ခါတော်မှီ….

ဟုတ်ကဲ့ အခုလို ဘလောခ် လောက မှာ ၂၀၁၀ အမှီ ဆိုရမလား ရုတ်ရုတ်သဲသဲတွေ ဖြစ်နေတဲ့အတွက် ဖန်တော် ဆင့်ခင် ဂျာနယ်က မောင်စိန်ဝင်း (ပုတီးကုန်း) နဲ့ဘာမှမတော်တဲ့ စောမိမိချမ်း (ဖရီးကုန်း) မှ နာမည်ကျော် ဘလောခ်ဂါ အန်တီချမ်း ကို ဖြစ်ပေါ်နေတဲ့အရေးတွေနဲ့ ပတ်သက်ပြီးတော့ မေးခွန်းလေးတွေ မေးမြန်းခဲ့ပါတယ်။ ဒီလိုနိုင်ငံကျော် ဘလောခ်ဂါကို အင်တာဗျူးဖို့ဆိုတာ မလွယ်ပါဘူး။ ဘာလို့လဲဆိုတော့ ခုတလောကမှာ ဖြစ်ပွားခဲ့တဲ့ ထက်ထက်မိုးဦးနဲ့ ဂျာနယ်လစ်အမှု၊ အရင်တုံးက ဟစ်စထရီ တွေ ရှိခဲ့တဲ့ ကိုကိုလှမြင့်နဲ့ နန္ဒာလှိုင်အမှု စတာတွေ ကြောင့် ကျမ တို့ ဂျာနယ်လစ် တွေ ဝမ်းစာမပြည့်ဘူး ဘာညာ ပြောခံထားရတာက တကြောင်း၊ တခုခုဆိုရင် ဘာမ ဆို သူဝင်အော်မှ ပြီးမယ် ထင်နေတဲ့ မထော်မနန်း အဘိုးကြီး ပြည်သူ့ ပတ္တမြားဝင်း ပယ်ရီမေဆင် စုံထောက်ဝတ္ထုတွေ ရေးခဲ့တဲ့ *ကမ္ဘာကြည့်ကြည့်မြင် ဆိုတဲ့ စာအုပ်တအုပ်လဲ ရေးခဲ့တဲ့ ဆရာတွေ ဂျာနယ်လစ်ကြီးတွေနဲ့မငြိအောင် သတိထားရတာကတကြောင်း စတာတွေ ကြောင့် ဒီအင်တာဗျူးလေးကို ပွဲမဝင်ခင် အပြင်က ကျင်းပ ဆိုသလို အများကြီး ပြင်ဆင်ခဲ့ရပါတယ်။ နာမည်ကျော် အင်တာဗျူးဝါး များဖြစ်တဲ့ အူးဝင်းညိမ်းတို့ ဘာတို့ ညာတို့ ကိုလဲ အတုယူတဲ့အနေနဲ့ ကိုယ်ဗျူးမယ့် နာမည်ကျော် ဘလောခ်ဂါ အန်တီချမ်း အကြောင်း ပါစင်နယ်တွေအပါအဝင် သေသေချာချာ စုံစမ်းခဲ့ပါသေးတယ်။ ထို့ပြင်တဝ သူရေးတဲ့ ပေါက်တတ်ကရ ပေါက်လွှတ်ပဲစား စာတွေ တပြုံတခေါင်းကြီးလဲ ခေါင်းနောက်တဲ့အထိ ဘတ်ခဲ့ရပါသေး တယ်။ လူပြောမခံရ အောင် လဲစာတွေ (ဒီနေရာမှာ ဘလောခ် တွေကိုဆိုလိုပါတယ် စာပေတွေကို မဆိုလိုပါ) အများကြီး ကြိုဘတ် ခဲ့ရပါတယ်။ ဒီလိုနဲ့ ချိန်းထားတဲ့နေ့မှာ နာမည်ကျော် ဘလောခ်ဂါမမကြီး ရှိမယ်ဆိုတဲ့ ရွာထိတ်က ကိုရင်မောင် ထန်းတော အဲလေ….နာမည်ကျော် စဒိုးနား ဟော်တယ် ရဲ့ အရက်ဘားတခု ကိုအရောက်သွားပြီး စာဘတ်သူ ပရိတ်သတ်တွေ သိချင်နေတဲ့အကြောင်းလေးတွေ ကို ဗျူးခဲ့ပါတယ်။

စောမိမိချမ်း (ဖရီးကုန်း)

ဟုတ်ကဲ့ မမ။ လိုရင်းလေးတွေ အရင်စဗျူးချင်ပါတယ်နော်။ နောက်မှ မမရဲ့ ပါစင်နယ်လေးတွေ လဲနည်းနည်းပါးပါးဗျူးပါမယ်နော်။





နာမည်ကျော်ဘလောခ်ဂါ အန်တီချမ်း



အော်……………(မဲ့တဲ့တဲ့၊ ခနဲ့တဲ့တဲ့၊ ရွဲ့တဲ့တဲ့ နဲ့ မချိပြုံးပြုံးလိုက်ပြီး) အဟင်းရပါတယ်ကွယ် မမက ပါစင်နယ်တွေကိုပဲ အဓိက ထားမေးမယ်ထင်နေတာ….ရပါတယ်ကွယ်….ညှင်းညှင်းညှင်း….

စောမိမိချမ်း (ဖရီးကုန်း)

ဟုတ်ကဲ့ ပထမဆုံး တလောက အပြင်းစားမိန်းမ ဘလောခ်ဂါ ရေးသွားတဲ့ တရားမျှတမှု နဲ့ပတ်သက်ပြီးတော့ မမရဲ့ အမြင်လေးတွေကိုသိချင်ပါတယ်…..





နာမည်ကျော်ဘလောခ်ဂါ အန်တီချမ်း

တီတောင် အဲ့တာနဲ့ ပတ်သက်ပြီး ပိုစ့် တခုရေးလိုက်ပါသေးတယ် အဲ့ဒီ ပိုစ့်မှာလဲ လောကကြီးက မတရားတာ မတရားမှုတွေနဲ့ ပြည့်နက်နေတာ မတရားမှုတွေ မှိုလိုပေါက်နေတာ စတာတွေ ကို အကျယ်ရေးပြီးပါပြီ။ ထပ်ပြီး ခြုံပြောရမယ်ဆိုရင်…. အိုတီကတော့ မတရားမှု ဆိုတာ လိုကိုလိုတယ်လို့ပဲ ထင်ပါတယ်ကွယ်။ ခုတော့ သေချာ မေးလာလို့ တီကလဲ လျာရှည်ရှည်နဲ့ အချက်ကလေးတွေနဲ့ ချိန်ထိုးဖြေမယ်နော်….

• လောကကြီးက မတရားပါဘူး ကိုယ်က သူများကိုမတရားမလုပ်ရင် သူများက ကိုယ့်ကို မတရားလာလုပ်မှာပါ။

• နောက်တီတို့နေတာ ဒီမိုကရက်တစ် လွတ်လပ်သော အွန်လိုင်းနိုင်ငံပါ တရုတ်ပြည့်သူ့ ကွန်မြူနစ် မဟုတ်ပါဘူး တရားမျှတမှု ရှိရမယ်ဆိုင် လူတွေလဲ အကုန်ပျင်းကုန်ကြပြီးတော့ ကိုယ်ဘာလုပ်လုပ် ဘယ်လောက်လုပ်လုပ် အတူတူပဲရမယ်ဆိုရင် လူတွေရဲ့ ကြိုးစားလိုစိတ်တွေ အညွှန့်ကျိုးကုန်မယ်လို့မြင်ပါတယ်

• နောက် အဲ့မှာ ပြောကြတဲ့ ဘာသာရေးနဲ့ပတ်သက်တာတွေ ကိုယ်စိုက်တဲ့အသီး ကိုယ်ရိပ်သိမ်းရမယ် စတာတွေကိုတော့ တီက ဘာသာမဲ့ တယောက်ပဲ ဖြစ်တဲ့အတွက် ဘာမှမဆွေးနွေးချင်ပါဘူး တီ့ဘလောခ်က နာမည်ကျော်တာ နိုင်ငံရေး ဘာသာရေးတွေမရေးတာကြောင့်လဲပါပါတယ် အဲ့တော့ တီက အဲ့ဒီ နည်းလမ်းအတိုင်းပဲ ဆက်သွားချင်ပါတယ်

• အရင်တုံးကဆိုလဲ တီတို့ ဘာသာ လွတ်လပ်သော ဒီမိုကရက်တစ် လွတ်လပ်သော အွန်လိုင်း ဘလောခ်ကင်း နိုင်ငံမှာ လွတ်လပ်စွာ ဘလောခ်ခြင်းအမှုပြုနေကြတာကို နှာဘူးမကြီး မဟုတ်တာတွေ တင်တယ် ရေးတယ် စသဖြင့် မတရားအပြောခံခဲ့ရတာပဲလေ အဲ့တာကြောင့် ပြောတာပေါ့ လောကကြီးက မတရားပါဘူးလို့

• အဲ့တော့ အချုပ်အနေနဲ့ ပြောရရင် တီကတော့ တီ့ကို မတရားပြောမယ် မတရားကျင့်မယ်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် လက်ခံ မယ်လို့ပဲပြောချင်ပါတယ်

စောမိမိချမ်း (ဖရီးကုန်း)

ဟုတ်ကဲ့ ကိုကလိုရဲ့ ဘလောခ် ပိုစ့်နဲ့ ပတ်သက်ပြီးတော့ မြန်မာ မိန်းကလေးများ စကတ်တိုလာမှု ဆိုတဲ့ အကြောင်းနည်းနည်းဆွေးနွေးပေးပါအုံး….





နာမည်ကျော်ဘလောခ်ဂါ အန်တီချမ်း



အော် ဝိုင်းစု စကပ် ကိစ္စ ကိုပြောတာထင်တယ်နော်…ဒါကတော့ ပြောရမယ်ဆိုရင် ကမ္ဘာနဲ့ချီပြီး ပြောရမယ့် ကိစ္စ ဖြစ်နေပါတယ်။ တီကိုယ်တိုင်တောင် ခုတလော ကမ္ဘာပတ်ဝင်းကျင် ထိန်းသိမ်းရေး၊ ဖန်လုံအိမ်နိယာမ၊ ပလပ်စတစ် ပြဿာနာ၊ မြန်မာပြည်တွင်းမီးလောင်ခြင်း၊ ရေရှားခြင်း၊ မီးမလာခြင်း (အဲပါကုန်ပြီ)၊ ဆူနာမီ နဲ့ နာဂစ်၊ အယ်နီညိုနဲ့ လာနီညာ စတဲ့ ကိစ္စ တွေကို အလေးပေးလေ့လာနေပါတယ် အယ်ဂိုး ရဲ့ an inconvenience truth ဆိုတဲ့ ဒေါတ်ကယူမန်ထရီ အခွေနဲ့ သူရဲ့ စာအုပ်တွေလဲကြိုးစား ဘတ်နေပါတယ်။ ဒါတွေဟာ ဘာကိုပြသလဲ ဆိုရင် တော့ ကမ္ဘာကြီး ပူနွေးလာတာကိုပြပြတယ်။ မိန်းကလေးတွေဟာ ခေတ်နဲ့အမှီ သဘာဝနဲ့အညီ နေထိုင်ဝတ်ဆင် တတ်ကြတာပါ ပြောမယ်ဆိုရင် ချီကျူးကြရမယ့် ကိစ္စ ပါ အမနာပ ပြောရမယာ့် ကိစ္စ လို့တီကတော့ မမြင်ပါဘူး တကယ်တော့ ဝတ်တယ်ဆိုရင်လဲ အဲ့လို လိုက်ပြောတဲ့ သူတွေက သဘောတကျ မျက်လုံးပြုတ်ကြမတတ် ကြည့်ကြတာပါပဲ သဘာဝနဲ့အညီ မနေနိုင်လို့ မျိုးတုန်း ကုန်တဲ့ ဒိုင်နိုဆော်တွေ ရှိပါတယ် အတုယူသင့်ပါတယ် အဲ့တော့ ကိုယ်တွေ ယောက်ျားတွေလဲ ကျားကျား ပြားပြား (ရည်ညွှန်း=အရီးတား) ဖြစ်နိုင်ရင် ကတောင်းကျိုက် စကပ်တိုဝတ် ပြီးနေဖို့သင့်ပါတယ်။ ကမ္ဘာနဲ့ချီ ပြောနေတဲ့အတွက် မြန်မာတွေက ရွှေပီပီ ဒီနေရာ မှာ အမြဲတမ်း ခေတ်ရှေ့ပြေး နေတဲ့ကိစ္စ တခု ကိုလဲ မပြောမဖြစ်ပြောရပါမယ်။ အဲ့တာ က ဘာလဲဆိုတော့ ရှေးလူကြီးတွေ အမျှော်အမြင်ရှိပုံပြောပါတယ် အောက်ခံဘောင်းဘီ ကိစ္စပါ ရွှေမြန်မာတွေ အရွယ်ရောက် ယောက်ျား အများစု က အောက်ခံဘောင်းဘီ မဝတ်ကြပါဘူး။ နောက်အဲ့တာနဲ့ တွဲဘက် ဝတ်တဲ့ ပုဆိုးကလဲ နာမည်ကသာ ဆိုး တကယ်က သိပ်သိပ်ကောင်းပါတယ် လေဝင်လေထွက်ပြောတာပါ။ ဒီနေရာမှာ ကြုံလို့ လက်တန်းစပ်လိုက်တဲ့ ကဗျာ တပုဒ် ရွတ်ပြချင်ပါသေးတယ်။ တီချမ်းဟာ ဒီလို အဏူပညာ စွမ်းတွေ ပြည့်ဝ ဝမ်းစာရှိပါတယ်ပေါ့ ခိခိခိ



ပုဆိုးတို

ပုဆိုးကိုတဲ့ ခပ်တိုတို ဝတ်ပါလို့

အညာသား တို့မောင်ကြီးမှာ

အိမ်ကတက် လေလာရာ

နွေအခါ ဆောင့်ကြောင့် ထိုင်ကာသာ

တဘတ်ဘတ် ခပ်လိုက်ရင်

လေလေးများလဲ တဖြူးဖြူးဝင်

ဆိုတဲ့ ဖြူးမြို့ က နာမည်ကျော် ကဗျာဆရာမ ချမ်း က သူ့မြို့သူ့ရွာ ဖြူးဆိုတဲ့ စကားလုံးကို မပါ ပါအောင် ရေးထား တဲ့ ကဗျာ ကိုသတိရစေပါတယ်။ ဒီလိုမျိုး တီတို့ ရွှေတွေ ခေတ်ကြိုခဲ့ကြတာကပါ။

မြန်မာ့ယဉ်ကျေးမှု အနေနဲ့ပြောမယ်ဆိုရင်တော့ ဘာမှပြောစရာမရှိပါဘူးလို့ပဲ မြင်ပါတယ်။ ဘာလို့လဲဆိုတော့ ရှေးခေတ် မြန်မာ အမျိုးသမီးတွေဟာ အရင်က ဆိုရင်ဒီထက်တောင် မှ ဖော်ပြီး ဝတ်ခဲ့ကြပါသေးတယ် နန်းဆန် တာပေါ့ နောက်စစ်ကြိုခေတ် စစ်ပြီးခေတ်တွေမှာ ဝတ်ခဲ့တာ ဇာဘော်လီနဲ့ မှန်ဇာ ဆိုတာတွေကလဲ တကယ်တော့ ဝတ်ထားပေမယ့် ဘာမှ မဝတ်ထားတဲ့အတိုင်းပါပဲ အကုန်လုံးကို အထင်းသားမြင်နေရတာပါ (ref: နန်းညီ ရဲ့ ဒီလိုဝတ်ခဲ့ကြသည် ဆိုတဲ့ ပိုစ့်ကလေးကိုဘတ်ကြည့်စေချင်ပါတယ် အသက်ငယ်သေးပေမယ့် ဘလောခ် လောက ပန်းချီလောက စာပေလောက စတဲ့ အနုပညာ လောကတွေအတွက် အလားအလာ အများကြီး ရှိတဲ့ ကောင်မလေးပါ အချင်းချင်းဆိုတော့ ကြောငြာပေးရပါတယ် ဘေလ် ကို တီချမ်းရဲ့ စက်ကပ်ကြေးမှ ပို့ပေးပါလိမ့်မည် ကြော်ငြာခ ငွေကို လမကုန်ခင် အမြန်ပို့ပေးစေချင်ပါတယ် အိမ်လခ ပေးရတော့မှာ မို့လို့ပါ ဒီတလလဲ ၂ သောင်းကျော်ကျပြန်ပါတယ်=စကားချပ်)

ဒီလောက်ဆိုရင် ဝိုင်းစု ကိစ္စ သဘောကျ ကြမယ်ထင်ပါတယ်နော် တီ့ ပါစင်နယ် ပုဂ္ဂလ (မြန်မာလိုမတတ်ဘူးထင်မှာစိုးလို့နော်) အမြင်ကတော့ တိုတို ဝတ်တာကောင်းပါတယ် ကြည့်သောသူ မြင်၏ ပြသောသူ ကုသိုလ် ရ၏ ဆိုသလိုပဲ ယူတတ်ရင်ရပါတယ် ကြည့်တတ်ရင် မြင်ပါတယ် တီ့လို ပြောပါများဆိုရင်တော့ လမ်းထွက်ရင် ခေါင်းကိုတခုခု မာတာလေး ဆောင်းသွားပေါ့ အရိုက်ခံရနိုင်ပါတယ်။

စောမိမိချမ်း (ဖရီးကုန်း)

ဟုတ်ကဲ့ ခုတလော အပြန်အလှန်ရေးသား အမြင်တွေ ပွားများကြတဲ့ မြန်မာစာ၊ ဘလောခ်ဂါ၊ စာပေထဲမှာပါတဲ့ အဆိပ် ဘလောခ်ဂါတွေ မြန်မာစာကို ဖျက်ဆီးရေး စတာတွေနဲ့ ပတ်သက်လို့ကော ….

နာမည်ကျော်ဘလောခ်ဂါ အန်တီချမ်း

အင်း ယေးတူ သွေဃော ဂွန်မန့်သွေ ကောမှာ မသူငြီတဲ့ ဂွဲပြားတဲ့ အမြင်သွေဃို သော်သော်မြားမြား ယေးဌားပြီး သွားဂျပါပြီ။

တီ့အနေနဲ့တော့ ဘာမှထွေထွေထူးထူး ပြောစရာမရှိပါဘူး။ တခုပဲ ပိုစ့်ပုံစံက ချစ်လို့ပြောတယ် မှတ်ပါ ဆိုတဲ့ အသံမျိုးပေါ့။ နည်းနည်းပဲ ဝေဖန်စရာရှိတာက အဓိက ဘာပေးချင်သလဲရေးရပါမယ်ဆိုထားပါတယ် ပြောချင်တာကလဲ စာလုံးပေါင်း သဒ္ဒါ ကိစ္စ တွေပေါ့ အများကြီးပြောသွားတာကတော့ သီချင်းကိစ္စပေါ့နော် တီကတော့ အဲ့လိုမြင်ပါတယ် အဲ့တော့ သူ့အပြောနဲ့ အရေးက မညီဘူးလားပေါ့နော်

တီကတော့ ရှင်းပါတယ် စာလုံးပေါင်းကိုသတိထားပါတယ် အခြေအနေပေးရင်လဲ တီ့စာတွေကို တီ့ဘာသာပဲ ပိုက်ဆံထုတ်ပြီးတော့ ဘယ်သူဝယ်ဝယ်မဝယ်ဝယ်အရှူံးခံထုတ်မယ်ဆိုတဲ့ ကြီးမားတဲ့ မဟာရည်ရွယ်ချက်ရှိပါတယ် မဟုတ်ရင်လဲ စာပေသမား တယောက်ယောက် ကို ရှဲဒိုးရေးခိုင်းပြီး စာရေးဆရာမ ဖြစ်အောင်လုပ်ပါမယ် မဟုတ်ရင်လဲ တီက ရုပ်ခံ ရှိတဲ့အတွက် နာမည်ကျော် မင်းသမီး အရင်ဖြစ်အောင် လုပ်ပါမယ် ပြီးတော့ မှ အချစ်စစ်စစ်များ ဆိုပြီး တော့ စာအုပ်ထုတ်ပါမယ် နာမည်ကျော်ကရော်ပေါ့အေ..

တီဆိုရင်လဲ စာလုံးပေါင်းကို အင်မတန်မှ သတိထားပါတယ် ဆယ်တန်းမှာ (sorry တက္ကသိုလ် ဝင်တန်း=တီချမ်း ကားပြာ မကြိုက်ပါ) မြန်မာစာ သင်ခဲ့တာ စာအုပ်ဘိုးတော်လို့နာမည်ကြီးတဲ့ ဆရာဦးရဲဝေ နဲ့ပါ သူ့ကိုယ်သူ ဦးယေဝဲ လို့ အမြဲ ညွှန်းပါတယ် တခါမှ စာမမေးတဲ့ ဆရာပါ မုန့်လဲအမြဲ ဝယ်ကျွေးတဲ့အတွက် ဆရာ့ ကို လဲ သိပ်သိပ်ချစ်ပါတယ် ဆရာကျေးဇူးနဲ့ တီလဲ စာရေးတဲ့အခါ စာလုံးပေါင်းသတ်ပုံ သတိထားပါတယ် ချွင်းချက် အနေနဲ့ ပုဒ်ထီး ပုဒ်မ ကတော့ ပါလေ့မရှိပါ ဒါကလဲ ပြောရမယ်ဆိုရင် တီက အင်တာနေရှင်နယ် ဆိုသလို ရောက်နေပေါက်နေတော့ ဂျန်ဒါ သဘောကို အလေးထားတဲ့သဘောပါ (ဘာမှမဆိုင်တာ ကို မဆိုင်ဆိုင်အောင် ဆွဲပြောတာကိုက ပညာ။ ယူထားကြလော့ အသင်စာဘတ်သူတို့) အဲ့တော့ အထီး အမ ဘက်လိုက်မှုမရှိကြောင်း ပေါ်လွင်စေချင်လို့ တမင်ကိုထည့်မရေးတာပါ နောက်တခု တီအရင် စာစ ရေးကာစ ကျွန်တော် ကျွန်မ လို့ ရေးပါတယ် တစ် အစ်ကို အစ်မ ရေးပါတယ် နောက်တော့ တစုံတယောက် ရဲ့ ကောင်းမှုနဲ့ ပေါ့ အသား တစ်တတစ် တို့ အသားတစ်တစ်တစ် တို့ ဟုတ်လားမဟုတ်လားမသိတဲ့ ပိုစ့်တွေ လိုက်လျောက်ဘတ်ပြီးတော့ ကျွန်စိတ်မပျောက်သေးလို့ ကျွန်တော် နေတာ ဘာညာပေါ့ အဲ့တာနဲ့ ကျတော် ဖြစ်သွားပါတယ် ကျွန်စိတ်ဆိုလို့ နည်းနည်း ထပ်ပြောရရင် တခါတလေကျတော့ ကျွန်ဖြစ်နေတာ ကမှ ကောင်း မီးမှန်နေမလားပေါ့နော် တွေးမိပါတယ် ဥပမာ ဟောင်ကောင် ပေါ့နော် တီတို့က ကျွန်ဖြစ်တာ စောပေမယ့် သူတို့က ကျွန်သက်ပိုရှည် ပါတယ်ပေါ့ အဲ့တော့ ပိုတိုးတက်တယ်ပေါ့ အခြေအနေတမျိုးဖြစ်ချင်ဖြစ်မယ်ပေါ့နော် တီတို့လဲ မမှီခဲ့ပါဘူးပေါ့နော် ရှေ့မှီနောက်မှီတွေ ပြောခဲ့ကြတဲ့ ပြည်တော်သာခေတ်ဘာညာကတော့ နားထောင်ရတာ ကောင်းပါတယ်ပေါ့နော် နောက်တော့လဲ အိုဒီ လို အတွေးတွေဟာ မဟုတ်သေးပါဘူး ကြီးမားမွန်မြတ်တဲ့ စေတနာတွေကိုစော်ကားရာ ရောက်ပါတယ်လေ ဆိုပြီးတော့ တီလဲလျောက် မတွေးတော့ဘူး ပေါ့နော်….. ပြောရင်းနဲ့ မဆိုင်တာတွေရောက် ကုန်ပြီ….ဟူး………………….မောလိုက်တာ

(သူသူမရေ ရေလေးတခွက်လောက်ခပ်ခဲ့ပါကွယ် ဟူ ကျင်ကျင်မလေး ဂန္ဓာမာ သူသူ အားလှမ်းအော်လိုက်သည်)

တခုပဲကြိုက်တယ် အဲ့တာကတော့ ခုနက စာလုံးပေါင်းနဲ့ ပတ်သက်တဲ့ အပြန်အလှန်ပိုစ့်မှာလဲ နှစ်ယောက်သား အမြင်မတူတာကို လွတ်လပ်စွာ ကွဲလွဲခဲ့ကြပါတယ်ပေါ့ တီတို့ရဲ့ ဒီမိုကရက်တစ် လွတ်လပ်သော အွန်လိုင်းနိုင်ငံ အနေနဲ့ကြည့်မယ်ဆိုရင်တော့ ဒါကောင်းတဲ့ အလာအလား တခုပါပေါ့နော်

စောမိမိချမ်း (ဖရီးကုန်း)

ဟုတ်ကဲ့ နာမည်ကျော် မမကြီး ရဲ့ ရီဗြူးကိုကော ဘယ်လိုမြင်ပါသလဲ…

နာမည်ကျော်ဘလောခ်ဂါ အန်တီချမ်း

အို…………..ဒါကတော့ ရေးကိုရေးရမယ့် ကိစ္စ မို့လို့ ကြိုဆိုရမှာပါ ပုဂ္ဂိုလ်ခင်လို့ တရားမင်တာမဟုတ်ပါဘူး သူကတော့ ဟိုးအစ ကနဦးကတည်းက ဘယ်သူတွေ ဘာပြောပြော စာလုံးပေါင်းဆိုလဲ သေသေချာချာကိုမှားတာပဲ သူများက ပြင်ဖို့ရေးတာကိုလဲ မမကြီးက ကျတော်တို့လဲတာဝန်ရှိပါသည် လို့ ပြောပါသေးတယ် ယဉ် အန္တရာယ် စုပေါင်းကာကွယ်တာမှ မဟုတ်တာနော် “ဝိုင်းဝန်းကာကူညီ…..ကျမတို့လဲ တာဝန်ရှိပါသည်” ပေါ့ ဘာညာပေါ့

ပြီးတော့ မမကြီးက အရင်တလောကလဲ ဆက်ရေးရမလား မရေးရင်ကောင်းမလား ဆိုပြီးတော့လဲ ဆက်ရေးနေတာပဲ ဟော ပုံတွေတင်လဲ တင်ချင်တာတွေတင်တာပဲ သူ့ပုံတွေ ကွာလတီမကောင်းလို့ မလှလို့ သူများ ဘလောခ်ဂါတွေ မီးလောင်တာမှာ ပိုစ့်တင်တာကိုတောင် သူက ဘလောခ်ဂါတွေ က မီးလောင်နေပေမယ့် ပုံကောင်းကောင်းထွက်ဖို့က အဓိက လို့ ခနဲ့ပါသေးတယ် ပြီးတော့မှ ပြောတာ စိတ်ဆိုးမလားမသိလို့ ပြန်ဖြေပါတယ် တီတို့တွေ အများကြီး နည်းနာ ယူရပါမယ် ပြီးတော့ တီ့ အနမ်း ပိုစ့်တောင် သူ့ ရီဗြူးမှာ ပါလာလို့တီ တောင် ဝမ်းသာပြီ နှစ်ပိုစ့် သုံးပိုစ့်ဆက်ရေးပါသေးတယ် (ခုတော့ ဒေါ်ရီတာ လာအော်နေလို့ အနမ်းတွေ ရပ်ပြီး တခြားပြောင်းရေးမှာပါ နမ်းရတာ ကြာလို့ နူတ်ခမ်းတွေကော ပါးတွေကော လျာတွေ ကောလဲ ညောင်းနေကြပြီလေ တော်ကြာ အဆိုကျော် ရဲလေး လို သနားစရာလေးတွေပဲ အမြဲရေး ပြီး မြို့မေတ္တာ ခံယူတတ်တဲ့ သနားခံဘလောခ်ဂါ ဖိုးစိန်ကြားသွားလို့ နှာခေါင်း ပိုစ့်အပြီး လျာ ပိုစ့်တွေပါ လျောက်ရေးကုန်ရင် မကောင်းဘူးလေနော်…)

မမကြီး အကြောင်းကတော့ မမကြီး ဘာရေးရေး ဘယ်သူတွေ ဘာပြောပြော သူသာလျှင် ကွန်မန့် ဘုရင်မကြီးဘွဲ့ကို ဆက်ထိန်းထားနိုင်တာဆိုတော့ တီတို့က ဘာမှမပြောသာပါဘူး….မမကြီးရယ်လို့ ရေးလိုက်ရင် အအေးအိတ်တွေ ချိတ်ပြီး အရောင်စုံလိုလို ဓါတ်ပုံရိုက်တင်ရင်တောင် လူဘတ်တာပဲဆိုတော့ တီကိုယ်တိုင်လဲ မသွားဘတ်ရရင်မနေနိုင်ပါဘူး….ပြီးတော့ မမကြီးရဲ့ ကိုယ်ယောင်ဖျောက်အတတ်ကိုလဲ တီက သင်ချင်ပါသေး တယ် တီတောင် ဘလောခ်ရေးကာစ က ဘလောခ် ပါးမဝသေးလို့ မဟုတ်ရင် မမကြီးလိုပဲ ကိုယ်ရောင်ဖျောက် ထားလိုက်တယ် ခုတော့ တီ့မှာ မောင်ရင်ငတေ ဆိုတဲ့ ပိုစ့်မော်ဒန် (သူများနားမလည်အောင် အင်မတန် ရေး တတ်သော) ဘလောခ်ဂါ က တီ့ ဘန်နာ က ကောင်မလေးကော ဆိုပြီး ရိသဲ့သဲ့ လာမေးတာ ခံလိုက်ရပါသေး တယ် (ကတောက်…နန်းညီ ဆီက ခဏ ငှားသုံးတယ်) သူက ဘယ်ရောက်သွားလဲပဲ မေးသာမေးတာလေ မတရားဘာမှလာမလုပ်ပါဘူး မလုပ်လို့ ခုလို လူသိရှင်ကြား အော်နေတာပေါ့နော် မတရားသာ လာလုပ်ရင် ငြိမ်ခံနေလိုက်မယ် ဘာမှတ်လဲ …………..

စောမိမိချမ်း (ဖရီးကုန်း)

ဟုတ်ကဲ့ တိုက်ခိုက်တာတွေလဲ ပြီးသွားတော့ မမရဲ့ ပါစင်နယ်တွေကို နည်းနည်းမေးပါရစေနော်

နာမည်ကျော်ဘလောခ်ဂါ အန်တီချမ်း

အင်း…………………(အခုမှ လိုရင်းကိုရောက်တော့တယ် ဟု ပြုံးချိုလိုက်ပြီးနောက်….) တိုက်ခိုက်တာ မဟုတ်ပါဘူးကွယ် တီက ပျော်စေပျက်စေ ကလက်စေပါ အားလုံးကို မေတ္တာထားပါတယ် တီက ငယ်ငယ်လေးကတည်းက ဆရာထင်လင်းရဲ့ ပေါ်လီယာနာ ကို ဘတ်ပြီးကြီးလာတာပါ (ကြီးလာတာ အား အရွယ်ရောက်လာတာဟု ပြင်ဆင်ဘတ်ရှုပါရန်) မေတ္တာရှင်မလေး ငြိမ်းငြိမ်းအိ ရုပ်ရှင်လဲကြည့်ဖူးပါတယ်။ အဲ့တော့ အားလုံးကိုမေတ္တာထားပါတယ်…..

စောမိမိချမ်း (ဖရီးကုန်း)

ဟုတ်ကဲ့ …………ကဲ စမေးတော့မယ်နော် မမ….

နာမည်ကျော်ဘလောခ်ဂါ အန်တီချမ်း

အင်းမေးလေ

စောမိမိချမ်း (ဖရီးကုန်း)

ဟိုတလောက မမ စာမရေးဘဲ ခဏနားနေတယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ တီက မအားလို့ စာရေးတာကနေခဏ အနားယူနေတယ်လို့ ပြောတယ်။

နာမည်ကျော်ဘလောခ်ဂါ အန်တီချမ်း





ဟုတ်တယ်။ အခု အားသွားပြီ။



စောမိမိချမ်း (ဖရီးကုန်း)

ပထမဆုံး အနေနဲ့ အစ်မရဲ့ အခုလက်ရှိ ဘဝလေးကို အစ်မ ဘယ်လို ဖြတ်သန်းနေပါသလဲ။



နာမည်ကျော်ဘလောခ်ဂါ အန်တီချမ်း

ဒီအတိုင်းပဲ ကောင်းပါတယ်။

စောမိမိချမ်း (ဖရီးကုန်း)

အစ်မ နည်းနည်း အဆင်ပြေပြေလေး ဖြေပေးပါနော်။ အင်တာဗျူး ကောင်းကောင်းလေး ထည့်ချင်လိုပါ။

နာမည်ကျော်ဘလောခ်ဂါ အန်တီချမ်း

ဟုတ်။ အဆင်ပြေပြေ ဖြေပေးဆို မေးတဲ့အတိုင်းပဲ တီ က ဖြေနေရတာလေ။

စောမိမိချမ်း (ဖရီးကုန်း)

အမ အရင်က ပိုစ့်တွေမှာ ပြောဖူးသလိုပေါ့နော် အမက ကလေးလိုချင်တယ်ဆိုတော့ အစ်မရဲ့ ကျန်းမာရေး အခြေအနေအရ အစ်မ မှာ …ရှိနေတဲ့အတွက် ကိုယ်ဝန်ဆောင်ဖို့ အဆင်ပြေပါ့မလား။

နာမည်ကျော်ဘလောခ်ဂါ အန်တီချမ်း

ဟုတ်။ ပြေပါတယ်။ ခုက ဆေးစွမ်းကောင်းတွေလဲပေါ်နေပြီဆိုတော့လေ…

စောမိမိချမ်း (ဖရီးကုန်း)

အဲဒါက ဘယ်တော့လောက်ဖြစ်မလဲ မသိဘူး။

နာမည်ကျော်ဘလောခ်ဂါ အန်တီချမ်း

အဲဒါတော့ မသိသေးပါဘူး။

စောမိမိချမ်း (ဖရီးကုန်း)

ဟိုတလောက မမနဲ့ ဘလောခ်ဂါ ကိုကိုတယောက် ပြတ်သွားကြတယ်လို့ပြောတယ် မမအသည်းတွေ ဘာတွေ ကွဲသေးလား။

နာမည်ကျော်ဘလောခ်ဂါ အန်တီချမ်း

အဲဒီမေးခွန်းက မေးဖို့တောင် မသင့်တော်ပါဘူး။

စောမိမိချမ်း (ဖရီးကုန်း)

အစ်မ အမျိုးသားနဲ့ အစ်မ ဘယ်မှာ တွေ့ခဲ့ကြတာလဲ။

နာမည်ကျော်ဘလောခ်ဂါ အန်တီချမ်း

ဒီလိုကိစ္စ အသေးအမွှားလေးတွေတော့ တီ မဖြေချင်ဘူး။ ဒဲာ့တာတွေက အင်တာဗျူးထဲမှာ ထည့်တာတော့ ထည့်လို့ရတယ်။ ထည့်လို့မရလို့တော့ မဟုတ်ဘူး။ ဒဲာ့တာတွေက ဘာမှ မဟုတ်တဲ့ မေးခွန်းလေးတွေ ဖြစ်နေတဲ့အတွက် တခြားမေးခွန်းလေးတွေ မေးပါလားလို့…………… နော်။

စောမိမိချမ်း (ဖရီးကုန်း)

မမရဲ့ စာဘတ် ပရိသတ်တွေက ပြောကြတယ်။ မမက လင်တွေများနေတာနဲ့ပတ်သက်ပြီးတော့။ အဲဒီဝေဖန်မှုတွေကို အစ်မ ဘယ်လို ခံစားရလဲ။

နာမည်ကျော်ဘလောခ်ဂါ အန်တီချမ်း

သွားလိုက်တော့………… နင်သွားလိုက်တော့………….

နင်လို လစာ တပဲခြောက်ပြားတောင်မရတဲ့ကောင်မက ငါ့လိုဒေါ်လာ စားကို ဘာမို့လို့ အဲ့တာတွေ လာမေးနေတာလဲ နင်တို့ လို ဂျာနယ်တွေ ထမင်းမငတ်အောင် ငါက သနားလို့ဖြေပေးနေတာ

(ပြောပြောဆိုဆို ဂျာနယ်လစ်မ စောမိမိချမ်း (ဖရီးကုန်း) အား နာမည်ကျော် ဘလောခ်ဂါ အန်တီချမ်း မှ ဆံပင်ဆွဲ ပါးရိုက်ကာ လည်ပင်းဖမ်းညစ်လေတော့သည် ဤတွင် အန်တီချမ်း နှင့် နာမည်ကျော် နှစ်ကိုယ်ခွဲ အင်တာဗျူးကြီးမှာလဲ အကျည်းတန်စွာ ဆုံးခန်းတိုင်လေတော့သည်။)

မှတ်ချက်

ခင်တဲ့သူတွေကိုပဲ စတယ်မှတ်ပါ။ မကျေနပ်ရင်လာပြောကြပါ။

* (ဆရာတယောက်ကတော့ အဲ့တာ ဆရာ မြို့မငြိမ်း ရဲ့ စကားလုံးလို့ပြောပါတယ် ဆရာ မောင်ဝံသ စာအုပ်ထွက်တုံးကလဲ ဆရာ မြို့မငြိမ်း ရဲ့ အဆက်အနွယ်တွေက တရားစွဲတယ် ဘာညာ မကြားမိပါဘူး၊ အရင်တုံးက လွန်းထားထား နဲ့ ပုညခင်ထင်တယ် ရင်ခွင်နန်းတော် ဆိုတာ သူ့စကားလုံး ငါ့စကားလုံး ဆိုတာတွေနဲ့ ပတ်သက်ပြီး သတ်ကြပါသေးတယ် အဲ့လို အဖြစ်တွေအပေါ် မြန်မာစာ မြန်မာစကား ကို တန်ဖိုးထားတဲ့ သီချင်းတွေကို အများကြီး ဝေဖန်သွားတဲ့ ဆရာ အနေနဲ့ ဘာပြောမလဲ သိချင်ပါသေးတယ်)

အချဉ်ပေါက်ခြင်း

ခုတလော ဘာရေးရမလဲပြတ်နေတာပါ တနေ့တနေ့ အိုင်ဒီယာ ကမထွက်ဘူးလေ ဒါပေမယ့် ခုတလောမှ ကိုယ့်ဘလောခ် ကိုလာလာလည်နေတဲ့ မမကြီးဆိုတဲ့ တယောက်နဲ့ စကား ပြော ဖြစ်ပါတယ် နောက်တော့ သူကလင့်ခ်ပေးလို့ ဘလောခ် တချို့ရောက်သွားတော့ ရေးချင်လာတာလေးတွေရှိလာပါတယ် အရင်တခါကလဲရေးဖူးပါတယ် ကြိုက်တဲ့လူတွေက အားပေးကြပြီး မကြိုက်တဲ့လူတွေ က ရှုံ့ချကြတဲ့ ပိုစ့်မျိုးပါ ထုံးစံအတိုင်းပေါ့ တီချမ်းက လူပြောမခံရရင် ထမင်း စားမဝင်ဘူးလေနော့ ဒေါ်ရီတာကတော့ ကြိုက်ပုံရပါတယ် တောင်းဆိုထားတာကြာပါပြီ အဲ့တော့ရေးဖြစ်တယ်ပေါ့နော် ခုတော့ အရင်ပိုစ့်က ဒီမှာပါ တီချမ်းအင်တာဗျူး ဆိုပြီးရေးခဲ့တာပါ ခုတော့ အင်တာဗျူးနောက်ဆက်တွဲ သို့အပိုင်းနှစ်လို့ပြောရရင်ရမယ်ထင်တယ်နော်………

တနေ့သောအခါမှာ ဘလောခ်စပေါ့ မဂ္ဂဇင်းတိုက်တွင်ထိုင်နေတုံး ဂျာနယ်လစ် မောင်မျိုးအား အယ်ဒီတာက ဟစ်ဖြစ်မယ့် စာမူမရှိဘူးလို့ခေါ်ဆူတဲ့ အတွက် တခါက ဗျူးထားတာ တော်တော်ကြာပြီဖြစ်တဲ့ ဘလောခ်လောက ပွဲဆူဘုရင်မ ဝတ်လစ်တလစ်ဗျူတီ (ပြောရဲတယ်နော်) တီတီချမ်း ကို ဗျူးဖို့သတိရမိပါတယ်။ မှတ်မိပါသေးတယ် အဲ့ဒီ တီချမ်း အင်တာဗျူးစာမူပါလာတဲ့ လတုံးက မဂ္ဂဇင်းစောင်ရေ ထိုးတက်သွားတာ မြန်မာပြည်က ကားဓါတ်ဆီဈေးတက်သလိုပါပဲ ၅ဆပါ ၅ဆ နော် ၅ဆ
အဲ့တော့လဲ မဂ္ဂဇင်းတိုက်က မရှိမဲ့ရှိမဲ့ ဆိုက်ကားလေးနဲ့ တီချမ်းရဲ့ ဘယ်ဗလီဟေးလ် မှာ ရှိတဲ့ အဆင့်လွန် ခေတ်ဆန် ဆင့်ဆင့်ဆန်း တိုက်ခံခြံ ကိုရောက်သွားပါတယ် အိမ်နေရင်း မပြင် မဆင်ဘဲ ကပိုကယိုလှနေတဲ့ တီတီချမ်းက ဗိုက်ကြီးသည် ဂါဝန်နဲ့ပါ အောက်ကလဲ လင်ဆေးလိုဟန်၊ ဘရစ်(တ)နီ လှံတို့ ပဲရစ်ဟီလ်တန်တို့ရဲ့ နောက်ဆုံးပေါ်ဖက်ရှင်နဲ့ဖြစ်ပါတယ်

ရောက်ရောက်ချင်း တီချမ်း ရဲ့ မန်နေဂျာ အကြံပေး စက်ကတ်ကြေး အိမ်တော်စောင့် ဒေါ်ရီတာ နဲ့တွေ့ရပါတယ် တီချမ်းကို အင်တာဗျူးချင်လို့ဆိုတော့ အပွိုင့်မန့် ယူထားလား လို့မျက်နှာထားနဲ့မေးပါတယ် မယူထားပါဘူးဆိုတော့ အဲ့တာဆိုရင် ၂၀၁၂ မှပြန်လာခဲ့လို့ ပြောပါတယ် အမ် ဘာလို့လဲဆိုတော့ တီချမ်း ရဲ့ ဒိတ်တွေအကုန်ပြည့်နေပြီလို့ဆိုပါတယ်
ကိုယ်ကလဲ ဘလောခ်စပေါ့အောင်မျိုးမှလား ဒီလိုအရေးတွေကြိုမြင်ပြီးသားပါ ဘလောခ် တကာလှည့် အရပ်တကာလှည့် ထီးဖြူပြီး ဖိနပ်ပါးလာတဲ့ကောင်ပဲ အသင့်ပြင်ပါလာတဲ့ လော်ရီရယ် ဆက်လိုက် ကိုထုတ်ပေးလိုက်တဲ့အခါ ဒေါ်ရီတာ ခမျာ လော်စပီကာလောက်နီးနီး
“ဟယ်…………………….”ဆိုတဲ့ အသံနဲ့ ရီဝေနေတဲ့ မျက်လုံးကိုပေကလပ်ပေကလပ် လုပ်ပြီး ရယ် လာပါတော့တော့ လော်ရီရယ် ဆိုတာ ဒါပါကလားလို့ အသိတိုး ရပြန်ပါတယ်
အဲ့တာနဲ့ပဲ တိုက်တဲ့ အအေးကိုသောက်ပြီးသကာလ တီချမ်းနဲ့တွေ့ခွင့်ရပါတယ် အော် ကျေးဇူးကြီးမားလေခြင်းနော်……………………..

အောင်မျိုး(ဘလောခ်စပေါ့ )= တီချမ်းခုတလော ဘာတွေလုပ်နေလဲကနေစရအောင်နော်?

တီချမ်း= အော်ကိုမျိုးရယ် ထွေထွေထူးထူးတော့လဲမဟုတ်ပါဘူး ခုတလော တီ နောက်ဆုံး ရေးတဲ့ “အညတရ” ဆိုတဲ့နာမည်နဲ့ ကဗျာလေးတပုဒ်ရှိတယ်လေ အဲ့တာ ထုတ်ဝေသူတွေ လိုက်နေလို့ တီက တီ့ကိုယ်ပိုင် “ချမ်း” စာအုပ်တိုက်ကပဲ တကမ္ဘာလုံး တဦးတည်း မူပိုင်ထုတ် ပါမယ် ဆိုတာမနည်းပြောယူရတယ် မကောင်းဘူးလေနော် (ဟင်းဟင်ဟင်း ဟု ညှင်းသွဲ့သွဲ့လေးသာယာစွာရယ်သည်) တီ့အမျိုးသားကတော့ ပြောပါတယ် နည်းနည်းလေးဖြစ်ဖြစ် မျှပေး လိုက်ပါလားတဲ့ တီကပြန်ပြောလိုက်တယ်လေ ပူလစ်ဇာ ဆုရတော့မယ့် ကမ္ဘာကျော်မယ့် ဂန္တဝင်တွင်မယ့် ပိုတန်ရှယ် ကဗျာ မျိုးကို ဒီလို လွယ်လွယ် ပေးလို့ရမလားပေါ့ သူကဘာမှ နားမလည်ဘူးလေနော် တီ့အမျိုးသားဆိုတာ ကလဲ ခုခေတ် ယောက်ျားအများစု လိုပဲ အိမ်ရှင်း ထမင်းဟင်းချက်ပြုတ် မီးပူတိုက် ကလေးထိန်းလောက် ပဲတတ်တာဆိုတော့လေ ပြီးတော့ တွဲဘက်ရေးဖော် မိဘုတ်ရန်ကလဲရှိသေးတယ်လေနော့ တော်ကြာ ဆုရတော့မှ သူလဲတူတူ ရေးတာပါဆိုပြီး လာလုနေတော့ ဘယ်လိုလုပ်မလဲနော် အဲ့တော့ တီကခုရှုပ်မှနောင်ရှင်း ပေတန် (patent) လုပ်ထားပါတယ်ပေါ့နော်

အောင်မျိုး(ဘလောခ်စပေါ့ )= နောက်ပြီး ခုတလော တီ့ဘလောခ်မှာ တနေ့ လူ ၃၀၀ ကျော်ဝင်တယ်ဆိုတာ ဟုတ်ပါသလား။ တီချမ်းလို စလစ်ဗရစ်တီ တယောက်က ပွဲဆူအောင် ဘယ်လိုများ လုပ်လိုက်တာလဲ ဆိုတာလေးလဲသိချင်ပါတယ်?

တီချမ်း= ပွဲဆူအောင်………………..? အိုကိုမျိုးရယ် မဟုတ်တာ တီက စလစ်ဗရစ်တီ မဟုတ်သေးပါဘူး အဟင်းဟင်း ဖြစ်ချင်ဖြစ် ဝတ်လစ်စလစ်ဗျူတီကမှနီးစပ်ပါသေးတယ် ( ဟု မျက်ခုံးလေးအားလှပစွာပင့်၍ လုံးဝ မသိနားမလည်သော အပြစ်ကင်းလေသံလေးဖြင့်) ဘယ်လိုများပွဲဆူအောင် တီလုပ်မိလို့လဲ ကိုမျိုးရယ် မဟုတ်တာ ညှင်းညှင်းညှင်း…အိုကိုမျိုးရယ် ကြံကြီးစည်ရာ တနေ့ လူ “၃၀၀ ကျော်” ဝင်တယ်ဆိုတာ ဟုတ်ပါတယ် ဒါပေမယ့် “တီလုပ်တယ်” ဆိုတာ မဟုတ်ပါဘူး ဘယ်လို ပြော ရမလဲ တီ့မှာ တီ့ကို obsessed ဖြစ်နေတဲ့ စာဖတ်သူတယောက်ရှိတယ် သူကလုပ်ပေး တာပါ။ တိုက်ရိုက်တော့ မဟုတ်ပါဘူး။ သူက တီ့ဘလောခ်ကိုနေ့တိုင်းလာတယ် လာသမျှလူတွေနဲ့ ဒိုင်ခံရန်ဖြစ်ပေးတယ်။ ပြည်သူ့မေတ္တာခံယူတယ်။ မလာပါနဲ့လားဆိုတော့လဲသူမနေနိုင်ပြန်ဘူး။ ဟော ခုဆိုရောဂါကဘယ်လောက်ထိရင့်လာသလဲဆိုရင် ဘလောခ်ဖွင့်ပြီး တီ့အကြောင်း ရေး တယ်။ အဲ့လောက်ကိုဖြစ်နေရှာတာပါ။ ဒါပေမယ့် ခုလိုလူဝင်များတာ သူ့ကြောင့်လို့တော့ ပြောလို့ရမယ် သွယ်ဝိုက်ပြီး တော့ပေါ့။ တီကျေးဇူးတင် ထိုက်သူပေါ့ နော်။

အောင်မျိုး(ဘလောခ်စပေါ့ )= ပွဲဆူအောင်နဲ့ ပတ်သက်ပြီး ခုလက်ရှိ ဘလောခ်လောက ကိုဘယ်လိုမြင်ကပါသလဲ?

တီချမ်း= အင်းအဲ့တာနဲ့ပတ်သက်ပြီးနည်းနည်းပြောချင်နေတာ။ မေးမှမေးပါ့မလားလို့…..
ခုတလော ဘလောခ်လောက မှာ လူတွေလူတွေ ဘိုင်ပိုလာ ဖြစ်တာပိုများလာသလိုပဲ (ဘလောခ်စပေါ့ မဂ္ဂဇင်းမှာ မောင်မျိုး ခေါင်းတငြိမ့်ငြိမ့်နဲ့နားထောင်နေသည်။ တော်သေးတယ် ဘိုင်ပိုလာဆိုတာ ဘာလဲမမေးလို့ဟု တီချမ်းမှ အင်တာဗျူးဖြေနေရင်းတွေးသည်။ ကိုယ်က ကြားဖူးနားဝနဲ့ဆော်လိုက်တာ စကားတလုံး ဘာပဲပြောပြောလူအထင်ကြီးတာပေါ့) ဘယ်လိုလဲ ဆိုတော့ ခါတိုင်းအချစ်အကြောင်းဘာအကြောင်းရေးနေတဲ့လူကလဲ ဘလိုင်းကြီး ထပြီး နိုင်ငံရေးအကြောင်းရေးလိုရေး။ ပွဲဆူအောင် လုပ်တာပေါ့လေ။ ဟော ခုတလော ဘလောခ် လောကမှာ ခွေးရူးတွေလဲ တော်တော် ပေါလာတယ် စည်ပင်က အမဲတုံးမပစ်တော့ တွေ့ကရာလူတွေကိုလိုက်ကိုက်တာပေါ့။ အဲ မိန်းကလေးတွေရဲ့ ဘလောခ်တွေကိုလဲသွားပြီး အယုတ်တ အနတ္တတွေကိုနှမချင်းမစာနာ ရေးတဲ့ ယောက်ျားဆိုတဲ့လူတန်းစားတွေ (အဲ့လူ တွေက ယောက်ျားဘလောခ်ဂါတွေဆီကျတော့ သွားမရေးရဲဘူးလို့ ဆိုတဲ့သူတွေကဆိုတယ် သူတို့ကို… xxx … လုပ်လိုက်မှာကြောက်လို့တဲ့လေ) တရားပဲကျရသေးတော့နော်၊ နောက်တခါ သူတို့ကို သူတို့ ဘလောခ်ဂါဝေဖန်ရေးဆိုတဲ့ တကျွန်းပြန်လိုလို အမှောင်ကမ္ဘာ ဘက်တော် သားလိုလို လူတန်းစားတရပ်လဲပေါ်ထွန်းလာသေးသတဲ့။ ဟောတချို့များဆိုရင် အိတ်ဖွင့်ပေးစာ ဘာညာရေးရတာ အားမရလို့ ဘလောခ်တောင်ဖွင့်ပြီး ပါဆင်နယ်လီး အတက်ခ် (ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တာအထိတောင်လုပ်ကြသေး) မိန်းမမို့မိန်းမလိုမိန်မရ လုပ်ရင်ထားပါတော့ တချို့ယောက်ျားရင့်မာကြီးတွေကလဲ ဒါမျိုး လုပ်တတ်တယ်နော်၊ ဟင်းဟင်း နောက်ဆို တီတို့အတွက်တောင် ထမိန်တွေ စကပ်တွေရှားလာဖွယ်မြင်တယ်။ ဟောခုတခါ ကျတော့ နောက်ဆုံးပေါ်ပဲ တီတွေ့တာ သူငယ်ချင်းအချင်းချင်း ဖဲ့တယ် ဘာညာ ဆိုပြီးတော့ လူတကာ မကောင်းကြောင်းတွေအလှည့်ကျရေးကြတယ်။ နောက်တမျိုးတဘာသာကလဲ ရှိသမျှလူတွေကို သနားအောင် ပတ်ချွဲနပ်ချွဲတွေပြော။ ရှိသမျှလူတကာ ချစ်ချစ် ချစ်တဲ့ ကိုကို မောင်မောင် ကိုကို မောင်မောင်ချစ်တဲ့ ချစ်ချစ် စသဖြင့် ချစ်ချစ်ချင်း မွှန်အောင်ခေါ် အဲ့လို ထွေထူးအံ့ရာသော် ဆိုတဲ့ လူတွေလဲရှိကြသေးတယ်လေ။ မြန်မာ့ဂီတ လောကနဲ့ နှိုင်းယှဉ် ပြရရင် ရဲလေးလိုပေါ့လေ (စကားချပ်)။ နောက်ဆုံးတော့လဲ လူတွေကိုပဲ လိုက်ကိုက်ကိုက်၊ သူငယ်ချင်းကိုပဲဖဲ့ဖဲ့၊ နိုင်ငံရေး ရေးပြီးတော့ပဲ ပွဲဆူအောင်လုပ်လုပ်၊ ငြင်းငြင်း၊ ကိုယ်ပိုင်ဘလောခ်ဖွင့်ပြီးတော့ပဲ ပုဂ္ဂိုလ်ရေးတွေဆော်ဆော် ပတ်ချွဲနပ်ချွဲလုပ်ပြီးရေးရေး၊ အားလုံးက ကိုယ်သန်ရာသန်ရာ လုပ်ပြီး နောက်ဆုံးမတော့ နာမည်ကြီးချင်တာပါပဲ
အဲ့တော့ တီလေ့လာကြည့်တယ် သုံးသပ်ကြည့်တယ် စဉ်းစားကြည့်တယ် ဝေဖန်ပိုင်းခြား ကြည့်တယ် ဘာလို့များ အဲ့လို ဇာတ်လမ်းတွေ ရှည်နေရတာလဲပေါ့နော် နာမည်ကြီးချင်တာများ တီ့လို ကိုယ်တုံးလုံးပုံတွေဘာတွေတင်လိုက်ပြီးရောနော့ တခါတည်း နေ့ချင်းညချင်း နာမည် ကြီးသွားမယ် ပရိုဖိုင်းတွေဘာတွေသေချာမဖတ်ဘဲနဲ့တောင် နှာဗူးမကြီးဘာညာ ဘွဲ့ တွေ ဘာတွေရသွားနိုင်တယ် အဲ့လူမုန်းတော့ နဲနဲခံရမှာပေါနော် အမှန်တော့ မုန်း တယ်ဆိုတာကိုက ဆိုက်ကိုလောဂျီသဘောအရ ချစ်တာတမျိုးပဲမဟုတ်လား အဲ့လိုပေါ့နော့ တီတွေးမိတာလေးတွေပါ
နောက်တခု ဘာကိုသွားတွေ့လဲဆိုတော့ တီတို့လူတွေ ခုတလောပြောပြောနေကြတဲ့ ဘာတဲ့ ဒီမိုကရေစီပေါ့လေ (တီနားလည်တာကတော့ ဟိုမိုကရေစီ ပဲ ဒီမို မဟုတ်ဘူး ဟိုမို အဲ့တာကမှအမှန် ဟိဟိ ကြော်ညာ ကြော်ညာ) အဲ့တာကို ပါးစပ်မှာ အာဂုံဆောင်ပြီးတော့ လုပ်ချင်တာလုပ်နေကြတာပဲ။ အဓိက ကတော့ မြန်မာပြည် အပြင်ဘက် ကိုရောက်နေကြ တယ်ကွယ်၊ မီးမှန်မှန်လာတယ်ကွယ်၊ အင်တာနက်လွယ်လွယ်သုံးရတယ်ကွယ် ဘာလုပ်လုပ်အဖမ်းမခံရဘူး အမေကြီးကား လိုနေရာရောက်နေရင် အဖမ်းခံ ရနိုင်ခြေရှိတာနဲ့တင် အဆိုင်လမ် တွေဘာညာ အော်ပြီးတော့ အစိမ်းရောင်ကဒ် ရနိုင်ကြတာကိုး။ ကဲဒီလိုလူမျိုးတွေမှ လုပ်ချင်တာမလုပ်ကြရင်ဘယ်လိုလူမျိုးတွေလုပ်မလဲနော့။ ဘာပဲဖြစ်ဖြစ် ၂၀၁၀ အကြို ဟိုမိုကရေစီ ကိုစတင်ကျင့်သုံးလာကြတာကောင်းပါတယ် မဲပေးနည်းလေးတွေတချို့ဘလောခ်တွေမှာထည့်ထားတာတွေ့ရတယ် ကြိုက်မကြိုက် ဘာညာပေါ့ အဲ့စနစ်လေးတွေကိုလဲ ၂၀၁၀ အတွက် ပွဲမဝင်ခင်အပြင်ကကျင်းပဆိုသလို တကယ့်ကိုအပြင်မှာ ရှိနေတုံး လွတ်လပ်တုံးလေး တွင်တွင်ကျယ်ကျယ် တင်ကြိုကျင့်သုံး လာကြရင် ကောင်းမယ်ထင်တယ်ကွယ်

အောင်မျိုး(ဘလောခ်စပေါ့ )= အင်းအဲ့လိုတရှည်တဝေးရှင်းပြပြီးတဲ့အခါမှာ အနှစ်ချုပ်အနေနဲ့ကော တခုခုပြောပါအုံး?

တီချမ်း= အင်းအနှစ်ချုပ်အနေနဲ့က တီစဉ်းစားကြည့်တယ် စာရေးတယ်ပေါ့နော် တချို့ ကလဲ ဝါသနာပါလို့ရေးတယ်၊ တချို့ကလဲ စာရေးဆရာတကယ်ဖြစ်ချင်လို့ ကလောင်စမ်းတဲ့ အနေနဲ့ ရေးတယ်။ တချို့ကလဲ ဘလောခ်ဆိုတာ ကိုယ်တိုင်တည်း ဖြတ်မဂ္ဂဇင်းလို ချက်ချင်း ပရိတ်သတ်ရဲ့ ဝေဖန်ရေးကိုရတယ် ဘာညာပေါ့
တချို့ ဘလောခ်ဂါလေးတွေရှိပါတယ် တော်တော် အနေတတ်တယ် ဘယ်သူတွေဘာဖြစ်နေနေ သူတို့ဘာသာ သူတို့ စာပဲပုံမှန်ရေးတယ် ကြားနေပေါ့။ တချို့ကျတော့လဲ ဘက်လိုက်ပြီး ရန်ဖြစ်ပေးကြတယ် အဂတိပေါ့ တချို့ကကျတော့ အသေကိုဖဲ့တာ တကယ့်ကို့ပဲ အာဂါတပေါ့ အမျိုးစုံပါပဲတွေ့ရပါတယ်။ တချို့ကျတော့လဲ ငြင်းခုန်ရတာ ဝါသနာပါတယ်လို့ကိုပြောပြီး ချဲပါတယ် တီကလဲတရား သဘော တွေကိုနားလည်လွန်းလို့ပြောနေတာမဟုတ်ပါဘူး လူတွေရဲ့သဘော လူတွေရဲ့မနော ကို စောကျော်ကြည့်တာပါ။ တီလဲမလွတ်ပါဘူး ဒီထဲက တမျိုးမျိုနဲ့တော့ ညိတာပါပဲ။ အဲ့တော့ တီကမနေတတ်တဲ့လူတွေထဲမှာပါတာပေါ့။ အဲ့တာကြောင့်လဲ ဒီအင်တာဗျူးကိုလက်ခံတာပါ။ ပြောချင်နေတာလေးတွေရှိသေးတယ် ဘာလို့ ကိုယ်တိုင်ကကောင်းမနေဘဲနဲ့ သူများလိုက်ပြောနေတာလဲလို့မေးရင်လဲ တီ့အလုပ်ကအဲ့တာပဲလေ ကိုယ်ကတော့အနေအထိုင်မတတ်ဘူး လျှပ်ပေါ်လော်လီ နေမယ် သူများတွေကိုတော့ စကပ်တိုတယ် ဘာညာ လိုက်ပြောမယ် အဲ့တာကို လူပီသတယ်လို့မြင်တယ်။ ခုတော့ ဒီလောက်ပါပဲ။ နောက်ကြုံတော့ ပြောပါအုံးမယ်။

တီချမ်းရဲ့ တနေ့တာ (အောင်မျိုး(ဘလောခ်စပေါ့ )-ဗျူးသည်)

ကျတော်တို့ ဘလောခ်စပေါ့ မဂ္ဂဇင်းကနေ ယနေ့ ဘလောခ် လောက မှာ ဘာတွေဘယ်လို လုပ်လိုက်တယ်မသိ နေ့ချင်းညချင်း ဆိုသလို နာမည်ကြီးလာတဲ့ အန်တီချမ်း နဲ့တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။

အောင်မျိုး(ဘလောခ်စပေါ့ )=အန်တီချမ်း၊ အန်တီချမ်း နဲ့ ခုတလော ဘလောခ်လောက မှာနေ့ချင်းညချင်း ဟိုးလေးတကျော်ကျော် နာမည်ကြီးလာအောင် ဘယ်လိုလုပ်ခဲ့သလဲ ကနေစရအောင်နော်?

အန်တီချမ်း=အင်းအဲတာကပေါ့နော် ဘယ်လိုပြောရမလဲ ဆိုတော့ ပေါ့နော်………………..
နည်းနည်းတော့ ရှည်မယ် ပေါ့နော် ပြောရရင်ပေါ့နော် အစက ဒီလိုလေ…………. တီကလေ ငယ်ငယ်လေးကတည်းက စာရေးတာ ၀ါသနာပါပါတယ်ပေါ့လေနော်
နောက်အမ ကလဲ နာမည်ကျော် ဘလောခ်ရေးဆရာမကြီးဆိုတော့ (ဒီနေရာ မှာ ဒီလောက ကလဲ ဟိုလောက လိုပါပဲ ပေါ့နော် အမ တင်ပေးရင် ပိုက်ဆံထုတ်ပေးရင် ဖြစ်တယ်ပေါ့နော် အကို ကနာမည်ကြီးရင် လဲ ညီတွေ ညီမတွေ ကဖြစ်ပါတယ်ပေါ့နော် လိုက်ပေါက်ကြပါတယ်ပေါ့ အရှိန်ပေါ့နော်………. အဲတာလိုတယ်ပေါ့နော်)

နည်းလမ်း အမှတ် (၁)

အမ မိတ်ဆက်ပေးတဲ့ တခြားရှေ့ရှေ့ က ဘလော်ခ်အကျော်အမော်တွေ ရဲ့ အိမ်တွေလိုက်လည် စာတွေလိုက်ဖတ် ဘာမန့်ညာမန့်တွေ လုပ်တာပေါ့နော်၊ နောက်သူတို့ ကို အိမ်လည်ပြန်ခေါ်၊ မလာရင် စိတ်ဆိုးကြောင်း အိမ်လိုက်အော်ပြော ဘာညာ ပေါ့နော်၊ စစချင်းကတော့ ပေါ့နော် အဲလိုလုပ်ပါတယ်လေနော်။

နည်းလမ်း အမှတ် (၂)

နောက်နည်းလမ်းတခုကတော့ကပေါ့နော် ဘယ်လိုပြောရမလဲ ဆိုတော့ ပေါ့နော် ခုတလော နာမည်ကြီးနေတဲ့ မြန်မာပြည်က အဆိုကျော် (အဆိုတော်မဟုတ် နာမည်က ကျော်ရုံတင်ကျော်တာ အဆိုက မတော်လို့ အဲတာကြောင့် အဆိုကျော်ပဲ အဆိုတော် မဟုတ်) တယောက်လိုပေါ့ ကိုယ့်အဖြစ်တွေ ဘာတွေ ကို ဇာတ်နာအောင်၊ သနားစရာလေးဖြစ်အောင် အင်တာဗျူးတွေ ဘာညာတွေ တင်ရတာပေါ့နော် (သူကတော့ သီချင်းလုပ်ရေးတာပေါ့နော်)။ မသိတဲ့ လူတွေ ကတော့ အော် ဒီကောင်လေး မဆိုးရှာဘူး၊ ပရဟိတ စိတ်ကလေးရှိတယ် လူတွေ ကို ကူညီနေတယ် ၊သူ့အဖြစ်တွေ ကိုရဲရဲဝံ့ဝံ့ ဖွင့်ပြောပြီးလူတွေ ကို ချပြရဲတယ် ဘာတွေညာတွေပေါ့နော် စသဖြင့် ယုန်ထင်ကြောင်ထင် ဖြစ်အောင်လုပ်ရပါတယ်ပေါ့နော်။ (ဒီနေရာမှာ လဲ နာမည်ကျော် ဘလောခ်ဂါ ကာကာ ရဲ့ စကားလုံးလေးယူသုံးထားပါတယ်လေနော် သူ့ရဲ့ခုတလော ပေါက် ဟစ် ပိုစ့်=ပေါက်ပြီးဟစ်ဖြစ်နေတဲ့ ပိုစ့် လူပျိုတုကြီးတယောက်ရဲ့ ဖွင့်ဟ၀န်ခံချက် ကပါ)

နည်းလမ်း အမှတ် (၃)

နောက် ထပ်နည်းလမ်းကောင်း တခုကတော့ အရှေ့အရှေ့ က နာမည်ကြီး ဘာလေခ်ဂါ များရဲ့နည်းလမ်းတွေ ကိုလဲ အတုယူရပါတယ်ပေါ့နော်။ ဥပမာ နာမည်အကြီးကြီး ဖြစ်တဲ့ ဘလောခ် မမဘွားအေကြီးရဲ့နည်းလမ်းအမိုက်စားများဖြစ်တဲ့ဓါတ်ပုံရိုက်တင်ပြီး မေးခွန်းတွေ ဘာတွေ မေး ပေါ့နော် တီချမ်း ဘယ်လိုလူလဲ ပုံကြည့်ပြီးဖြေကြပါ စတဲ့ နည်းလမ်းကောင်းလေးတွေ လဲ သုံးပါတယ်ပေါ့နော်။

နည်းလမ်း အမှတ် (၄)နောက်တော့ ကလေးမွေးရပါတယ် အင်း………နားရှုပ်သွားသလားမသိဘူး ဘယ်လိုပြောရမလဲပေါ့နော် တီ့ထက် အနည်းငယ်ပဲဖြစ်ဖြစ် များများပဲ ဖြစ်ဖြစ် ငယ်ပြီ ဆိုတာနဲ့ သားလေး သမီးလေး မောင်လေး ညီမလေး ဖမ်းခေါ် အဲပြီးတော့ ဟောခုန က နည်းလမ်းမဟာ ဥာဏ်ဗျူဟာ လို့တောင် ခေါ်ရင်ရမယ့် အိမ်လည်လိုက်၊ ပြန်အလည်ခေါ်၊ မလာလည်ရင် စိတ်ဆိုး၊ အဲတာတွေ စိတ်ဆိုးတာတွေ တခါ လူသိအောင်အိမ်တခါပြန်လိုက်အော် စတဲ့ နည်းလမ်း အသွယ်သွယ် အဖြာဖြာ တွေ ကိုသုံးလိုက်တယ်ပေါ့နော်။ အဲတာ နဲ့ ဒီလို ဒီလို နေ့ချင်းညချင်း ဟော်လေးတကျိုးကျိုး ဟိုးလေးတကျော်ကျော်နာမည်ကြီးလာတာပါပဲပေါ့နော်။

နောက်ဆုံးနဲ့ အစွမ်းဆုံးနည်းလမ်းကတော့ တခု ရှိပါသေးတယ် ထုတ်မသုံးရသေးပါဘူးပေါ့နော် အဲတာလဲ ရှေ့ရှေက က ဆူပါများရဲ့ နည်းလမ်း ပါပဲပေါ့နော် ဟောင်းပေမယ့် စွမ်းနေဆဲ နည်းလမ်း မဟာလေးပါပေါ့နော် နောင်လာနောက်သား ဘလောခ်ဂါပေါက်စများနည်းလမ်းယူလို့ ရအောင်တီချမ်း က စေတနာရှေ့ထား နည်းပေးလမ်းပြလုပ်ပါတယ်ပေါ့နော်။ ချန်မထားပါဘူးပေါ့နော်။
နည်းလမ်း အမှတ် (၅)အဲတာ က ဘာလဲ ဆိုတော့ ကိုယ့်ဘလောခ် မှာ ရန်တွေ ဘာတွေ နည်းနည်းဖြစ်ရပါတယ် နောက် တော့ အိတ်ဖွင့်ပေးစာတွေ ဘာညာတွေပေါ့နော် အဲလိုရှိပါတယ်ပေါ့နော်……………..
ဆူပါ ဘလောခ်ဂါ တယောက် ဆိုရင် အဲလိုနည်းတွေ မကြာခဏသုံးပါတယ်ပေါ့နော် ပွဲဆူမယ့် စာတွေ ရေးရပါတယ်ပေါ့နော် ခေါင်းစဉ်ကအစ လူတွေ စိတ်ဝင်စားတာမျိုးဖြစ်ရပါမယ်ပေါ့နော်

အင်းအဲလောက်ပါပဲပေါ့နော် ဆက်ပြောရင် တီလဲ အသတ်ခံရကိန်းမြင်နေပါတယ်ပေါ့နော်……..း)

အောင်မျိုး(ဘလောခ်စပေါ့ )=ဟုတ်ကဲ့ တီ့ချမ်းရဲ့ ဘလောခ်သက်လေးလဲ တချက်လောက်?

အန်တီချမ်း= ဟုတ်ကဲ့ ၂၀၀၉ ဖေဖော်ဝါရီလ က စတယ် ဆိုတော့ တီက သေသေချာချာ ရေတွက်မယ် ဆိုရင် ၃ လ ထဲမှာပေါ့နော်။ ပြည့်တော့ မပြည့်သေးဘူးပေါ့နော်။ အဟင်း အဟင်း အဟင်း ညှင်းညှင်း………..အဟွင်း

အောင်မျိုး(ဘလောခ်စပေါ့ )= ဟုတ်ကဲ့ ဒီ ၃ လ ထဲမှာ ရေးခဲ့သလောက်ထဲ က တီချမ်း အကြိုက်ဆုံးလေး…?

အန်တီချမ်း= အင်းဘယ်လိုပြောရမလဲ ဆိုတော့ ပေါ့နော် အား……………………..လုံးက တီ ကိုယ်တိုင်မွေးထုတ်ခဲ့တဲ့ တီ့ ရင်သွေးလေးတွေပဲ ဆိုတော့ ပေါ့နော် အားလုံးကို အတူတူပဲ ချစ်ပါတယ်ပေါ့နော် (မမို့လေသံနဲ့ပြောသည်) အဲတာကြောင့်ဆိုးတဲ့ ကောင်လေး ကိုလဲ ဆိုးလို့ ချစ်သလို လိမ္မာ တဲ့ကောင် ကျပြန်တော့ လဲ ချစ်ရပြန်ပါတယ်ပေါ့နော် အလယ်အလတ်ကောင်လေးတွေ ကျတော့ လဲ လပ်ကျန်မခဲ့အောင် ချစ်ရပါတယ် အဲတော့ အင်းဖြေရမယ် ဆိုရင်ပေါ့နော် သားသမီးတွေ အားလုံးကို တူတူ တန်းမျှ ချစ်ပါတယ် ပဲ ဖြေရင် မှန်မယ်ထင်ပါတယ်ပေါ့လေနော် …………..ဟင်းဟင်း………………ထမင်းထမင်း…………..

အောင်မျိုး(ဘလောခ်စပေါ့ )=အဲတာဆို လာမယ့် ဘလောခ် အကယ်မမီ ပေးပွဲကျရင် အန်တီချမ်း ကကော ဆုတွေ ဘာတွေ မှန်းထားပါသလား?

အန်တီချမ်း=အင်းပေါ့နော်…………….ဘယ်လိုပြောရမလဲ ပေါ့နော် ………..တီ တို့ က ၀ါသနာ ရှင်တွေ အဆင့်ပါပေါ့နော် ပညာရှင်တွေ အဆင့် မဟုတ်သေးပါဘူးပေါ့နော်၊ နောက် တီ က လူကလဲငယ် လူသစ်တန်းကလဲဖြစ် ဆိုတော့ မမှန်းရဲပါဘူးပေါ့နော် ခုမှ ပညာရည်နို့စို့ တုန်းပါပေါ့နော် လေ့လာသင်ယူနေတုံးပဲပေါ့နော်………….တီနဲ့ တူတူ ဘလောခ် ရေးနေကြတဲ့ စလုံးက သူသူ(ဒေလီယာ) တို့ အရီးတောင်း ရဲ့မြေးမ အရီးတား တို့၊ ဘောနပ်စ်လေးတွေ နဲ့ ရေးတတ်လို့ ကာကာ(ဘော) လို့နာမည်ကြီးနေတဲ့ ကိုကိုကာကာ၊ ပန်းချီးကားအကြောင်းလေးတွေ ရေးတတ်တဲ့ (ကား)နန်းညီ တို့၊ လူငယ် ထဲက တော်တော် ပေါက်တဲ့ ပီအမ် (ညပိုင်း) တို့ ကလဲတော်တော်ကောင်းတော့ မမျှော်လင့်ရဲပါဘူးပေါ့နော် နောက် တီ နဲ့ က တင်တဲ့ ဒါရိုက်တာ မတူပေမယ့် အသည်းကွဲပိုစ့်တွေ အရေးများတာချင်းတူတဲ့ ကြယ်ဖြူစင် ဆိုတာ ကလဲ ရှိနေသေးတော့ အင်းဘယ်လိုပြောရမလဲ ပေါ့နော်……………မျက်လုံး အား ၇ ချက်မျှ ကလယ်ကလယ် လုပ်၍

ပရိသတ်က ပေးတယ် ဆို ရင်တော့ ရချင်ပါတယ်ပေါ့ အဲ့လိုပဲ ကိုယ့် ညီ အကို မောင်နှမတွေ ထဲ က ဘယ်သူပဲ တကယ်အရည်အချင်းရှိလို့ ရရ။ ဘယ်လူကြီးတွေ ကို ဘယ်လောက် ဘယ်နှပုံး၊ ဘယ်နှခွက်၊ ဘယ်နှပုလင်း စသဖြင့်ပေါ့နော် ပိုက်ဆံပေးလို့ ရရ ပေါ့နော် တီ ကတော့ ၀မ်းသာပေးမှာပါပဲ ပေါ့နော် မုဒိတာ လဲပွားပါတယ်ပေါ့နော် ………….(အဲ အဲ့ဒါလေး ထည့်မရေးလို့ ရမလားဟင်……………….
ပြောတာ အရှိန်ရသွားလို့ လျှို့ဝှက်ချက်တွေ ပါကုန်တယ်)

အောင်မျိုး(ဘလောခ်စပေါ့ )= ကဲကဲ အဲတာ ဆို အင်တာဗျူး ရဲ့ မူလရည်ရွယ်ချက် ဖြစ်တဲ့ အန်တီချမ်း နဲ့ တနေ့တာ လေးကိုဆက်လိုက်ရအောင်နော် ကျတော် တို့ မဂ္ဂဇင်းတိုက် ရဲ့ အတော်ဆုံး ဓါတ်ပုံဆရာ အက်ဒီချန်း(ခေတ္တ ဖင်ကောက် အဲလေ ဘန်ကောက်) ကနေ ပြီးတော့ တီချမ်း နဲ့တူတူဒီနေ့ တနေ့ လုံး တီချမ်း သွားသမျှနေရာ တွေ လိုက်ကပ်စား အဲလေ…..လိုက်ပြီးတော့ တီချမ်း ပုံလေးတွေ ကို လှလှ လေး ရိုက်ပေးပါလိမ့်မယ်နော်။
နောက်မှတွေ့ကြတာပေါ့။ တီချမ်း ကို ခုထက် တိုးပြီး အဆဆ အောင်မြင်ပါစေလို့ ကျတော် တို့ (ဘလောခ်စပေါ့ ) မဂ္ဂဇင်း ကနေဆုတောင်းပေးပါတယ် ဗျာ။

အန်တီချမ်း= ဟုတ်ကဲ ပါပေါ့နော် တီကလဲ ခုလိုလာရောက်မေးမြန်းတဲ့ အတွက် (လာမေးပေးဖို့ အာပေါက်အောင်ခေါ်ရတာ မုန့်ကျွေးရတာ စာမူခပေးရတာတွေ ခေတ္တမေ့ထားပြီးသကာလ) ကျေးဇူး တင်ပါတယ်ပေါ့နော် ဟိုလေ…………ဟို ပြီးတော့ ဓါတ်ပုံတွေ မရိုက်ခင်လေ တီ့ ကိုပိန်အောင် ရိုက်ပေးလို့ ရမရ အဲတာလေး ဖိုတို ဂရဖ်ဖာကောင်လေးချောချောလေး ကို တချက်မေးပေးပါလားဟင်..?

အောင်မျိုး(ဘလောခ်စပေါ့ )= အော် …..အဲဒီအတွက် တော့ မပူပါနဲ့ တီချမ်းရဲ့ ကျတော် တို့ (ဘလောခ်စပေါ့ ) မဂ္ဂဇင်းက စာရွက်အကောင်းစား၊ ကျော်ညာ (ကျော်ကျားအောင် ညာတဲ့အတွက်) များများ နဲ့ ထုတ်တဲ့ ကွာလတီ မဂ္ဂဇင်း ဖြစ်လေတော့ အင်္ဂလိပ် လို့ တတ်ခ်ျ touched လို့ ခေါ်တဲ့ ပြုပြင်ပြီး သားပုံတွေ နဲ့ ပဲ သုံးပါတယ် အဲ့အတွက် အန်တီချမ်း ပုံတွေ ကို ရိုက်တုံးမှာ အဆီပြန်နေတဲ့ မျက်နှာ ကိုလဲ တတ်ခ်ျ touched လုပ်တဲ့ အခါကျရင် မိတ်ကပ် ကို မသိမသာလေး မှုန်မှုန်လေးဖို့ထားသလို ထင်ရအောင်ပြုပြင်ပေးလို့ ရပါတယ်။ နောက်ခု တီ့ မျက်နှာ ပေါ်က လကမ္ဘာ ခွက်တွေ အဲလေ ၀က်ခြံ၊ဆင်ခြံ စတဲ့ မသိသားဆိုးရွားနေတဲ့ ဖုလေးတွေ ကိုလဲ ဖြောက်လို့ ရပါတယ်။ ဟော်…………..တီ “၀”နေရင်လဲ ကွန်ပျူတာအဖက်တွေ နဲ့ မယ်စကြာဝဠာ အလား အထင်မှတ်မှားရအောင် ပြင်ဆင်ချက်လေးတွေ အနည်းငယ် မဆိုစလောက်လေးတွေ ကို ဖိုတိုရှော့ပ် photoshop ထဲမှာ အကုန်ပြင်လို့ ရပါတယ် အန်တီချမ်း ရယ် စိတ်မပူပါနဲ့နော်။

အန်တီချမ်း= အော် အင်း အဲတာ ဆိုရင် တော့ ကျေးဇူးပါပဲကွယ် ငှင်းငှင်းငှင်း……………….နောက်လဲ မကြာမကြာ လာဗျူးနော် ဒီက ခဏခဏဖြေချင်နေတယ် ခိခိခိ…………………………..

အန်တီချမ်းရဲ့တနေ့တာ………………..
မနက်နိုးနိုးချင်း အချိန် ကိုကြည့်လိုက်တော့ ၁၁ နာရီပါ တီ က အဲလိုပဲ ညကိုနောက်ကျမှ အိပ် ပြီး မနက် ကို ထချင်တဲ့ အချိန်မှ ထပါတယ် ဒီနေ့ က စနေ ဆိုတော့ အိုကေတယ်လေ……….ဒီနေ့တော့ နိုးနိုးချင်း ချစ်တူမ မိရောင်နဲ့ စကားပြောပါတယ် နောက် ထုံးစံအတိုင်း ပိုစ့်သစ်တင် တတောင်တောင်နဲ့ ပေါ်လာတဲ့ လူတွေ နဲ့ ချက် အင်းဒီနေ့ ဆို ဂရုချက်တောင်ချက်လိုက်ကြသေးတယ်……နာမည်ကျော် ဘလောခ် အကျော်အမော် တွေ ဖြစ်တဲ့ အဆိုတော်လေဒီ ဂါဂါ ရဲ့ အကိုတော် ဘလောခ် ဂါ ကိုကိုကာကာ။ သရဲကားတွေ ရိုက်ရင် မိတ်ကပ် ကူစရာမလိုလို့ ဒါရိုက်တာတွေ တော်တော် သဘောကျတဲ့ သရုပ်ဆောင်သစ်လေး မိုးခါး၊ (သူကခုလောလောဆယ်တော့ မိုးခါးနဲ့ ဒေါ်ဒေါ်နွေး ဆိုတဲ့ ခေတ်လွန်သရဲကားတကားရိုက်နေပါတယ်တဲ့ ကျောင်းကအပြန်လမ်းမှာ ကားအက်ဆီဒင့် တခု နဲ့ ကြုံရတဲ့ ကျောင်းသူမလေးနဲ့ ကားတိုက်ခံရပြီး ပွဲချင်းပြီး အစိမ်းသေ သရဲဖြစ် အမေနွေး (ခေါ်)ဒေါ်နွေးတို့ ရဲ့ ဆွတ်ပျံ့ကြည်နူး အသည်းနာ ၀မ်းနည်း သနား လွမ်းဆွေး သံဝေဂယူစရာ ဇာတ်ကားကောင်းလေး တပုဒ်ပါတဲ့။ (ဒါက မိုးခါးအတွက်ကျော်ညာ သူလဲ ကျော်အောင်ညာညာနေတာပဲ) နောက် သီချင်းတွေ ကို အပြားကြီးတွေ ပွတ်ပွတ်ပြီးဖွင့်တဲ့ ဒီဂျေ ကြယ်ဖြူစင် တို့နဲ့ပေါ့ ဂရုချက်ချက်ကြပါတယ်။ နောက်တော့ ၃ နာရီလောက်လဲ စကားပြောပြီးရော လက်တွေတော်တော်ညောင်းလာကြတာနဲ့ စကားစသတ်ပြီး မနက်စာခေါက်ဆွဲ ကို နေ့လည် ၂ နာရီကျော်ကျော်လောက်မှာ သွားတီးဖို့ပြင်ပါတယ်။

အောက်က ပုံတွေ က တီ အမြဲစားနေကြ အိမ်နားက အမဲလုံးခေါက်ဆွဲ(ညာဘက်ကပုံ)ပါ။
ဘေးက သူငယ်ချင်းမှာစားတဲ့ ၀က်သားလုံးညှပ်ခေါက်ဆွဲပါ။ နှစ်မျိုးစားလို့ ရအောင် ထည့်ပေးထားပါတယ်။

နောက် တီ က အချို မကြိုက် တဲ့တွက် သံပရာသီး နဲ့ ငရုတ်သီးဆီသတ်ထားတာ ထည့်အပြီးပုံရယ် မွှေထားတဲ့ ပုံရယ်ပါ။

နောက် စားပြီးတော့ သူငယ်ချင်း တယောက်က ဖုန်းဆက်လာပြီး ဂျေဂျေ JJ= Jut tu jut Market မားကတ် လို့ ခေါ်တဲ့ weekend market ပိတ်ရက်ဈေး ကိုသွားမလားမေးပါတယ်။ တီလဲပျင်းပျင်းရှိတာ ရယ်၊ နောက်အပင်လေးတွေ လဲနည်းနည်းဝယ်ချင်တာနဲ့ သွားမယ်လေလို့ပြောလိုက်ပါတယ်။
အဲ့တာနဲ့ နေ့လည် ၃ နာရီမှာစားတဲ့ မနက်စာစားပြီးတော့ အိမ်ပြန်ရေမိုးချိုးပြီး ဓါတ်ရထားနဲ့ ချီတက်ပါတယ်။ တီ့အိမ်ကနေဆို ဂျေဂျေ မားကတ်တည်ရှိရာ နောက်ဆုံးမှတ်တိုင်ဖြစ်တဲ့ မိုချစ် ကို ၅ မှတ်တိုင်စီးရပါတယ် ဘန်ကောက်မြို့ရဲ့ မြောက်ဘက်စူးစူးကိုပါ။ ခဏလေးနဲ့ရောက်သွားပါတယ်။
ဒီပုံက ဓါတ်ရထား မှတ်တိုင် မှာ ကော်ဖီကျော်ညာတာပါ တီသဘောကျလို့ရိုက်လာတယ်။အနောက်က ကော်ဖီ စစ် မှာ အငွေ့လေးတွေ ထွက်ပြီး ကော်ဖီနံ့ သင်းသင်းလေးရအောင်လုပ်ထားပါတယ်။ မိုက်တယ် သိလား……
ဒါက လှေကားအဆင်းနားမှာရောင်းနေတဲ့ အချဉ်မျိုးစုံပေါင်းပါ။ မြင်တော့ မနေနိုင်ပြန်ပါဘူး
ကိုယ်ဝန်ဆောင်ခဲ့တဲ့ အချိန်တွေ ကိုတောင် ပြန်ပြောင်းအောင်းမေ့ သတိရ လွမ်းဆွတ် တမ်းတ မိသေးတော့
ဒီအောက်ကပုံတွေ ကတော့ ဂျေဂျေ ဈေးနားက ပန်းခြံပါ ဦးမွန်လေးခွ တလက်နဲ့ သွားသွားသောင်းကျန်းနေတာပေါ့…း)
ကဲကြည့်ကြပါအုံး ဘန်ကောက်မြို့ကြီးကို မလန်းစိမ်းဘူးလို့ ဘယ်သူပြောလဲ ကုန်ကုန်ကို တော်တော် သတိရသွားတယ် နာဂစ်မလာခင်ကဆို ကုန်ကုန်က တော်တော် လှတာပါ……
အီး……………….လွမ်းတယ်…………..
ဒါလေးကတော့ ကလေးကစားကွင်းပါ။ ကလေးကစားကွင်း နဲ့ ကလေးတွေ အဖေအမေ တွေ ကိုမြင်တော့ ကိုယ့် ရဲ့ ကလေးလိုချင်တဲ့ ရောဂါဟောင်း ကလေးရူးခြင်းက ပြန်ထလာပါတယ်………….
ကိုယ်ငယ်ငယ်လေးကတည်းက ကလေးရူးခဲ့တာပါ ကလေး တယောက်လောက် အမြဲလိုချင်ခဲ့တယ်။ ကြီးလာရင် ကလေးလေး တယောက်ယောက်လောက်တော့ မွေးစားမယ်ပေါ့ (ကိုယ်ကလဲမွေးစားကလေးဆိုတော့ ကိုယ့်ကလေးကိုလဲ အဲလိုပြုစုပျိုးထောင်ချင်ပါတယ် ပြီးတော့ ကိုယ်က ကလေးတယောက်ကို ပြုစုပျိုးထောင်ရတာကိုလဲ အနုပညာ တခု လို့မြင်တယ် ကိုယ်သင်ယူချင်တဲ့ သင်ယူခွင့်ရချင်တဲ့ အနုပညာ တမျိုးထဲမှာ သူလဲပါတယ်။ ထားပါလေ လမ်းလွဲကုန်မယ်…………..း) နောက်ကြုံတော့ သပ်သပ်ရေးတာပေါ့နော်
ဒါကတော့ ဈေးထဲမ၀င်ခင် အစားအသောက်တန်းပါ နှစ်ဘက်နှစ်ချက်အပြည့်ပါပဲ
ဈေးထဲရောက်တော့ တော်တော် ပူတဲ့အတွက် သူငယ်ချင်းနဲ့ ဆိုင်တဆိုင်ဆိုင်မှာ ထိုင်ရအောင်ဆိုပြီး ဆိုင်ရှာပါတယ် နောက် တွေ့တော့ သရက်သီးဖျော်ရည်တခွက်သောက်ပါတယ် သောက်ပါအုံးလား တော်တော်ကောင်းတယ်။နောက်ဘေးနားက မက်မုံသီး လဲဝယ်စားပါသေးတယ်။
ဒါတွေကတော့ ဖျော်ရည်ဆိုင်ဘေးနားက အကြော်တွေ တမ်ပူရာတွေ ရောင်တဲ့ ဆိုင်ရယ်၊ ဆူရှီ ဆိုင်ရယ်ပါ။
ဒါလေးကတော့ လျောက်သွားရင်းနဲ့ တွေ့တော့ သဘောကျလို့ ဆိုင်ရှင် ကို မ၀ယ်ဘဲ ခွင့်တောင်းပြီးရိုက်လာတာပါ စားသောက်ဆိုင်တွေ ပလာဇာတွေ ဈေးတွေမှာ ဘုံ လူသုံး အိမ်သာရှိတာ အချက်ပြတဲ့ ပုံလေးတွေ ဒီဇိုင်းအမျိုးမျိုးနဲ့ပါ။
ဒါကတော့ တီ့ အကြိုက် “ဆွဲ” လက်ဖက်ရည်ပါ အပူအအေး နှစ်မျိုးရပါတယ် တီကတော့ အအေးပဲ သောက်ဖြစ်တာများတယ် နောက် လက်ဖက်ရည် ဆွဲနေတဲ့ကောင်လေး က ချစ်စရာကောင်းတဲ့ အတွက် သမိုင်းပေးတာဝန်အရ ၀ယ်သောက်ရပါတယ် ဟိဟိ …..း)…………အတူလာ နောက်ထပ် သူငယ်ချင်းနှစ်ယောက် နဲ့တယောက်တခွက်
၃ ယောက်ဆိုတော့ ၃ ခွက် ဘတ် ၉၀ ပါ။

ဒါကတော့ လျောက်လည်ရင်း လျောက်ကြည့်ရင်း ညနေ ၆ နာရီ ထိုးတဲ့အတွက် ယပလက်တွေရဲ့ နိုင်ငံတော်သီချင်း ကိုနီးစပ်ရာစတေရှင်တွေကနေ လွှင့်ပါတယ် လူတွေ အကုန်ရောက်ရာနေရာ မှာ…………..“ရပ်”………”stand still” ပါ။ အားလုံးကလဲ လေးစားလိုက်နာကြပါတယ် နိုင်ငံခြားသားတွေကအစပေါ့ ရွှေတွေနဲ့များ ကွာချက်နော်…………….ရုပ်ရှင်ရုံထဲက ဇာတ်လမ်းမပြခင် မတ်တပ်ထရပ် ရတဲ့ နိုင်ငံတော် သီချင်းနဲ့ အလံကို သတိရမိပါသေးတော့တယ်။
ဒါကတော့ တီ ၀ယ်လာတဲ့ ပန်းလေးတွေ ပါ ရေချိုးခန်းထဲ က ဘတ်တပ် ကြီးနားမှာထားပါမယ်။ရေမွှေးနံ့နဲ့ ဆပ်ပြာမြုပ်တွေထနေတဲ့ ရေနွေးကန်ထဲမှာ ရေစိမ်ချိုးရင်း ရုပ်ရှင်ကားတွေထဲက မင်းသမီးတွေ လို ခြေထောက်လေးနဲ့ အပင်လေးတွေကို တို့ထိကစားပါမယ် နောက်ကနေ မောင် ကိုကြီး ညီ ကလေးလေး ကောင်လေး စိန် တယောက်ယောက် က ဖက်ထားပေးပေါ့ ………………အဟိ………………ခုပုံကလဲ အဲဒီ ဘတ်တပ် ထဲထည့်ရိုက်ထားတာပါ ခိခိ
ဟိုဘက် ၃ ပင် က ဇလပ်ဖြူတွေပါ ဒီဘက်ကအပင်တော့ ဘာပင်ခေါ်လဲမသိ လှလို့ဝယ်လာတာ အရွက်တွေက သင်္ဘော ပင်ပေါက်နဲ့တော့ တူတယ် ဒါပေမယ့် ဂမုန်းအနွယ်ဝင်လို့လဲထင်တယ် အောက်မှာ အမြစ်က ဂျင်ဆင်းပင် ဥလိုဖြစ်နေတာလေ အဲတာကနေမှ အပင်ကပေါက်တာ။

ဂျေဂျေမားကတ် ကနေပြန်တော့ တော်တော် တောင် မိုးချူပ်နေပေါ့ အဲတာ နဲ့ ဒင်ဒင် တခါတည်းအုတ်ကြစို့ လို့ ဆိုတာနဲ့ ကိုးရီးယား စတိုင်လ် ဘတ်ဖေး ဘာဘီကယူး သွားတီးပါတယ် တယောက် ကို မှဘတ် ၉၉ ပါ သူ့စနစ်က မိုက်တယ် အရင် ကတော့ ၆၉ ဘတ်ပဲ အဲ ဒါပေမယ့် ဘတ်ဖေး ဖြစ်တဲ့အတွက် ယူလာသမျှ စားမကုန်ရင် ဒဏ်တပ်တဲ့အနေနဲ့ ၉၆ ဘတ်ပေးရပါတယ် ခုတော့ လဲ ကုန်ကုန် မကုန်ကုန် တယောက် ၉၉ ဘတ် ဖြစ်နေပါပြီ။သူက အကင်ရော အပြုတ်ရော နှစ်မျိုးစားပါ။ အကင်အိုလေး က သနားခါးကျောက်ပြင်လိုပါပဲ ရေလည်ခေါင်သောင်ထွန်းထားပါတယ် အဲပေါ်မှာ အသားတွေ ကိုကင်ပြီးတော့ ဘေးမှာ ပြုတ်ပါတယ်။ အရင် ရန်ကုန်မှာနေတုံးကတော့ အိမ်မှာ တချိန်လုံးလုပ်စားတဲ့ အစားအသောက်တွေထဲ မှာ သူသည်လဲ
တမျိုးအပါအ၀င်ဖြစ်ပါတယ်။

ကန်စွန်းရွက်၊ ဂေါ်ရခါး (ရှမ်းမြောက်အခေါ် စူကာ) အညွန့်၊ ပြောင်းဖူး၊ မုန်လာဥနီ (ခါကြက်ဥ)နဲ့ ကြွက်နားရွက်မှိုပါ။

ဝက်နဲ့ ကြက်၊ ဂဏန်း ပြည်ကြီးငါး ၀က်ချိုပြား နဲ့ ၀က်ဆီပါ။ သူငယ်ချင်းတယောက်က အမဲ မစားတဲ့အတွက် တီ ငတ်ပါတယ်။း) …..၀က်ဆီ က အိုးမကပ်အောင် အဲလိုအပေါ်ထိပ်တည့်တည့် မှာတင်ထားလိုက်ပါတယ် သူ့ဆီကနေ စီးကျလာတဲ့ အဆီ များကြောင့် အိုးအကပ် သက်သာပါတယ်၊ လန်းတယ်နော် အိုင်ဒီယာက………………း)
ဒါကတော့ အားလုံးစားချင်တာလေးတွေ ထည့်ကင်နေ၊ ပြုတ်နေတဲ့ ပုံပါ။

ဒါလေးကတော့ အချိုပွဲပါ။ မိဒီ ရေ ကန်စွန်းဥ က အကင်တော့မရသေးဘူး လောလောဆယ်

ဒါလေးနဲ့ ခဏ စိတ်ဖြေထားနော်။ အ၀ါရောင်အတုန်းလေးတွေ က ကန်စွန်းဥပါ၊ အောက်မှာ
ပဲနီ ကြီးကြီးတွေပါတယ်၊ ကျောက်ကျောရယ် အုန်းသီးဂျယ်လီရယ်ပါတယ် နောက်ရေခဲထည့် အချိုရည်လေးစမ်းစားရတာပါ။
ကန်စွန်းဥကို အသေကြိုက်တယ် ဆိုတဲ့ ကောင်လေး ကိုသတိရမိပြန်ပါတယ်။
စားသောက်ပြီးတော့ ဗိုက်ကို အနိုင်နိုင် သယ် ပြီးတော့ အိမ်ပြန်ရပါတယ်။ နောက် အိမ်ရောက်တော့ သရဲကား ကြည့်ပါတယ် မိုးခါးလေးတောင် သတိရမိသေးတော့…………း)
ကဲကဲ တီချမ်းရဲ့တနေ့ တာ ကတော့ ဒီလောက်ပါပဲလေနော်။
အားလုံးကိုကျေးဇူး အထူးတင်ရှိပါတယ်လေနော်။
အာဘွား…………………………………..
ရွှတ်……………………………………
A Chen
5:12 am
27th April 2009
Home
Bkk
(မအိပ်ရသေးပါ……း(…………ဟင့်…………)