စကားကြားက စကားများကို နားလည်ခြင်း

စကားကြားက စကားများကို နားလည်ခြင်း
လူတယောက် လောကကြီးမှာ အနှစ်
၂၀ အစိတ်လောက် အသက်ရှင်လာပြီးပြီဆိုရင် လူအချင်းချင်း စကားပြောကြတဲ့ အခါမှာ စကားကြားက
စကားတွေက နားလည်ဖို့လိုပါတယ်။ အသက်အရွယ် ရလာပြီဆိုရင် လူ့ဘောင်လောက ပတ်ဝန်းကျင်မှာ
ရှင်သန် လည်ပတ်ရတဲ့အခါ သိပ်ပြီး ကလေးဆန်လို့ ရိုးသားလို့တုံးအ လို့မရတော့ဘူးလေနော်။
“ဘာကြောတာလဲဟင် မီးမသိလို့ညော်” ဆိုပြီး နားမလည်ချင်ယောင်ပြီး အရူးကွက်နင်းလို့လဲ
မရတော့ဘူး။ အဲ့တာမှသာ တခါတခါ ပါလာတတ်တဲ့ စကားကြားက ဓါးတွေကိုလဲ မြင်နိုင် ရှောင်နိုင်မယ်လေနော်။
တနေ့ နည တင်ထားတဲ့ ဖဘ စတေးတပ်စ်
တခုကို မြင်ပြီးတော့ အတွေးလေးတွေ ဝေမိတာပါ။ ဒါမျိုးလေးတွေကို သတိထားနေမိတာတော့ကြာပြီ။
ပိုစ့်အနေနဲ့ ရေးဖြစ်ဖို့ အကြောင်းက မဖန်လာသေးတာ။ ကိုယ်တို့တွေလဲ နေ့တဓူဝ ပြောပြောဆိုဆို
ပြောနေမိကြတာမျိုးတွေပါ။
ဥပမာ ဆိုပါတော့….
သူငယ်ချင်းတယောက်မေးတယ်…“နင်ငါ့ကို
ကူမယ် မဟုတ်လားဟင်?”
နောက်တယောက်က……“ဘယ်လိုကိစ္စမျိုးလဲ”
အဲ့တာ သူက ကိုယ့်အကူအညီတောင်းဆိုချက်ကို
ဘယ်လိုငြင်းရမလဲလို့ စဉ်းစားဖို့ ၊ အကြောင်းပြချက်ရှာဖို့ စကားလမ်းကြောင်းနေတာပါ။
ဘာလို့လဲဆိုတော့ နောက်ထပ် သူဆက်ပြောလာမယ့် တခွန်းက “အဲ…..အဲ့ဒီကိစ္စ ဆိုရင်တော့ ငါမကူနိုင်ဘူးထင်တယ်ဟ”
ဆိုတာမျိုးပါ။
တချို့ကတော့ ပြောတတ်ပါတယ်…..“နင့်ကိစ္စ
ဆိုတာ ငါ့ကိစ္စပဲပေါ့ဟာ” ဆိုတာမျိုးလေ ကြုံဘူးကြလား?။ အဲ့လိုပြောတိုင်းလဲ တကယ့်တကယ်
အရေးကြုံလာရင် ကူလိမ့်မယ် မထင်ပါနဲ့။ ဘာကိစ္စမှန်းတောင်မသိသေးဘဲနဲ့ ကူညီမယ်ပြောနေတဲ့
သူမျိုးဟာ စကားတခုကို လွယ်လွယ်ပေါ့ပေါ့ ပြောတတ်တဲ့သူမျိုး ဖြစ်ဖို့ ပြောဖူးတဲ့ စကားတခုကို
အလွယ်တကူဖျက်လိုက်ဖို့ မတည်ဖို့ လူမျိုးဖြစ်ဖို့ % က ပိုများပါတယ်။
အရေးကြီးတဲ့ ကိစ္စတွေမှာ တတ်နိုင်ရင်
သူများအကူအညီ မတောင်းပါနဲ့လေ။ ခင်မှုမှုဆိုတာ တကယ်တော့ အစမ်း (အဆန်းသတ်) သတ်ခံနိုင်တာမျိုးမဟုတ်ပါဘူး။
ဒါနဲ့ပတ်သက်လို့ ဂျူး က ဝတ္တု တိုတပုဒ်ရေးဖူးတယ်ထင်ပါတယ်…..အဝါရောင်ရထားလို့ မှတ်မိနေတာ
တကယ်တော့ အဝါရောင်ရထားမဟုတ်ဘူး။ မိန်းမနှစ်ယောက်လား ဘာလား မသိ နာမည်တော့ မေ့နေပြီ……သူငယ်ချင်းနှစ်ယောက်
တယောက်က စာလှမ်းရေးပြီး ပိုက်ဆံချေးတာ အဲ့တာ သူ့တကယ့်အဖြစ်အပျက်ကိုရေးတာထင်တယ်။ သူက
ဂျီပီ ထိုင်ပြီး ဘဝကို ရုန်းကန်နေရချိန်လေ။ တဘက်က ပိုက်ဆံ ၅၀၀ လားမသိ လှမ်းချေးတာ
အမှန်ကတော့ သူ့သူငယ်ချင်းက သူ့ယောက်ျား နဲ့အလောင်းအစားလုပ်ပြီး ချေးတာလေ….ကျီစားပြက်ရယ်
လား မဟုတ်သေးပါဘူး။ ထားလိုက်တော့ မမှတ်မိတော့ဘူး။
(ဂျူး ပရိသတ် စစ်စစ်တွေကတော့
သိကြမယ်)
ချစ်သူက “ဒီလိုဆုံးဖြတ်ရတာ
နှစ်ယောက်စလုံးအတွက်ပါ” လို့ပြောရင် သေချာတယ် အဲ့တာ သူ့အတွက် ကောင်းဖို့ ဒီလိုဆုံးဖြတ်တာပါလို့ပြောတာပဲ။
အင်္ဂလိပ် ရုပ်ရှင်တွေမှာ
တွေ့ဖူးကြတယ်မှလား လူငယ်ကားတွေမှာလေ…….“It is not you, it’s me” ဆိုတာ။ အဲ့လိုပြောရင်
ကောင်လေးက ပြောတာပဲ ဖြစ်ဖြစ် ကောင်မလေးကပြောတာပဲ ဖြစ်ဖြစ် အဲ့တာ ဖြတ်စကားပဲ။ နင်နဲ့
ငါ ပြတ်လိုက်ကြစို့ လို့ အဓိပ္ဗါယ်ရပါတယ်
ကောင်လေးက ကောင်မလေးကို
“နင်ငါ့ကို မချစ်ဘူးဆိုပေမယ့်လဲ ငါကတော့ နင့်ကို တသက်လုံး စောင့်ရှောက်နေမှာပါဟာ”
ဆိုရင် အဓိပ္ဗါယ်က မကြာဘူး ဒီကောင် နောက် တယောက်ပြောင်းကြိုက်ပြီ။ နင်မချစ်ရင်လဲ နေခဲ့လိုက်တော့
ငါကတော့ ဒိုးပြီ ဆိုတဲ့ အဓိပ္ဗါယ်ပဲ။
မိန်းမက “ဒီအကျီ င်္က ဈေးအရမ်းကြီးတယ်။
အဲ့လောက် ဈေးကြီးတာကြီး ကို ဝယ်မပေးပါနဲ့ကွယ်” လို့ပြောရင် အဓိပ္ဗါယ်က အဲ့အကျီ င်္လေးကို
ကျမ ကြိုက်လိုက်တာ ဝယ်ပေးရင်တော့ သိပ်ကျေးဇူးတင်မှာပဲ လို့ ပြောချင်တာ။
ရည်းစားဟောင်းက….“အချိန်တွေ
နှစ်တွေလဲ ဒီလောက်ကြာခဲ့ပြီ၊ အရာရာ ပြောင်းလဲသွားခဲ့ပြီလေ” လို့ ပြောရင် ဆိုလိုချင်တာက
နင့် နဲ့လွဲသွားတာ တော်သေးတာပေါ့။ အခု ငါ့ဘဝ အရာရာ နင့်ထက်သာနေပြီလေ လို့ပြောချင်တာပါ။
ယောက်ျားက ထမင်းစားနေတုံးဖြစ်ဖြစ်
မိန်းမနဲ့ တူတူ ရှိနေတုံးမှာ ဖုန်းဆက်လာလို့ ခဏတဖြုတ် တိုးတိုးလေးပြောပြီး ချလိုက်ပြီးရင်
“ဖုန်းမှာတာပါကွာ” လို့ပြောရင် သေချာတယ်  အဲ့တာ သူ့ကို ရှာတဲ့ ကိုယ့်ကိုမသိစေချင်တဲ့ဖုန်းပဲ။
မိန်းမက “ဒီအကျီ င်္လေးက ဈေးလျော့နေတာလေ
၁ သောင်းခွဲ ပဲ ပေးရတယ်” လို့ပြောရင် အဲ့ဒီ အကျီ င်္က အနည်းဆုံး ၄ သောင်းခွဲ တန်တာ
သေချာပြီ။
တချို့လူတွေက ပြောတတ်တယ်……“သူ့ကိုမကြိုက်လို့
မဟုတ်ပါဘူး စည်းကမ်း အရ လုပ်ရတာပါ” လို့ အမှန်တော့ သူ့ကို မကြိုက်လို့ ကို စည်းကမ်း
နာမည် ခံပြီး လုပ်တာ ပညာပေးတာပါ။
ကဲ အဲ့တော့ ဘဝမှာ ဒီလောက်နှစ်တွေ
အထိ အသက်ရှင်လာပြီးပြီးဆိုရင် သူများတွေ ပြောတဲ့ စကားတွေ ကြားက စကားတွေ ကို သေသေချာချာ
နားထောင် အာရုံစိုက် နားလည်သဘောပေါက်ပြီး ပတ်ဝန်းကျင်မှာ အောင်မြင် ဝင်ဆံ့တဲ့ သူတွေဖြစ်ကြပါစေနော်။
သူများ အလွယ်တကူ ပညာပြခံအနှိမ် ခံရတာမျိုးကလဲ လွဲကြပါစေကွယ်။
T CHEN
7:34 PM |
18th Jan
2014 | Saturday
The D’s Place Office

Yangon | MYANMAR  

(၃၄) ရက် ကြာသော အခါ…….


(၃၄) ရက် ကြာသော အခါ…….
ယောက်ျားတယောက်နဲ့မိန်းမတယောက် လစ်ဗင်းတူဂဲသားနေလာကြာတာ (၁၀) နှစ် လောက်ကျော်လာပြီးတဲ့နောက်မှာ
လက်ထပ်လိုက်ကြတယ်။ လက်ထပ်ပြီး (၃၄) ရက်လဲ ကြာရော မိန်းမဘက်က ကွာရှင်းခွင့်တောင်းတယ်။
အချစ်သစ်တွေ့နေပြီတဲ့လေ။
ယောက်ျားက ရင်နာနာ နဲ့ရင်ဖွင့်လာတယ်။ ကျတော်တို့ လက်ထပ်ထားတာ (၃၄) ရက်ပဲ
ရှိပါသေးတယ်။ (၃၄) ရက်ထဲနဲ့ သူ့ဘက်က စိတ်ပြောင်းသွားပြီလားဗျာတဲ့လေ။
တကယ်လို့သာ သူ့ဘက် က ကိုယ့်ကို မချစ်တော့ဘူးဆိုရင် (၃၄) ရက်ပဲဖြစ်ဖြစ်
(၃၄) နှစ်ပဲ ဖြစ်ဖြစ် ဘာများထူးဦးမှာမို့လို့လဲ။ တကယ်လို့အိမ်ထောင်သက် (၃၄) နှစ်ကြာလာမှ
သူက ကိုယ့်ကို မချစ်တော့ပါဘူးဆိုရင် ပိုပြီးတော့ ရင်နာစရာမကောင်းပေဘူးလားနော်?။
“ဟင့်အင်း” ယောက်ျားက ငြင်းပါတယ်။ “တကယ့်လို့ (၃၄) နှစ် လောက်သာ သူ့ကို
ချစ်ခဲ့ရမယ်ဆိုရင် အခုထက်တော့ ခံသာပါသေးတယ်”။
အမှန်တရားကို လက်မခံနိုင်တာ၊ လက်ခံနိုင်စွမ်းမရှိတာ အဖြစ်အပျက်က ရုတ်တရက်
ဆန်လွန်းလို့သာပါ။ အချိန် အတို အရှည်နဲ့ မဆိုင်ပါဘူး။
တကယ်လို့သာ (၃၄) နှစ် ကြာပေါင်းလာတဲ့ လူနှစ်ယောက် ရဲ့အိမ်ထောင်ရေး တခု
ပြိုကွဲ သွားမယ်ဆိုရင် ဘေးပတ်ဝန်းကျင်က လူတွေက နှမြောကြမှာပဲ။ စုတ်သပ်ကြမှာပဲ။ ပြီးတော့လဲလူ့ဘဝဆိုတာ
ဒီလိုပါပဲလေ၊ ဒါမျိုးတွေလဲ ဖြစ်တတ်ပါတယ် ဆိုပြီး လက်ခံ လိုက်ကြမှာပဲ။ အဲ့လိုပဲ
(၃၄) ရက်ကြာ ပဲ ခံတဲ့ အိမ်ထောင်ရေးတခုကိုလဲ စုတ်သပ်ပြီးတော့ စောစော စီးစီး မချစ်နိုင်တော့တာ
သိလို့လမ်းခွဲလိုက်တာ ကောင်းပါတယ်။ ကလေးတွေ ဘာတွေ မရှိတော့ သိပ်မခက်ခဲဘူးပေါ့ ဘာညာ
ပြောပြီးတော့ လူ့ဘဝမှာ ဒါမျိုးတွေလဲ ဖြစ်တတ်ပါတယ်လေ ဆိုပြီး ပြီးသွားမှာပါပဲ။ ခံစားရတဲ့
သူ၊ ချစ်ရတဲ့ သူအဖို့တော့ ကောင်းကင်ကြီး ပြိုကျသလိုပေါ့လေ။ ဒါပေမယ့် ဒါသည်လဲလူ့ဘဝပဲ
မဟုတ်လား။
အချိန် ကြာတယ် တိုတယ် မြန်တယ် စောတယ် ဆိုတာ တကယ်တော့ ဘာမှ အဓိပ္ဗါယ်သိပ်မရှိလှပါဘူးလေ။
ချစ်တယ် မချစ်နိုင်တော့ဘူးဆိုတာကသာ အဓိက အခရာပါ။
ကိုယ်ကတော့ အဲ့ဒီယောက်ျားကို တခုပဲ ပြောပြချင်မိတယ်။ (၃၄) ရက်ပဲ ခံတယ်ဆိုတဲ့
အဲ့ဒီ အိမ်ထောင်ရေးတခုမှာ တကယ့် ပြဿနာဟာ အဲ့ဒီ (၃၄) ရက်ထဲမှာသာ ရှိတာ၊ အဲ့ဒီ (၃၄)
ရက်ထဲနဲ့ဖြစ်တာ မဟုတ်ပါဘူး။ တကယ့် ပြဿနာ အရင်းအမြစ် က အဲ့ဒီ လက်ထပ်ပြီးတဲ့ (၃၄) ရက်
မတိုင်မီ လစ်ဗင်းတူဂဲသား အတူတူနေလာခဲ့ကြတဲ့ (၁၀) နှစ် ထဲမှာ ရှိနေတာပါ။
ကိုယ့်ကိုကိုယ်လဲ မညာနေပါနဲ့လေ။ အဲ့ဒီ အတူတူနေခဲ့တဲ့ (၁၀) နှစ်တာ ကာလကလဲ
ပန်းခင်းသောလမ်းတော့ မဟုတ်ပါဘူး။ ဒီလိုပဲ ဘဝရဲ့ခလုတ်ကန်သင်းတွေ ရှိခဲ့မှာပါပဲ။ ယောက်ျားလေးဘက်က
တခါတလေ ဘာမှမဟုတ်ပါဘူး လို့ သိပ်မခံစားခဲ့တဲ့ မခံစားတတ်တဲ့ လက်မခံတဲ့ အဖြစ်အပျက်တွေဟာ
မိန်းမတွေအတွက်တော့ ထိထိရှရှခံစားရတတ်ပါတယ်။ တခါတခါ မိန်းမတွေဘက်က တွဲလာတာလဲ ကြာလှပြီ။
ပတ်ဝန်းကျင်အမြင်တွေကလဲ ရှိသေးတယ်၊ ဒီလိုနဲ့ ဇာတ်မြောကြီးကို ယူလိုက်ကြရင်များ အသစ်စနိုင်လေရဲ့ဆိုတဲ့
စိတ်ကူးနဲ့ လက်ထပ်ဖြစ်လိုက်တာမျိုးလဲ ရှိနိုင်တယ်။ လက်ထပ်လိုက်ရင်များ ဘဝ အသစ်တခု
စလို့ ဖြစ်နိုင်မလားဆိုပြီးတော့ပေါ့။
ဒါပေမယ့် အိမ်ထောင်ပြုတယ်ဆိုတာ ဘယ်တုံးကမှ အက်ကြောင်းထနေတဲ့ ဒါဏ်ရာနဲ့
အချစ်ရေးတခုကို တကူကယ်နိုင်ပါဘူးလေ။ အက်ကြောင်းထနေတဲ့ အချစ်တခုဟာ အက်ကြောင်းထနေတဲ့
အိမ်ထောင်ရေး တခုကိုပဲ အစပြုစေမှာပါ။
A Chen
3:08 AM |
Thursday | January 2014  

Auruem Palace Hotel | Nay Pyi Taw | MYANMAR

ဃျူး – စုံဏေယက် ဏဲ့ ဠွုမ်းလေချင်း

  
ဃျူး – စုံဏေယက် ဏဲ့ ဠွုမ်းလေချင်း 



ဂျူး ကို ဘယ်က စကြိုက်လဲဆိုတော့ ချစ်သူရေးတဲ့ ကျမ ရဲ့ ညတွေကနေစကြိုက်တာ ဝတ္တုက ဘိုဆန်တယ်လေ အဲ့တော့ ဘိုဆန်တဲ့ ကိုယ်က ကြိုက်တာပေါ့ 


နောက်တော့ အမှတ်တရ ကနေ မြစ်တို့ မိန်းမ ပင်လယ် မိုး ကြေမွ သစ်ပင် စတာတွေ ဆက်တိုက်ဘတ်ဖြစ်တယ် 

အဲ နောက်ပိုင်း လရဲ့အောက်ဘက်ကနေ စလို့ သိပ်မကြိုက်တော့ဘူးလို့ပြောရမယ် သို့သော် ပုဂ္ဂိုလ် စွဲကြီးသူမို့ ဘတ်တော့ ဘတ်ဖြစ်နေတယ် အရင်လိုလက်ရာလးများ တဖန်ပြည်လည် ခံစားရဦးလေမလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ

သို့သော် နောက်ပိုင်း တိမ်နဲ့ချည်တဲ့ကြိုး ကြယ်စင်တံတား ပိုချစ်တဲ့သူ ဆုံနေလျက် ကိုယ်မင်းကို ချစ်သူလား စတာတွေကတော့ တူတူချည်းပဲ ထင်တယ် ဂျူး ဟာ အရေးအသားပိုင်းမှာ ကောင်းတာ လက်ခံတယ် သို့သော် ဇာတ်အိမ်တည်ဆောက်ပုံမှာ အားနည်းတယ်လို့ဆိုချင်တယ်

(ဒီနေရာမှာ ခခထ ကို ယှဉ်ပြောချင်တာတော့ မဟုတ် သို့သော် သူက ရေးအားလည်းကောင်းတယ် ဇာတ်အိမ်လဲခိုင်တယ်) သို့သော် မတူတာနှစ်ခု ကိုယှဉ်ပြောလို့တော့မရပေဘူး Bobby Soxxer နဲ့ စိုးစန္̔ဒာထွန်း ကိုယှဉ်သလိုဖြစ်နေတယ် အရသာချင်းက ဘာမှမဆိုင် နှစ်ယောက်စလုံး သူ့လိုင်းနဲ့သူကောင်းနေတယ် သို့သော် ယှဉ်ပြောလို့ ရကောင်းသော အရာများ မဟုတ်

ပြောချင်တာ ခခထ က ဇာတ်အိမ်တည်ဆောက်တာ ခိုင်တယ် သိုင်းသိုင်းဝန်းဝန်း ရှိတယ် ဇာတ်ရုပ်တွေလဲ ကောင်းတယ် ရေးအား ကောင်းမကောင်းကတော့ စာအုပ်အထူကိုသာကြည့်ပေတော့

ဂျူးကတော့ အပေါ်ကပြောထားတဲ့ နောက်ပိုင်း အုပ်တွေမှာ ဇာတ်လမ်းတွေဆင်နေတာပဲ

ဥပမာ

မိန်းမက ပညာတတ် အကြောင်းမဲ့ မာန ကြီး ဆုံးဖြတ်ချက်ချတာ ညံ့ သို့သော် သေလောက်အောင်ချစ်

ယောက်ျားကျတော့လဲ အမြဲ ကျွတ်ဆတ်ဆတ် ဇာတ်ကောင် မိန်းမ ထက် အမြဲ ညံ့
နောက်တခုက အခုနောက်ပိုင်းရေးတဲ့ ဇာတ်ကောင်တွေ မြဝန်းထရံတို့ အင်ကြင်းဝေတို့ နာမည်တွေသာ ပြောင်းသွားတယ် ကိုယ်တော့ မျက်စိထဲ နှင်း ကိုပဲ ပြေးပြေးမြင်နေတယ် ပြောချင်တာ တူတဲ့အချက်တွေရှိတယ် (မိန်းမက ပညာတတ် အကြောင်းမဲ့ မာန ကြီး ဆုံးဖြတ်ချက်ချတာ ညံ့ သို့သော် သေလောက်အောင်ချစ် ) စတာတွေ

ဖြိုးလို ကို မိန်းမ အနေနဲ့ကြည့်ရင် အင်ကြင်းဝေ ပဲ ကိုယ်လိုချင်တာ ကို မသိတာလား သိလျက်နဲ့သတ္တိမရှိတာလား အိမ်စိုးမေ ကို သတိရစေတယ်

အဲ့လိုပဲ မင်းသားတွေကလဲ ဘယ်လိုကြည့်ကြည့် ယုမော် နဲ့ဆင်တာတွေ ရှိနေတယ်

ကိုယ် မြင်ချင်တာ နန္ဒလို ရည်မွန်ပေမယ့် ခပ်ကြမ်းကြမ်း နမ်း ပစ်တတ်တဲ့ ယောက်ျားမျိုး

မောင့် လို ပေါင်မုန့်ထောပတ်သုပ် နဲ့ချော့ ရင် စိတ်ပြေလွယ်ပေမယ့် အလိမ်မာ အိမ်ပါကိုသာ ယူမယ့် ယောက်ျားမျိုး

စတဲ့ ဇာတ်ကောင်မျိုးတွေ မြင်ချင်မိတယ်

နောက် မြစ်တို့၏ က မျက်လုံးမှေးမှေး နဲ့ ကောင် နောက် မိုးထဲက အူကြောင်ကြောင်ကောင်

ဒီ ဆုံနေလျက် မှာလဲ ဂျူးက နောက်ဆုံး စာမျက်နှာတွေနားမှာ အမှတ်တရ လိုလို အတင်း ပြန်ကြိုးစားတယ် လို့ ပြောချင်တယ် သို့သော် အရသာ က မရတော့ဘူး စိတ်လှုပ်ရှားမှု chemistry

ဥပမာ စာမျက်နှာ ၃၂၂ ကနေ ၃၂၅ လိုမျိုးတွေ လစ်ဗင်းတူ ၈ဲသား အရေးအသားမျိုးကို ပြန်လည် အသက်သွင်းဖို့ ကြိုးစားနေတာမျိုး

နောက်ပြီး သီချင်းစားသားတွေပန်းချီကားတွေအကြောင်း မွေးနေ့လက်ဆောင်စာအုပ်အနေနဲ့ ထည့်တာကလဲ နိုဝင်ဘာမိုး တို့ ချစ်သူရေးတဲ့ည တို့ကို တပိုင်းတဆ ပြန်မြင်နေရတယ်

အချုပ်အနေနဲ့ ပြောရရင်တော့ အရင် ဂျူး လက်ရာ ကို အရမ်း မျှော်လင့်နေပြီးတော့ (သူ့လက်ရှိ အသက် အမြင်တွေကို ထည့်မတွက်ပဲ ရသ ရေးသူ စစ်စစ် လက်ရာ) ထင်သလာက် ပြန်မရတဲ့ အခါ ပုဂ္ဂိုလ်စွဲစာဘတ်သူတယောက်အနေနဲ့ အားမလိုအားမရ ဖြစ်တာမျိုးပါပဲ။

တီချမ်း
ညနေ ၆ နာရီ ၄၈ မိနစ် 
ရွှေနန်းတော် ဟိုတယ် 
နေပြည်တော် 
မြန်မာ။