ဒေါ်နွေး-ခ-အမေနွေး

ဒေါ်နွေး-ခ-အမေနွေး

တခါကပေါ့ကွယ်
တီကအဲတုန်းက လောကကြီးကိုစိတ်ကုန်နေတာ
လူကညစ်နေတာပေါ့
တနေ့ဖြစ်ချင်တော့ ကျောင်းကအပြန်………….
လမ်းမှာကားအက်ဆီ့ဒင့်ဖြစ်တာ နဲ့ကြုံပါလေရော
တီကလဲ စ ၃ လုံးစပ်စုစိန် ဆိုတော့ ၀င်ကြည့်တာပေါ့အေ
ဘယ်ရမလဲနော်အဲမှာ ဘာတွေ့လဲဆိုတော့ အဒေါ်ကြီးတဲ့

အမေကြီးအရွယ်ပါ တော်တော်တော့ကြီးပြီ………….
ကားကတိုက်ပြီးတက်ကြိတ်လိုက်တာ ပွဲချင်ပြီးဆိုပဲ
သွေးတွေဆိုတာ ရဲနေတာ
လမ်းမပေါ်မှာ
ခေါင်းကလဲ ကတ္တရာလမ်းနဲ့ရိုက်မိတော့ ဦးနှောက်တွေက ပွင့်ပြီးတော့
တ၀က်လောက်ကထွက်ကျနေသေးတယ်
အဲမှာတီလဲကြည့်နေရင်း
တီ့ဘေးကိုအမေကြီးတယောက်မသိမသာကပ်လာ
တာသတိထားလိုက်မိတယ်အဲတာနဲ့မော့ကြည့်လိုက်တော့ လားလား……….

ကတ္တရာလမ်းမပေါ်မှာ စန့်စန့်ကြီးလဲနေတာလဲ သူပဲ
အင်းဟုတ်တော့နေပြီပေါ့နော် ငါတော့ ချက်ချင်းတွေ့နေရပြီပေါ့
ဒါပေမယ့် တီအဲဒီအမေကြီးကိုစိုက်ကြည့်မိတဲ့အခိုက်လေးမှာ ပဲ
တီသိလိုက်တယ် သူခု သွားစရာနေရာမရှိဘူးဆိုတာကို
အဲတာနဲ့ တီကလဲလောလောလတ်လတ်စိတ်ညစ်နေတာနဲ့
နေရာမရှိလဲ သားနဲ့သာလိုက်ခဲ့တော့ အမေဆိုပြီးခေါ်ထားလာလိုက်တာ
ခုထိပဲဆိုပါတော့
တီက သူ့နာမည်လဲမသိတော့ ကိုယ်ဘာသာခေါ်ရပြုရလွယ်အောင် ဒေါ်နွေးလို့ ပေးထားတယ်
တခါတခါတော့လဲသူကသနားစရာကောင်းပါတယ်
သူတို့က တခါတခါ ရှာစားရတာမလွယ်ဘူးတဲ့
သူပြောပြောပြတယ်
အဲတာနဲ့
အဲ့ဒီနေ့ ကတည်းက တီလဲဘာစားစား နဲနဲလေးချန်ထားတတ်တဲ့အကျင့်ဖြစ်လာတယ်လေ
အမေနွေးဖို့ပေါ့
သမီးတို့ မြင်ဖူးချင်ရင် လွှတ်လိုက်မယ်လေ
ကိုကိုကာကာကြီး ဆီလဲလွှတ်မယ်

တခုပဲ
သူက ဆုံးတဲ့အချိန်တုံးက အွန်သည်စပေါ့ ဖြစ်တာရယ်
ဦးဆက်ပွင့် သွားတာရယ်ကြောင့် မြင်နေမကျရင်တော့ နည်းနည်းကြောက်စရာလိုလိုဖြစ်နေတာပေါ့
ဒါပေမယ့် အမေနွေးက သဘောကောင်းပါတယ်
သူကအရမ်းချစ်လာရင် လူကို လက်သည်းလေးတွေနဲ့ ကုတ်ခြစ်ပြီး ကျီဆယ်တတ်သေးတယ်လေ
တခုတော့ရှိတယ်နော် ၃ လုံးတွေဘာတွေမတောင်းရဘူး သူအရမ်းစိတ်ဆိုးတယ် သူ့သားက အဲတာတွေလုပ်ပြီးထောင်ကျသွားတာတဲ့
ပြောစကားလဲနားမထောင်၊တော်တော်လဲဆိုးတယ်တဲ့ အဲတာကြောင့်သူက အဲတာတွေတောင်းတဲ့ကောင်တွေဆို လည်ပင်းညစ်ချင်တာတဲ့…………..

ကဲပါမြင်ဖူးတယ်ရှိအောင်လွှတ်လိုက်မယ်နော်
အဖော်ရအောင်ပါလေ
အဆင်မပြေတော့လဲပြန်လွှတ်လိုက်ပေါ့
တီကတော့ သူနဲ့နေလာတာကြာပြီဆိုတော့ မရှိရင်တောင်မနေတတ်သလိုဖြစ်နေပြီ
တခါတခါတော့ သူက ရုတ်တရက်ကြီးတွေ ကိုယ်ယောင်ပြတတ်သေးတယ်
တီ အိမ်သာထဲလှမ်းအ၀င်မှာ ကမုတ်မှာထိုင်နေတာမျိုး
အိမ်ပြန်အလာမှာ မီးဖွင့်လိုက်တာနဲ့
ဘွားကနဲ့ပေါ်လာတာမျိုးပေါ့
အစကတော့ လန့်လန့်အော်မိတယ်
နောက်ကျတော့လဲ ကျင့်သားရသွားတော့ အိုကေပါတယ်
နော်
ခင်ကြည့်ပါ
အမေနွေးက ခင်ဖို့အကောင်းသားပါ
ပို့လိုက်ပြီ
ချစ်တီချမ်း

A Chen
1:24 am
23rd April 2009
Home
Bkk
(မိုးခါးပိုစ့်လေးဖတ်အပြီးမှာရေးတာ သတိရလို့)

အလိုရှိသည် ဆုတော်ငွေ ၁၅၀၀

အလိုရှိသည် ဆုတော်ငွေ ၁၅၀၀

တခါက ရွာလေးတရွာ မှာ ကောင်လေးတယောက်ရှိတယ်တဲ့
အဲဒီကောင်လေး မှာ အလွန်ဆိုးရွားတဲ့အတွေ့အကြုံလေးတွေ ရှိခဲ့တယ်တဲ့
အဲဒါကြောင့် သူ့ ရဲ့ နှလုံးသား ကို ခြံထဲ မှာ ၀င်းခတ်ပြီးထားပါသတဲ့
တနေ့တော့ မျောက်တကောင်ဘယ်ကနေ မှန်းမသိ
ရောက်လာပြီး ကောင်လေးရဲ့ခြံထဲကနေ အချစ်တွေလာလာခိုးစားပါသတဲ့
ကောင်လေးလဲ အစကတော့ မျောက်လေး က ချစ်စရာကောင်းတာနဲ့
စားပါစေလေ ဆိုပြီးခွင့်ပြုထားသတဲ့
နောက်တော့ အဲဒီမျောက်ကောင်ဟာ ကောင်လေးက ချစ်ပြီးခွင့်လွှတ်ထားမှန်းသိတော့
အချစ်တွေ ကို ကောင်းကောင်းမစားပဲ
စားလိုက်၊ ပစ်လိုက်၊ ချိုးလိုက်၊ ဖဲ့လိုက်လုပ်လာပါသတဲ့
ပြီးတော့ အဲဒီမျောက် က ရွာထဲ က တခြားခြံတွေ မှာလဲ
အချစ်တွေ လိုက်လိုက် ရှာစားပါသတဲ့
အဲတာနဲ့ ကောင်လေး ကို မျောက်က မေ့မေ့ ထားပါသတဲ့
ကောင်လေးမှာတော့ တမျှော်မျှော်နဲ့ ပေါ့လေ
ကြာတော့ ကောင်လေးလဲ သူ့ခြံထဲ က အချစ်တွေ ကိုပစ်ပြီး
သူ့ထက်ကောင်းတယ်လို့ မျောက်ကထင်နေတဲ့ တခြားခြံတွေ ကို အရောက်များနေတဲ့
မျောက် ကို အမြင်ကပ်လာတယ်တဲ့ကွယ်
ခုတော့ အဲဒီ တခြားခြံ ကိုအရောက်များနေတဲ့ မျောက် ကို နောက်တခါ ပြန်လာရင် ပစ်ရအောင်ဆိုပြီး
ကောင်လေးက ဦးစိတ်တို ဆီ က နေ နှစ်လုံးပြူး သွားငှားနေပါသတဲ့
မရရင် ကတွတ်ပီ တို့ရွာက သူကြီး ဖိုးစီ ဆီ ဆက်သွားငှားမယ်ပြောတယ်
အဲတာမှမရသေးရင် မိုးဆိုးကျော် ဖိုးထော် ဆီဆက်မတဲ့ကွယ်
အဲတော့ ပြောကြပါ သိရင် နှစ်လုံးပြူးဘယ်က ရနိင်မလဲ ဆိုတာရယ်
နောက်အဲဒီ မျောက် ကိုတွေ့မိရင်လဲပြောကြပါ
လို့ ကောင်လေးက အိမ်နီးနားချင်း ရွာနီးချုပ်စပ်တွေ ကို ကြေညာထားပါသတဲ့

ဟော
ဟော
ဟိုမှာ……. ပြောနေရင် ဆိုနေရင်းတွေ့ ပြီ

မျောက်စုတ် မျောက်နာ ဒိုင်းဒိုင်းဒိုင်း ညှောင့်
ဘူးညွန့် အရီး ညွန့် ဒိုင်း ညှောင့်……………………..

တီချမ်း
နေ့လည် ၁း၀၅ နာရီ
ဧပရယ်လ ၆ ရက် ၂၀၀၉ ခုနှစ်
ခြံထဲတွင်ရေးသည်
ကြုံတိုင်းတရွာကျော် က ဘန်ကောက် ရွာ
ပဲခူးရိုးမ