သူက ဂန္တဝင်ပဲပါ ဘေးနားက ဘရိုကိုလီ ရယ် မှိုရယ် အက်စပါရာဂတ်စ် ရယ်ပါ အော် မုန်လာဥနီ (ခါကြက်ဥ) လဲပါသေးတယ် အဲ့တာလဲ ကိုယ်မကြိုက်ဘူး Asparagus တော့ကြိုက်တယ် ဘယ်လိုချက်ချက် ဟင်းရည်ချက်လဲကြိုက်တယ် ခရမ်စွပ် (cream soup)လေ အဟေးဟေး သောက်ချင်လာပြီ…..

ဒါကတော့ ကိုယ်မှာစားတဲ့ set ပါ လေးခါရှိပါပြီ ဒီဟာပဲစားနေတာ မုန်းသေးပါဘူး ဆက်စားသွားမယ်လို့လဲဆန္ဒပြုထားပါတယ် ကြည့်ကြပါအုံး ဒီလောက်ကောင်းတာကို နော့ ကဲကဲ ဘယ်ဘက်ပေါ်ထောင့်ကွက်ထဲကိုစကြည့်ရအောင် ဘာတွေပါသလဲလို့ ထောင့်နားလေးမှာ ဆလပ်ရွက်နဲ့ကွယ်နေတာက ဝက်သားလိပ်ပါ အထဲမှာ ပဲသီး ကညွတ် Asparagus တခါတခါ ကြက်သွန်မိတ်တွေ ကြုံတာရရင်ရသလိုထည့်တယ် တူပါတယ် (ဘာလို့လဲဆိုတော့ တခါစားရင်တမျိုးဖြစ်နေလို့ ) ဘေးကအသားကတော့ ဝက်ပါ ပါးပါးလေးလိတ်ထားတာ ပြီးတော့ တစွန်းတစ ပေါ်နေတဲ့ အဝါရောင်အတုံးလေးက ကြက်ဥ အချိုပါ အရမ်းအရမ်းကိုချိုပါတယ် အချိုပွဲနဲ့ပဲတူတယ် နောက် သူ့အောက်က ညိုတိုတို အတုံးလေးနှစ်တုံးက ကြက်သားတုံးတွေပါ အောက်ဆုံးထောင့်နားက အလုံးလေးက ရေဘဝဲ အသားအစာသွတ် မုန့်ပါ မြန်မာ မုန့်လင်မယားနဲ့ဆင်တယ် ဒါပေမယ့် သူက နှစ်ခြမ်းမဟုတ်ဘဲ အလုံး
ပြီးတော့ အပေါ်က ငါးကြော်တုံးကတော့ မောင့်ငါးအတိုင်းပဲစော်လမွန် ကြော်လေး အင်းဘေးအကွက်က ဆလပ် ကို မေရောနိစ် ဒရက်ဇင်းနဲ့ (မေယောနိ)လို့ပေါင်းလိုက်မိလို့ စိတ်ထဲတောင်တမျိုးကြီးဖြစ်သွားတယ် ဆော်တီး အာဘွားနော် နောက် ပုစွန် သေးသေးတကောင်ကြော်ရယ် ပြည်ကြီးငါးသေးသေးတကွင်းကြော်ရယ် ငါးတဖတ်သေးသေးကြော်ရယ်ပါ အောက် ဘယ်ထောင့်အကွက်ကတော့ ဆူရှီပါ ရေညှိနဲ့ အထဲမှာ ဂဏန်းသားပါတဲ့အလိပ်ကလေး ၃ ခုနဲ့ ထမင်းချည်းပဲ နှမ်းမဲအစေ့လေးတွေဖြူးထားတဲ့ အလိပ်က ၃လိပ်ပါ နောက်ဘေးက ဝါဝါ နှစ်လိပ်က ပဲပြား အပေါ်က အုပ်ထားတဲ့ အထဲမှာ ထမင်းနဲ့မှိုနယ်ထားတာပါ စားကောင်းပါတယ် ချိုတိုတိုလေးပါပဲ နောက်ဆုံးညာထောင့်ကွက်ကတော့ ဆာရှီမီ (ငါးစိမ်းလွှာပါ) တီ့ အကြိုက်ဆုံးပါပဲ ဘေးနားမှာ စိမ်းစိမ်းလေးက ဝါဆာဘီပါ ဆာရှီမီနဲ့တို့စားဖို့ပါ သူကအင်မတန်မွှန်ပါတယ် နှာခေါင်းထဲကနေခေါင်းထိတက်ပြီးတော့ အူးဆို မွှန်တက်သွားတာပါ (လာမယ် ဇာတ်လမ်းက အောက်မှာအဟိ)
အဲ့ဒီ ဆာရှီမီ ကိုရှာလကာရည် အပျော့နဲ့တွဲဖျော်ရပါတယ် ဘေးက ဆော့စ်က ခုန ဘူးထဲက အကြော်တွေနဲ့တို့စားဖို့ပါ နောက်တခွက်က တီဖျော်ပြီးသား ဝါဆာဘီ ပါ ဘေးက အစိမ်းတုံးလေးက အပို

ဒါကတော့ တောသားလေး ဝါဆာဘီ မွှန်သွားတာပေါ့ကွယ် တီ့အညာမိသွားတာလေ အဟေးဟေး ချစ်စရာလေးနော် (သဘောတူရင်လက်ခုပ်တီးကြပါ)

ဒါကတော့ အချိုပွဲနဲ့ ကော်ဖီပါ အဲ့ဒီဆိုင် fuji ကနေ့လည် ၁၁ နာရီ ကနေ နေ့ခင်း ၃ နာရီ မတိုင်ခင် မှာ တီတို့ မှာသလို set လိုက်တွေမှာရင် အချိုပွဲနဲ့ ကော်ဖီတိုက်ပါတယ် ကော်ဖီက အပူအအေး ရွေးလို့ရပါတယ်။တီတို့ကတော့ ဒီနေ့ အပူပဲသောက်ကြပါတယ်
အချိုပွဲက နာနတ်သီး ဖရဲသီး သင်္ဘောသီး တစိပ်စီပါ တော်တော်ချိုပါတယ်

စားသောက်ပြီးတော့ အိမ်ပြန်လာ ရုပ်ရှင်ကြည့်ကြပါတယ် ပြီးတော့ အိပ်ပျော်လုပျော်ခင်မှာ ကလေးနှစ်ကောင်က ဖုန်းဆက်ပြီးတော့ ဟောင်ကောင် သွားမလားလို့မေးပါတယ် Hong Kong အစစ်မဟုတ်ပါဘူး ဘန်ကောက် တရုတ်တန်းနားမှာရှိတဲ့ ကလောမ်ထောမ် လို့ခေါ်တဲ့ သူခိုးဈေးပါ အဲ့ဈေးမှာ ခိုးရာပါ ပစ္စည်းတွေတဲ့ တရုတ်ပစ္စည်းတော်တော်များများ ရပါတယ် ခိုးရာပါဆိုလို့ ဘန်ကောက်မှာ ဘယ်ကနေသွားခိုးလာလဲမသိဘူး ၄၂ လက်မ ဖလက် တီဗီ တောင်ရှိပါတယ် တကယ်ပါ တီမညာဘူး ပြီးတော့ များတာကတော့ အိုင်ပေါ့ထ်တွေ ကင်မရာတွေပါ တိုးရစ်တွေကများတော့ ကမ်းခြေတွေဘာတွေကနေ ခိုးကြတယ်ထင်တယ် ဘရမ်းတက်ပစ္စည်းကောင်းတွေလဲတွေ့ရတတ်ပါတယ် စနေတရက်ပဲဖွင့်တာပါ ညဘက်ကို နှစ်ဆိုင်းရှိပါတယ် ညဦး ၉နာရီလောက်ကနေ ညသန်းကောင် ၂ နာရီအထိက တဆိုင်းပါ ပြီးတော့ ၂ နာရီကနေ မနက်ထိကနောက်တဆိုင်းပါ
ဒီပုံက ဖန်အိုးလေးပါ အရင် ပိုစ့်က ပုစွန် ၃ ကောင်မွေးဖို့ပါ (ကဲဒေါ်ရီတာ မေးတာဖြေပြီနော် နနခရော ပဲ တတိယမြောက်နောက်ဆုံးပုံက ဘာကြီးလဲဆိုတာ သိပြီပေါ့) အော်မေ့တော့မလို့ ဈေးက ဘတ် ၁၅၀
၁၈၀ခေါ်တာပါ တီကဆစ်လိုက်တာ တီကအဲ့လိုပဲ ဈေးဝယ်လဲတော်တယ် ရန်ကုန်မှာဆို နွေဦးရာသီတွေမှာ ရှိသမျှ မြေနီကုန်း ဂမုန်းပွင့်ရှေ့ စကော့ဈေးရှေ့ အိမ်နားကဈေးလေး ရှိသမျှ သရက်သီးသည်တွေနဲ့ ဈေးဆစ်ရင်း ရန်ဖြစ်နေကြ (အော်…မှတ်မိပါသေးတယ် မချစ်စုသရက်သီးသည် )…အယ်ဟယ်အယ်ဟယ်
နောက်နေ့မှ ပုစွန်၃ကောင် ကိုတင်ပေးပါအုံးမယ်

ကဲဒါကတော့ မောင်တလက် မယ်နှစ်လက် ရေဘင်အတု ပူးမား အတု ဘယ်သူသိတာမှတ်လို့နော် ရုပ်ခံကရှိသေးတယ် ပြီးတော့ တခြားဝတ်ထားမယ့် အေတူဇက် နဲ့ ဒက်ပါ ပေါင်းလိုက်ရင် ဘယ်တူက အတုတွေဝတ်တယ်လို့ထင်မှာလဲနော့ အဟေးဟေး ပျော်တယ်ဟေး မယ့်နှစ်လက် က ၁၉၀ ဘတ် မောင်ဟာက ၇၉ ဘတ် အဟိဟိ

ကဲဒါကတော့ တွေ့လဲတွေ့ရော မနေနိုင်မထိုင်နိုင်ဖြစ်သွားစေတာပါ မဝယ်နေနိုင်မလားနော် တခြားဟာတွေသာမဝယ်ရှိရမယ် အိုးခွက် ပန်းကန် ကတော့ တီတို့က ဝယ်ပြီးသားပဲ
မဟုတ်ရင် ဘယ်လို အကောင်းစားတွေချက်ကျွေးလို့ရပါတော့မလဲနော် ဘလောခ်ဖတ်သူတွေကိုပြောတာပါ
တရုတ်ဖြစ်ထင်ပါတယ် ဖန်အုပ်ဆောင်းနဲ့တောင်မှ ၉၉ ဘတ်ပဲပေးရပါတယ် ပြီးတော့ အိုးမကပ်တဲ့အိုးမျိုးပါ ပြီးတော့ မွှေဖို့ သစ်သား ယောင်းမ တချောင်းပါသေး အဟေးဟေး ပျော်တယ်ဝေး………….

ကဲတော်ပြီ
ဒီလောက်ပဲ နောက်နေ့မှာ ဟင်းချက်တာ ထပ်တင်မယ်နော်
လာစားကြ………………….
အမှောင်တဘက်ကမ်းမှ
တောင်တော်ရှင်သခင်မ
အဆင့်မြင့် နှစ်တရာ အတွင်းအား
သိုင်းပညာရှင် မေချောက်ချမ်း