ဖက်ထုပ်ဆီချက် နဲ့ တီချမ်းရဲ့ မနက်စာ ညနေစာ ညလယ်စာ

တကယ်ပါ အဟုတ်။ ဒီတခါနောက်ဆုံး နောက်ကို ဘယ်တော့မှ ခေါက်ဆွဲ ဆီချက် ဖက်ထုပ် တွေနဲ့ မနှိပ်စက်တော့ဘူး ကတိ ကတိ ကတိ။ အဲ့လို စာကြောင်းကို စပြီးသကာလ ရေးမယ့် အကြောင်းအရာ က ဖက်ထုပ်ဆီချက်ပါတဲ့ အရပ်ကတို့ရေ………..မရေးခင် တီချမ်း ရဲ့တနေ့တာ ကိုကြည့်ရအောင်နော်။ သူငယ်ချင်းတယောက် အိမ်မှာ အလည်ရောက်နေတာနဲ့ ညညဆို တော်တော်နဲ့ မအိပ်၊ မနက်မနက် ဆို ရင်လဲ တော်တော်နဲ့ မထ နဲ့ တီချမ်း တယောက် ဒီတပတ်ထဲ ရုံးကို နောက်ကျမှ ရောက်ရောက်နေပါတယ်။ အခု တင်ပြမယ့် အကြောင်းအရာတွေက မနေ့က ဖြစ်ပျက်ခဲ့တာတွေပါ။ ထားတော့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းနေလို့ ဘယ်ဖြစ်မလဲနော်။ အေးချမ်း သာယာလှပတဲ့ တီချမ်းဘဝ ကို စာဘတ်သူ လူအများ မနာလို အူတို မုဒိတာ မပွားနိုင်ဖြစ်ကုန်ကြပေမပေါ့။ အမှန်က ဒီအပတ် တကယ့်ကို တနင်္လာနေ့ တရက်ပဲ သေချာ ရုံးတက်ရပါတယ်။ အင်္ဂါ ဗုဒ္ဓဟူးက ဖင်မှာ တုတ်စူးနေလို့အဲလေ နေမကောင်း ဖြစ်နေတာနဲ့ ဆစ်ခ်လစ်ဗ် ယူလိုက်ပါတယ်။ ဟော အခု ဘလောခ်ရေးနေတဲ့ ကြာသပတေးနေ့အကြောင်းကတော့ သူငယ်ချင်းရောက်နေလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ရုံးကို နေ့လည်စာစာအပြီး အာဖတာ ၂ မှ သွားပါတယ်။ ညနေဘက်တော့ အားနာတာနဲ့ ၇ နာရီလောက်ထိနေပေးလိုက်တယ်။ ဂျန်နရပ်စ် ချက်နော်။ ဒီနေ့ သောကြာလဲ မနေ့ညက ရုပ်ရှင်ကြည့်တာ ညည့်နက်သွားလို့ နေ့လည်မှ လာပါတယ်။ အမှန်က မလာတော့မလို့ပဲ ၂ နာရီ အစည်းအဝေး တခုရှိနေလို့ မလာမဖြစ်လာရပါတယ်။ နောက်ပြီး အကြံတခုပေးအုံးမယ်။ တီ့ လို ကိုယ့်အစည်းအဝေး ကိုယ် ချိန်းချင်တဲ့ အချိန်ချိန်းနိုင်တဲ့ လုပ်ပိုင်ခွင့်ရှိတယ် ဆိုရင် အမြဲတမ်း ညနေပိုင်းကို ချိန်းပါ။ ဟိဟိ။

မနေ့က လူ ၃၀၀ လောက် ဝင်ပါတယ်။ ခါတိုင်း ၅၀၀ လောက်ဝင်နေကျက နောက်ပိုင်း ကိုယ်က သူတို့ဘလောခ် လိုက်မလည်တာနဲ့ပဲ မလာကြတော့တာရယ် ကိုယ်က ၂ လလောက် ဘာမှ မရေးပဲ ပျောက်သွားတာရယ် နဲ့အကုန် ပျောက်ကုန်ပါတယ်။ အဲ့တာကြောင့် ခုတလော တီချမ်း ဟင်းချက်တာတွေပဲ ဘာလို့တွန်းရေးနေတာလဲ ဆို လူပြန်ဆွယ်နေတယ် မှတ်ပါ။ မနေ့ကတော့ မနက်ကတည်းက မုန့်လုပ်စားတာနဲ့ တနေ့လုံးစာ တင်ဖို့ ရည်ရွယ်ပါတယ်။ ကဲ လာပြီ။

ဒါက ကိုယ့်မနက်စာပါ။ သူငယ်ချင်းလဲ ရှိနေတော့ သူ့လဲ တခုခုတော့ လုပ်ကျွေးရမယ်လေ ဆိုပြီး ပေါင်မုန့် ကို ကြက်ဥနဲ့ ကြော်ပါတယ်။ ပေါင်မုန့် လေးချပ်ကို ကြက်ဥ ၂ လုံးပါ။ ကြက်ဥ ကို ပန်းကန်ပြား စဉ်းငယ်ခန့်စောက်တာလေးမှာ ဆား စဉ်းငယ်ခန့် နဲ့ သကြား စဉ်းငယ်ခန့် ထက် စဉ်းငယ်ခန့်ပိုတာနဲ့ ခေါက်ပါ တယ်။ ပေါင်မုန့်ကို ဘေးက အခွံမပါတာမျိုးကို ရွေးဝယ်ပါတယ်။ ဘေးက အကာခွံ ကို ငယ်ငယ်ကတည်းကကို မကြိုက်လို့ပါ။ နောက်နေ့မှ ကြက်ဥ ဆန်းဒွတ်ရှ် လုပ်ကျွေးပါအုံးမယ်နော်။ ခုရေးနေရင်း သတိရသွားလို့။ ပေါင်မုန့်လေးတွေ ကို ကြက်ဥထဲနှစ် ဟိုဘက်ဒီဘက် နှစ်ဘက်စလုံးကို နှစ်ပါနော်။ အကြာကြီး မနှစ်ထားပါနဲ့ ကြက်ဥကြောင့် ပေါင်မုန့်ပြဲပါမယ်။ ခဏလေး ထိတယ် ဆိုယုံ နှစ်လိုက်ပါ။ ပေါင်မုန့်က စုပ်တော့ အိုကေပါပဲ။ ပြီးရင် မကပ်တဲ့အိုးမှာ ဆီလေး စဉ်းငယ်ခန့် နဲ့ ကြော်ပါ။ ဟိုဘက်ဒီဘက် တခါ ထပ်လှန်ပါအုံးနော် မတူးအောင်ပါ။ ပြီးရင်တော့ ပုံမှာပြာထားတဲ့ အတိုင်း ပန်းကန်ထဲ ကို ကပ်ကြေးနဲ့ညှပ်ထည့် သကြားဖြူး ပြီးတော့ ပျားရည်လေး စဉ်းငယ်ခန့် (အမှန်ကတော့ များသွားပါတယ် ရတယ် ကိစ္စ မရှိဘူး အဆိပ်မှ မဟုတ်တာနော်) ဆမ်း ပြီးတော့ စားပေါ့။ တီ့ ညီ ဝမ်းကွဲတယောက်ဆို ပျားရည်ကော၊ နို့ဆီကော၊ နို့စိမ်းကော၊ သကြားကော ထည့်ပါတယ်။ ဟုတ်ကဲ့ ဝတုတ်လေးပါ။ ဘေးကတော့ ကြိုက်လို့အမြဲ မြန်မာပြည်ကနေ တကူးတက သူငယ်ချင်းတွေသည်ပေးမယ်ပြောတိုင်း မှာရတဲ့ ပရီးမီးယား ၂ ပလပ်စ် ၁ ပါ။ ၂ ထုပ်ကို ရေဆူဆူနဲ့ ထည့်။ နို့ စဉ်းငယ်ခန့်ထည့်ပါတယ်။ တနေ့လုံး ရုံးရောက်တာ ဘာမှ မစားပါဘူး။ အိမ်ကနေ ၁၂ နာရီ ခန့် က စားလာတဲ့ အဲ့တာနဲ့ပဲ တနေ့လုံးနေပါတယ်။ ခုတလော လူတွေက ပိန်သွားတယ် လှလာတယ် မျက်နှာလေးကို ဝင်းတက်လာတာပဲ ဘာညာ လာလာပြောနေကြလို့ အစာလျှော့စားပါတယ်။ တကယ်လဲ လှလာတယ် မယုံရင်လာကြည့်။

ဒါလေးကတော့ အိမ်ရောက်ရောက်ချင်း ချစ်မောင်က အမောပြေတိုက်တဲ့ OJ ပါ။ အဲ့တာလေး ကိုအမောပြေသောက်ပြီးတော့မှ မောင်ဘာစားမလဲ ဆိုတော့ သူကလဲ ညနေ မှ ထပါသတဲ့ အဲ့တာ နိုးတော့ ထမင်း ဝယ်စားထားပါတယ်တဲ့။ ဆိုတော့ ကိုယ်လဲ ထမင်းမစားချင် တာနဲ့ ကဲ ရှိတာ ဘာလဲ ရေခဲသေတ္တာ (သိပ်မသစ်တော့) ထဲမှာ မွှေတော့ ဖက်ထုပ်ရွက်တွေ ကျန်နေသေးတာ တွေ့ပါတယ်။ အဲ့တာနဲ့ လုပ်စားမယ်လေ ဆိုပြီ………ဖက်ထုပ်ထုပ်ပါတယ်။ ဖက်ထုပ်သ အသားပြင်တာကိုတော့ တနေ့က ဖက်ထုပ်ပြုတ် လုပ်စားတုံးက တင်ပြီးသားနော်။ ဒီမှာ ကြည့်ပါ။ ဒေါ်ချစ်ကတောင် ပြောနေသေးတယ် စားလှချည်လား ဆိုပြီးတော့ အဲ့ဒီဖက်ထုပ်က တထုပ်ဝယ်ရင် အချပ် (ဖက်ထုပ်ရွက်) ၁၀၀ ပါပါတယ်။ အဲ့တော့ လုပ်လိုက် ပစ်ထားလိုက် စားလိုက်ပေါ့။

ဖက်ထုပ်တွေ ထုပ်ပြီးပြီဆိုရင် ရေနွေးတအိုးတည်လိုက်ပါ။ ဒီတခါတော့ ဂျုံခေါက်ဆွဲပါ ထည့်ပြုတ် ပါတယ်။ မောင်က အရောစားချင်တယ်ဆိုလို့ပါ။ ကိုယ်ကတော့ ဖက်ထုပ်ချည်းပဲ ကိုပိုကြိုက်တယ် သို့သော် ကိုယ့်အကြိုက် ကို နောက်မှ ထားရမယ်လေနော်။

ပြုတ်ပုံ အဆင့်ဆင့်ကို သေချာကြည့်ပါ။ ရေဆူလာရင် ဖက်ထုပ်နဲ့ ခေါက်ဆွဲထည့်လိုက်ပါ။ အဲ့တာဆို အပူထဲကို အအေးတွေ ထည့်လိုက်တဲ့ အတွက် ရုတ်တရက် ရေ က ပြန်အေးသွားတာနဲ့ ငြိမ်ကျသွားပါမယ်။ (ပုံ ၁) ကိုကြည့်ပါ။ ပြီးရင် ရေက တဖြည်းဖြည်း ပြန်ဆူလာမှာ ဖြစ်တဲ့ အတွက် တူကလေးနဲ့ ဖွဖွလေး မွှေပေးပါ။ (ပုံ ၂) အတိုင်းပေါ့နော်။ နောက်တခါ (ပုံ ၃) ထဲက အတိုင်း ရေတွေ ပြန်ပြီး ဆူလာပြီဆိုရင်တော့ ရပါပြီ။ ခေါက်ဆွဲကော ဖက်ထုပ်ကော ကျက်ပါပြီနော်။

အရေးကြီးတာပြောပါမယ်။ ဂျုံခေါက်ဆွဲ ကိုဆီချက် လုပ်မယ်ဆိုရင် ပြုတ်ပြီးတဲ့အချိန်မှာ အမြဲတမ်း ရေအေးနဲ့ တချက်လောက် ပြန်ဖျော် လိုက်ပါ။ အရမ်းပူနေရင် မွှေလို့ မကောင်းသလို ထွေးထွေးကြီးဖြစ်နေရင် စားမကောင်း ပါဘူး။ ပုံမှာ ပြထားတဲ့ အတိုင်း ရေအေး တဇလုံ ကိုအသင့်လုပ်ထားပြီး ပြုတ်အိုးထဲကနေ ဆယ်ပြီး ရေအေးထဲ ထည့်လိုက်ပါ။ ရေအေးထဲမှာလဲ အကြာကြီး မစိမ်ထားပါနဲ့နော်။ ပြီးရင် နယ်မယ့် ဇလုံထဲ ထည့်ပါ။ ကြိုပြင်ထားရမှာ က ကြက်သွန်ဖြူ ဆီချက် ဇွန်းကြီး တဇွန်း ခပ်များများသာ ကြည့်ထည့်လိုက်ပါ။ ငရုတ်သီး ဆီချက် (အစပ်ကြိုက် သူများ အတွက်သာ သီးသန့်) ဆား အချိုမှုန့် ပဲငံပြာရည်အကြည် စဉ်းငယ်ခန့်၊ ငရုတ်ကောင်းမှုန့်စာတာတွေ ထည့်ထားပါ။ အချဉ် ကြိုက်ရင် သံပရာသီး တခြမ်းလောက်လဲ ညစ်ထားနော်။ ပြီးရင် ရေအေးထဲက ပြန်ဆယ်ထား တဲ့ ခေါက်ဆွဲ ဖက်ထုပ် ကိုထည့်ပြီး တူ နဲ့ ဇွန်းနဲ့ ဖွဖွလေးမွှေပါ။ ဆိုင်တွေမှာ လုပ်တာ တွေ့ဖူးတယ် မှလား။

အဲ့တာဆို ပုံမှာ ပြထားတဲ့ အတိုင်း ဂျုံခေါက်ဆွဲ ဖက်ထုပ် အရော ဆီချက် ၂ ပွဲ ရပါပြီနော်။ နည်းတာ က ထမင်းစား ပြီးသား မောင့်အတွက် များတာက တနေ့လုံး ဘာမှ မစားရသေးတဲ့ ကိုယ့်အတွက်ပါ။

အအီပြေ ရောစားဖို့ က အိမ်လုပ် ကမ်ချီလေးပါ။ လုပ်နည်းကို ဒီမှာ ကြည့်နော်။ အောင်မြင်သွားတယ်။ စားရတာလဲ အဆင်ပြေတယ်။ ကောင်းလဲ ကောင်းတယ်။ လွယ်လဲလွယ်တယ်။ နောက် လုပ်အုံးမယ်။ ရှမ်းချဉ်လဲ လုပ်ထားသေးတယ်။ နောက်နေ့တွေခေါက်ဆွဲ စားရင် ရှမ်းချဉ်အလှည့်။ ကမ်ချီ က ကုန်တော့မယ်လေ။

ဒါကတော့ ထုံးစံအတိုင်း ညဘက်ကျတော့ ဗိုက်ပြန်ဆာတဲ့ ကိုယ်တို့လင်မယား အကျင့်အတိုင်း ထ လုပ်စားကြတာပါ။ ညနေက အန်ထွက်တော့ မတတ် စားထားတဲ့ ဖက်ထုပ်က ညဘက်ကျတော့ ဘာမှ မရှိတော့ပါဘူး။ ဗိုက်က ပြန်ဆာလာတာနဲ့ ရေခဲသေတ္တာ ထမွှေပြန်တော့ ဂေါ်ဖီထုပ် တပိုင်းရယ် ဗူးမှိုလေး တဝက်အကျန်ရယ် တွေ့တာနဲ့ ရောပြီးကြော်လိုက်ပါတယ်။ ဘာမှ မထည့်ဘူး ကြက်သွန်ဖြူ က ခွာရမှာ ပျင်းလို့ ခရုဆီက သိပ်မကြိုက်လို့ မထည့်ဘဲ ဆား အချိုမှုန့် နဲ့ပဲ ကြော်လိုက်ပါတယ်။ စားလို့ ကောင်းတယ်။ ရိုးရိုးလေး။

ဒါကတော့ ဟိုတနေ့ကတည်းက ချက်ထားတဲ့ အမဲသားပါ။ ခေါက်ဆွဲနဲ့ ဆီချက် လုပ်စားလို့လဲရသလို ထမင်းနဲ့ စားလဲ ကောင်းပါတယ်။ ဒီမှာ ကြည့်လိုက်နော်။ အမဲသားချက်နည်းကတော့ ဒီမှာပါ။ နောက်ဆုံးက ဗူး ကတော့ ဒီဇင်ဘာလက ရန်ကုန်ပြန်တုံးက ယောက္ခမ လုပ်ပေးလိုက်တဲ့ ငပိကြော်ပါ။ ကောင်းတယ် ကြက်သွန်ဖြူ ကွင်းကြီးတွေနဲ့။ စပ်စပ်ကလေး။ ထမင်းဖြူ ပူပူကို အဲ့လို ငပိကြော် အခြောက်အခြမ်းတွေနဲ့ စားရတာ ကြိုက်ပါတယ်။ ကဲကဲ ဒီနေ့တော့ ဒီလောက်ပဲနော်။ ………၄ နာရီ ၅၅ မိနစ် ရှိနေပြီရုံးဆင်းတော့မယ်။

A Chen
4:56 PM
3rd Feb 2012
Friday
Bangkok

ချစ်သူငယ်ချင်း ခိုင်မာအောင်အတွက် အိမ်လုပ် ကမ်ချီ နှင့် ပုစွန်ဆီပျံ

မနေ့ညက လွယ်ကူစားမြိန်တယောက် အိမ်ကိုလာပါတယ်။ တနေ့က အကူအညီတောင်းထားတဲ့ ကမ်ချီလာလုပ်ပေးတာပါ။ သူက တခါလုပ်တာအောင်မြင်ထားတယ်ဆိုတော့ မရှိရှိတဲ့ သူ့ပဲ ဆရာမတင်ရတာပါပဲ။ တီချမ်းက ကမ်ချီကြိုက်ပါတယ်၊ အိုကမ်ချီတင်မက ဗမာ အချဉ်သုပ် ရှမ်းမုန်ညှင်းချဉ် ယူနန်အချဉ် အကုန်ကြိုက်တယ် ပျင်းရင်တောင် သံပရာသီးနဲ့ ဆားတို့စားနေတာ။ ထားတော့ အဲ့တာနဲပ ကမ်ချီကို ဆရာမ ပြောတဲ့ အတိုင်းလုပ်ကြည့်ပါတယ်။ QT ဆီမှာလဲ နည်းတွေ သွားကြည့်သေးတယ် သူ့နည်းတွေက နည်းနည်း ပိုရှုပ်တာနဲ့ အိမ်မှာ ရှိတာနဲ့ ပဲ ဖြစ်အောင်လုပ်လိုက်ကြတယ်လေ။ တီချမ်းထုံးစံအတိုင်း လွယ်ကောင်း သက်သာ မြန်ဆန် အရသာရှိ မိုတိုနဲ့ ကိုက်ရမယ်လေနော်။

ပထမဆုံး ပုံထဲကအတိုင်း မုန်ညှင်းဖြူ ထုပ်တွေကို အလွှာလိုက်ခွာပြီး ဆားရေစိမ်ထားပါတယ်။ ဘယ် ရူးလ်စ် တွေကိုမှ မလိုက်နာပါဘူး။ ဘလောခ်တွေမှာ ဘယ်နှ မိနစ် စိမ် ဘယ်နှနာရီ စိမ်စသဖြင့်ပြောတာတွေအကုန်လုံးနဲ့ေ-ာက်တလွဲ လုပ်ထားပါတယ်။ စစချင်း လှီးပြီးစိမ်ထားတယ်၊ ပြင်ဆင်တာတွေအကုန်ပြီးတော့ တန်းလုပ်တယ် ဒီလောက်ပါပဲ။ ပြီးတော့ မုန်ညှင်းတို့ မုန်လာဥ တို့ က အစိမ်းလဲစားလို့ရနေတာပဲဆိုတော့လေ။ အဲ့လိုပေါ့။ စိမ်ထားတာတွေကို အနှစ်ရလာတော့ (အနှစ်ပြင်ဆင်ပုံကို အောက်မှာ သေချာပြထားပါတယ်) ရေဆေးပြီး လှီးပါတယ်။ ကြိုက်တဲ့ပုံလှီးပါ။ တချို့တွေက အထုပ်လိုက် လုပ်ထားပြီး စားခါနီးမှ လှီးကြတယ် တီကတော့ တခါတည်း စားချင်တဲ့ ပုံစံ လှီးထားလိုက်တယ် အေးရော။

မုန်လာဥကိုလဲ အခွံသင် အဝိုင်းလေးတွေလှီးပြီးတော့ နောက်တခါ လေးစိတ်ပြန်စိတ်ပါတယ် အတုံးလေးတွေရတာပေါ့ နောက်တော့ ပိုပြီးတော့ လွယ်အောင် ခုန က အိုးထဲပဲ ရောပြီးဆားရည်စိမ်လိုက်ပါတယ် ကဲ မလွယ်လား ပြီးတော့ မှ တခုချင်းစီ ရွေးထုတ်ပြီး ရေဆေး ပြန်စစ်ပေါ့နော်။

ဒါကတော့ အနှစ်လုပ်မယ့် ပရောဆက်ပါ။ ကြက်သွန်ဖြူ စဉ်းငယ်ခန့် ဂျင်း လက်တသစ်၊ ပန်းသီး တလုံး အခွံခွာ အတုံးလေးတွေလုပ်ပြီးတော့ ခုနက ကြက်သွန်ဖြူ ဂျင်းတွေနဲ့ ရောပြီး ဘလန်ဒါနဲ့ ကြိတ်လိုက်ပါတယ်။ ပန်းသီးထည့်တာ မွှေးအောင်ပါ။ ပြီးတော့ ကြက်သွန်မိတ်လေးတွေ ကို လက်နှစ်ဆစ်လောက်ဖြတ်ထားပြီး ဇလုံတခုထဲမှာ အနှစ်တွေကြိတ်ထားတာကိုထည့် ဆား ငရုတ်သီး အရောင်တင်မှုန့် သကြား ငံပြာရည် စတာတွေထည့်ပြီး နယ်ပါတယ် နယ်နေတုံးမှာလဲ မြည်းကြည်ပါ တီတို့ နှစ်ယောက်ကတော့ နယ်လိုက်မြည်းလိုက် လိုတာထပ်ထည့်လိုက်ပဲ။

အဆင်ပြေပြီဆိုရင်တော့ နယ်ပါမယ်။ ခုန က အနှစ်တွေ နယ်ပြီးသားကို နှစ်ပုံခွဲလိုက်တယ် တပုံက မုန်လာဥဖို့ တပုံက မုန်ညှင်းရွက်ဖို့။ ပြီးရင် လက်နဲ့ ရှယ်နယ်ရုံပါပဲ။ လက်အိတ်တွေဘာတွေလဲစွတ်မနေတော့ပါဘူး။ ရှုပ်လို့။ လွယ်ကူ သက်သာ မြန်ကောင်း အရသာရှိပါဆိုနော်။

အောက်ကတော့ မုန်းညှင်းတွေကို ရေဆေး ရေစစ်ပြီး အိုးကြီးကြီးတခုထဲ ထည့်နယ်တာပါ။ ဇလုံကသေးလို့လေ။

ပြီးရင်တော့ စိတ်ကြိုက်ဘူးလေးတွေနဲ့ထည့်ပြီးတော့ ရေခဲသေတ္တာထဲ ပစ်ထားလိုက်တာပေါ့။ လွယ်ကူစားမြိန်မမကတော့ ၃ ရက်နေရင် စားရတယ်ပြောတာပဲ စောင့်ကြည့်ရမယ် ရရင်တော့ ရ မရရင်တော့ ပစ်ပေါ့။

တနေ့ကတည်းက ပုစွန်ဆီပျံစားချင်နေတာ မနေ့က ပင်လယ်စာ အကင်သွားစားတော့ ပုစွန်မီနီထုပ် တကီလို ဝယ်လာပါတယ် ဘတ် ၄၈၀ ပါ ၁၂ ကောင်ရပါတယ် မောင်က အိမ်ရောက်တော့ ရေဆေး အခွဲနွှာပြီးတော့ ဆားနနွင်းနယ်ပေးပါတယ်။ ကြက်သွန်ဖြူနီလေးတွေအဖတ်သေးသေးလေးတွေလှီးလိုက်ပါတယ်။ ပြင်ဆင်ထားတာပါ။

ဆီပူလာရင် ကြက်သွန်ဖြူနီ ဆီသတ်ပါ။ နည်းနည်နွမ်းရင် ပုစွန်ထည့် အကောင်လေးတွေ ကွေးလာရင် လှန်ပေး။ ပုစွန်အကွေး ငါးအနွေးဆိုတယ်မှလား။ ပုစွန်ကထွက်တဲ့ရေတွေ ဆီပျံရင်တော့ ရပါပြီ။

ထမင်းပူပူလေး ကိုပုစွန်ဆီလေးဆမ်း ဆားလေးဖြူးပြီး နယ်စားပါတယ်။ စားချင်နေတဲ့အချိန်မှာ စားရလို့လားတော့မသိဘူး။ ကောင်းမှကောင်း။

အောက်ဟာတွေက အသီးတွေပါ။ ဝယ်လာတာ များသွားတယ်။ မမက ပန်းသီး ကို ကမ်ချီထဲထည့်ဖို့ ဝယ်ခိုင်းတာ ဘယ်လောက်ဝယ်ရမလဲ မသိတော့ တပုံတရာ ဆိုတာနဲ့ ဝယ်လာလိုက်တယ် ၇ လုံးပါ။

ကျန်တာတွေကလဲ စားချင်တာ မြင်မြင်ရာရာ ဝယ်လာတာပါပဲ။

ဒါကတော့ အသီး ပလက်တာပေါ့။

ဒီပိုစ့်လေးကို တီနဲ့ တူတူ ကိုရီးယား သွားခဲ့တဲ့ ချစ်သူငယ်ချင်း ကိုရီးယား ရူး မိခိုင်မာ ကို dedication လုပ်ပါတယ်။

A Chen
12:42 AM
Friday
20th Jan 2012
Home
Bangkok

စိုးအတွက် တီ့ အချစ်စစ်စစ်များ….

ဝက်သားယောင်….ဝက်ခေါင်းသုပ်….ဝက်နံရိုး….ဝက်ဆီပျံ

မနေ့ညက ချက်စားကြတဲ့ ဟင်းတွေပါ တူမတော် မိရောင်ကတောင် လာမေးနေတယ် ဝက်တကောင်လုံး အသုံးချနည်းလားတဲ့ ဆိုပါတော့ ပြောလဲ ပြောချင်စရာ နော် တီချမ်းတို့များ စားလိုက်ရင် အရမ်းချည်းပဲ ဆိုတာလိုပေါ့။ ထားပါတော့။ ပြောရမှာက ပထမဆုံးဟင်းပါ ငါးဖယ် ကိုအုန်းနို့ နဲ့ ချက်တာပါ ဒါက မောင်တို့ တောဘက် အဲလေ ဝေါဘက်ကပေါ့ ပဲခူးတိုင်းထဲက ချက်နည်းလို့ ပြောပါတယ် မောင်ချက်တာပါပဲ။ ကိုယ်တော့ မစားဘူးဘူး ငါးဖယ် ကိုကြော်ပဲ စားတယ် အစာသွပ် နောက် မုန့်ဟင်းခါး တို့ ဘာတို့ ထဲထည့်စား နောက် သုပ်စား အဲ့တာလဲ ကြော်ပဲ အကုန် ကြော် ကိုပဲ ဘေ့စ် လုပ်ပါတယ် ဟင်းချက်ရင် ကိုယ်က မကြိုက်လို့ပါ။ ထားပါတော့…ဒါပေမယ့် ငါးဖယ် ချက်ကို ဘာလို့ ဝက်သားယောင် လို့ခေါ်လဲ တော့ ကိုယ်လဲ မသိပါဘူး ပြောပြီးပြီလေ မောင်တို့ တောဘက် အဲလေ ဝေါဘက်ကပါဆို…..ချက်တာတော့ သိပ်မခက်ပါဘူး လွယ်တယ် ကဲ ကြည့်ကြရအောင်……

ဒါက ရန်ကုန်ကနေ အရင်တပတ်က သူငယ်ချင်း ဦးညီတို့ မဝေ တို့ လင်မယား ယူလာပေးတဲ့ ငါးဖယ် ကြော်ပြီးသားတွေပါ ပထမ မကပ်တဲ့ အိုးနဲ့ ဆီမပါ ပျားမပါ ပြန် အပူပေးပါတယ် ဆီထည့်ချင်တော့ ဆွတ်ရုံ ထည့်လဲ ရပါတယ် ပူရင် ဖောင်းကြွ လာလိမ့်မယ် နောက် ကပ်ကြေးနဲ့ နှစ်ပိုင်းစီ ညှပ်ထားပါ။ ပြီးရင်တော့ တတိယ ပုံက ကြက်သွန်ဖြူ နီ ဆီသတ်နေတာပါ နနွင်းလေး အရောင်တင်မှုန့်လေးထည့်သတ်ပေါ့နော် အရောင်လှအောင်

ဆီသတ်တာမွှေးလာရင် ငါးဖယ် ထည့်လို့ ရပါပြီ ငါးဖယ် ထည့်ပြီး ခဏ ထပ်လုံးပေးပါ ပြီးရင်တော့ အုန်းနို့ ထည့်တဲ့ အဆင်ပေါ့ ဒီမှာတော့ အလွယ်ရတဲ့ အုန်းနို့ ဘူး ကိုပဲ ၇-၁၁ ကနေ ဝယ်ထည့်ပါတယ် ပုံမှာ ကြည့်ပါ မောင်ကတော့ ကိုယ်တို့ အီပြီး မစားနိုင်မစိုးလို့ အုန်းနို့ လျော့ထည့်တယ် ပြောပါတယ် ကြိုက်တတ်ရင်တော့ နှိုင်းချင်းသာထည့်ပါလေ အားနာစရာမှမလိုဘဲနော်….

အုန်းနို့ထည့်ပြီးရင် တခါ ထပ်မွှေးပြီး ဆီပျံလာအောင် လုံးပေးပါ မကပ်အောင်တော့ေ မွှပေးနေပေါ့အေ.. ……ပြီးရင်တော့ ရေ နည်းနည်းထည့် ပြီး ဆီပျံ လာရင်…….

အုန်းနို့ နံ့ သင်းသင်းလေးနဲ့ ငါးဖယ် ဝက်သားယောင် တခွက်ရတာပေါ့နော်………….

ဒါကတော့ တနေ့က ကျန်တဲ့ ဝက်သားဆီပျံ ပါ (အရင်က ချက်နည်းက ဒီမှာပါ ထပ်မရေးတော့ဘူးနော်) ဆိုပြီး လင်ခ့် ထည့်မလို့ လိုက်ရှာတာ… ဟော့တော့ အရင်က ချက်ထားတယ်ထင်ပြီး လင့်ရှာနေတာ ချိတ်ဖို့ မတွေ့ဘူးတော်တို့ရေ လက်စသတ်တေ့ တီချမ်း ဝက်ဆီပျံမတင်ဘူးပါကလားပေါ့နော် အံ့ဖွယ်သုတပဲ အံ့ပါရဲ့အံ့ကြီးမောင်ရယ် လို့ တောင်ပြောရမလိုဖြစ်နေပြီ ကဲကဲ အမြန်ချက်နည်း ကို တဖန်ထပ်ပြီး တင်ရမယ်ဆိုရင်တော့ဖြင့်….ကြက်သွန်ဖြူနီ ဆီသတ် ဝက်သားကိုလုံး ဆားအချိုမှုန့်ထည့် ရေထည့် ဆီပျံ အောင်တည် အပ်ချလောင်းပါပဲ….

ဒါလေးကလဲ သိပ်လွယ်ပါတယ် သိပ်လွယ်ပေမယ့် သိပ်လဲ ကောင်းပါသေးတယ် ဝက်နံရိုး ကီလိုဝက် ကို ရေစင်စင်ဆေး အိုးထဲထည့် တီချမ်း ရဲ့ဟင်းရည်မဟာတည်နည်းအတိုင်း တည်ပါ။ ပြီးရင် မုန်လာဥဖြူ တွေကို ကြိုက်တဲ့ ပုံစံ လှီးပြီး ထည့်ပါ မီးအေးလေးနဲ့ ကြာကြာဆူပါစေ ပြီးတော့ မှ အကုန်နူးရင် ဆား အချိုမှုန့် ကြိုက်သလောက်ထည့်ပါ ပြီးတော့ မှ မြည်းပြီးရင် အိုးချ လို့ ရပါပြီလေနော်

တီ့ အကြိုက်ဆုံး ဟင်းလျာ တမျိုးဖြစ်တဲ့ အသည်းကြော်ပါ ကြော်နည်းက ဒီမှာပါနော်

ကန်စွန်းနဲ့ မှို ပလိန်းပါ ကြော်နည်းက ဒီမှာပါ

ဒါလေးကတော့ ဝက်အာခေါင်နဲ့ နားရွက်သုပ်ပါ ခါတိုင်း တရုတ်သုပ်စားနေတာ များနေတော့ ဒီတခါ မြန်မာသုပ်လုပ်စားပါတယ် ဖြစ်ချင်တော့ ကိုယ်တကယ်စားချင်တာ က ချီးပန်းချဉ် အနီလေးတွေ နဲ့ သုပ်တာမျိုး မရှိတော့လဲ ရှိတာလေးနဲ့ ဝအောင်စား ရပါတယ်သနားတာနော် ကိုယ့်ကိုယ်ကိုယ်….

အသားတွေအာခေါင်တွေ နားရွက်တွေကိုတော့ ဈေးကနေ လုပ်ပြီးသား ဝယ်လာတာပါ ဘတ် ၃၀ ဖိုး မြန်မာငွေ ကျပ်၉၀၀ တိတိခန့်ပေါ့လေ ပြီးတော့ ကြက်သွန်နီ နှစ်ဥ လောက်ကို ပါးပါးလှီး ပါတယ် ပဲမှုန့် ငရုတ်သီး အကျက်မှုန့် ကြက်သွန်ဖြူ ဆီကျက် ပံပြာရည် စဉ်းငယ်ခန့် ဆား အချိုမှုန့် နည်းနည်း ထည့်ပြီး အချဉ် ကိုတော့ မန်ကျည်းရေ ပဲသုံးလိုက်ပါတယ် ပုံ တစ် ကိုကြည့်ပါ ။ ပြီးရင်တော့ ဇလုံထဲကို ခုနက ပြောတာတွေအကုန်ပစ်ထည့် လိုက် ပြီးရင် နယ်ပါ အားရပါးရသာနယ်ပါ နယ်တာ မနှံ့ ရင် စားမကောင်းပါဘူး ပြီးရင် မြည်းကြည့်လိုတာ ထပ်ထည့် ထပ်နယ်

ဟော…….ချဉ်ငံစပ် ဝက်နားရွက် အာခေါင်သုပ်လေး တပွဲရကရောပေါ့အေ….

အအီစာတွေချည်းပဲ ကျွေးတယ် ပြောမစိုးလို့ အသီးလေးတွေပါ ထည့်ပေးထားတယ်နော် စထရော်ဘယ်ရီ နဲ့ပန်းသီး နီ စိမ်းတွေလဲစားကြပါ

A Chen
12:38PM
20th July 2011
Wednesday
Home
Bangkok

အတိုအထွာ စားစရာ စာဘတ်သူက တောင်းလို့ပါ

ကဲကဲကဲ လာပြီလာပြီ ဒေါ်ချမ်း လာပြီ………တလောက အနောနိမတ်စ် တယောက်ထင်ပါတယ် လွယ်ကူ သက်သာ ဟင်းလေးတွေ ၃၊ ၄ မျိုးတင်ပေးပါအုံး တီရေ ပြောလာလို့ခု စိတ်ကူးရတာနဲ့ တင်ပေးလိုက်တယ်နော်
တီလဲဟင်းမချက်တာ ကြာ ပိုစ့် မတင်တာကြာ နေကလဲ မကောင်း ၂ ပတ်လောက် ရှိပါပြီ နေမကောင်းတာ ပျောက်ချင်သလိုလိုဖြစ်လိုက် ပြန်ဖြစ်လိုက် ……….အင်း……..
ဒီတပတ်တော့ အရည်သောက် တမျိုး ရယ် အကြော် တမျိုး ရယ် အသုပ် တမျိုး ရယ် အသားတခွက် ရယ် လေးမျိုး လွယ်ကူမြန်ဆန် တင်ပေးလိုက်တယ်နော် ………..နိုင်ငံရပ်ခြားမှာ နေသူအများစု ဟာ အင်မတန်မှ ကို အချိန်ရှားပါးကြပါတယ် သို့သော်လည်း ကိုယ်တွေလဲ လူတွေပဲမို့ အချိန်သာမရှိရင်နေမယ် အရသာကတော့ ရှိတာပဲ စားချင်ကြတာမှလား…….အဲ့တော့ တီက ချက်ရတာ လွယ်လဲလွယ် အချိန်လဲသိပ်မပေးရ စားလို့လဲကောင်း စတဲ့ နာမဝိသေသနတွေနဲ့ ပြည့်စုံတဲ့ လွယ်ကူ သက်သာ စားကောင်း ဟင်းချက်နည်းလေးတွေရှယ် ရတာပေါ့နော်။…….

ပထမဆုံးတော့ ရှမ်းချက်နည်း တမျိုးဖြစ်တဲ့ ဝက်နံရိုး ပိန္နဲသီး ပဲပုပ် ဟင်းရည်ပါ အရင်တခါကလဲ ချက်နည်းမဟာ ကို ဒီမှာ တင်ဘူးပါတယ်နော် ခုတခါတော့ တီက အလွယ်ချက်နည်း ကို တင်ပေးမှာဖြစ်ပါတယ် အလွယ်ချက်နည်း ဖြစ်တဲ့ အတွက် တီက ဆီသတ်တာတွေဘာတွေစတဲ့ အသေးစိတ်ချက်နည်း ကိုကျော်ပလိုက်ပါတယ်နော်။

လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေပါ ပဲပုပ် ၃ ချပ်လောက် ပိန္နဲသီးစိမ်း ဆူးပုပ်ရွက်။ ဒီတခါတော့ ပိန္နဲသီး ကို လုပ်ပြီးသား (ပြုတ်ပြီးသား) တွေ့လို့အလွယ် ဝယ်လာလိုက်ပါတယ်။ ဒီကနေ စလွယ်တာနော်။ အရင်က အစိမ်းဆိုတော့ လှီးရ အစေးတွေဖယ်ရ ဆေးရ အခွံနွှာရ စတဲ့ အဆင့်တွေ အကုန် ကျော်ပလိုက်ပါတယ်။ မြန်မာပြည်မှာလဲ ရှိတယ်လေ ပြုတ်ပြီးသား ကိုတို့စရာအနေနဲ့ ရောင်းတာ တီလဲ ဒီမှာ တနေ့က ညဈေးသွား တာ တွေ့လို့ဝယ်လာ လိုက်ပါတယ်။ နောက်တခု ကျန်သေးတယ် ခရမ်းချဉ်သီး အရမ်း မမှည့်တဲ့ဟာတွေကို ၄၊ ၅ လုံးလောက် ၄စိပ်စီ လှီးထားပါနော်။

ဝက်နံရိုး နုနုလေးတွေအရိုးနု ပါပါတဲ့ ဟာမျိုး ကီလိုဝက်လောက်ကို ရေ လိုသလောက်နဲ့ပြုတ်ပါတယ် (နံရိုး ကိုအရင်ဆေးအုံးနော်) တီထည့်မပြောတာနဲ့ တော်ကြာ ဒီနည်းက ပိုလွယ်တယ်ဆိုပြီး ရေပါမဆေးပဲ ချက်နေကြမစိုးလို့…..ဝက်နံရိုး ပြုတ်နေရင်း တခါတည်း ခုန က ပဲပုပ် ၃ ချပ်ကို ထည့်ပြုတ်လိုက်ပါ။ ပြီးတော့ တဖြည်းဖြည်း ဆူလာရင် အဆီအနှစ်တွေကို ဇွန်းလေးနဲ့ ခပ်ခပ်ထုတ်ပေးပါ။ ပြီးတော့ ခရမ်းချဉ်သီး နဲ့ပိန္နဲသီး တွေထည့်ပေါ့……ပြီးရင် ခဏပေးဆူလိုက်ပါ နောက် တခါ ထပ်ဆူပြီးရင်တော့ ငရုတ်သီး အစိမ်းမှုန့် ဟင်းချက်တဲ့ အမှုန့် ကို နည်းနည်း အရောင်လှအောင် ထည့်ပါ ဆီသတ်ပြီး ထည့်ရင်လဲ ရပါတယ် တီကတော့ အလုပ်ပိုရှုပ်မှာ စိုးတာရယ် နေလဲသိပ်မကောင်းတော့ ဆီရှောင်ချင်တာနဲ့ ဆီမသတ်တော့ပါဘူး ဒီအတိုင်းပဲ ထည့်လိုက်ပါတယ်။ ပြီးတော့ ဆူလာရင် အရသာ ချိုငံပေါ့ မြည်းပေးပြီးတော့ ဆူးပုပ်ရွက်ခပ် လိုက်ရင် …..

အရသာရှိတဲ့ ရှမ်းရိုးရာ ဝက်နံရိုး ပိန္နဲသီး တခွက်ရပြီပေါ့ ။ အဲ့တာက အရည်သောက်ပေါ့နော်။

ဒါကတော့ အများသိကြတဲ့ ကြက်သား ပြုတ်ကျော်ပါပဲ ဒါကတော့ မောင်ချက်တာပါ တီက အဲ့လို အရမ်းလွယ်တာလောက်ကို ဆိုရင်တော့ တီ့ လက်ထောက် မောင့် ကိုပဲ လွှဲထားလေ့ရှိပါတယ်။ ငှဲငှဲငှဲ….. ကြက်သားက ပြုတ်ပြီးသားပါ ဘယ်လိုပြောမလဲ ပြုတ်ထားတာ အသင့်စားဖို့မျိုးလေ အချဉ် နဲ့ တို့စားတာမျိုးပေါ့ တရုတ်တွေ လုပ်လေ့ရှိတဲ့ ဟာမျိုးလေ တီက အဲ့ဒီ ကြက်သား အမြဲဝယ်စားပါတယ် သူက စီပီ နဲ့မတူဘဲမြန်မာကြက်နဲ့ ပိုတူလို့ပါ။ ထားတော့ တဘူး ၉၅ ဘတ် နဲ့ နှစ်ဘူး ဝယ်လာလိုက်တယ် မောင်က ကြက်သွန်ဖြူနီ ဆီသတ်ပြီးတော့ ကြက်သားထည့် လုံးပြီးတော့ ဆားအချိုမှုန့် ထည့် ပြီးရင် ရေထည့်ပြီးတော့ ခရုဆီထည့် တည်လိုက်ဆူရင် ရပြီ။ အရသာလဲရှိ ကောင်းမှကောင်း ချက်ရတာလဲသိပ်လွယ် အိုအိရှိပါပဲ။ကဲ အသားဟင်းလဲပြီးပြီနော်။

ဒါကတော့ ဝက်အူမကြီးသုပ်ပါ ရခိုင်နည်းနဲ့သုပ်ပါတယ်။ ဘေးဆုံးက ပုံက ရန်ကုန်ကနေ သယ်လာတဲ့ ရခိုင်ငပိထောင်းပါ သူငယ်ချင်း ရခိုင်မ ဆိုင်ကနေ အော်ဒါစပယ်ရှယ် မှာပြီး ထောင်းခိုင်း ပြီးတော့ ဘူးလိုက် ထည့်လာတာပါ။ သူက ကြာကြာအထားခံအောင် ကြက်သွန်ဖြူနီ ထည့်မထောင်းထားဘဲ ငပိနဲ့ ငရုတ်သီးစိမ်းပဲ အဓိက ထောင်းထားပေးတယ် ခါတိုင်း စားချင်တဲ့ အချိန် သံပရာရည် နည်းနည်း ညစ်လိုက်ရင် တို့ စရာ သခွားသီးလေးနဲ့ စားလိုက်ရင် လျှာကျွမ်းပြန်ပဲ။

ပထမဆုံး အူမကြီး ကိုအရင်ဆုံး ပဲငံပြာရည်နည်းနည်း နဲ့ပြုတ်လိုက်ပါတယ် အနံ့ရှိရင် ကုန်အောင်ပါ။ ပြီးတော့ ပါးပါးလှီး ကြက်သွန်နီ ငရုတ်သီးစိမ်း ပါးပါးလှီး ဆားအချိုမှုန့် နည်းနည်းထည့် ပြီးတော့ ရခိုင် ငပိထောင်း နည်းနည်းထည့် ပြီး နယ်လိုက်ရင်…..

လျှာကျွမ်းပြန် အောင် ရှယ်စပ် ရှယ်ကောင်းတဲ့ ရခိုင် အူမကြီး သုပ်ရတာပေါ့ အူမကြီး အစား အချင်းတွေ ဘာတွေနဲ့သုပ်လဲကောင်းမယ် ထင်ပါတယ်။ ဒါလေးကတော့ အသုပ်ပါ။

နောက်ဆုံးကတော့ တရုတ်နည်းနဲ့ ကြော်တဲ့ ဘိုစားပဲသီးပါ။ တီက စားချင်နေတာ ကြာပြီ အဲ့လိုမျိုးလေး ငရုတ်သီးနဲ့ ကြော်တာကို။ အဲ့တာနဲ့ တနေ့ကတော့ ပါရာဂွမ် ကို သွားပြီးတော့ ဘိုစားပဲ နှစ်ထုပ်ဝယ်လာပါတယ် ဘတ် ၃၀ နှစ်ထုပ်ဆိုတော့ ဘတ် ၆၀ပါ မြန်မာပြည်မှာဆိုရင်တော့ အများကြီး ရမှာပဲ ဆိုပြီးတွေးမိတာကိုတော့ တားမရပါဘူး။ ဘိုစားပဲ တောင့်လေးတွေကို နှစ် လက်မ စီလောက် ချိုး ထိပ်နှစ်ဘက် အမျှင်ဖယ် ပြီးတော့ ရေဆေး စစ်ထားပါ။ မကပ်တဲ့ အိုးနဲ့ ဆီထည့် ငရုတ်သီးခြောက် နည်းနည်း ကိုမွှေးအောင် အရင်ကြော် ဘိုစားပဲ ထည့် ငရုတ်သီး အစိမ်းမှုန့် ထမင်းစားဇွန်း တဇွန်းလောက်ထည့်လိုက် ဆား အချိုမှုန့် ထည့် ခဏကြော် လိုက်ရင် ………….

အရာသာရှိတဲ့ ဘိုစားပဲသီး တရုတ်စတိုင်လ် ရပါပြီ။ အသီးကြော်ပေါ့နော်……..

ဒါလေးကတော့ ရာသီစာ အချိုပွဲပါ ထိုင်းမှာ မိုးတွင်းဆိုရင် ချင်းမိုင်ဘက်က လာတဲ့ လိုင်ချီစ့် တွေသိပ်ကောင်းပါတ် အရည်ရွမ်းပြီးတော့ အလုံးကြီး ပြီး သိပ်ချိုတာပါပဲ စားကြပါအုံးနော်…..

A Chen
10:50PM
12th July 2011
Tuesday
Home
Bangkok

Oh Skand…what have you missed…..

မနေ့ညက ဝက်သားဆီပျံ ချက်စားကြမယ် လို့ မောင့်ကို ပြောပြီး ညနေကတည်းက အလုပ်ကနေ ဖုန်းဆက်ပြီး ဝက်သား ချခိုင်းထားပါတယ်။ ဝက်သားကတော့ ထုံးစံ အတိုင်း အသား နံပါတ်တစ် ကွာလတီ ပါရာဂွမ် ကနေ ဝယ်လာတာပေါ့အေတို့ ရယ်။ အဲ့တာနဲ့ ချက်စားကြမယ် ဆိုတော့ ထုံးစံအတိုင်း ဝက်သားဆီပျံ တော့ စားချင်ဘူး အပြောင်းအလဲ လေးဖြစ်အောင်ဆိုပြီးတော့ တနေ့က ဘတ်ထားတဲ့ လွယ်ကူစားမြိန် ရဲ့ ကြက်သားဆွမ်းချက် ဆိုတာ ကို သဘောကျနေပါတယ် အဲ့မှာ ပါတဲ့ သရက်သီး သနပ် ထည့်တာ ကို သိပ်သိပ် စိတ်ဝင်စားနေတာပေါ့။ ချဉ်ပြုံးလေး ဖြစ်မှာပဲ ဆိုပြီးတော့လေ။ သူကလဲ အဲ့ဒီ နည်းကို အဖြူရောင်နတ်သမီး ဆီက ရတာပါတဲ့ တဆင့်စီပေါ့။ အားလုံး ကျေးဇူး တင်ပါတယ်။ တီချမ်းဆီရောက်တော့ တီချမ်းနည်းပေါ့နော်။ ဘယ်လိုဖြစ်သွားလဲ ဟုတ်လား ပြောပြမယ်လေ ဖြေးဖြေးပေါ့ မလောပါနဲ့…..

ဖြစ်ပုံက ဒီလိုပါ မောင့်ကို ချက်စားကြမယ် ပြောထားတော့ မောင်က ထုံးစံအတိုင်း ကြက်သွန်ဖြူ နီ ကြိတ်ထားပြီးသားဖြစ်နေတယ် အဲ့တာနဲ့ သူတို့ လို မချက်တော့ပဲ တခါတည်းပဲ ဝက်သား ကို တုံး ဆားအချိုမှုန့် ငါးငံပြာရည် နည်းနည်းရယ် နနွင်းနည်းနည်းရယ် ငရုတ်သီးမှုန့် အရောင်တင် အစိမ်းမှုန့် နည်းနည်း ရယ် နဲ့ နယ် ပြီး နှပ်ထားတယ်။ နောက်တော့ ဆီနဲ့ ဝက်သား ကိုအရင်သတ်ပါတယ် ကြက်သွန်ဖြူ နီ မထည့်သေးပါဘူး ဝက်သားတွေ နည်းနည်း လုံးသွားပြီ မွှေးတက်လာပြီ ဆိုမှ ကြက်သွန်ဖြူနီ ထည့်ပါတယ် ပြီးတော့ သရက်သီး သနပ် ၂ ဖတ် ၃ ဖတ် တော့ ကဘူး ၄ ၅ ၆ ဖတ်လောက်ကို ထည့်ပလိုက်တယ် အေးရော…..နောက် တော့ ခဏ ထပ်ကြော် ရေ ထည့် ပြီး နူး တဲ့ အထိ တည်ပလိုက်တာပဲ ဆီပျံလေးပေါ့အေ နောက်ဆုံးတော့လဲ သို့သော် သရက်သီး သနှပ် ထည့်ထားလို့ အရသာကတော့ တီ မှန်းထားသလိုပဲ ချဉ်ပြုံးလေးဗျ မိုက်မှမိုက်ပဲ အိုအိရှိ အရသာရှိ ကောင်းမှကောင်းလေ……….ပုံသာ ကြည့်ကြပေတော့……

ဖြစ်ချင်တော့ အိမ်မှာ ဆန်ကုန်နေပါတယ် ကိုယ် ပရီးမီးယား ၂ အန် ၁ ကော်ဖီ နဲ့ သောက်နေကျ နွားနို့ကလဲ ကုန်နေပြန်ပါတယ် ဟင်းချက်ကာနီး ကျမှ ဆီကလဲ ကုန်နေပြန်ပါတယ် အဲ့တာနဲ့ မောင့်ကို ၇=၁၁ ကိုလွှတ်တော့ ဒင်းက ဝက်သားချဉ်ပါ ဝယ်လာပါတယ် ကိုယ်မသိအောင်ပေါ့လေ ထားတော့ ထုံးစံအတိုင်း ပဲ ကြက်သွန်နီ ပါးပါးလှီး ပြီးတော့ ဆား အချိုမှုန့် နည်းနည်း ငရုတ်သီးစိမ်းလေးတွေပါးပါးလှီး ပြီး သံပရာရည်လေးနဲ့သုပ်ပါတယ်။ ဒါကလဲ ကောင်းမှကောင်း စူပါရှယ် အိုအိရှိ ပဲ………..

ဒါကတော့ တနေ့ က ဈေးထဲက တွေ့တဲ့ မျှစ်ပြုတ်တို့ ရယ် ထူးထူးဆန်းဆန်း ရှာတွေ့တဲ့ ဟင်းကလာချဉ်ဖတ်ရယ် ပါ ဒါတွေကတော့ ဝယ်တာဆိုတော့ အထွေအထူးပြောစရာမလိုပေါ့…

ဒါကတော့ သူငယ်ချင်းကို ဖုန်းဆက်ခေါ်တော့ သူက ဝက်သားဆီပျံ အသံလဲကြားရော စွန်တန်သောက် ချင်ပါတယ်တဲ့ အိုကေပေါ့ သိပ်လွယ်တယ်လေ ချက်ရတာ ရေ လိုသလောက်ထည့် ဆူအောင် အရင်တည်လိုက်ပါတယ်။ ပြီးတော့ ရေဆူလာတော့ စွန်တန်ဖတ် ထည့်ပါတယ်။ အချဉ် ကြိုက်ရင် ပိုထည့် ခရမ်းချဉ်သီး နှစ်လုံး ကို ၆ စိပ်စီ နဲ့လှီး ပြီး ပစ်ထည့် ငရုတ်သီးစိမ်းလေးတွေကို ဓါးပြားရိုက်…၈ တောင့်ပါ။ ကြက်သါန်နီ ၂ ဥ ကို ၈ စိပ်စီ လှီး ပြီးတော့ ရေဆူတာနဲ့ အကုန်ပစ်ထည့်လိုက်ပါတယ်။ ပြီးတော့ ဝက်သားတုံး ခနော်ခဲ နှစ်တုံး ပစ်ထည့်လိုက်ပါတယ်။ တခါ ထပ်ဆူရင်တော့ အပေါ့အငံမြည်း ကိုယ်ကြိုက်တဲ့ အနေအထား ရရင် အိုချ လိုက်လို့ ရပါပြီ။ ဒါလေးကလဲ ရှုးရှဲစပ် ချဉ်စူး လေးနဲ့ မိုက်မှမိုက်ပါပဲ…..ဂွတ်ထ အန် သည်ဘက်စ် ပေါ့
အမှန်ကတော့ နံနံပင်လေး ထပ်ထည့်လို်က်ရင် သည်ဂွတ် သည်ဘက်တာ သည်ဘက်စ် တောင် မက သည် ဂရိတ် တောင်ဖြစ်သွားအုံးမယ် မွှေးမွှေးလေးနဲ့ လေ ခုတော့ မရှိတော့ ထားပါတော့… ရှိတာလေးနဲ့ ကောင်းအောင် အရသာရှိအောင် ချက်တတ်တာ က မှ အိမ်ထောင်ရှင် မိန်းမကောင်းမှလား…..ငှဲငှဲငှဲ….

ကဲ ချုပ်ရရင်တော့ ပရိတ်သတ်ရယ် စဉ်းစားကြည့်ပါ ဝက်သား သရက်သီးသနှပ် ချဉ်အီပြုံးလေး ဝက်သားချဉ်သုပ်လေး အတို့အမြုပ်ကလေး၊ စွန်တန် ရှုးရှဲစပ်ကလေး နဲ့ ဘယ်လောက်များ ထမင်းမြိန်လိုက်မလဲလို့ ကိုယ်တို့ ၃ယောက် (ကိုယ်ရယ် မောင်ရယ် သူငယ်ချင်းရယ်) အုပ်လိုက်ကြ တီးလိုက်ကြ လွေးလိုက်ကြ မြိန်လိုက်ကြတာ ထမင်း ၃ လုံးချက် ကုန်သွားပါတယ် ခါတိုင်း ၃ လုံးချက်ရင် ကိုယ်တို့ လူ ၅ ယောက် စားကြတာပါ ဆန်ကောင်းသုံးတော့ အီတယ်လေ (ညှင်းညှင်းညှင်း)

အဲ့တော့ ပရိတ်သတ်ကြီးလဲ သွားရည်ကျ ရအောင် တင်ပေးလိုက်ပါတယ် ချက်နည်းတွေကတော့ တင်ပြီးသားတွေပါ စားကြပါအုံးနော်………….

A Chen
4:37PM
Tuesday
5th July 2011
Bangkok

ဝက်ချို အစိမ်းကြော် မှိုကန်စွန်း

ကဲ ဒီတခါ လွယ်လွယ်လေး ချက်ပါမယ်။ ခုတလောကျတော့ အမေ က မဲဆိုင် က သူ့မွေးစားသမီး နဲ့ သူငယ်ချင်း ဆီသွားလည်နေတော့ ဘာမှ တောင်ထွေထွေထူးထူး မချက်ဖြစ်ပါဘူး။ မောင်နဲ့ ကိုယ် အရင် ဒုံရင်း ဝယ်စားဘဝ ကို ဟပ်ချလောင်း ဆို ပြန်ရောက်သွားတော့တာပါပဲ။ အဲ့တာနဲ့ တနေ့ ကတော့ ချက်ရမှာလဲ ပျင်းတော့ လွယ်လွယ် ကူကူ ပဲ ဝက်ကို အချိုချက်မယ် ကန်စွန်းလေး ဘာလေး ကြော်စားမယ် ဆိုပြီး လုပ်ဖြစ်တာပါ။

ဒီပိုစ့် မှာ အရေးကြီးတဲ့ ပဲငံပြာရည် ကိုအရင် ကြော်ငြာပါရစေ။ ယိုးဒယား စရောက်ကတည်း က ဝယ်လိုက်တဲ့ ပဲငံပြာရည် တွေအကြည်ကော အနောက်ကော ဝယ်လိုက် ပစ်လိုက် ဝယ်လိုက် ပစ် လိုက် အခု ပုံမှာ ပြထားတဲ့ တံဆိပ် ရမှာပဲ အဆင်ပြေတော့တယ် လီကျင်ကျီ့ လို့ အသ့ထွက်မယ် ထင်ပါတယ် ရှာဝယ်လိုက်ပါ ဘန်ကောက်မှာတော့ ပါရာဂွမ် က ဂေါမန့် မှာ ရပါတယ်။ ကဲ ဟင်းဆက်ချက်မယ် ဝက်သားထဲထည့်ဖို့ ကြက်သွန်ဥ တွေကိုခွာ ထားပါနော် ဥလိုက်ထည့်မှာ မို့လို့ စိပ်မနေပါနဲ့တော့….ပြီးရင် ဝက်သား ကို ပဲငံပြာရည် အချို၊ ကြက်သွန်ဖြူ ဓါးပြား နည်းနည်း ဂျင်း စင်းငယ်ခန့် တို့ နဲ့ ဆား အချိုမှုန့် နယ်ထားပါ ခဏ နှပ်ထားပါ

ပြီးရင် ဆီသတ်ပါမယ် ဂျင်း ဘတ်ကလေး ကို ဓါးပြားရိုက်ပြီး ဆီသတ်ပါ ကြက်သွန်ဖြူ နီ ကိုတော့ မသတ်တော့ပါဘူး ခုန က နှပ်ထားတဲ့ အသား ကိုပဲ လုံးချက်မှာပါ ဂျင်း က မွှေးလာပြီဆိုရင် အသားတွေ ကိုထည့်လို့ ရပါပြီ အသားကို ပုံ ၃ မှာ ပြထားတဲ့ အတိုင်း ပထမ သူ့ဆီကနေ ထွက်လာတဲ့ ရေ နဲ့ ပဲ အရင် တရေ ခန်းပါစေ ပဲငံပြာရည် တကယ်ကောင်းရင် မွှေးတက်လာပါလိမ့်မယ် သိပ်မွှေးလို့ ဗိုက်ကို ဆာလာစေတာ ဒီပဲ ငံပြာရည်ပါ တကယ်ညွှန်းတာ တကယ်ကောင်းလို့ပါ ရှာဝယ်ကြည့်ပါနော် တခြား ပဲငံပြာရည်တွေထက်တော့ ဈေးနည်းနည်း ပိုကြီးတယ် ဒါပေမယ့် တကယ်ကောင်းတော့ တန်ပါတယ် တလက်စတည်း မွှေပေးနေပါ အိုးမကပ်အောင်ဖြစ်ပါတယ်

ပြီးရင်တော့ ရေလေး ကို ဝက်သားမြုပ်ရုံ ထည့်ပြီး နောက် တရေ တည်ပေးပါ အသား နူး မနူး ကိုလဲ မြည်းကြည့်ပေးနေပါ တကယ်လို့ ကိုက်ရတာ မာဆတ်ဆတ်လေး ကြိုက်တယ် ဆိုရင်လဲ တရေ တရေခွဲလောက်နဲ့ ရပါတယ် ရေလျော့ထည့်ပေါ့ နူးနူးလေး ကြိုက်တယ်ဆိုရင်တော့ တီ့ လိုပဲ နောက်တရေ ကို ခန်းတဲ့ အထိ တည်ပါ မနူးသေးရင် နောက်တရေ ထပ်ထည့်ပါ ဒီ ဒုတိယ တရေ ထည့်တဲ့ အခါမှာ တခါတည်း ခုန က အခွံခွာ ထားတဲ့ ကြက်သွန်နီဥ တွေကို ထည့်လိုက်ပါ အဲ့တာ မှ ဝက်သားလဲ ဆီပျံ ကြက်သွန်ဥလဲ နူးအိ အတော်ပါပဲ

ဟင်းက အီမှာ ဖြစ်တဲ့အတွက် ဘိတ်ချဉ်လေး လုပ်ပါမယ် ကြက်သွန်ဖြူ ကို ပါးပါးလေးတွေလှီး ပါ ငရုတ်သီး ပါးပါးလေး လှီး ပါ ခုန က ပဲငံပြာရည် ကို ထပ်ထည့်ပါ ပြီးတော့ သံပရာ သီး ညှစ် လိုက်ပါ အရသာရှိ လိုက်ဘက်ညီတဲ့ ဘိတ်ချဉ် ကိုရပါပြီ တီကတော့ ကြက်သွန်ဖြူ အစိမ်း ကြိုက်တဲ့ အတွက် နည်းနည်းများများ လုပ်ပါတယ်

ဟင်းတမျိုးတည်းဖြစ်နေလို့ ကြက်ဥ ပေါင်းလိုက်ပါသေးတယ် အရင်တခါ က ရေးဖူးပြီးသားပါ လွယ်လွန်းလို့အမြန် နောက်တခေါက်ထပ်ရေးပေးလိုက်တယ် အရင် ပိုစ့် ကို ပြန်ရှာ ပြန်ထည့်နေရင် ပိုကြာလို့
ထပ်ရေးလိုက်တာ ပိုမြန်တယ် ချက်ရင် ပိုတောင် လွယ်သေး ကြက်ဥ တောက်တောက်စင်းထားတဲ့ ကြက်သား ဝက်သား ကြိုက်ရာ နဲ့ (ဝက်က ပိုလိုက်ပါတယ် ကြက်ကို မောင်ကလဲ မစားတော့ ဝက်ပဲ) ခေါက်လိုက်ပါတယ် ဆား အချိုမှုန့် ထည့် ငရုတ်ကောင်း နည်းနည်းထည့် ရေ နည်းနည်းထည့်ပြီးတော့ မိနစ် ၂၀ လောက် ပေါင်းလိုက်တာပါပဲ။ သိပ်သိပ် လွယ်တယ် ဒါပေမယ့် အချိန်အဆ အရေးကြီးပါတယ် မဟုတ်ရင် ပေါ့လွန်း လေးလွန်း ဖြစ်တတ်ပါတယ် ကြက်ဥ နည်းပြီး ရေများရင်လဲ စားမကောင်းပါဘူး အသားများရင်လဲ မာပါတယ် လွယ်ပေမယ့် လုပ်ရခက်တာ မျိုးမဟုတ်ဘဲ အချိန်အဆ လက်ဝင်ပါတယ်

အရွက်လေးလဲ စားချင်သေးတော့ မှို ဘူး တဘူး ဖောက်ပြီးတော့ တရုတ်ကန်စွန်း နဲ့ ကြော်ပါမယ် မှိုလေးတွေကို တလုံး ၃ ဘတ် ရအောင် လှီးပါ တခြမ်း ဆိုရင် ထူပါတယ် ကန်စွန်း ကို လိုချင်သလောက် အရိုး အရွက်သင် လှီး ချွတ် ထားပြီး ရေးဆေး စစ်ထားပါ

မှို က ဘူးမှို ဖြစ်တဲ့ အတွက် ကျက်ပြီး သားဆိုတော့ ကန်စွန်း ကို အရင် ကြော်ပါတယ် တီက ဒီမှာ တော့ ကြက်သွန်ဖြူ မထည့်ပါဘူး ကြက်သွန်နီ ဆို ပိုမုန်းတယ် ကန်စွန်းရွက်ကြော်မှာ ထည့်ရင်ပြောတာပါ အဲ့တာ ကြောင့် မှို နဲ့ ကန်စွန်း ပဲ ပလိမ်း ကြော်လိုက်ပါတယ် ကန်စွန်းတွေ နည်းနည်း အရောင်ပြောင်းပြီဆိုတာ နဲ့ မှိုတွေပစ်ထည့် ခဏ မွှေ ခရုဆီ ထည့်လိုက် ရတာပါပဲ ဆားအချိုမှုန့် ထည့်ဖို့ တော့ မေ့နဲ့နော်….

ကဲ အားပေးလိုက်ကြပါအုံး နောက် နှစ်ရက် ဆက်ပြီး ဒီပုံနဲ့ ကန်စွန်းမှို ချည်းပဲ ကြော်ကြော်ပြီး ထိုင်ထိုင်စားပါသေးတယ် ထမင်းတောင် မပါဘူး ကြိုက်လို့………

A Chen
10th May 2011
Tuesday
3:48 PM
Bangkok

ဘဲဥချဉ်ရည်ဟင်း

အင်း ဘာစားရမလဲ လဲ မသိတော့ ခုတလော ရိုးရိုးသားသား ဖိုးသခွားလေးတွေပဲ အာရုံလာနေတယ် အသားတွေပါတွေ သိပ်မစားချင်ဘူး ဒေါ်ချစ် က ဖြူစုတ်စုတ် လို့ ပြောထားတဲ့ အတွက်လဲ အရောင်လေးနဲ့ ချက်ပြီး တင်ချင်ပါတယ် အဲ့တာနဲ့အိမ်မှာ အသင့်ရှိနေတဲ့ ဘဲဥ ကိုပဲ ချက်စားမယ် လို့တွေးပါတယ်။ ကြက်ဥ ကို နောက်ပိုင်းမှာ လူတွေက အလွယ် ချက်စားကြပေမယ့် ကိုယ်ကတော့ ဘဲဥ စစ်စစ် ကိုမှ ကြိုက်ပါတယ် ချဉ်ရည်ဟင်းချက်စားမယ် ဆိုရင်ပြောတာပါ တကယ်လို့ မကျက်တကျက် ကြော်မယ် ဆိုရင်တော့ ကြက်ဥ ကိုပဲ ပိုကြိုက်ပါတယ် အကြော်ဆိုရင်တော့ ကြက်ဥ ပေါ့ ဟင်းချက်စားမယ်ဆိုရင်တော့ ဘဲဥ ပေါ့ ဒီလိုခွဲပါတယ် ရွေးချယ်စရာလဲရှိရင်ပြောတာပါ။

တီ့ တို့ ချက်တဲ့ ဘဲဥ ချဉ်ရည် က အရင်ကြော်ပါတယ် အမေ ဆီက သင်ထားတဲ့ အတိုင်းပါ တီကလဲ ကြော်ပြီး မှ ချက်တာ ပိုကြိုက်ပါတယ် မုန့်ဟင်းခါးတွေ ထဲမှာ ထည့်တဲ့ အိုးဘဲဥ လိုမျိုး ပြုတ်ပြီး ဓါးခြစ်ချက်တဲ့ ချဉ်ရည်ဟင်းဆိုရင် တယ်မကြိုက်ချင်ပါဘူး နောက်ပြီး တချို့ဘဲဥ ကို အချပ်လိုက်ကြော်ပြီး ချဉ်ရည်ဟင်း ချက်တာ ရှိသေးတယ် အဲ့တာမျိုး အမုန်းဆုံးပဲ….ထားပါတော့

ပထမဆုံး ဘဲဥကိုပြုတ်ပါတယ် နောက် အပ်ချည်ကြိုးလေးတွေ နဲ့ ထက်ခြမ်းခွဲပါတယ် ပြီးတော့မှ ဘဲဥ ကိုဆီပူထဲ ခဏ ကြော်လိုက်ပါတယ် အခွံလေးတွေ ရွှေရောင်သန်းလာတဲ့ အထိကြော်ပေးပါ ပြီးတော့မှ ပြန်ဆယ်ပြီး ပန်းကန်ထဲထည့်ထားပါမယ် နောက် ခရမ်းချဉ်သီးလေးတွေ ကိုသေးသေးလေးတွေလှီးထားပါ နောက်ဆုံးပန်းကန် ကတော့ မန်ကျည်းနှစ်တွေကိုဖျော်ထားတာပါ အသင့်ပြင်တာတွေပြီးပြီဆိုရင် ချက်တဲ့စခန်းထပါမယ်နော်

ပထမဆုံး ဆီပူထဲမှာ ကြက်သွန်ဖြူနီ ကိုအရင်ဆီသတ်ပါမယ် တလက်စတည်း အရောင်တင်မှုန့်နဲ့ နနွင်း နည်းနည်း ထည့်လိုက်ပါ ကြက်သွန်ဖြူနီတွေ ရွှေရောင်သန်းလာရင် ခရမ်းချဉ်သီးတွေ ထည့်ပါမယ် ခရမ်းချဉ်သီးတွေ နွမ်းတဲ့ အထိသေချာမွှေကြော်ပေးနေပါ

ခရမ်းချဉ်သီးတွေပုံမှာ ပြထားတဲ့ အတိုင်း အနှစ်ဖြစ်သွားပြီဆိုရင် မန်ကျည်းမှည့် ရေထည့်ပါမယ် ခဏပေးဆူ လိုက်ရင်တော့ ဘဲဥ ထည့်လို့ ရပါပြီ။ ဘဲဥထည့်ပြီးရင် ဆီပျံတဲ့ အထိ ခဏတည်ပေးပါလေ။ ဆီပျံလာပြီဆိုရင်တော့ အိုကေပါပဲ တီကတော့ တခါတလေ အရေလေးဆမ်းစားချင်ရင် ဆီပျံ ရေကျန်လေးလဲ ချက်တတ်ပါတယ်

ပုံမှာ ပြထားတဲ့ အတိုင်း လွယ်ကောင်းသက်သာ မြန်ဆန်အရသာရှိ ဘဲဥ ချဉ်ရည်ဟင်း တခွက်ရပါပြီ
စားကြပါအုံးနော်

ဒါလေးကတော့ ဘောနပ်စ် အချိုတည်းဖို့ ဒူးရင်းသီးပါ

A Chen
7:15 PM
30th April 2011
Saturday
Home
Bangkok

အမဲသားဆီပျံ နဲ့ အာလူး စွန်တန်

အခုတလော ဟင်းမချက်တာကြာပါပြီ…………….မချက်တာကြာဆို စိတ်မပါတာလဲ ကြာပြီလေ……….ဘာတွေ လုပ်နေမိမှန်းလဲမသိပါဘူး…တခါတခါတော့ မောင်ချက်တာတွေပဲစား….အခါများစွာမှာတော့ အပြင်ထွက်စား………….ဒီလိုနဲ့ပဲ……………မယ်တင် ကိုပဲမျှော်ရမလား………….ဦးဘညွန့်ရဲ့ ချစ်ဒုက္ခ လို့ပဲ ညည်းရမလား…………ကဗျာဘွဲ့မှုး လိုပဲ ကိုကို နဲ့ မောင်မောင် (အဲလေ ဒေါ်ရီတာ ကို စောင်းပြောတာမဟုတ်ပါ။)
ဖြစ်အောင် ရည်းစားနှစ်ယောက် ရှာရမလား………….ဒါမှ တလုံးက မီးထွန်းဖို့ တလုံးက ကက်စက်ဖွင့်ဖို့……….အဲလေ ရောကုန်ပြီ………….(တကယ်ပါ ခုထိ မေသန်းနု အဲ့ကြော်ညာမှာ ပြောတာကို တလုံးက မီးထွန်းဖို့ ဆိုတာ ကိုပဲ ပီပီသသ ကြားမိပြီး………နောက် တလုံးက ကက်ဆက်ဖွင့်ဖို့ လို့ပြောတာ ကို အခုချိန်ထိ တလုံးက “သစ်စက်ဖွင့်ဖို့”လို့ပြောတယ်လို့ပဲ ကြားမိနေ ကြားယောင်နေပါတယ် (တီဗီ ထဲက နန္နာလှိုင်က မှားပြန်ပြီ မှားပြန်ပြီ လို့ ဝေဠုကျော် နဲ့ အတူတူ ကြော်ညာနေရင်းလှမ်းအော်ပါတယ် မှတ်ချက်-ကြော်ညာလား ကြေညာလား ကျော်ညာလား ကြော်ငြာလား သေချာမသိပါ နောက်ဆုံးဟာလို့တော့ ထင်တယ် သိရင်ပြောသွားကြပါ။ ) ခုလဲဘာတွေရေးနေမိမှန်းလဲမသိပါဘူး…….

တခါတခါ စာရေးဖို့ တောင်စိတ်မပါပြန်ပါဘူး….ခုတလောကတော့ အလုပ်တွေချည်းပဲ ဖိလုပ်နေမိတာပါ။ အလုပ်တွေတောင် တော်တော်များများပြီးသွားတယ်………..ဟိဟိ။ နည်းနည်းတောင် မနည်းချန်ထားရတယ် တော်ကြာ သင်္ကြန်ပြီသွားရင် လုပ်စရာ မကျန်မှာ စိုးလို့….တကယ်ပါ။ မနေ့ကတော့ ပိုစ့်တွေ အများကြီးတင်ရအောင် ပုံတွေပဲ တင်နေလိုက်ပါတယ်။ နောက်နေ့တွေမှာပါ ဟင်းချက်တာတွေ ဆက်တင်ဖို့ ရှိပါတယ်။…………………ကဲကဲ ခုတခေါက်တော့ ဟင်းရည်ချက်နည်းလေး တခုတင်ပေးချင်ပါတယ် နည်းထူးနည်းဆန်းတော့လဲ မဟုတ်ပါဘူး………..တီတို့ အိမ်မှာ အမြဲချက်စားနေကြဟင်းရည်ပါ မြန်မာအိမ်တော်တော်များများလဲ ချက်စားလေ့ရှိကြပါတယ်……….တရုတ်တွေကတော့ အစားပိုများတာပေါ့။ စွန်တန်ဆိုတာ တကယ်တော့ ယူနန်လူမျိုးတွေ အစားများတာပါ။ ရိုးရိုး ချက်နေကျလိုဆိုရင် ရိုးနေမှာစိုးလို့ တောတော ချက်နည်းအတိုင်း ချက်ပေး အဲလေ အူဝဲ အမေတွေ အဒေါ်တွေ နဲ့ မှားနေပြန်ပါပြီကဲပါလေ လျာရှည်နေတာနဲ့ ချက်တဲ့ဆီမရောက်တော့ဘူး………………….

ပထမဆုံး ပုံ -၁- အတိုင်း အာလူးလေးတွေ ကို အခွံသင် ပါးပါးလှီးထားပါ။ ရေဆေးပြီးတော့ စစ်ထားပါ။ နောက်ပုံ -၂- မှာကြည့်ရအောင်…………ဘာတွေပါလဲဆိုတော့ လေးစိတ်ကွဲအောင်လှီးထားတဲ့ ခရမ်းချဉ်သီးနှစ်လုံး ပါပါမယ်။ ရှစ်စိတ်ကွဲအောင် လှီးထားတဲ့ ကြက်သွန်နီ နှစ် ဥ ပါပါတယ်။ နောက် ခရမ်းချဉ်သီးဘေးနားက အခဲလေးနှစ်ခဲက ယိုးဒယား ခနော်ခဲလေးတွေပါ (မောင်က ကြက်သား မစားတဲ့ အတွက် ဝက်သားခဲလေးတွေကို သုံးထားပါတယ်) ဒီခနော်ခဲလေးတွေက ဆား အချိုမှုန့် အစားထည့်တာပါ။ အချိုမှုန့်ရှောင်ချင်တဲ့ သူတွေ ခနော်ခဲလေးတွေ ကို အစားထိုး သုံးလို့ရပါတယ်။ ခနော် အမှုန့်ဆိုပြီးတော့လဲ ဟင်းရွက်တွေ ဘာတွေ ကြော်ရင် သုံးတာရှိပါသေးတယ်။ ကြော်ညာ ပေးနေပြန်ပြီနော်…………………..ကြက်သွန်နီဥလေးတွေဘေးကတော့ ငရုတ်သီးစိမ်းလေးတွေပါ ဓါးလေးနဲ့ နည်းနည်း ခွဲထားပါတယ် ချက်တဲ့ အခါ အစပ်အရသာ ဟင်းရည်ထဲထွက်အောင်ပါ။ ဓါးပြားနဲ့ ဖိထားလဲရပါတယ်။ နောက် သူလေးကတော့ အဓိကဇာတ်ဆောင် မင်းသမီး စွန်တန်အရွက်ပါ။ အဆင်ပြေတာ ဝယ်လို့ရပါတယ် အမျိုးအစားပေါ်လိုက်ပြီး အချဉ် အပေါ့ ကွဲတတ်တဲ့ အတွက် ကြည့်ကျက်ထည့်ပါလို့ပဲပြောလိုက်ပါတယ်။ အလယ်ကတော့ ဂျင်းလေး နှစ်တက်လောက်ကို အခွံသင်ပြီး ဓါးပြားဖိထားတာပါ။

အသင့်ပြင်ထားတာတွေ အကုန်ပြီးပြီဆိုရင်တော့ ပထမဆုံး ရေနွေးတည်ပါမယ်။ အိုးထဲမှာ ကိုယ်လိုသလောက်ရေတွေထည့်ပြီး တည်ပါ။ အာလူး ကိုပါ တခါတည်းထည့်တည်လိုက်ရင် ပိုအဆင်ပြေပါမယ်။ စွန်ဆန်ရွက်က ခဏလေး ပြုတ်ရုံနဲ့ အချဉ် အရသာထွက်ပေမယ့် အာလူးက ကြာကြာပြုတ်မှ နူးလို့ပါ။ ရေဆူပြီဆိုရင် တော့ အာလူးကျက်မကျက် ကို ဇွန်းလေးနဲ့ပဲဖြစ်ဖြစ် ထိုးကြည့်လိုက်ပါ။ အာလူး ရပြီဆိုရင်တော့ နောက်တဆင့်အနေနဲ့ အောက်မှာ ပြထားတဲ့ အတိုင်း……………………….

စွန်တန်ရွက်တွေကို ဟင်းရည်အိုးထဲ ထည့်ပြုတ်လိုက်ပါမယ်။ ဒီအချိန်မှာပဲ ဂျင်း ကိုလဲ တခါတည်း ထည့်လိုက်ပါမယ်။ နောက် ခဏပေးဆူလိုက်ပါ ရပြီဆိုရင် ခုန က အကျယ်တဝင့်ပြောပြ ကျော်ညာ ကြေငြာ ထားတဲ့ ခနော် ခဲလေး နှစ်ခု ကိုပါ ထည့်လိုက်ပါ။

နောက်ဆုံးအနေနဲ့ ဟင်းရည်ခဏ ဆူပြီးပြီဆိုရင်တော့ ကျန်သေးတဲ့ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ခရမ်းချဉ်သီး တွေအကုန် တခါတည်းထည့်လိုက်ပါမယ်။ နောက် ခဏ ဆူအောင်တည်ပေးပါ၊ အချို အပေါ့ အငံ မြည်းပေးပါ။ အတော်ပဲဆိုရင်တော့ အရသာရှိတဲ့ အာလူး စွန်တန် ဟင်းရည်အချဉ် ပူပူလေး တခွက် ရပါပြီ။ ကြိုက်တတ်တယ် အိမ်မှာလဲ အသင့်ရှိတယ် ဆိုရင်တော့ နံနံပင်လေး ကို အိုးချခါနီး အုပ်လိုက်ရင် အနံ့ ပိုမွှေးပါတယ်။ တီကတော့ ကုန်နေလို့မထည့်တော့ဘူး………………။

ဒါကတော့ အမဲသားဆီပျံပါ။ ဒီမှာ ချက်နည်း တင်ထားဖူးပါတယ်။

ပြီးရင်တော့ အမဲသားဆီပျံလေးနဲ့ ထမင်း နယ်ပြီး ဟင်းရည်ပူပူလေး နဲ့ဆိုရင် ဆွေမျိုးမေ့ သွားမှာပေါ့နော်။
တီကတော့ နှစ်ခွက်ပဲသောက်ပါတယ်။ မောင်ကတော့ အရသာရှိလွန်းလို့ ဆိုပြီး………. ၄ ခွက်ကြီး များ တောင် သောက်ပါတယ်။ ကောင်းမှကောင်းပဲ…………………….

A Chen
9:46 Pm
14th April 2011
Thursday
Home
Bangkok

မချက်တာကြာတဲ့ တီချမ်းနဲ့ အမဲသား ချဉ်ပေါင်ကြော်/ဟင်းရည်

ဟင်းမချက်တာ ကြာပါပြီ။ တီချမ်းဘာလုပ်နေလဲဆိုတော့ ဘာလုပ်နေမှန်းကို မသိတော့အောင် အလုပ်တွေ ကများ၊ အလုပ်တွေကရှုပ်၊ အချိန်က မွဲ၊ ဟင်းမချက်ဖြစ် ဝယ်စား၊ ကပ်စား၊ လိုက်စား ပဲ လုပ်ဖြစ်နေပါတယ်။ ပို်စ့်လဲမတင်ဖြစ်တာ ကြာပေါ့။ ဟင်းမှမချက်ဖြစ်ပဲလေနော်၊ ချက်ဖြစ်တာတွေကလဲ စားနေကြ ဝက်သားဆီပြန်၊ အာလူးထမင်းကတော့ ခဏခဏ ဆိုသလို ကို လုပ်စားဖြစ်တယ်။ နောက် တခုက ရှမ်းခေါက်ဆွဲ၊ တကယ့်တကယ် အများဆုံး ကတော့ အပြင်မှာပဲ၊ အပြင်ထွက်စားတာကလဲ စားနေကြဆိုင်တွေပဲ စားတော့ ထပ်နေပြီ၊
ဒီဇင်ဘာက တော့ တလလုံး လိုလို ခရီးတွေ ထွက်နေရတဲ့ အတွက် တော့ အပြောင်းအလဲ စားဖြစ်ပါတယ်၊ ဥပမာ ဗီယက်နမ်ဆိုရင် ခေါက်ဆွဲတွေ ကြက်သား ဟော့ပေါ့ထ်တွေ ဝက်သားမြှီးရှည်တွေ၊ နောက် ဟောင်ကောင်ကျတော့ ဝက်သားကင်၊ အခေါက်ကင်၊ ခေါက်ဆွဲ၊ နောက် တရုတ်ပြည်ကျတော့ ထမင်းပိုစားဖြစ်တယ် နောက် ရိုးရာဟင်းလေးတွေလဲစားဖြစ်တယ် ဒါပေမယ့် နောက်ဆုံး အချုပ်ကျတော့ အပြင်စာပါပဲ။ အိမ်ထမင်း အိမ်ဟင်း ကို ခုံခုံမင်မင် မစားဖြစ်တာ မစားရတာ ကြာနေပြီ၊
မောင်ကတော့ တရုတ်ပြည်က ပြန်ရောက်တဲ့ နေ့ကတော့ သီးစုံကုလားဟင်းနဲ့ ဝက်သားဆီပြန် ချက်ထားပေးတော့ စားဖြစ်သေးတယ် တကယ်မြိန်တဲ့ အိမ်ထမင်း ပါပဲ။ ဒီကနေ မောင့်ကို ကျေးဇူးတင်ရပါတယ်။
ကဲ ခုတော့ မချက်တာကြာတာကို ပြန်အစားပေးတဲ့ အနေနဲ့ရော တခါမှမချက်ဘူးသေးတဲ့ အမဲသားဆီပျံလေး ချက်ပေးလိုက်ပါတယ်။ မြန်မာချက်လို့ပြောမလား၊ တရုတ်ချက်နဲ့လဲနဲနဲ ရောထားသေးတယ်ဆိုတော့။ အမှန်ပြောရရင်တော့ အပျင်းချက်လို့ ပြောရင် ပိုမှန်မယ်။ အလွယ်ချက်လေးပေါ့နော်။ ဒါကတော့ တီချမ်း ထုံးစံပေါ့။ တီချမ်းဟင်းတွေက ချက်ရတာလဲလွယ်မယ် စားလို့လဲ အရသာရှိရမယ်၊ ကြည့်လိုက်ရင်လဲ ပနံရရမယ် ဆိုတာမျိုးပါ။ ကဲ ကြည့်လိုက်ကြရအောင်နော်။

ပထမဆုံး အမဲသားတွေ ကို အနေတော်တုံး ရေစင်စင်ဆေး ပြီး ဆားနနွင်းနည်းနည်း အချိုမှုန့် နည်းနည်းနဲ့ နယ်ဖတ်ပြီးတော့ အိုးထဲထည့်ထားပါမယ် အမဲသားကို အရွတ်ပါတာ အကြောပါတာ အဆီနည်းနည်း ပါတဲ့ အပိုင်းလေးတွေ ရွေးဝယ်ပါ အဲ့တာက မှ အသားချည်းပဲ ထက် ဆီပြန်ချက်စားရင် ပိုကောင်းပါတယ်။
ပြီးတော့ ဘေးမှာ ပြထားတဲ့ အတိုင်း ကြက်သွန်ဖြူနီ လေးတွေ အသင့်ခွာထားပါမယ်။ နောက်ကြိတ်စက်နဲ့မကြိတ်ဘဲနဲ့ ပါးပါးလှီးပါမယ်။ အမှန်က နည်းနည်း ထူထူလေးတောင် လှီး သင့်ပါတယ်။ အဲ့တာက မြန်မာနည်းမဟုတ်တော့ဘူးလေနော်။ အဲ့မှာ တီက တရုတ်နည်း ကို ရောချက်လိုက်တာပေါ့ ကြက်သွန်တွေကို မကြိတ်ရတဲ့ အကြောင်းက ကြာကြာ အတည်ခံအောင်လေနော်။ အမဲသားဆိုတာမျိုးက နူးမှ စားကောင်းတာ မှလား။ ပြီးရင်တော့ ပုံမှာပြထားတဲ့ အတိုင်း စီထည့်ပါမယ် အမဲသားကို အောက်ဆုံးက ထည့်မယ် ပြီးတော့ ကြက်သွန်ဖြူနီ ကို အပေါ်ကနေ ပုံထည့်မယ် အဲ့လို ထည့်တဲ့နေရာမှာ အရေးကြီးတာ တခု ကို ပြောပါမယ် ကြက်သွန်တွေ ကို အိုးဘေးနဲ့ ကပ်မကျနေပါစေနဲ့ အဲ့တာ အရေးကြီးပါတယ် မဟုတ်ရင် သူက အိုးဘေးနဲ့ ကပ်ပြီးတော့ တူးကုန်ပါမယ် ပြီးတော့ အပေါ်ကနေ နနွင်းမှုန့် ဟင်းခတ်ငရုတ်သီးမှုန့် စတာတွေကို အချိုးအစားနဲ့ သင့်တော်ယုံ (ခုနက ထည့်ထားတဲ့ အတွက် ဆား အချိုမှုန့် ဒီနေရာမှာ ထပ်မထည့်ပါဘူးနော် ) အဆင်ပြေအောင်ထည့်ပါမယ် မြန်မာပြန်ဆန်သွားပြီနော်။

ဘေးမှာ ကြည့်ပါ ကြက်သွန်ဖြူ ကို အပေါ်ကနေပဲ သာသာလေးထည့်ပါတယ် နောက် အကုန်ထည့်ပြီးပြီဆိုရင်တော့ ဆီကို လောင်းထည့်ပေးပါ။ ဆီကို နည်းနည်း ပိုထည့်ပါ၊ အကြောင်းရှိပါတယ်
ပုံမှာ ပြထားတဲ့ အတိုင်း အကုန်ထည့်ပြီးပြီဆိုရင်တော့ မီးပြင်းပြင်းနဲ့ အရင်ဆူအောင် စတည်ပါမယ်။

ပြီးရင် မီးပူလာရင်ပူလာတဲ့အလျောက် နည်းနည်းလေးစီ စမွှေပေးပါ။ အိုးမကပ်အောင်ဖြစ်ပါတယ်။ အမဲသားတွေ အားလုံးနီးပါး အရောင်ပြောင်းသွားပြီဆိုရင်တော့ ရေကို အသားနည်းနည်းလေးဖုံးယုံထည့်ပေးပြီးတော့ မီးအေးနဲ့ (အေးနေတဲ့ မီးမဟုတ်ဘူးနော် မီးနည်းနည်လေး ဖြည်းဖြည်းလေး ကိုပြောချင်တာ) တည်ပါမယ် နူးပြီး အိလာအောင် ဖြစ်ပါတယ် မီး ပူရင် မြန်မြန်ကျက်သွားပေမယ့် မနူးပါဘူး။ အမဲသားက အဲ့တာ အရေးကြီးပါတယ်။ နူးအိနေမှစားကောင်းတာလေ။ မာမာလေး ကြိုက်တတ်တယ်ဆိုရင်တော့ တမျိုးပေါ့နော် တီကတော့ အိအိလေးပဲ။ တရေခန်းယုံလောက်နဲ့လဲ မနူးပါဘူး။ အဲ့တာကြောင့် နောက်တရေ လောက် ထပ်ထည့်ပြီး မီးအေးနဲ့ တည်ပါမယ် ပြီးရင် ဆားအချိုမှုန့် ကို မြည်းပေးပါ လိုရင် ထပ်ထည့်ပါမယ်။

ပြီးရင်တော့ အပေါ်မှာ ပြထားတဲ့ အတိုင်း နူးအိနေတဲ့ အရသာပြည့်ဝတဲ့ အမဲသားဆီပျံ မြန်မာတရုတ်ချက်တခွက်ရပါပြီ။ ဒီအမဲသားကိုပဲ ကြက်ဥဂျုံ ခေါက်ဆွဲ ကိုပြုတ်ပြီးတော့ ဆားအချိုမှုန့် နည်းနည်း ပဲပံပြာရည်နည်းနည်း နံနံပင်တွေနဲ့ အမဲသား အနှစ်နဲ့ ဆီ နည်းနည်းထည့်ပြီးတော့ သုပ်စားရင် ဆီချက်ခေါက်ဆွဲလိုမျိုး ရှမ်းခေါက်ဆွဲ အမဲသား အသုပ်တပွဲရပါမယ် အဲ့တာကြောင့် တီက တခါချက်ရင် နှစ်ကီလိုလောက် တခါတည်းချက်ပြီးတော့ ပစ်ထားတတ်ပါတယ် ရေခဲသေတ္တာ ထဲထည့်ထားလို့ရပါတယ် အအေးခံထားပေါ့ စားချင်တဲ့ အခါကျတော့မှ ခေါက်ဆွဲပြုတ်ပြီးသား ပူပူလေးထဲ ထည့် လိုက်ရင် အဆီတွေနဲ့ တခါတည်း နယ်ပြီး သားပဲ ကောင်းမှကောင်း လုပ်စားကြည့်။

အဲ့နေကတော့ အမဲသားဆီပျံလေး ကို မျှစ်နဲ့ အတို့အမြုပ်လုပ်ပြီး တော့ ဆီမပါ ပျားမပါ ချဉ်ပေါင်ဟင်းရည် အရည်ကျဲလေးနဲ့ စားပါတယ် မြိန်မှမြိန်ပါပဲ။ ချဉ်ပေါင်ရည်က မောင်ချက်တာပါ တီကတော့ စီစဉ်ညွှန်ကြားသူပေါ့လေ။ လွယ်လွယ်ပဲ ကြက်သွန်နီ ပါးပါးလှီး ပြီးတော့ ချဉ်ပေါင်ရွက်တွေနဲ့ ရောပြုတ် ပုစွန်ခြောက်မှုန့် နည်းနည်းခပ် ငပိစိမ်းစားလေး တကော်လေက်ထည့်လိုက် ပွက်ပွက်ဆူရင် အရသာရှိတဲ့ ရိုှးရှင်း လွယ်ကူ မြန်ကောင်း သက်သာ နန်းတွင်းစားဖိုမှုးလက်ရာ ချဉ်ပေါင်ဟင်းရည် မဟာ ကိုရတာပေါ့ကွယ်။

နောက်အဲ့နေ့က ချဉ်ပေါင်ရွက်တွေရတာနဲ့ (ဘန်ကောက်မှာက ရှားတာလား ယပလက်တွေက မစားတာလားတော့မသိ ဈေးထဲမှာ သိပ်မရှိပါဘူး တွေ့ရခဲတယ် အဲ့တာတောင် မိတ် (maid) က တွေ့လို့ ဝယ်လာပေးလို့စားရတာ) အဲ့တာနဲ့မောင်ကပဲ ကြော်ပေးပါတယ် (ပုံမှာ ပြထားတဲ့ အတိုင်း) ချဉ်ပေါင်ရွက်လေးတွေ ကို သင်ထားပြီးတော့ ရေစင်စင်ဆေးထားပါမယ် ဘေးမှာက ကြော်ရင်ထည့်မယ် ပုစွန်ခြောက်အမှုန်ပါ။

ပြီးရင်တော့ ထုံးစံအတိုင်းမပါမဖြစ် မြန်မာဟင်းတွေရဲ့ ထုံးစံအတိုင်း ကြက်သွန်ဖြူနီ ကြိတ်ထားတာကို ဆီသတ်ပါမယ် မင်းသမီးတွေ မင်းသားတွေသာပြောင်းသွားမယ် သူတို့ကတော့ အရိုင်း ကုသိုလ် ဘိုမ ဂွမ်းပုံ မျိုးမျိုးခိုင် တို့လိုပဲ မင်းသား မင်းသမီး သူငယ်ချင်းဆိုလဲ သူတို့ အတင်းတုတ်ရင်လဲသူတို့ တက္ကသိုလ်ကျောင်းသားကျောင်းသူဆိုလဲသူတို့ ပဲ ပေါ့ အဲ့သလိုပေါ့နော် ဘယ်ဟင်းချက်ချက် အသား ငါးတွေ အသီးအနှံတွေသာပြောင်းသွားမယ် သူတို့ကတော့မပါမဖြစ်ပဲ ကဲပါ ပြောရင်းနဲ့ လျာရှည်နေမိပြန်ပြီ ဆီသတ် ပြီးတော့ ငရုတ်သီး အစိမ်းမှုန့် နည်းနည်းလဲထည့်ပါမယ် မောင်က ငရုတ်သီး စိမ်းလေးတွေတောင် ပါးပါးသေးသေးလေးတွေလှီးပြီးတော့ ထည့်ပါသေးတယ် ပြီးရင်တော့ ချဉ်ပေါင်ရွက်တွေ ကို ထည့်ပြီးတော့ နူးလာအောင်မွှေပေးပါတယ် ကြေကြေလေးတွေကြိုက်ရင် ပိုမွှေပေါ့ တီကတော့ အရွက်လေးတွေ ကြိုက်လို့ ဖြည်းဖြည်း နည်းနည်းပဲ မွှေပါတယ်။ နောက် ချဉ်ပေါင်ရွက်တွေ တော်တော်ကြေပြီဆိုရင် ခုနက ဟင်းရည် ချက်သလို့ပဲ ငပိစိမ်း ဇွန်းတကော် လောက်ထည့်ပါမယ် ပုစွန်ခြောက်မှုန့်ထည့်မယ် ဆိုရင်တော့ ငပိ မထည့်လဲရပါတယ် (လို့မောင်က အကြံပေးပါတယ်) ပြီးရင်တော့ အရွက် ကို ကြေကြေလေးချေပေးလိုက်ရင် ချဉ်ပေါင်ရွက်ကြော်တပွဲရပါပြီ။

ကဲ ဒီတနေ့တော့ ဒီလောက်နဲ့ပဲကျေနပ်ကြပေတော့နော် မချက်တာကြာလို့ လာလာပြောနေတဲ့ မမရီတာ ကြီးလဲ ကျေနပ်တော့ အမဲသားမစားရင်တော့ မသိဘူး။
လက်ညောင်းပြီ။

နန်းမတော် မိမိချမ်း
မဲစောက် (ခေတ္တ)
၂ ရက် ဇန်နဝါရီ ၂၀၁၁ ခု
မနက် ၆ နာရီ ၄၅ မိနစ်

ဘန်နာရှင်အတွက် ထမင်းပွဲ

ကဲကဲကဲ တီတီ……………ပြန်လာပြီ……………………အိုင် အမ် ဘက်ခ်………………..
ဘယ်သူလဲ သိချင်ကြလား……………..ဘယ်သူရှိမလဲ………….ဟုတ်ပါတယ်ခင်ဗျား………..

မြေနီကုန်း ဦးပြောင် မယားပါ တူမ၏ ခမည်းခမက်အမျိုး
ပန်းတနော် ဦးမဲ ဟိုဘက်ဒီဘက်အတင်းစပ်တော်သော တူမ
မူလလက်ဟောင်း
ပုသိမ် ဒေါ်ချမ်း aka နန်းမတော် မယ်နု ညီမရဲ့ တူမတော် ကိုငယ်စဉ်တောင်ကျေး ကြည့်ရှူရတဲ့ အထိန်းတော်ရဲ့ ညီမအရင်း စာဆိုတော် မဟာကဝိ နန်းမတော် မိမိချမ်းပဲလေ နော့

စာဖတ်သူတကာလဲ သတိထားမိကြမှာပါ။ ဘန်နာလေးက တီချမ်းရဲ့ ဝတ်လစ်စလစ် ဗျူတီကနေ လှတပတ လူတကာ လက်ခံနိုင်တဲ့ သားနဲ့အမေ မောင်နဲ့နှမ မိသာစုးလိုက် အစရှိသဖြင့် အပါအဝင် ဝေနေယ ဘလောခ် လောက စာရှူသူအပေါင်းတို့ ရုံးမှာ အလုပ်လုပ်ရင်း ခိုးကြည့် (အဲလေ အလုပ်မလုပ်ကြဘဲ ခိုးကြည့် အဲလေ အင်း ဘယ်လိုပြောရတော့မလဲမသိနော် လာလာပြောကြတယ် တီချမ်း ဘလောခ်ကို ဖတ်ချင်လှပါသော်လည်း ရုံးမှာ ဖွင့်ရတာ အမြင်မတော်တာကြောင့်ပါတဲ့ ကဲ ဘယ်သူက သူတို့ကို ရုံးမှာ ဘလောခ် ဖတ်ခိုင်းလဲနော် အလုပ်လာလုပ်ကြပါ့မယ် ဆိုပြီး ပိုက်ဆံယူထားကြတာ မဟုတ်ပါကလား အော် အသင်လောက လူတို့၏ ဖောက်လွဲဖောက်ပြန်သောအမှုများပင်တည်း ကဲကဲ ထားပါ) လို့ရတဲ့ ဟိရိသြတပ္ပ ဘန်နာမျိုးလေးကို ညတွင်းချင်းမှာ ဟပ်ချလောင်း ဆိုပြီးသကာလ ပြောင်းလဲသွားပါရော့လားအေတို့။ ကဲကဲ ဒီလိုထူးထွေဆန်း အံ့ရာသော် ပုံပြင်လေးကို မသိချင်ကြဘူးလားကွယ်တို့….နားထောင်နော်….
အဲ့လို ဘန်နာလေးကို ညတွင်းချင်း လှသွားအောင် လုပ်ပေးတဲ့သူက မင်းသမီးလေးရဲ့ မင်းသားလေးပေါ့ကွယ်။ ပုံပြင်လေးက ဒီလိုပါတဲ့ သားတို့ သမီးတို့ရယ်….
ဟိုးရှေးရှေးတုံးက လက်မလေးလောက်ပဲ ရှိတဲ့ ကျွန်းငယ်ငယ် တိုင်းပြည်လေး ပိစိလေး တပြည်ကို ရေမြေရပ်ခြားက မင်းသားတပါးဟာ စွန်းစားရှာဖွေ ကမ္ဘာမြေ အစီအစဉ်နဲ့ ရောက်လာတယ်တဲ့ကွယ့်။ အဲ့သည်မင်းသားလေးဟာဆိုလို့ရှိရင် လူစင်စစ် မဟုတ်ရှာပါဘူးတဲ့ကွယ်။ သို့ပါသော်လည်းသူဟာ လူတွေရဲ့ မူလဘုတ လို့ မဟာ မနုဿဗေဒကဝိ အင်သရိုပေါလော်ဂျစ် ဦးဦး ဒါဝင် ရဲ့ အလိုအရ ဆိုရင်တော့ သူဟာ လူတွေရဲ့ အော်ရီဂျင်နယ် ဖြစ်ပါချေသတဲ့။ ဒီလိုနဲ့ အဲ့ဒီ မင်းသားလေးဟာ မိထွေးတော် စိတ်ပုပ် ကေအိုအမ် နဲ့ မယားပါသမီးမိုက် စတက်ပ်ဒေါ်တာ ရီတာကို နဲ့ ဂန္ဓာမာသူသူ ညီအမရဲ့ နှိပ်စက်ကလူပြုမှုကြောင့် ဖခင်ဘုရင်ကြီး သေသွားတဲ့နောက်မှာ နေစရာ ဝတ်စရာ စားစရာမှ လူနဲ့သူနဲ့ တူအောင်မရှိရှာတော့တဲ့ မင်းသမီးလေး ခင်ဝတ်လစ် စစစစစစစစစစ (လို့ ဘိုဆန်ဆန် Khin Wittlizzzzzzzzzzz လို့ အမည်တွင်တဲ့) လုံးတီး မင်းသမီးလေးအပေါ် မေတ္တာသက်ဝင် ချစ်ခင်မိပါသတဲ့။
အဲ့တာနဲ့ မင်းသားလေးက နှမတော်လေး ဝတ်လစ်စ….မောင်တော်ကပဲ နှမတော်လေးအတွက် အရှက်လုံအောင် ဖုံးနိုင်ဖို့ရာ ဒွါယရာတွေ ဆင်ယင်ပေးပါရစေလို့ဆိုပြီးသကာလ ကမ္ဘာဦး ရဲ့ နာမည်ကြီးကျော် ဗဲရီး ဖေးမတ်စ် ဧဒင် ဂါးဒင်း (very famous eden garden) က မေပယ်လ်ရွက် (maple leaves)တွေ ခူးယူလာပါသတဲ့။ ပြီးတော့ မေပယ်လ် ရွက်တွေကို သီပြီး လစ်စ မင်းသမီးလေးအတွက် အီးဗနင်းဂေါင်းန် (evening gowns) တွေ ဘာညာတွေ ချုပ်လုပ်ပေးပါသတဲ့။ အဲ့တာတောင်မ အင်မတန် ချေး (ဂျီး) များလှတဲ့ မင်းသမီးလေး မယ်လုံးတီး ဟာဆိုလို့ရှိရင် ကိုကိုကဆင်မယ်ဆိုရင်တော့ ဝတ်ရမှာပါပဲ သို့ပေမယ့် နှမတော် ရဲ့ ဖေးဘရိတ် ကာလာများဖြစ်တဲ့ အက်စန့်လိုက်ဂရင်း (essent light green) အစိမ်းနု ကိုပြောတာပါ ကွန့်တာပေါ့နော်) လာဗင်းဒါး ပါးပယ် (lavender purple)ခရမ်းရောင် ခရမ်းရောင် နဲ့ အဲဗား စကိုင်း ဘလူး (ever sky blue) ကောင်းကင်ပြာနု စတဲ့အရောင်တွေ ရမှ ဝတ်မယ်လို့ သူ့ချစ်သူကို ဂျီတိုက်ပါသတဲ့။ (ဂျီးတိုက်တာ မဟုတ်ဘူးနော် ဝစ္စနှလုံးပေါက် မပါဘူး သေချာ ဘတ်) အဲ့တာနဲ့ မင်းသမီးလေးကိုချစ်တဲ့ မင်းသားလေးကလဲ ချုပ်ပေးရရှာတာပေါ့ကွယ်။ အဲ့လို ချုပ်တဲ့အခါမှာ မင်းသမီးက ခဏခဏ မကျေနပ်နိုင်သေးတဲ့အတွက် အရောင်ကို အမျိုးစုံပြောင်းပေးရရှာတာပေါ့ကွယ်။ အဲ့မှာ မင်းသားလေးက ဘာကိုတောင်စဉ်းစားမိသေးလဲဆိုရင် အန်ချင်စရာ မြည်သံစွဲ (ဝေါ့) ဒစ်စနေ (walt disney) က ထုတ်တဲ့ အိပ်နေသော မိန်းမလှလေး ကာတွန့်ကားထဲက နတ်သမီးလေးတွေရဲ့ မက်ဂျစ်ဝှန်း (Magic wand) မျှော်နှင်တံ ရရင်တောင်ကောင်းမှာပဲ လို့တောင်းတမိသတဲ့………………..
ဒီလိုနဲ့ အတိုချုံ့ရမယ်ဆိုရင် မင်းသားလေး ချုပ်ပေးတဲ့ အီးဗနင်းဂေါန်းတွေနဲ့ မင်းသမီးလေး မယ်လစ်စ ဟာဆိုလို့ရှိရင် လှချင်တိုင်းလှနေတဲ့အတွက် မင်းသားလေးက အက်ဝှန့်စ် (at once) မြင်းမြင်းချင်း နွားနွားချင်း အဲလေ ဆော်ရီး (sorry) လဗ် အက်ဖတ်စ် ဆိုက် (love at first sight) တွေဘာတွေနဲ့ ဖော်အင်လဗ် (fall in love) ဖြစ် နောက်တော့ ပရိုပိုစ့် ဝှတ်သည်ရင်း (propose with THE RING) ဒူးထောက်ကာ ဝယ်ယူမယ်ရီးမီ (will you marry me?) ပြီးသကာလ ဒေလစ်ဗ် ဟက်ပီးလီး အဲဗား အာဖတာ (they live happily ever after) ဖြစ်သွားကြပါသတဲ့ကွယ်။

ပုံပြင်ဆိုရင်တော့ အဲ့မှာ ပြီးရမှာပေါ့ကွယ် ဒါပေမယ့် တကယ့်တကယ် လူ့ဘဝမှာတော့ they live happily ever afer ဆိုတာ မရှိတဲ့အတွက် မင်းသမီးလေးဟာ ရှေးလူကြီး မိဘတွေ မဟုတ်တမ်းတရားလျောက်ပြော ရိုက်သွင်းခဲ့ကြတဲ့ မယားဝတ္တရား ၅ ပါးဆိုလား ဘာလား …..

  • လင်မစားခင်စားရမယ်
  • လင်မအိပ်ခင်အိပ်ရမယ်
  • လင်ကိုနွား သားကို ဝက်လို သဘောထားရမယ်
  • လင်နေစ ဆင်သေမှ
  • လင်ထပြီးမှ ထရမယ် စတဲ့စတဲ့ သင်ကြားပေးထားတာတွေနဲ့ ဆန့်ကျင်စွာ လင်ဆိုးမယား တဖားဖား ဖြစ်ရရှာသတဲ့။ အဲ့တော့ သူ့ခမျာ လင်ကို ပြုစု ဖို့အတွက် မီးဖိုးချောင်ဝင်ရတာပေါ့တဲ့ကွယ်

အရင် မိထွေးတော် အိမ်မှာနေတာကမှ သက်သာသေးတယ်လို့လဲ မင်းသမီးလေးခမျာ ချက်ရင်း ပြုတ်ရင်းတွေးမိနေပါသတဲ့။ သို့သော်လည်း ဘဝကို အရှူံးမပေးတဲ့ မင်းသမီးလေး ဖြစ်တာကြောင့် တဘက်တလမ်းကနေ နာမည်ကြီး အောင် သူကလဲ ချစ်သုဝေလို ကျောင်းတွေပြေး အဲလေ ကျားပေါက် လို နာမည်ကြီး ဆိုပြီး စီးရီးမထုတ်နိုင်သေးလေတော့ ဘလောခ် လို့ခေါ်တဲ့ အီလက်ထရောနစ် စာမျက်နှာတွေပေါ်ကနေ တဆင့် မမလုလု မီးဖိုချောင်လိုများ စာအုပ်ထုတ်ရမလား ဒါမှမဟုတ် နာမည်ကြီးလာရင် အယ်ဒီတာတွေကများ လိုက်လာမလား စတဲ့ မျှော်လင့်ချက်တွေနဲ့ ဘလောခ်ရေးဖို့ကြံစည်ပါသတဲ့။ အဲ့တာကနေ တဆင့် အခု စာရှူသူမြင်နေရတဲ့ စားကောင်းသောက်ဖွယ် ခဲဘွယ်ဘောဇင် တွေကို ချက်ရင်းပြုတ်ရင်း မြဝတီကလား မြန်မာ့အသံကလား သေချာမမှတ်မိတော့တဲ့ သိလ္လာစိုး လို ကဲကဲ ပထမ ဦးဆုံး အရင် ဆီ ကို ဒယ်အိုးလေးထဲ ထည့်ပါမယ်။ နောက်တော့ မီး ကို ဟောဒီလို ခလုတ်ကလေးဖွင့်ပြီး ဆီအိုးလေးကို ပူလာအောင်တည်ပါမယ် တွေဘာညာတွေ လုပ်တော့တာပေါ့တဲ့ကွယ်။ အံမယ် မင်းသမီးလေးက သူက သူ့ဘာသာ ချက်ရင်း ပြုတ်ရင်းနဲ့လဲ သူဟာ အရင် မြန်မာရွှေပြည် မြို့တော် ကုန်ကုန်မှာနေတုံးက ဘာမှမချက်တတ်မပြုတ်တတ်ခဲ့တဲ့ မချက်ရ မပြုတ်ရ ဘာအမွှေးမှမီးမလောင်နေခဲ့ရတဲ့ သူဟာဆိုလို့ရှိရင် ဟော အခု ဘန်ကောက်ကိုရောက် ကိုယ့်ထမင်းကိုရှာ ကိုယ်ဝမ်းကိုကျောင်း ကိုယ့်လှေကိုယ်လှော်နေရတဲ့အခါ အရေးကြုံလာတော့ လဲ ဒီလို ဖွယ်ဖွယ်ရာရာ ချက်ပြုတ်တတ်တာဟာ အန်ကယ် ဦးကျော်သိန်း သမီး မမဖြူဖြူ ရဲ့ စကားနဲ့ ငှားပြောရရင် ဘုရားသခင်ရဲ့ကျေးဇူးတော် အလိုအရ တော်နေလွန်းလို့လား။ ဒါမှမဟုတ် သူဟာ အရင်ဘဝက ရှေးဟောင်း နန်းတွင်း စားတော်ကဲ ချန်ဂင် နဲ့အမျိုးတော်တဲ့ ညီအမ တွေပဲ ဖြစ်ခဲ့လို့လား ချန်ဂင် ကိုယ်တိုင်းပဲများလား စသဖြင့်လဲ ဖြူဖြူ့ရဲ့ အတွေးကမ္ဘာ လို နွေနေ့လည် အိပ်မက် အတွေးကြွယ်နေပါသတဲ့ကွယ်။ ပြီးတော့ သူက ချက်ရင်းပြုတ်ရင်းနဲ့လဲ ရင်မှာခံစား သူမမြင်နိုင်တယ် ငါ့အရဲ့ အသည်းထဲက အတွင်းကြေ တွေဘာတွေအော်နေသတဲ့ အော်နေရင်းလဲ သူက အင်းသူ့ရဲ့ အသံကိုသာ ဆိုနီ ဓါတ်ပြားတိုက်က ကြားရင် သူ့ကို ဖြစ်နိုင်ချေရှိတယ် ဆိုပြီး ချက်ချင်း စာချုပ်ချုပ် အခွေထုတ် ဟော နောက်နှစ်လဲကျရော ကော်ဇောနီပေါ်မှာ လမ်းတွေ ကြွကြွရွရွလေး လျောက်ပြီး သကာလ this year grammy new artist award goes to………………..Miss………Khin Witlizzzzzzzဆိုပြီးကြေပြာတာကိုတောင်ကြားယောင်လာပါသတဲ့ အဲ့အချိန်မှာပဲကလစ်ကလစ် ဆိုတဲ့ မြည်သံတွေကို ကြားရတဲ့အခါ “သမီး ဖြူဖြူ ဘာတွေအတွေးလွန်နေတာလဲ” ဆိုတဲ့ဖေ့ဖေ့ အသံနဲ့အတူ…….ရှေ့မှာမွှေနေတဲ့ ဟင်းအိုးက တူးနံ့ထွက်လာပါသတဲ့ အဲ့တော့မှ “အိုသမီးအတွေးလွန်သွားလို့ပါ ဖေဖေ” လို့ ပြောလိုက်ရသတဲ့ကွယ်။ ကဲကဲ ပုံပြင်လေးလဲ နားထောင်ပြီးကြ ဖတ်ပြီးကြပြီဆိုရင် ဟင်းလေးကို မတူးအောင်သေချာချက်လိုက်ကြရအောင်နော်………….ကဲ အဲ့တော့ ခေါင်းစဉ်တတ်ထားတဲ့အတိုင်း ဘန်နာ လုပ်ပေးတဲ့ မင်းသားလေးအတွက် ချက်ကြွား အဲလေ ချက်ကျွေးတာ ဖြစ်ပါတယ်ကွယ်နော်။ပထမဆုံး ဆီအိုးကို အရင် ပူအောင်တည်ပါမယ် အဲလေ သိလ္လာစိုး အကျင့်တွေ မပျောက်သေးဘူး ခိခိ
ပထမဆုံး ဟင်းရံအဖြစ် မချက်စားတာအတော်ကြာပြီဖြစ်တဲ့ အရင်ဆုံး မှိုကန်စွန်းလေးကြော်ပါမယ် အရင်ပိုစ့်တွေမှာလဲရေးခဲ့ပြီးသားဖြစ်တဲ့အတွက် (ခက်လဲမခက်တဲ့အတွက်) ရမ်းသရူးပဲ ပြောသွားပါမယ်။ ရေစင်စင်ဆေးထားတဲ့ ကန်စွန်းရွက်တွေရယ် မှိုတွေကို ရေစစ်ထားပါမယ်။ စကားမစပ်ပြောရအုံးမယ် ဒီမှာက ကန်စွန်းရွက် ဝယ်ရတာတောင် နည်းနည်း ရှုပ်ချင်ပါသေးတယ် ဘယ်လိုရှုပ်လဲဟုတ်လား ကုန်တိုက်က ဒီပါမင်တယ် စတိုးတွေမှာဝယ်ရင်လေ (အထူးသဖြင့် တီဝယ်နေကျ စီယမ် ပါရာဂွန်မှာဆိုရင်ပေါ့) အသီးအရွက်တွေဟာ အော်ဂင်းနစ် နဲ့ အင်အော်ဂင်းနစ် ဆိုပြီး နှစ်မျိုးလာပါတယ် သဘာဝနဲ့ ဆေးထိုးနဲ့ ပေါ့လေ ဆယ်တန်း စာကျေတဲ့သူတွေသိပါမယ် ခိခိခိ ကြေငြာ…………သဘာဝကတော့ ပိုဈေးကြီးတာပေါ့ကွယ်နော် တီလဲစဉ်းစားမိပါတယ် သူတို့မှာပဲ ရှုပ်ရှုပ် နဲ့ ရှက်ရှက်လို့ တီ့တို့ ရွှေပြည်မှာဆိုရင် အကုန် အော်ဂင်းနစ်ချည်းပဲနော့် ထားပါတော့ အဲ့တော့ ခုန က ဟင်းဆက်ချက်ရရင် ………….

ရေဆေးထားတဲ့အရွက်တွေ ကို စစ်ထားပါမယ် ပြီးရင် ဆီပူထဲမှာ ငရုတ်သီး စိမ်း ဒါးပြားရိုက်လေးတွေ ထည့်ကြော်ပေးပါမယ် နောက် ကြက်သါန်ဖြူကိုလဲ ဒါးပြားရိုက် ထည့်လိုက်ပါ ဒါကတော့ တရုတ်ကြော်ပေါ့နော် ယိုးဒယားလိုကြော်ရင်တော့ သူတို့ရဲ့ အကြော်နှစ်လို ဟာမျိုးရယ် ငံပြာရည်တွေ ဘာညာတွေထည့်ပါတယ် အဲ့ဒီ အနံ့တွေကို တီလုံးဝမကြိုက်ပါဘူး အဲ့တော့တီက တီတို့ မျိုးရိုးစဉ်ဆက် ကြော်လာခဲ့တဲ့ ပြည်မ မူလ ကန်စွန်းပလိန်း မီးမြိုက်ပဲ အော် ပြောပါအုံးမယ် တီ အိမ်ငှားဖို့ လိုက်ကြည့်တော့လဲလေ တီသတိထားတာ တခုရှိပါတယ် အဲ့တာကတော့ ဂစ်မီးဖိုနဲ့ ဂစ်အိုးပါပဲ အဲ့တာ တီ့အတွက် အိမ်တအိမ်မှာ အဲကွန်းလိုပဲ အဆန်းရှယ်ဖြစ်ပါတယ် မရှိတဲ့အိမ်ဆို တီ မငှားပါဘူး။ များသောအားဖြင့် ကွန်ဒိုတွေက ဂစ် ပေးမချက်ပါဘူး သူတို့က ဟော့ပလိတ်ပဲ ပေးပါတယ် တီက မနေနိုင်ပါဘူး ချေတာမဟုတ်ပါ အရင် ကျိုင်းတုံအိမ်မှာကတည်းက ဂစ်ပဲသုံးတာပါ အဖွားကတော့ ထင်းပဲသုံးတယ် (စကားမစပ်ပြောရရင် ထင်းနဲ့ကြော်တဲ့ အသီးအရွက်တွေဟာ ပိုမွှေးပါတယ် ထင်းတူးနံ့လေးလိုလိုလေ) အဲ့တော့ တီက ခုနပြောသလိုပဲ ကြက်သွန်ဖြူ ငရုတ်သီး ဒါးပြားရိုက်ဆီပူနဲ့ မှို ကိုအရင် ပစ်ထည့်လိုက်ပါတယ် ပြီးတော့ ကန်စွန်း ထည့် နည်းနည်းကြော် အရောင်ပြောင်းတယ် ဆိုရုံပြောင်းသွားပြီးဆိုရင် အွိုင်စတာ ဆော့ထ် (ခရုဆီ) အနည်းငယ် ထည့် လိုက်ပြီးရင် အိုးကို မီးဖိုပေါ်က ချလို့ရပါပြီ။ ခရုဆီကိုမကြိုက်ရင် မထည့်ပဲ ဆား အချိုမှုန့် နဲ့လဲ အလုပ်ဖြစ်ပါတယ် အဓိကက မီးပူဖို့ပါပဲ။ မီးပူတဲ့ဆီနဲ့ ကြော်မှာ အရွက်တွေက လတ်ဆတ်ပြီး စားကောင်းပါတယ် မှတ်ထားနော်…ကဲ အောက်က ပုံကိုကြည့် စားချင်မလာဘူးလားလို့နော့…………

နောက်တမျိုးကတော့ တီမကြာခဏ လုပ်စားဖြစ်တဲ့ အအီပြေ ဝက်သားချဉ်သုပ်ပါ အင်မတန်လွယ်ကူမြန်ဆန် စားကောင်းအမှန်ပါပဲ ဆဲဗင်း အီလဲဗင်း ကဝယ်ထားတဲ့ ဝက်သားချဉ်လေးတွေကို ကိုယ်လိုချင်သလောက်အနေတော် ပါးပါးလှီး နောက် ကြက်သွန်နီ ကြီးရင် တဥ သေးရင် နှစ်ဥ ပါးပါးလှီး ကြိုက်တတ်ရင်ကြက်သွန်ဖြူ ပါးပါးလှီး နံနံပင် ပါးပါးလှီး ငရုတ်သီး စိမ်း သေးသေးပါးပါးလေးတွေလှီး တီကတော့ ပျောက်သွားတော့မလောက်လှီးပြစ်တယ် ကြောက်လို့ ဟိဟိ စားလဲစားချင်သေးတယ် အဖတ် အကြီးကြီးတွေ ဆိုရင် မစားရဲဘူး ပြီးရင်တော့ ဆား အချိုမှုန့် သင့်ရုံထည့် သံပရာသီး ညှစ်ထည့်ပြီးတာနဲ့ နယ်လိုက်ရုံပဲ ကောင်းမှကောင်း အဲ့တာတီက တီတို့ ကျိုင်းတုံဘက်ကလို ရှမ်းဆန်ဆန် တရုတ်ဆန်ဆန် သုပ်တာပါ မြန်မာလို ပဲဆီနဲ့ ကြက်သွန်နီနဲ့ သုပ်ရင်လဲ ငါးဖယ်ချဉ်လိုပဲ ကောင်းမှာပါ နောက်နေ့ကျ စမ်းလုပ်စားကြည့်မယ်…

ဒါက နောက်ဟင်းရံတမျိုးဖြစ်တဲ့ ဂေါ်ဖီကြော်ပါ တီက အမေနဲ့နေတုံးကဆိုရင်တော့ အမေက ဂေါ်ဖီထုပ်ကို တရုတ်ကြော်ကြော်ပါတယ် ဘယ်လိုကြော်လဲ ဟုတ်လား နောက်တခါကျတော့ ပြောပြမယ်နော်…ခုတော့ တီက ဟိုးအရင် ငယ်ငယ် မွေးစားမိသားစုနဲ့နေတုံးက မြန်မာကြော်ပေါ့ အဲ့လို ပါးပါးလေးတွေလှီးပြီး နနွင်းမှုန့် နည်းနည်းနဲ့ ကြော်တာ စားချင်လို့ မောင့်ကိုပဲကြော်ခိုင်းလိုက်တယ် အဲ့တာကတော့ ဂေါ်ဖီ ကို ပါးပါးလှီး ဆီကိုအရင်ပူအောင်တည် ပြီးတော့ နနွင်းမှုန့်နည်းနည်းနဲ့ ဆီသတ်တယ် ပြီးတော့ မွှေပါတယ် နည်းနည်းလေး နွမ်းသွားပြီဆိုရင် အချိုမှုန့် နဲ့ဆား နည်းနည်းစီထည့် ပြီးရင် ခဏ ထပ်မွှေပြီးရင် ချလို့ရပါပြီ (မှတ်ချက်=အိုးကို မီးပူပေါ်မှာ အကြာကြီးမထားပါနဲ့ ပြီးတော့ အဖုံးမဖုံးပါနဲ့ အဲ့တာဆို ဂေါ်ဖီတွေအရမ်းနွမ်းသွားမှာ စိုးရပါတယ် အဲ့တာဆိုရင် စားမကောင်းတော့ဘူးပေါ့ ဒါကလဲ လူတကိုယ် အကြိုက်တမျိုးပါ တီကတော့ နွမ်းနွမ်းလေး ပိုကြိုက်တယ်)
ဒါကတော့ မိန်းဒစ်ရှိ ချက်မယ့် ပုစွန်ပါပဲ မနက်စောစောက ဈေးထဲမှာ ပုစွန်ကြားလို့ခေါ်တယ် ထင်တယ် တွေ့တာနဲ့ ၁ ကီလို ဝယ်လာပါတယ် အခွံခွာ ခေါင်းဖြုတ် တခါတည်း လုပ်ပေးပါတယ် အော် ၁ ကီလိုဆိုတာ ၁ ပိဿာထက်နည်းနည်းလျော့ပါတယ် ၁ ပိဿာ ကို ၁.၆ ကီလိုရှိပါတယ် ဒါက စကားချပ်နော်…ဒီနေ့ မြန်မာစာ ကို အရင်မွေးစားမိဘတွေနဲ့နေခဲ့ရတုန်းကလိုပဲ စားချင်နေတယ် အမှန်က ပုစါန်ကို အကောင်နည်းနည်းသေးတာ လိုချင်တာ ဒီမှာ မရှိလို့ ငရုတ်သီးနဲ့ အိုးကပ် စပ်စပ်လေး ချက်စားချင်တာလေ ဖြစ်နိုင်ရင်တော့ မြန်မာပြည်မှာလို ကင်မွန်းချဉ်ရည်ဟင်းလေးပါပါချင်သေးတာပေါ့ ဒီမှာက အဲ့လို အရွက်တွေမရဘူး ပြောရင်နဲ့ ဒန့်ဒလွန်ရွက် ဟင်းခါးလေးလဲသောက်ချင်လာပြီ………………..
အီးဟီးဟီး မြန်မာပြည်ပြန်မယ် အီးဟီး…………..အိမ်ပြန်မယ်………………ခုပို့ပေး ခုပို့ပေး….အီးဟီး….
ငိုလို့ပြီးတော့ မျက်ရည်တွေသုတ်ပြီး ဟင်းပြန်ချက်ပါမယ်
ဒါက ချက်မယ့် ပုစွန် ၁ ကီလိုလုံးကို ဆားအချိုမှုန့် နနွင်း နည်းနည်းနဲ့အရင်နယ်ဖတ်ပြီးနှပ်ထားပါတယ် မိနစ် ၃၀ လောက်ဆို အိုကေပါတယ် အမှန်ကတော့ နယ်ပြီးတာနဲ့တန်းချက်ရင်လဲရပါတယ် တီကတော့ ရှည်တာပေါ့
ဒါကတော့ ကြက်သွန်နီနဲ့ အဖြူကို ဆီသတ်တာပါ ပြီးရင် ဟင်းချက် ငရုတ်သီးမှုန့်ကို များများလေးထည့်ပါမယ်
အိုးကပ် အစပ်လေနော် အဲ့တော့ ငရုတ်သီးမှုန့်ကို များများသာ ကစ်လိုက်ပါ ကပ်စေးမနဲပါနဲ့ ကိုယ့်ဗိုက်ထဲရောက်မယ့်ဟာပဲလေ လုပ်ပါ လုပ်ပါ ထည့်သာထည့်ပါ ခပ်များများပေါ့ပြီးရင်အရေးကြီးတာ ခြောက်သွားအောင်ဆီသတ်ပေးပါမယ် ငရုတ်သီး အနံ့မွှေးလာတဲ့အထိပေါ့ နည်းနည်းလေး တူးလာသယောင် အထိပေါ့ (တူးလာသယောင်နော် တူးလာတဲ့အထိမဟုတ်ဘူး)

ပြီးရင်တော့ နောက်ဆင့် ပုစွန်တွေထည့်ပါမယ် ပြီးရင်လဲနောက် တခါ ပုစွန်က ရေထွက်မှာဖြစ်တဲ့အတွက် ခြောက်ခြောက်ကလေး ဖြစ်တဲ့အထိ ကြော်ပေးပါမယ် တော်တော်ကိုခြောက်တာနော် ခြောက်ချင်းတွေထပ်ပြီး ခြောက်နေတာပဲ ပုစွန်တွေတော်တော်ခြောက်ပြီး ဆီပျံလာပြီဆိုမှ ရေနည်းနည်းထည့်ပြီး မဖုံးဘဲမွှေပေးပါမယ် ရေခန်းတဲ့အထိ အဲ့လို ဆက်တိုက်မွှေပေးနေပါ။ လိုအပ်ရင် အရသာ မြည်းပြီး ပေါ့ငံ ကြိုက်သလို ငံပြာရည်လေးလဲ နည်းနည်း ထည့်လို့ရပါတယ် တီကတော့ ငံပြာရည် အနံ့ကို တခါတခါ အာရုံမလာတာနဲ့ ဆားပိုသုံများပါတယ်။ ပြီးရင်တော့ ရေခန်းတဲ့အထိ မွှေရင်း အိုးတော်တော်လေးကပ်သွားပြီဆိုရင် ချလို့ရပါပြီ။
ပုံတွေမှာကြည့်ပါ မကပ်တတ်တဲ့အိုးနဲ့ချက်ရင် အိုးဆေးရတာ ပိုသက်သာပါတယ် ဟိဟိ တီကတော့ အပျင်းကြီးပဲနော်…….

ကဲအခုဆိုရင် အင်မတန် ကြည့်ရတာနဲ့တင် စားချင်စရာကောင်းပြီး သွားရည် တမြားမြား ကျစေတဲ့ ပုစွန် အစပ်အိုးကလေးကပ်ပါ ခုနက ဟင်းရံတွေနဲ့ တွဲဘက် အုပ်လိုက်လို့ကတော့ အနည်းဆုံး နှစ်ကီလို လောက်တော့ တက်လာမှာအသေအချာပါပဲ………..ပိန်ချင်သော သူများ တီချမ်းကိုဝေးဝေးရှောင်ပါ ပေါ့လေ

အောက်ကဟာတွေကတော့ ထမင်းစားပြီးလွေးစရာ အသီးအနှံများပါကွယ် သင်္ဘောသီး မှည့် နဲ့ မက်မန်းသီး မှည့်ပါ

မာလကာသီးနဲ့ ကျွဲကော်သီး ပါ ဘန်ကောက်မှာ တခုကောင်းတာ အသီးအနှံအကုန်က ဆယ်နှလရာသီ ရပါတယ် အော်ဂင်းနစ် တော့မဟုတ်ဘူးပေါ့လေနော် ကွာသလားဆိုတော့ စားတော့စားရတာကောင်းပါတယ် သို့သော်လဲတီတို့ ရွှေပြည်မြန်မာလို အသီးတွေက မမွှေးပါ တီဆိုရင် ကိုယ့်နိုင်ငံကဆိုရင် ဓညင်းသီးလေးက အစမွှေးတာပါ မုန့်တီဖတ်လေးကအစ ချစ်တာပါ အခါတသောင်းလဲ မြန်မာပြည်မှာပဲ လူဖြစ်ချင်ပါတယ် အဲ့တော့ ပြန်မယ်ကွယ် (ဘယ်သူ့ကိုမှမရွဲ့ဘူးနော်)

နောက်ဆုံးကတော့ မင်းသားလေး အရမ်းကြိုက်တဲ့ သရက်သီးပါပဲကွယ် အချဉ်ကော အချို အမှည့်ကော နှစ်မျိုးစလုံး ရှာလာခဲ့တယ်နော် စိတ်ကြိုက်စားရအောင်…………

ဒါတွေကတော့ မာလကာသီးနဲ့တို့စားစရာ ဆားမှုန့် (အမှန်က ဆားမှုန့်လို့သာခေါ်တာ ဆားမပါပါဘူး သကြားရယ် မက်မုံသီးစေ့ရယ်နဲ့ လုပ်ထားတာပါ ယိုးဒယား မှာပဲရှိမယ် ထင်ပါတယ် တီတို့ဆီက နွယ်ချိုမှုန့်လောက်တော့မကောင်းတာအမှန်ပဲ သူလဲအရသာတမျိုးပေါ့ ရှမ်းပြည်ဘက်မှာလဲရပါတယ် တီတို့ရှမ်းရှေ့ပေါ့) နွယ်ချိုမှုန့်အကြောင်းပြောရင်းနဲ့ မြန်မာပြည်ကို ပြန်သတိရလာပြန်ပြီ ငိုအုံးမယ် ခဏ……………………
အီးဟီးဟီး မြန်မာပြည်ပြန်မယ် အီးဟီး…………..အိမ်ပြန်မယ်………………ခုပို့ပေး ခုပို့ပေး….အီးဟီး….
…………..အင့် အဟင့် အဟင့် ရွှတ် ဘတ် (နှပ်ချေးနဲ့ လှမ်းပစ်သံ)
နောက်တမျိုးကတော့ သရက်သီး စိမ်းနဲ့စားဖို့ ငပိချက်ပါ နောက် ကြုံတော့ လုပ်နည်းပြောပါမယ် ခုတော့ လက်အရမ်းညောင်းနေပြီနော် နားတော့မယ် ပျော်ရွှင်ကြပါစေ

A Chen
7th May 2010
8:06 am
Home Bangkok