ရွယ်နုတဲ့ အချစ်ကလေးတွေ

အင်ထရို။

ကဲရေးလိုက်ပါအုံးမယ်လေ။ မြင်လာတော့လဲရေးချင်လာတယ်။ တနေ့ကလဲ မိုးမိုးဦး လား မို့မို့ဦးလားမသိပါဘူး။ ဖဘမှာ တီ့ကို အရင်လို ယောက်ျားမိန်းမ အချစ် ရီလေးရှင်းရှစ်ပ်ဆောင်းပါးလေးတွေရေးပါအုံးပြောလာပါတယ်။ တီလဲရေးရတာ ကြိုက်ပါတယ် အဲ့တာလေးတွေကို သို့သော် အင်စပရေးရှင်းက လာမှ ရေးလို့ရတာကလား။ ခုတလော ကိုယ့်ရီလေးရှင်းရှစ်ပ်ကလဲ စတေဘယ်လ်ဖြစ်နေတော့ ရေးစရာသိပ်မရှိဘူးပေါ့။ ဒီနေ့တော့ နေ့လယ်က ထမင်းစားထွက်ရင်း တွေ့လာတာလေးကြောင့်ရေးစရာရလာတယ်။ တလက်စတည်း ကြေငြာဝင်ရရင်တော့ တီ့အရင်က ရေးထားသမျှ အဲ့လိုဆောင်းပါး အပုဒ် ၇၀ ကျော်ကို နန်းညီနဲ့ သူ့သူငယ်ချင်း ခိုင်စိုးလင်းတို့ က အီးဘွခ် အဖစ်ဖန်တီးပေးနေကြပါပြီ။ ပြီးရင် ပီဒီအက်ဖ် နဲ့ ရမှာမို့ တီ့ အမာခံပရိတ်သတ်တွေဆောင်းပါးချည်းပဲ တဝကြီး ဘတ်ရမှာပါ။ အခြေအနေပေးရင် ယောက်ျားပိုက်ဆံနဲ့ အဲ့တာကို စာအုပ်ထုတ်မယ် စဉ်းစားပါတယ်။ ရှုံးရင်တော့ သူ့ပိုက်ဆံပလုံပစေပေါ့။ မြတ်ရင် နာမည်ကြီးလာရင် ကိုယ်ကြီးမှာလေနော်။ ပိုစ့်ခေါင်းစဉ် ကို ကိုတာရာ ရဲ့ဝတ္ထု ဇာတ်ပို့တယောက် နာမည်ယူသုံးထားပါတယ်။ အဲ့စာအုပ်ကို ခဏခဏ ပြန်ဘတ်ပေမယ့် စဘတ်ကတည်းက အဲ့ဇာတ်ပို့နာမည်ကို ရွက်နု လို့ အမြဲမှားဘတ်နေကျ နောက်မှ ရွယ်နု လို့ရေးထားမှန်း သိသွားတော့ နာမည်ကြီးက ဘယ်လိုလဲလို့တောင် ဖြစ်မိသေးတယ်။ ထားတော့ ခုတော့ ဒီပိုစ့်လေးနဲ့ လိုက်ဘက်လို့ယူသုံးလိုက်တယ်။ ခွင့်လွှတ်ပါ ကိုတာယာ။ မောင်မျိုးကတော့ မပိုင်ဘူးထင်တာပဲ။ ထား…

ရွယ်နုတဲ့ အချစ်ကလေးတွေ

foto from google

ဒီနေ့ ထမင်းထွက်စားပြီး ကော်ဖီသောက်ဖို့ Starbucks မှာ ခဏထိုင်ဖြစ်တော့ လူငယ် စုံတွဲလေးတွဲ ကလေးတွေ ကစားတဲ့ ကစားနည်းလေးတခု ကစားနေကြတာတွေ့ရတယ်။ (သိကြမှာပါ။ တယောက်နဲ့တယောက် မျက်လုံးချင်းစိုက်ကြည့်ပြီး အရင်မျက်နှာလွှဲတဲ့သူ သို့ မျက်တောင်ခတ်တဲ့သူက အရှုံးလေ။ ရွယ်နုစဉ်အခါက စာဘတ်သူတို့လဲ ကိုယ့်ချစ်သူနဲ့ ကစားလဲကစားဖူးကြမှာပါ။) သူတို့နှစ်ယောက် တယောက်ကို တယောက် စူးစူး နစ်နစ် ကြင်ကြင်နာနာ လေးလေးနက်နက် ချစ်ရည်ရွှန်းတဲ့ အကြည့်လို့ တင်စားကြတဲ့ မျက်ဝန်းလဲ့လဲ့လေးတွေနဲ့ စိုက်ကြည့်နေကြတယ်။ ဘယ်သူ အရင်မျက်တောင်ခတ်ရင် အဲ့ဒီသူက အရှုံးလေ။ အဲ့လိုမြင်လိုက်ရတဲ့ အခိုက်အတန့်မှာ အော် ငယ်ရွယ်သူတို့ရဲ့ ပျိုမြစ်နုနယ်တဲ့ အမူအရာ၊ ကလေးဆန်မှုလေးတွေက သိပ်ချစ်စရာကောင်း သိပ်လှတာပဲ လို့ မတွေးမိဘဲမနေနိုင်ပါဘူး။

ကြည့်ရတာ သူတို့နှစ်ယောက် အချစ်နွံထဲကို ခုမှ စနစ်နေကြသလို၊ စိတ်လှုပ်ရှားမှုအပြည့်နဲ့ ခုမှပဲ စချစ်ကြသလို၊ အချစ်ဆိုတာ ဒီလိုပါလား လို့စသိကြသလို၊ စတဲ့ ချစ်စခင်စ ကြည်နူးစ ဆိုတဲ့ သရုပ်ဟန်မူရာတွေအပြည့်နဲ့ပါ။ နှစ်တွေအများကြီး တူတူနေကြပြီးသား၊ ချစ်ခင်တဲ့ အချိန်တွေ ကြာလှပြီဆိုတဲ့ ချစ်သူရည်းစားတွေ ဘယ်ဒီလို လူမြင်ကွင်းမှာ လုပ်ကြပါ့မလဲနော်။

တခါကလဲ ကုန်းကျော်တံတား တခုအပေါ်မှာ အခုလိုပဲ သူငယ်အတွဲတွဲ ကိုတွေ့ခဲ့ဖူးပါတယ်။
ကောင်မလေးက ကောင်လေးကိုဆူနေတာလား၊ စိတ်ကောက်နေတာလား မသိပါဘူး။ ပါးစပ်ကနေ စက်သေနတ်ပစ်သလိုပဲ တရစပ်ကို ပြောနေတာပါ။ ပွစိ ပွစိတောင်မဟုတ်ပါဘူး။ အော်ကျယ်ဟစ်ကျယ်ပါ။ အဲ့ဒီ မှန်ကြောင်ကောင်လေးကတော့ သနားစရာမျက်နှာလေးနဲ့ ကောင်မလေးဘေးမှာရပ်ပြီး ဘာမှ ပြန်မပြောရှာပါဘူး။
နောက်ဆုံးတော့ ကောင်မလေးက သူ့ ဟမ်းဖုန်းကို ကောင်လေးခေါင်းကို ကောက်ပေါက်လိုက်ပြီး…..
“နင့်ကို ငါနောက် ဘယ်တော့မှ မတွေ့ချင်ဘူး” လို့ ပြောပြော ငိုငို နဲ့ ထွက်ပြေးသွားပါတယ်။ ကောင်လေးကတော့
ဘာသံမှ တချက်မထွက်ဘဲ ငူငူငိုင်ငိုင်နဲ့ အဲ့ဒီနေရာမှာပဲ ရပ်ကျန်ခဲ့ပါတယ်။

နေ့တိုင်း နေ့တိုင်း အချစ်ဇာတ်လမ်းတွေ ဇာတ်ဝင်ခန်းတွေအများကြီး လမ်းတွေပေါ်မှာ လမ်းကြားထဲမှာ ဈေးထဲမှာ
ကော်ဖီဆိုင်ထဲမှာ ရုပ်ရှင်ရုံအောက်မှာ ပန်းခြံထဲမှာ ဖြစ်နေ ပျက်နေကြပါတယ်။ တခါတခါ မင်းသား မင်းသမီးက ကိုယ်တွေကိုယ်တိုင်ဖြစ်နေတတ်သလို တခါတခါတော့လဲ ငါသူတပါး ယောက်ျား မိန်းမတွေပေါ့လေ။ တခါတခါ သူများတွေက ကိုယ့်ရုပ်ရှင်ထဲက ဖြတ်လျောက်ဖြစ်လာသလို တခါခါတော့လဲ ကိုယ်က သူများ ရုပ်ရှင်ထဲက
ဒေါ်ထားနဲ့ အဖွဲ့ပေါ့။ တခါခါတော့လဲ ကိုယ်က သူ့ရုပ်ရှင်ကြည့်ပရိတ်သတ်ဖြစ်သွားတတ်သလို တခါခါကျတော့လဲ သူတို့တွေက ကိုယ့်ပရိတ်သတ်ဖြစ်သွားတတ်ကြပြန်တာပေါ့လေ။

ချစ်သူများနေ့မှာ ကောင်လေးတယောက် နှင်းဆီပန်း အနီရဲရဲ တောက်တောက် လှလှလတ်လတ် တစည်းနဲ့ လျောက်တာတာတွေ့ရင် အူကြောင်ကြောင်နိုင်လိုက်တာလို့ မတွေးမိဘဲမနေပါဘူး။ ဒါပေမယ့် တကယ်တမ်းစဉ်းစားကြည့်တော့ သူက အချစ်အတွက် အချစ်ရဲက စွမ်းအားကြောင့်သာ လူတွေ ရယ်ရင်ရယ်ပစေ ဆိုတဲ့ အရဲကိုးမှုမျိုး သတ္တိမျိုးရှိတာ မဟုတ်ဘူးလား။

လမ်းပေါ်မှာ လူငယ်စုံတွဲတတွဲ အချစ်တွေလျှံဖိတ်ပြီး ပွေ့ဖက် နမ်းရှုတ်နေတာ မြင်တယ်ဆိုပါတော့၊ တကယ်က ဒီလိုမျိုး မြင်ကွင်းဟာ ရုပ်ရှင်ဇာတ်ဝင်ခန်းထဲက ဗလတောင့်တောင့် မင်းသားနဲ့ ဆက်ဆီ ကျကျ မင်းသမီး နမ်းရင်သာမိုက်တာ၊ ဒီအူကြောင်ကလေးနှစ်ကောင် နမ်းနေတာ ဘယ်လိုမှ ကြည့်မကောင်းတဲ့ အပြင် လမ်းသွားလမ်းလာတွေတောင် စိတ်အနှောင့်အယှက် ဖြစ်စရာပေပ လို့ တွေးမိပေမယ့် သူတို့ နှစ်ယောက်ကိုလဲ လှမ်းမကြည့်ဘဲမနေနိုင်ဘူး။ သူတို့နှစ်ယောက်ကလဲ လူကြားထဲမှာတောင် ဒီလိုထိန်းမနိုင်သိမ်းမရ ဖြစ်ပျက်နေတယ် ဆိုတာ လိင်စိတ်တွေ ထကြွနေလွန်းကြလို့ ဆိုတာထက် အချစ်ထဲမှာ ပျော်ဝင် နစ်မြုပ်နေကြလို့သာ လိုက်၏ မလိုက်၏ ကောင်း၏ မကောင်း၏ သင့်တော်၏ မသင့်တော်၏ ဆိုတာတွေထက် အချစ်အတွက် လုပ်မိတဲ့ အပြုအမူလေးတွေပဲ မှလား။

စဉ်းစားပါလေ။ ချစ်စခင်စ ကြင်နာစ သည်းသည်းလှုပ်ချစ်နေကြတုံး အစပိုင်းကာလတွေမှာ ဘယ်သူဒီလိုမလုပ်ဖူး မလဲနော်။ မလုပ်ဖူးသေးဘူးဆိုရင် အဲ့တာ ဘဝရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး အတွေ့အကြုံပိုင်းလေးတွေ နည်းခဲ့တယ် မှတ်ပါ။ မလုပ်ဖူးတာ ဂုဏ်ယူစရာမဟုတ်သလို လုပ်ဖူးတာလဲ ရှက်စရာမဟုတ်ပါဘူး။ ရွယ်နုတဲ့ အချစ်လေ။ ပြောခဲ့တယ် မှလား။ ရူးရူးမိုက်မိုက်ချစ်တယ် ဆိုတဲ့ စကားက သူ့ဘာသာသူ ဖြေရှင်းပြီးသား အဓိပ္ဗါယ် ပြည့်ဝပြီးသားပါ။ ဘာနမ်စား ဘာနာမဝိသေသနမှ နောက်ထပ်မလိုပါဘူး။ (စကားစပ်လို့အရင်တပိုစ့်မှာ စာဘတ်သူတယောက်က အခုအချိန်ထိ ရည်းစားစာ အပေးမခံရပါဘူးတဲ့ ယောက်ျားကော ကလေးကော ရနေပြီ၊ မိုက်လိုက်လေခြင်းနော်။ သူ့ယောက်ျားကို ရည်းစားစာ ပြန်ပေးခိုင်းလိုက်ပါလို့အကြံပေးလိုက်တယ်)

တနေ့ ကိုယ့်အရွယ် ရောက်တဲ့အခါ ပြန်တွေးကြည့်လို့ရှိရင် အဲ့ဒီ ရွယ်နုစဉ်အခါက ဖြစ်ခဲ့တဲ့ ရူးရူးမိုက်မိုက်အချစ်ကလေးတွေကို ပြန်သတိရလာလို့ရှိရင် စာဘတ်သူကို နောင်တတွေနဲ့ မနေစေ့ချင်ပါဘူး။ အဲ့တာကြောင့် ချစ်စရာရှိတာလေးတွေကို ရွယ်နုတုံး ရူးရူးမိုက်မိုက် လုပ်သာလုပ်ပစ်လိုက်ပါလို့ပဲ……

A Chen
3:32 PM
8th Dec 2011
Thursday
Bangkok

တယောက်တည်းပိုးတဲ့ နှစ်ယောက်စာ ဝန်ပိုး

ကြာပါပြီ ကိုယ်ကြိုက်ခဲ့တဲ့ ဇာတ်ဝင်သီးချင်းလေးတပုဒ်ပါ ရုပ်ရှင်ကတော့ ဟောင်ကောင်ေ-ာက်ပေါကားတွေလိုပါပဲ။ ဆိုးဆိုးပါ။ သီချင်းလေးကိုကြိုက်သလို ရှိုက်သံလေးနဲ့ ဆိုသွားတဲ့ စီစီလီယာ ကိုလဲ ကြိုက်လို့ ပြန်ပြီးတင်လိုက်ပါတယ်။ ပုံတွေကိုလဲ ထုံးစံအတိုင်း ဂူဂဲလ်ကယူပါတယ်။ အဲ့ကနေမယူရင် ဘယ်ကနေယူမလဲနော် မေးတတ်တယ်…

တယောက်တည်းပိုးတဲ့ နှစ်ယောက်စာ ဝန်ပိုး
မှီတွယ်စရာ ရင်ခွင်ရှာမရတဲ့ ကလေးလေးလို အလိုမကျတဲ့ မျက်နှာနဲ့မနေပါနဲ့ ဒီလိုအခြေအနေရောက်မှတော့ ကိုယ်မင်းကို ခွဲခွာ ထားရစ်ခဲ့ရတော့မယ် ကောင်းကောင်းမတ်မတ် ရပ်နေခဲ့စမ်းပါ မင်းအနားပတ်ဝန်းကျင်က မင်းကိုချစ်တဲ့သူတွေကို နာကျင်စေခဲ့ပြီးတော့မှ အရင်တုံးက ဘာလို့များ မရိုးသားခဲ့တာလဲဆိုပြီးတော့လဲ မင်းကိုမင်း အပြစ်တင်မနေပါနဲ့တော့

မင်းက ကိုယ့်ဘဝ အတွက်အဆိုးဆုံးဖြစ်ခဲ့သလို အချစ်ဆုံးလဲဖြစ်ခဲ့ပါတယ် မင်းရဲ့အနာဂတ် အတွက် ကိုယ်နောက်ထပ်စောင့်ရှောက် တာဝန်ယူခွင့်မရှိတော့ရင်လဲ ကိုယ်ကတော့ အကောင်းဆုံးပဲ လုပ်ပေးခဲ့ချင်ပါတယ် လူနှစ်ယောက်ရဲ့အချစ်ဝန်ထုပ် ကို ကိုယ်တယောက်တည်းပိုးရရင်တောင် ဘဝဒဏ်ရာဒဏ်ချက်တွေ ဘယ်လောက်ခါးခါး ကိုယ်မငြိုငြင်ပါဘူး မင်းအတွက်သာဆိုရင် အတိတ်မေ့မယ်ဆိုတဲ့ ပင်လယ်ခါးကြီးထဲလဲ ကိုယ်ခုန်ဆင်းပြီး ပြန်လည်ရှင်သန်လာချင်ပါတယ်
ဘာလို့များ သိပ်ကြေကွဲနေမလဲကလေးလေးရယ် အချစ်တွေ ဘယ်နှခုကများ ခဏခဏ အစကနေပြန် စ ခွင့်ရကြလို့လဲ ဘုရားသခင်ရဲ့အလိုတော်အတိုင်းပေါ့ အခြေအနေရောက်မှတော့ နောင်ကို ဘယ်လိုပြောင်းလဲနိုင်မလဲပဲ စဉ်းစားပါ နောက်ထပ် ယုံကြည်မှုကိုမစောင့်မျှော်ပါနဲ့တော့ ယုံကြည်မှုဆိုတာ တည်ဆောက်ယူရတာပါ အချိန်လိုပါတယ် ဒီတခါကျရင်သာ ကိုယ့်ကိုကိုယ် ရိုးသားသလို အဲ့ဒီရိုးသားမှုနဲ့ကိုယ့်ပတ်ဝန်းကျင်က လူတွေကို စောင့်ရှောက်ကြင်နာပါ မင်းကို ချစ်တဲ့ သူတွေကို မနာကျင်ပါစေနဲ့တော့ ….

一个人背两个人的债.

歌手名:张柏芝
专辑名:河东狮吼

别像个小孩
带着一脸的无奈
找不到依赖
事到如今
我要离开
好好站起来

不要再责怪
为什么从前不坦白
让你身边爱你的人受伤害
你是我一生的最坏
也是我一生的最爱
不能再照顾你的未来
我也要做的明明白白
一个人背两人的债
受多少苦我也能挨
为你跳进忘情苦海
死去再活来

何必太悲哀
多少爱可以重来
上天的安排
事到如今
怎样去改
不要再期待
对自己坦白
对身边的人都关怀
不要再让爱你的人受伤害
你是我一生的最坏
也是我一生的最爱
不能再照顾你的未来
我也要做的痛痛快快
一个人背两人的债
受多少苦我也能挨
为你跳进忘情苦海
死去再活来

အုတ်မီးလ် စပျစ်သီးခြောက် ကွတ်ကီးလေးတွေ လုပ်ကြမယ်

တီချမ်းတယောက် ဟင်းမချက်တာကြာပြီနော် လို့လာလာအော်နေသူတွေအတွက်ပါ။ အပြောင်းအလဲလေးတမျိုးဖြစ်အောင် ဒီတခါတော့ ဟင်းမချက်ဘဲ မုန့်ဖုတ်လိုက်ပါတယ်။ ငယ်ငယ်ကတော့ ကျိုင်းတုံမှာနေတုံးက ဦးလေးက ကြက်ခြံတွေပိုင်တော့ အဒေါ်က ကြက်ဥတွေ လက်ကားပေးတယ်။ ကြက်ခြံတခုလုံးဆိုတော့ အကွဲတွေကနေ့တိုင်းပါတာကလား။ အဲ့တော့ တီတို့က အလေအလွင့်မရှိရအောင် ကြက်ဥ ကိတ်မုန့်လေးတွေ ဖုတ်ကြပါတယ်။

အဖွားအတွက်မနက်စာလဲရ တခါတလေလဲ ကော်ဖီလေးနဲ့ သောက်လို့အဆင်ပြေ ကြက်ဥတွေလဲ အလေအလွင့်နည်း ဆိုတော့ ဝင်း ဝင်း ဝင်း ပေါ့

ခုလောလောဆယ် အိမ်မှာ သူငယ်ချင်းတယောက် ဒီဇင်ဘာ ဟော်လီးဒေး အလည်ရာက်လာတယ်။ သူက အရင်က မဲစောက်မှာနေတယ်။ ခုတော့ မဲစောက်ထက်တောင်မှ ပိုတောကျတဲ့ မဲစရီယန်ဆိုတာကိုရောက် သွားတော့ အဲ့မှာက ဘာမှ ဝယ်စားဖို့ မလွယ်ဘူး တမြို့လုံးကိုမှ စားသောက်ဆိုင်ဆိုတာ လက်ချိုးရေလို့ရတယ်။ သံလွင်မြစ်ကမ်းပါးပေါ်မှာ တည်ထားတဲ့ တောင်ပေါ်မြို့ကလေးက နေချင့်စဖွယ် သာသာယာယာရှိပေမယ့် သူငယ်ချင်းက အစားမက်တဲ့ထဲကဆိုတော့ အဆင်မပြေဘူး။ အဲ့တော့ သူက အခုတလော ဟော်ဘီ ခေါ်မလား တခုရနေတယ် အဲ့တာကတော့ ကိတ်မုန့်တွေကွတ်ကီးတွေဖုတ်တာပါပဲ။ တီကလဲ ကွတ်ကီး ကို ကိုယ်တိုင်လဲ ကြိုက်သလို တခါတခါလဲ တခုတ်တရ ဝယ်စားလေ့ရှိတော့ ဖုတ်ကြည့်ချင်တာနဲ့ လုပ်ဖြစ်ကြတာပါ။ သူ့အတွက်ကလဲ ၃ ခါမြောက်ဖုတ်ခြင်း တီ့အတွက်ကတော့ အခုမှ အစပေါ့လေ။ အိမ်မှာ အာဗင် ရှိနေတာလဲပါပါတယ်။ ရှိသာနေတာ တခါမှ မသုံးရသေးဘူး။ အရင်အိမ်မှာလဲရှိတယ်။ ပြောင်းသာသွားတယ် မသုံးဖြစ်ခဲ့ဘူး။ ခုအိမ်လဲရောက်တာ ၁ နှစ် ရှိပြီ မသုံးရသေးတော့ လုပ်ကြမယ်ပေါ့။ ပြောရအုံးမယ် ဖုတ်နည်းကို သူက နောက်သူငယ်ချင်းတယောက်ဆီကနေ သင်ထားတာပါ။ အဲ့တာနဲ့ နှစ်ယောက်ပေါင်းလောင်းကျော် ကြည့်ကြတာပေါ့။ ကဲ လောင်းပဲ ကျော်မလား ပြုတ်ပဲကျမလားကတော့ စာဘတ်သူပဲ ကိုယ်တိုင်ရှုတော့။

အောက်ဆုံးမှာ တီတို့ အင်တာနက်က ရှာတဲ့ ရပ်စပီ ကိုလဲ ထည့်ပေးထားပါမယ်။ ရပ်စပီ အတိုင်းလုပ်ကြတာပါပဲ။
ပထမဆုံး ပါဝင်ရမယ့် ပစ္စည်းတွေပြမယ်နော်။

ကြက်ဥက (၂) လုံးပါ။ ထောပတ် က ဆားမပါတဲ့ အဆိမ့်ကိုရွေးဝယ်ပါ။ နောက် ဘေးက မဲမဲ အိတ်က သကြားညိုခေါ် ဘရောင်ရှုးဂါးပါ။ ကြံသကာနဲ့ မှားမဝယ်ပါနဲ့နော်။

ပထမဆုံး အထုပ်က ဂျုံမှုန့်ပါ၊ All Purpose Flour ဆိုတာမျိုးကိုရွေးဝယ်ပါနော်။ သူက ကိတ်မုန့်ဖုတ်တဲ့ အမှုန့် ၊ တခြားအမှုန့်စတာတွေနဲ့မတူပါဘူး။ နောက် ဒုတိယ အထုပ်ကလေးက အုတ်လ်မီးလ်ပါ သူ့ကိုလဲ နို့နဲ့ ကျိုသောက်တဲ့ အမျိုးအစားရွေးဝယ်ပါ Porridge Oats လို့ခေါ်ပါတယ်။ နောက် သူက အစေ့ကြီးသေးလဲ ရှိပါသေးတယ် ကွတ်ကီးအတွက်ကတော့ အစေ့ကြီးမျိုး Big Leaf ကိုရွေးပါ။ နောက်ဆုံးပုံကတော့ အများသိတဲ့ စပျစ်သီးခြောက်ပါပဲ။ Ligo တံဆိပ် အစေ့လွတ် ရွေးလိုက်ပါတယ်။

ဒါကတော့ ဘေးကင်းပေါင်ဒါပါ။ ဘေးက စီနမွန် လို့ခေါ်တဲ့ သစ်ဂျပိုးမှုန့်ပါ။ နောက်ဆုံးကတော့ ချင်ခွက်(ကျင်တွယ်ခွက်) ခေါ် မက်ရှားရင်ကပ်ပါ။ မြန်မာ အင်ဂလိရှ် နှစ်ဘာသာနော်။

ပထမဆုံး ထောပတ်နဲ့ သကြားညို ကို မုန့်နှစ်ဖျော်မယ့် အိုး ခွက် ဇလုံ ထဲထည့်ပါ။ သူ့ ရပ်စပီ အရကတော့ ဘပ်တာခေါ် ဂီးခေါ် ထောပတ်ကို ၂၂၅ ဂရမ်ပြောထားပေမယ့် သူငယ်ချင်းက သူ့အတွေအကြုံအရ ထောပတ်များရင် ဖုတ်တဲ့အခါ ပြဲသွားတတ်တဲ့အတွက် တဝက်ပဲထည့်ပါတယ်။ ဝယ်လာတဲ့ အတုံးက ၂၂၇ ဂရမ်တုံးကို တဝက်ပဲ စိတ်မှန်းနဲ့ ထည့်လိုက်တယ်ကဲ။ ပြောအုံးမယ် တီ့ ဟင်းချက်နည်းတွေမှာ များသောအားဖြင့် ကြည့်ကျက်ထည့်လိုက်တော့တော်သလိုထည့်တို့လိုထပ်ထည့် ပိုရေရော်တို့ပဲပြောတာ သတိထားမိကြမှာပါ။ တီက လက်ဘက်ရည်ဇွန်း ဘယ်နှဇွန်း တို့ ငံပြာရည် ဘယ်လောက်သား တို့ ရေးလေ့မရှိတာလေနော်။ တီ့စာဘတ်ရင် သူလည်ချည်းပဲပေါ့။ နောက်တခုက ဟင်းချက်တယ်ဆိုတာ လက်ဆိပ်ပါပဲလေနော်။ အဲ့တော့ ကြည့်ကျက်သာလုပ်ကြပေါ့။ ထောပတ်နဲ့ သကြားညိုထဲကို ကြက်ဥ နှစ်လုံးတခါတည်း ထည့်ပါ။ နောက်တော့ ပုံမှာ ပြထားတဲ့ အတိုင်း ကျေအောင် ချေပေးပါ။ သကြားကောင်းရင်ကောင်းသလို တခါတည်းမွှေးထွက်လာပါမယ်။ တီချမ်းတို့က လုပ်လိုက်ရင်တွေ့တယ်မှလား ရှယ်ချည်းပဲ ဘာမှမစရသေးဘူး ကွတ်ကီးက မွှေးနေပြီ။ ဖုတ်ပြီးရင် ဘယ်လောက်ကောင်း လိုက်မလဲ လို့နော် တွေးတောင်မတွေးရဲဘူး။ ဆက်လက်ပြီး ချောကလက်ရောင်ပစ်ပစ်လေးရလာတဲ့ အထိမွှေပေးပါ။

သကြားနဲ့ ထောပတ်သင့်ရုံကျေပြီးရင်တော့ ပုံမှာ ပြထားတဲ့ အတိုင်း သစ်ဂျပိုးမှုန့် ကို စဉ်းငယ်ခန့်ထည့်ပါ။ သူကတော့ တီးစပွန်းခေါ် လက်ဘက်ရည်ဇွန်းပဲ တီကတော့ ဟင်းရည်သောက်ဇွန်းနဲ့ တခါတည်းတွယ်လိုက်တယ် လာလေ့ရော့ပဲ။ နောက်တော့ ဘေးက ပုံက ပျားရည်ပါ။ သူငယ်ချင်းက လုပ်ရင်းနဲ့မှ သတိရလို့ တီလဲအိမ်မှာ အသင့်ရှိနေတာနဲ့ ထည့်လိုက်ပါတယ်။ အကောင်းစားဆိုရင် ထည့်သာထည့် မကောင်းဘူးဆိုတာ မရှိဘူး။ နောက်ဆုံး ပုံကတော့ ဘေးကင်း ပေါင်ဒါထည့်နေတာပါ။ ခုနလိုပဲ အရည်သောက်ဇွန်းနဲ့သာကစ်။

ပြီးရင်ဆက်ချေပေးနေပါ။ ဒိန်ချဉ် ထညက်ရည်နဲ့ သောက်ရသလိုဖြစ်လာမယ်။ ဟိဟိ။ ဘေးကတော့ ကွတ်ကီး ဖုတ်မယ့် ဆရာမကြီးပေါ့။ မမယာ လို့ခေါ်ပါတယ်။ ဟိုးနောက်က ဘယ်သူလဲ…..?

အရောင်ညီညီလေးတွေ ရလာပြီဆိုရင် နောက်တဆင့် သွားပါမယ်။

ဂျုံမှုန်ပါ။ ချင်ခွက်နဲ့ ၂၀၀ ဂရမ်ထည့်ပါမယ်။ ပြီးရင် ဆက်မွှေပါ။ နည်းနည်းပို ပစ်လာတော့ နည်းနည်း ပိုအားစိုက်မွှေပါနော်။ ဘေ့စစ် လောဂျစ်တွေ မပြောတော့ဘူး။ ကါန်မွန်းဆန့်ပဲ။

ပြီးရင်နောက်ထပ်ထည့်မယ့်အရာကတော့ အုတ်မီးလ်မှုန့်ပါ။ မြန်မာလိုဆို မုယောစပါးခေါ်မလားဘဲ တီတော့ သေချာမသိ။ သူကတော့ ၂၅၀ ဂရမ်ပါ ခုနလိုပဲ ကျင်ခွက်နဲ့ ချင်ထည့်ပါ။ ဟောလာပြန်ပါပြီ မမယာပုံ ခုနပုံမလှလို့ပြန်ရိုက်ပေးပါဆိုလို့ပြန်ရိုက်ရတာပါ။ ဟိုးနောက်က ကောင်လေးက ချောလိုက်တာ…… အင်း ပြောရင်နဲ့ လေးရောက် ဆက်မွှေနေပါလေ။ ပြောတာလဲ နားထောင်ပေါ့ အမွှေတော့ မပျက်စေနဲ့။

ပြီးရင် စပျစ်သီးခြောက်ထည့်ပါမယ် ၁၅၀ ဂရမ်ပါ တီတို့ ဝယ်လာတဲ့ ဘူးက ၂၅၀ ဂရမ်ဆိုတော့ တဝက်ကျော်ကျော်လောက်ထည့်ပလိုက်တယ်။ ဆက်မွှေပါ။ ရခါနီးပါပြီ။ အိုကေ ဒီအဆင့်အထိရောက်လာပြီဆိုရင် မဆိုးဘူး တဝက်အောင်မြင်လာပါပြီ။ မြည်းချင်ရင် ဝါသနာပါရင် ဒီအချိန်မှာ တကော်လောက်မြည်းလိုက်ပါ။ အရသာသိရတာပေါ့။ စိမ်းတိမ်းတိမ်းပါ။ မဖုတ်မှမဖုတ်ရသေးတာ။ ချို ပေါ့ ငံ မြည်းပေါ့အေ။

ပြီးရင်တော့ အာဗင်ထဲက ဗန်းပေါ်တင်ပါမယ်။ ဒီတခါလဲမင်းသားက အရည်သောက်ဇွန်းပါပဲ။ တကော်လောက်ကော်လိုက် ဗန်းပေါ်ပုံလိုက် နည်းနည်း ဖိချလိုက်လုပ်ပါ။ ပုံကိုသေချာကြည့်။ အရေးကြီးတဲ့ လျှို့ဝှက်ချက်ပြောပြမယ်။ according to y experience နော်……ပုံတဲ့အခါ အရမ်းဖိမပြစ်ပါနဲ့ ခဏနေ အာဗင်ထဲထည့်ဖုတ်တော့ သူက အပူကြောင့် ဘေးကို ပြဲကျပါတယ်။ အဲ့တော့ ကိုယ်က ပုံရုံ ပုံထားရင် သူ့အရပ်နဲ့ သူ့ဇာတ်အိုကေပဲဖြစ်သွားပါလိမ့်မယ်။ တွေ့လားတီတို့ ပုံထားတာ။ သေချာကြည့်။ လိုက်လုပ်။ မလွဲစေနဲ့။ ဒါပဲ။

ဖုတ်ရန်အသင့်ပါ။ အာဗင်ထဲထည့်ပါပြီ။

တီ့အာဗင်က ဂတ်စ် နဲ့ ဆိုတော့ ရပ်စပီထဲကပြောထားတဲ့ အတိုင်း မီးအားကို ၄ မှာ ထားပြီးတော့ ၁၅ မိနစ် ဖုတ်လိုက်ပါတယ်။ တန်းတန်းတန်…….ဒန်………..အပ်ချလောင်း လက်ရှောင်ပုတ်ကောင်……..

ဖုတ်ပြီးတော့ ဗန်းအထုတ်ပုံပါ။ ဖိုထဲက ထုတ်ထုတ်ချင်း အပေါ်ယံကြော်တွေက ပျော့နေတတ်ပါတယ်။ ခဏနေတော့မှ အေးသွားပြီး ခဲသွားတာပါ။ ဘေးက ကော်ပြီး ပန်းကန်ထဲအရောက်ပုံပါ။ ပထမ တဘန်းက နည်းနည်း တူးသွားတယ်။ ပုံကို ချဲ့ ပြီးသေချာကြည့်သော်တွေ့မည်။ နှုတ်ခမ်းသားလေးတွေ မဲနေတာတွေ့လား။ ရှုး……..

နောက်ဘေးက ဗူးထဲကဟာကတော့ ဒုတိယ တအိုးဖုတ်တာပါ။ ခုနက လုပ်တဲ့ အနှစ်က နှစ်အိုးထွက်ပါတယ်။ ၉ ခုစီ ဆိုတော့ ၁၈ ခုပေါ့။ ဒုတိယ အိုးကျတော့ တတ်သွားပြီး မီးကို ၁ အထိလျော့ချလိုက်ပြီး ၁၀ မိနစ်ပဲ ထားပါတယ်။ ထွက်လာတော့ မတူးတော့ဘူး…….သို့သော် ဘတ်………အပေါ်က သိပ်မကျက်သလိုခံစားရပါတယ်။ အဲ့တာနဲ့ တခါ ထပ်လှန်ပြီးသကာလ နောက်ထပ် ၈ မိနစ်လောက် ထပ်ဖုတ်ပေးလိုက်တော့ ဘူးထဲက ပုံလို နှစ်ဘက် ကြွပ်လေး ရလာပါတယ်။ ပိုအဆင်ပြေတယ်။ ဘာပဲပြောပြောတီ့ ပထမဆုံးအတွေ့အကြုံ ကွတ်ကီးလေးက အောင်မြင်တယ်ပဲပြောရမှာပေါ။ ကတ်ခွဲထားတယ်နော်။ အောက်မှာ ဘောနပ်စ်တွေပါသေးတယ် အရင်ပိုစ့်ဟောင်းတွေပါပြန်ဘတ်ရအောင် လင့်ခ်လဲ ပေးထားတယ်နော်။

ဒါကတော့ ရပ်စပီပါ။

ဒါကတော့ ဖုတ်အပြီး ဘူးနဲ့ထည့်ထားတဲ့ မုန့်တွေကို ကိုင်ပြီး တပုံထပ်ရိုက်တဲ့ သားသားစားချင်တာ စားလို့ရပြီ ချောင်းဆိုးတော့ဘူး ရင်ကျပ်တော့ဘူး ဆေးလဲသောက်ရတော့ဘူး ဆေးလဲထိုးရတော့ဘူးဆိုတဲ့ ထက်လင်းရင်လူးဆေးကြော်ငြာ အဲလေ မမယာ ရဲ့နောက်ပုံတပုံပါ။ မတူဘူးလားကဲ မိုးဒီကြီးနဲ့………ချစ်တယ်နော် ကောင်မ အာဘွား…………..

BONUS:

ပြောရအုံးမယ် အိမ်မှာ ကခု မမယာ အပြင် အရင်အလုပ်က ကော်လိခ်ဟောင်း အခုဘန်ကောက်မှာ ကျောင်းတက်နေတဲ့ အကိုကြီးတယောက်လဲရောက်နေပါသေးတယ်။ နောက် အိမ်နားက သူငယ်ချင်းကလဲ မမယာလာတော့ လာလည်နေတာနဲ့ လူစုံနေပါတယ်။
အောက်ကဟာတွေကတော့ သူငယ်ချင်းတွေဆုံတုံးဆိုပြီးချက်ချလိုက်တာပါ။ များများချက်တော့ များများစားရတာပေါ့အေတို့ရယ်။

ဒီမှာက အသည်းကြော်နည်း နှစ်ဖြာပါ နည်း (၁) နဲ့ နည်း (၂) ဖြစ်ပါတယ် ။ နည်း (၁) အောက်မှာ စူပါရှယ် အရသာရှိ နာမည်ကြီး မောင့် လက်ဘက်သုပ်လဲပါတယ်နော်။

ဒါကတော့ အရက်ကလေးနဲ့မြည်းရအောင် ကြော်လိုက်တဲ့ အမေ့နည်း စပယ်ရှယ် ဝက်နံကြော်ပါ

ဒါကလေးကတော့ မှိုကြော်ချက်ပါ၊ အရင်ကနည်းမတင်ထားတော့ အမြန်ပဲတင်လိုက်ပါမယ်။ ဆီသတ် မှိုရေဆေးထားတာထည့်၊ ဆားအချိုမှုန့်ထည့် (အချိုမှုန့် မသုံးချင်သူတွေအတွက် ခနော် ကြက်မှုန့် ဝက်မှုန့် လိုဟာမျိုးထည့်လို့ ရပါတယ် အမှန်ကတော့ တူတူပါပဲ) ပြီးတော့ ဆီသတ်ထားတဲ့ ငရုတ်သီးလေးထည့် အရောင်လှတာပေါ့။ အမှန်က ငရုတ်သီးစိမ်း ရှိရင် ပိုကောင်းတာပါ။ ဓါးပြားရိုက်ထားပြီး ဆီသတ်တော့ ထည့်သတ်ရင် မှို ကြော်ချက်ကို ငရုတ်သီးစိမ်းနံလေးနဲ့စားရတပေါ့။ ရေထည့်စရာမလိုပါဘူး၊ မှိုကိုရေဆေးတော့ မှို ကရေကိုစုပ်ထားပြီးသားမို့ပါ။ မီးဖိုပေါ်မှာ ခဏ ထားလိုက်ပြီး ဆီနဲ့ရေ နည်းနည်း ကျန်လောက်ဆိုရင် အရသာရှိတဲ့ လွယ်ကူမြန်ဆန် မှိုကြော်ချက် အစပ်တခွက်ရပါပြီ။ အစပ်ကြိုက်ရင် မထည့်နဲ့ပေါ့နော်။

ဒါကတော့ အအီအဆိမ့်တွေနဲ့ လိုက်အောင် အမြန်လုပ်လိုက်တဲ့ စွန်တန်ပါပဲ။ ချက်နည်းတွေကတော့ ဒီမှာ (၁) နဲ့ (၂) ပါ။ မူကွဲလေးတွေ ထည့်ပေးထားတယ်နော်။

ပျော်ရွှင်ပါစေ။

A Chen
7:00 AM
7th Dec 2011
Wednesday
Home
Bangkok

With Thousands of Kisses………Khin

ငယ်ငယ်တုံးက ကိုယ့်မေမေ (မွေးစား) က ရှေ့တန်းထွက် ဗိုလ်မှုး ဖေ့ဖေ့ ကို ရေးပေးတဲ့စာလေးတစောင်ဘတ်ရတယ်။ သူ့ ကိုယ်လုံးပေါ်အလှဓါတ်ပုံနောက်မှာ ရေးထားတာပါ။ မေမေတို့က စစ်ကြို စစ်ပြီးခေတ်တွေမှီတဲ့ အတွက် အင်းဂလိရှ် ကျောင်းတွေတက်ခဲ့ထွက်ခဲ့ရပါတယ်။ အဲ့တော့ စာရေးတာ အင်းဂလိရှ် လိုပဲ ရေးကြလေ့ရှိပါတယ်။ အိမ်မှာလဲငယ်ငယ်ကဆို မေက ဖေ့ ကို သားသမီးတွေကို အီးလိုပဲ ပြောလေ့ဆိုလေ့ရှိကြတယ်။ ကိုယ့်တောင် ငယ်ငယ်က ဝိုင်အမ်စီအေ မှာ မူကြိုထားခဲ့ကြတာ။ အဲ့စာကို ခု သေချာ မမှတ်မိပေမယ့် နောက်ဆုံးမှာ ဆုံးထားတဲ့ With Thousands of Kisses …..Khin ဆိုတာလေးကို မှတ်မိနေတယ်။ ကိုယ်မှတ်မိသေးတယ်။ ကိုယ် ၆ တန်းက ထင်ပါတယ် အမ က ကျောင်းမှာ အင်းဂလိပ်စာပြ ဆရာမပါ။ ကိုယ်က အဲ့ဒီထောင်ထားတဲ့ ဓါတ်ပုံ နောက်မှာပါတဲ့ စာကို Thousands မှာ အက်စ်ပါတာ အမှန်လား မမှန်လားလို့ သွားမေးတာပါ။ နောက်ကြုံရင် မေ့မေ့ ပုံကို တင်ပါအုံးမယ်။ သိပ် ကျက်သရေရှိတယ်။ ထားတော့ ကိုယ်ပြောချင်တာတခြားပါ။ ခုမှလာမယ်။

=======================================
ကိုယ်အခု ၂၀၁၁ ခုနှစ်မှာ အသက်မရှင်ချင်ဘူး။
အရင်လွန်ခဲ့တဲ့ အချိန်တွေ နှစ် ၉၀၊ ၁၀၀ လောက်ဖြစ်ဖြစ်ပေါ့ အဲ့ဒီ အချိန်မှာ အသက်ရှင်ချင်တယ်။ ကဲပါလေ အဲ့လောက် အချိန်အကွာကြီးမပြောဘဲ အရင်လွန်ခဲ့တဲ့ ၁၀ နှစ် ၁၅ နှစ် ကိုယ်ကျောင်းတက်နေတဲ့ အချိန်ပဲ ပြောပါအုံး။ ကိုယ်အရင်ကဆို နေ့တိုင်း ဒိုင်ယာရီရေးတယ်။ ဘောပွိင့်ပင်နဲ့ စာအုပ်နဲ့။ အခုဆို ကိုယ်ပန်းသီး ဝယ်ပြီးကတည်းက စာရွက်နဲ့ ဘောပင် မထိတာ ဘယ်လောက်ကြာပြီလဲ။ ရုံးအလုပ်ကိစ္စ အနည်းငယ်တော့ ကိုယ်စာအုပ်နဲ့ ရေးမှတ်တဲ့ အလေ့အကျင့်ရှိနေသေးတယ်။ နောက် ကိုယ့် စကက်ဂျူးတွေကို ပြက္ခဒိန်မှာ ရေးမှတ်တာ။ အရင် ငယ်ငယ်က ရည်းစားတွေ ထားတုံးက ဆို ရည်းစားတွေကို စာရေးပေးတာ ရည်းစားတွေက ပြန်စာရေးပေးတာ မောင်နဲ့ စတွေ့တုံးကဆို နေ့တိုင်းလို တွေ့တိုင်း စာရေးဖြစ်လေ့ရှိကြတယ်။ မောင်ကို ကိုယ်က တွေ့တဲ့ အခါပေးတယ် မောင်ကလဲ ကိုယ့်ကိုတွေ့တဲ့အခါတိုင်း စာတစောင်ရေးပြီး ယူယူလာတတ်တယ်။ နောက် ကိုယ့်တခြားရည်းစားတွေအတွက် တယောက်ကို တအုပ် ဒိုင်ယာရီသဘောမျိုးလေးလဲ ရေးထားတာရှိတယ်။ ခုထိရှိသေးတယ်။ (မောင့်ကို စိတ်ကောက်တဲ့ အခါတွေမှာ ပြန်ပြန်ဘတ်တတ်တယ် တခါတခါ ဘလောခ့်ရေးဖို့လဲ အင်စပရေးရှင်း ယူတတ်သေးတယ် မှတ်ချက် မောင့်ကို ပြန်မပြောရ)
ကဲပါ စာဘတ်သူကော စာအုပ်နဲ့ ဘောပင် မထိတာ ဘယ်လောက်ကြာပြီလဲ ပြန်တွေးကြည်ပါအုံး။ (လက်မှတ်ထိုးတာ ထည့်မတွက်ရ)။ ဒါတောင် ကိုယ် အိုင်ပက်မဝယ်ရသေးဘူး၊ စမတ်ဖုန်းမကိုင်ဘူး၊ ခုထိ ကိုယ်လွန်ခဲ့တဲ့ ၃ နှစ်က ဝယ်ထားတဲ့ နိုကီယာ အိတ်စ်ပရက်စ် မြူးဇစ် အစုတ်ကလေး ကိုင်နေတုံးပါ။ မောင်က ကိုယ့်ကို ဘလက်ဘယ်ရီ ဘိုး ၉၉၀၀ သို့မဟုတ် အိုင်ဖုန်း ၄ ဝယ်ခိုင်းနေတာ ကြာပါပြီ။ အလုပ်မှာလဲ လူတိုင်းက ဘယ်ရီသီး ကိုယ်စီနဲ့ ဆိုတော့ ကိုယ့် ရာထူးနဲ့ မသင့်တော်ဘူး ပြောပါတယ်။ ကိုယ်ကတော့ ပန်းသီးလောက်နဲ့ ပဲကျေနပ်နေသေးတာပဲ။ ဖုန်းကို ကိုယ်က ဆက်သွယ်ရေးအတွက်ပဲ သုံးတာကိုး။ ကိုယ့် တွီတာ မသုံးဘူး။ ဖဘ မှာ အက်တစ်ဖ် မဖြစ်ဘူး။ ကိုယ် ဖဘ ကို ဓါတ်ပုံ တင်ဖို့လောက်သုံးတာပါ။ ဂျီတော့ ကိုသုံးတယ် ဒါပေမယ့် ချက်ကို အမြဲ အင်ဗစ်ဇဘယ် ထားတယ်။ မလိုဘဲ မချက်ဘူး မကျူဘူး။
ကိုယ့်သူငယ်ချင်းတွေ ရှိတယ်။ ဘယ်နေရာရောက်ရောက် သူတို့ရဲ့ စမတ်ဖုန်း ပန်းသီး ဘယ်ရီသီး တွေနဲ့ ရောက်တဲ့ နေရာကို လူတကာသိအောင် ချက်ကင် ဆိုတာ အမြဲလုပ်ပါတယ်။ သူငယ်ချင်းတွေအချင်းချင်း ကော်ဖီသောက်ဖို့တွေ့ကြမယ် ချိန်းတယ် ရောက်လာတာနဲ့ ဖုန်းနဲ့ တကုတ်ကုတ် အလုပ်တွေရှုပ်ပါတယ် (သို့အရှုပ်တွေ လုပ်ပါမယ်) အဲ့တာဆို သူငယ်ချင်းတွေတွေ့ဖို့ ဆုံတာ ဘာအလုပ်လဲ လို့ကိုယ်မေးချင်ပါတယ်။
နောက် ပန်းသီး ဖုန်းကလဲအင်မတန်မှ သုံးရတာ အလုပ်ရှုပ်ပါတယ်။ သုံးရတာက နည်းနည်း သူ့ကို အားသွင်းနေရတာ က များများပါ။ ကိုယ်တခါကလဲ ကီယာနူးရိဗ် နဲ့ ဆန္ဒြရာဘူးလောခ့် တို့ ခုချိန်ထိ ခေတ်ပေဓ အီး ကွန်မြူနီကေးရှင်း မသုံးကြဘဲ စက္ကူစစ်စစ်ပေါ်မှာ ဖောင်တိန်ပင်နဲ့ ရေးတဲ့ စာနဲ့ အဆက်အသွယ်လုပ်ကြတဲ့ အကြောင်းရေးဖူးပါတယ်။
ခုခေတ်ကလေးတွေ အကြောင်းလဲ ကိုယ့်ခေါင်းထဲ ရောက်ပါတယ်။ ကိုယ်တို့ငယ်ငယ်က ဒီလိုအချိန် ဒီဇင်ဘာကျောင်းပိတ်ရက်ဆို ကစားကွင်းထဲ ပြေးလွှားဆော့ကစားလွန်းကြလို့ ညဘက် ကို ၁၀ နာရီ အိမ်ပေါ်ပြန်တက်ရမယ် လို့အိမ်က စည်းကမ်းထုတ်ပါတယ်။ ဒီဇင်ဘာကျောင်းပိတ်ရက်လိုမျိုး သီတင်းကျွတ်ကျောင်းပိတ်ရက်လိုမျိုး နွေရာသီကျောင်း ပိတ်ရက်လိုမျိုးမှာ ဆို အိမ်ရှေ့ က ကစားကွင်းထဲမှာ စိန်ပြေးတန်းလိုမျိုး၊ ရောင်းရိုက်တာ လို့ကိုယ်တို့ကလေးတွေခေါ်ကြတဲ့ ခရစ်ကက်လို ဘောလုံးကို သစ်သား ဘက်တံပြားလေးနဲ့ ရိုက်ပြီး ပြေးရတဲ့ ကစားနည်းမျိုး၊ ခိုတွန်းတာမျိုး၊ ရပ်ကွက်ခြား စိန်ပြေးလိုက်တမ်းမျိုး၊ လသာတဲ့ အခါတွေဆိုရင် ထုတ်စည်းတိုးတာလိုမျိုး အစုံဆော့ပါတယ်။ ခုခေတ်ကလေးတွေကတော့ သနားစရာသိပ်ကောင်းတယ်။ ကျောင်းနဲ့အိမ်၊ ဘာသာစကားနဲ့ ပီယာနို၊ ကစားတယ်ဆိုလဲ ဒေါသထွက်နေတဲ့ ငှက်လို ဇွန်ဘီ လိုလောက်ပဲဆော့ကြရတော့တာ။ သူတို့လေးတွေအတွက် ပြေးတယ် မြေနဲ့ ထိတယ်ဆိုတဲ့ ကစားနည်းတွေက ကာတွန်းကားထဲက ပုံပြင်လိုပါပဲ။ ယုံတမ်းစကားတွေဖြစ်လို့ပေါ့။

စကားကိုပြန်ကောက်ရရင် အရင်တုံးက ချက်ခန်းတွေ ပေါ်တော့ ကိုယ်လဲ ပါဝင်ခဲ့ဖူးပါတယ်။ နောက်တော့ ဂျီမေးကနေ ချက်ကြတယ် နောက် ဖဘ ကနေချက်ကြတယ်။ တချို့များ ဗီဇက်အိုလို စကိုက်ပ် လို ကျူကျူချက် လိုတွေလဲ သုံးကြပါသေးတယ်။ နောက် ကိုယ်တို့ဘလောခ် တွေ ရေးတော့ စီဘောဇ် ခေါ်တဲ့ ဘေးနားက ကွန်မန့် ဘောဇ်မှာ ချက်ကြပါတယ်။ မကျေနပ်ရင် ဟိုးစ် ဘလောခ်ဂါ ရဲ့ လင့်ကနေ တဆင့် ဆက်ချက်ကြပါတယ် ဂရုချက်ပေါ့။ ဖဘ ရဲ့စတေးတပ်စ် ကိုလဲ မကြာခဏ ပြောင်းကြတယ်။ တကယ်ပါ ဒီကမ္ဘာမှာ ကိုယ်တို့တွေ ဘယ်နေ့ဘယ်အချိန်မှာ ဘယ်နေရာမှာ ဘယ်သူနဲ့ဘာလုပ်တယ်ဆိုတာ ဘယ်တော့မှ လျှို့ဝှက်ချက်မဟုတ်တော့ပါဘူး။ (မဆီမဆိုင် ရေဒီယိုဖွင့်တဲ့ ကစားနည်းကိုတောင် သတိရမိပါသေးတယ်) အခုနေမှာ တယောက်ယောက် အသတ်များခံရလို့ကတော့ အလီဘိုင်ဆိုတာ လူသက်သေပြစရာမလိုပါဘူး ဖဘ မှာ ရှာရင် လုံလောက်မယ်ထင်ပါတယ်။ ရှေ့နေတွေလဲ မလိုတော့ အဟိ….

တကယ်ပြောရမယ်ဆိုရင်လဲ အခုခေတ်အခုအခါမှာ ဒါတွေ မရှိတဲ့ ကမ္ဘာမှာ ဘယ်လို အသက်ရှင်ရမလဲဆိုတာလဲ ကိုယ်သေချာမသိတော့ပါဘူး။ အဆင်ပြေလွန်းအားကြီးနေတော့ လူကလဲ ပိုပိုပျင်းလာပါတယ်။ မြန်မာပြည်ပြန်အလုပ်လုပ်ဖို့ စဉ်းစားနေတာ ၁ နှစ် ရှိပါပြီ မပြန်ဖြစ်သေးတဲ့ အကြောင်းပြချက်က တကယ့်ကို ကွန်မြူနီကေးရှင်း အက်စ်စက်စ် တွေပါပါတယ်။ ခုဒီစာကိုရေးနေတဲ့ အချိန်အခိုက်အတန့်မှာကိုပဲ ဂျီမေးလ်ဘက်က အင်ဗစ်စဘယ်လုပ်ထားရက်နဲ့ တတင်တင်တတောင်တောင် ဖြစ်နေပါတယ် ဖဘကလဲနေမယ်ထင်လား သူကလဲအပြိုင်ပါပဲ။ ခုတော့ သိပ်မခင်တဲ့ သူတွေကို ပြန်လည်စီစစ်ရေးလုပ်ပြီး ဘလောခ် ပြစ်လိုက်ပါတယ်။ ဘတ်မိလဲမတတ်နိုင်တော့ဘူး။

တခါတခါ ထမင်းစားချိန်တွေကိုလဲသူတို့တွေက စားပစ်တာ များပါတယ်။ အပ်ဒိတ်လုပ်ရလွန်းတော့လဲ တခါတခါ ရုံးမှာ ပြောနေတဲ့ ချက်က အိမ်ပြန်ရောက်တာနဲ့ ကို ဇာတ်လမ်းတွေ အတင်းတွေသတင်းတွေ တော်တော်များများ လွတ်သွားတတ်ပါတယ်။ ညဘက် ပြန်ရောက်တာနဲ့ ထမင်းဟင်းအရင် မချက်နိုင်သေးဘူး ရုံးနဲ့ အိမ် အပြန်ကြားလွတ်သွားတာတွေ ကို ချက်ချင်း ပြန်အပ်ဒိတ်လုပ်ရပါတယ်။ မလုပ်ရင် နောက်နေ့ကို ကိုယ်က တကယ့်ကို So Yesterday ဖြစ်သွားတော့တာပဲ။ အဲ့လိုနေ့ရက်တွေ တကယ်ရှိခဲ့ပါတယ်။ အလုပ်လဲမလုပ်နိုင် စာလဲ မဘတ်နိုင်၊ ထမင်းစားလဲပျက် လူလဲတော်တော့ကို အနှောင့်အယှက်ဖြစ်ခဲ့တာပါ။ တခါတခါ သူငယ်ချင်းတွေနဲ့ ခရီးလေး ဘာလေး စုထွက်ဖြစ်ရင် အင်တာနက် အီးမေးလ် မရနိုင်တဲ့ နေရာကိုပဲ ဦးစားပေးရွေးချယ်ရပါတယ်။ ဖုန်း ကွန်နက်ရှင် ပါမရနိုင်ရင် ပိုကောင်းပါတယ်။ တကယ်ပြောတာပါ။ အဲ့လိုနေရာ ကို သူငယ်ချင်းတွေ နဲ့ ချည်းပဲ သက်သက် ၅ ရက်လောက် သွားနေကြည့်လိုက်ပါ။ လူအသစ်ဖြစ်ပြီးတော့ ကို အရာရာ လွင်သစ် လတ်ဆတ်ပြီးတော့ ပြန်ရောက်လာပါမယ်။ ပြန်ရောက်လာမှာ သံသရာ ပြန်လည်တာတော့ မီးလဲ မတတ်နိုင်တော့။

တခါတခါ ရိုဒင်ထဲက လို ဘာမှမရှိတဲ့ တောထဲမှာ အနိမ့်ဆုံး အဆင့် လိုအပ်ချက်တွေနဲ့ပဲ သွားနေချင်သေးတယ်။ ဒီဘဝတော့ မဖြစ်နိုင်တော့။ အဲ့တာကလဲ ခုခေတ်မှာ လူလာဖြစ်နေတာကိုက ကိုယ့်အဖြစ်ဆိုးတွေထဲက တခုပဲလို့ ပဲ ပြောရပါမယ်။

တကယ်ပါ တခါတခါ စဉ်းစားမိတယ်။ အရင်တုံးက ဆိုပါတော့ ၁၉၀၀ ကျော်လောက်ကသာ လူဖြစ်ခဲ့မယ်ဆိုရင် ကိုယ်လဲ ဒီစာကိုအခုလို ပန်းသီးနဲ့ မရေးဘဲ ရွှေမင်တံ မင်ဆွတ်ပြီး စာရွက် စစ်စစ် နဲ့ ရေးနေရမှာပါ။

ခုလောလောဆယ်တော့ နောက်ဆုံးတခေါက် ဘောလ်ပင်နဲ့ စာရွက်နဲ့ စားရေးခဲ့တာ ဘယ်တုံးကလဲ ဆိုတာ မမှတ်မိတော့တဲ့ ကိုယ်ပါ။ ခုလို ကါန်ပျူတာ မရှိ ဘာမရှိ ပဲ နဲ့ လူတယောက်ကို နေ့တဝက်စာလောက် ပြန်စာ ရေးရမယ် ဆိုရင် စဉ်းစားကြည့်ပါ။ ကိုယ့်လက်ရေးဘယ်လောက်ဆိုးဆိုး၊ စာကြောင်းညီညီမညီညီ ပူစရာမလိုဘဲနဲ့လေ။ တတီတီတတောင်တောင်မည်နေမယ့် ချက် ရဲ့အချက်ပေးသံတွေကလဲ အနှောင့်အယှက်ကင်းမယ်ဆိုရင် ကိုယ့်ပြန်စာကို ကိုယ်သေသေချာချာ အာရုံစိုက်နိုင်မှာ အတွေးတွေကို လှလှပပ စာစီနိုင်မှာ အသေအချာပါပဲ။
အဲ့တာကြောင့် အရင်ခေတ်တွေက အချစ်တွေက ပိုခံတယ်။ သစ္စာတွေက ပိုမြဲတယ်ဆိုတာ အမှန်ပဲနေမှာ။ အရင်တုံးကရေးကြတဲ့ မင်းကို ကိုယ်ထာဝရအတွက်ချစ်တာပါဆိုတာ ညာတာမဟုတ်၊ ရင်ထဲကတကယ်လာတဲ့ ခံစားချက်အစစ်အမှန်၊ မြန်မာဗီဒီယိုဇာတ်လမ်းတွေထဲက မင်းသားက မင်းသမီးကို စိတ်မပါ ဖီလင်မပါဘဲ ပြောတဲ့ စကားပေါ့ပျက်ပျက် တခွန်းလုံးဝမဟုတ်။ ချက်ခန်းထဲက ခပ်ပေါ့ပေါ့ကျူလိုက်တဲ့ စကားတခွန်းမဟုတ်၊ လိုတိုရှားရေးတဲ့ imu, ilu, ttyl, gtg, gn, xoxo, muahhhhhhhhhh……………..လုံးဝမဟုတ်။ တနေ့လုံးတညလုံးသေချာစဉ်းစား သေချာစာစီပြီးမှာ လာတဲ့ ရင်တွင်းဖြစ် စစ်စစ် စစ်စစ် စစ်စစ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုံးကဆိုရင် လူတယောက်ဆီကို စာရေးတယ်ဆိုတာ ကိုယ့်ရင်ထဲက တကယ့် ခံစားချက်အစစ်အမှန်တွေကို ဘောလ်ပင် ဖောင်တိန်ကတဆင့် စာရွက်ပေါ်ကို သွန်ချတာပါ။ ရင်ထဲမှာ ရှိတဲ့ ခံစားချက်တွေ ကို အိတ်သွန်ဖာမှောက် သေချာစီစစ်ရွေးချယ်ထားတဲ့ စကားလုံးတွေနဲ့ ပန်းပွင့်လေးတွေကြိုးနဲ့သီသလိုမျိုး အလှဆင်ပြီး ခံစားချက်ကို နုံနဲ့မသွားအောင် ပေါ့ပျက်သွမ်း မသွားအောင် ရေးတာမျိုးပါ။ စကားလုံးတလုံးချင်းစီဟာ ရင်ထဲကလာတဲ့ ခံစားချက်အစစ်အမှန်ကို ကိုယ်စားပြုလို့ တလုံးဘတ်လိုက်တိုင်း ဘတ်လိုက်တိုင်း ဟတ်ထ်ထိ တယ်ဆိုတဲ့ ခံစားချက်တမျိုးနဲ့ စာတစောင်ကို အကြိမ်ကြိမ်အခါခါ ပြန်ဘတ်ချင်အောင် ပြန်ဘတ်တိုင်းလဲ တသိမ့်သိမ့်ခံစားချက်ကျန်အောင် ရေးနိုင်ကြပါတယ်။ ရေးနိုင်ဖို့လဲအချိန် ခံစားချက်တွေစိုက်ထုတ်ခဲ့ကြတယ်။ ဘောလ်ပင်က စာရွက်ပေါ်မှာ သူ့စိတ်တိုင်းကျပြေးလွှားနေတယ်ဆိုရင် ကိုယ့်ရင်ထဲမှာ မင်းကို ပြောစရာတွေ တကယ် ရင်နဲ့ မဆန့်တော့လို့ပါ။ မင်းကိုသိအောင်ပြောပြဖို့ ဒီစာရွက်ပေါ်မှာ မင်းကြွေအောင်ရေးပြနိုင်မှာ မင်းအပေါ်မှာ ရှိတဲ့ ကိုယ့်ခံစားချက်တွေကို မင်းသိမယ်။ စကားလုံးတလုံးဆိုတလုံး မင်းကို ထိအောင်ရေးပြနိုင်မှ ဖြစ်မယ်။ ရေးပြီးရင်လဲ မင်းဆီက လာမယ့် ပြန်စာကို ရက်ပေါင်းများစွား စောင့်ရအုံး မယ်။ အတွေးတွေ၊ စိတ်ရှည်မှုတွေ၊ သေချာမှုတွေ၊ သည်းခံနိုင်စွမ်းတွေ၊ အကြင်နာတွေ၊ ဂရုနာတွေ၊မြတ်နိုူးမှုတွေ၊ တမ်းတမှုတွေ၊ မျှော်လင့်မှုတွေ၊ အရေးအကြီးဆုံးက အချစ်တွေ………အကုန်အကုန်ပါပါမယ်။

ဒီနေ့ခေတ်မှာတော့ နေ့စဉ်အချိန်နဲ့အမျှ တိုးတက်ပြောင်းလဲနေတဲ့ နည်းပညာတွေက ကိုယ်တို့ အပေါ် မှာ ပေးထားတဲ့ ဖိအားများတာတင်မက ကိုယ်တို့ ရဲ့ဆက်သွယ်မှုပုံစံ ကိုလဲ တမျိုးပြောင်းလဲစေခဲ့ပါပြီ။ တိုရေရှား စာစီစာရိုက်နည်းပညာပါ။ အရင်က ရွှေဥဒေါင်းတို့ခေတ်က လက်နှိပ်စက်စာရေးမတွေ လက်ရေးတိုဆိုတာ သပ်သပ် သင်တန်းတက်ရပါတယ်တဲ့။ ကိုယ်စိတ်ဝင်စားခဲ့ဖူးတယ်။ ခုတော့ ကိုယ်တိုင်လဲ မသိလိုက်မသိဘာသာ လက်ရေးတို ဆိုတာထက် စာတိုရေးနည်းစနစ် တခုမှာ ကိုယ်သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ အကျွမ်းဝင်နေတာ ကာလ တခုရှိပြီ။ SMS က စာလုံးရေ ၁၆၀ ပဲရတယ်။ ဒေါ်စု အခုသုံးဖို့ စဉ်းစားနေတယ်ဆိုတဲ့ တွီတာက စာလုံးရေ ၁၄၀ ခုပြောနေတာတွေက ဖူးလ်စတော့ တွေ ဟိုက်ဖန်တွေ ကော်မာတွေက အစတွက်တယ်
ထားတော့ နောက်ထပ်ကိုယ်တို့မှာ ဖဘ တို့ ဘီဘီအမ် တို့စတဲ့ ကိုယ့်ခံစားချက်တွေကို ထုတ်ဖော်ပြောကြဖို့လူတကာသိအောင်လုပ်ဖို့ နေရာတွေအများကြီး ထပ်ရှိလာတယ် ဆိုပေမယ့် အဲ့တာတွေ အကုန်လုံးလိုလိုကလဲ သူ့လစ်မစ်နဲ့သူပါ။ နည်းပညာတွေက ကိုယ်တို့ကို တိုရေရှားရေရှိဖို့ နဲ့စိတ်မရှည်အောင် သင်ပေးနေပါတယ်။

အီးမေးလ်လိုမျိုး စကားလုံးရေအကန့်အသတ်မရှိတဲ့နေရာတွေကျတော့လဲ ကိုယ်တို့က အတိုကောက် စကားလုံးတွေ၊ သုံးကြပြန်ပါတယ်။ နောက်တခါ စကားလုံးတွေ ကို ကိုယ်စားပြုတဲ့ စမိုင်းလ်လီ လေးတွေသုံးကြတယ်။ စားရေးတဲ့ သူတွေက တိုရေရှားရေ ရှိကြသလို စာပြန်မယ့် တဘက်ကလည်း ထိုနည်း၎င်းပါပဲ။ ခုခေတ်မှာ လူတွေ က အကျိုးမရှိတဲ့ စိတ်ဝင်စားဖို့မကောင်းတဲ့ အရေးမကြီးတဲ့ စာရှည်ရှည်တွေကို ဘတ်ဖို့တောင် အချိန်မရှိကြတော့ ရေးဖို့ဆိုတာ ဝေလာဝေးပဲ။ ကဲစာဘတ်သူကော ခုရေးနေထားတာတွေကို ဘတ်နေရင်းနဲ့ ဘေးက တတောင်တောင် တတင်တင် အနှောင့်အယှက်တွေ ကြောင့် ခုရေးထားတာထိကောရောက်ရဲ့လား။

ကိုယ်ခုထိပြောနေတာတွေကို ဒီအထိ စိတ်ရှည်ရှည်ဘတ်ခဲ့ပြီ ဆက်ပြီးတော့လဲ နားလည် သဘောပေါက်နေသေး တယ် ဆိုရင် အောက်မှာ ဇာတ်လမ်းကို ဆက်ပါမယ်။ ဒီလိုပြောရတာ စာဘတ်သူကို စော်ကားတာမဟုတ်၊ ကိုယ်ရေးတဲ့စာကလဲကိုယ့်အတွေးလိုပဲ ဟိုရောက်ဒီရောက်မို့ပါ။ နောက် ခုနက ပြောတဲ့ ဂျီမေးလ် ဖဘ က တတောင်တောင် တဒင်ဒင်တွေကိုလှမ်းဖြေရ ပြောရ အပ်ဒိတ်လုပ်ရတဲ့ အနှောင့်အယှက်ကလဲ ရှိသေးတယ်လေ။

ကဲအဲ့တော့ ခုနက ကိုယ်ပြောတဲ့ ကိုယ်ခုခေတ်မှာ အသက်မရှင်ချင်ဘူး လွန်ခဲ့တဲ့ အနှစ် တရာ လောက်ကို ပြန်သွားချင်တဲ့ အကြောင်းအရင်းကို သိပြီမှလား။ ကိုယ်လူတွေနဲ့ကွန်မြူနီကိတ်လုပ်ရမယ်။ ကိုယ်ချစ်သူနဲ့ကွန်မြူနီကိတ်လုပ်ရမယ်။ သူ့ရဲ့ အတွေးထဲမှာ နှလုံးသားထဲမှာ ကိုယ်ဘယ်လောက်နေရာယူနိုင်သလဲသိဖို့ကိုယ့်အတွက် အရေးကြီးတယ်။ ပြီးတော့ ဟီးရိုး ရုပ်ရှင်ထဲကလဲ ဗင်ပိုင်းယား ကားတွေထဲက ကောင်ကောင်တွေလို ကိုယ်က သူတပါး အတွေးတွေ ကို မဘတ်နိုင်ဘူး။ အဲ့တော့ ကိုယ့်ကို ချစ်တဲ့သူက ကိုယ့်ကို သူဘယ်လောက်ချစ်ကြောင်း ပြောပြရမယ်။ ပြောနေရမယ်။ စိတ်ချင်းပြောရအောင် စိတ်ထဲက နားလည်တယ်ဆိုတာတွေ လာမပြောနဲ့ ကိုယ် တယ်လီပသီ မကျင့်ထားဘူး။ သူလဲကျင့်ထားတယ် မထင်ဘူး။ အဲ့တော့ ပြောရမယ်။ ပြောတာနဲ့မလုံလောက်ရင် ရေးရမယ်။ နှုတ်တရာ စာတလုံးဆိုတယ်မှလား။ ကိုယ့်ဝိညဉ်တခုလုံးနဲ့ ဆက်သွယ်ရမယ့် လူ၊ ကိုယ်တဘဝလုံး ပုံပေးရမယ်လူ၊ ကိုယ်နဲ့ချစ်ခြင်းအားဖြင့် ဆက်သွယ်ရမယ့်လူ နဲ့ ကိုယ်က အက်စ်အမ်အက်စ်ကနေ imu, ilu, ttyl xoxo, လုပ်နေမယ်ဆိုရင် ဘယ်နှယ့်လုပ်ရပါ့။

ဟိုးအရင်က ရုပ်ရှင်ဟောင်းတွေ ကောင်းတွေကြည့်ရင် အမြဲတမ်းလိုလို စိတ်ထဲမှာ ဖြစ်ပေါ်တဲ့ ခံစားချက်တခုရှိပါတယ်။ အဲ့တာက ဘာလဲဆိုတော့ အချိန်ကာလ ရဲ့ တိုက်စားမှု ကိုခံနိုင်မယ့်၊ ပြင်းပြမွတ်သိပ်တဲ့၊ မှတ်ကျောက်တင်ခံနိုင်မယ့် အချစ် တခုကို လိုချင်တာပါပဲ။

Sex and the City မှာပါတဲ့ ဇာတ်ဝင်ခန်းတခန်းကြောင့် ကိုယ်က အဲ့ဇာတ်ဝင်ခန်းမှာပါတဲ့ စာအုပ်တအုပ်*ကို အမေရိကား အထိမှာယူခဲ့ဖူးတယ်ဆိုရင် ကိုယ်ဟာ ခံစားချက်တွေကို ဝင်္ကဝုတ္တိ တွေနဲ့ဖော်ညွှန်းထားတဲ့ အချစ်ပေလွှာ (ရိုးရှင်းနည်း ရည်းစားစာ) တွေကို ဘယ်လောက်စိတ်ဝင်စားသလဲဆိုတာ ရှင်းမယ်ထင်ပါတယ်။

ကိုယ်လိုချင်တဲ့ ချစ်ခြင်းတခုမှာ အဲ့လိုမွတ်သိပ်တဲ့ ခံစားချက်တွေအပြည့်နဲ့ ရေးထားတဲ့ စာတစောင်ကိုလဲ နည်းနည်းမှမလျော့စေပဲ ပါရမှာ ဖြစ်တယ်။ “ilu” “imu” တို့လောက်နဲ့တော့ အလုပ်မဖြစ်ဘူး။ တကယ်ပါ။

အဲ့တာကြောင့်ပြောတာပေါ့ ကိုယ်လွန်ခဲ့တဲ့ အနှစ် ၁၀၀ လောက်ကို ပြန်သွားချင်တယ်လို့။ စာဘတ်သူတွေကတော့ ပြောမယ် ဘာကြောင်တာလဲလို့။ တကယ်ပါ အဲ့လို စာတစောင်ရဖို့ဆို လက်ရှိ ရှိနေသမျှ ပန်းသီးတွေ ဘယ်ရီသီးတွေအကုန်နဲ့လဲဆို လဲပါ့မယ်။

ချစ်ခြင်းများစွာဖြင့်
A Chen
6:32 AM
Tuesday
6th Dec 2012
Home
Bangkok

P.S
ဒီပိုစ့်ကို ရေးနေတာ ၃ ရက်လောက်ရှိပါပြီ။ မပြီး မပြီးနဲ့ပါ။ ရေးနေရင်း တွေးမိတာလေးတွေ ထပ်ဖြည့်ထည့်နေတာလဲ ပါတယ်။ ခုတော့ ပြီးပြီ။ ဘတ်ပြီး ကြိုက်ရင် တခုခု ရေးခဲ့ပေါ့။

P.S.S
မောင့်ကိုလဲပြောထားပါတယ်။ ကိုယ်တို့ ချစ်ခါစ အချိန်တွေကလို စာပြန်ရေးရအောင်လို့။

P.S.S.S
မောင်ကိုယ့်ကိုရေးပေးထားတဲ့ စာတွေကိုလဲ နောက်မှ ကြုံရင် ဘလောခ် လုပ်တင်ပါအုံးမယ်။

P.S.S.S.S
ဒီပိုစ့်မျိုးနှင်နှင် တပိုစ့်ရေးဖူးပါတယ်။ နန်းညီ ရဲ့ ရည်းစားစာပုံနဲ့ပါ။ ဒီမှာ ဘတ်နိုင်ပါတယ်။

ကိုမြသောင်း ရေးတဲ့စာ



အရင်က ဒီလို စာတွေစိတ်ဝင်စားလေ့မရှိပါဘူး ခုတစောင်တော့ ကြိုက်မိတယ်။ အီးမေးလ်ကနေ ပီဒီအက်ဖ် နဲ့ ရောက်လာတာပါ ပီဒီအက်ဖ် မတင်တတ်လို့ ဂျေပက် လုပ်ပြန်တင်လိုက်တယ် ကလစ်ခေါက်၍ ကြည့်ကြကုန်။

Goodbye Kiss

Goodbye Kiss

နှုတ်ဆက်အနမ်း ဘယ်နှမျိုးရှိပါသလဲ။ ခွဲခွာချိန်မှာ နှုတ်ဆက်တဲ့ အနမ်း၊ ကြိုဆိုနှုတ်ဆက်တဲ့အနမ်း၊ အပြီးတိုင်ခွဲခွာဖို့ နှုတ်ဆက်တဲ့ အနမ်း စသဖြင့် အနမ်းအမျိုးအစားစုံ ရှိပါတယ်။ အခုပြောချင်တာကတော့ လူငယ်သဘာဝ ဒိတ်လုပ်ပြီး အိမ်အပြန်မှာ ကောင်လေးက ကောင်မလေး အိမ်လိုက်ပို့ရင်း လှေကားနားမှာ အိမ်ရှေ့ပေါက်ဝမှာ နမ်းတဲ့ အနမ်းမျိုးကို ပြောချင်တာပါ။

ပထမဆုံး ဒိတ်တာလဲဖြစ်နိုင်တယ်။ နောက်တကြိမ်ပြန်တွေ့ဖို့ မတွေ့ဖို့ ဆိုတာ အပေါ်မှာ လဲအများကြီး အကျိုးသက်ရောက်မှု ရှိနိုင်တဲ့ အနမ်းလေးပေါ့။ ပေါ့ပေါ့လေးထင်ရပေမယ့် သိပ်အရေးကြီးတယ်။

ငယ်ငယ်တုံးက (ဆယ်ကျော်သက် အရွယ်ကပေါ့) တော်တော်တော့ကြာခဲ့ပါပြီလေ။ အဲ့လိုမျိုးလေးတွေတွေ့ကြုံခံစားခဲ့ဖူးတယ်။ အကိုကြီးတယောက် နှစ်ယောက် သုံးယောက် လေးယောက်လောက်ကပေါ့ ကိုယ့်ကို အိမ်ပြန် လိုက်ပို့ဖူးပါတယ်။ လမ်းလျှောက်ပြီးတော့ပေါ့။ လသာကနေ မြေနီကုန်းထိလဲ ဦးဝိစာရလမ်းတလျှောက် လျှောက်ခဲ့ကြဘူးတယ်။ လက်မတွဲကြပါဘူး။ လက်တွဲဖို့ကို မဝံ့မရဲဖြစ်နေကြတုံးလေ။ ဘေးပတ်ဝန်းကျင်က လူတွေကို မဝံ့ရဲတာ မဟုတ်ဘဲ သူ့ကို ရှိန်နေတာမျိုးပါ။ အဲ့အချိန်တုံးက ကိုယ်က သစ်ရွက်လှုပ်ရင်တောင် ရင်ခုန်ပြီး ရယ်ချင်နေတာကိုးလေ။ သူ့လက်ကို မတွဲရဲဘူးပေါ့။ ဒါတောင် ကိုယ်က အပျိုဖြစ်နောက်ကျပါတယ်။ ရည်းစားစထားတာ ၁၈ နှစ်ရှိနေပြီ။

နောက် မှတ်မှတ်ရရအဖြစ်အပျက်တခုရှိပါသေးတယ်။ အကိုကြီးတယောက်ပါ။ အဲ့တုံးက ကိုယ်က ၃၇ လမ်းမှာ နေနေပါသေးတယ်။ သူက ကိုယ့်ကို ဖုန်းဆက်ဆက်ပြီး ကျူနေတာပေါ့။ တညကျတော့ ကိုယ်က ရွှေတိဂုံဘုရားလမ်းပေါ်က the ritz coffee ဆိုင်က ကော်ဖီ လတ်တေး ကိုသောက်ချင်တယ်လို့ ဂျီကျ (မူနွဲ့)တော့ သူက ဘာမပြောညာမပြောနဲ့ ဖုန်းကို လက်စသတ်ပြီးတော့ ခဏနေတော့ အိမ်ရှေ့ရောက်ချလာပါတယ်။ ကားဟွန်းသံကြားတော့ ထွက်ကြည့်တော့ ကိုကြီးပဲ ကော်ဖီတခွက်နဲ့ တကယ့်ကို ကိုယ်သောက်ချင်တဲ့ သည်ရစ် ဆိုင်ကပါ။ လက်တေးပါ။

နှုတ်ဆက်အနမ်းလေးတွေအကြောင်းပြောရင် ကိုယ့်ဘဝ ရဲ့အချစ်ဆုံးတွေထဲက တယောက်ဖြစ်တဲ့ ဒီနေ့ဒီဇင်ဘာလ ၂ ရက်နေ့မှာ ကျရောက်တဲ့ မွေးနေ့ရှင် တနင်္လာသားလေးကိုလဲ မေ့ထားလို့ မရပါဘူး။ ကိုယ်တို့စတွေ့တော့ သူက ကေအမ်ဒီမှာ ကါန်ပျူတာ တက်ပြီး သင်တန်းဆင်းအလာပါ။ ကိုယ်နဲ့သူတွေ့တွေ့ချင်းပဲ အကြည့်ချင်း ကလစ်မိကြပါတယ်။ မိတ်ဆက်ပေးတဲ့ လူ မပါပါဘူး။ နောက်တော့ ဘိုဆန်ဆန် ကိုယ့်ဘာသာပဲ မိတ်ဆက်ကြပြီးတော့ ဘိုဆန်ဆန်ပဲ ကော်ဖီသောက်ဖို့ဖိတ်ဖြစ်ခဲ့တယ်။ ရှေ့ဆောင်ရုံအောက်က အာရိုမားပါ မှတ်မိသေးတယ်။ နောက် သူရော ကိုယ့်အကြိုက်အတိုင်း လက်တေး သောက်ခဲ့တာ ချိစ် ကိတ်တတုံးကို တူတူစားခဲ့တာ။ ကိုယ့်ကို တွေ့တွေ့ချင်းပဲ လက်ရဲဇက်ရဲ ခွံကျွေးခဲ့တာ။ နောက်တော့ လူတွေကြားထဲမှာ ရဲတင်းစွာပဲ ကော်ဖီဆိုင်ထဲမှာ ကိုယ့်ကို နမ်းခဲ့တာ…..လွန်ခဲ့တဲ့ ဆယ်စုနှစ်တခုက ဆိုတာ ရန်ကုန်မှာတောင် လူတွေဒီလောက် မပွင့်လင်းကြသေးပါဘူး။ ကိုယ်တို့ကတော့ ပွင့်လင်းခဲ့ကြဖူးတယ်။ လွန်ခဲ့တဲ့ ၁၀နှစ်လောက်က ရှေ့ဆောင် ရုံအောက်က အာရိုးမား ကာဖီးမှာ လူမြင်ကွင်းမှာ မတော်မတည့် ယောက်ျားချင်းနမ်းနေကြတဲ့ ကောင်လေး နှစ်ယောက် ရှိခဲ့တယ် ဆိုရင် အဲ့တာ ကိုယ် နဲ့ သူပါပဲ။

နောက် တခေါက်ကျတော့ လသာမှာပါ အကိုကြီးတယောက်နဲ့စသိတယ်။ ၂၀၀၄ ခုနှစ် မေ ၁၈ ရက်နေ့။ မိုးကလေးတွေ ဖွဲဖွဲကျလို့။ နောက်တော့ သူနဲ့ ကိုယ် သည်ရစ် မှာပဲ ထိုင်ဖြစ်ကြပြန်တယ်။ ၈ နာရီကနေ ထိုင်ပြီး စကားတွေ ပြောလိုက်ကြတာ ဆိုင်က အကိုက ဆိုင်ပိတ်တော့မယ်ပြောတော့မှ နာရီကြည့်တော့ ၁၁ နာရီ ရှိပါပြီ။ ဆိုင်က ၁၀ နာရီခွဲ ပိတ်နေကြပါ။ ထိုင်နေကြ ဖောက်သည်တွေမို့ အားနာလို့ မပြောဘဲစောင့်နေပေးတာပါတဲ့။ ကြည့်ရတာ ကိုယ်တို့ နှစ်ယောက်က ပြီးမယ့် ပုံမပေါ်လို့ နောက်ဆုံးတော့ အားနာနာနဲ့ပဲ ပြောရပုံပေါက်ပါတယ်။

ပြီးတော့ အဲ့မှာ ပြောမပြီးသေးတဲ့ စကားတွေကို ဆူးလေ လမ်းမကြီးပေါ်က လမ်းဘေး လက်ဘက်ရည်ဆိုင်မှာ ဆက်ပြောကြပါတယ်။ နောက်တော့ ရှေ့ဆောင် ရုပ်ရှင်ရုံ ရှေ့ က အုတ်ခုံမှာ ဆက်ပြောပါတယ်။ နောက် ကိုယ်က ဗိုက်ဆာတယ်လို့ပြောတော့ ဆူးလေ လမ်းမကနေ အနော်ရထာ ၁၇ လမ်းထိပ် က မိုးလင်း ထမင်းကြော်ဆိုင်မှာ ဆက်စားကြပါတယ်။ နောက်တော့ အဲ့ကနေ ကိုယ်နေတဲ့ မြေနီကုန်းကို တက်ကစီနဲ့ လိုက်ပို့ပါတယ်။ အိမ်အောက်ရောက်တော့ အကိုကြီးကပါ ကားပေါ်ကနေ လိုက်ဆင်းပြီးတော့ တခါးနားက ကိုယ့် ကို တီးတိုးကပ်ပြီး ပြောတာက ဘယ်သူ့ကိုမှ ပထမဆုံးတွေ့တဲ့ အခါမှာ အိမ်လိုက်မပို့ဖူးဖူးတဲ့။ ကိုယ်ကလဲပြန်ပြောလိုက်တယ်….”There always the first time for everything” လို့။ ပြီးတော့ တံခါးဖွင့်နေတဲ့ ကိုယ့်နားကို ကပ်ပြီး ကိုယ်အံ့သြအောင် လုပ်လိုက်တဲ့ အပြုအမူတခုက ကိုယ့်မျက်မှာ ကိုပင့်လာအောင် မယူပြီးတော့ ကိုယ့် သက်ငင်တချက်လုံး ရပ်သွားလောက်စေတဲ့ တရှိုက်မက်မက် အနမ်းတခု သူကိုယ့်ကို ပေးခဲ့တာပါ။ အခု ၂၀၁၁ ကုန်တော့မယ် ဆိုတော့ ၇ နှစ်ခွဲ ကြာပါပြီ။ ကိုယ်အခုချိန်ထိ အဲ့ည ကို ရုပ်ရှင် ပြကွက်တခုလို အသေးစိတ်မှတ်မိနေသေးတယ်ဆိုတော့ အဲ့ဒီ ည က ဘယ်လောက် တန်ဖိုးကြီးသလဲ၊ အဲ့ဒီ ပထမဆုံး ဒိတ်ရဲ့ နှုတ်ဆက်အနမ်းက ဘယ်လောက် စွဲအားပြင်းလဲ့သလဲဆိုတာ ပြတာပါပဲ။ (ဝတ္ထု အများစု မှာရေးသလို မှုန်ဝါးဝါး ခေတ်ဟောင်းရုပ်ရှင် ပြကွက်တောင်မဟုတ်ပါဘူး တကယ့်ကို ၂၁ ရာစု ဘလူးရေး ဒီဗီဒီ နဲ့ လို ကြည်လင်ပြတ်သားတဲ့ ရုပ်ရှင် ပြကွက်ပါ)

ခုတော့လဲ အသက်တွေကြီးလာသလို တည်ငြိမ်ရင့်ကျက်မှုလဲအထိုက်အလျောက် ရလာတော့ အဲ့လို ရင်ခုန် ကြည်နူး ဆွတ်ပျံ့ ရတဲ့ အတွေ့ အကြုံလေးတွေကို စိတ်ထဲက ရှိရင်တောင်ပြန်ကြုံနိုင်ဖို့ အခွင့်အလမ်းနည်းသွားပြီလေ။ တနေ့က Honey 2 ကြည့်ရင်းနဲ့ ကောင်လေးက ကောင်မလေး ကို အိမ်ပြန်ပို့တဲ့ အခန်းလေးကို ကြည့်ရင်း ကိုယ့်အတိတ်တွေအကုန် ကိုယ့်အတွေးထဲ ပြန်ဝင်လာပါတယ်။ ဒီပိုစ့်လေး ဖြစ်စေခဲ့တာပေါ့။

အရင်တုံးက လွမ်းမောကြည်နူးခဲ့ရတဲ့ နှုတ်ဆက်အိမ်ပြန် အနမ်းလေးတွေအတွက်….

ဒီနေ့မှာ ကျရောက်တဲ့ မွေးနေ့မှ သည် နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်မှုတွေနဲ့ပြည့်စုံပါစေ ကိုယ့်ရဲ့ တနင်္လာသားလေးရေ….

A Chen
0:33 AM
Friday
2nd Dec 2011
Home
Bangkok