ကိုယ်အဆိုးမြင်တတ်တယ်

ဒီပုံလေးကို ဖဘ ကနေတွေ့လို့ အတွေးလေးတွေပွားမိပါတယ်။ ကိုယ်ကပဲ အတွေး ကလန်ကဆန် တိုက်လွန်းအားကြီးတာလား လူတွေကပဲ အကောင်းမြင်လွန်းတာလား ကိုယ်ကပဲ အဆိုးမြင်တာလား အမှန်မြင်တာလား အဆိုး = အမှန်၊ အကောင်း = အမှား ဆိုတာကကော ဘယ်လို ခွဲခြား သတ်မှတ်ကြမှာလဲ။ သေချာတာကတော့ ကိုယ်တော်တော်ကို အားနေပြီ။ အဲ့တာကြောင့် ခုလိုတွေ တွေးနိုင်တာပဲ။

ပထမ ဥပမာ ကိုကြည့်ကြရအောင်နော်….ရေးထားတာက……ယုံကြည်မှုအကြောင်း တကယ်က ယုံကြည်မှု ဆိုတာ စဉ်းစားချင့်ချိန်မှု ဒါမှမဟုတ် သိပ္ဗံ ပညာ စတာတွေနဲ့ ချိန်ထိုးဖို့ကောင်းတယ်မဟုတ်လား။ လွန်ခဲ့တဲ့ အနှစ် ၂၀ မှ မဟုတ်တော့ဘဲ။ အခုလဲ အဲ့လို ဥပမာ မရှိဘူး မပြောလိုပါဘူး ရှိတော့ ရှိမယ် သို့သော် အသိပညာ ဖွင့်ဖြိုးမှု အားနည်းတဲ့ အရပ်ဒေသ မျိုးမှာ ပိုများမယ်။ မိုးရွာဖို့ ပူဇော်ပသ တယ်ဆိုတာထက် အခုခေတ်က ဝေးဝေးမကြည့်ပါနဲ့ ကိုယ်တွေရဲ့အိမ်နီးချင်းနိုင်ငံတွေမှာတောင် မိုးတုတွေ ရွာခိုင်းတော့မှလေ။ နွားနဲ့ လယ်ထွန်တဲ့ ခေတ်ကနေ စက်နဲ့ လယ်ထွန်တဲ့ခေတ်ကိုရောက်နေမှတော့ မိုးရွာအောင် ဆုတောင်းတာ ပြန်လှည့်ကြည့်ရမယ့် အတိတ်မျိုးမဟုတ်တော့ဘူး။ ပြောချင်တဲ့ ရှုထောင့် မတူတာကိုလက်ခံ ပါတယ်။ သို့သော် ဒီထက်ပိုကောင်းမယ့် ဥပမာမျိုးကိုပေးစေချင်တာ။

ကာတွန်းကားတွေမှာပါတဲ့ တခါတခါ ရုပ်ရှင်ထဲတောင် ပြနေသေးတဲ့ဆန်တာကလော့ကြီးမရှိဘူး လို့ တယောက်ယောက်က ပြောလို့ ကလေးက ငိုမဲ့မဲ့ နဲ့ ပြန်မေးတာမျိုး အခန်းတွေ ဖြစ်နေတယ်။ အဲ့တာ သက်ဝင်ယုံကြည်မှု faith မဟုတ်ဘူး အဲ့တာ မသိနားမလည်မှု၊ အတွေ့အကြုံအားနည်းမှု၊ ပညာဗဟုသုတ လိုအပ်မှု childish/naive/in-experience ပဲဖြစ်တယ်။   

ဒုတိယ ဥပမာ က ပိုဆိုးတယ် ကလေးက ပျော်လို့ ရယ်တယ်ဆိုတာ သူ့ကို ပစ်မြှောက်ကစားနေတဲ့ လူကြီးက သူ့ကို မကျအောင်ဖမ်းမယ်ဆိုတာ သူ “သိ” လို့မဟုတ်ဘူး။ အဲ့လိုပဲ ပြုတ်ကျသွားမယ်ဆိုရင် သူဘာဖြစ်သွားမလဲ သူဘယ်လိုခံစားရမလဲ စတဲ့ နောက်ဆက်တွဲ “ဖြစ်နိုင်ချေ”တွေကိုလဲ သူမသိဘူး။ သူသိတာက မြောက်တက်သွားတဲ့ အချိန်မှာ ရှိတဲ့ “ခံစားမှု” သက်သက်ပဲ။ အဲ့ဒီခံစားချက်က သူ့ကို စိတ်လှုပ်ရှားစေတာ ဖြစ်နိုင်သလို၊ ပျော်စေတာ၊ အံ့သြစေတာ စတာတွေ တခုခု ဖြစ်နိုင်တယ် သေချာတာကတော့ သူ့ကို မြှောက်ဆော့နေတဲ့ လူကြီး က ဖမ်းမယ်ဆိုတာ ကို ယုံကြည်လို့ “trust” ရှိတဲ့ ရယ်မောမှုမျိုးမဟုတ်ဘူး။ နောက် အဲ့နေရာမှာ ၁ နှစ်အရွယ်ကလေးငယ်မဟုတ်ပဲ  အဲ့လို ချီမြှောက်ကစားခံရလို့ပြုတ်ကျဖူးတဲ့ ကလေးငယ် သို့မဟုတ် ဆယ်ကျော်သက်အရွယ် ကလေးငယ်တယောက်ဆိုရင် အဲ့ဒီကလေးလေးလို ပျော်ရွှင်မှု နဲ့ ရယ်နိုင်မလား လို့ တွေးကြည့်မိတယ်။

မသိနားမလည်မှု ကြောင့် ရတဲ့ ပျော်ရွှင်မှု ဟာ အစစ်အမှန် မဖြစ်နိုင်ဘူး။ အဲ့တာကိုလဲ ယုံကြည်မှု လို့ ဘာသာပြန်လို့မရဘူး။ ဖြစ်ချင်းဖြစ်ရင် မိုက်မဲမှုသာဖြစ်မယ်။

နောက်ဆုံးတခု ကို သူက မျှော်လင့်ခြင်း “hope” လို့ ဆိုထားတယ်။ ကိုယ်ကတော့ အဲ့တာ မသိလို့ မပူတဲ့ ဥပေက္ခာ “negligence” လို့ ပြန်ချင်တယ်။ မသိလို့ ပြုတဲ့ ဥပေက္ခာဖြစ်နိုင်သလို သိရက်နဲ့ ပြုတဲ့ ဥပေက္ခာလဲဖြစ်နိုင်တယ်။ နောက် သိရက်နဲ့ ဘာမှ လုပ်လို့ မရလို့ ဒီအတိုင်း ထားလိုက်ရတဲ့ အရှိတရား၊ လဲ ဖြစ်နိုင်တယ်။ အဲ့လိုမှမဟုတ်ဘဲ ရှိရှိ သမျှ တွေးပူနေရင် လူဖြစ်ရတာ ဘယ် “တန်”တော့ မလဲလေနော်။

လမ်းကူးရင်းလဲ ကားတိုက်ခံရနိုင်တာပဲ အဲ့တာကြောင့်များ ကိုယ်တို့တွေ တံတားပေါ်က ကူးဖို့ ပတ်သွားသလား။ ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းသလား၊ လိင်ဆက်ဆံရင် ကွန်ဒုံးသုံးကြသလား။
သိသိရက်နဲ့ လုပ်တဲ့ အမှားတွေအများကြီးရှိသလို သိသိရက်နဲ့ ထားလိုက်တဲ့ ဥပက္ခောတွေလဲ အများကြီးပါ။

သူပြောသလိုသာဆို ကားမတိုက်ပါစေနဲ့ လို့ယုံကြည် မျှော်လင့်ပြီး လမ်းကို မျက်စိမှိတ်ကူး ရမှာလား။ အဲ့လိုမဖြစ်အောင် အန္တရာယ်ကို နည်းနိုသ်သမျှနည်းအောင်လို့ ကိုယ်တို့တွေ ”သတိ” ဆိုတာ ကို ထားကြတယ်မှလား။ အဲ့တာ မျှော်လင့်ခြင်း၊ ယုံကြည်မှု၊ တခုမှမဟုတ်ဘူး။ အဲ့တာ သတိရှိမှုပဲ။ မနက်ဖြန် ဘာဖြစ်မယ်ဆိုတာ ကြိုသိရင်ကော မအိပ်ကြတော့ဘူးလား။ တညလုံး ဘုရားထိုင်ကန်တော့နေတော့မှာလား။ အဲ့တာဆို နာဂစ်တိုက်မယ့် ည က လူဘယ်နှယောက် မအိပ်ပဲ ဘုရားဆုတောင်းနေလဲ။ ကိုယ်တို့ မသိကြဘူးလေ။ အဲ့တာကြောင့် အပူအပင်ကင်းကင် အိပ်ပျော်ကြတယ်။ နောက်ခါ အပူအပင်ကင်းကင်း အိပ်နိုင်အောင် လိပ်ပြာလုံမယ့် အလုပ်တွေပဲ ”တတ်နိုင်သမျှ” လုပ်တယ်။ အဲ့လောက်ဆို လုံလောက်ပြီထင်တယ်။

မသိနားမလည်မှု၊ မို်က်မဲမှု၊ မတတ်နိုင်လို့ ထားတဲ့ ဥပေက္ခာတွေကို ဘာသာတရားကြောင့်လိုလို တော့ မှိုင်းမသွင်းပါနဲ့။

အစကတည်းက ပြောပါတယ် ကိုယ်က မကောင်းမြင်တတ်တယ်လို့။
ကဲ ပြောချင်တာ ပြောပြီးပြီ။ အပူအပင်ကင်းကင်းနဲ့ တရေးလောက် အိပ်လိုက်အုံးမယ်။

see you on the other side.

love

T Chen

4:49 pm
28th March 2013
Thursday

BC, Yangon | Myanmar