လမ်း နဲ့အလွမ်း

လမ်း နဲ့အလွမ်း
ခပ်ဆင်ဆင် လမ်းကလေးမှာ
အလွမ်းတွေ သိပ်သည်းလိုက်တာ
အမှတ်တရတွေ သည်းသည်းလှုပ်နေတာများ
တလမ်းလုံးကို ဖွေးလို့
ချမ်း

မှန်ရဲ့အခြားတဘက်

ချစ်သူ
မှန်ရဲ့ တဘက်တချက်မှာ
ကိုယ်တို့လက်ကလေးတွေ ထောက်လိုက်ရင်
မှန်ခြားနေပေမယ့် ထိလို့ရသလိုမျိုး 
ကိုယ့်ရင်ထဲက အချစ်တွေ
မင်းကို သိစေချင်တာ….
ချမ်း

ရည်းစားဟောင်းများသို့


မင်းကို သတိရပါတယ်ပြောရင် 
စပျစ်သီးတွေ ဝယ်လာအုံးမှာလား
မင်းကို သတိရပါတယ်ပြောရင် 
ကြယ်တွေကြည့်ဖြစ်တယ် ပြောအုံးမှာလား 
မင်းကို သတိရတယ် ပြောရင် 
ဘာဂါ စားတိုင်း လွမ်းတယ် ပြောအုံးမှာလား
မင်းကို သတိရတယ်ပြောရင် 
အနွေးထည် က အနွေးဆုံးပြောအုံးမှာလား
အတူတူမနေရတော့ဘူးဆိုတိုင်းလဲ မချစ်တော့တာမှ မဟုတ်တာနော် 
အတူတူမနေဖြစ်တိုင်းလဲ သတိမရတာမှမဟုတ်တာဘဲလေနော် 
(ချစ်တိုင်းလဲမညားမှ)
တီချမ်း
နံနက် ၃နာရီ  ၃၇ မိနစ်
ဒီဇင်ဘာလ ၂၈ ရက်နေ့ 
၂၀၁၄ ခုနှစ် 
D Spa 

ဆုတောင်း


foto from google

ဆုတောင်း

ဘယ်တော့မှ မနိုးမယ့်
အိပ်မက်လှလှလေးထဲရောက်ပါရစေ…

တနှစ်ပတ်လုံးပန်းမကြွေမယ့်
ချယ်ရီ ဥယျာဉ်ကြီးထဲ ရောက်ပါရစေ…

စစ်မက်ကင်းဝေး
ငြိမ်းချမ်းတဲ့
လောကဘုံတခု ကို ရောက်ပါရစေ…

A Chen
06:06 AM
31st March 2011
Thursday
Home
Bangkok

အတွေး…လေးတွေ


်foto from google

“ကလေးအတွေး”

ငါတို့တွေ မြန်မြန် အရွယ်ရောက်မှဖြစ်မယ်
အဲ့တာမှသာ
တို့ရဲ့ ဒဏ္ဏာရီ ဆန်ဆန်
အိပ်မက်တွေကို
မြန်မြန် အကောင်အထည်ဖော်နိုင်မှာ…


foto from google

“လူကြီးအတွေး”

လူသားတွေမှာ
အိပ်မက်တွေရှိနေလို့ပဲ
ဘဝ က မျှော်လင့်ချက်တွေနဲ့
လှပကြရတာပဲ။

A Chen
6:03 AM
31st march 2011
Thursday
Home
Bangkok

1, 2, 3, 4…


foto from google

၁၊ ၂၊ ၃၊ ၄…

လာပါ
တို့ တူတူ “က” ကြရအောင်ပါ
ဘေးဘက်ကို တဖြည်းဖြည်းချင်း
တလှမ်း လှမ်းကြည့်ရအောင်
သံစဉ်မရှိလဲကိစ္စမရှိပါဘူး
တိုးတွေရဲ့ နှလုံးသားတွေက
စည်းချက်ညီညီ
ခုန်နေကြပြီးသားလေနော်…

A Chen
5:53 AM
31st march 2011
Thursday
Home
Bangkok

Alice in wonderland


foto from google

Alice in Wonderland

ဒီမနက်
မတော်တဆ လျှို့ဝှက်ဆန်းကျယ်
ပန်းဥယျာဉ်ကြီးတခုထဲကို ရောက်သွားတယ်

အဲ့ဒီမှာ
စကားပြောတတ်တဲ့ ငှက်တကောင်နဲ့တွေ့တော့
သူက…

နွေဦးရဲ့ ဥယျာဉ် က ပန်းတွေ တအားမွှေးတာပဲ
ပြီးတော့
နွေ ရဲ့ ဥယျာဉ်ကတော့ လူအစည်ကားဆုံး

နောက်ပြီး
ဆောင်းဦးရဲ့ ဥယျာဉ်က ဆွတ်ပျံ့ကြည်နူးဖွယ်ကောင်းပြီးတော့
ဆောင်း ရဲ့ ဥယျာဉ်ကလဲ တိတ်ဆိတ်သာယာပါသတဲ့

အော် ပြီးတော့ ပြောသေးတဲ့
ဒီနေ့ ရဲ့ “ကိုယ်” ကလဲ သိပ်လှတာပဲတဲ့….

A Chen
5:40 AM
31st march 2011
Thursday
Home
Bangkok

ညနေ


foto from google

ညနေ

ဟော…
လေပြေလေး လာပြီ
လိပ်ပြာလေးလဲ လာပြီ
ကြောင်ကလေးပူစီလေးလဲ လာပြီ
ကြိုးကြာလေးလဲ လာပြီ
ငှက်ကလေးလဲသီချင်းဆိုနေပြီ
ကျတော် လဲတဖြေးဖြေး
လေချွန်နေမိပြီ

A Chen
5:40 AM
31st March 2011
Thursday
Home
Bangkok

သံစဉ်မဲ့ ဂီတ


(foto from google)

သံစဉ်မဲ့ ဂီတ

တိမ်ပျိုပျိုတွေက
ရွှေအိုအိုမြက်ရိုင်းတွေပေါ်မှာ
ပြေးလိုက် ရပ်လိုက် ရပ်လိုက် ပြေးလိုက်

သူတို့ ဘာမှပြောမသွားကြပါဘူး
ဒါပေမယ့်
ကျတော့ အတွက်တော့
နားထောင်ရတာ
သိပ်…စိတ်ချမ်းသားတာပဲ။

A Chen
6:58 AM
24th march 2011
Thursday
Home
Bangkok