တောင်းဆိုထားတဲ့ လျှို့ဝှက်ချက်များနဲ့ တီချမ်းရဲ့ တိုဟူးနွေး

ဟင်းချက်တာ မတင်တာကြာပါပြီ။ လူတွေကလဲ လာလာမေးကြတယ်။ ခုတီချမ်းတယောက် အပြီးပြန်ဖို့လဲ လုပ် နေတော့ ဘလောခ်ဘက်လဲ သိပ်မလှည့်အားတာပါတယ်။ နောက် အိမ်က အင်တာနက်ကလဲ သိပ်မကောင်း တာနဲ့ ဘလောခ် မရေးဖြစ်တာကြာပေါ့။ တင်ရင်လဲ စာများများ ပုံနည်းနည်း နဲ့ဟာပဲ တင်ရင်တင်ဖြစ်တယ်။ ဟင်း ချက်တာတွေက ပုံအများကြီးတင်ရတာကိုးနော် အပ်လုတ်လုပ်ရတာ အင်တာနက် နှေးရင် သိပ်စိတ်တိုဖို့ကောင်း တယ်။ နောက် မြန်မာပြည်ပြန်ရင် ဘလောခ်ကို ဆက်ရေးလို့ရအောင်လဲ ဒေါ့ကွန်း ပြောင်းဖို့ စဉ်းစားနေပါတယ်။ ဘယ်လိုပြောင်းရမလဲ ထရန်စစ်ရှင်းပီးရိရက်ကို အဆင်ပြေအောင် လာဘတ်သူတွေ ဆက်ချိတ်ထားနိုင်အောင် စတာတွေအတွက်လဲ နားလည်တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်နေပါတယ်။

အလုပ်က ထွက်ဖြစ်ပါတယ်။ မေလကုန်ဆိုရင် အကုန်ပြီးပြီ။ ပြန်ပါမယ်။ ခု စဉ်းစားနေတာက နောက် အလုပ်တခု မလုပ်ပဲ ကိုယ့်ဘာသာ တပိုင်တနိုင်လေးနဲ့ မသေရုံလောက်လေး လုပ်မယ် လို့ တွေးနေပါတယ်။ လခစား ဘဝ ကို တော်ပါပြီ။ မောလွန်းလို့ တခါတလေ ကိုယ်မလုပ်ချင်တာကို ပိုက်ဆံယူထားလို့ လုပ်နေရတဲ့ ဘဝကိုမပျော်တော့ ဘူး။ ကိုယ့်ဘာသာ ကိုယ့်ကိုယ်ပိုင်အလုပ်ကို လုပ်ချင်လုပ် မလုပ်လဲ ရတယ်ဆိုတာမျိုးပဲ လိုချင်တယ်။ အရမ်းလဲ မချမ်းသာချင်ဘူးလေ။ ကိုယ်လိုချင်တာတွေ ဝယ်နိုင်ရင်တော်ပြီ။ ဥပမာ ပန်းသီး အဲ၊ ကန်နွမ်လန်းစ်၊ အယ်လ်ဗီ အိတ်တွေ စသဖြင့်ပေါ့။ ပြောရဲတယ်နော်။

နောက်တခုစဉ်းစားနေသေးတယ် မြန်မာပြည်ပြန်ရောက်ရင် အလုပ်မဝင်ပါဘူး။ အဲ့တော့ အားနေမယ် အဲ့တော့ ကျိုင်းတုံ (မွေးဌာနေ ဆီသို့ မျှော်ရည်မျှော်မှန်း စိတ်ဝယ်တမ်းတ မှန်းဆကာရည် လွမ်းရပါသည်) ကို ခဏ သွားနေ မယ်လို့ စဉ်းစားနေတာ အသက်အရမ်းကြီးနေပြီဖြစ်တဲ့ အဘွားနဲ့လဲ တူတူနေရအောက် နောက် အဘွားဆီက ဟင်းချက်နည်းတွေသင်မယ် အဒေါ်တယောက်ကလဲ ရှမ်းစာတွေ ချက်တာ သိပ်တော်ပါတယ် သူတို့ဆီက သင် မယ် နောက်ပြီးတော့မှ ရန်ကုန်ပြန်လာ စာအုပ်ထုတ်မယ် ကဲ မပိုင်လား။ အဘွားက သက်သတ်လွတ်စားတာပါ အနှစ် ၃၀ ကျော်ပြီထင်ပါတယ်။ ခုတော့ အသက် ၈၀ ကျော်မှာ တော်တော် ကျန်းမာနေတုံး။ နောက်ဆိုတီလဲ အာသဝေါ အသားဝေါ ကုန်ခမ်းရင် သက်သတ်လွတ်စားဖြစ်မယ်ထင်ပါတယ်။ ခုတောင် တကယ်ပြောတာ လိင်စိတ်တွေလဲ ကုန်ခမ်းနေပါပြီ (မောင်က ပြန်သွားတာကိုးနော်) တဏှာတွေပဲ ကျန်တော့တယ် ခိခိ။ တော်ပြီ အတည်ပြောမယ်နော်။

ထားတော့ အဲ့တာက နောက်ဆုံး အပ်ဒိတ်ပေါ့။ ခုတောင် ကမ္ဘောဒီယား ရောက်နေတာ ဟိုတယ်က ကွန်နက်ရှင်
ကောင်းတာနဲ့ အရင်တခါ လက်ဆောင်တွေအများကြီးပေးတဲ့ စာဘတ်သူ တောင်းဆိုထားတဲ့ တိုဟူးနွေးလေး တင်ပေးလိုက်တယ်နော်။ ပုံတွေက ရိုက်ထားတာကြာပေါ့။ မြန်မာပြည်ပြန်တုံးက အမေနဲ့ ချက်စားဖြစ်တာလေးပါ။

တိုဟူးနွေးကို သိပ်ကြိုက်ပါတယ်။ စားရတာလဲ လွယ် ချက်ရတာလဲ လွယ် စားလို့လဲကောင်း အရသာလဲရှိ ဈေးလဲ
ပေါ၊ ကျန်းမာရေးနဲ့လဲ ညီညွတ် ကဲ ဒီလောက်ကောင်းတာ ဘယ်မှာ သွားရှာမလဲနော်။ ကဲ ချက်နည်းလေး ကြည့် ကြစို့။ အမှန်ကတော့ ကုလားပဲ စစ်စစ် ကိုကြိတ်ပြီးသုံးနိုင်ရင် ပိုကောင်းပါတယ်။ သို့သော်လဲ ပြောင်းလဲ လာတဲ့ခေတ်အရ လူတွေက အချိန်သိပ်မရှိကြပါဘူး။ အဲ့တာကြောင့် မြန်မြန်နဲ့ အလွယ် ကြိတ်ပြီးသား ပဲမှုန့် အရော မစစ်တစစ်တွေပဲ သုံးကြတာပေါ့။ ရေးနေတဲ့ လူကိုယ်တိုင်က မစစ်တစစ်ပဲလေနော်။ (everybody go awwwwwwww)

ကဲ ချက်လိုက်ကြစို့။ အလွယ် လို့ ပြောထားတဲ့ အတိုင်း ကြိတ်ပြီးသား မွှေးပဲ မှုန့် ကိုသုံးပါမယ်။ အစိမ်းမှုန့် ကိုသုံးပါ။ အကျက်မှုန့် မသုံးရပါဘူးနော်။ တီတို့ကတော့ မွှေးကို အဆင်ပြေလို့ သုံးဖြစ်တယ် သို့သော် နောက်ပိုင်း သူက ကွာ သိပ်မကောင်းတော့သလို ခံစားရလို့ ခုတော့ ရှမ်းပြည်ဘက်က လာတယ်ဆိုတဲ့ တခု (တံဆိပ် မမှတ်မိ) ကိုပြောင်း သုံးနေပါတယ်။ ထားတော့ ခုတော့ ရှိတာပဲသုံး။ ဘာမှ မရှိရင် ရှိတာ အကောင်းဆုံးပဲနော်။ မွှေးပဲမှုန့်စိမ်းကို တည
ရေစိမ်ထားပါ။ ပုံကိုကြည့်ပါနော်။ ရေထည့်လိုက်ရင် ပဲမှုန့်တွေက အစိအစိတွေဖြစ်ကုန်ပါမယ်။ လက်နဲ့သေသေချာ ချာချေပေးပါနော်။ ညက်အောင် အနည်ကျတဲ့အထိ ချေပေးပါမယ်။ နောက် အဲ့ရေ နဲ့ပဲ တညသိပ်ထားပါမယ်။ မနက်ကျတော့မှ ရေကို ဖြည်းဖြည်းချင်း လောင်းထုတ်လိုက်ရင် ပုံမှ မှာ ပြထားသလို ပဲနှစ် ကိုရပါမယ်။ တခုပြောပြ အုံးမယ် တချို့တွေက အဲ့အရေ ကို လောင်းမပြစ်ပဲ ချန်ထားပါတယ်။ တိုဟူးကျိုတဲ့အခါပြန်သုံးကြတာပေါ့။ ကုလားပဲ စစ်စစ် ကိုကြိတ်ရင် ကြိတ်ရည်ကို ချန်ထားတတ်ကြပါတယ်။ အဲ့တာကျတော့ ပဲနို့ရည်ချက်လို့ရတာကိုး။ တီတို့ ကျိုင်းတုံက ဈေးတန်းကြီးမှာ ဆိုင်တဆိုင်ရှိပါတယ် တိုဟူးနွေးက ဒီကမ္ဘာပေါ်မှာ အကောင်းဆုံးဖြစ်ပြီးတော့ ပဲနို့ရည်ကလဲ ကောင်းပုံကနွားနို့ထက်ပို သောက်လို့ကောင်းပြီးတော့ မလိုင်လဲ ပိုတက်ပါတယ်။ သူတို့ကတော့ ကုလားပဲ စစ်စစ် ကိုကြိတ်သုံးပြီးတော့ ကြိတ်ရည်နဲ့ ပဲနို့ ကိုပြန်ချက်တာပါ။ ထားတော့နော်။

တီတို့ကတော့ ရေသန့်ပဲ ပြန်ထည့်တယ်။ စစ်ရေ ထည့်ရင် တိုဟူးက ပိုပြစ်တယ်လို့ ခံစားရလို့။ ကဲ ပြင်ဆင်လို့
ပြီးရင် ချက်မယ့် အိုးထဲကို ရေကြိုက်သလောက်ထည့်။ (လျှို့ ဝှက်ချက်တခုထပ်ပြောပြမယ်နော် အိုးထဲကို ရေထည့် ပြီးရင် ဆီ တစက်နှစ်စက်လောက်ထည့်လိုက်ပါအုံး အဲ့တာက ပဲကိုပိုညက်စေတယ်ပြောပါတယ်။ ပိုအိတာပေါ့။) ပြီးရင် အနှစ်ကို ဖြည်းဖြည်းချင်းလောင်းပါ။ တပြိုင်ထဲမှာ အောက်ကနေ မွှေပေးနေပါ။ ပုံကိုသေချာကြည့်နော်။
တွေ့လား အမေ့လက် ဝဝကြီး။ နောက် လျှို့ ဝှက်ချက်တခု ထပ်ပြောပြမယ်။ မွှေတဲ့အခါ တဘက်တည်းပဲ မွှေ ရပါမယ်။ clock wise or counter clock wise as you like but only one direction. နာရီလက်တံ အတိုင်းပဲ လှည့်ပြီးမွှေမွှေ ပြောင်းပြန်ပဲ မွှေမွှေ ကြိုက်ရာ တဘက်တည်းကို ရွေးပြီး မွှေပါ။ လက်သန်ရာပေါ့နော် ဘယ်ဖြစ်ဖြစ် ညာဖြစ်ဖြစ်။ ဟိုဘက်မွှေလိုက်ဒီဘက်မွှေလိုက်တော့ မလုပ်ပါနဲ့။ လုပ်ရင်ဘာဖြစ်မလဲ ဟုတ်လား လုပ်ကြည့်လေ
နော် ပြီးတော့ ကွန်မန့်မှာ ပြန်လာပြောပြ ဘာဖြစ်သလဲဆိုတာနော်။ ဘာဖြစ်မလဲဆိုတော့ အနည်းဆုံးတော့ တီ့ ဘလောခ် ကွန်မန့် တက်တာပေါ့။ ညှင်းညှင်းညှင်း

တွေ့လား အိုးကသေးသေးလေးပဲဆိုတော့ ရေလဲ နည်းနည်းလေးပဲ ထည့်တယ်။ နှစ်ယောက်စာပဲကိုးနော်။ ပိုတဲ့ အနှစ်တွေကို ချန်ထားလို့ ရပါတယ်။ နောက်တခါ ချက်ရင် ပြန်သုံးလို့ရတယ်။ လျှို့ဝှက် ချက်နောက်တခုနော်။
ပြီးရင် မွှေနေတဲ့တလျောက်လုံး မီးကို အေးထားပါနော်။ မီးအေးလေးနဲ့ပဲ တောက်လျှောက်မွှေနော်။ ပြီးလို့ တိုဟူး နှစ်တွေပလုံ ပလုံဆိုပြီး ပွက်လာပြီဆိုရင် ရပါပြီ။ အော်မေ့သွားတယ် ဆား နည်းနည်းထည့်အုံးနော်။ နည်းနည်းပဲ ထည့်နော် နောက် ပန်းကန်ထဲကို အစာပလာ ထည့်ရင် ထပ်ထည့်အုံးမှာဆိုတော့ တော်ကြာ ငံကုန်မယ်။ ဒီတခုက ငံသွားရင် အရင်လို ရေရောလို့မရဘူးနော်။

ကဲ တိုဟူးနှစ်တော့ရပြီ။ စားပွဲပြင်ကြစို့။ နောက်ထပ် လျှို့ဝှက်ချက်တခု ထပ်ပြောပြမယ်နော်။ တချို့က ရေစိမ်ကို
ပြုတ်ပြီး တိုဟူးနွေးနဲ့စားပါတယ်။ တချို့က ညှပ်ခေါက်ဆွဲနဲ့ စားပါတယ်။ ရေစိမ်နဲ့စားတာက မန်းလေး လာရှိုးဘက် ကပါ ရှမ်းမြောက်ပေါ့။ တီတို့ ရှမ်းတောင်ဘက်ကတော့ ညှပ်နဲ့ အစားများပါတယ်။ နောက်သူတို့က အသားထည့်
လေ့ရှိတယ် တီတို့က သက်သတ်လွတ်။ ကြိုက်သလိုစားပါလေ။ အသားနဲ့ စားချင်ရင်တော့ အသားနှစ်လေး ချက်ထားပေါ့နော်။ ဒီမှာ ကြည့်ချက်နည်းကို…..ဝက်နဲ့ အမဲနဲ့။ တီတို့ကတော့ သက်သတ်လွတ်ပဲလွေးပါတယ်။
လျှို့ဝှက်ချက်ကဘာလဲဆိုတော့ အများစုက ခေါက်ဆွဲကိုပြုတ်ပြီးတော့ ပန်းကန်ထဲထည့် ပြီးတော့ အပေါ်ကနေ အနှစ်လောင်းကြပါတယ်။ တီတို့ကတော့ ရေစိမ်ဆိုလဲ ပြုတ်ပြီးတော့ ပန်းကန်ထဲမထည့်ပါဘူး စားမယ့် ခေါက်ဆွဲ ကိုပြုတ်ပြီးရင် တိုဟူးနှစ်အိုးထဲ ထည့်လိုက်ပါတယ်။ ညှပ်ခေါက်ဆွဲဆိုလဲ အဲ့အတိုင်းပေါ့ စားသလောက် ကို ထည့် လိုက်ပါ။ ပြီးတော့ တိုဟူးအိုးထဲမှာ ခဏ မွှေပေးလိုက် ခေါက်ဆွဲနဲ့ အနှစ် ထွေးထွေးလေးဖြစ်သွားမှာ အဲ့ခေါက်ဆွဲ
ထွေးကို ကော်ပြီး ပန်ကန်ထဲထည့်ပါ။ အဲ့တာဆို ခေါက်ဆွဲကြိုကြားထဲထိ တိုဟူးအနှစ်က ရောက်သွားတဲ့ အတွက် ပိုစားကောင်းပါတယ်။ ပြီးရင်တော့ အစာပလာထည့်ပါမယ်။ ကျန်ယို့ အငံအမဲ ကို နည်းနည်းထည့်ပါ။ အပြစ်အချို လဲတချို့ကထည့်ကြတယ် ကြိုက်တတ်သလိုပေါ့နော်။ တီတို့ကတော့ အငံပဲ စားတယ်နောက် သိပ်အရမ်းပြစ်တာ မသုံးဘူး။

ပြီးရင် ကြက်သွန်ဖြူ ဆီချက် ငရုတ်သီးဆီချက် နောက် ပါကော်ခြောက်ကော့လို့ ခေါ်တဲ့ တရုတ်မဆလာ ဆီချက် ထည့်။ နောက် မြေပဲဆံလေးတွေ ထောင်းထားတာထည့် နံနံပင်လေးအုပ်လိုက်ရင် အရသာရှိတဲ့ အိမ်ချက် တိုဟူးနွေးတပွဲ ရပါပြီ။ တွဲဘက်စားဖို့အချဉ်ကတော့ ရှမ်းချဉ်လေးကို ဆား အချိုမှုန့် နည်းနည်း နယ် ပြီး နံနံပင် အုပ်လိုက်ရင်ကို အိုအိရှိ စူပါရှယ် ကောင်းမှကောင်းပါပဲ။ ရှမ်းချဉ်တည်နည်းကိုတော့ ဒီမှာ ကြည့်နော်။

ကဲဒီလောက်ဆို တောင်းဆိုထားတဲ့ အေးစုစံနဲ့တကွ ကျန်တီ့ ဟင်းချက်ပရိတ်သတ် အားလုံး ကျေနပ်ကြမယ် ထင်ပါတယ်နော်။ မနက်စာလေးတခု လွယ်လွယ်ချက်စားလို့ရတာပေါ့။ အီကြာကွေးလေးရှိရင် ပိုတောင်ကောင်း
သေးတယ်။ တီ့အမ တယောက်ဆို သူက တိုဟူးနွေးကို ခေါက်ဆွဲနဲ့မစားပဲ အနှစ်ကိုပဲ အစာပလာ များများထည့်
ပြီးတော့ အီကြာကွေးကို အတုံးလေးတွေ ဖြတ်ပြီး ကလော်စားပါတယ်။ အဲ့လို စားတာလဲ တမျိုးကောင်းတာပါပဲ။ ကြိုက်သလိုပေါ့နော်။

A Chen
12:59 PM
Friday
30th Mar 2012
Juliana Hotel
Phnon Penh
Cambodia

ဟောဒီက ယူကြဦးမလား………..

တီချမ်း တယောက် ယိုးဒယားပြည် ဘန်ကောက်တွင် ၄ နှစ်နီးပါးလာနေပြီးသကာလ ပြည်တော်ပြန်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ အောက်ပါ ပစ္စည်းတွေ ပိုနေပါတယ်။ မသယ်နိုင်လို့ပြန်ရောင်းမှာ ဖြစ်ပါတယ်။ ဘန်ကောက်တွင်း နေထိုင်၊စိတ်ဝင်စားသူများ ဖုန်း ၀၈၉ ၉ ၉ ၀ ၄၄၀၅ သို့ ၀၈၄ ၆၇၁ ၁၁၃၅ ကို ဆက်သွယ် ဝယ်ယူ နိုင်ပါတယ်။ ပစ္စည်းတွေအကုန် ဦးသူယူ စနစ် နဲ့ ဧပရယ်လကုန်နောက်ဆုံးထားရောင်းပေးမှာ ဖြစ်ပါတယ်။

ရောင်းမယ့် ပစ္စည်းတွေက …..

1. Canon Powershot SX 30 IS (14.1 MP) in excellent condition and has the box and cables. I have had it for about 7 months
but barely used it as it’s just a backup camera. (selling for 15,000 THB. slight negotiable)

2. Canon lens EF 75-300 mm f/4-5.6 USM III ( It’s brand new and has been purchased in the states, but never used. Selling for THB 8500/- slight negotiable)

3. Canon Image class D520 laser printer with the ability to print and scan. Purchased it and used only once, and is still under warranty. Condition is extremely good
i’m selling this with an extra toner cartridge(worth 2000 for free) for a total of THB 7,500/- not negotiable

4. Brand new Illy coffee machine (black color). It’s an espresso machine which i received as a gift. Comes with one box of illy coffee cubes. Selling for THB 15,000/- not negotiable

Please reply to this post or contact me in 0898804405 to make viewing arrangements or for more information.

First come first serve (sale ends at the end of April 2012)

A Chen
2:18 AM
Wednesday
28th Mar 2012
Home
Bangkok

မြန်မာဂေးတယောက်ရဲ့ ဖွင့်ဟဝန်ခံချက်

မြန်မာပြည်ပေါက် ဂေးတယောက်ရဲ့ ဘဝဖြစ်စဉ်တွေ ကို သိချင်သလား
သူ့ဘဝ ကို ဘယ်လိုရင်ဆိုင်လာရသလဲ ဘာတွေ ကျော်ဖြတ်ခဲ့သလဲ
သူ့ဘဝ ရဲ့ အပျော်တွေ ရင်မောမူ ဘဝအမော တွေ ကို သူနဲ့ တူတူ ခံစားကြည့်ချင်ရင်

ဒီမှာ သွားကြည့်ပါ

တီ့ သူငယ်ချင်း ဘလောခ်ရေးသူ တဦးပါ

သွေးထွက်လောက်အောင် ချစ်သတဲ့လား

တခါတုံးက တရုတ်ပြည်မှာ ဖြစ်တဲ့ အဖြစ်အပျက်လေးတခု ဘတ်ဖူးပါတယ်။ ကောင်မလေး တယောက်က သူ့ အရင် ကောင်လေးကို ဖြတ်လိုက်တဲ့ အခါမှာ ကောင်လေးက “သွေး” (ဟုတ်ကဲ့ Blood ပါ) နဲ့ စာတစောင်ရေးပေး ပါသတဲ့။ (တော်သေးတာပေါ့ ကို်ယ်တွေ မြန်မာတွေက ဟိုးရှေးရှေးတုံးကလဲ ကညစ် တို့ ပေလွှာတို့ နဲ့ ရေးခဲ့သလို နောက်ပိုင်းလဲ ကျောက်တံ ဘောပင် ခဲတံ စတာတွေနဲ့ ပဲရေးကြတာကိုး တရုတ်တွေသာ စုတ်တံတွေဘာတွေနဲ့ ရေးတော့ ဒီလို ကိစ္စတွေ ရှိတာပေါ့) ကောင်မလေးကတော့ အဲ့လို သွေးနဲ့စာ လက်ခံရတာကြောင့် သနားချစ်နဲ့ ဆက်မချစ်ခဲ့ပါဘူး။ စာပေါ်က သွေးတွေက တကယ့် သွေးအစစ်ကော ဟုတ်မှဟုတ်ရဲ့လား လို့တော့ သံသယ ဝင်လိုက်ပါသေးသတဲ့။

မိန်းမတယောက်အတွက်များ သွေးနဲ့ စာရေးပေးတဲ့ ယောက်ျားဆိုတဲ့ သတ္တဝါ မျိုး လက်စသတ်တော့ ကမ္ဘာပေါ်မှာ ရှိကိုရှိနေသေးတာကိုး။ သွေး (သေးဟု မှားမဘတ်ပါရန်) ထွက်အောင် ချစ်တယ် ဆိုတာ ကိုယ်အရင် က figure of speech စကားအဖြစ်ပြောတယ်ပဲ မှတ်တာ။ သွေးနဲ့ ရေးပေးတဲ့ စာလက်ခံရရှိတဲ့ ခံစားချက်မျိုးကိုလဲ ကိုယ်မသိနိုင် ပါဘူး။ နားလဲမလည်နိုင်ဘူး။ ဂုဏ်ယူမိမလား? ထိခိုက်ခံစားရမလား? ဒါမှမဟုတ် ကြောက်သွား မလား? (ဆိုက်ကိုကောင်နဲ့ တော့ ခက်နေပြီဆိုပြီးလေ) ဒါပေမယ့် သေချာတာတခုကတော့ ကိုယ့်ကိုသာ အဲ့လို
ယောက်ျား တယောက်က သွေးနဲ့ စာရေးပေးတယ်ဆိုရင် ကိုယ်ကတော့ အဲ့ဒီ ကောင်ကို တော်တော် အထင်သေး မိမယ်။

ယောက်ျားတွေ ရဲ့ သွေးဆိုတာ နိုင်ငံအတွက်ကျရမှာ မှလား၊ သူ့တို့ မိသားစုအတွက် သူတို့ ချစ်တဲ့ ဇနီးမယား
အတွက်၊ သားသမီးတွေအတွက် ကျရမှာလေ။ ယောက်ျားတွေရဲ့ သွေးဆိုတာ ခံနိုင်ရည်ရှိရမှာ ပျော့ညံ့ဖို့ မှမဟုတ် ပဲ။ မိန်းမကို ရိုက်လို့ နာကျင်ပြီး ထွက်တဲ့ သွေးနဲ့ အန္တရာယ်ကြားက မိန်းမ ကို သက်စွန့်ဆံဖျား ကယ်လို့ထွက်တဲ့
သွေး ဆိုတာက မတူညီတဲ့ အဓိပ္ဗါယ်ခြားနားပြီး ထွက်တဲ့ သွေးတွေပါ။ ပထမတခုက နိုင့်ထက်စီးနင်းမှု နဲ့ ရိုင်းဆိုင်း ကြမ်းတမ်းမှု ဖြစ်ပြီးတော့ ဒုတိယတခုက လေးနက်တဲ့ အချစ် နဲ့ ဂုဏ်ကျက်သရေကိုပြတယ်။

တခါတုံးကလဲ အသက် ၃၀ ကျော်ယောက်ျားတယောက်က သူ့ချစ်သူ မိန်းကလေး ရှေ့မှာ သူ့လက်ကို သူ မီးခြစ်နဲ့ ရှို့ ပြတာ၊ လက်ဖမိုးကို ဓါးနဲ့ လှီးပြတာ ကြည့်ရဖူးတယ်။ အဲ့လိုလုပ်ပြနေတဲ့ အချိန်မှာလဲ သူ့မျက်နှာက နာကျင်မှု နဲ့ မဲ့ပြုံးနဲ့။ အဲ့တာ အချစ်မဟုတ်ဘူး။ အဲ့တာ ခြိမ်းခြောက်မှု တခု သက်သက်ပဲလို့ ကိုယ်ချက်ချင်းပဲ နှစ်ယောက်လုံးရှေ့ မှာပြောချလိုက်မိတယ်။ မိန်းမတယောက် (ချစ်သူပဲ ဖြစ်ပါစေ) အတွက် ကိုယ့်လက်ကို ကိုယ်မီးနဲ့ ရှို့ ပြ ဓါးနဲ့လှီးပြရဲ တဲ့ယောက်ျားတယောက်က ဘဝမှာ ဘယ်လိုမျိုး ကြီးကျယ်မြင့်မြတ်မှုတွေသယ်ဆောင်လာနိုင်မှာမို့လို့လဲ?

ဥပမာ သေဘေးဒုက္ခနဲ့ တကယ် နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ရတဲ့ အချိန်မျိုးမှာ သူ့ချစ်သူ မိန်းကလေး ကိုကာကွယ်နိုင် စွမ်း သူ့မှာ တကယ်ရှိပါ့မလား လို့ကိုယ်တွေးမိတယ်။ ဒီလို လုပ်ပြရဲတာ အချစ်မဟုတ်စလို သတ္တိရှိတာလဲ မဟုတ် ပါဘူး။ ဖြစ်ချင်းဖြစ်ရင် အဲ့တာ မိုက်ရူးရဲ သာဖြစ်လိမ့်မယ်။ ခက်တာက မြန်မာ ရုပ်ရှင် (ဗီဒီယို) တော်တော်များများ ကလဲ အဲ့လိုမျိုးနှင်နှင်တွေ ရိုက်ပြနေတာ ရူးရူးမိုက်မိုက် ချစ်တာ ကိုပြချင်တာလား။ ဒါမှမဟုတ် အဲ့ဒီ စကားလုံးကိုပဲ နှစ်ခြမ်း ခွဲပြီး ရူးတာနဲ့ မိုက်တာကို ပြချင်တာလားလို့ တွေးမိတယ်။ ခုနက ပြောခဲ့သလိုပဲ လက်ကို ဓါးနဲ့လှီးပြတာ မီးနဲ့ ရှို့ ပြတာ ချစ်တာ မဟုတ်ဘူး။ သတ္တိရှိတာလဲ မဟုတ်ဘူး အဲ့တာ ရူးနမ်းတာ သက်သက်၊ အဓိပ္ဗါယ်မရှိတာ သက်သက်ပါ။ နောက် ယူပြီးတော့ မိန်းမ ကို ရိုက်နက်တတ်တာလဲ အဲ့လိုယောက်ျားတွေ များပါတယ်။

နောက်ပြောစရာတခုက ယောက်ျားတွေ ရဲ့ သွေးနဲ့ မိန်းမတွေ ရဲ့ မျက်ရည် ဆိုတာကလဲ နှိုင်းယှဉ်ပြောလို့ မရတဲ့ အရာနှစ်ခုပါပဲ။ မိန်းမတယောက်ရဲ့ မျက်ရည်ကလဲ တကယ့်တကယ်မှာ ကိုယ့်ကိုထားသွားမယ့် (မချစ်တော့တဲ့)
ယောက်ျား တယောက် တားထားနိုင်မယ့် လက်နက်မဟုတ်သလို။ ယောက်ျားတယောက်ရဲ့ သွေးဆိုတာကျတော့ လဲ မိန်းမ ကို မြန်မြန်ဝေးဝေးပြေးစေမယ့် ခြိမ်းခြောက်မှု တခုသာပဲ ဖြစ်မှာပါ။ (ပိုဆိုးတဲ့ အခြေအနေ ဆိုရင် ကိုယ့် ကို အရူးကောင်လို့ ရွံ့ကြောက်ကြီးတောင် ဖြစ်သွားနိုင်တယ်)

သွေးနဲ့ စာရေးပေးခဲ့ဘူးတယ် ဆိုတာ တကယ့်တော့ တွေးကြည့်ရင် ကောင်လေးအတွက်လဲ နောင်အခါမှာ သူ့အချစ်ဇာတ်လမ်းရဲ့ သူရဲကောင်းဆန်တဲ့ ဇာတ်ကွက်တခု မဖြစ်ဘဲ ဖြစ်ချင်းဖြစ်ရင် ပြန်တွေးတိုင်း ရှက်ရှက် နဲ့ ပြုံးရယ်ရမယ့် ရယ်စရာ ငပေါကွက် တခုသာ ဖြစ်ခဲ့မှာပါပဲ။

ခက်တာကလဲ သတ္တိရှိတယ် ဆိုတာနဲ့ မိုက်ရူးရဲဆန်တယ်ဆိုတာကို ယောက်ျားတော်တော်များများကလဲ မကွဲကြဘူးကိုး။ အချစ်အတွက် သက်သေပြချင်တဲ့ စိတ်နဲ့သာ မဖြစ်နိုင်တာတွေ လျောက်ပြောတာလဲ ယောက်ျား
တွေပါပဲ။ မိန်းမတွေက အချစ်ရေး အိမ်ထောင်ရေးတွေမှာ ယောက်ျားတွေ ထက်ခေါင်းပိုသုံးတယ်ဆိုတာလဲ ကိုယ့်ကိုကိုယ် မြင့်မြတ်တယ်လို့ ထင်ယောင်မှားနေတဲ့ ယောက်ျားတွေ အီးပိတ်ပိတ်နဲ့ လက်ခံနေရတာပါပဲ။

A Chen
2:56 Am
26th Mar 2012
Monday
Home
Bangkok

ယောက်ျားဆိုတဲ့ သတ္တဝါ

ယောက်ျားဆိုတဲ့ သတ္တဝါ

foto credit

ယောက်ျားဆိုတဲ့ သတ္တဝါဆိုတာ အိမ်မှာ ဖုန်းမြည်တဲ့အခါ ……အသံပြဲကြီးနဲ့ “ဖုန်း” လို့ ထထအော်တတ်ပေမယ့် ဘယ်သောအခါကမှ ကိုယ်တိုင်ကိုယ်ကျ ထပြီးတော့ အဲ့ဒီ မြည်နေတဲ့ ဖုန်းဆိုတာကြီးကို မြည်သံရပ်သွားအောင် ထမကိုင်တတ်ပါဘူး။

ယောက်ျားတယောက်ဆိုရင် ဧည့်ခန်းကနေ ရေချိုးခန်းထဲက ရေချိုးကန်ထဲမှာ စိမ်နေတဲ့ မိန်းမဖြစ်သူဆီအပြေးသွား
ပြီးတော့ “ဖုန်းလာနေတယ်” လို့ပြောပါတယ်။ မိန်းမက “ဘယ်သူ့ဆီကလဲ” လို့ပြန်မေးတော့….ပျင်းတိပျင်းတွဲ နဲ့ ….“ဘယ်သိမှာလဲ ငါမှ မကိုင်ကြည့်တာ” လို့ ပြန်ဖြေပါသတဲ့။

တယောက်ယောက်ကများ အိမ်ရှေ့မှာ တံခါးခေါက်နေတယ်ဆိုလို့ရှိရင်လဲ အဲ့ဒီ ယောက်ျားဆိုတဲ့ သတ္တဝါက အသံပြဲ နဲ့ “အိမ်ရှေ့မှာ တံခါးခေါက်နေတယ်” လို့အော်ပါလိမ့်မယ် ပြီးရင် သူနဲ့မဆိုင်သလိုပဲ မိန်းမ ထဖွင့်တာကို တီဗီကြည့်မပျက်ဘဲ ထိုင်စောင့်နေတာလဲ သူတို့ပါပဲ။

ယောက်ျားတွေ က သူတို့ မိန်းမတွေကို အမြဲလိုလိုမေးလေ့ရှိတဲ့ မေခွန်း ၃ ခုရှိပါတယ်။
“ပစ္စည်းအသစ်တွေ အဝယ်ထွက်ပြန်ပြီလား?”
“ပိုက်ဆံတွေ ဘယ်ရောက်ကုန်ပလဲ?”
“ငါ့အတွင်းခံ ကိုဘယ်နားထားထားလဲ?”

ယောက်ျားတွေ အမြဲ လိုလိုပြောလေ့ရှိတဲ့ (အပြောအများဆုံး) စကားတခွန်းကတော့….
“မိန်းမရေ ကိုယ်ဒီနေ့လဲ နောက်ကျအုံးမယ်နော် ညစာစားမစောင့်နဲ့တော့။”

(အိုဗာတိုင်ရှိလို့၊ သူငယ်ချင်း ထမင်းကျွေးပွဲရှိလို့၊ ရုံးမှာ ညစာစားပွဲရှိလို့…..စသဖြင့်ပေါ့လေ အကြောင်းပြချက်တွေ သာပြောင်းမယ် ပြောချင်တာကတော့ တူတူပါပဲ)

လင်မယားနှစ်ယောက် တူတူတနေရာရာ ကို ကားမောင်းသွားလို့ လမ်းမှာ မတော်တဆ လမ်းမှားနေပြီဆိုပါစို့…..
ယောက်ျားဆိုတဲ့ သတ္တဝါတွေဟာ ဘယ်တော့မှ သူတို့ ကားမောင်းရင်း လမ်းမှားနေပြီ ဆိုတာ ဝန်မခံတတ်ပါဘူး။ “ငါ လမ်းမမှားဘူးကွ၊ ဒီနေရာက လမ်းမှတ်တိုင်တွေက တလွဲတွေ ပြထားတာ” လို့ ဖင်ပိတ်ငြင်းတတ်ပါတယ်။ ဒီလို အချိန်မှာများ မိန်းမ က အလိုက်မသိစွာနဲ့ “ရှင် လမ်းမှားနေတာ အသိသာကြီးကို” လို့များ ပြောမိလို့ကတော့ “အဲ့တာလဲ မင်းသောက်တလွဲတွေ လမ်းပြနေလို့ပဲ ဖြစ်ရတာ၊ မဟုတ်ရင် ငါဘယ်လိုလုပ် လမ်းမှားမှာလဲ” လို့ ကားမောင်းနေတာသူဖြစ်ရက်နဲ့ ဘူးခံငြင်းပြီး အပြစ်တောင် ကိုယ့်ဘက် ပြန်လွှဲလာတတ်တာလဲ အဲ့ဒီ ယောက်ျားဆိုတဲ့ သတ္တဝါပါပဲ။

ကိုယ်တွေက အလှပြုပြင်ဆိုင်မှာ နေ့တဝက်လောက်ကို ခက်ခက်ခဲခဲ ရတဲ့ ရက်ချိန်းလေးနဲ့ အချိန်ကုန်ခံ ပြီး ဆံပင် ကိုပြုပြင်ထားတယ်ဆိုပါတော့…..အိမ်ပြန်လာတဲ့ အခါမှာ အသစ် ဖြောင့်ထား၊ ကောက်ထားတဲ့ ဆံပင်လှလှလေးနဲ့ ကိုယ့်ယောက်ျားက ကိုယ့်ကို “ဟာ……ငါ့ မိန်းမ ဒီနေ့ တယ်လှနေပါလား” လို့ ချီးမွမ်းတာ ခံချင်နေတဲ့စိတ်နဲ့ “ယောက်ျားရေ လှရဲ့လား” လို့ မေးတဲ့အခါ “ဟမ် နေ့တဝက်ကျိုးလောက် အချိန်ကုန်ခံပြီး ထွက်လာတော့လဲ ဒီပုံပါပဲလား” လို့ အလိုက်မသိစွာ ပြန်ဖြေတတ်တာလဲ ဘယ်သူလဲ ပရိတ်သတ်ကြီး……. (ယောက်ျားဆိုတဲ့ သတ္တဝါတွေပါပဲ။)

ယောက်ျားဆိုတာ အဲ့လောက်ကို မုန်းဖို့ ချဉ်ဖို့ ကောင်းတဲ့ သတ္တဝါတွေပါပဲ။ ဘာလို့များ ယောက်ျားတယောက်ကို ကိုယ့်နဲ့တူတူဘဝလက်တွဲဖို့ ကိုယ့် ယောက်ျား ဖြစ်လာဖို့ လက်ခံခဲ့တဲ့အချိန်တုံးက ဘာလို့များ အဲ့လောက် ပျော်ရွှင် ချိုမြိန်ခဲ့တာပါလဲနော်။

ကဲ ပြောစရာရှိတာတွေကတော့ ပြောပြီးပြီ တော်သေးတာတခုက ကိုယ့်မောင် က အဲ့လို ယောက်ျားတွေထဲမှာ မပါ ပေလို့ပေါ့။ ကိုယ့်မောင်က ဖုန်းဆိုရင် အရင်ကောက်ကိုင်ပြီးသား၊ တံခါးဆိုရင်လဲ ဖွင့်ပြီးသား၊ မောင်ရေ ဒီနေ့ ရုံးမှာ ပင်ပန်းလိုက်တာလို့ ပြောရင် မောင်နှိပ်ပေးမယ်လေ သဲဆိုတာမျိုး၊ ကိုယ်က မောင်ရေ မောလာတယ်ကွယ် လို့ ပြောလိုက်ရင် သံပရာရည်အသင့်ဆိုတာမျိုး…..ဒီကင်မရာ လန်းစ်လေး လိုချင်လိုက်တာ ဝယ်ပေးမလားဟင် ဆိုရင်လဲ သဘောသဘော ဆိုတာသူပဲ။ ကဲ ကိုယ့်လို ကံမကောင်းချင်ကြဘူးလား။

A Chen
11:06 PM
24th Mar 2012
Saturday
Home
Bangkok

အချစ်အတွက် အသက်စွန့်မယ့်သူ

သူငယ်ချင်းမတယောက်ရှိတယ် F ဆိုပါတော့။ တခါတုံးက သူက ယောက်ျားတယောက်အတွက် ကိုယ့်ကိုကိုယ်သတ်သေဖို့ ကြံဖူးတယ်။ သူ့ကောင်လေးက သူ့ကိုဖြတ်ဖို့ပြောတော့ သူက ဖုန်းဆက်ပြီးတော့
ကောင်လေးနဲ့ ရန်ဖြစ်ကြတယ်။ ကောင်လေးကို သူ့ကို ပစ်မသွားဖို့၊ မထားခဲ့ဖို့ တောင်းပန်တယ်။
ကောင်လေးက ပြန်ပြောတာက “တချို့ ကိစ္စတွေက အတင်းလုပ်ယူလို့ မရနိုင်ပါဘူး” တဲ့။ ကောင်လေးက အဲ့လိုပြန်ပြောတာလဲ ကြားရော ကိုယ့်သူငယ်ချင်းကောင်မလေးက အိပ်ဆေးတပုလင်းလုံးကို အရက်နဲ့ မြိုချ လိုက်တော့တာပါပဲ။

နောက်တော့လဲသူမ မသေပါဘူး။ ကောင်လေးကလဲသူမ အနားကို ပြန်မလာပါဘူး။ ကိုယ်ထင်တာက ဒီလိုတွေ ဖြစ်ပျက်ပြီးမှတော့ သူမ နောင်တ ရမယ်ထင်တာ။ ဒါပေမယ့် သူမက ဘာပြောသလဲဆိုတော့….
“ငါ နည်းနည်းမှ နောင်တ မရဘူး။ အဲ့အချိန်က ငါတကယ်ကို သေချင်နေခဲ့တယ်။ သူ့အတွက် သေလဲသေရဲတယ်” လို့ ဆိုလာပါတယ်။

တကယ့်ကိုအဲ့လိုပဲလား။ ယောက်ျားတွေအတွက် သတ်သေဖို့ ကြိုးစားခဲ့ကြဘူးတဲ့ ကောင်မလေးတွေကို မေး ကြည့်ပါ။ သူတို့တွေသတ်သေဖို့ ကြိုးစားကြတဲ့ တဇွတ်ထိုးမှု၊ မိုက်ရူးရဲမှုက တကယ်ပဲအချစ်အတွက်တဲ့လား? ဒါမှမဟုတ် တဘက်လူက စွန့်ပစ်ခံရတယ်ဆိုတာကို မခံစားနိုင်ကြတာလား။ လက်မခံနိုင်ကြတာလား။

တကယ်လို့ သာ မိန်းမတယောက်က ယောက်ျားတယောက်ရဲ့ စွန့်ပစ်ခံရမှုကြောင့် ကိုယ့်ကိုကိုယ် သတ်သေတယ် ဆိုရင် သေချာတယ် အကြောင်းတခုပဲ ရှိရမယ်။ အဲ့တာက အဲ့ဒီ ယောက်ျားက လွဲရင် သူ့ဘဝမှာ ဖက်တွယ်စရာ မက်မောစရာ ဘာဆိုဘာမှ မရှိလို့ပဲဖြစ်ရမယ်။

ပိုင်ဆိုင်မှု ပိုများလေလေ အဲ့ဒီ မိန်းမ က သေဖို့ ပိုကြောက်လေလေပဲ။

ကိုယ့်ဘာသာ လုပ်ငန်းတခုကို ဦးဆောင်နေတဲ့ မိန်းမ၊ ကိုယ့်ဘာသာ ရပ်တည်နိုင်လောက်တဲ့ ပညာရှင်မိန်းမ တယောက်သာဆိုရင် ယောက်ျားတယောက်အတွက်နဲ့ ဒီလောက် ပျော့ပျော့ညံ့ညံ့ နဲ့ ကိုယ့်ကိုကိုယ် ဘယ်တော့မှ လွယ်လွယ်နဲ့ သတ်သေတာမျိုးဘယ်တော့မှ မလုပ်ဘူး။

ပစ္စည်းဥစ္စာ ပြည့်စုံတဲ့ ယောက်ျားတယောက်ဟာလဲ ဘယ်တော့မှ မိန်းမတယောက်အတွက်နဲ့ လွယ်လွယ်နဲ့ အသက်မပေးဘူး။

ဘာဆို ဘာမှ ဖက်တွယ်စရာမရှိတဲ့သူသာ လောကမှာ အသက်ရှင်နေရတာ အဓိပ္ဗါယ်မရှိဘူးလို့ တွေးထင်မှာလေ။
သေခြင်းတရားနဲ့အဆုံးသတ်မယ်ဆိုတာ လူတဘက်သားကို အပြစ်ရှိသလို ခံစားရအောင် ခြိမ်းခြောက်ချင်တဲ့ ဒါမှမဟုတ် အဲ့လို ခံစားမှုမျိုး တသက်လုံး ပေးခဲ့ချင်တဲ့ နောက်ဆုံးလက်နက်ပါ။ အဲ့တာ အချစ်အတွက် သတ်သေ တာမှမဟုတ်ဘဲ၊ တဘက်လူကို သူ့ကြောင့်ဖြစ်ရလေခြင်းဆိုတဲ့ ယူကြုံးမရမှုနဲ့ အပြစ်ပေးချင်လို့သတ်သေတာပါ။

တနေ့မှာ အရွယ်ရောက်လာလို့ အချစ်ဆိုတာ ဘဝ နဲ့ယှဉ်ရင် ဘာမှ မဟုတ်ပါဘူးဆိုတာကို သိလာခဲ့တဲ့ အခါကျ ရင် ကိုယ့်ကိုမချစ်တော့တဲ့ ယောက်ျားအတွက် သေရတာ ဘာမှ မတန်ဘူးဆိုတာ သိလာပါလိမ့်မယ်။

လောကကြီးမှာ အစားထိုးမရတဲ့ “အချစ်” ဆိုတာ ရှိကောင်း ရှိပါလိမ့်မယ် ဒါပေမယ့် အစားထိုးမရတဲ့ “ချစ်သူ” ဆိုတာတော့ ရှိကိုမရှိဘူး။ သေချာတယ်။

P.S

တကယ့်အဖြစ်အပျက်လေးပါ။ ခုတော့လဲ အဲ့ဒီ သူငယ်ချင်းမက ယောက်ျား ယူတော့မှာပါ။ အခုနေအချိန်မှာ သူလဲ အရင်က သူဒီလိုရူးမိုက်ခဲ့တာကို ဟာသ အဖြစ်နဲ့ ရယ်ရင် ရယ်နေနိုင်မှာပေါ့။ ခု သူယူမယ့် ယောကျာ်းကိုတောင် အရင်က သူဒီလို ရူးရူးမိုက်မိုက် နဲ့ ကောင်လေးတယောက်အတွက် သတ်သေဖို့ ကြိုးစားခဲ့ဘူးတယ် လို့ပြောပြီး ရယ်တောင် ရယ်နေနိုင်တယ်။ အရေးကြီးတာ အတွေ့အကြုံတွေကနေ သင်ခန်းစာ ယူပြီးတော့ အရွယ်ရောက် တတ်ဖို့ပါပဲ။

P.P.S

ကိုယ်လဲ ငယ်ငယ်တုံးက သတ်သေဖို့ ခဏခဏ စဉ်းစားကြည့်ဖူးတယ်။ ကြိုးတော့ မကြိုးစားခဲ့ဘူးဘူး။ သတ်သေရင် အဆင်အပြေဆုံးနည်း တွေကိုလဲ ခဏခဏ စဉ်းစားကြံစည်ဖူးတယ်။ ဆွဲကြိုးချမသေနဲ့တဲ့ သေရင် လက်တွေ ခြေထောက်တွေ ကောက်ကုန်တတ်တယ်။ နောက် ဇက်ကလဲ ကျိုးကျသွားတော့ ခေါင်းကြီးကလဲ လည်နေမှာ။ နောက် မျက်လုံးတွေလဲ ပြူးထွက်ပြီးတော့ လျှာကြီးလဲ ထွက်လာတတ်တယ်။ သေပြီးရင်တောင်
အလောင်မလှဘူးပေါ့။

တိုက်အမြင့်ပေါ်ကနေ လဲခုန်ချဖို့ မကြိုးစားပါနဲ့ အောက်ရောက်ရင် တခါတည်း အသားပြားဖြစ်ရင်ဖြစ် မဖြစ်ရင် အသားပုံဖြစ်၊ မဟုတ်ရင် ခြေကျိုး လက်ကျိုး ခေါင်းပြုတ်ထွက် မျက်လုံးတွေ ကျွတ်ထွက် အရိုးတွေ ထိုးထွက် အမြင့်ပေါ်မူတည်ပြီး ရုပ်ပျက်ဆင်းပျက် တခုမဟုတ်တခုတော့ ဖြစ်သွားမယ်။

ရထားရှေ့ ခုန်ချဖို့လဲ မကြံစည်ပါနဲ့ ကိုယ် ၆ တန်းတုံးက ကိုယ်တို့ကိုသင်တဲ့ သမိုင်းဆရာမ ရထားရှေ့ ကို ခုန်ချသွားဖူးတယ်။ ကန်ဘဲ့မှာပါ။ သူကတော့ သံလမ်းပေါ်မှာ ရထားကို ကျောပေးပြီး နေတာဖြစ်တော့ ရထားက တိုက်ပြီး သူက သံလမ်းကြားတည့်တည့် မှောက်သွားတာပါ။ အဲ့တော့ နှာခေါင်း နဲ့ မျက်နှာ က မှောက်ရက်ကျတဲ့ အရှိန်နဲ့ နှာခေါင်း ကျိုးတယ် နောက် ရထားက အပေါ်ကနေ ဖြတ်သွားတဲ့ အချိန်မှာ ဖြတ်ကြိတ်လို့ အုတ်စက်တွေ ပွင့်ကုန်တယ်။ အများစု ရထားရှေ့ ခုန်ချရင်တော့ အင်နားရှားတွေ အချိန်အဆတွေ ကြောင့် လမ်းပေါ် တည့်တည့်မကျဘဲ ကန်လန့်ဖြတ်ကျလို့ ၃ ပိုင်းပြတ်ကုန်တာများပါတယ်။

သေနတ်နဲ့ ပါးစောင်ထဲ ပစ်ဖို့ကလဲ သေနတ်က ရှာရတယ် သိတ်လွယ်မယ်မထင်။ နောက် သေရင်လဲ ခေါင်းက
ပေါက်ပြီးတော့ ရုပ်ပျက်ဆင်းပျက်ဖြစ်မယ်။ ပြီးတော့ ပါးစပ်ထဲ ပြောင်းဝထည့်ပြီးတော့လဲ ကိုယ်က မောင်းကို ညှစ်ရဲဦးမှ။ မလွယ်။


လက်ကို ဓါးနဲ့ လှီးတာကော ငယ်ငယ်တုံးက ကိုယ်ခဏခဏ ကြံစည်ဖို့ကြိုးစားကြည့်ဖူးတာပေါ့။ စိတ်ကူးထဲမှာလဲ လုပ်ကြည့်တာ ခဏခဏပဲ နောက်တော့ မလုပ်ဖြစ်ပါဘူး။ လှီးရင်နာမှာ၊ သွေးတွေ ထွက်နေတဲ့ အချိန် မသေမရှင် ခံစားနေရမှာ နောက် တယောက်ယောက်က တွေ့သွားလို့ ဆေးရုံ ပို့နေရင်လဲ အကြံအစည် မထမြောက်မှာ စတာတွေ တွေးပြီးတော့ မလုပ်ဖြစ်ပါဘူး။

ဆေးသောက်တာကတော့ အလွယ်ဆုံးလို့ထင်ရပါတယ်။ ဒါပေမယ့် ဘယ်ဆေးကို သောက်ရမှာလဲ ဘယ်လောက်
သောက်ရမှာလဲ။ ကိုယ်သိရသလောက်ကတော့ တော်ရုံအိပ်ဆေးက အလုပ်မဖြစ်ပါဘူး။ နောက်တခုက အိပ်ဆေးအဲ့လောက်အများကြီး တခါတည်း ဘယ်ကနေ ရမလဲ။ ကြွက်သတ်ဆေး တို့ ပိုလို တို့ အဆိပ် တို့ လိုဆိုတာမျိုးကလဲမသေခင် ခံစားရမှာ။ လူးလှိမ့်နေရမှာ အူတွေ ဖျစ်ညှစ်နေသလို နာနေမှာ။ အဆိပ်က ပြောလို့ သာလွယ်တာ ဘယ်မှာ ရှာရမလဲ။ စိန် နဲ့ သံပရာ ဆိုတာလဲ ကြားသာကြားဖူးတာ ရှာရတာ ခက်မှခက်။ မှရာဘူးရင် မသိဘူး။ တကယ်။ ပါရာ လောက်နဲ့တော့ သောက်မနေပါနဲ့။ ကိုယ်သောက်ဖူးတယ် တဘူးလုံး ဘာမှ မဖြစ်ဘူး။ အကုန်ပြန်အံထွက်ကုန်တယ်။ အံတာတော့ ရေလည် ခံစားရတယ် ဆရာ။ ဒါတောင် ပါရာက ရေနဲ့ မြှောချလိုက် တာနဲ့ ချက်ချင်း လိုလို ပျော်ကုန်တာနော်။ ပြန်ထွက်လာတော့ အလုံးတွေ ပျက်နေပြီ။ မသေပါဘူး။

ဘိန်းဖြူ ကို အိုဒီ ထိုးချလိုက်ဖို့ ကော။ ဒီဟာကတော့ အလွယ်ဆုံးဖြစ်မယ်။ အငြင်သာဆုံး အထိရောက်ဆုံး အငြိမ့်ညောင်းဆုံး ဖြစ်နိုင်တယ်။ ဒါပေမယ့် ဘယ်မှာလဲ ဘိန်းဖြူ၊ ဘယ်သူက ထိုးပေးမှာလဲ။ နောက် ကိုယ့်ကို ကိုယ်ဓါးနဲ့ ထိုးတာ၊ ရေချိုးကန်ထဲကို လေမှုတ်စက်ပစ်ထည့်တာ၊ စတဲ့ နည်းတွေလဲ ရှိပါသေးတယ်။ ဓါတ်လိုက်သေရင်လဲ မသေခင်ခံစားရတယ်၊ နောက် သေပြီးတော့လဲ ကောက်ကွေးကွေးနဲ့ မဲညစ်ညစ်နဲ့ ရုပ်ပျက်တယ်။ ဓါးနဲ့ ကတချက်တည်း သေပါမှ မဟုတ်ရင်ခံစားနေရမယ်။ သွေးထွက်သံယို မကြည့်ရဲသူများ သွေးမြင်ရင် မူးတတ်သူများ လုပ်ဖို့ မဖြစ်နိုင်။

နောက်ဆုံးတော့ ရှာရင်း ရှာရင်းနဲ့အလွယ်ဆုံး နဲ့ အကောင်းဆုံး ဖြစ်မယ်ထင်တဲ့ နည်းတနည်းကို သွားတွေ့ပါ တယ်။ အဲ့တာကတော့ နည်း နှစ်မျိုး ရောရမှာပေါ့။ ဒါမှမဟုတ် နည်းတမျိုးထဲကို ပဲ အကူလိုတယ် ပြောလဲရတယ် အဲ့တာကတော့ ဂတ်အိုးကိုဖွင့်ထားပြီးတော့ အလုံပိတ်အခန်းမှာ အိပ်ဆေးသောက်အိပ်လိုက်ရမှာပဲ။ ဂတ်တွေကို ရှုပြီးတော့ တဖြည်းဖြည်း သေသွားတာပေါ့။ သူက ဘာကောင်းသလဲ ဆိုတော့ ငြင်သာမယ်။ နောက် သေပြီးတဲ့ အခါမှာလဲ ဂတ်တွေကြောင့် အလောင်းက ဖောရောင်မလာဘဲ ပြည့်ပြည့်ကလေးပဲ ရောင်လာပါသတဲ့ နောက် ဂတ်တွေကို ရှုတာကြောင့် အလောင်းက သေရင် အများစု ဖြစ်သလို ပုပ်မဲ မသွားဘဲ ပန်းရောင်လေး သန်းသန်း
လေးဖြစ်သွားပါသတဲ့။ ဘယ်လောက်ကြာကြာခံသလဲတော့ မသိ။ စမ်းကြည့်ရင် ပြန်ပြော။ ဒီလိုလေး လှလှလေး ဆိုရင်တော့ သေချင်ပါတယ်။

A Chen
3:43 AM
Thursday
22nd Mar 2012
Home
Bangkok

ပြန်မရတော့မယ့် မနေ့ည…

ခေါင်းစဉ် ကိုကြည့်လိုက်တာနဲ့ တီချမ်းတယောက် ဘာတွေ ရေးပြန်ပလဲ လို့တွေးနေပြန်ပြီမှလား။ တလွဲမတွေးပါနဲ့လေ။ သေသေချာချာ အပြီးထိ ဘတ်ကြည့်ပါအုံး။ တနေ့က စာလေးတပုဒ်ဘတ်မိလို့ပါ။ အဖြစ်အပျက်လေးတခုက ဒီလိုပါတဲ့။ သူနဲ့ သူမနဲ့ တူတူ ညအိပ်ရာဝင်ကြတယ်။ မနက်သူလဲ နိုးရော သူ့ဘေးမှာ ရှိနေတဲ့ သူမခန္ဓာကိုယ်တခုလုံးက တောင့်တင်းအေးစက်နေခဲ့ပြီ။ သူအရမ်းကို အံ့သြ သွားတယ်။ ယူကြုံးမရဖြစ်မိတယ်၊ အမှန်ကတော့ သူမမှာ နှလုံးရောဂါရှိနေတာသိနေခဲ့ကြပြီးသားပါ။ သေခြင်းတရားက ဒီလောက် စောစောနဲ့ မြန်မြန် သူတို့နှစ်ယောက်ကြားရောက်လာမယ် မထင်ထားခဲ့တာတခုပါပဲ။ သူမက အခုမှ ၃၂ နှစ် သမီးလေးမွေးပြီးတာတောင် မကြာသေးဘူး။ သမီးက ခုမှ လပိုင်းပဲ ရှိသေးတယ်။ ခုတော့ သူမက ညဘက် အိပ်နေရင်း အမောဖောက်ပြီး သေဆုံးသွားတာပေါ့။

ညလယ်ကောင်မှာ သူမ အမောဖောက်နေတုံး သူမ ရုန်းကန်မောလျနေမှာပေါ့။ သူမ အတွက် အသက်ရှုဖို့ ရုန်းကန်မောပန်း နေချိန်က အချိန်ဆိုတာ ကာလ ငရဲလိုဖြစ်နေမှာပါပဲ။ ရှည်လျှားပြီးတော့ အကုန်နှေးနေလိုက် မယ်ဆိုတာလေ။ ဒါပေမယ့် အိပ်နေတဲ့ လင်ယောက်ျား ဖြစ်သူအတွက်ကတော့ အဲ့ဒီ အချိန်က အခိုက်အတန့်ပါ ခဏတာလိုပါပဲ။သူမ ရုန်းရင်းဆန်ခတ်ဖြစ်နေတာ မသိလိုက်ရလောက်အောင် သူလဲ မောမောပန်းလျ အိပ်ပျော်နေ ခဲ့တာပါလား။ တရေးထဲနဲ့ နိုးလာလို့မနက်လဲရောက်ရော သူတို့ နှစ်ယောက်ရဲ့ဘဝက ဇာတ်သိမ်းသွားခဲ့ပြီလေ။

ကိုယ်သိချင်တာတခုက မနေ့ညက မအိပ်ခင် အချိန်မှာ သူတို့ နှစ်ယောက် ဘာတွေ များပြောခဲ့ကြမလဲဆိုတာ ပါပဲ။ မနက်ဖြန်အကြောင်းများပြောခဲ့ကြမလား။

မအိပ်ခင်အချိန်မှာ ကိုယ်တို့တွေ များသောအားဖြင့် ပြောဖြစ်ကြတာ “မနက်ဖြန် ဘာတွေလုပ်မလဲ၊ လုပ်စရာ ရှိသလဲ” ဆိုတာပါ။ အဲ့လိုအချိန်မှာလဲ များသောအားဖြင့် ဘေးကတယောက်က အိပ်ချင်မူးတူးနဲ့ ပြန်ပြော တတ်တာက “မနက်ဖြန်ကျမှပြောတော့ကွာ” လို့ပေါ့။ ကြုံဖူးကြမှာပါ။ ဒါပေမယ့် ဘယ်သူမှ အာမ မခံနိုင်တာ မသိနိုင်တာက တရေးအိပ်လို့ နိုးလာတဲ့ အခါ ကိုယ်တို့ နှစ်ယောက် အတွက် မနက်ဖြန် ဆိုတာ ရှိကော ရှိပါ အုံးမလားဆိုတာပါပဲ။ ဒါ ကိုယ်က အဆိုးမြင်တာ မဟုတ်ပါဘူး။ တွေးကြည့်တာပါ။ ခုတလော မောင်ပြန်သွား
တော့ ကိုယ် အိပ်ခန်းထဲက ကုတင်မှာ မအိပ်ဖြစ်ဘူး။ နှစ်ယောက် အိပ်ကုတင်က ခုတော့ ကိုယ့်တယောက် ထဲ အတွက် ကျယ်လွန်းနေတယ်။ မောင်မရှိတော့ တမျိုးပဲ။ ပထမ ညက အိပ်ဖို့ ကြိုးစားကြည့်သေးတယ်။ ဒါပေမယ့် ကုတင်ပေါ်မှာ လှဲလိုက်တာနဲ့ ဝမ်းနည်းတဲ့ စိတ်က လှိုက်လှိုက်တက်လာလို့ အိမ်ရှေ့ က ဂျပန်ဖျာ
ပေါ်မှာပဲ အိပ်ဖြစ်နေခဲ့တာ မောင်ပြန်သွားကတည်းက။ ခုဆို ၆ ညရှိပြီ။

ဖြစ်ချင်တော့ ကြည့်ဖြစ်တဲ့ ရုပ်ရှင်ကလဲ Charlotte Gray ဖြစ်နေတယ်။ စကော့တ်ရှ် မိန်းမ က ဒုတိယ ကမ္ဘာစစ်ထဲပါသွားတဲ့ သူ့ ရည်းစားကို ကယ်ဖို့ပြင်သစ်ကို သွားပြီး စပိုင်လုပ်တဲ့ကားပါ။ အဓိက ပြောချင်တာ မင်းသမီးနဲ့ သူ့ ရည်းစား (မင်းသား မဟုတ်ပါ) နဲ့ တွေ့တွေ့ချင်းကြိုက်သွားကြတယ်။ နောက်တော့ ချစ်သူက စစ်ထွက်ဖို့ဖြစ်လာရော။ အဲ့မှာ တည သူတို့ ပြတင်းပေါက်မှာ တူတူထိုင်နေတုံး သူ့ရည်းစားက သူစစ်ထဲကနေရတဲ့ သူ့ခွင့်ရက်ပြည့်ပြီ ပြောပါတယ်။ သူစစ်ထဲပြန်သွားရတော့မှာပေါ့။ ဘယ်တော့လဲ ဆိုတော့ မနက်ဖြန်တဲ့။ ကြည့် အဲ့ဒီအခန်းကို ကြည့်နေရင်း ကိုယ်သိလိုက်ပြီ သူတို့မှာ မနက်ဖြန် မရှိတော့ဘူး။
စစ်ထဲမှာ က ဒီလိုကိစ္စတွေမထူးဘူးဆိုပေမယ့် ချစ်သူနှစ်ယောက်ကတော့ ကြေကွဲစရာပါ။ နောက် ရုပ်ရှင်ထဲမှာ ကိုယ်ကြိုက်တာတွေ ရှိတယ် မင်းသမီး ပြင်သစ်ရောက်တော့ ဆန့်ကျင်ရေးသမား ကွန်မြူနစ်ရဲ့ အဖေ ပြောတဲ့ စကားတခွန်း…..မင်းသမီးကို ဘာ့ကြောင့် ဒီကိုလာရတာလဲ မေးတော့ မင်းသမီးက နိုင်ငံအတွက်ပေါ့လို့ပြန်ဖြေတယ်။ အဲ့မှာ အဖိုးအို ပြန်ပြောတာက “ဘယ်သူမှ သူတို့ နိုင်ငံအတွက် စစ်မတိုက်ဘူး၊ သူတို့ မိသားစု အတွက် သူတို့ချစ်တဲ့ သူတွေအတွက် စစ်တိုက်ထွက်ကြတာ” တဲ့။ ဘယ်လောက် ကောင်းလိုက်သလဲ။ ယုံကြည်မှု ဆိုတာ စဉ်းစားစရာပါပဲ။ မင်းသမီးက ကိုယ့်အကြိုက်ဆုံး ကိတ်ဘလန့်ရှက်ပါ။ 

တခါတလေ မအိပ်ခင်မှာ ကိုယ်တို့တွေအနာဂတ်အတွက် ဆွေးနွေးမိရင် ဘေးကတယောက်က ခေါင်းယမ်း
ပြီးတော့ “အနာဂတ်ကိစ္စထားပါအုံးကွာ မနက်ဖြန်အတွက်ပဲအရင်ပြောကြတာပေါ့” လို့ပြောမိတာမျိုးကော ကြုံဖူးကြလား။ ဒါပေမယ့်လဲ နေထွက်ပြီးသွားလို့ ရှိရင် မနက်ဖြန်တွေဆိုတာကလဲ တဖြည်းဖြည်း ဝေးသွား
တတ် တာမျိုးပါ။

မအိပ်ခင်မှာ ကိုယ်တို့ တွေ ဘေးက တယောက်ကို “ဘဝကို တယောက်ထဲ အေးအေးလူလူ ဖြတ်သန်းချင် သလားဟင်” လို့ မေးမိကြတဲ့ အခါ သူက စောင်ပုံထဲကို တိုးခွေ့ဝင်ရင်းနဲ့ “ဒီနေ့တောင် မောလှပါပြီ” လို့အိပ် ချင်မူးတူးပြန်ဖြေသလား။ မနက်ဖြန် နိုးလာတဲ့ အခါကျမှ သူ့ဘေးမှာ ကိုယ်ထာဝရ အိပ်ပျော်နေတာ တွေ့တဲ့ အခါ မနေညဆိုတာက ကိုယ်တို့ နှစ်ယောက် အတွက် နောက်ဆုံးတညပါလား။

တနေ့ တနေ့ အိပ်ရာကနေ နိုးလာတဲ့ အခါ ဘဝမှာ ကိုယ်ဘာတွေ လက်လွှတ်ခဲ့ရသလဲ၊ ဆုံးရှုံးခဲ့ဖူးသလဲ လို့
တွေးမိကြလား။

ကိုယ်ကတော့ မနေ့ညက မအိပ်ခင်အချိန်မှာ မောင့်ရဲ့  နွေးထွေးမှု နဲ့ မလွဲခဲ့ချင်သလို မောင်နဲ့ တူတူကျော်ဖြတ်ကြရမယ့် မနက်ဖြန်ပေါင်းများစွာ ကိုလဲ မလွဲချင်ပါဘူး။

I miss your spooning every night my darling.

A Chen
9:36 PM
Tuesday
20th Mar 2012
Home
Bangkok  

ကောင်းကင်ဘုံရနံ့ နတ်သားရနံ့

ဟောင်ကောင် ရုပ်ရှင် လာဗင်းဒါး (Lavender) ဆိုတာကြည့်ဘူးပါသလား။ လာဗင်ဒါး ဆိုတာ ရေမွှေးပန်းကိုခေါ်တာပါ။ ခရမ်းရောင်လေးတွေရှိတယ် ဥရောပဘက်မှာ ပေါက်တယ် ခရမ်းရောင်ပန်းခင်းကြီး တခုလုံး လမ်းကြား ညီညီလေးတွေနဲ့ တွေးကြည့်စမ်းပါ ဘယ်လောက်များ ဆွတ်ပျံ့ ကြည်နူးစရာကောင်းလိုက်မလဲလို့ အဲ့လို ပန်းခင်း ခရမ်းရောင်ပေါ်မှာ နတ်သားတပါး ပျံ နေမယ်လို့ မြင်ရောင်ကြည်စမ်း။ ဘေးမှာတော့ ရထားတစင်းပြေးနေတယ် ရထားပေါ်မှာ ကျန်ခဲ့တဲ့ ကောင်မလေးက မနက်စာ စားပွဲပေါ်မှာ ငိုနေတယ်။ မျက်ရည်တွေက ရေခွက်ထဲကို တစက်စက်ကျလို့ ရေတွေတောင် လျှံကျလာတဲ့အထိပဲ။ အဲ့ဒီ ရုပ်ရှင်ကို ကဗျာ တပုဒ် ရေးဖူးပါတယ်။ ဒီမှာ ဘတ်ပါ။

ရုပ်ရှင်က မင်းသမီး/အဆိုတော် Kelly Chen ။ ဟောင်ကောင် အဆိုတော် Eson Chen နဲ့ မင်းသား Takeshi kaneshiro ဂျပန် တရုတ်စပ်မင်းသား တို့ ပါဝင် သရုပ်ဆောင်ထားကြတာပါ။

ဇာတ်လမ်း အကျဉ်းက ဒီလိုပါ။ မင်းသမီးက အရိုမား သရပစ် လို့ခေါ်တဲ့ ရနံ့ ကုထုံး ပညာရှင် ချစ်သူသေသွားတာ မကြာသေးလို့ အသည်းကွဲနေတယ်၊ မင်းသမီးရဲ့ အိမ်နီးနားချင်း ဂေး အဖြစ် အီစန်ချမ်း က သရုပ်ဆောင်ထားတာ။ တနေ့တော့ မင်းသမီး ရဲ့ တိုက်ခေါင်မိုးပေါ်ကို နတ်သားတပါး (တာကရှိ) ပြုတ်ကျလာတယ်။ ဟုတ်ကဲ့ ကိုယ်တို့လဲ သူသူကိုယ်ကိုယ် နတ်သားပဲဖြစ်ဖြစ် နတ်သမီးပဲဖြစ်ဖြစ် ကိုယ့်အိမ် ဘယ်ကိုနီ ပေါ်ကို ပြုတ်ကျစေချင် ကြတာပေါ့။ ဒါပေမယ့်လေ ရတာမလို လိုတာမရတဲ့ ဂျဇူး (ဂျဇူး ဆိုတာ ဘာကိုပြောချင်တာလဲ လို့ သိချင်သူများ John Carter of MARS ကိုကြည့်ကြကုန်) လောက မှလား။ အဲ့ဒီ နတ်သားက လူ့ပြည်မှာ အသက်ရှင်ဖို့ အတွက် အချစ်လိုတယ်။ တခါတခါ ခန္ဓာကိုယ်ချင်းထိစပ်တဲ့ အချစ်နဲ့ အသက်ဆက်လို့ ရပေမယ့် တကယ်က အချစ်စစ် လိုတယ် အငွေ့ဖြစ်စေ အချစ် စစ်ရမယ်။ ဒါပေမယ့် မင်းသမီးက အရင်ရည်းစား အန္ဒရူး ကို သတိရနေတုံးပဲ။ တမ်းတနေတုံးပဲ။ အိန်ဂျယ်နဲ့ တောင်ရှေ့မဆက်နိုင်ဘူး။ ကြားထဲမှာ အရင် အန္ဒရူး တုံးကလဲအသေအလဲ လိုက်ကြိုက်ခဲ့တဲ့ အိမ်နီးနားချင်း ဂေးမမ ကလဲအိန်ဂျယ်ကို အသေရရ အရှင် ရရ။ မင်းသမီး အသီနာ ကလဲ အိန်ဂျယ်ကို ချစ်မလာ အိန်ဂျယ်က လဲအချစ်စစ် ကိုလိုအပ်နေကျန်တာကိုတော့ ငွေရောင်ဖန်သားပြင်ပေါ်မှာသာ ရှုပေတော့……..

ကိုယ်ကတော့ ဖိနပ်တွေကို သီချင်းဖွင့်ပြီး အိန်ဂျယ်က ကစေတဲ့ အခန်း၊ အသီနာ အိန်ဂျယ် ကိုချစ်မိဖို့ အတွက် သူ့နတ်ပြည်က သူငယ်ချင်းတွေက လူယောင်ဖန်ဆင်းပြီး ကူတဲ့အခန်း မင်းသမီး လမ်းလျောက်တာကို တီလုံးနောက်ခံနဲ့ ရိုက်ပြတဲ့ အခန်း နောက် ဥရောပမှာ လာဗင်းဒါး ပန်းခင်းဘေးမှာ ရထားပေါ်ကနေ မင်းသား ခုန်ချ အတောင်ပံဖြန့် ပျံတဲ့ အခန်း တွေ ကို ကိုယ်သိပ်ကြိုက်ပါတယ်။

ရီဗျူး ဘတ်ချင်သူတွေ အတွက်က ဒီမှာ သင့်ရဲ့ ပြွန်ကနေ ကြည့်ချင်သူတွေ အတွက်က ဒီမှာ တရုတ်ဝီကီ ကနေကြည့်ချင်သူတွေ အတွက်က ဒီမှာ ဒေါင်းလုတ်လုပ်ချင်သူတွေ အတွက်က ဒီမှာ ရှာကြည့်ကြကုန်။

ကဲ တီချမ်း တို့ ထုံးစံအတိုင်း မလိုအပ်တာတွေ လျှာရှည်နေလိုက်တာ ရုပ်ရှင်ရီဗျူး ဖြစ်နေပြီ။ တကယ်ရေးချင်တာက ခုမှလာမှာ……..ရုပ်ရှင် ထဲမှာ အခန်းတခန်း ပါတယ်။ အိန်ဂျယ်က သူနေလာခဲ့တဲ့
ကောင်းကင်ဘုံကို လွမ်းလို့ ရနံ့ ပညာရှင် မင်းသမီးကို ကောင်းကင်ဘုံ ရဲ့ ရနံ့ ဖော်စပ် ခိုင်းတာ။ ယီလိင် ယီလိင် ဆိုတဲ့ ရနံ့ တမျိုး ပါတာ ကိုယ် နာမည်ကြောင့် မှတ်မိနေတယ်။

ခုမှ ပိုစ့်က စမယ်။ ခုနက ခြေဆင်း။ ကိုယ် ဘတ်ဖူးတာနဲ့ ကိုယ်တွေးမိတာလေးတွေ ဆက်စပ်ပြီး ပြောချင်တာ။

အင်္ဂလိပ်နဲ့အမေရိကန် သိပ္ဗံပညာရှင် (လောကဓါတ် ပညာရှင် လို့ ခေါ်ရတာကို ပိုကြိုက်တယ်) တွေရဲ့ လေ့လာမှု
တွေ့ရှိချက်တွေအရ ရနံ့တွေက လူတွေ ရဲ့ မှတ်ဥာဏ် မန်မိုရီ ကို လှုံ့ဆော်ပေးတယ် ဆိုပါတယ်။ ကိုယ်တို့ဦးနှောက် ထဲမှာ ရနံ့ ကို သိမှတ်တဲ့ ပွိုင့် နဲ့ မန်မိုရီ ကိုတာဝန်ယူတဲ့ ပွိုင့် တွေက နီးနီးလေးမှ တကယ့်နီးနီးလေးပဲ လို့ဆိုပါတယ်

အဲ့ဒီအဆိုကိုယ် ကိုယ်က လုံးဝ ဥသုံ ဘုတ်ဆုံ လိုထောက်ခံပါတယ်။ ရှင်းပြမယ်။ ကိုယ်တို့တွေ ဖြစ်ဖူးကြတာ တခုရှိတယ်။ အများစု အတွက် မပြောဘူး ကိုယ့်တသီးပုဂ္ဂလ ပဲ ပြောမယ်။ သူငယ်ချင်းတွေ မိတ်ဆွေတွေ မိဘ မောင်နှမ သားချင်းတွေ ရဲ့ အီးနံ့ ကို ကိုယ်မှတ်မိနေတယ်။ တယောက်ယောက် ပေါက်ရင် အဲ့တာ သူပဲ လို့ ကိုယ့်မှတ်ဥာဏ်က တခါ ရှုဖူးရင် မှတ်မိနေတယ်။ အမြဲမှန်တယ် ကြိုက်သလောက် ငြင်း ပြီးရင် ဝန်ခံရမယ်။

နေအုံး အဲ့ဒီ ဥပမာ က သိပ် ရိုမန်မတစ်ဘူး ဖြစ်နေတယ်။ နောက်တမျိုး ပြောင်းပေးမယ်နော်။

ဖြစ်ဖူးကြမှာပါ။ အနံ့ တခုခု ကိုရလိုက်တဲ့ အချိန်မှာ နေရာ တခုခု ကို သတိပြန်ရတာ။ ပိုလွယ်တဲ့ ဥပမာက မုန့် အနံ့ တခုခု ကို ရလိုက်တဲ့ အခါ ငယ်ငယ်က ဘဝလေးကို ပြန်ပြောင်း သတိရတာ။ မိုးရွာလို့ မြေသင်းနံ့ လေးရရင် ချစ်သူနဲ့ တူတူ လည်ဖူးတဲ့ မြေနီလမ်းကြားလေးကို သတိရတာ။ အကောင်ပုပ်နံ့ ရရင် ကိုယ်သတ်ခဲ့ဖူးတဲ့ လူသေ အလောင်းကောင် မြုပ်တဲ့ ည ကိုပြန်သတိရတာ (အလကားစတာ) စသဖြင့်ပေါ့။

ကိုယ်ကတော့ အနံ့ အာရုံ အရမ်းကောင်းတဲ့ အထဲမှာ မပါဘူး။ အနံ့ နဲ့ နေရာတွေ ကို မတွဲ မိတတ်ဘူး။ ဥပမာ အနံ့ တခု ကိုရတာနဲ့ ဘယ်နေ့ ဘယ်နေရာ ဆိုတာမျိုး ကိုယ့်မှတ်ဥာဏ်ထဲမှာ ပေါ်လာလေ့မရှိဘူး။ အနံ့ နဲ့ဆက်စပ်ပြီး ကိုယ့်မှတ်ဥာဏ် နဲ့ ကိုယ် ဆက်စပ် တွဲမိ သတိရ တတ်တာက လူပဲ။ ဟုတ်တယ် မောင့် ကိုယ့်နံ့ ကိုစွဲနေတတ်ပါတယ်။

လူတိုင်းရဲ့အရေပြားပေါ်မှာ သူ့တယောက်စာ ရနံ့ တမျိုး ရှိတတ်ပါတယ်။ အဲ့တာ ဘယ်သူနဲ့မှ မတူတတ်ဘူး။ လူတယောက်နဲ့တူတူနေတာ ကြာလာတဲ့ အခါ အဲ့ဒီ လူရဲ့ ကိုယ်နံ့ကို မှတ်မိလာတတ်ပါတယ်။ စွဲလာတတ်ပါတယ်။ အဲ့ ရနံ့ ကို ဘယ်လိုဟာမျိုးလဲ လို့ ခွဲခြားပြောပြတတ်မှာ မဟုတ်ဘူး။ ဒါပေမယ့် အဲ့အနံ့ကို ကိုယ်ပဲ သိတယ်။ တခြား ဘယ်သူ့ဆီမှာ မှ မရှိသလို ရလဲ မရဘူးဘူး ကိုယ့်ချစ်သူ တယောက်ထဲမှာ ပဲ ရှိတယ်။ တချို့တွေ ပြောကြတယ် သစ်တော်သီး ရနံ့ လေးသင်းနေတယ် ဘာညာလေ အဲ့တာ ညာတာ။ ဘယ်လိုပြောမလဲ ကိုယ်ထင်တယ် ချိုအီ တာကို တင်စား ပြောချင်တာ ဖြစ်မယ် နည်းနည်း သက်ညှာပေးလိုက်တယ်။

တခါတခါ မောင့်ကို အရမ်းချစ်စနိုး ဖြစ်လာရင် မောင့် လည်တိုင်လေးကို ကပ်ပြီးတော့ မောင့် ကိုယ်နံ့လေးကို ကိုယ် ခိုးနမ်းတတ်ပါတယ်။ (အရင် ရည်းစားတွေ ကော အနံ့မမှတ်မိဘူးလားဆိုတော့ မောင့်လောက် ချစ်ခဲ့တာ တယောက်မှ မရှိလို့ပေါ့) မိုက်တယ်နော် တီချမ်း တို့ က အကာနဲ့ အပင့်နဲ့ဟပ်နေတာပဲ။ တခါတခါလဲ မောင့်ကို တင်းတင်းကြပ်ကြပ်လေး ဖက်ပြီးတော့ မောင့် ကိုယ်နံ့ကို ခပ်ပြင်းပြင်း