မနံတာ အတွက် ကော်ရည်ခေါက်ဆွဲ

အမေရိက ရောက် အမတယောက် က တကူးတက တောင်းဆိုလာပါတယ်။ ကော်ရည်ခေါက်ဆွဲချက်နည်းလေး တင်ပါအုံးတဲ့။ အရင်တခေါက် ၂ လ ပိုင်း မြန်မာပြည်ပြန်တုံးက ချက်နည်းကို အမ ဆီမှာ မေးခဲ့လို့ တင်ဖို့ အသင့် ပုံတွေ ရှိပါတယ်။ ထုံးစံအတိုင်း အလုပ်တွေက မအား၊ အလုပ်က အားပြန်တော့လဲ ခရီးကများ၊ အကြွေးတွေက တင်၊ ခရီးက ပြန်လာရင် ခရီးအကြောင်းကလဲ ရေးချင်၊ ကြားဖြတ်ပိုစ့်လေးတွေပေါ့။ နောက် ခုတလော ကင်မလာ အသစ်ဝယ်တော့ ကြွားချင်စိတ်ကလဲများ၊ အို တယောက်တည်းနဲ့ ကို ၇၅ မျိုးလောက် ရှုပ်နေတာပါ။ တကယ်ပါ။ ခုထိ ဘူဆန်ကလဲ ဒုတိယနေ့ ကကို မတက်သေးဘူး။ တခါ ကြားထဲမှာ ဒေါ်သလင်းနဲ့ သွားထားတဲ့ ခေါက်ရိုက် နား က စဗျစ်ခြံတွေအကြောင်းနဲ့ ဘန်ကောက်နား (၃ နာ၇ီအကွာလောက်က အီတလီ မြို့လေးအကြောင်း) လဲရေးချင်သေးတယ်။ ရေးရမယ့် အကြွေးတွေ များနေပြီ။ တခါ သောကြာ ၃၀ စက်တင်ဘာ ကျရင် ရန်ကုန် ကို တပတ်လစ်ပါအုံးမယ် ဆိုတော့ ကျန်ပြန်ပြီပေါ့။

အဲ့လိုနဲ့ ပဲ ဆင်ခြေဆင်လက်တွေများနေတာ ဘလောခ် လေးကိုလဲ ပြစ်ထားတာကြာပေါ့။ ကြားထဲမှာတော့ ဖော်ဝပ်မေးတွေထဲက ရသမျှ ဧရာဝတီ နဲ့ ဆိုင်တာလေးတွေ ကို တင်ပါတယ်။ ဆားချက်တာပဲပြောပြော ဒေါက်ကယူမန့် လုပ်တယ်ပဲ ဆိုဆို တစုတစည်းထဲ ဘတ်ရအောင်ပေါ့။ ထားပါတော့ အဲ့လို တကယ့် တကယ် ကိုယ်စာစရေးတဲ့ ရည်ရွယ်ချက် ကိုယ်ရေးချင်တာတွေ ရေးမယ်ဆိုတာလဲ ရေးရင်နဲ့ လျောက် လျောက်ရင်းနဲ့ ပျောက်ဆိုသလိုဖြစ်နေတာ ကြာပေါ့။ ခုတော့ မဖြစ်ချေဘူး ပြန်လုပ်အုံးမှ ဆိုပြီး လက်ပြန်သွေးရတာပါပဲ။ နောက်နေ့ ဘာဖြစ်မယ် မှမသိတာနော်။ အာရုံက လာချင်မှ လာမှာလေ။ လာတုံးလေး လုပ်ထားမှ။

ကဲ ပြောနေကြာတယ်၊ မပြောရင်မကြာဘူး……..လာလေ့ ကော်ရည်ခေါက်ဆွဲ….ပြောရင်တော့ သိပ်လွယ်တာ လွယ်လွန်းလို့ ရေးတောင်မရေးချင်ဘူး ဖုန်းနဲ့ပဲ ပြောပြလိုက်ချင်တာ။ အဲ့တော့ လိုတိုရှင်းပဲ ရေးမယ် ကြည့်ကျက်ဘတ် ပြီး အဆင်ပြေသလိုချက်…

ဘေ့စစ် အစာပလာကတော့ ကြာဇံချက်နဲ့ တောင်ဆင်ချင်ပါတယ်။ တခါတည်း ကြားညှပ်ကျော်ညာလိုက်မယ် ကြာဇံချက် ချက်နည်း သိချင်ရင် ဒီမှာ သွားကြည့်။ အဓိက ပါရမယ့် အစာပလာတွေကတော့ ပုံကိုကြည့်ပါ။

ပဲပင်ပေါက် ရွေးပြီးသား ရှာဝယ်ပါ မဟုတ်ရင် ဘာဖြစ်လဲဘာမှမဖြစ်ပါဘူး ရွေးရတာ အလုပ်ရှုပ်တာပေါ့အေ။ သံပရာသီး၊ ကြက်သွန်မိတ်၊ မွှေးပဲမှုန့် အကျက်၊ ကျားမင်း မဆလာ၊ ခနော် ဝက်မှုန့်၊ ကြက်သွန်ဖြူ။

နောက်အရေးကြီး ပစ္စည်းတခုကတော့ ကန်စွန်းရွက် (သူတို့ ဘာသာ သူတို့ ဆည်ဆောက်ဆောက် မဆောက်ဆောက် ကန်စွန်းကတော့ စိန ကန်စွန်း ကမှ ပိုကောင်းတယ်။ ရိုးတံ တုတ်လေကောင်းလေပဲ။ ပြီးရင် အနေတော်လေးတွေ သင်ထားပါ။ ဘယ်လိုလုပ်ရမလဲ မသိရင် ပုံကြည့်။ ဦးကြီးပု လို အဖြူ အမဲ စာအုပ်ထုတ်တာမဟုတ်ဘူးနော် ဒေါ်ချမ်း က ကာလာနဲ့ စိုနေတာ။ ဟွန်း…

မှိုမွှေးခြောက် ကိုရေနွေးစိမ်ထားပါ။ ပွတက်လာအောင်။

ကြက်သား ကို ပြုတ်။ အသားတွေ ပြန်ဆယ် နွင် ပြီးတော့ အရိုး ကို အိုးထဲ ပြန်ထည့် ပိုချိုအောင်။ နွင်ပြီးသား အသား ကို နှစ်ပုံ ပုံ ကြီး တပုံ သေးတပုံ။ ဘာလို့ လဲ မမေးနဲ့ နောက်ပိုင်းမှာပါလာမယ် ဆက်ဘတ်။

ကြက်သွန်ဖြူလေးတွေကို တော်ရုံ ထောင်း ပြီးတော့ ဆီသတ်ပါ။ ကြက်သား ခုနက အကြီးပုံ ကို ထည့် ပြီးတော့ ပဲငံပြာရည်အကြည်လေးထည့် ပြီး ဆား အချိုမှုန့် နည်းနည်း ထည့် ပြီး ဆီသတ်ပါ။ အမှန်ကတော့ ဆီနဲ့ လှိမ့်တာပေါ့။ ဒီနေရာမှာ ကြိုက်တတ်ရင် ငရုတ်ကောင်းမှုန့်လေးလဲ ထည့်ပါအုံးမွှေးတာပေါ့။ တချို့ ကိုကိုပို မမပိုတွေက အချိုမှုန့် မသုံးချင်ဘူး ဘာညာ ရှိပါတယ်။ ခုန က ပြထားတဲ့ ခနော် ကြက်မှုန့် ဝက်မှုန့် ကို အစားထိုးထည့် တီကတော့ ချိုအောင် အကုန်ထည့်တယ်။ အရိုး ပျော့ပျော့ ပွပွ ဖောင်းဖောင်း အချိုမှုန့် ကိုတော့ အာဂျီနိုမိုတို ကတည်းက အားပေးလာတာ ခုထိ သိပ် သစ္စာရှိတယ်။

ကြက်ဥ ခေါက်ပြီး မွှေလိုက်ပါ။ တလုံး နှစ်လုံး တော်သလိုပေါ့။ ကော်မှုန့်ကိုလဲ ရေအေးလေးနဲ့ ဖျော်ထား ၉ ရေနွေးမသုံးပါနဲ့ ပြီးမှ ကပ်သွားရင် ဘာကြီးလဲ မမေးနဲ့ တီလဲ မဖြေတတ်ဘူး။ အင်စထရပ်ရှင် ကိုသေချာဘတ်ပါ။ ၏ သည်မရွေး လိုက်ချက်ပါ။

မှတ်ချက်။ ။မန်းတလေး မြီးရှည်ဆိုရင်တော့ အပူနဲ့ ဖျော်တယ် အဲ့တာ နောက်တခေါက်မှ ချက်ကျွေးမယ်။

ပြီးရင် ခုန က တည်ထားတဲ့ ကြက်ပြုတ်ရည် ကို အရိုးဆယ်ပါ။ အရိုးတွေ ကုန်ရင် ပဲငံပြာရည် အနောက် နည်းနည်းထည်ပါ။ နည်းနည်းနော် မများစေနဲ့ မဲသွားမယ်။ ပြီးတော့ ခုန က ကော်ရည်ဖျော်ထားတာကိုထည့်။ အပြစ်အကျဲ ကိုကြိုက်သလို ချိန်ထည့် ကျဲ ရင် ရေရော (လျှို့ဝှက်ချက်တခုပြောပြမယ် အစကတည်းက ကြက်ပြုတ်ရည် ကို နည်းနည်းဖယ်ထား အရမ်းပြစ်သွားလို့ လိုရင် ရောရအောင်။ ကော်မှုန့် ကို တခါတည်း အကုန်မထည့်နဲ့ အပြစ်အကျဲ ချိန်ပြီး ဖြေးဖြေးလောင်းထည့် မွှေရင် အရေးကြီးတယ် တဘက်တည်းကိုပဲ တသမတ်မွှေပါ မွှေနေတုံးမှာ ခုန က ခလောက်ထားတဲ့ ကြက်ဥ ကိုထည့် အမျှင်မျှင်လေးတွေ ဖြစ်လာမယ်) အပြစ်အကျဲ လိုသလောက် အနေတော်ရပြီဆိုမှ ငရုတ်ကောင်းလေးဘာလေးထည့်။ ရေလည်ထည့်ပြစ်။ ပြီးရင် ဆား အချိုမှုန့် ကြက်မှုန့်ဝက်မှုန့် ထည့်။ ချိုပေါ့ငံ မြည်း။ အိုကေရင် ဆက်မယ်…

မှိုခြောက် (ကြာဇံချက်ထဲထည့်တဲ့ဟာလိုမျိုး ကြွက်နားရွက်ခေါ်တယ်) ရေစိမ်ထား။ ပန်းခြောက် ရေစိမ်ထား။ ပြောသားပဲ ကြာဇံချက်နဲပ ဘေ့စစ် တူပါတယ်လို့။ နောက် ခုန ပထမပိုင်းတုံးက ရေနွေး စိမ်ထားလို့ ပွနေတဲ့ မှိုမွှေးခြောက် ကို ပါးပါးလှီး (ပုံအတိုင်း)။

ပြီးရင် မှိုခြောက် (ကြွက်နားရွက်) ပန်းခြောက် မှိုမွှေးခြောက် အစဉ်အတိုင်း ထည့်ပြီး ဆက်မွှေပေး။ အစဉ်အတိုင်းမထည့်လဲ ရတယ် တခုချင်းစီထည့်ထည့် ပြုံပြီးတော့ပဲ ထည့်ထည့် အိုးထဲ ရောက်ဖို့ သာ ပဓာန။ တီက ပုံလှလှလေး ရိုက်ရမှာ မို့ တခုချင်းစီထည့်တာ။ အိုကေနော်။

ပြီးရင် အချို အပေါ့အငံ အရသာမြည်း။ အိုကေပြီးဆိုရင် ဟင်းရည်ရပြီ။

အချဉ် လုပ်နည်းကတော့ လွယ်ပါတယ် မုန်လာဥ အဖြူ ကို ပါးပါးလှီး ပြီးတော့ အချောင်းလေးတွေ ဖြစ်အောင် ပြန် လှီးပေးထားပါ။ ပြီးတော့ အသင့်စား ဗူးနဲ့လာတဲ့ စိမ်းစား ငပိ အနည်းငယ် ကိုရေသန့် အနည်းငယ်နဲ့ ဖျော်ထားပေးပါ။ ပြီးတော့ ခုန က လှီးပြီး ရေစိမ်ထားတဲ့ မုန်လာဥ နဲ့ ရောနယ် ပြီး ငရုတ်သီး အကျက်မှုန့်လေး နည်းနည်းထည့်လိုက်ရင် ကော်ရည်ခေါက်ဆွဲနဲ့ သိပ်သိပ်လိုက်တဲ့ လျှာကျွမ်းပြန် ငပိထောင်း ရပါမယ်။ ဒါကတော့ အများစားလို့ လုပ်ရတာပါ တီ့ဘာသာ ဆို တီက ကော်ရည်ခေါက်ဆွဲ ကို ဒီအတိုင်းပဲ ကြိုက်ပါတယ်။ ငပိနဲ့ တွဲမစားတတ်ပါဘူး။

နောက်တမျိုးကတော့ ကြက်သွန်ချဉ်ပေါ့ ကြက်သွန်နီ ဥ ကြီး ကို ပါးပါးလှီးပြီးတော့ အချဉ်ရည် ချီတို လိုဟာမျိုးနဲ့ နယ်လိုက်တာပါပဲ။ အဲ့တာတော့ အအီပြေလေး ကြိုက်တယ်။

ပြီးရင် အကုန်ပြီးပြီဆိုတော့ ပွဲပြင်ကြမယ်။ ပဲပင်ပေါက် နဲ့ စိန ကန်စွန်း ကိုရေနွေးဖျော်ထားပါ။ ပြီးတော့ ကြွပ်ကြွပ်လေးဖြစ်စေချင်ရင် ရေအေးလေးနဲ့ ပြန်ဆေး ပြီးမှ ဆည်။ တီကတော့ ဗိုက်ထဲရောက်မယ့်ဟာတွေ အဲ့လောက် ဂျေးမများနေဘူး။ ကြက်သွန်မိတ် ပါးပါးလှီးထား။ ကြက်သား အပုံသေး ကို ပန်းကန်လေးနဲ့ ထည့်။ ခေါက်ဆွဲဘတ် ကို အလုံး အပြား ကြိုက်ရာ ဝယ်ပါ။ တီကတော့ အပြားပဲ ကြိုက်တယ်။ အလုံးဆိုကြော်မှ။

ပန်းကန်ထဲ ဟော့သလိုလေးထည့် သေချာလှအောင်ပြင် ခေါက်ဆွဲ ထည့်၊ ကန်စွန်းရွက် ပဲပင်ပေါက်ထည့် ကြက်သွန်မိတ်လေးဖြူး ပြီးတော့ ကြက်သားလေးတွေ တင် အိုကေပြီဆိုရင် ဟင်းရည်ပူပူလေး ကြိုက်သလောက် လောင်းပြီးတော့ လျှာဂျွန်းပြန် ငပိထောင်း ကြက်သွန်ချဉ်တွေ နဲ့ အုပ်လိုက်ရင် ….

A Chen
4:19 AM
29th Sept 2011
Thursday
Home
Bangkok

မြစ်ဆုံရေကာတာစီမံကိန်းနှင့်ပတ်သက်၍ NDF ပါတီ၏ ထုတ်ပြန်ချက်

အမျိုးသားဒီမိုကရေစီအင်အားစု
NATIONAL DEMOCRATIC FORCE
အမှတ် (၁၀၃)၊ တိုက်(၃)၊ ဒဂုံလွင်လမ်း၊ သီရိလမ်းနှင့်စပယ်လမ်းကြား၊
မေတ္တာညွှန့်ရပ်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့
Ph- ၀၁-၅၅၁၆၅၄ ; emailး info@ndfmyanmar.com
ကြေညာချက်အမှတ်( ၆ /၂၀၁၁)
၂၀၁၁ခုနှစ်၊စက်တင်္ဘာလ(၂၇)ရက်

ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီ

မံကိန်း
တည်ဆောက်ရေးကိစ္စနှင့်ပတ်သက်၍လူထုလူတန်းစားအလွှာ အသီးသီး၊
အဖွဲ့အစည်းအသီးသီး၊ လူပုဂ္ဂိုလ်အသီးသီးနှင့် နယ်ပယ်ပေါင်းစုံမှ
ပညာရှင်အသီးသီးတို့က မိမိတို့၏ သဘောထားများကို ၀ိုင်းဝန်းအကြံပြု
ထုတ်ပြန်ပြောကြားခဲ့ပြီး ဖြစ်ပါသည်။
ဤကိစ္စရပ်နှင့်ပတ်သက်၍ ၂၀၁၁ခုနှစ် စက်တင်္ဘာလ (၁၇)ရက်နေ့က နေပြည်တော်တွင်
အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၌ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်
ကျင်းပခဲ့ကြောင်း သိရှိရပါသည်။ ယင်းအလုပ်ရုံ ဆွေးနွေးပွဲတွင်
အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီးက
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း အပါအ၀င်
လျှပ်စစ်စီမံကိန်းများနှင့်ပတ်သက်၍ ” ယခုအခါ ပြည်သူက ရွေးချယ်ထားသော၊
ပြည်သူ့ကိုယ် စားလှယ်များဖြင့် ဖွဲ့စည်းထားသော လွှတ်တော်အသီးသီး
ပေါ်ပေါက်လာပြီဖြစ်သဖြင့် လွှတ်တော်၏ သဘောထား၊ အဆုံးအဖြတ်၊ အစိုးရအဖွဲ့၏
မူဝါဒအဆုံးအဖြတ်အတိုင်း ဥပဒေနှင့်အညီ ၀န်ကြီးဌာန အနေဖြင့်
လျှပ်စစ်စီမံကိန်းများကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု
ပြောကြားခဲ့ကြောင်းကို မီဒီယာများမှတဆင့် သိရှိရပါသည်။
ဤ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကိစ္စရပ်သည်
တစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့်ကိစ္စ တနည်းအားဖြင့်
အမျိုးသားရေးကိစ္စတစ်ရပ် ဖြစ်ပါသဖြင့် လွှတ်တော်၏သဘောထားအဆုံးအဖြတ်
ခံယူရုံမျှဖြင့် လုံလောက်မည်ဟု မယုံကြည်ပါ။ တစ်ဦး၊ တစ်ယောက်၊
တစ်ဖွဲ့တစ်သင်း၏ လွှမ်းမိုးမှုဖြင့် ဆုံးဖြတ်၍ ဖြစ် ကောင်းသော အရာမဟုတ်ပါ။
ဤကိစ္စရပ်ကြောင့် အားလုံးအယူအဆတူညီမျှတ၍ အမျိုးသားစည်းလုံးညီညွတ်မှု
တည်ဆောက်ရန် အခွင့်အလမ်းတစ်ခု ရနိုင်သလို ဤကိစ္စရပ်ကြောင့်
အမျိုးသားစည်းလုံးညီညွတ်မှုကို တစ်နည်းနည်းဖြင့် ထိခိုက်
စေနိုင်သည်ကိုလည်း အထူးသတိပြုသင့်ကြပါသည်။ ၂၀၁၁ ခုနှစ်
စက်တင်္ဘာလ(၁၇)ရက်နေ့ အလုပ်ရုံ ဆွေးနွေးပွဲတွင်ပင် အမှတ်(၁)နှင့်အမှတ်(၂)
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက “ ဒီကိစ္စ ၊ ဒီ issue ကြောင့်
စည်းလုံးညီညွတ်မှုအား ချည့်နဲ့မသွားစေသင့်ပါကြောင်း တင်ပြအကြံပြုအပ်ပါတယ်
” ဟု အလေး အနက်ထား ပြောကြားခဲ့သည်ကို သိရှိရပါသဖြင့်
အထူးစဉ်းစားဆင်ခြင်သင့်ကြပေသည်။
ဧရာဝတီအရေးသည် အမျိုးသားရေး၊ ဧရာဝတီသည် အမျိုးသားအမွေအနှစ်၊
အမျိုးသားအကျိုးစီးပွါး
အမျိုးသားယဉ်ကျေးမှု၊ အမျိုးသားစည်းလုံးညီညွတ်မှု အမှတ်သင်္ကေတဖြစ်၍
အဖိုးမဖြတ်နိုင်အောင် တန်ဖိုး ကြီးမားလှသည့် ရတနာတစ်ပါးဆိုသည်ကို
မည်သူမျှ မငြင်းနိုင်ပါ။ အခြားအမျိုးသားအမွေအနှစ်များကို ထိန်း
သိမ်းစောင့်ရှောက် ကာကွယ်ကြသလို ဧရာဝတီကိုလည်း အမျိုးသားအမွေအနှစ်အဖြစ်
ဘိုးဘေးဘီဘင်မှစ၍ နောက်အနာဂတ် မျိုးဆက်သစ်တို့ထိတိုင်
ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် လူတိုင်းတွင် တာဝန်ရှိ ပါသည်။
သို့ပါ၍ ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကိစ္စကို
စဉ်းစားဆုံးဖြတ်ရာတွင် လွှတ်တော်၏ သဘောထားအဆုံးအဖြတ်သာမက မြန်မာပြည်အရေး၊
အမျိုးသားအရေး ဖြစ်ပါသဖြင့် ပြည်သူလူထုအားလုံး၏ ဆန္ဒကို
တိုက်ရိုက်ခံယူခြင်း ( Referendum) နည်းဖြင့် ဆောင်ရွက်သင့်ပါသည်။
လူထုဆန္ဒခံယူပွဲ ဆောင်ရွက်ရန် မဖြစ်နိုင်သေးပါကလည်း ဤကြားကာလတွင်
အချိန်အကန့်အသတ်မရှိ ရပ်ဆိုင်းထားသင့် ပါကြောင်း အလေးအနက်
တိုက်တွန်းကြေညာအပ်ပါသည်

ဗဟိုအလုပ်အမှုဆောင်ကော်မတီ
အမျိုးသားဒီမိုကရေစီအင်အားစု

Eleven Media Group ၏ Chairman & CEO ဒေါက်တာသန်းထွဋ်အောင်

အားလုံး မင်္ဂလာပါခင်ဗျာ။ ဧရာဝတီမြစ်ဟာ ပြည်ထောင်စုရဲ့ သင်္ကေတ၊ ဧရာဝတီမြစ်ဆုံဟာ ပြည်ထောင်စုရဲ့ အစပဲဖြစ်ပါတယ်။ ဧရာဝတီကို ချစ်မြတ်နိုးခြင်းဟာ ပြည်ထောင်စုကို ချစ်မြတ်နိုးခြင်းဖြစ်ပါတယ်။ ပြည်ထောင်စုကို ချစ်မြတ်နိုးခြင်းဟာ နိုင်ငံကိုချစ်မြတ်နိုးခြင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီဆွေးနွေးပွဲကို တက်ရောက်လာသူတွေဟာ ကိုယ့်နိုင်ငံကို ချစ်မြတ်နိုးသူတွေ၊ ပြည်ထောင်စုကို ချစ်မြတ်နိုးသူတွေ၊ ဧရာဝတီကို ချစ်မြတ်နိုးသူတွေလို့ ယူဆပါတယ်။ ဒီပွဲကို မတက်ရောက်နိုင်ကြတဲ့ ပြည်တွင်းမှာရှိတဲ့ အလွှာအသီးသီး၊ နေရာဒေသအသီးသီး၊ ဌာနအသီးသီး၊ နေရာဒေသအရပ်အသီးသီးမှာရှိတဲ့ တိုင်းရင်းသားလူမျိုးအားလုံးအပါအ၀င် နိုင်ငံတကာမှာရှိနေကြတဲ့ မြန်မာစိတ်ရှိတဲ့ မြန်မာအားလုံးရဲ့ ဧရာဝတီချစ်စိတ်ကို ကျွန်တော်မျက်ဝါးထင်ထင်မြင်ရတဲ့အခါ ကျွန်တော်တို့နိုင်ငံဟာ အရေးကြုံတဲ့အချိန်မှာ ညီညွတ်လာနိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာမယ်လို့ ယုံကြည်ပြီး ကျွန်တော်ဟာ ပြည်ထောင်စုမြန်မာနိုင်ငံသားတစ်ယောက် ဖြစ်ရတာကို အများကြီးဂုဏ်ယူမိကြောင်း ပဏာမပြောကြားလိုပါတယ်။

ကျွန်တော့်အနေနဲ့ အခု ပြောကြားခွင့်ရတာကို ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော်အခုပြောကြားမယ့် အကြောင်းအရာက သတင်းမီဒီယာရှုထောင့်ကပဲ ပြောကြားမှာဖြစ်ပါတယ်။ သတင်းမီဒီယာရှုထောင့်ဆိုတာ ပြည်သူလူထုရဲ့အသံတွေကို နားထောင်ရတယ်။ သက်ဆိုင်ရာပညာရှင်တွေရဲ့ အချက်အလက်တွေကို နားထောင်ရတယ်။ အချက်အလက်တွေကို စုဆောင်းရတယ်။ သမိုင်း၊ ပထ၀ီ၊ အခြေအနေ အရာရာအားလုံးကို သုံးသပ်ရတယ်။ ပြီးတော့ မိမိတို့ရဲ့ ကျွမ်းကျင်မှု၊ တတ်ကျွမ်းမှု၊ မိမိတို့ရဲ့ Common Sense နဲ့ ပြည်သူလူထုကို နားလည်အောင် ပြန်လည်ရှင်းပြရတာ သတင်းမီဒီယာတွေရဲ့ အလုပ်ပဲ ဖြစ်ပါတယ်။ သတင်းမီဒီယာအနေနဲ့ အခုလို ပြည်သူလူထုကို တင်ပြတဲ့အချိန်မှာ ကျွန်တော်တို့ဟာ သွယ်ဝိုက်တဲ့နည်းနဲ့ တင်ပြရတာရှိသလို တစ်ခါတလေမှာလည်း တည့်တည့် Straight forward ပဲ တင်ပြရတာရှိပါတယ်။ ဧရာဝတီမြစ်ဆုံအရေးဟာ ကျွန်တော်အနေနဲ့ တင်ပြတဲ့အခါ Straight forward တည့်တိုးပဲ ပြောသွားမှာဖြစ်ပါတယ်။ ကျွန်တော် ဒီလိုတည့်တိုးပြောတဲ့အခါ ပညာရှင်မဆန်တာပဲဖြစ်စေ၊ သံတမန်မဆန်တဲ့ စကားလုံးတွေပဲ ပါသွားလို့ဖြစ်စေ ရိုင်းပျသလိုဖြစ်သွားရင်လည်း ခွင့်လွတ်ပေးကြဖို့ အားလုံးကို တောင်းပန်လိုပါတယ်။

ကျွန်တော့်အနေနဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး ခုနက environmental ရှုထောင့်က တင်ပြသွားတာတွေဟာ အားလုံးပြည့်စုံပါတယ်။ environmental ရှုထောင့်ကနေ ဆင်ခြေရာ ထပ်ရှာစရာအကြောင်း မရှိတော့ပါဘူး။ ကျွန်တော်အနေနဲ့ လူမှုရေး၊ စီးပွားရေး၊ နောက်ဆုံး ဘယ်နေရာ ဘယ်ရှုထောင့် ဘယ်နယ်ပယ်မှာပဲဖြစ်ဖြစ် အမြင့်ဆုံးဖြစ်တဲ့ နိုင်ငံရေးရှုထောင့်ကလည်း သုံးသပ်တင်ပြသွားမှာ ဖြစ်ပါတယ်။ လူမှုရေးရှုထောင့်က တင်ပြရရင် ကျွန်တော် ခုန ဆရာဦးဝင်းမျိုးသူလည်း ရှင်းပြသွားပါပြီ။ မြစ်ဆုံဟာ ကချင်လူမျိုးတွေရဲ့ ယဉ်ကျေးမှု အထွတ်အမြတ်ဖြစ်ပါတယ်။ မလိခဆိုတဲ့ မြစ်နဲ့ အင်မိုင်ခလို့ခေါ်တဲ့ မေခမြစ်တို့ ပေါင်းစည်းပြီး ဖြစ်ပေါ်လာတဲ့ ဒီမြစ်ရဲ့ ဒဏ္ဍာရီဟာ ကချင်ဒဏ္ဍာရီမှာ အခိုင်အမာပါဝင်ပြီးတော့ ကချင်လူမျိုးတွေရဲ့ အထွတ်အမြတ်ထားတဲ့ ဒေသဆိုတာ ဘယ်သူမှ ငြင်းပယ်လို့မရပါဘူး။ ကျွန်တော်တို့ နိုင်ငံ ကျွန်တော်တို့ ဗုဒ္ဓဘာသာလူမျိုးတွေအနေနဲ့ ရွှေတိဂုံစေတီတော်ကို အထွတ်အမြတ်ထားရာ ရွှေတိဂုံကိုမြင်ရင် ကျွန်တော်တို့ မြန်မာနိုင်ငံကို ရောက်ပြီလို့ ထင်ကြတဲ့အထိ အထွတ်အမြတ်ထားရာ ဖြစ်သလို မြစ်ဆုံဟာလည်း ကချင်လူမျိုးတွေရဲ့ အထွတ်အမြတ်ပဲဖြစ်ပါတယ်။ ကမ္ဘာစစ်ကြီးတွေကို ကျော်ဖြတ်လာတဲ့အချိန်မှာ ရွှေတိဂုံဟာ ဘေးမသီရန်မခ ရှိနေခဲ့တာဟာ ကျွန်တော်တို့နဲ့ အယူအဆမတူသူ၊ ၀ါဒမတူသူ၊ ဘာသာမတူသူ လူမျိုးမတူသူတွေကို ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းလေးစားလိုက်နာခဲ့တဲ့အတွက် ကျွန်တော်အများကြီး ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ရဲ့ ညီအစ်ကိုမောင်နှမ ကချင်လူမျိုးတွေရဲ့ ယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းလိုက်နာဖို့ ကျွန်တော်တို့မှာ တာဝန်ရှိတယ်ဆိုတာကို ဦးစွာပြောကြားလိုပါတယ်။

ဒါ့အပြင် တခြားလူမှုရေးရှုထောင့်က တင်ပြလိုတာကတော့ ကျွန်တော်တို့ ခုနကပြောတဲ့ ဒူဝါကြီး၊ ကျွန်တော့် အဖေကလည်း ကချင်ဒေသခံပါ။ ဒူဝါကြီးထက် ငယ်ပေမယ့် ကချင်ပြည်နယ်မှာပဲ မွေးဖွားပြီး ကချင်ပြည်နယ်မှာပဲ ကြီးပြင်းခဲ့တဲ့သူပါ။ ဒူဝါကြီးက ကျွန်တော့်အဖေထက် အသက်ကြီးပါတယ်။ ဒူဝါကြီးရဲ့ စိတ်ခံစားချက်ကို ကျွန်တော်အများကြီး နားလည်နိုင်ပါတယ်။ CPI ကုမ္ပဏီဥက္ကဋ္ဌ ရှင်းပြသွားတဲ့အချိန်မှာ ဒီ Dam ဟာ ရစ်ခ်ျတာစကေး ၈ ထိ ခံနိုင်ရည်ရှိတယ်လို့ပြောပါတယ်။ error တွေကို ထည့်တွက်ရင် ၇ ၊ ၈ ထက်ကျော်ရင် ခံနိုင်ရည်မရှိဘူးလို့ ပြောရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၁၀၀ အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ငလျင်တွေကို ပြန်ကြည့်ခဲ့ရင် ကချင်ပြည်နယ် ဒါမှမဟုတ် မြစ်နဲ့ နီးစပ်တဲ့ဒေသမှာ ရစ်ခ်ျစတာစကေး ၇.၅ နဲ့အထက် ငလျင်ကြီးသုံးခု ဖြစ်ပွားခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ ဒီငလျင်တွေကတော့ ၁၉၃၁မှာ လှုပ်ခတ်ခဲ့တဲ့ ကာမိုင်းငလျင်၊ ၁၉၄၆ မှာဖြစ်တဲ့ တကောင်းငလျင်၊ ၁၉၉၁ မှာဖြစ်တဲ့ ထီးချိုင့်ငလျင်၊ ဒါတောင် ၁၉၉၄မှာ မြစ်ကြီးနားငလျင် လှုပ်သွားပါသေးတယ်။ ရစ်ခ်ျစတာစကေး ၆ ရှိပါတယ်။ ဒါဟာ အချက်အလက်အားဖြင့် ဒီဒေသမှာ ငလျင်ဆိုတာကို ငြင်းပယ်လို့မရတဲ့ အချက်ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ ကမ္ဘာကြီးဟာ ရာသီဥတုပူ နွေးပြောင်းလဲလာတယ်။ ခုနကလည်း ဆရာဦးထွန်းလွင် ပြောခဲ့ပါတယ်။ ရာသီဥတု ပြောင်းလဲလာတာနဲ့အမျှ ကမ္ဘာ့အောက်ခြေမှာရှိနေတဲ့ ဓာတ်သဘောသဘာဝ ပြောင်းလဲလာတယ်ဆိုတာ ဘာမှငြင်းလို့မရပါဘူး။ အရင်တုန်းက ငလျင်ဆိုတာ ဒီလောက်ဖြစ်လေ့မရှိပါဘူး။ ၂၀၀၄ခုနှစ် ဆူမားတြားငလျင်ပြီးတဲ့နောက်မှာ ရစ်ခ်ျစတာစကေး ၈ အထက် ငလျင်ကြီး ၁၀ ခုတိတိလှုပ်သွားတယ်ဆိုတာ အံ့သြဖို့ ကောင်းပါတယ်။ ခုနစ်နှစ်အတွင်းမှာ ရစ်ခ်ျစတာစကေး ၈ ရှိတဲ့ ငလျင်ကြီးဟာ မြန်မာနိုင်ငံမှာ နောက်တစ်ကြိမ်ထပ်လှုပ်လာခဲ့ရင်၊ ဒီမြစ်ဆုံဒေသမှာ ထပ်လှုပ်လာခဲ့ရင် ဘယ်လိုအခြေအနေမျိုးတွေဖြစ်မလဲ၊ ဒူဝါကြီးအိပ်မပျော်တာကို ကျွန်တော်တို့ အများကြီး ကိုယ်ချင်းစာနာလို့ ရပါတယ်။

ကျွန်တော်တို့ သတင်းမီဒီယာတစ်ခုအနေနဲ့ ဒီကိစ္စကို တိတိကျကျ ပြည်သူလူထုကို သတိပေးနိုင်တဲ့ဟာက ကျွန်တော်တို့ရဲ့ တာဝန်ပါ။ ဘာဘေးအန္တရာယ်မှမရှိဘူး။ အေးအေးဆေးဆေး စိတ်ချလက်ချနေနိုင်တယ်လို့ ဘယ်သူမှ အာမမခံနိုင်ပါဘူး။ ဘယ်လောက် Risk ရှိမယ်။ ဘယ်လောက် Risk မရှိဘူးဆိုတာ ဘယ်သူမှ မပြောနိုင်တဲ့ အခြေအနေရှိပါတယ်။ အမြင့်ပေ ၅၀၀ ရှိတဲ့ ဒေသကနေကျလာမယ့် စတုရန်းမိုင် ၅၀၀ ရှိတဲ့ ရေလုံးကြီးရဲ့ ဖိအားကြောင့်ရောက်ခဲ့ရင် နာဂစ်မုန်တိုင်းကြောင့် သက်ရောက်ခဲ့တဲ့ ရေလှိုင်းကြီးရဲ့ အဆပေါင်း ဘယ်လောက်များစွာရှိမလဲ၊ ဒီလို အိပ်မပျော်တဲ့ ညပေါင်းများစွာ ကျော်ဖြတ်နိုင်မယ့် မြစ်ကြီးနားလွင်ပြင်ဒေသက လူသုံးသိန်းကျော်ကို ဘယ်လိုနှစ်သိမ့်မလဲ။ သူတို့ကိုနေပါလို့ ကျွန်တော်တို့ ဘယ်လိုသွားပြောမလဲ မီဒီယာရှုထောင့်ကနေ ခင်များတို့ မပြောင်းပါနဲ့ နေပါ။ စိတ်ချလက်ချနေပါ။ ဘာမှမဖြစ်ပါဘူးလို့ ဘယ်လိုသွားပြောမလဲ ဒီလိုမပြောနိုင်တဲ့ အခြေအနေမျိုးမှာ ဒီဒေသက လူတွေတဖြည်းဖြည်းနဲ့ လူတွေ စွန့်ခွာခဲ့ရင် ဒီမြစ်ကြီးနားမြို့ ဘာဖြစ်သွားမလဲ၊ ကချင်ပြည်နယ် ဘာဖြစ်သွားမလဲ။ ကချင်ပြည်နယ်ရဲ့ မြို့တော်ဟာ ဘာဖြစ်သွားမလဲ။ ဒီအထိ ရေရှည်စဉ်းစားဖို့ လိုပါတယ်။ ကျွန်တော်ပြောနေတာတွေဟာ လှုံ့ဆော်နေတာမဟုတ်ဘူး။ ပုံကြီးချဲ့ကားနေတာမဟုတ်ဘူး။ ကျွန်တော်တို့အနေနဲ့ တိုင်းပြည်ရဲ့ အကျိုးအတွက် တကယ်အရှိကိုအရှိအတိုင်း၊ အမြင်ကို အမြင်အတိုင်း တင်ပြနေတယ်ဆိုတာကို အားလုံး လက်ခံယုံကြည်စေချင်ပါတယ်။

နောက်တစ်ခုက ကျွန်တော်တို့ စီးပွားရေးတွက်ခြေကိုက်မှု..
ကချင်ပြည်နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲမူ ပြောသွားတာ ကျွန်တော် သဘောကျပါတယ်။ ကချင်လူမျိုး နှစ်သောင်းကျော် ပြောင်းရွှေ့ရတယ်။ ပြည်ထောင်စုကြီးသာ ချမ်းသာခဲ့ရင်၊ ပြည်ထောင်စုကြီးတစ်ခုလုံး အကျိုးရှိရင် ကျွန်မတို့ ကချင်လူမျိုးတွေ အနစ်နာခံရကျိုး နပ်ပါတယ်။ ကောင်းပါတယ်။ ဒီစိတ်ဓာတ်မျိုး ကျွန်တော်တို့ သဘောကျပါတယ်။ ဒါပေမယ့် ကချင်လူမျိုးတွေ အနစ်နာခံလို့ ကျွန်တော်တို့ ပြည်ထောင်စုကြီး၊ ကျွန်တော်တို့ တစ်နိုင်ငံလုံး ဘာဖြစ်သွားမှာမို့လို့တုန်း။ CPI ဥက္ကဋ္ဌက ပြောပါတယ်။ သူ့ရဲ့စာတမ်းမှာ ။ မြန်မာတစ်နိုင်ငံလုံးက ဒီမြစ်ဆုံစီမံကိန်းကြီး ပြီးသွားလို့ရှိရင် Industrialize နိုင်ငံဖြစ်သွားလိမ့်မယ်လို့ မြစ်ဆုံစီမံကိန်းရဲ့ ၉၀ ရာခိုင်နှုန်း၊ ရေအားလျှပ်စစ်စီမံကိန်းရဲ့ ၉၀ ရာခိုင်နှုန်းက တရုတ်နိုင်ငံကို ရောင်းချခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ လျှပ်စစ်စွမ်းအား သုံးစွဲမှုကိုကြည့်ရင် ကျွန်တော်တို့ တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ပြီးကြည့်ရင် ကျွန်တော်တို့ဟာ ၁၅၀၀ပဲရှိပါတယ်။ စင်ကာပူဟာ ၅၀၀၀ ရှိပါတယ်။ ထိုင်းဟာ ၁၃၀၀၀ ရှိပါတယ်။ တရုတ်ပြည်ဟာ ၄၀၀၀၀၀ ကျော်ရှိပါတယ်။ ဒီအခြေအနေကို နှိုင်းဆကြည့်ရင် ကျွန်တော်တို့ အလွန်ဆုံး သုံးနိုင်ရင် တစ်သောင်းကျော်ပဲရှိပါတယ်။ ကျွန်တော်တို့ဟာ နောက်ထပ် ၁၀နှစ် ၁၅နှစ်နေရင် တစ်သောင်းကျော်ပဲရှိပါတယ်။ ခု ရေအားလျှပ်စစ်စီမံကိန်းတွေကို လေ့လာကြည့်ရင် ကျွန်တော်တို့ ရေအားလျှပ်စစ် စီမံကိန်းတွေဟာ မြန်မာနိုင်ငံမှာ တည်ဆောက်ဆဲ တည်ဆောက်ဖို့ ကြံစည်နေတဲ့ ရေအားလျှပ်စစ်က ထွက်အားဟာ အရမ်းများပါတယ်။ အခု တာပိန်(၁)၊ (၂)၊ ရွှေလီ..။ ရောင်းချပြီးတဲ့ဟာ ထောင်ချီနေတဲ့ ရေအားလျှပ်စစ်က ကျွန်တော်တို့အတွက် ၁၅ရာခိုင်နှုန်း ပဲရှိပါတယ်။ ဒီဟာတွေ တရုတ်ပြည်ရောင်းချလိုက်လို့ ကျွန်တော်တို့ ဘာမှမဖြစ်ပါဘူး။ မကြာခင်မှာ ရပ်တော့မယ့် ဟတ်ကြီး၊ တရုတ်ပြည်က သဘာဝပညာရှင်တွေ ကန့်ကွက်မှုကြောင့် ရပ်စဲသွားတဲ့ တာဆန်း၊ ခု အိန္ဒိယကကြိုးစားနေတဲ့ ထမံသီ၊ ဒီပမာဏတွေဟာ မြစ်ဆုံနဲ့ စာရင် ဘာမှမပြောပလောက်ပါဘူး။ ကျွန်တော်တို့မှာ ရေအားလျှပ်စစ် အလျှံပယ်ထွက်နိုင်တဲ့ နေရာတွေရှိပါတယ်။ သဘာဝဓာတ်ငွေ့ကလည်း လျှပ်စစ်ရနိုင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ Industrialize နိုင်ငံဖြစ်ဖို့အတွက် မြစ်ဆုံစီမံကိန်းဆောက်ဖို့ လုံးဝမလိုအပ်ပါဘူး။

နောက်တစ်ချက်က စီးပွားရေးအရ တွက်ခြေကိုက်မှု၊ ခုနက ဆရာဦးဝင်းမျိုးသူလည်း ပြောသွားပါတယ်။ ဆရာပြောသွားတဲ့ အချက်လေးက ပညာရှင်ဆန်ပြီးတော့ သံတမန်ဆန်ပြီးတော့ အင်မတန်သိမ်မွေ့ပါတယ်။ ကျွန်တော်ကတော့ တည့်တိုးပဲပြောပါမယ်။ CPI ဥက္ကဋ္ဌက ပြောသွားပါတယ်။ နှစ်ပေါင်း ၅၀ ။ ကျွန်တော် အင်မတန်ရင်နာသွားပါတယ်။ ကျွန်တော်သိတာ အစက ၃၀။ နှစ်ပေါင်း ၅၀ မှာ ကျွန်တော်တို့ နိုင်ငံဟာဒေါ်လာ ၄၇ဘီလျံရမယ်လို့ ပြောသွားပါတယ်။ စီးပွားရေး တွက်ခြေကိုက်မှုစာတမ်းမှာ ရေအားလျှပ်စစ်ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးကြီးစိုးက ကျွန်တော်တို့နိုင်ငံဟာ ၁၇ ဘီလျံရမယ်တဲ့။ တရုတ်က ၁၁ ဘီလျံရမယ်။ This is quite different ။ ဒီအချက်ဟာ ကျွန်တော်တို့ မီဒီယာရှုထောင့်ကပြောရရင် ထောက်ပြစရာအချက် ဖြစ်ပါတယ်။ သူက ဒီလို အဆင့်ဆင့် တွက်ချက်မှုပေါင်း ၃၀၀ ကျော်အရ ဒီလိုမျိုးအဆင့်ဆင့်တွက်ချက်ပြီးတော့ ၀န်ကြီးဌာနအဆင့်ဆင့်ရော ရှေ့နေချုပ်ရုံးတွေရော တိုင်ပင်ပြီးတော့ ဒီစီမံကိန်းကို အတည်ပြုခဲ့တာလို့ ပြောပါတယ်။ ကျွန်တော်ကတော့ ဒီလို မတွက်တော့ပါဘူး။ ရိုးရိုးရှင်းရှင်း သုံးချက်နည်းနဲ့ပဲ တွက်လိုက်မယ်။ ၁၇ ဘီလီယံကို နှစ် ၅၀ နဲ့စားမယ်။ တစ်နှစ်ကို သန်း ၃၀၀ ပဲရမယ်။ ကျွန်တော်တို့ သန်း ၃၀၀ နဲ့ ဒီလောက် ငြင်းခုံဖို့ လိုအပ်မယ်လို့ ထင်လို့လား။

တစ်နှစ်ကို ဒေါ်လာ သန်း ၃၀၀ ရမယ်။ မြစ်ကြောင်းထိန်းသိမ်းရေး ပို့ဆောင်ရေးဝန်ကြီး ဌာနမှာ မေးကြည့်မယ်၊ တစ်နှစ်ကို ဘယ်လောက်ကုန်မလဲ၊ သန်း ၁၀၀ လောက်အနည်းဆုံးကုန်မယ်။ ဒါမြစ်ကြောင်း ထိန်းသိမ်းရေးပဲရှိတယ်။ အောက်မှာ ဆုံးရှုံးသွားတာတွေ ကျန်သေးတယ်။ စီးပွားရေးတွက်ခြေကိုက်မှုအတွက် ကျွန်တော်တို့ မေးစရာမေးခွန်း လုံးဝမလိုပါဘူး။ သဘာဝဓာတ်ငွေ့က ငါးနှစ်အတွင်းရှာတာ ၁၂ ဘီလီယံရှိပါတယ်။ ကျောက်စိမ်းက ရှာတာ ငါးနှစ်အတွင်းမှာ ငါးဘီလီယံရှိပါတယ်။ …..ဒါတွေကို တွက်ချက်ရင် ကျွန်တော်တို့ ရေအားလျှပ်စစ်က ဘာငွေမှမလိုပါဘူး။

ကျွန်တော်တို့ နိုင်ငံရဲ့ သဘာ၀၀န်းကျင် ပျက်စီးခြင်း၊ ကျွန်တော်တို့ တိုင်းရင်းသားပြည်သူတွေ၊ ဧရာဝတီပေါ်မှာ အခြေစိုက်နေတဲ့ လယ်သမားတွေဘ၀၊ တိုင်းရင်းသားလူမျိုး ပြည်သူလူထုတွေရဲ့ ဘ၀ ပျက်စီးတဲ့ ဒီစီမံကိန်း ဘာမှမလိုပါဘူး။ နောက်ပြီး ဒီမြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး ကာကွယ်ရေးစီမံကိန်း၊ အမျိုးသားလုံခြုံရေးအဆင့် စီမံကိန်းလို လျို့ဝှက်နေစရာတွေက ကျွန်တော်တို့အတွက် မေးခွန်းထုတ်စရာ အများကြီးရှိပါတယ်။ ဒါတွေဟာ ဥပဒေနဲ့ညီညွတ်၊ မညွတ်ဆိုတာ ကျွန်တော့်အနေနဲ့ ဒီအချိန်မှာ မပြောပေမယ့် လိုအပ်ရင်တော့ ဥပဒေကြောင်းအရ ပြောနိုင်တဲ့ အချက်အလက်တွေ ကျွန်တော်တို့ဆီမှာ စုဆောင်းထားပြီးဖြစ်ပါတယ်။

နောက်တစ်ခုက CPI ကုမ္ပဏီကို ကျင့်ဝတ်ပိုင်းအရ မေးခွန်းထုတ်ရမယ့် မေးခွန်းပါပဲ။ BANCA Report ကို ပြည်သူလူထုအများစုကို မချပြခဲ့ဘူး။ ကျွန်တော်နဲ့ တွေ့ခဲ့တဲ့ တရုတ်ပညာရှင်တွေ၊ သဘာဝပတ်ဝန်းကျင် ပညာရှင်တွေနဲ့ တွေ့ခဲ့ပါတယ်။ သူတို့က ဒီမြစ်ဆုံစီမံကိန်းကို လုံးဝမဆောက်သင့်တဲ့အကြောင်း တရုတ်အစိုးရကို တင်ပြသွားမယ်၊ CPI ကုမ္ပဏီကိုလည်း ရှင်းရှင်းလင်းလင်းပြောသွားမယ်လို့ ကျွန်တော့်ကို ပြောသွားပါတယ်။ ဒီပညာရှင်တွေဟာ အင်မတန် ပညာရှင်ပီသတဲ့သူတွေ ဖြစ်ပါတယ်။ ဒီပညာရှင်တွေရဲ့ ပြောဆိုချက်ကို လျစ်လျူရှုပြီး ဒီမြစ်ဆုံစီမံကိန်းကို ဆောက်ခဲ့တာ ၂၁ရာစုရဲ့ စီးပွားရေးကျင့်ဝတ်မှာ သဘာ၀၀န်းကျင်ကို ထိခိုက်ပြီးတော့ မိမိအမြတ်ယူခြင်းဟာ စီးပွားရေးကျင့်ဝတ်ဖောက်ဖျက်ခြင်းလို့ အတိအလင်း ပါရှိထားပါတယ်။ ဒါကြောင့်မို့လို့ CPI ကုမ္ပဏီရဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာကို ကျွန်တော်တို့ မေးခွန်းထုတ်မှာဖြစ်ပါတယ်။ ။ နောက်တစ်ပိုင်းရှိပါတယ်။ ဒီအပိုင်းကတော့ အရေးကြီးပါတယ်။ CPI ကုမ္ပဏီကို ကျွန်တော်တို့ မေတ္တာရပ်ခံချင်ပါတယ်။ ကျွန်တော်တို့ နှစ်နိုင်ငံ ရေရှည်တည်တံ့လာတဲ့ ချစ်ကြည်မှုကို မပျက်ပြားစေချင်ပါဘူး။ ကျွန်တော်တို့ လူမျိုးအချင်းချင်း ပူးတွဲယှဉ်သန်လာခဲ့ကြတဲ့ နှစ်ပေါင်းများစွာ ရှင်သန်လာတာကို လူမျိုးရေးမုန်းတီးမှုတွေ မဖြစ်ပွားစေချင်ပါဘူး။ ဒါကြောင့် CPI ကုမ္ပဏီကို ဒီမြစ်ဆုံစီမံကိန်းကို ပြန်လည်ရပ်ဆိုင်းပေးဖို့ CPI ကုမ္ပဏီကို ကျွန်တော်တို့ ဒီနေရာက မေတ္တာအထူးရပ်ခံချင်ပါတယ်။

နောက်တစ်ချက်က အေးရှားဝေါလ်ကုမ္ပဏီပါ။ ဒီမြစ်ဆုံစီမံကိန်းမှာ အဓိက အခန်းကဏ္ဍက ပါဝင်တဲ့ အေးရှားဝေါလ်ကုမ္ပဏီ ဒါရိုက်တာအဖွဲ့၊ ပတ်သက်ဆက်နွယ်သူများ၊ အကျိုးစီးပွားရရှိပတ်သက်နေတဲ့သူများကိုလည်း အထူးမေတ္တာရပ်ခံချင်ပါတယ်။ ကျွန်တော်တို့ဟာ ဒီမြေ ဒီရေ ပေါ်မှာနေတယ်။ ကျွန်တော်တို့ဟာ ဒီမြေဒီရေနေတဲ့ ဒီလူမျိုးတွေနဲ့ နှစ်ပေါင်းများစွာ ပူးတွဲနေထိုင်ခြင်းပဲ။ နောက်ကိုလည်း ခင်ဗျားတို့နဲ့ ယှဉ်တွဲနေထိုင်ကြဦးမှာ ဖြစ်ပါတယ်။ ဘာမဟုတ်တဲ့ စီးပွားရေးအကျိုးအမြတ်လေးတစ်ခုနဲ့ ကျွန်တော်တို့ နိုင်ငံအတွင်းမှာ သွေးကွဲမှုတွေ မဖြစ်ပွားဖို့အတွက် ကျွန်တော်တို့ သူတို့ ဒါရိုက်တာအဖွဲ့ကိုလည်း မေတ္တာရပ်ခံချင်ပါတယ်။ ဒီမြစ်ဆုံစီမံကိန်း ရပ်ဆိုင်းသွားအောင်အတွက် အေးရှားဝေါလ်ကုမ္ပဏီဟာ ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ပါလို့ မေတ္တာရပ်ခံချင်ပါတယ်။

နောက်ထူးခြားတဲ့ ဒီတစ်ပတ်အတွင်းမှာ စိတ်မကောင်းစရာ သတင်းဆောင်းပါးတစ်ပုဒ်၊ ကောင်းလည်းကောင်းပါတယ်။ 7 Day ဂျာနယ်မှာပါတဲ့ ဆောင်းပါးတစ်ပုဒ် ဖတ်ရပါတယ်။ ဒီသတင်းဆောင်းပါးဟာ သမိုင်းမှာ အမှားကျူးလွန်ခဲ့တဲ့သူတွေ နမူနာယူစရာဆောင်းပါး ဖြစ်ပါတယ်။ နိုင်ငံတော်လုပ်ကြံမှု သမိုင်းအမှားတစ်ခုကို ကျူးလွန်ခဲ့တဲ့ အဘိုးလုပ်တဲ့သူကို မြင်တောင်မမြင်ရဘဲနဲ့ မြေးဖြစ်တဲ့သူဟာ ဒီအဖိုးလုပ်တဲ့သူရဲ့ သမိုင်းအမှားကြောင့် နစ်နာခံစားပြီး စိတ်ပိုင်းဆိုင်ရာ ခံစားခဲ့ရတာကို ဦးစောရဲ့မြေး ပြောပြခဲ့တာ ကျွန်တော် အင်မတန်စိတ်မကောင်း ဖြစ်ရပါတယ်။ မြေးတင်မဟုတ်ဘူး၊ မြစ်ပါ ကျောင်းသူကျောင်းသားဘ၀မှာ အာဇာနည်နေ့အကြိုမှာ ကျောင်းမတက်ရဲတဲ့ ဘ၀မျိုးရောက်ခဲ့တဲ့ဟာတွေကို ကြည့်ရှုရင် သမိုင်းအမှားကို ကျူးလွန်ခဲ့တဲ့သူတွေဟာ ကိုယ့်ကြောင့်မို့ ကိုယ့်ရဲ့သားသမီး၊ မြေးမြစ်အထိ ဒီသမိုင်းအမှားကို ခံစားခဲ့ရတယ်ဆိုတာကို မြစ်ဆုံစီမံကိန်းကို ဆက်လက်လုပ်ကိုင်နေတဲ့သူတွေကို သိစေချင်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့အပါအ၀င် ကျွန်တော်တို့နိုင်ငံမှာ ရှိနေတဲ့သူတွေအားလုံးအနေနဲ့ ဒီမြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းပိုင်ခွင့်ရှိသူတွေ၊ လုပ်ဆောင်ပေးနိုင်တဲ့ ကျွန်တော်တို့အပါအ၀င် သမိုင်းပျက်ကွက်သူတွေမဖြစ်ရအောင် အဓိကထားလုပ်ဆောင်ဖို့လိုပါတယ်။ ကျွန်တော်တို့ကြောင့်မို့ ကျွန်တော်တို့ မမြင်နိုင်တွေ့နိုင်တဲ့ သားသမီးမြေးမြစ်တွေဟာ ဧရာဝတီမြစ်ကို မမြင်တွေ့ရဘဲ ဧရာဝတီမြစ်ကို ဖျက်ခဲ့တဲ့ ငါတို့အဖိုး၊ ခုနက ဆရာဦးထွန်းလွင်ပြောခဲ့တဲ့ ပုဆိုးနဲ့ထိုင်နေတဲ့လူဟာ ကျွန်တော့်မြေးဖြစ်နေခဲ့ရင်၊ မြစ်ဖြစ်နေခဲ့ရင် ကျွန်တော်တို့ ဘယ်လိုခံစားရမလဲ။ ဒါကြောင့်မို့ ကျွန်တော်တို့ဟာ သမိုင်းအမှားကို မကျူးလွန်ရုံမဟုတ်ဘဲ သမိုင်းမှာ ပျက်ကွက်သူတွေမဖြစ်အောင် ကျွန်တော်တို့ အားလုံးလုပ်ဆောင်ဖို့လိုပါတယ်။

နောက် နိုင်ငံရေးရှုထောင့်က ကျွန်တော်တင်ပြပါမယ်။ ကျွန်တော်တို့ Eleven Media Group ရဲ့ နှစ်ပတ်လည်ပွဲမှာလည်း ကျွန်တော်ပြောခဲ့ပြီးပါပြီ။ ကမ္ဘာ့နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ် စူပါပါဝါတွေရဲ့ ဖြစ်ထွန်းမှုမှာ ကျွန်တော်တို့နိုင်ငံဟာ စတေးခံရမယ့် နိုင်ငံမဖြစ်သင့်ဘူးလို့ ကျွန်တော်ပြောခဲ့ပါတယ်။ ပထ၀ီနိုင်ငံရေး အနေအထားအရ အိန္ဒိယ၊ တရုတ်အင်အားကြီးလာတဲ့ အချိန်မှာ နောက်ထပ် ထိုးထွက်တဲ့နိုင်ငံဟာ အင်ဒိုနီးရှားပဲဖြစ်ပါတယ်။ အာဆီယံရဲ့ အဓိကဦးဆောင်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းအရှိန်အဟုန် မြင့်တက်လာမှုနှင့်အတူ အာဆီယံရဲ့အခန်းကဏ္ဍ၊ ပထ၀ီနိုင်ငံဒေသ အနေအထားအရ မြန်မာနိုင်ငံရဲ့အရေးပါမှုဟာ အရမ်းအရေးပါလာပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ပကတိ အခြေအနေ၊ ပြည်သူလူထုရဲ့ နိမ့်ကျနေတဲ့ အခြေအနေတွေကြောင့်မို့လို့ ကျွန်တော်တို့ နိုင်ငံဟာ မဖြစ်မနေ အမျိုးသားပြန်လည်သင့်မြတ်ရေးကို လုပ်ဆောင်ရမယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို လုပ်ဆောင်ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းထဲကို ၀င်ရောက်မှသာလျှင် ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ်ဟာ လှပမယ်ဆိုတာ ကျွန်တော်ပြောခဲ့ပြီးပါပြီ။ ဒီလိုပြောခဲ့ပြီးတာနဲ့အညီ အခုသုံးလအတွင်းမှာလည်း အစိုးရအပါအ၀င် အတိုက်အခံအင်အားစုတွေဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်းပေါ်ကို ပြန်လည်လျှောက်လှမ်းနေကြတာဖြစ်တဲ့အတွက် အင်မတန် ၀မ်းသာစရာကောင်းလို့ ကျွန်တော်တို့ နိုင်ငံရဲ့ အနာဂတ်ဟာ လှပစပြုနေပါပြီ။ မကြာမီအချိန်အတွင်းမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လွတ်ငြိမ်းချမ်းသာခွင့်သာ ကြေညာခဲ့မယ်ဆိုရင် ကျွန်တော်တို့ဟာ နိုင်ငံတကာ အသိုင်းအ၀ိုင်းထဲကို ပြန်လည်ဝင်ရောက်တော့မှာ ဖြစ်ပြီးတော့ ကျွန်တော်တို့အတွက် လှပတဲ့ အနာဂတ်ရှိလာတော့မှာ ဖြစ်ပါတယ်။

ဒီလိုလှပတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအနာဂတ်လမ်းကြောင်းမှာ မြစ်ဆုံပြဿနာဟာ လမ်းကြောင်းကို အနှောင့်အယှက်ဖြစ်စေမယ့် ပြဿနာအဖြစ် ဘယ်လိုမှဖန်တီးလို့မဖြစ်ပါဘူး။ ဒီပြဿနာဟာ ကျွန်တော်တို့နိုင်ငံရဲ့ မကြာမီဖွံ့ဖြိုးတော့မယ့် ဒီမိုကရေစီစနစ်ရဲ့ စမ်းသပ်မှုတစ်ခုဖြစ်တယ်လို့ မှတ်ယူပြီးတော့ ကျွန်တော်တို့ဟာ အမျိုးသားရေးတာဝန်အဖြစ် ဆောင်ရွက်ဖို့ပဲရှိပါတယ်။ ဒီမိုကရေစီနိုင်ငံတွေမှာ ပြည်သူလူထုရဲ့ဆန္ဒတွေကို ပထမထုတ်ဖော်ရပါတယ်။ ပြည်သူလူထုရဲ့ ဆန္ဒတွေကို သတင်းမီဒီယာတွေက မှတ်ကျောက်တင်ပြီးတော့ ပေးရပါတယ်။ သတင်းမီဒီယာတွေ မှတ်ကျောက်တင်ပြီးတဲ့ အချိန်မှာ ပြည်သူလူထုက ရွေးကောက်ထားတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက ဒီကိစ္စကို အခြေအတင် ဆွေးနွေးပြီးတော့ အစိုးရနဲ့ တိုင်ပင်ရပါတယ်။ အစိုးရက ပြည်သူလူထုရဲ့ဆန္ဒကို လေးစားတဲ့အနေနဲ့ ဒီကိစ္စကို ပြည်သူလူထုဆန္ဒအတိုင်း ဆောင်ရွက်ရတာဖြစ်ပါတယ်။ ဒီမြစ်ဆုံကိစ္စကလည်း ကျွန်တော်တို့ရဲ့ ဒီမိုကရေစီလမ်းစဉ်မှာ ဒီမိုကရေစီကျင့်စဉ်တစ်ခုအနေနဲ့ ပြည်သူတွေ၊ ကျွန်တော်တို့ သတင်းမီဒီယာတွေ၊ ကျွန်တော်တို့ရဲ့ လွှတ်တော်၊ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ အစိုးရတို့က ပူးပေါင်းဆောင်ရွက်ပြီးတော့ ဖြေရှင်းရမယ့်ပြဿနာပဲဖြစ်ပါတယ်။

ကျွန်တော် ဒီနေရာမှာ တိုင်းရင်းသားပြဿနာလေး ပြောချင်ပါတယ်။ ဒီမှာ တိုင်းရင်းသားတွေလည်း အများကြီး တက်ရောက်လာတာဖြစ်ပါတယ်။ နောက်ပြီး ဒူဝါကြီးလည်း ကျွန်တော်လေးစားပါတယ်။ ကျွန်တော်တို့က တိုင်းရင်းသားတွေအပေါ်မှာလည်း ကျွန်တော်တို့အနေနဲ့ ညီအစ်ကိုမောင်နှမလိုပဲ ရိုးသားပွင့်လင်းမှုအပေါ်မှာလည်း ကျွန်တော်တို့ လေးစားပါတယ်။ သူတို့အနေနဲ့ ကျွန်တော်တို့ တန်းတူအခွင့်အရေးတွေကို ခုနကပြောသလို လောပိတဖြစ်ပြီး အင်းလေးဒေသမှာ မီးမလင်းသေးတဲ့ဖြစ်ရပ်တွေ၊ ရွှေလီရေအားလျှပ်စစ် ရှိပြီးတော့ ကချင်ပြည်နယ်၊ ရှမ်းပြည်မြောက်ပိုင်းမှာ မီးမလင်းသေးတဲ့ ဖြစ်ရပ်တွေ၊ ဒီလိုဒုက္ခတွေကို ကျွန်တော်တို့ တိုင်းရင်းသားတွေ မခံစားစေချင်ပါဘူး။ ကျွန်တော်တို့ ဗမာတစ်ကျပ်၊ ကချင်တစ်ကျပ်၊ ရှမ်းတစ်ကျပ်။ ကျွန်တော်တို့ ၁၀ ပြားရနေတဲ့အချိန်တွေလည်း ရှိပါတယ်။ ဒါပေမယ့် သူတို့ကိုလည်း ၁၀ ပြားရစေချင်ပါတယ်။ သူတို့တစ်ပြားမှ မရတဲ့အဖြစ်မျိုးကို ကျွန်တော် အင်မတန်စိတ်မကောင်းဖြစ်မိပါတယ်။

ကျွန်တော်က ကိုယ့်အကြောင်းနဲ့ ယှဉ်ပြီး ပြောပါမယ်။ ကျွန်တော့်အဖေဟာ ကချင်ပြည်နယ်ဒေသမှာ မွေးဖွားတဲ့ ဗမာလူမျိုး၊ ကချင်နဲ့ ရှမ်းသွေးပါတဲ့သူ ဖြစ်ပါတယ်။ ကျွန်တော်အမေက ရှမ်းကြီးလို့ ခေါ်တဲ့ မဘိမ်းဒေသက ရှမ်းကြီးနဲ့ ဗမာလူမျိုး စပ်ထားတဲ့သူ ဖြစ်ပါတယ်။ ကျွန်တော် အိမ်ထောင်ကျတဲ့အခါကျတော့ မြစ်ဝကျွန်းပေါ်က ကရင်၊ ဗမာ၊ တရုတ်သွေးပါတဲ့သူနဲ့ အိမ်ထောင်ကျပါတယ်။ အဲဒီတော့ ကျွန်တော်က တရုတ်လူမျိုး မုန်းတာလည်းမရှိဘူး။ ကျွန်တော် ဘယ်လူမျိုးကိုမှ ကျွန်တော့်မှာအစွဲမရှိဘူး။ ကျွန်တော့်သားက မေးပါတယ်။ အဖေ သားက ဘာလူမျိုးလဲတဲ့။ သားက ပြည်ထောင်စု မြန်မာလူမျိုး၊ ပြည်ထောင်စုအတွင်းမှာ နေထိုင်တဲ့ နိုင်ငံသားရရှိထားတဲ့ မည်သည့်ဘာသာ၊ မည်သည့်လူမျိုးမဆို ပြည်ထောင်စုအတွင်းမှာ နေထိုင်ကြတဲ့ ပြည်ထောင်စုအပေါ်မှာ ကျေးဇူးသစ္စာစောင့်သိရိုသေတဲ့ လူတွေဟာ ကျွန်တော်တို့ရဲ့လူမျိုးတွေပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီမြစ်ဆုံကိစ္စမှာ ကျွန်တော် ပြောချင်တာက အကယ်၍သာ ဒီမြစ်ဆုံကို ဇွတ်အတင်း ဆက်ဆောက်ခဲ့မယ်ဆိုရင် ကျွန်တော်သာ ကချင်လူမျိုးဖြစ်ခဲ့ရင် ဒါဟာ တရားမျှတတဲ့လုပ်ရပ်လို့ ဘယ်တော့မှ တွေးထင်မှာမဟုတ်ပါဘူး။ ကျွန်တော်သာ ဗမာလူမျိုးဖြစ်ခဲ့ရင် ကိုယ့်ထက် အင်အားနည်းတဲ့ လူမျိုးတွေအပေါ်မှာ ကျွန်တော်ဟာ အမြဲတမ်း gulity concious ဖြစ်နေမှာပါ။ ကျွန်တော်ဟာ ရှမ်းလူမျိုး၊ ကရင်လူမျိုးဖြစ်ရင် ကချင်လူမျိုးတွေကို ဒီလိုလုပ်ခဲ့တဲ့အတွက် ဘယ်တော့မှ သံသယတွေ ဖြေဖျောက်လို့ရမှာမဟုတ်ပါဘူး။

ကိုလိုနီနယ်ချဲ့စနစ်ရဲ့ သွေးခွဲမှုတွေ၊ ကိုလိုနီလက်သစ်တွေရဲ့ အသုံးချခံရမှုတွေ နှစ်ပေါင်းကြာရှည်ခဲ့တဲ့ ပြည်တွင်းစစ်၊ နှစ် ၅၀ ကြီးစိုးခဲ့တဲ့ စနစ်ဆိုးတွေအောက်မှာ ကြီးထွားခဲ့တဲ့တိုင်းရင်းသားတွေကြားမှာ တစ်ဦးနဲ့တစ်ဦး မယုံသင်္ကာဖြစ်မှုတွေ၊ တစ်ဦးနဲ့ တစ်ဦးအထင်အမြင်လွဲမှုတွေကြောင့် ကျွန်တော်တို့ဟာ ဒီအခြေအနေမျိုး ရောက်ရှိနေခဲ့ရတာ ဖြစ်ပါတယ်။ သွေးကွဲခဲ့ရတဲ့ ကျွန်တော်တို့ ပြည်ထောင်စုကြီးဟာ ငြိမ်းချမ်းသင့်ပါပြီ။ ဖွံ့ဖြိုးမှုကွာဟမှု၊ တစ်ဦးနဲ့ တစ်ဦး မယုံသင်္ကာဖြစ်မှု၊ နိုင့်ထက်စီးနင်းမှုတွေ ကင်းရှင်းတဲ့ ပြည်ထောင်စုစစ်စစ် ဖြစ်သင့်ပါပြီ။

ဒါပေမယ့် သတိထားရမယ့်အချက်က ကျွန်တော်အပါအ၀င် ကျွန်တော်တို့ လူမျိုးတွေကြားထဲမှာ ပြည်ထောင်စုစစ်စစ်ဆိုတဲ့ဟာ အပေါ်မှာ ဒီအချက်ကို လက်ခံဖို့အတွက် အချိန်တစ်ခုတော့ ယူရဦးမယ်ဆိုတာကို တိုင်းရင်းသားခေါင်းဆောင်တွေရော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရော သဘောပေါက်ဖို့ ဒီနေရာက ပြောကြားလိုပါတယ်။ ကျွန်တော်ရဲ့ ပုဂ္ဂိုလ်ရေးအရ လေ့လာထားသမျှ ပြည်ထောင်စုစစ်စစ်ကို လက်ခံပါတယ်။ တိုင်းရင်းသားအားလုံး ပူးပေါင်းနေထိုင်ပြီး ပြည်ထောင်စုကြီး မပြိုကွဲတဲ့ အမြဲတမ်းထာဝရ ရပ်တည်နေထိုင်တဲ့ ပြည်ထောင်စုကြီးတစ်ခု တည်ဆောက်သွားဖို့ အရမ်းအရေးပါနေတဲ့အချိန် ရောက်နေပါပြီ။ ပြည်ထောင်စုကြီး တည်ဆောက်တော့မယ်ဆိုရင် ၁၉၄၁ ခုနှစ် ရဲဘော်သုံးကျိပ်က ပေါက်ဖွားခဲ့တဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍကို မေ့ထားလို့လုံးဝမရပါဘူး။ Professional ပီသပြီး ခိုင်မာကျစ်လျစ်ပြီး တိုင်းရင်းသားပြည်သူတွေ လေးစားချစ်ခင်တဲ့ တပ်မတော်ဟာ ပြည်ထောင်စုစစ်စစ်နဲ့အတူ ပူးတွဲပါဝင်ရမှာဖြစ်ပါတယ်။ နိုင်ငံတွင်းမှာ တစ်ခုတည်းသော လက်နက်ကိုင်အဖွဲ့အစည်း တပ်မတော်ဖြစ်တာနဲ့အညီ တိုင်းရင်းသားတွေလိုလားတဲ့ ပြည်ထောင်စုစစ်စစ်က ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီအချိန်ကာလဟာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ ပြည်ထောင်စုစစ်စစ်ဖြစ်ရေးအတွက် အချိန်ယူတည်ဆောက်ရမယ့် ကာလပဲဖြစ်ပါတယ်။ မဏ္ဍိုင်ကြီးသုံးခုနဲ့ ကင်းရှင်းပြီး မဏ္ဍိုင်ကြီးသုံးခုကို စောင့်ရှောက်နိုင်တာ စတုတ္တမဏ္ဍိုင်ရှိပါတယ်။ ပဉ္စမမဏ္ဍိုင်ဆိုတဲ့ ပြည်သူ့မဏ္ဍိုင် လည်းရှိပါတယ်။ ပြည်သူ့မဏ္ဍိုင်နည်းတူ ဒီမဏ္ဍိုင်တွေနဲ့ ကင်းကင်းရှင်းရှင်း ဆဌမမဏ္ဍိုင်အဖြစ် တပ်မတော်ဟာ ပေါ်ထွန်းလာခဲ့ပြီဆိုရင် ဒီမိုကရေစီလည်း ဖြစ်ထွန်းပြီးတော့ ပြည်ထောင်စုစစ်စစ်လည်း ဖြစ်ထွန်းလာတော့မှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ Professional ပီသတဲ့ တပ်မတော်ဖြစ်အောင်၊ ပြည်သူလူထု လေးစားယုံကြည်တဲ့၊ ပြည်သူလူထု တိုင်းရင်းသားတွေ ချစ်ခင်တဲ့ တပ်မတော်ဖြစ်အောင် ကျွန်တော်တို့အားလုံးက တပ်မတော်ခေါင်းဆောင်တွေကို ကူညီပေးရမှာဖြစ်ပါတယ်။

ဟိုတစ်နေ့က ပွဲတစ်ခုမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ မြစ်ဆုံကနေ ညီညွတ်ရေး အမြတ်ယူရမယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့တိုင်းရင်းသားတွေအားလုံး အစိုးရအပါအ၀င် ပြည်သူတွေအားလုံး ငြိမ်းချမ်းပြီးတော့ ဖွံ့ဖြိုးတိုးတက်တဲ့ တိုင်းပြည်တစ်ပြည်၊ ပြည်ထောင်စု တစ်ခုဖြစ်အောင် မြစ်ဆုံကနေတစ်ဆင့် အဖြေထုတ်သွားဖို့ လိုပါတယ်။ ကျွန်တော်တို့ဟာ အတိတ်ကို ပြန်သွားဖို့ မလိုပါဘူး။ အတိတ်ဆိုတာ သင်ခန်းစာယူရုံပဲ ဆိုတာကလွဲလို့ ကျွန်တော်တို့ ရှည်ရှည်ဝေးဝေး ထပ်မတွေးစေချင်ပါဘူး။ ဘယ်အချိန်၊ ဘယ်အခါမှာပဲဖြစ်ဖြစ် ကျွန်တော်တို့ဟာ ပြဿနာတွေကို ငြိမ်းငြိမ်းချမ်းချမ်း၊ အေးအေးဆေးဆေးဖြေရှင်းသွားဖို့လိုပါတယ်။

နိုင်ငံတော် သမ္မတကြီးအပါအ၀င် အစိုးရအဖွဲ့ဝင်တွေ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးပါတီတွေ၊ လွှတ်တော်ခေါင်းဆောင်တွေအပါအ၀င် ပြည်သူလူထုက ရွေးချယ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တပ်မတော်ခေါင်းဆောင်တွေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ပါဝင်တဲ့ တွေ့ဆုံပွဲညီလာခံတစ်ခုကို သင့်တော်တဲ့အချိန်မှာ ပြုလုပ်ဖို့ လိုလာပါပြီ။ ဒီညီလာခံဟာ အဖြေတစ်ခု မထွက်နိုင်ရင်တောင် တိုင်းရင်းသားတွေ အားလုံးကြားမှာ သံသယရှိမှုတွေ၊ ပြည်သူလူထုကြားမှာ အားလုံးပြေပျောက်ပြီးတော့ ကျွန်တော်တို့ နိုင်ငံဟာ ရှေ့ဆက်သွားပြီးတော့ ကျွန်တော်တို့ဟာ တူတာတွေတွဲလုပ်၊ မတူတာတွေ ပူးပေါင်းဖြေရှင်းကြမယ့် အနေအထားမျိုးကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။ ဒီတစ်ခါလုပ်မယ့် ညီလာခံကို ပင်လုံမှာ မလုပ်တော့ပါဘူး။ ဒီတစ်ခါ ကျွန်တော်တို့ မြစ်ဆုံမှာ လုပ်ပါမယ်။ ကျွန်တော်တို့ အားလုံး မြစ်ဆုံမှာ ပြန်လည်ဆုံတွေ့ကြပါစို့လို့ ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

ဧရာဝတီ ကာကွယ်ရေး

တီဘလောခ် စရေးကာစ က တင်ထားတဲ့ ပိုစ့်လေးပါ တနေ့ က ရွှေဇင်ဦး က ၂၃ ရက်နေ့ ကျရင် တခုခု ပြန်တင်ပေးပါ ပြောတာနဲ့ ပြန်ရှာ တင်လိုက်ပါတယ်

Wednesday, June 3, 2009

My Irrawaddy

My Irrawaddy

Lovechild of May-kha and Mali-kha
Bride of the histories
She is…
My Irrawaddy

North to South
From the beginning till the end
We own as whole
In Myanmar
She is…
My Irrawaddy

From the silvery snowy Himalayas
Through the ravines and across the mountains
To the plains she comes
Queen of the rivers
She is…
My Irrawaddy

Gently now she streams around Legendary Bagan
(For) Kings may come and Dynasties may go
But she…
With unswerving intentions
Is always true to her people
She is…
My Irrawaddy

“Crack” – There goes the rice pot of the Delta
Broken in pieces.
Men they come and they go
Trash may ride along her waves
Becoming the Delta we grow nowadays but…
She is… (Still)
My Irrawaddy

Gold panning
Mercury rising
Fish dying
Human suffering-
What’s left?

Whatever it takes
She will go on forever;
Flow on forever
Where will the sun set one day?
Somewhere by the river bend
…………….
She is…
My Irrawaddy

Somewhere anywhere
Let us meet by the next river bend
Just you and me
……….
My Irrawaddy

Addy Chen
12:45am
15th May 2009
Home, Bkk

တီ့ သူငယ်ချင်းရဲ့ စာအုပ်အတွက်ရေးပေးတဲ့ကဗျာလေးပါ
တီ အရင်က မြန်မာ လိုလဲရေးဖူးပါတယ် ခုဟာက သူ့စာအုပ်အတွက် မို့လို့ english ရေးပေးတာပါ
စာအုပ် က coffee table စာအုပ်ပါ
မြန်မာလိုပါ ပြန်တင်ပေးလိုက်ပါတယ် ယှဉ်ကြည့်ရအောင်ပါ
တီ့ ကိုယ်တိုင်အနေနဲ့ကတော့ မြန်မာ လိုရေးရတာ ပိုအားရပါတယ်
စကားလုံးရွေးချယ်ရတာ က အစပေါ့လေ
အကြိုက်ချင်းတော့ တူချင်မှတူမှာပါ
ခံစားကြည့်ကြပါ
ဧရာဝတီ
မေခ နဲ့ မေလိခ ကနေ
စလာလိုက်တာ
သူပေါ့
ရာဇ၀င်များရဲ့သတို့သမီးလေ
မြောက်ကနေတောင်
တို့မြန်မာ တပြည်ထဲပိုင်တာ
အစရော အဆုံးရောပေါ့
ဟိုးဖြူဖြူ နှင်းတောင်လွှလွှ ကစလို့
မြစ်ကျဉ်းတွေ၊ တောင်စဉ်တွေဖြတ်
မြေပြန့်ကို သူရောက်ခဲ့ပြီ
မြစ်မင်းဧရာဝတီ
ပုဂံ ကို ပတ်ခွေကာစီးဆင်း
လူမင်းတွေ ဘယ်လိုပြောင်းပြောင်း
ပြည်သူတွေကို မပြောင်းခဲ့တဲ့
သူ့သဘောထား
ခုထိမရိုးသေးဘူး
ပေးဆပ်ဆဲပဲ
မြစ်ဝ က ဆန်အိုး
ခုတော့ကွဲခဲ့ပေါ
့လူတွေဖြစ်လာတယ်
လူတွေပျက်သွားတယ်
အမှိုက်တွေမျောလာတယ်
နှူံးတွေဖြစ်သွားတယ်
ရွှေတွေကျင်တော
့ပြဒါးတွေကများ
လူတွေနဲ့ငါးတွေက….ဒုက္ခများ
နောက်ဆုံးတော့ ဘာကျန်သလဲ
ဘာပဲဖြစ်ဖြစ်
ငါကတော့စီးဆင်းဆဲ
စီးဆင်းမြဲ
“နေ” ဘယ်မှာဝင်မလဲ
တနေရာရာပေါ့ကွာ
မကျေနပ်ရင်
နောက်မြစ်ကွေ့မှာတွေ့မယ်
A Chen
2:24 am
28th April 2009
Home
Bkk

Tuesday, April 28, 2009

ဧရာဝတီ

သူငယ်ချင်း တယောက်ရဲ့ လက်ရာ ဓါတ်ပုံလေးပါ
သူက ကော်ဖီစားပွဲ ဘုတ်အုပ်တအုပ် (Coffee table book) ထုတ်ဖို့ လုပ်နေတာပါ
တီ တို့ ရပ်ကွက်ထဲက (HIV/AIDS fields) သူနဲ့ ခင်တဲ့ စာတိုပေစ တွေ ရေးလေ့ရှိတဲ့
သူတွေ ကို အကူအညီတောင်းပါတယ်
တီလဲပါတယ်ပေါ့ (စိတ်ကြီးနည်းနည်းဝင်နေတယ်နော်…….ဟွန်း…..ငါကွ)

သူ့စာအုပ်အတွက်က အင်္ဂလိပ်လိုရေးပေးရမှာပါ
အင်စပရေးရှင်းက တော်တော်နဲ့မလာတဲ့အတွက်ကြာနေပါတယ်
ခုလောလောဆယ်တော့ ဒါလေးထွက်လာပါတယ်
နောက်မှ အင်္ဂလိပ်လိုဘာသာပြန်ပြီးပေးလိုက်မယ် စဉ်းစားထားပါတယ်
ဖြစ်မလာရင်လဲ နောက် တပုဒ်ဖြစ်သွားနိုင်ပါတယ်
ဒါလေးတော့ ကိုယ့်ဘာသာ ကြိုက်လို့ တင်ထားလိုက်ပါတယ်
ပြီးတော့ သူ့စာအုပ်က
ရီဂျင်နယ် မှာထုတ်မယ့် စာအုပ်ဆိုတော့ မကောင်းရင် ကိုယ်က အခွက်ရှဲပါမယ်
အဲတော့ ကောင်းကောင်းလေးရေးချင်ပါတယ်
ပြီးတော့ ပြောမယ်ဆိုရင် ဒါက ဘာပဲပြောပြော ကိုယ့်ရဲ့ အင်္ဂလိပ်လို
ပထမဆုံးပရင့် ဖြစ်နိုင်တယ်လေနော် ရီဂျင်နယ်မှာပြောတာပါ
အရင်ကတော့ ဘာဘာညာညာ လေးတွေရှိခဲ့ပါတယ် နောက်များမှ ကြုံရင်တင်ပေးပါမယ်
ကိုငှက် ရဲ့စာတကြောင်းကြိုက်လို့ ယူထားပါတယ်………….း)

ဧရာဝတီ

မေခ နဲ့ မေလိခ ကနေ
စလာလိုက်တာ
သူပေါ့
ရာဇ၀င်များရဲ့သတို့သမီးလေ

မြောက်ကနေတောင်
တို့မြန်မာ တပြည်ထဲပိုင်တာ
အစရော အဆုံးရောပေါ့

ဟိုးဖြူဖြူ နှင်းတောင်လွှလွှ ကစလို့
မြစ်ကျဉ်းတွေ၊ တောင်စဉ်တွေဖြတ်
မြေပြန့်ကို သူရောက်ခဲ့ပြီ
မြစ်မင်းဧရာဝတီ

ပုဂံ ကို ပတ်ခွေကာစီးဆင်း
လူမင်းတွေ ဘယ်လိုပြောင်းပြောင်းလဲ
ပြည်သူတွေကို မပြောင်းခဲ့တဲ့ သူ့သဘောထား
ခုထိမရိုးသေးဘူး ပေးဆပ်ဆဲပဲ

မြစ်ဝ က ဆန်အိုး ခုတော့ကွဲခဲ့ပေါ့
လူတွေဖြစ်လာတယ်
လူတွေ ပျက်သွားတယ်
အမှိုက်တွေမျောလာတယ်
နှူံးတွေဖြစ်သွားတယ်

ရွှေတွေကျင်တော့ပြဒါးတွေကများ
လူတွေနဲ့ငါးတွေက….ဒုက္ခများ
နောက်ဆုံးတော့ ဘာကျန်သလဲ

ဘာပဲဖြစ်ဖြစ် ငါကတော့
စီးဆင်းဆဲ စီးဆင်းမြဲ
“နေ”ဘယ်မှာဝင်မလဲ
တနေရာရာပေါ့ကွာ
မကျေနပ်ရင်
နောက်မြစ်ကွေ့မှာတွေ့မယ်

A Chen
2:24 am
28th April 2009
Home
Bkk

မြစ်ဆုံ​ရေကာတာ၏ အမျိုး​သား​အ​မွေအနှစ်နှင့်​ အကျိုး​စီး​ပွား​ အား​ပြိုင်မှု

Published on September 21, 2011 by ထက်​အောင်

မြန်မာနိုင်ငံ​မြောက်ဖျား​ပိုင်း​ကစလို့​ လျှို​မြောင်အသွယ်သွယ်ကိုဖြတ်သန်း​ပြီး​ ​မြေဆီဩဇာ​ကောင်း​မွန်တဲ့​ ​တောင်ဘက် မြစ်ဝ ကျွန်း​ပေါ်အထိ ​မြေပြန့်​လွင်ပြင်​တွေကို မိုင်​ထောင်ချီ ​ကွေ့​ပတ်စီး​ဆင်း​နေတဲ့​ မြစ်မဟာ ဧရာဝတီရဲ့​သမိုင်း​နဲ့​ ဒီမြစ်ကြီး​တ​လျှောက် မှီတင်း​နေထိုင်ကြတဲ့​ လူမျိုး​ပေါင်း​စုံရဲ့​ ယဉ်​ကျေး​မှုနဲ့​ လူမှုစီး​ပွား​ဘဝ​တွေကို မြန်မာလူငယ်တိုင်း​ ငယ်စဉ်ဘဝက စလို့​ ​ကျောင်း​သင်ခန်း​စာ​တွေထဲမှာ​ရော ပြင်ပစာ​ပေဗဟုသုတအ​နေနဲ့​ရော သင်ယူ​လေ့​လာ ရင်း​နှီး​ကျွမ်း​ဝင်ခဲ့​ကြပါတယ်။

အခု​တော့​ ဧရာဝတီမြစ်ကြီး​ မတိမ်​ကော​ရေး​၊​ ထာဝရရှင်သန်စီး​ဆင်း​ရေး​အတွက် မြစ်ဖျား​ဧရာရဲ့​အစ ကချင်ပြည်နယ် မြစ်ဆုံ​ဒေသမှာ ကြီး​မား​တဲ့​ရေကာတာတခု တည်​ဆောက်မယ့်​ စီမံကိန်း​ကို ဝိုင်း​ဝန်း​ကန့်​ကွက်ကြ၊​ ​ဆော်ဩကြတဲ့​ အသံ​တွေ မြန်မာပြည်သူ​တွေအကြား​ ကျယ်ကျယ်​လောင်​လောင်ထွက်​ပေါ်လာ​တော့​မှ ​ကျောင်း​သင်ခန်း​စာထဲ ရာဇဝင်ထဲ နှစ်​ပေါင်း​ များ​စွာအိပ်​ပျော်​နေခဲ့​တဲ့​ ဧရာဝတီရဲ့​ ဝိညာဉ်လည်း​ တဖန်ပြန်လည်နိုး​ထလာခဲ့​ပါပြီ။
မြစ်ဆုံ​ရေကာတာ အပါအဝင် ဧရာဝတီမြစ်ဝှမ်း​ရဲ့​အထက်ဘက် ​မေခနဲ့​ မလိခမြစ်​ပေါ်မှာ ​ရေကာတာ ၇ ခု တည်​ဆောက်​ရေး​ ကို မြန်မာစစ်အစိုး​ရလက်ထက် ၂၀၀၆ ခုနှစ်ခန့်​ကစပြီး​ တရုတ်နိုင်ငံပိုင် China Power Investment Corporation (CPI) နဲ့​ နား​လည်မှုစာချုပ် (MoU) လက်မှတ်​ရေထိုး​ဆောင်ရွက်ခဲ့​ပေမယ့်​ ဧရာဝတီမြစ်နဲ့​ပတ်သက်လို့​ ဒီလိုစိုး​ရိမ်မှု​တွေ ကျယ် ကျယ်ပြန့်​ပြန့်​ ထွက်​ပေါ်မလာခဲ့​ပါဘူး​။

အခုအချိန်ကျမှ မြန်မာလူထုအကြား​ စိုး​ရိမ်မှု​တွေကြီး​ထွား​ခဲ့​ရတာရဲ့​ အဓိကအ​ကြောင်း​ရင်း​တခုက မြစ်ဆုံ​ရေကာတာ အပါအဝင် ​မေခနဲ့​ မလိခမြစ်​ပေါ်မှာ တည်​ဆောက်မယ့်​ရေကာတာ ၇ ခု စီမံကိန်း​ကြောင့်​ ဖြစ်​ပေါ်လာမယ့်​ သဘာဝပတ်ဝန်း​ကျင် အ​ပေါ်သက်​ရောက်မှု (Environmental Impact Assessment – EIA) ကို Biodiversity And Nature Conservation Association (BANCA) သု​တေသနအဖွဲ့​က ကျယ်ကျယ်ပြန့်​ပြန့်​ ကွင်း​ဆင်း​လေ့​လာဆန်း​စစ် အကဲဖြတ်ထား​တဲ့​ အစီရင်ခံစာတ​စောင် မြန်မာပြည်သူ​တွေအကြား​ ​ပေါက်ကြား​ခဲ့​ခြင်း​က စတင်ခဲ့​တယ်လို့​ ​ပြောနိုင်ပါတယ်။

တ​လောကပဲ မြန်မာအစိုး​ရရဲ့​ အမှတ် (၁) လျှပ်စစ်စွမ်း​အင်ဝန်ကြီး​ ဦး​ဇော်မင်း​က ​နေပြည်​တော်သတင်း​စာရှင်း​လင်း​ပွဲတခု မှာ BANCA ကို အ​မေရိကန်​ဒေါ်လ ၁ ဒသမ ၂၅ သန်း​ပေး​ပြီး​ EIA ကို လုပ်​ဆောင်ခိုင်း​ခဲ့​ကြောင်း​၊​ အင်တာနက်​ပေါ်မှာ ပြန့်​နှံ့​နေတဲ့​ အစီရင်ခံစာနဲ့​ပတ်သက်ပြီး​ “ခင်ဗျား​တို့​ မီဒီယာ​တွေက ​ပြော​နေကြတဲ့​ အချက်​ပေါ့​။ အင်တာနက်မှာ တင်ထား​တဲ့​ report က စာမျက်နှာ ၅၀၀ ​လောက်ရှိတယ်။ အဲဒီထဲမှာ ​ရေး​ထား​တာ မြန်မာအစိုး​ရက မလိုက်နာဘူး​လို့​ ​ပြောကြတယ်။ BANCA က ဒီ report ကို တင်လို့​ မရဘူး။ BANCA ကို ကျွန်​တော်တို့​က စာချုပ်နဲ့​ ငှား​ထား​တာ၊​ မင်း​တို့​ ဒါလုပ်၊​ ပြီး​ရင် အဲဒီ report ငါ့​ပေး​။ ဒါက Trade Secret ဖြစ်တယ်၊​ ​ပြောလို့​မရဘူး​” လို့​ ​ပြောခဲ့​ပါတယ်။

ဝန်ကြီး​ဦး​ဇော်မင်း​ရဲ့​အ​ပြော​ကြောင့်​ အင်တာနက်​ပေါ်က အစီရင်ခံစာဟာ အစစ်မဟုတ်သလိုလို၊​ ဧရာဝတီမြစ်ဆုံ​ရေကာတာ စီမံကိန်း​ကို ဖျက်လိုဖျက်ဆီး​လုပ်​နေသူများ​က “ဧရာဝတီ​ရောဂါ” ပြန့်​ပွား​အောင်​ဆောင်ရွက်​နေသလိုလို အဓိပ္ပါယ်သက် ​ရောက်​နေပါတယ်။ မြန်မာပြည်သူ​တွေလက်ထဲ ​ရောက်ရှိ​နေတဲ့​ BANCA ရဲ့​ အစီရင်ခံစာဟာ ဝန်ကြီး​ပြောသလို စာမျက်နှာ ၅၀၀ မဟုတ်ဘဲ အစီရင်ခံစာမျက်နှာဖုံး​က​နေ အဆုံး​အထိ စာမျက်နှာစုစု​ပေါင်း​ ၉၃၅ မျက်နှာရှိတဲ့​ ပြီး​ပြည်စုံတဲ့​ အစီရင်ခံစာတ​စောင်ဖြစ်ပြီး​ ၂၀၀၉ နှစ် ​အောက်တိုဘာလ ရက်စွဲနဲ့​ ထုတ်ပြန်ထား​ခြင်း​ဖြစ်ပါတယ်။ လျှပ်စစ်ဝန်ကြီး​ ဦး​ဇော်မင်း​က ​ဒေါ်လာ ၁.၂၅ သန်း​ အကုန်ကျခံခဲ့​တာ မြန်မာအစိုး​ရဘက်က ​ဆောင်ရွက်ခဲ့​သ​ယောင် ​ပြောဆိုခဲ့​ပေမယ့်​ အစီရင်ခံစာအရ ဒီ​ငွေကို CPI က အကုန်ကျခံခဲ့​တာဖြစ်ပါတယ်။

BANCA ရဲ့​အဆိုအရ မြန်မာနိုင်ငံမှာ EIA ကို မလုပ်မဖြစ်လုပ်ရမယ်လို့​ စည်း​မျဉ်း​ဥပ​ဒေ သတ်မှတ်ထား​တာမရှိပါ။ ဒါ​ပေမယ့်​ အခုလို ဧရာဝတီမြစ်ဝှမ်း​အထက်ပိုင်း​မှာ ​ရေအား​လျှပ်စစ်ထုတ်ယူ​ရေး​စီမံကိန်း​ကြီး​တွေ ​ဆောင်ရွက်ရာမှာ တရုတ်အစိုး​ရရဲ့​ EIA နဲ့​ပတ်သက်တဲ့​ စိုး​ရိမ်မှုကို အသိအမှတ်ပြုသင့်​ကြောင်း​ ​ဖော်ပြထား​ပါတယ်။ မြန်မာအစိုး​ရဘက်ကလည်း​ စိုး​ရိမ်မှုရှိတယ်လို့​ ​ဖော်ပြမထား​ပါဘူး​။ ဒါ​ပေမယ့်​ မြန်မာအစိုး​ရရဲ့​ ပူး​ပေါင်း​ကူညီမှုကို ​ကျေး​ဇူး​တင်​ကြောင်း​ ​ဖော်ပြခဲ့​ပါတယ်။ BANCA က အခုလို ​ရေး​ထား​ပါတယ်။

“EIA is not mandatory yet in Myanmar. However regarding hydropower development of Ayeyawady River above Myitkyina, we should appreciate China’s concern on EIA and should refer their EIA procedure.”

BANCA ရဲ့​ အစီရင်ခံစာမှာ တရုတ်အစိုး​ရရဲ့​ သဘာဝပတ်ဝန်း​ကျင်ထိန်း​သိမ်း​စောင့်​ရှောက်​ရေး​ဥပ​ဒေနဲ့​ ​ဆောက်လုပ်​ရေး​ စီမံကိန်း​များ​ မတည်​ဆောက်ခင် တရုတ်ကုမ္ပဏီများ​က အစိုး​ရကပြဌာန်း​ထား​တဲ့​ EIA ဥပ​ဒေကိုလိုက်နာအ​ကောင်အထည် ​ဖော်ရ​ကြောင်း​ ​ဖော်ပြထား​တဲ့​အတွက် အခု BANCA ရဲ့​ မြစ်ဆုံ​ရေကာတာ EIA ဟာ တရုတ်ကုမ္ပဏီ​တွေဘက်က တရုတ်နိုင်ငံရဲ့​ ဥပ​ဒေကို လိုက်နာ​ဆောင်ရွက်ဖို့​ တာဝန်ရှိတဲ့​အတွက် လုပ်​ဆောင်တာလား​၊​ မြန်မာအစိုး​ရက မြစ်ဆုံ​ရေကာတာ ​ကြောင့်​ ဖြစ်​ပေါ်လာနိုင်တဲ့​ သဘာဝပတ်ဝန်း​ကျင်ထိခိုက်မှု​တွေအတွက် စိုး​ရိမ်လို့​ ​ဆောင်ရွက်တာလား​ဆိုတာ ​မေး​ခွန်း​ထုတ်စရာ ဖြစ်လာပါတယ်။

အဲ့​ဒီအစီရင်ခံစာကို ဖတ်ရှုလိုက်ရတဲ့​အတွက် မြစ်ဆုံ​ရေကာတာ တည်​ဆောက်​နေဆဲနဲ့​ တည်​ဆောက်ပြီး​ လတ်တ​လော ကာလမှာပင် ကြီး​ကြီး​မား​မား​ ဆိုး​ကျိုး​သက်​ရောက်မှု​တွေကို ​ဖော်ပြထား​ပါတယ်။ မြန်မာအစိုး​ရရဲ့​ အဆိုအရ ဧရာဝတီမြစ် ​ရေရဲ့​ ၇ % ကိုသာ ဆည်အတွင်း​ သို​လှောင်မှာဖြစ်တယ်လို့​ ဆိုပါတယ်။ BANCA ရဲ့​ GIS (Geographic Information System) တိုင်း​ထွာချက်အရ မြစ်ဆုံ​ရေကာတာရဲ့​ ​ရေမျက်နှာပြင်အကျယ်ဟာ ဧက ၆၄,၇၈၄ (၂၆,၂၃၈ ဟက်တာ) ရှိမှာဖြစ်တဲ့​အတွက် ​ရေ​အောက်နစ်မြုပ်သွား​မယ့်​ ​မြေဧက ၆၄,၇၈၄ ​ကြောင့်​ လတ်တ​လောကြုံ​တွေ့​ရမယ့်​ ဆိုး​ကျိုး​တွေက –

(၁) ​ကျေး​ရွာ​ပေါင်း​ ၃၂ စု ​ရေနစ်မြုပ်သွား​မှာဖြစ်တယ်။ ယုံကြည်ရတဲ့​ ​ဒေသခံသတင်း​အချက်အလက်​တွေကို ကိုး​ကား​ပြီး​ အဆိုပါ​ရေနစ်မြုပ်သွား​မယ့်​ ​ကျေး​ရွာ​ပေါင်း​ ၃၀ ​ကျော်က အိမ်​ထောင်စု​ပေါင်း​ ၅,၀၀၀ ခန့်​၊​ လူဦး​ရေ ၈,၀၀၀ ခန့်​ အိုး​မဲ့​အိမ်မဲ့​ ဖြစ်သွား​လိမ့်​မယ်လို့​ ​ဖော်ပြထား​တယ်။ အခြား​လေ့​လာမှုတခုကိုလည်း​ ကိုး​ကား​ပြီး​ BANCA က ​ဖော်ပြရာမှာ ​ရေနစ်မြုပ်မယ့်​ ​ကျေး​ရွာ​ပေါင်း​ ၄၇ ရွာ အထိရှိနိုင်တယ်လို့​ ​ဖော်ပြထား​ပါတယ်။

ရေနစ်မြုပ်သွား​မယ့်​ကျေး​ရွာများ​ကို BANCA က ​အောက်ပါအတိုင်း​ ​ဖော်ပြထား​ပါတယ်။
“According to our GIS map analysis, the following villages will be flooded.
Tang Hpe; Te Yan Zup; Naing Sein; Nget Pyaw Daw; Zup Ra Yang; Sa ni to yang; Kwin Htau; Tang Bauk Yang; The waing; N Bum Yaung; U Ship Yang; Bum Rung; La Zup; Hkam Be Yang; Bum Lai; N Dawng Yang; Daw Man Yang; Ma Jang Yang; Ka Pyi Kawng; Kh Wa Yang; Tum Pang; Ma Li Yang; Au Ra Yang; U Laung Yang; Man Tawng; Shi Ngaw; Brm Ba; N Sawp Zup; N Jip; Hkat Pwa Hmaw; Zai ro (Za ru).”

(၂) ​မေခမြစ်တ​လျှောက် ​ဖောက်လုပ်ထား​တဲ့​ မြစ်ကြီး​နား​-ချီ​ဗွေ ကား​လမ်း​ရဲ့​ ၄၆ ကီလိုမီတာရှည်လျား​တဲ့​ လမ်း​ပိုင်း​တခုလုံး​ ​ရေနစ်မြုပ်သွား​မှာဖြစ်သလို ဒီလမ်း​ပေါ်မှာ တည်​ဆောက်ထား​တဲ့​ ၅၉ မိုင် တံတား​၊​ ရှ​ဂေါ်တံတား​တို့​လည်း​ ပျက်စီး​နစ်မြုပ် သွား​မှာဖြစ်တယ်။
(၃) မလိခမြစ်တ​လျှောက် ​ဖောက်လုပ်ထား​တဲ့​ မြစ်ကြီး​နား​-ပူတာအိုကား​လမ်း​ရဲ့​ ၄၈ ကီလိုမီတာခန့်​ရှည်လျား​တဲ့​ လမ်း​ပိုင်း​တခုလုံး​လည်း​ ​ရေနစ်မြုပ်သွား​မှာဖြစ်သလို ဒီလမ်း​ပေါ်မှာ တည်​ဆောက်ထား​တဲ့​ အင်ဇူး​တံတား​၊​ တိန်ဇူး​တံတား​နဲ့​ အခြား​ တံတား​ငယ်များ​လည်း​ ပျက်စီး​နစ်မြုပ်သွား​မှာဖြစ်တယ်။

(၄) ကချင်လူမျိုး​တွေအတွက်ပါမက မြန်မာတနိုင်ငံလုံး​ရဲ့​ ယဉ်​ကျေး​မှုအမှတ်လက္ခဏာတရပ်ဖြစ်ပြီး​ သာယာလှပတဲ့​ မြစ်ဆုံ​ဒေသ ထာဝရ​ပျောက်ဆုံး​သွား​မှာဖြစ်သလို ကချင်ပြည်နယ် ခရီး​သွား​လုပ်ငန်း​ဖွံ့​ဖြိုး​မှုအတွက် ဆုံး​ရှုံး​မှုကြီး​တရပ် ဖြစ်သွား​ပါလိမ့်​မယ်။

(၅) စိုက်ပျိုး​နိုင်တဲ့​ လယ်​မြေဧက ၁၈,၀၀၀ ​ကျော် ဆုံး​ရှုံး​မှာ ဖြစ်သလို သစ်​တောများ​နဲ့​ သဘာဝရင်း​မြစ်​တွေဖြစ်တဲ့​ အပင်မျိုး​စိတ်​တွေနဲ့​ ဇီဝမျိုး​စိတ် အများ​အပြား​ ဆုံး​ရှုံး​ပျက်စီး​မှာဖြစ်ပါတယ်။

BANCA ဟာ EIA ကိုသာ ​ဆောင်ရွက်တာဖြစ်တဲ့​အတွက် သဘာဝပတ်ဝန်း​ကျင် ပျက်စီး​ဆုံး​ရှုံး​မှုများ​ကို အဓိကထား​လေ့​လာခဲ့​ပြီး​ အခုတင်ပြခဲ့​တဲ့​ အ​ခြေခံအ​ဆောက်အအုံပိုင်း​ဆိုင်ရာနဲ့​ မြစ်ဆုံ​ဒေသမှာ မှီတင်း​နေထိုင်ကြတဲ့​ ပြည်သူ​တွေရဲ့​ လူမှုစီး​ပွား​ဘဝ အ​ပြောင်း​အလဲနဲ့​ နစ်နာဆုံး​ရှုံး​မှု​တွေကို မ​လေ့​လာခဲ့​ပါဘူး​။ အဲဒီအတွက် မြစ်ဆုံ​ရေကာတာ​ကြောင့်​ ဖြစ်​ပေါ်လာနိုင်တဲ့​ လူမှုစီး​ပွား​ဘဝအ​ပေါ် အကျိုး​သက်​ရောက်မှု (Social Impact Assessment – SIA) ကို မဖြစ်မ​နေ လုပ်​ဆောင်ဖို့​ လိုအပ်​ကြောင်း​ကို အဲဒီအစီရင်ခံစာမှာ ​ဖော်ပြထား​ပါတယ်။

BANCA ပြုလုပ်ခဲ့​တဲ့​ EIA ဟာ မြစ်ဆုံရဲ့​ အထက်ဘက် ​မေခနဲ့​ ​မေလိခ ​ရေ​ဝေကုန်း​တန်း​တ​လျှောက် လုပ်​ဆောင်ခဲ့​တာဖြစ်ပြီး​ ဆည်တည်​ဆောက်ပြီး​ပါက မြစ်​အောက်ဘက်မှာ ဖြစ်​ပေါ်နိုင်တဲ့​ သဘာဝပတ်ဝန်း​ကျင် အ​ပြောင်း​အလဲအတွက် ​လေ့​လာမှုများ​ မပါဝင်ပါ။ ထို့​အတူ SIA ကိုမဖြစ်မ​နေ ​ဆောင်ရွက်ဖို့​ အကြံပြုခဲ့​တာဟာလည်း​ ​ရေကာတာ​ကြောင့်​ ဆုံး​ရှုံး​နစ်နာသွား​ကြမယ့်​ မြစ်ဆုံပတ်ဝန်း​ကျင်ကိုသာ ရည်ညွှန်း​ပြောဆိုခဲ့​ဟန်ရှိပြီး​ ဆည်တည်​ဆောက်မှု​ကြောင့်​ ဖြစ်​ပေါ်လာနိုင်တဲ့​ မြစ်​အောက်ဘက်မှာ​နေထိုင်ကြတဲ့​ ပြည်သူ​တွေရဲ့​ လူမှုစီး​ပွား​ဘဝကို ထိခိုက်နိုင်​ခြေကို ​လေ့​လာဖို့​ အကြံပြုမထား​ပါဘူး​။


ရင်း​မြစ်။ ။ BANCA ရဲ့​ မြစ်ဆုံ​ရေကာတာ​ကြောင့်​ ​ရေလွှမ်း​သွား​မယ့်​နေရာ​တွေကို အပြာ​ရောင်နဲ့​ ပြသထား​ပုံ

အခုအချိန်အထိ ရှင်း​လင်း​ပြောဆိုခဲ့​တဲ့​ အချက်အလက်​တွေကို မြန်မာပြည်သူ​တွေထဲက BANCA အစီရင်ခံစာကို ​လေ့​လာသိရှိ​နေကြသူ​တွေက စိုး​ရိမ်မကင်း​ဖြစ်ပြီး​ မြစ်ဆုံ​ရေကာတာ တည်​ဆောက်မှုကို အမျိုး​သား​အ​မွေအနှစ်တခု ဆုံး​ရှုံး​ရုံမျှမက လတ်တ​လောနဲ့​ အနာဂတ်မှာ အတိဒုက္ခနဲ့​ ရင်ဆိုင်ရမယ့်​ပြည်သူ​တွေဘက်က ရပ်တည်​ပြောဆိုလာကြတာ ​တွေ့​ရပါတယ်။ ဒါ​ပေမယ့်​ ​ဖော်ပြထား​တဲ့​ဆိုး​ကျိုး​တွေဟာ နိုင်ငံအ​နေနဲ့​ မြစ်ဆုံ​ရေကာတာ​ကြောင့်​ ရရှိလာနိုင်မယ့်​ အကျိုး​အမြတ်နဲ့​ နှိုင်း​ယှဉ်ရင် အကျိုး​အမြတ်က ပိုကြီး​တယ်လို့​ မြန်မာအစိုး​ရရဲ့​ လျှပ်စစ်ဝန်ကြီး​ ဦး​ဇော်မင်း​က ရှုမြင်သုံး​သပ်ပြီး​ ဆည်တည်​ဆောက်​ရေး​ကို ဆက်လုပ်သွား​မယ်လို့​ ​ပြောကြား​ခဲ့​ဟန်တူပါတယ်။

“ဧရာဝတီမြစ်​ရေရဲ့​ ၇ % နှုန်း​ကိုသာ ယူတာပါ၊​ အဲ့​ဒီ ၇ % ခိုင်နှုန်း​ကလည်း​ ​ရေအား​လျှပ်စစ်လည်ပတ်ပြီး​ရင် မြစ်ထဲပဲ ပြန်စီး​ဝင်မှာဖြစ်လို့​ ဆည်တည်​ဆောက်တာဟာ မြစ်ကို ဘယ်လိုမှ မထိခိုက်ပါဘူး​” လို့​ ဦး​ဇော်မင်း​က ​ချေပ​ပြောဆိုခဲ့​တယ်။ “ဘီလူး​ချောင်း​ကြီး​က​နေ ​ရေအား​လျှပ်စစ်ထုတ်ယူလာခဲ့​တာ ၅၂ နှစ်ရှိပြီ၊​ ဘာမှ မဖြစ်ခဲ့​ပါဘူး​” လို့​လည်း​ နှိုင်း​ယှဉ်ပြခဲ့​တယ်။

ဒါ​ပေမယ့်​ မြန်မာအစိုး​ရဘက်ကလည်း​မရည်ညွှန်း​သလို အစိုး​ရရဲ့​ မြစ်ဆုံဆည်တည်​ဆောက်မှုကို ​ဝေဖန်ကန့်​ကွက်ကြတဲ့​ ပြည်သူ​တွေလည်း​ ​မေ့​နေတဲ့​ အချက်တခုရှိပါတယ်။ အဲဒါက​တော့​ မြစ်ဆုံ​ရေကာတာရဲ့​ အထက်ဘက် ​မေခနဲ့​ မလိခမြစ်​တွေ​ပေါ်က ​နောက်ထပ် ​ရေကာတာ ၆ ခု တည်​ဆောက်မယ့်​ စီမံကိန်း​တွေပဲ ဖြစ်ပါတယ်။

ဒီစီမံကိန်း​တွေက​ရော ဧရာဝတီမြစ်ရဲ့​ အသက်​သွေး​ကြောဖြစ်တဲ့​ မြစ်နှစ်သွယ်ရဲ့​ ​ရေဆင်း​အား​ကို အဆင့်​ဆင့်​ထိန်း​ချုပ်ကြတဲ့​အတွက် ဧရာဝတီမြစ်​ရေစီး​နှုန်း​ကို နည်း​ပါး​မသွား​စေနိုင်ဘူး​လား​။

မေခမြစ်​ပေါ်က ​ရေအား​လျှပ်စစ်စီမံကိန်း​ ၅ ခု တည်​ဆောက်မှာဖြစ်ပြီး​ မီဂါဝပ် ၂,၈၀၀ ရှိတဲ့​ ချီ​ဗွေ (Chibwe) ၊​ မီဂါဝပ် ၂,၇၀၀ ရှိတဲ့​ ​ခေါင်လန်ဖူး​ (Kawanglangphu) ၊​ မီဂါဝပ် ၂,၀၀၀ ရှိတဲ့​ ဖီ​ဇော (Pisa) ၊​ မီဂါဝပ် ၁,၈၀၀ ရှိတဲ့​ ဝူ​ဆောက် (Wusok) နဲ့​ မီဂါဝပ် ၁,၂၀၀ ရှိတဲ့​ ယီနန် (Yenam) နဲ့​ မလိခမြစ်​ပေါ်မှာ မီဂါဝပ် ၁,၉၀၀ ရှိတဲ့​ လိုင်ဇာ (Laiza) ​ရေအား​ လျှပ်စစ် ထုတ်လုပ်မည့်​ ​ရေကာတာများ​ တည်​ဆောက်မှာဖြစ်ပြီး​ အဲ့​ဒီမြစ်နှစ်သွယ်ဆုံဆည်း​ရာ မြစ်ဆုံရဲ့​ ​အောက်ဖက် ၅ ကီလိုမီတာခန့်​အကွာမှာမှ အခုအငြင်း​ပွား​စရာဖြစ်လာတဲ့​ မီဂါဝပ် ၄,၁၀၀ ရှိတဲ့​ မြစ်ဆုံ​ရေကာတာကို တည်​ဆောက်မှာ ဖြစ်ပါတယ်။

အဲ့​ဒါ​ကြောင့်​ လျှပ်စစ်ဝန်ကြီး​ပြောတဲ့​ မြစ်​ရေရဲ့​ ၇% ပဲယူတာပါဆိုတာ အထက်က ဆည် ၆ ခု မပြီး​ခင် ​မေခနဲ့​ မလိခ မြစ်နှစ် စင်း​က စီး​ဝင်လာတဲ့​ ​ရေဆင်း​နှုန်း​ရဲ့​ ၇ % နှုန်း​ကို ​ပြောတာလား​၊​ ဒီဆည် ၆ ခု တည်​ဆောက်ပြီး​နောက်ပိုင်း​ ​ပြောင်း​လဲသွား​နိုင်တဲ့​ ​ရေဆင်း​နှုန်း​အ​ပေါ်မှာ တွက်ချက်​ပြောတာလာဆိုတာ ရှင်း​ရှင်း​လင်း​လင်း​မသိရတဲ့​ ​ပျောက်​နေတဲ့​ ကွင်း​ဆက်တခု ဖြစ်ပါတယ်။ တကယ်လို့​ ​မေခနဲ့​ ​မေလိခမှာ ဆည် ၆ ခုတည်​ဆောက်ပြီး​ ​ရေဆင်း​နှုန်း​နည်း​သွား​လို့​ ဧရာဝတီ မြစ်ထဲ ​ရေစီး​ဝင်မှု ပိုပြီး​နည်း​ပါး​သွား​တာနဲ့​ကြုံရရင် မြစ်ဆုံ​ရေကာတာက လိုအပ်တဲ့​ရေကို ၇% ထပ်ပိုယူခဲ့​ရင် ဘာ​တွေ ဖြစ်လာနိုင်သလဲ။

အဲ့​ဒါ​ကြောင့်​ ဧရာဝတီမြစ်ကြီး​ အစဉ်ထာဝရ ရှင်သန်စီး​ဆင်း​နေတာကို ​တွေ့​မြင်လိုသူအား​လုံး​ ဧရာဝတီမြစ်ကို ကယ်တယ်ဖို့​ ကြိုး​ပမ်း​ကြသူအား​လုံး​ ဂရုပြုသင့်​တဲ့​အချက်က မြစ်ဆုံ​ရေကာတာတခုကိုသာ အာရုံစိုက်တာထက် မြစ်ဆုံရဲ့​ အထက်ဘက်မှာ တည်​ဆောက်မယ့်​ ​ရေအား​လျှပ်စစ်စီမံကိန်း​ ၆ ခုကိုလည်း​ စနစ်တကျ​လေ့​လာ သု​တေသနပြုသင့်​ပါတယ်။

နိုင်ငံ​တော်အစိုး​ရအ​နေနဲ့​လည်း​ မြစ်ဆုံ​ရေကာတာတည်​ဆောက်​ရေး​အ​ပေါ် ကန့်​ကွက်​ဝေဖန်​နေမှုအ​ပေါ် ဖျက်လိုဖျက်ဆီး​ လုပ်ကြတယ်လို့​ သ​ဘောမထား​သင့်​ဘဲ ဒီမိုက​ရေစီအစိုး​ရတရပ်ရဲ့​ စံနှုန်း​တွေနဲ့​အညီ ပြည်သူ​တွေရဲ့​ စိုး​ရိမ်မှုကို အ​လေး​ထား​ပြီး​ စီမံကိန်း​ဆိုင်ရာ သတင်း​အချက်အလက်များ​ကို ပြည်သူလူထုက လက်လှမ်း​မီ ​လေ့​လာနိုင်​အောင် ပွင်း​လင်း​မြင်သာစွာ ထုတ်ပြန်​ပေး​သင့်​ပါတယ်။ အဲဒါမှသာ ပြည်သူနဲ့​ အစိုး​ရ ပူး​ပေါင်း​ဆောင်ရွက်တဲ့​ နိုင်ငံဖွံ့​ဖြိုး​ရေး​ ဖြစ်မှာပါ။
http://burmese.dvb.no/archives/15756

၂၄ ရက် သြဂတ်စ်လ ၂၀၁၁ ခုနှစ် ဒုတိယမြောက်နေ့

ဘူဆန် ဒေးတူး

ဘူဆန်ရောက်ပြီး ဒုတိယမြောက်နေ့ ပါ။ ဒီနေ့ တော့ အလုပ်ကူပေးဖို့ ရှိပါတယ်။ ညီလာခံ က ၂၆ မှ စမှာပေမယ့် pre conference community forum လို့ ခေါ်တဲ့ ညီလာခံ ပဏာမ အစီအစဉ်တွေ ရှိပါတယ်။ နည်းနည်း ရှင်းပြပါမယ်။ ညီလာခံမှာ သူ့ဘာသာသူ အစီအစဉ် နဲ့ သွားတာပေမယ့် ကွန်မြူနတီ လို့ခေါ်တဲ့ ဦးတည်အုပ်စုလေးတွေ က သူ့တို့ဘာသာ သူတို့ အစီအစဉ်နဲ့ သူတို့ တူရာတူရာ စုပြီး ညီလာခံ ကြီးထဲမှာ သူတို့အသံတွေဘယ်လို မြှင့်တင်နိုင်ဖို့ သူတို့ လိုအပ်ချက်တွေ ဘယ်လို ပြောကြားနိုင်ဖို့တသွေးထဲတသံတည်း ထွက်အောင် ဆိုပြီး ကြိုတင်စည်းဝေးကြပါ တယ်။

ဒီပဏာမ ညီလာခံမှာ ဘယ်သူတွေပါဝင်ကြလဲဆိုတော့ Men have sex with Men (MSM) အမ်အက်စ်အမ်လို့ အတိုကောက်ခေါ်တဲ့ ယောက်ျားချင်းလိင်ဆက်ဆံ ကြတဲ့ အုပ်စုတွေ, Drug Users (DU) ဒီယူ ခေါ် ဆေးသုံးစွဲသူတွေ (ထိုးသွင်းသုံးစွဲ injecting drugs users လို့ အရင်က ခေါ်ပေမယ့် နောက်ပိုင်း ပိုကျယ်ပြန့်တဲ့ ဆေးသုံးစွဲသူများ ဒီယူ လို့ သုံးလာကြပါတယ်), Sex Workers (SW) အက်စ်ဒဗလျူ လို့ ခေါ်တဲ့ လိင်လုပ်သားတွေ (ဒီမှာ မိန်းမလိင်လုပ်သားသာမက၊ ယောက်ျားလိင်လုပ်သား၊ Transgenders SW လို့ခေါ်တဲ့ မိန်းမပုံဝတ်ဆင်ပြီး လိင်လုပ်ငန်း လုပ်တဲ့ ဂျန်ဒါပြောင်းလဲထားသူတွေ (တချို့လဲခွဲစိတ်ပြီး တချို့ လဲ အပေါ်တပိုင်းပဲ ခွဲစိတ်ထားတဲ့) သူတွေလဲပါပါတယ်, Faith based group လို့ခေါ်တဲ့ ဘာသာရေး အဖွဲ့အစည်းတွေ ညီလာခံတွေ အိတ်ခ်ျအိုင်ဗီအေစ့် လုပ်ငန်းတွေ လုပ်ရာမှာ ဒီ ဘာသာရေး အခြေပြု အဖွဲ့တွေအလုပ်လက်တွဲ လုပ်ကြတာ စိတ်ဝင်စားစရာပါ။ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ် အကုန် တူတူပူးပေါင်းလုပ်ကြပါတယ်။ Youth ကတော့ ရှင်းပါတယ် လူငယ်တွေပေါ့။ သူတို့ကတော့ ဆယ်ကျော်သက်ကနေ ၂၅ ထိ သတ်မှတ်ပါတယ်။ တချို့ အပိုင်း၊ ဒေသတွေမှာတော့ သတ်မှတ်ချက် ကွာခြားတာ ရှိပြီး ၃၀ ထိ ကို Young Adults ဆိုပြီး ပါကြတာလဲရှိပါတယ်။ နောက်ဆုံးပိတ်ကတော့ PLHIV လို့ ခေါ်တဲ့ People Living HIV တွေပေါ့။

ကိုယ်ကတော့ အများသိကြတဲ့ အတိုင်း PLHIV forum မှာ ပါပါတယ်။ ကိုယ်က ဖိုရမ်မှာ အဖွဲ့ငယ်ဆွေးနွေးတာတွေကို အဆင်ပြေ ချော့မွေ့အောင် ကူညီပေးတဲ့ facilitator လုပ်ရပါတယ်။ ပြီးတော့ အဖွဲ့ငယ်လေးတွေရဲ့ ဆွေးနွေးချက်တွေကို ပါဝါပွိုင့် ပြင်ပေးပြီး ဖိုရမ်တခုလုံး ကို ပြန်လည်တင်ပြပေးရတာပေါ့။ အာရှ ပစိဖိတ် ညီလာခံ ဖြစ်တဲ့ အတွက် တောင်အာရှမှသည် မဲခေါင်မြစ်ဝှမ်း အရှေ့တောင် အာရှ အရှေ့ အာရှ တရုတ် နဲ့ ဟိုးဘက် ပစိဖိတ် ကျွန်းစုတွေ အထိ ၾသစေတ်းလ် နဲ့ နယူဇီလန်ပါပါတယ်။ အာဖရိက တို့ အမေရိက တို့ လက်တင်အမေရိက တို့ က သူတို့ဘာသာ ICAAP လိုပဲ ဒေသဆိုင်ရာ ညီလာခံ တွေ လုပ်ကြပါတယ်။ ကမ္ဘာ့ ဒေသဆိုင်ရာ တွေမှာ တော့ အာရှ ပစိဖိတ်က အတက်ကြွဆုံး အရှေ့အရောက်ဆုံး အအောင်မြင်ဆုံး လို့ ဆိုကြပါတယ်။

ပြောတာတွေလဲ များပြီးဆိုတော့ စားကြစို့။ ကိုယ်က ညီလာခံ ကျင်းပရာ BEXCO နဲ့ နီးတဲ့ HOME PLUS ဆိုတဲ့ Departmental စတိုး က ဖွတ်ကော့ထ် မှာ သွားစားပါတယ်။ (အောင်မလေးဟဲ့ ငါတော်တော်ညံ့နေပြီ မြန်မာစာ ကိုမြန်မာစာချည်းပဲ သေချာ မရေးတတ်တော့ဘူး)

ကိုယ်က ညီလာခံကျင်းပရာ ခန်းမ နဲ့ နီးတဲ့ အိမ်အပေါင်းဆိုတဲ့ ကုန်တိုက်အောက်က အစားအသောက်တန်းမှာ သွားစားပါတယ်။ (အင်း…….နည်းနည်းတော်သေးတယ်….ထင်တာပဲ)

ကိုရီးယားကားတွေမလွတ်တမ်းကြည့်တဲ့ သူတွေ သေချာသိပါတယ်။ ဟုတ်ကဲ့ ပဲခေါက်ဆွဲပါ။ ပုံကြည့်ပြီး စားကြည့်ချင်တာနဲ့ လျှာရှည်ပြီး မှာလိုက်တာပါ။ ပြောပြရအုံးမယ် သူတို့ က ဘန်ကောက် လို့ ကဒ် စနစ်၊ ကူပွန်စနစ် မဟုတ်ဘူး။ လျှာရှည် စနစ်တော့။ ပထမ မှန်ပုံးထဲမှာ အစားအသောက် မော်ဒယ်လေးတွေ ပုံတူ ကို ပလပ်စတစ်နဲ့ လုပ်ထားတာရှိတယ်။

အဲ့ထဲက ကိုယ်ကြိုက်ရာတွေကို နံပါတ်မှတ်ရပါတယ်။ နောက်တော့ ကောင်တာမှာ လိုချင်တဲ့ နံပါတ်ကို ပြောပြီး ငွေရှင်းရပါတယ်။ အီးလိုပြောရင် မသိပါဘူးစာရွက်လေးနဲ့ ဘောပင် ကမ်းပေးပါတယ်။
အဲ့မှာ ကိုယ်စားချင်တာကို နံပါတ် ရေးပေး ငွေချေ ပြီးတော့ တဘက်မှာ တန်းစီနေတဲ့ ဆိုင်တွေမှာ ကောင်တာ အပေါ်နားက မီးနီလေးတွေ နဲ့ ကိုယ့် မှာတာနဲ့ ဆိုင်ရာ ဆိုင်ရာ နံပါတ်တွေ တန်းစီ ပေါ်ပါတယ်။ ဥပမာ ဆိုင်တွေက သတ်မှတ်ထားတယ် တော်ဘူကီ က တဆိုင် ကမ်ဘုခ် က တဆိုင် ခေါက်ဆွဲက တဆိုင်ဆိုပါတော့ ကိုယ်မှာတာနဲ့ ဆိုင်တဲ့ ဆိုင်က မီးနီမှာ ကိုယ့် စလစ်ထဲက နံပါတ်ပေါ်ပါတယ်။ အဲ့မှာ သွားယူလိုက်ယုံပဲ။ ဘေးမှာ မှန်ပုံးသေးလေးနဲ့ အပူပေးထားတဲ့ တူ၊ ဇွန်း၊ ခက်ရင်း စတာတွေကို လိုသလောက်ယူပြီး ထိုင်စားယုံပါပဲ။

ညနေပိုင်းကျတော့ ကိုယ့်ဟော်တယ်နား ကိုပြန်ပြီးတော့ ဘေးနားက ဟိုင်ယွမ်ဒေး ကမ်းခြေ ကို ခဏ ဆင်းပါတယ် ပုံတွေကို ရှု။ ဟိုရိုက် ဒီရိုက် ဘာဘာ ညာညာ ပေါ့။ တီ ချမ်း ရဲ့လျှပ်တပျက် ဓါတ်ပုံ ပညာကိုလဲ ရှု နိုင်ပါတယ် ဒေါ်ချစ်ကို မရှုံးဘူးပဲ။

ဒါလေးတွေက ဘေးနားပတ်ဝန်းကျင်က ဗျူးလေးတွေပေါ့

ဒါကတော့ အီဖေကိုယ်နဲ့ သူငယ်ချင်းမလေးပါ။ ဒေးဝမ်းမှာတုံးက ပြောတဲ့ ကိုရီးကား အဆိပ်တက်နေတယ် ဆိုတာ သူပေါ့။ ကိုယ်တွေ ရေလည်လှတာ လူသိမှာစိုးလို့အဝေးကပဲ ပြတယ်။ မမကွမ်လိုပေါ့။

တီချမ်း၏ ရိုက်ချက် လက်ရာများ…

ကမ်းခြေကတော့ မြို့ ကြီးတွေမှာ ဘယ်နားကြည့်ကြည့် တူတူပါပဲ ပရိုက်ဘိတ် ဘီခ်ျ တွေသွားနိုင်မှာ မိုက်တာ…
ဥပမာ ဖထရား မိန်းဘိခ်ျ က ဘာလီ မိန်းဘိခ်ျ ပသောင် (ဖူးကက်) မိန်းဘိခ်ျ တွေ နဲ့ အကုန်လုံး အပ်ထူထူပါပဲ။

ပင်လယ်ဘက်လည်း တချက် နှစ်ချက် နည်းနည်းမှ မလျော့ဘူး။ လျော့လိုက်ရင် လျော့သွားမှာပေါ့နော့။

ညနေဘက်ကျတော့ ဒီနေ့မှ ရောက်လာတဲ့ သူငယ်ချင်းက တော်ဘူကီးမှ တော်ဘူကီး ဆိုလို့ မနေ့ ညက စားခဲ့တဲ့ ဆိုင်ကလေး လိုက်ပို့ပါတယ်။ စားကြတာတွေက ဒီမှာပါ။

ညာမှ ဘယ်သို့ ပုံ (၁) စားသမျှပုံပါ။ အသေးစိတ်တွေ လာပါမယ်။ ပုံ (၂) ဟင်းရည်ပါ ယွန်းခွက်လေးနဲ့ ကော်ချင်ခွက်လေးနဲ့ တိုက်ပါတယ်။ ကော်ချင်ခွက်ထဲကဟာ ကို ယွန်းခွက်ထဲ ထည့်ထည့်သောက်ရပါတယ်။ ပူတုံးလေးတော့ ကောင်းတယ် သူက အပြင်မှာ ရှိတဲ့ ပဲပြားတွေအမဲအူတွေကို ပြုတ်တဲ့ အရည်ပါပဲ။ မြန်မာပြည်က (ဝက်ခြေထောက် ကို မမှီ)။ ပုံ (၃) က တော့ နာမည်ကျော်ကျား လူတိုင်းစားတဲ့ တော်ဘူကီးပါပဲ။ အမှန်က ဘာမှလဲ မဟုတ်ပါဘူး ဝက်ခေါက်လိုလိုဟာရယ် ဂျုံ(ကော် အရသာနဲ့)ချောင်းရယ်၊ နောက် ကြက်အူချောင်း ဝက်အူချောင်း တွေ ကို ပြုတ် (မြန်မာပြည်က ခေါက်ဆွဲသုပ်စားရင် ထည့်တဲ့ အချဉ်လိုဟာတွေနဲ့ သုပ်ပေးတာပါပဲ) Again မြန်မာပြည်လောက်မကောင်းပါ။ အရပ်ထဲမှာ ဗန်းနဲ့ လည်ရောင်းတဲ့ ပဲပြား အာလူး ပဲသွေး တုတ်ထိုးတွေ ကို သတိရသေးတယ်။ အဲ့တာက ပိုကောင်းတယ်။ တူတူပဲ။ ကိုယ်တွေက သာ ပန်းကန်နဲ့ထည့်စားတာ အများစုက အပြင်မှာ ရပ်ပြီးတော့ တုတ်နဲ့ အချဉ် ရည်တို့စားနေကြတာပဲ။

ပုံ (၄) အမဲအူမကြီး ပါးပါးလှီးထားတာရယ်။ အမဲအူထဲ ကို ကောက်ညှင်းမဲ အစာသွပ်တာရယ်။ အမဲအသည်း၊ နှလုံး စတာတွေရယ်ပါ။ တပွဲ။ ပုံ (၅) သခွားသီး ခါကြက်ဥ နဲ့ လိပ်ထားတဲ့ ကင်ဘုခ်ပါ။ ဘေးက ပုံ(၆) ကတော့ တန်ပူရာပါ။ ကွမ်းရွက်လို အရွက်ကလေး (အကွမ်းရွက်တော့ မဟုတ်ဘူး ပုံတူတာ သူက ရှားရှရှ အရသာနဲ့) နောက် ခရမ်းသီး ရွှေဖရုံသီး စတာတွေကို မုန့်နှစ်နဲ့ ကြော်တာပါ။ အချဉ်နဲ့ တို့စားတာပါပဲ။

မူလလက်ဟောင်း ကမ်ချီပါ။ ဘေးကတော့ ပဲပိစပ် နဲ့ လုပ်ထားတဲ့ အချဉ်နဲ့ ကြက်သွန်ဖြူ (ဆလပ်ထဲထည့်စားတဲ့ဟာမျိုး) ကို အတုံးလေးတွေ လုပ်ပြီးပေးတာပါ။ မြင်အောင်ပြောရရင် ဆာတေးနဲ့ စားတဲ့ မြေပဲ အချိုနှစ် နဲ့ စားတာမျိုးပဲ။ ဆာတေးမှာက သခွားသီးလေးတွေ ပေးတယ် ခု ကြက်သွန်ပေးတယ်။ ဒါပဲ။

ကြားထဲမှာ နည်းနည်းကြာသွားတယ်။ အခု နည်းနည်း ပြန်အားပြီပြန်ရေးမယ်နော်။

A Chen
6:05 PM
21st Sept 2011
Wednesday
Home
Bangkok

ဧရာဝတီလုပ်ကြံမူ♥▬▬ஜ۩۞۩ஜ▬▬♥

ဧရာဝတီလုပ်ကြံမူ♥▬▬ஜ۩۞۩ஜ▬▬♥

by လှိုင် ဘွား on Monday, September 12, 2011 at 12:39pm

ဧရာဝတီကို အနီးကပ်လုပ်ကြံခဲ့သူ သိန်းစိန် နှင့် သူ၏အပေါင်းအပါတရုတ်များ။ ဘိန်းဘုရင်လော်စစ်ဟန်၏သား ထွန်းမြင့်နိုင် (ခ) စတီဗင်လော(ဒါရိုက်တာ – အေးရှားဝေါလ်ဒ် ကုမ္ပဏီ) (သိန်းစိန်၏လင်္ကျာဘက်) ♥▬▬ஜ۩۞۩ஜ▬▬♥ဧရာဝတီလုပ်ကြံမူ♥▬▬ஜ۩۞۩ஜ▬▬♥ မြစ်ဆုံဆည်ကို ဘာကြောင့် ကန့်ကွက်တာလဲ (မြန်မာလူမျိုးတိုင်း ဖတ်သင့်ပါတယ်) ♥▬▬ஜ۩۞۩ஜ▬▬♥ဧရာဝတီလုပ်ကြံမူ♥▬▬ஜ۩۞۩ஜ▬▬♥ တရုတ်နဲ့ အာဆီယံအရေး လေ့လာသုတေသနပြုနေတဲ့ အမေရိကန်နိုင်ငံ UC Berkeley တက္ကသိုလ်က ဦးမင်းဇင်ကို ဗွီအိုအေမှ ဆက်သွယ်မေးမြန်းထားတာပါ။ စိတ်ဝင်စားဖို့ကောင်းတဲ့ မြစ်ဆုံဆည်ရဲ့ ကောင်းကျိုး ဆိုးကျိုးများ အကြောင်းကို ဆွေးနွေးထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ကချင်ပြည်နယ် မြစ်ဆုံမှာ တည်ဆောက်နေတဲ့ ရေအားလျှပ်စစ်ထုတ်လုပ်ရေး ရေကာတာကြီးဟာ အလွန်အန္တရာယ်ကြီးမားတဲ့အတွက် လုပ်ငန်းဆက်လက်မလုပ်ဆောင်သင့်ကြောင်း လေ့လာချက်အစီရင်ခံစာတခုက ၂၀၀၉ ခုနှစ်ကတည်းက အဆိုပြုထားပေမယ့် ဒီလုပ်ငန်းမှာ ရင်းနှီးမြုပ်နှံထားတဲ့ တရုတ်အစိုးရနဲ့ မြန်မာအစိုးရဘက်ကပါ လစ်လျူရှုခဲ့ပါတယ်။ တရုတ်နဲ့ မြန်မာပညာရှင်တွေ ကွင်းဆင်းလေ့လာပြီး တင်ပြခဲ့တဲ့ ဒီအစီရင်ခံစာကို လူသိရှင်ကြား ထုတ်ပြန်ကြေညာခဲ့ခြင်း မရှိပါဘူး။ ဒီ အစီရင်ခံစာကို မကြာခင်ကမှ ရရှိဖတ်ရှုခဲ့ရတယ့် တရုတ်နဲ့ အာဆီယံအရေး လေ့လာသုတေသန ပြုနေတဲ့ အမေရိကန်နိုင်ငံ UC Berkeley တက္ကသိုလ်က ဦးမင်းဇင်း က ဗွီအိုအေ ကို အောက်ပါအတိုင်း ပြောဆိုပါတယ်။

ဦးမင်းဇင် ။ ။ ပထမဆုံး တွေ့တာကတော့ စာမျက်နှာ (၉၀၀) ကျော်လောက်ဆိုတော့ ချက်ချင်း မဖတ်ဖြစ်ဘူး။ နောက်တော့ ဖတ်ကြည့်လိုက်တဲ့အခါမှာ အစောပိုင်းကလည်း သိပ်ပြီးတော့ တရုတ်ပညာရှင်တွေက အဓိကရေးတယ်ဆိုတော့ စိတ်ထဲမှာလည်း တရုတ်ပြည်ဆိုတော့ သာသာထိုးထိုး ရေးမှာပဲဆိုပြီး ကျနော်က ယူဆထားတာ။ အဲဒီ ယူဆချက်နဲ့ ဖတ်တာ ဖတ်ရင်းနဲ့ တခါမှ မကြားဘူးတဲ့ အချက်အလက်တွေ သိခဲ့ရတယ်။ ဥပမာ ဒီ မြစ်ဆုံရေကာတာ (၇) ခု ဆောက်တဲ့အထဲမှာ ရေကာတာ တခုတည်းကိုက စင်္ကာပူထက် ပိုပြီးကြီးတယ်။ နယူးရော့ခ်မြို့ ကြီးတမြို့ စာလောက်ရှိတယ်။ ကမ္ဘာပေါ်မှာ (၁၅) ခုမြောက် အကြီးဆုံး ရေအားလျှပ်စစ် ရေကာတာကြီးဖြစ်မယ်။ ဒါမျိုးတွေ ကြားရတယ်။ အဲဒါမျိုးကြားရတဲ့အပြင် အဆိုးဆုံး ကြားရတာက အခုနပြောသလို ဒီကရမယ့် ရေအားလျှပ်စစ်ကို တစ်ရာ ရာခိုင်နှုန်းလုံး တရုတ်ပြည်ကပဲ အကျိုးကျေးဇူးရမယ်။ ဒီဖက်နောက်ပိုင်း သတင်းကြားရတာက ၉၉% တရုတ်ပြည်ဖက်ကို ရောင်းပြီး မြန်မာပြည်ကိုတော့ ၁% ပြန်ရောင်းမယ်လို့ သတင်းကြားရတယ်။ အဲဒီလိုမျိုးဟာတွေ ကြားရတယ်။ ပိုဆိုးတာက ဒီ ရေကာတာကြီးဟာ စစ်ကိုင်းပြတ်ရွေ့ ကြော လို့ခေါ်တဲ့ ငလျင်ကြောကြီးနားမှာ ရှိတယ်။ ဒီဟာကလည်း အာရှတိုက်မှာ ငလျင်တွေ မကြာခဏ လှုပ်တဲ့အတွက်မို့ ဒီဟာက အန္တရာယ်များတယ်လို့ ပညာရှင်တွေက သုံးသပ်ကြတယ်။ ဒီ ငလျင်ကြောကြီးက ပျက်ရွေ့ ကြောကြီးက တခုခုများ ဖြစ်ခဲ့ရင် ရေကာတာကြီး ပြိုသွားနိုင်တယ်။ အဲဒီလို မဟုတ်ဘဲနဲ့ ရေကာတာ ရေလှောင်ကန်ကြီးက အခုနပြောသလို စင်္ကာပူနိုင်ငံထက်ကြီးတဲ့အခါကြတော့ အဲဒီလောက်ကြီးတဲ့ဟာကြီးကနေ ရေပမာဏကြောင့်လည်း ပြတ်ရွေ့ ကြောကိုသွားပြီး လှုံဆော်သလို ဖြစ်နိုင်တယ်။ ဒီလိုဖြစ်ပြီး ရေကြီးလို့ရှိရင် မြစ်ကြီးနားမြို့ ကြီးက စက္ကန့် (၂၀) အတွင်း ရေမြုပ်နိုင်တယ်လို့ ပညာရှင်တွေပြောတာကို ကြားရတော့ အင်မတန်မှပဲ တုန်လှုပ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီ လေ့လာမှုအစီရင်ခံစာရဲ့  နံမည်ကိုက တည်ဆောက်မယ့် ရေကာတာတွေရဲ့  သဘာဝပတ်ဝန်းကျင်အပေါ်ကို ဘယ်လောက်အထိ သက်ရောက်မှု ရှိနိုင်မလဲကို ကြိုတင်ခန့်မှန်းချက်။ ဒီလို သဘာဝပတ်ဝန်းကျင်ပေါ် သက်ရောက်မှုကြိုတင်ခန့်မှန်းချက်တွေကို တကယ်တမ်းကြတော့ အကုန်အကျခံပြီးတော့ အစီရင်ခံစာရေးခိုင်းတာလည်း China Power Investment Cooperation ခေါ် CPI ကော်ပရေးရှင်းကပဲ လုပ်တာဆိုတော့ ဒီ ကော်ပရေးရှင်းအနေနဲ့ မူလ ရည်မှန်းချက်ဖြစ်တဲ့ ဒီလို လေ့လာမှုတွေလုပ်ခိုင်းပြီးတော့ ဒီ လေ့လာမှုအစီရင်ခံစာကနေ ကြိုတင်ခန့်မှန်းပြီး တင်ပြတဲ့အချက်တွေကို လိုက်နာရမယ့် တာဝန် သူတို့မှာ မရှိဘူးလား။

ဦးမင်းဇင် ။ ။ ကျနော်သိသလောက်တော့ တရုတ်အစိုးရနဲ့ မြန်မာအစိုးရတို့မှာ ဒီလိုမျိုးဟာတွေကို လိုက်နာဖို့အတွက် တာဝန်ခံထားတာ မရှိဘူးလို့ သိရပါတယ်။ ဒါပေမဲ့ ဒီ အစီရင်ခံစာကလည်း ယေဘုယျ လိုက်နာရမယ့် စမ်းစစ်တဲ့အချက် (၁၀) ချက် ရှိပါတယ်။ အဲဒီ အချက် (၁၀) ချက်ထဲမှာမှ အချက် တစ်ခုကိုပဲ စမ်းစစ်ရသေးတာဖြစ်ပါတယ်။ အဲဒီ ရေကာတာဆောက်မယ့် ဧရီယာ ပတ်ဝန်းကျင်ကိုပဲ စမ်းစစ်ရသေးတာ ဖြစ်ပါတယ်။ ကျန်တဲ့ မြစ်အကြေပိုင်း ဧရာဝတီမြစ်အကြေပိုင်းတို့၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ပိုင်းတို့ ကျန်တဲ့အကြောင်းအချက်တွေ အများကြီးရှိတယ်။ အဓိကအချက် (၉) ချက်။ အဲဒါတွေကို မလေ့လာရသေးဘူး။ ပထမ တချက်တည်းနဲ့ပင် တရုတ်အစိုးရက အခုနပြောတဲ့ CPI ကလည်း တရုတ်အစိုးရပိုင်း ကုမ္မဏီဖြစ်ပါတယ်။ တရုတ်အစိုးရနဲ့ မြန်မာအစိုးရတို့က တခါတည်း ဒါကတော့ အခြေအနေ မဟန်တော့ဘူးလို့ထင်ပြီး ကျန်တဲ့လေ့လာမှုတွေကို ဆက်မလုပ်ခိုင်းဘဲ ရပ်လိုက်တာလို့ ကြားသိရပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီ အစီရင်ခံစာ စပြီးထွက်တဲ့ ပြုစုပြီးတဲ့အချိန်က ၂၀၀၉ ခုနှစ်။ အဲဒီ ၂၀၀၉ ခုနှစ်နောက်ပိုင်းမှာ မြစ်ဆုံရေကာတာလုပ်ငန်းတွေကလည်း စတင်နေပြီ။ တခြား ရေကာတာလုပ်ငန်းတွေကလည်း စတင်နေပြီဆိုတော့ ဒီ အစီရင်ခံစာကို လုံးဝလစ်လျူရှုပြီးတော့ အလုပ်တွေကို ဒီအတိုင်းပဲ မျက်စိမှတ်ပြီတော့ လုပ်နေတဲ့သဘောကို ဆိုလိုချင်တာလား။

ဦးမင်းဇင် ။ ။ တချို့ အပိုင်းတွေမှာ လိုက်နာမှုရှိကောင်းရှိလိမ့်မယ်။ ဥပမာ ကျနော်ကြားတာက တရုတ်ပညာရှင်တွေနဲ့ တရုတ်အာဏာပိုင်တချို့ နဲ့ စကားပြောတဲ့အခါမှာ သူတို့ပြောတာက ဥပမာဆိုရင် မြန်မာရွှေ့ ပြောင်းခံရတဲ့ လယ်သမားတွေ၊ ကချင်ဒေသခံ တိုင်းရင်းသားတွေကို လျှော်ကြေးပေးတယ်။ အစီရင်ခံစာကတော့ ၁၀% လောက်တော့ ရင်းနှီးမြုပ်နှံမှုရဲ့  ၁၀% လောက်ကို လျော်ကြေးပေးခိုင်းပါတယ်။ ဒါပေမဲ့ တရုတ်အစိုးရကတော့ ဒါကို ၅% ပေးတယ်လို့ သိရပါတယ်။ ဒါပေမဲ့လည်း တကယ့်တကယ် ပေးတဲ့ငွေတွေကို ဘယ်လိုဖြန့်ဝေသလဲဆိုတဲ့အခါကြတော့ မြန်မာနိုင်ငံမှာ စစ်အစိုးရနဲ့ သူ့ရဲ့  အာရှ Aisa World ကုမ္မဏီကနေ ဖြန့်ဖြူးတာဖြစ်တဲ့အတွက် လက်တွေ့မှာတော့ ဒေသခံလူထုတွေ ထင်သလောက်မရဘူး။ မရဘဲနဲ့ အခွင့်အရေးချိုးဖောက်မှုတွေ ပိုများတယ်ဆိုတာကို သတင်းစာဆရာတွေနဲ့ အန်ဂျီအိုသမားတွေက အထောက်အထားနဲ့ တင်ပြတာတွေ ရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒါ လူတွေရွှေ့ ပြောင်းခံရတဲ့ကိစ္စအပေါ်မှာပဲ အရေးယူမှု ထည့်တွက်မှု တစိတ်တပိုင်းရှိပြီတော့ အစောက ကိုမင်းဇင်း ပြောတဲ့ အစီရင်ခံစာထဲမှာ ကြိုတင်ပြီး သတိပေးထားတဲ့ ငလျင်ပြတ်ရွေ့ ကြောကြီးပေါ်မှာ ရှိနေတဲ့အတွက် အန္တရာယ်ကြီးမားတဲ့အခြေအနေ။ ဒါမှမဟုတ်လို့ ရေကာတာကြီးဆောက်မယ့် ဧရီယာပမာဏက သိပ်ကြီးမားတော့ ရေကာတာကြီးမှာ စုဆောင်းလာမယ့် ရေကြောင့် ငလျင်ကြောကြီးကို သွားပြီးတော့ လှုံဆော်သလို ဖြစ်သွားနိုင်မယ့် အခြေအနေ။ တကယ်လို့များ ကျိုးပေါက်သွားရင် အကြေ မြစ်ခြေဘက်မှာ ရေလွှမ်းခံရမယ့်အခြေအနေ။ ဒါတွေအကုန်လုံးကိုက ပြည်သူလူထုကိုရော လူသိရှင်ကြား အသိပေးမှုတွေ၊ ဒါမှမဟုတ် ကြိုတင်တိုင်ပင်မှုတွေ မရှိဘူးလား။

ဦးမင်းဇင် ။ ။ ဒီ အစီရင်ခံစာရဲ့  သူတို့ပြောတဲ့ အရေးကြီးဆုံး အကြံပြုချက်က ဘာလဲဆိုတော့ ရေကာတာ (၇) ခု ဆောက်မယ့် စီမံကိန်းကို လုံးဝဖျက်သိမ်းပါလို့ အကြံပြုပါတယ်။ အကယ်၍ မဖျက်သိမ်းနိုင်လို့ ဆက်ဆောက်ချင်တယ်ဆိုရင်(၇) ခု ဆောက်စရာမလိုဘူး။ အထူးသဖြင့် မြစ်ဆုံမှာ ဆောက်စရာမလိုဘဲနဲ့ မေခ-မလိခ နေရာမှာ အငယ်စား ရေကာတာလေး နှစ်ခု ဆောက်လို့ရပါတယ်။ အဲဒီ အငယ်စား ရေကာတာလေး နှစ်ခု ဆောက်ရင်လည်း။ ဒါက ရေကာတာ (၇) ခု ဆောက်ရင်ရမယ့် လျှပ်စစ်စွမ်းအင် ပမာဏကို မလျော့ဘဲ ရစေနိုင်တယ်လို့ ပညာရှင်တွေက သုတေသနပြု တင်ပြကြပါတယ်။ သဘောကတော့ ဒါကို ဖျက်ပါ။ မဖျက်နိုင်ရင် အငယ်စား နှစ်ခုဆောက်ပါပေါ့။ အဲဒါကို အဓိကအကြံပြုချက်ကို မြန်မာစစ်အစိုးရနဲ့ တရုတ်အာဏာပိုင်းတွေက လုံးဝလစ်လျူရှုတာကို တွေ့ရပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ နှစ်ပိုင်း – တပိုင်းက ဘာလဲဆိုတော့ တရုတ်အစိုးရနဲ့ တရုတ် CPI – ရေကာတာ ဆောက်ပြီးရင်ရရှိမယ့် လျှပ်စစ်စွမ်းအားနဲ့ အကျိုးအမြတ်နဲ့ သူတို့ရဲ့  ရင်းနှီးမြုပ်နှံမှုတွေက တရုတ်ပြည်အတွက် အဓိကဖြစ်နေတော့ သဘာဝဘေးအန္တရာယ်ခံရမယ့် အခြေအနေတွေက ဗမာပြည်အတွင်းမှာ ဖြစ်နေတော့ သူတို့အနေနဲ့ ဂရုမစိုက်ဘူးထားလိုက်ပါ။ ဒါပေမဲ့လည်း တဖတ်မှာပါဝင်နေတဲ့ မြန်မာအစိုးရပိုင်း။ အခု မြစ်ဆုံရေကာတာ စီမံကိန်းမှာ မြန်မာအစိုးရပိုင်းနဲ့ တခြား ပုဂ္ဂလိကပိုင်းတွေ မြန်မာပိုင်းက ရင်းနှီးမြုပ်နှံနေတဲ့ ဦးဆောင်ပြီးလုပ်နေတဲ့လူတွေအနေနဲ့ကော ဗမာနိုင်ငံပိုင်းမှာ၊ ကိုယ့်နိုင်ငံအတွင်းမှာ ဖြစ်မယ့် ရေရှည်ထိခိုက်မှုတွေကို သူတို့အနေနဲ့ ထည့်တွက်မှုမရှိဘူးလား။

ဦးမင်းဇင် ။ ။ တကယ်တော့ ဝမ်းနည်းစရာကောင်းတာက တရုတ်ပညာရှင်တွေရဲ့  အချက်အလက်အရပဲ ရမယ့်အကျိုးအမြတ် ၇၀% ကို တရုတ်နိုင်ငံက ယူမှာဖြစ်ပြီးတော့ သူတို့က ၃.၆ ဘီလီယံ ရင်းနှီးမြုပ်နှံထားတော့ ရမယ့်အကျိုးအမြတ်ရဲ့  ၇၀% ကို တရုတ်နိုင်ငံကယူမယ်။ မြန်မာနိုင်ငံကတော့ ၂၀% ရမယ်။ ၂၀% ဆိုတာ ဒေါ်လာနဲ့တွက်ရင် တနှစ်ကို သန်း ၅၀၀ လောက်ပဲ ရှိပါတယ်။ ကြားပွဲစားတွေက ၁၀% လောက် ရမယ်။ ကျနော်မြင်တာကတော့ ကြားပွဲစားတွေက သူတို့အတွက် အကျိုးစီးပွားသိပ်များတဲ့အခါကြတော့ ၁၀% ဆိုတဲ့ ပမာဏက သိပ်မနည်းပါဘူး။ သာမန် ပုဂ္ဂလိက အကြံပေးပညာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တို့ ရမယ့်ပမာဏက များပါတယ်။ အဲဒီအခါကြတော့ သူတို့တွေက ဒါကို မဖြစ်ဖြစ်အောင်။ ပညာရှင်တွေက မဆောက်နဲ့ ပြောပေမယ့် dam ဆောက်တာကိုက သူတို့အတွက် ပိုက်ဆံရပေါက်ရလမ်းဆိုတော့ သူတို့က မဖြစ်ဖြစ်အောင်လုပ်တဲ့ သဘောပါ။ မြန်မာစစ်အစိုးရဘက်ကတော့ တာဝန်မဲ့တဲ့အပိုင်းတွေ အများကြီးတွေ့ပါတယ်။ ဥပမာဆိုရင် မြစ်ကြီးနားကို စက္ကန့် ၂၀ အတွင်း ရေလွှမ်းမယ်။ မြစ်ကြီးနားတမြို့ လုံး ပျောက်သွားမယ်ဆိုတာကို ပညာရှင်တွေက ပြောတဲ့အခါမှာ မြန်မာစစ်တပ်က ဘာလုပ်သလဲဆိုတော့ မပခ လို့ခေါ်တဲ့ မြောက်ပိုင်းတိုင်းကို မြစ်ကြီးနားကနေ ပူတာအိုကို ရွှေ့ ဖို့ အမိန့်ပေးပါတယ်။ ဒါကိုကြည့်မယ်ဆိုရင် မြန်မာ စစ်အစိုးရအနေနဲ့က ပြည်သူလူထုထက်စာရင် သူတို့ရဲ့  လုံခြုံရေး၊ သူတို့ရဲ့  စစ်တပ်မဟာဗျူဟာကိစ္စတွေကို စဉ်းစားနေတာ ဝမ်းနည်းစရာကောင်းတယ်လို့ ထင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒါ စစ်အစိုးရရဲ့  ရင်းနှီးမြုပ်နှံမှုလား။ တခြား ဘယ်ကုမ္မဏီတွေ မြန်မာဘက်က ပါဝင်ပတ်သက်နေသလဲ။

ဦးမင်းဇင် ။ ။ ရင်းနှီးမြုပ်နှံမှု အပြည့်အဝကတော့ တရုတ်ပြည်က များပါတယ်။ မြန်မာပြည်ဘက်ကတော့ ပါဝင်ဆောင်ရွက်ပေးတာကတော့ Asia World ကုမ္မဏီက အဓိကလုပ်တာပါ။ Asia World ကုမ္မဏီဆိုတာကလည်း စတီဗင်လော လို့ခေါ်တဲ့ ဦးထွန်းမြင့်နိုင် က လုပ်တာပါ။ ဦးထွန်းမြင့်နိုင် ကလည်း အနောက်နိုင်ငံတွေရဲ့  စီးပွားရေးအရ ပစ်မှတ်ထား အရေးယူမှုတွေမှာ သူက ဘိန်းလုပ်ငန်းနဲ့ ပတ်သက်တယ်ဆိုပြီး အရေးယူခံထားရတာ ဖြစ်ပါတယ်။ ဒါကလည်း အနောက်နိုင်ငံတွေမှ မဟုတ်ပါဘူး။ တရုတ်အစိုးရကိုယ်တိုင်လည်း သိပါတယ်။ ၂၀၀၉ ခုနှစ်လောက်က ဦးထွန်းမြင့်နိုင် တို့ ရန်ကုန်မှာ ဆောက်ထားတဲ့ သေဘာၤဆိပ္ကေန ထြက္သြားတဲ့ သေဘာၤေတြမွာ ဘိန်းတွေပါတယ်ဆိုပြီး တရုတ်အစိုးရက သတင်းပေးလို့ မြန်မာစစ်တပ်က ဖမ်းခဲ့တယ်ဆိုတာ သတင်းထဲမှာ ဟိုလေတကြော်ပါနေတာပါ။ ကျနော်ပြောချင်တာက Asia World ကုမ္မဏီက အဓိကပတ်သက်တယ်။ မြန်မာစစ်တပ်ထဲက စစ်ခေါင်းဆောင်တွေ ကြားရတဲ့သတင်းအရဆိုရင် ဦးတင်အောင်မြင့်ဦးတို့ အဓိက ပတ်သက်တယ်လို့ သိရပါတယ်။ အဲဒီ ပုဂ္ဂိုလ်တွေက အဓိကပတ်သက်တာမို့လို့ ဒီကိစ္စကို ပြန်လည်သုံးသပ်ဖို့ ပညာရှင်တွေရဲ့  အကြံပြုချက်ဟာ ထင်သလောက်မပေါက်ဘူး ဖြစ်နေပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒေသခံလူထုအနေနဲ့ ကျနော်တို့ကြားသိရတာကတော့ ဒေသခံ ကချင်လူထု၊ ဒေသခံ အန်ဂျီအိုတွေကနေ ရေကာတာစီမံကိန်းနဲ့ ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြမှုတွေ၊ ကန့်ကွက်တဲ့စာတွေ လေ့လာချက်တွေ ထုတ်ထားတာကို တွေ့ရပါတယ်။ အလားတူပဲ ကေအိုင်အို ကချင်အဖွဲ့ကလည်း တရုတ်ပြည်ကိုတောင် စာရေးထားတယ်ဆိုတဲ့ အချက်တွေလည်း ကြားရပါတယ်။ အဲဒါတွေနဲ့ ပတ်သက်လို့ ဒေသတွင်း အခြေအနေတွေက ဘယ်လိုလဲ။

ဦးမင်းဇင် ။ ။ လုပ်ကြပါတယ်။ ဒေသခံ ကချင် ရပ်မိရပ်ဖတွေကော၊ ကချင်က အန်ဂျီအိုတွေ အားလုံးဝိုင်းပြီးတော့ ဒီကိစ္စကို မလုပ်ဖို့ တရုတ်အစိုးရနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တို့ကို အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့တာတွေ ရှိပါတယ်။ အခုနပြောတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေ ကလည်း တရုတ်ပြည်ကို စာမျက်နှာ တစ်ရာကျော်လောက်ရှိတဲ့ အထောက်အထားတွေ ပူးတွဲပါဝင်တဲ့ စာတမ်းတွေ ပေးပို့တာရှိပါတယ်။ အဲဒီ စာတမ်းတွေမှာ တချို့ အချက်အလက်တွေကို သေသေချာချာ အထောက်အထားနဲ့ တင်ပြထားတာပါ။ ဥပမာဆိုရင် အဲဒီဒေသမှာ ၁၉၅၀ ကနေ ၂၀၁၀ အထိ ရေကြီးမှု အကြီးအကျယ် (၇) ကြိမ် ဖြစ်ခဲ့တယ်။ ဒါတွေကို အထောက်အထားနဲ့ တင်ပြထားတာကို တွေ့ရပါတယ်။ နောက်တခါ ပြတ်ရွေ့ ကြောကြောင့် မဟုတ်ဘဲ မြစ်က ရေစီးသန်တော့ ရေကြီးတဲ့အခါမှာလည်း ရေကာတာတွေရဲ့  အရည်အသွေးက သိပ်မကောင်းဘူး။ တရုတ်ရေကာတာရဲ့  အရည်အသွေးက သိပ်မကောင်းလို့ ရေကြီးတာကြောင့်လည်း ပြိုနိုင်ပါတယ်။ အဲဒါလည်း အထောက်အထားရှိပါတယ်။ ၂၀၀၆ ခုနှစ်က ချင်းခရိုင် ရေကာတာ မြစ်ကြီးနား နားမှာ ပြိုခဲ့ဘူးပါတယ်။ အဲဒါ ရေကြီးလိုပါ။ လူ (၅) ယောက်လောက် သေခဲ့ပါတယ်။ အဲဒီလိုမျိုးပဲ ဝါရှောင်ဆည်ဆိုလည်း လုံးဝပျက်သွားတာ ရှိပါတယ်။ ဒါတွေက အထောက်အထားနဲ့တကွ အထက်ကို တင်ပြတာပါ။ အခုအချိန်အထိတော့ ပြည်သူလူထုရဲ့  ပြည်သူလူထုကို ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်တွေရဲ့  တင်ပြချက်တွေကို အရေးတယူ စဉ်းစားတာ မတွေ့ရသေးပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ အခုနောက်ပိုင်း လေ့လာချက်စာတမ်း အပြင်ကို ပေါက်ကြားပြီးနောက်ပိုင်းမှာ ကိုမင်းဇင်တို့အနေနဲ့လည်း တရုတ်ပြည်ဘက်ကို ရောက်ခဲ့တယ်။ အလားတူပဲ မကြာသေးခင်က တရုတ်ပညာရှင်တချို့ ၊ မြန်မာပညာရှင်တချို့ နဲ့ တွေ့ခဲ့တယ်ဆိုတာကိုလည်း ကျနော်ကြားရပါတယ်။ သူတို့ရဲ့  သဘောထားတွေက ဘယ်လိုရှိပါသလဲ။

ဦးမင်းဇင် ။ ။ တရုတ်ဘက်ကတော့ များသောအားဖြင့် ဒါကို သူတို့က နှစ်နိုင်ငံအကျိုးစီးပွား။ ဒါက အားလုံးကောင်းဖို့အတွက်ဆိုပြီး ဗြောင်းငြင်းခုခံတာကို တွေ့ရပါတယ်။ မြန်မာပညာရှင်တွေ၊ မြန်မာအန်ဂျီအိုတွေနဲ့ မြန်မာပြည်သားတွေကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး တော်တော်ကို မခံမရပ်နိုင် ဖြစ်ကြပါတယ်။ ဒါကတော့ သူတို့အတွက် ဒါကို မြစ်ဆုံပြဿနာလို့ ကြည့်လို့မရပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒီလေ့လာချက်ဟာ အချက်တချက်ကိုပဲ လေ့လာရသေးတာပါ။ ဥပမာဆိုရင် ဒီမြစ်ကြီးကို အဆင့် (၇) ဆင့် ပိုင်းလိုက်လို့ နှုန်မြေစီးဆင်းမှုတွေ မရှိတော့ဘဲနဲ့ မြစ်ဝကျွန်းပေါ်မှာ စပါးအထွက်တွေ နည်းသွားမယ်။ မြစ်ကြီးနှေးသွားတဲ့အတွက်ကြောင့်ပင်လယ်ရေတွေ ဝင်လာပြီး ပင်လယ်ရေတွေကြောင့် မြစ်ဝကျွန်းပေါ် ပျက်နိုင်တယ်။ အဲဒီလိုမျိုး မြစ်ကောသွားနိုင်တယ်။ အများကြီးရှိပါတယ်။ ဖြစ်နိုင်ချေတွေ။ ဒါတွေကို စံနစ်တကျ သုတေသနပြုပြီး ဒါတွေကို ပညာရှင်တွေက အစီရင်ခံစာတွေ ထပ်တင်သွင်းသင့်ပါတယ်။ အဲဒီလိုမျိုး မလုပ်ဘဲ ဒါကို အမှောင်ချထားတဲ့အတွက်ကြောင့် ဗမာလူမျိုးတွေ၊ ဗမာနိုင်ငံသားတွေအားလုံးကတော့ ဒါကို မခံမရပ်နိုင်ဖြစ်ပါတယ်။ ဒါတွေကို ခြုံကြည့်မယ်ဆိုရင် တရုတ်ကတော့ ကိုသန်းလွင်ထွန်း ပြောသလိုမျိုး သူ့ရဲ့  နိုင်ငံရေးဘောဂဗေဒ စီးပွားရေးအကျိုးစီးပွားအတွက် လုပ်မှာပါပဲ။ ကျနော်တို့ မြန်မာနိုင်ငံသားတွေက ဒီကိစ္စကို ကိုယ်လည်းရမှာပါ ဘာမှမရှိဘူး။ ပေးလိုက်ရမှာက မြန်မာပြည်ပြောင်းသွားမယ့် ကိစ္စဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့တွေကိုယ်တိုင် ဒီကိစ္စကို ထထကြွကြွနဲ့ ပညာရှင်တွေရဲ့  အကြံဥာဏ်ကိုယူ၊ ဖြစ်နိုင်မယ်ဆိုရင် ဒီ dam ကို ချက်ချင်းရပ်ဆိုင်းဖို့ အားလုံးဝိုင်းကြိုးစားကြ။ ဒီကိစ္စမှာ တပ်မတော်၊ လက်ရှိအစိုးရ နဲ့ အတိုက်အခံ တွေအားလုံး ပါနိုင်မယ်ဆိုရင်တော့ တိုင်းပြည်အတွက် ပိုကောင်းပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ တရုတ်နဲ့ အာဆီယံအရေး လေ့လာသုတေသနပြုနေတဲ့ အမေရိကန်နိုင်ငံ UC Berkeley တက္ကသိုလ်က ဦးမင်းဇင် ကို ဆက်သွယ်မေးမြန်းထားတာပါ။ Source: VOA (Voice of America) ♥▬▬ஜ۩۞۩ஜ▬▬♥ဧရာဝတီလုပ်ကြံမူ♥▬▬ஜ۩۞۩ஜ▬▬♥ ဖေဖေါ်ဝါရီ (၂၅) ရက်နေ့ ၊ ၂၀၁၀။ န.အ.ဖ ၀န်ကြီးချုပ်ဆိုသူသိန်းစိန် မြစ်ဆုံဆည်တည်ဆောက်ရေးကို သွားကြည့်ခဲ့ပြီးညစာစားပွဲပြုလုပ်၍ – ဘိန်းဘုရင်လော်စစ်ဟန်၏သား ထွန်းမြင့်နိုင် (ခ) စတီဗင်လော (ဒါရိုက်တာ – အေးရှားဝေါလ်ဒ် ကုမ္ပဏီ)နှင့် CPI (China Power Investment) အာဏာပါးကွက်သားတရုတ်များ – အားဧည့်ခံနေစဉ်။ ♥▬▬ஜ۩۞۩ஜ▬▬♥ဧရာဝတီလုပ်ကြံမူ♥▬▬ஜ۩۞۩ஜ▬▬♥

Subject: ဂျူး၏ ဧရာဝတီပုံပြင်

Subject: ဂျူး၏ ဧရာဝတီပုံပြင်

ဧရာဝတီပုံပြင်
by ဂျူး – Ju on Saturday, September 17, 2011 at 2:16pm

Among the many rivers of Myanmar, the Ayeyarwaddy River (formerly
known as Irrawaddy River) is the most important and by far the
largest. An about 1,550 km (960 miles) long, with a total drainage
area of about 158,700 square miles (411,000 square km), the river also
serves as a commercial waterway to the whole nation stretching from
the north to the south before meeting the Andaman Sea. People believed
that the name “Ayeyarwaddy” meaning “elephant river” came from a
Sanskrit word airavati”.

ကလေးများသည် လူကြီးများထက်ပို၍ စိတ်ကူးယဉ် တတ်ကြသည်။
တစ်နည်းအားဖြင့် လူကြီးများထက်ပို၍ စိတ်ကူးဥာဏ်ကွန့်မြူးတတ်ကြသည်ဟု
ဆိုရပါလိမ့်မည်။ ထို့ကြောင့်လည်း ကလေးတို့၏ အိပ်မက်သည် လူကြီးတို့၏
အိပ်မက်ထက်ပို၍ လှပဆန်းကြယ်လေ့ရှိသည်။ ထို့ကြောင့်လည်း ကလေးတို့၏
အိပ်မက်ကို လက်မခံနိုင်သော လူကြီးများက ရယ်မောကာ
မေ့ပျောက်ပစ်လိုက်ကြခြင်းဖြစ်

သည်။ သို့သော် အဖေကတော့ အခြားလူကြီးများလို
သား၏ အိပ်မက်ကို မမေ့နိုင်ခဲ့ပေ။

*****

သားသည် အိပ်မက်ထဲမှာ သူ့လက်နှစ်ဖက်မှာ
အတောင်နှစ်ဖက်အဖြစ်ပြောင်းလဲသွား၏။ ထိုတောင်ပံများဖြင့် လေကိုခတ်ယူ၍
ကောင်းကင်သို့ တစ်ရှိန်ထိုး ပျံဝဲမြင့်တက်သွားပြီး တိမ်တွေ၏ အပေါ်မှာ
ငှက်တစ်ကောင်လိုပင် တောင်ပံဖြန့်ဝဲရင်း လေဟုန်စီးလျက်ရှိသည်။ သား၏
အောက်ဘက်သို့ ငုံ့ကြည့်လိုက်သောအခါ ပါးလွှာနူးညံ့သော တိမ်ငွေ့တန်းများကို
ထွင်းဖောက်ပြီး လှပသော မြစ်ကြီးတစ်စင်းသည် ရှည်လျားစွာ၊ ညင်သာစွာ
စီးဆင်းလျက်ရှိသည်။ မြစ်ရေ၏ အရောင်သည် ခါတိုင်းလို
ညိုညစ်ညစ်ရွှံ့ရောင်မဟုတ်။ တောင်တန်းတွေ၏ အရောင်လို၊ ကောင်းကင်၏
အရောင်လိုပြာလဲ့လျက်ရှိ၏။ သို့သော် ထိုမြစ်သည် ဧရာဝတီမြစ်ဖြစ်သည်။
နောက်ကျိသောအရောင်မဟုတ်ဘဲ ပြာလဲ့နေစေကာမူ ဒါဟာ ဧရာဝတီမြစ်ဟု သေချာသည်။

ဖေဖေကပြုံးလျက် “သားက ဘယ်လိုလုပ်ပြီး ဧရာဝတီမှန်း သိသလဲ”ဟု
မေး၏။ သားထံမှ အမျိုးမျိုးသော အဖြေတို့ထွက်လာနိုင်ကြောင်း
အဖေမျှော်လင့်ထားပြီးဖြစ်သည်။

Image name: Sunrise over the Irrawaddy River. Photographer: Lana Law

“သိတာပေါ့အဖေရဲ့၊ အောက်မှာ စစ်ကိုင်းတံတားကြီးကိုပါ
မြင်ရတာကိုး။ တံတားကြီးက ကောင်းကင်ပေါ်က ကြည့်တော့ မှုန်မှုန်သေးသေးလေး
အဖေရဲ့။ ဒါပေမဲ့ အဲဒါ စစ်ကိုင်းတံတားပဲ။ ဒီတော့ ဒါဧရာဝတီပေါ့” ဟူသော
အဖြေမျိုး။

သို့မဟုတ်…

“ဒုဋ္ဌ၀တီမြစ်စီးဝင်တဲ့ နေရာလေးကို ကျနော် မှတ်မိနေတယ်လေ အဖေရဲ့။
အင်းဝကိုလည်း မြင်ရတယ်။ ဒီတော့ ဒါဧရာဝတီပေါ့” ဟူသော အဖြေမျိုး။

သို့မဟုတ်…

“သပြေတန်း ခံတပ်ကြီးကို သေးသေးကလေးမြင်နေရတာပဲ အဖေရဲ့။
ဒါဧရာဝတိမဟုတ်လို့ ဘာလဲ” ဟူသော အဖြေမျိုး။ စသည်ဖြင့် သားရောက်ဖူးသော
ဧရာဝတီပတ်ဝန်းကျင်က တည်မြဲနေသေးသည့် ကြီးမားထင်ရှားသော အရာဝတ္တုများနှင့်
နှိုင်းယှဉ်ဆက်စပ်၍ သားဖြေလိမ့်မည်ဟု ထင်ခဲ့သည်။

သို့သော် ကလေးများသည် လူကြီးများတွေးသလို ဘယ်တော့မျှ မတွေးကြပေ။

“အိပ်မက်ထဲမှာ ရေစီးသံကို ကျနော်ကောင်းကင်ပေါ်ကတောင်မှ
ကြားနေရတယ် အဖေ။ ဧရာဝတီမြစ်ရဲ့ ရေစီးသံကို
ကျနော်ကောင်းကောင်းမှတ်မိတာပေါ့ အဖေရဲ့။ ဒါဧရာဝတီပေါ့”

အဖေသည်ပြုံးလျက် သား၏ ပခုံးကိုလက်သီးဖြင့် မနာကျင်အောင်
ခပ်ဖွဖွထိုးလိုက်လေသည်။

ထိုအိပ်မက်မှ နိုးပြီးနောက်… နံနက်မိုးသောက်သောအခါ သားသည်
ဘုရားစင်၏ ရှေ့မှာ ဒူးတုပ်ကာ ကျုံ့ကျုံ့လေးထိုင်လျက် အတောင်ပံနှစ်ဖက်
ရရှိဖို့အကြောင်း ဘုရားထံမှာ ဆုတောင်းခဲ့၏။

“တောင်ပံရရင် သားက ဘာလုပ်မှာလဲကွ” အဖေက မေးကြည့်သည်။

“ဧရာဝတီမြစ်ကို ဟိုး အစမြစ်ဖျားကနေ ဟိုးအောက်ဘက် ပင်လယ်ထဲအထိ
စီးဝင်သွားတာကို မိုးပေါ်ကနေပျံပြီး လိုက်ကြည့်ဖို့ပေါ့ အဖေရ”

ကလေးတစ်ယောက်၏ အတွေးသည် လူကြီးအတွေးထက် ပို၍ ရိုးသားသန့်စင်စွာ
အပြစ်ကင်းသည်။ သားကိုယ်ခန္ဓာမှာ အတောင်ပံတွေ ပေါက်လာဖို့ဟူသော ဆုတောင်းသည်
သားရဟတ်ယာဉ်တစ်စီး ပိုင်ဆိုင်ဖို့ ဟူသော ဆုတောင်းထက် ပို၍နီးစပ်စွာ
ဖြစ်နိုင်ချေရှိသည်ဟု သားကထင်နေလေသည်။

ဧရာဝတီမြစ်အပေါ်မှာ ထူးခြားသော စွဲလမ်းမှုဖြင့်
ချစ်ခင်တွယ်တာလျက်ရှိသော သား၏စိတ်ကို အခြားသူများ နားမလည်နိုင်သော်လည်း
အဖေကတော့ နှလုံးသားထဲမှ နင့်သည်းစွာ နားလည်နေသည်။ ဘာကြောင့်လည်းဆိုတော့
သားလူမှန်းသိတတ်စအရွယ်ကတည်းက ဧရာဝတီမြစ်ကို သားရင်းနှီးကျွမ်းဝင် လာအောင်
တဖြည်းဖြည်းချင်း လေ့ကျင့်သင်ကြားပေးခဲ့သူသည်
အဖေကိုယ်တိုင်ဖြစ်နေသောကြောင့်တည်း။

*****

သားအသက် ၂နှစ်အရွယ်တွင် အဖေစတင်မိတ်ဆက်သင်ကြားပေးခဲ့သော ဒေသန္တရပထ၀ီသည်
ဧရာဝတီမြစ်အကြောင်းဖြစ်သည်။ အိမ်နောက်ဖေးကပြင်၏ ၀ါးကြမ်းခင်း
ခရိုးခယိုင်ပေါ်မှာ ယိုင်တိယိုင်ထိုး လမ်းလျှောက်ခါစ ဘ၀တည်းက သားသည်
ဧရာဝတီမြစ်ကို မြင်မြင်နေရသည်။ ဧရာဝတီမြစ်ပေါ်မှာ သွားလာနေကြသော
ဖောင်များ၊ လှေများ၊ မော်တော်သင်္ဘောများကို မြင်မြင်နေရသည်။ အမေခါးထစ်ခွင်
ချီးပိုးရသည့် အရွယ်ကတည်းက သားသည် ဧရာဝတီမြစ်ရေကို ချိုးဖူးခဲ့သည်။
မိဘများအလစ်တွင် မြစ်ထဲဆင်းရန် ကြိုးစားမှာစိုးသော အမေက
ခြိမ်းခြောက်ထားသည့် စကားအရ သားသည် ရေနစ်သေဆုံးခြင်း ဟူသော အဖြစ်ကို
နားလည်သိတတ်ခဲ့ရုံမျှမက ကြောက်ရွံ့ထိတ်လန့်ခဲ့ဖူးသည်။ သား မြစ်ရေကို
မကြောက်ရန် အမေက အားပေးခဲ့ရ၏။

ဧရာဝတီမြစ်သည် ဖေဖေ့သူငယ်ချင်းဖြစ်သည်။ ထို့ကြောင့်
ဧရာဝတီမြစ်သည် သား၏ သူငယ်ချင်းလည်း ဖြစ်သည်။ သားအဘိုးလက်ထက်ကတည်းက
ဧရာဝတီမြစ်သည် ဘိုးဘိုးသူငယ်ချင်းလည်းဖြစ်သည်။ အဘိုးနှင့်အဖေသည်
ဧရာဝတီမြစ်ကမ်းပါးတွင် ကြီးပြင်းခဲ့သည်။ ဧရာဝတီမြစ်ဖြင့် အသက်မွေး
ဝမ်းကျောင်းခဲ့သည်။ ဧရာဝတီမြစ်ကြောင့် သား ထမင်းစားနေရသည်။ သားကသာ
မြစ်ကို ခင်မင်ရင်းနှီးမည်ဆိုလျှင် မြစ်သည် သားကို
ပြန်လည်ခင်မင်ရင်းနှီးလိမ့်မည်။ သို့သော် မြစ်သည် လူတို့ကို
သူ့သူငယ်ချင်းအဖြစ် တဖြည်းဖြည်းချင်း တစ်ဆင့်ချင်းသာ လက်ခံလေ့ရှိသည်။

သား ၃နှစ်သားအရွယ်တွင် အဖေက သားကို ရေးကူးသင်ပေးသည်။ ၄နှစ်သား
အရွယ်တွင် ငါးမျှားသင်ပေးသည်။ ၅နှစ်သားအရွယ်တွင် လှော်တက်
ခပ်သေးသေးတစ်ချောင်း ပြုလုပ်ပေးပြီး လှေလှော် သင်စပြုသည်။
၆နှစ်သားအရွယ်တွင် ကျောင်းအားရက်များ၌ အဖေသွားလေရာ အဖေ့လှေပေါ် သား
လိုက်ပါခွင့် ရခဲ့သည်။ ထိုအချိန်တွင် မြစ်သည် သား၏
သူငယ်ချင်းဖြစ်နေခဲ့ပြီ။ လှေဝမ်းထဲမှာ ထိုင်လိုက်ရင်း သားလက်ကိုရေပြင်ထဲ
အသာနှစ်၍ ထားသည့်အခါ လက်ကို ကျီစယ်သလို မွမွညင်သာ တိုးတိုက်လေ့ရှိသော
ဧရာဝတီမြစ်ရေသည် သားအား ရင်းနှီးစွာ စကားဆိုနေသလိုပင် ဖြစ်သည်။
လှော်တက်သေးသေးဖြင့် လှေကို ကူညီလှော်ခတ်နေသည့်အခါ တက်ရေထဲကျသံ၊ ရေထဲမှာ
ဝိုက်၍ လှော်ခတ်လိုက်သောကြောင့် ထွက်ပေါ်လာသောအသံ၊ တက်ကို
မှောက်ယူလိုက်သောအခါ တက်၏ ရေစက် လက်ကရေပြင်ပေါ် ကျသွားသော အသံ
ထိုအသံများအောက်မှာတော့ ဧရာဝတီသည် သား၏ လုပ်ဖော်ကိုင်ဖက်
ရဲဘော်တစ်ယောက်ဖြစ်သည်။ မြင်နေရသော ဧရာဝတီနှင့်အတူ မမြင်ရသေးသော
ဧရာဝတီကိုပါ သားရင်းနှီးလာစေသည့် အကြောင်းကတော့ အဖေပြောပြော ပြတတ်သည့်
အိပ်ရာဝင် ပုံပြင်များကြောင့် ဖြစ်သည်။

အဖေသည် သားကို စိတ်ကူးယဉ်ပုံပြင်များ မပြောပြချင်။ မင်းသားလေးနှင့်
မင်းသမီးလေးကို အဖေ စိတ်မ၀င်စား။ ထို့အတူ ဘုရင့်နောင်တို့
ကျန်စစ်သားတို့အကြောင်းလည်း အဖေရေရေရာရာ မသိ။ သိသည်က ဧရာဝတီ။ ထို့ကြောင့်
အဖေသည် သားကို ဧရာဝတီ၏ အစမှ အဆုံးထိအောင် ဒေသန္တရဗဟုသုတအဖြစ်
ပြောပြောပြတတ်သည်။ အဖေ၏ ဧရာဝတီပုံပြင်ကို နားထောင်ရင်း ဧရာဝတီ၏
မြစ်ရေစီးသံကို သားမျက်တောင်များ တဖြည်းဖြည်းစင်းကာ
အိပ်ပျော်သွားခဲ့ရလေသည်။

သူတို့စိတ်ဝင်စားသော ပုံပြင်တစ်ပုဒ်ကို ထပ်ကာထပ်ကာ နားထောင်၍
အားမရသောစိတ်သည် ကလေးတိုင်းမျာရှိသည်။ အဖေသည် ဧရာဝတီအကြောင်း သားကို
ပါးစပ်ညောင်း၍ အာခြောက်သည်အထိ ထပ်ကာထပ်ကာ ပြောပြရသည်။

“လွန်ခဲ့တဲ့ ဆယ်နှစ် လောက်တုန်းက…”

အဖေ့ပုံပြင်သည် သူများတွေလို “ဟိုးရှေးရှေးတုန်းက…”ဟု
ဘယ်တော့မျှ မစခဲ့ပေ။ အကြောင်းမှာ ထိုအဖြစ်အပျက်သည် ရှေးတုန်းက
အဖြစ်အပျက်မဟုတ်။ လွန်ခဲ့သည် ဆယ်နှစ်ခန့်က တကယ်ဖြစ်ပေါ်ခဲ့သည့်
ပုံပြင်ဖြစ်သည်။

“သူငယ်ချင်းလေးယောက်ရှိတယ်။ တစ်ယောက်က သစ်ခုတ်သမား၊ တစ်ယောက်က
တံငါသည်၊ တစ်ယောက်က သစ်ဖောင်ဆွဲသလား၊ တစ်ယောက်က ကူးတို့သမားပေါ့”

“ကူးတို့သမားက အဖေနော်”

“အေးပေါ့ကွ”

“သစ်ခုတ်သမားဆိုတာ ဘာလဲ အဖေ”

“မင်းက သိပြီးသားကို မေးချင်သေးတာကိုးကွ။ သစ်ခုတ်သမားဆိုတာ
သစ်ပင်ကြီးတွေကို ပစ်စည်အောက်ခြေကနေ ပုဆိန်ကြီးနဲ့ လွှဲလွှဲခုတ်ဖြတ်ပြီး
မြေပေါ်ကို ၀ုန်းခနဲကျသွားအောင် ဖြိုပစ်ပေးရတဲ့ လူပေါ့ကွာ”

“သူက ခွန်အားကောင်းတာပေါ့နော်”

“အေးပေါ့ကွ.. ဘယ်လောက်မြင့်တဲ့ အပင်ဖြစ်ဖြစ်၊ ဘယ်လောက်
လုံးပတ်ကုတ်တဲ့ အပင်ဖြစ်ဖြစ်၊ ဘယ်လောက် မာကျောတဲ့ လုံးပတ်တုတ်တဲ့
အပင်ဖြစ်ဖြစ်၊ ဘယ်လောက် မာကျောတဲ့ သစ်ပင်ဖြစ်ဖြစ် သူ့ပုဆိန်နဲ့ထိရင်
လဲကျရတာပဲ။ သူပေါ့ကွ၊ အဖေတို့ ဧရာဝတီကို စုန်ဆင်းဖို့ပြင်တော့
အဖေ့လှေအတွက် သစ်တွေကို ရွေးခုတ်ပေးခဲ့တာ သူပေါ့”

သို့သော် ဧရာဝတီကို စုန်ဆင်းသည့်ကိစ္စကို ကာလကြာရှည်စွာ
ကန့်ကွက်နေခဲ့သူမှာ သစ်ခုတ်သမား ပင်ဖြစ်သည်ဟု သားသိထားသည်။
သစ်ခုတ်သမားသည် ဧရာဝတီ၏ အကြောင်းကို ဖေဖေတို့လောက် မသိပေ။ ဧရာဝတီသည်
သူ့သူငယ်ချင်းလည်း မဟုတ်ပေ။

“သူ့ သူငယ်ချင်းက ဘယ်သူလဲ အဖေ”

သားက သိပြီးသားအကြောင်းကို လူလည်ကျစွာ ထပ်သိချင်သေးတော့ အဖေက
မျက်မှောင်ကြုတ်ပြ၏။

“သစ်တောပေါ့ကွ။ သစ်တောထဲမှာ သူဘယ်တော့မှ လမ်းပျောက်မသွားဘူး။
တောထဲမှာ ကျေးငှက်တိရစ္ဆာန်တွေ သစ်ကိုင်းတွေရဲ့ အသံကို နားထောင်ပြီး
ဘယ်နားမှာ ကျားရှိတယ်၊ ဘယ်နားမှာ ဆင်ရိုင်းတွေ စုနေကြတယ်ဆိုတာ
သိရုံမကဘူး။ ဘယ်တော့လေတိုက်မယ်၊ ဘယ်အချိန်မှာ မိုးရွာမယ်ဆိုတာတောင်
သိတယ်။ သူ့နားကလည်း သိပ်ပါးတာ။ အဝေးက သစ်ရွက်ခြောက်တွေပေါ်မှာ
ဖွဖွနင်းလာတဲ့ ခြေသံဟာ သမင်လား ဆက်လား သူ့နားက ခွဲခြားပြီးသိတယ်။
သူလမ်းလျှောက်ရင်လည်း သိပ်ညင်သာတယ်။ ခြေသံလုံအေင် အဖေတို့ အားလုံးထဲမှာ
သူတစ်ယောက်ပဲ ထိန်းပြီး လမ်းလျှောက်တတ်တယ်”

သားသည် အဖေ့သူငယ်ချင်းသူရဲကောင်းကို မျက်စိထဲမှာ မြင်ယောင်ကာ
ကျေနပ်အားရလျက်ရှိသည်။ ဆံပင်ရှည်ရှည်လိမ်လိမ်ကောက်ကောက်၊
မုတ်ဆိတ်ကျင်စါယ်ဖားလျားနှင့် လက်ဖောင်းလက်ဖျံတုတ်ခိုင်ကာ
သန်စွမ်းမာကျောသော သစ်ခုတ်သမား၏ သွင်ပြင်သည် သား အာရုံထဲ၌
အားကျစရာပင်ဖြစ်သည်။

အဖေတို့လေးယောက်သည် ဧရာဝတီကို စုန်ဆင်းဖို့
စိတ်ကူးရပြီးသည့်နောက် နှစ်နှစ်တိတိ အချိန်ယူခဲ့ ရ၏။ ရိက္ခာအတွက်
ပြင်ဆင်ရန်၊ အထက်ပိုင်းမြစ်၏ ရေစီးနှင့် ကျောက်ဆောင်များကို ခံနိုင်မည့်
လှေတစ်စင်း ရရှိရန်၊ ရေစီးကြောင်းများ ၀ဲဂယက်များကို လေ့လာရန်ဖြစ်သည်။
မြစ်၏ အထက်ပိုင်းကို အဖေ့ထက်ပို၍ ကျွမ်းကျင်သူမှာ သစ်ဖောင်ဆွဲသမားဖြစ်၏။
ရွှေလီမြစ်ဘေးက ချောင်းငယ်မြောင်းငယ်များထဲမှ သစ်လုံးများကို
ရွှေလီမြစ်ထဲရောက်အောင်၊ ရွှေလီမြစ်ထဲမှ သစ်ဖောင်များကို
ဧရာဝတီမြစ်ထဲရောက်အောင် ပို့ပေးရသူမှာ သစ်ဖောင်ဆွဲသမားဖြစ်သည်။

“ဟောဒီ ရွှေလီမြစ်ရဲ့ လေးပုံတစ်ပုံဟာ ရေတွေ မဟုတ်ဘူး။ ငါတို့ရဲ့ ချွေးတွေ”

မေးစေ့နှင့် လည်ပင်းမှ ချွေးများကို လက်ဖြင့်သပ်ချရင်း
သူမကြာခဏ အော်ဟစ်ပေါက်ကွဲလေ့ရှိသည်။ အထက်ပိုင်း ဧရာဝတီမြစ်ဖျားသည် သူ၏
ဧရာဝတီဖြစ်သည်။

“ဧရာဝတီမြစ်ရဲ့ အစဟာ ဘယ်နေရာလဲကွာ”

အဖေက သားကိုဖျတ်ခနဲ မေးခွန်းထုတ်လျှင် သားချက်ချင်း အဖြေပေးနိုင်၏။

“မြစ်ဆုံပေါ့ အဖေ။ မြစ်ဆုံမှာ ဧရာဝတီက တိမ်တိမ်လေး…။ မြစ်ပြင်ကြမ်းခင်းက
ကျောက်တုံးအချောတွေ။ မြစ်ရေက ကျနော်တို့ ဧရာဝတီလို မနောက်ဘူး။ ကြည်နေတာ။
ကျုံးကလာတဲ့ ရေထက် ကြည်တယ်။”

သားအဖြေကို တစ်ခါတစ်ခါ အဖေက ခေါင်းတညိတ်ညိတ်လက်ခံ၏။ တစ်ခါတစ်ခါကျတော့
သားကို ဉာဏ်စမ်းချင်သည်။

“ဒါပေမဲ့ မြစ်ဆုံက ရေကြောင်းခရီးအစမှ မဟုတ်ဘဲကွ။ အဖေမေးတာက လှေသင်္ဘောတွေ
သွားနိုင်တဲ့ ဧရာဝတီရဲ့ အထက် အဖျားအကျဆုံ့း နယ်နိမိတ်ကိုပြောတာ”

ထိုမေးခွန်းကိုဖြေသော သား၏ အဖြေသည် တစ်နှစ်ထက်တစ်နှစ်
ပိုမိုပြည့်စုံပြီး ပိုမို၍ ပထ၀ီဝင် ဆန်လာသည်။

“မိုးရာသီမျာဆိုရင် မြစ်ကြီးနား၊ နွေရာသီမှာဆိုရင် ဗန်းမော်ပေါ့ အဖေ”

သို့သော် အဖေတို့လှေသည် သင်္ကြန်အပြီး နွေရာသီ
တစ်နံနက်ခင်းမှာပင် မြစ်ကြီးနားဆီမှ စတင် စုန်ဆင်းလာခဲ့သည်။
ရေခဲတောင်တွေဆီမှ စတင်စီးဆင်းပေါင်းဆုံခါစ ရေပြင်သည် နွေနံနက်ခင်းတွင်
အေးစိမ့်လွန်း၍ လက်ဖျားတွေ ကျင်လာသည်အထိဖြစ်သည်။ ဧရာဝတီ၏ ရေစီးသံသည်
ခပ်သွက်သွက်တိးသော မယ်ဒလင်သံလိုပင် လျင်မြန်၏။ တစ်ခါတစ်ခါ ပြေပြစ်ပြီး
အများအားဖြင့် ကြမ်းတမ်းဆူညံသည်။ မြစ်ကမ်းတစ်ဖက် တောင်ကုန်းကမ်းပါးတွေမှာ
ငှက်မျိုးစုံ၏ အသံစာစာကို ကြားရသည်။ တောကောင်ကလေးများ ပြေးလွှားသံကို
ကြားရသည်။ ကောင်းကင်မှာ မှုန်မှိုင်းလျက်ရှိ၏။ ရေပြင်သည်ကား အနည်းငယ်မျှပင်
မပြေပြစ်ဘဲ ရေကြောင်းကျဉ်းကျဉ်းတွင် လှေသည် လှုပ်ခါယမ်းလျက် ရှိလေသည်။
မြစ်သည် အကွေ့အကောက်များလာသဖြင့် အဖေတို့လေးယောက်လုံးသည် ပတ်ဝန်းကျင်ကို
အာရုံမထားနိုင်။ သစ်ခုတ်သမားသည်ပင် လှေပေါ်မှာ သတိအနေအထားဖြင့်
တောင့်တင်းလျက်ရှိသည်။ သို့သော် သစ်ဖောင်ဆွဲ သမားသည် ဤမြစ်ကြောင်းကို
ကောင်းကောင်းသိသည်။ သူသည် အထက်မြစ်ကြောင်းတွင် ဇာတ်လိုက်ဖြစ်၏။
အဖေ့တို့အားလုံး သူ့အမိန့်ကို နာခံရသည်။ သူသည် အထက်မြစ်ကြောင်းတွင်
ဇာတ်လိုက်ဖြစ်၏။ အဖေတို့ အားလုံး သူ့အမိန့်ကို နာခံရသည်။ သူသည်
ပဲ့ကိုင်နိုင်နင်းလှသည်။ ရေ၀ဲဂယက်ကို သူရှောင်တိမ်းနိုင်သည်။
ထွင်းဖောက်ဖြတ်ကျော်ရဲသည့် သတ္တိရှိသည်။

“ရေထဲမှာ ကျောက်ဆောင်ကြီးတွေကို မြင်တော့ သစ်ခုတ်သမားကြီး
လန့်အော်တာကို ပြောဦးလေ အဖေ”

ပြောရပါများလွန်း၍ တစ်ခါတစ်ရံ မသိမသာ ကျော်ချပစ်မိလျှင်
နားထောင်ရပါများ၍ အလွတ်ရနေသော သားက အားမလိုအားမရ ထောက်ပေးတတ်၏။ ထိုအခါ
အဖေရယ်လေသည်။

မြစ်ကြောင်း ကျဉ်းကျဉ်းကလေးတွင် လှေကလေးတစ်စင်းကို လူလေးယောက်
အားသွန်ခွန်စိုက် ထိန်းချုပ်ပဲ့ကိုင် စုန်ဆင်းလာသော မြင်ကွင်းသည် သား၏
မျက်စိအာရုံထဲတွင် ရုပ်ရှင်ပြကွက်တစ်ခုပမာ ခွန်အားကြီးလှသည်။
မြစ်ကမ်းကျောက်လွှာကမ်းပါးများနှင့် တိုက်ခတ်ကွေ့ဝိုက်ပြီး ရေးပန်းများ
တဖွားဖွား ဖြူဖွေး အော်ဟစ်နေသောမြစ်၊ လှေ၏ ဦးတည်ရာ ရှေ့တည့်တည့်တွင်
မြစ်ကြောင်းကို မြင်ရမည့်အစား ကာဆီးနေသော ကျောက်ဆောင်ကမ်းပါးကြီးကို
ချောက်ချားဖွယ်ရာ မြင်နေရသောမြစ်။ ရေလုံးကြီးများ အရှိန်ပြင်းစွာ
လှေနံရံပေါ်မှာ ရိုက်ခတ်ကျော်ဖြတ်လာသောမြစ်။ ထိုမြစ်သည် သားသိသည့်
ဧရာဝတီမြစ်ဟု မယုံနိုင်စရာပင် ကြမ်းတမ်းခက်ထန်လှသည်။ ထိုမြစ်တွင်
ကျောက်ဆောင်နှင့် တိုက်ခိုက်မိပြီး ကျိုးပဲ့သွားရဖူးသော လှေများအကြောင်း
သိရသည့်အခါ သားသည် မျက်လုံးကလေးပြူးလျက် ပခုံးလေးကျုံ့လျက်
စူးစိုက်နားထောင်နေတတ်သည်။ ထိုမြစ်ကိုမှ အဖေတို့ ရဲ့ရင့်စွာ
ဖြတ်ကျော်အောင်မြင်ခဲ့ကြသည်။ ထိုအခါ သား၏ မျက်လုံးများ အရောင်တောက်ပကာ
ဖခင်အပေါ် ဂုဏ်ယူအားကျစိတ်များ ၀င်လာခဲ့သည်။

© John Mitchell – http://www.redbubble.com/people/darius4522

“အဖေတို့ဘာဖြစ်လို့ အဲဒီမြစ်ကို စုန်ဆင်းခဲ့ရတာလဲဟင်”

ထိုမေးခွန်းသည် အမြဲသားမေးနေကျ မေးခွန်းဖြစ်သည်။ အဖေ့အတွက်
ထိုမေးခွန်းသည် ဘယ်တော့မှ ငြီးငွေ့စရာ မဖြစ်ခဲ့။ အဖေအမြဲ စိတ်ပါဝင်စားစွာ
ဖြေခဲ့သည်။

“အကြောင်းတစ်ခုက ဧရာဝတီကို အတွင်းကျကျ နှိုက်နှိုက်ချွတ်ချွတ်
ရင်းရင်းနှီးနှီ သိချင်လို့ပေါ့ကွာ။ အခုဆို ဧရာဝတီရဲ့ ဘယ်နေရာမဆို အဖေ
ကျွမ်းကျင်ပြီ”

“နောက်အကြောင်းတစ်ခုကိုလည်း ပြောပြပါဦး အဖေ”

အဖေသည် လရောင်ဖြင့် တလက်လက် တောက်ပနေသော
ဧရာဝတီမြစ်ရေလှိုင်းကလေးများကို လှည်းကြည့်ရင်း စိတ်ရှည်စွာဖြေ၏။

“မြစ်တစ်ခုကို ရင်ဆိုင်ဖြတ်ကျော်ရတဲ့အခါ လူတစ်ယောက်မှာ
စွန့်စားစိတ် ရဲရင့်စိတ် ဂုဏ်ယူချင်စိတ်တွေ ပေါ်လာတယ် သားရဲ့။ အဲဒီစိတ်တွေ
ရဖို့ပေါ့။ အဲဒီစိတ်တွေဟာ ပတ်ဝန်းကျင်ကို အဖေတို့ ရင်ဆိုင်ဖို့
အကောင်းဆုံး ခွန်အားတွေ။ အဲဒီအရသာမျိုးဟာ
မြစ်ကိုဖြတ်ကျော်အောင်မြင်တဲ့အခါမှသာ ရလာနိုင်တာပဲ။ သားကြားဖူးတယ်
မဟုတ်လား။ တောင်ကြီးဖ၀ါးအောက်၊ လှိုင်းကြီး လှေအောက်ဆိုတာလေ။ လူဆိုတာ
ကိုယ့်ထက် ခွန်အားကြီးတယ်လို့ ထင်ရသမျှ အရာတွေ အားလုံးကို
အနိုင်ယူချင်တာပဲကွ။ အဲဒီနည်းနဲ့ လူတွေဟာ စိတ်ကျေနပ်မှု ရှာကြတယ်”

မျက်တောင် ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားသော သားကို အဖေက ပြုံးပြ၏။

“ဒါတွေကို သားလူကြီးဖြစ်တဲ့အခါ နားလည်လာမှာပါ။ ဒါတွေက
အဖေသင်ပေးစရာ မလိုဘူးသားရဲ့။ ယောက်ျားတစ်ယောက် လူလားမြောက်လာရင်
အဲဒီစိတ်ဟာ အလိုလိုဖြစ်လာတာပါ။ သားတို့ခေတ်ကျရင် သားဟာ ဧရာဝတီမြစ်ကို
ရင်ဆိုင်ရုံတင်မကဘူး။ ပင်လယ်ကိုပါ အောင်နိုင်တဲ့လူ ဖြစ်လာမှာ”

ထိုစကားအတွက် သားသည် ကျေနပ်စွာ ပြုံးလိုက်လေသည်။

“အဖေ…သစ်ဖောင်တွေ အကြောင်း ကျန်သေးတယ်”

ထိုအခါ အဖေသည် ကသာတ၀ိုက်တွင် တွေ့ကြုံရသော သစ်ဖောင်များပါမက
ရေကူးတတ်သော ဆင်များအကြောင်းကိုပါ အားရပါးရပြောပြလိုက်သည်။

“ဆင်တွေ ရေမနစ်ဘူးပေါ့”

“တချို့ဆင်တွေတော့ ရေနစ်ဖူးတယ်လို့ အဖေ့သူငယ်ချင်းက ပြောတယ်။
ဆင်တွေက သိပ်ကြောက်တတ်တာတဲ့ သားရဲ့။ တချို့ဆို ရေကူးဖို့
တော်တော်ကြောက်သတဲ့။ ဒါပေမဲ့ အများအားဖြင့် ဆင်တွေ ရေထဲချလိုက်ရင်
ရေကူးတတ်တာပါပဲကွာ”

သား၏ မျက်စိထဲတွင် ကြီးမားသော ဆင်ကြီးတစ်ကောင် ရေကူးရမှာ
ကြောက်သဖြင့် တကျီကျီအော်ဟစ် တွန့်ဆုတ်နေသည်ကို မြင်ယောင်လာ၏။
ရေကူးကျင်လည်သော သားသည် ဆင်ကြီး၏ အဖြစ်ကို သဘောကျစွာ အသံထွက်ရယ်မောမိသည်။
သို့သော် ဆင်ကြီး ရေနစ်သွားသည်ကို မြင်ယောင်လာသောအခါ သားရင်ထဲမှာ
ဆို့နင့်တင်းကျပ်သွား၏။ သား၏ ညီမလေးရေနစ်တုန်းက အဖေသည် လွှားခနဲရောက်လာကာ
လက်မောင်းတစ်ဖက်တည်းဖြင့်ပင် ပွေ့ချီဆယ်ယူလိုက်သည်။ ဆင်ကြီးရေနစ်သည့်
အခါမှာတော့ ဆယ်နိုင်မည့်သူ မရှိပေ။ ဆင်ကြီးသည် ရုန်းရင်းကန်ရင်း
တဖြည်းဖြည်း ရေမွန်းနစ်လျက် ရေထဲ မြုပ်ကာ သေဆုံးသွားပေလိမ့်မည်။

“တတိယမြစ်ကျဉ်းဆုံးတဲ့အခါမှာတော့ ဧရာဝတီဟာ အဖေ့ဧရာဝတီဖြစ်လာပြီကွ”

ထိုအခါ ကျောက်မြောင်းအနီး ပတ်ဝန်းကျင်တွင် ကမ်းစပ်သည်
တဖြည်းဖြည်း ကျယ်ပြန့်လာ၏။ မြစ်ပြင်ကျယ်သော်လည်း အဖေသည် မြစ်ကြောင်းကို
ကောင်းကောင်းသိသည်။ မြစ်ရေ၏ အရောင်သည် ရွှံ့ရောင်သန်းနေသည်။ သို့သော်
နောက်ကျိခြင်းမဟုတ်။ ရေစီးသည် ညင်သာသိမ်မွေ့လာ၏။

“အဖေ စဥ့်အိုးဖောင်တွေနဲ့ တွေ့သေးတယ်လေ”

“သြော် အေး အေး။ စဥ့်အိုးဖောင်ကြီးတွေက ဧရာမဖောင်ကြီးတွေကွ။
ညနေနေရောင်နဲ့ အရောင်ကို လက်နေတာပဲ။ သူတို့က ဖောင်ဖွဲ့တဲ့နေရာမှာ
တော်တော်ကို စနစ်ကျတယ်။ စဥ့်အိုးတွေကို သစ်တွေ ၀ါးတွေနဲ့ အတူ ရောထည့်ပြီး
ဖောင်ဖွဲ့ထားတာကွ တစ်ခုနဲ့တစ်ခု စီရီပြီး လှတောင်လှတယ်။
ဆိပ်ကမ်းရောက်လို့ ဖောင်ကို တစ်စချင်းဖျက်တဲ့အခါ စဥ့်အိုးတွေ တစ်လုံးပြီး
တစ်လုံး ပြေပြီးထွက်လာတာပေါ့။ ပွဲဈေးတွေမှာ ရောင်းဖို့
အောက်ပြည်အောက်ရွာကို ပို့ဖို့ပေါ့ တစ်ခါတစ်ခါ ဟောဒီ ဧရာဝတီကနေ
ဖြတ်သွားတာ သား မြင်မှာပါ”

“အေး အဲဒါ ကျောက်မြောင်းနားက နွယ်ငြိမ်းဆိုတဲ့ ရွာကလေးကထွက်တာ။
တစ်ခါလောက် အဖေကူးတို့လိုက်တဲ့အခါ သားကိုခေါ်သွားမယ်ကွာ။ စဥ့်အိုးလုပ်တာ
သားကြည့်ဖူးအောင်လို့”

© John Mitchell – http://www.redbubble.com/people/darius4522

အဖေနှင့်သားသည် ဧရာဝတီ၏ ရေစီးသံကို ခဏနားထောင်ရင်း ငြိမ်သက်သွားကြပြန်၏။
ထို့နောက် အဖေ့ပုံပြင်ဆက်သောအခါ သား ကောင်းကောင်းသိသော ရှိန်းမကား၊
မင်းကွန်း၊ မန္တလေးနှင့် စစ်ကိုင်းသို့ ရောက်လာလေသည်။ ဤတ၀ိုက်က ဧရာဝတီသည်
အဖေ့သူငယ်ချင်းဖြစ်သလို သား၏ သူငယ်ချင်းလည်း ဖြစ်သည်။ မြင်းခြံ၊
ပခုက္ကူပြီးသည့်အခါမှာတော့ သားအလွန်စိတ်ဝင်စားသော ပုဂံ၊ ညောင်ဦးသို့
ရောက်သည်။

“အဖေတို့လှေ သောင်တင်တဲ့ အကြောင်း ပြောပါဦးအဖေ”

အဖေ့လှေသည် သုံးကြိမ်တိုင်တိုင် သောင်တင်၏။ ရေကြောင်းကို
မည်မျှကျွမ်းကျင်သော လှေသမားဖြစ်စေကာမူ သောင်တင်သည့် အတွေ့အကြုံကို
မတွေ့ကြုံဖူးသူမရှိဟု အဖေပြောရင်း ရယ်မောသည်။

“သောင်တင်တော့ ခရီးနှောင့်တာပေါ့ကွာ။ တစ်ခါတစ်ခါ အရှိန်နဲ့
လှေတစ်ခုလုံး သောင်ခုံပေါ် ရောက်သွားတာကွ။ အဖေတို့လှေက ဆင်းပြီး ရေနက်ထဲ
ပြန်တွန်းရတာပေါ့။ ပိုပြီးပင်ပန်းတာပေါ့”

မြစ်သည် တစ်နှစ်နှင့်တစ်နှစ် မြစ်ကြောင်း မတူတတ်ပေ။
နုန်းမြေများ တင်ကျန်ပုံချင်းလည်း မတူပေ။ နုန်းသဲတို့ အနယ်ကျမှုပေါ် မူတည်၍
မြစ်ရေစီးပြောင်းလဲသည်။ သောင်အနေအထားပြောင်းလဲသည်။ တချို့မြစ်ကမ်းသည်
မြစ်ဖြင့် ဖဲ့စားပြိုပျက်၍ တစ်ချို့မြစ်ကမ်းသည် မြစ်ဖြင့် သောင်ထွန်းကာ
ကမ်းပါးပိုတိမ် လာတတ်သည်။ မြစ်၏ ကွေ့ကောက်စီးဆင်းရာ ဦးတည်မှုအပေါ်မှာ
မူတည်သည်။

“ရေနံတင် သင်္ဘောကြီးအကြောင်း ပြောဦးလေ အဖေ”

ရေနံတင် သင်္ဘောကြီးတွေသာမက ရေနံတူးစင်များ၊ မျှော်စင်များပါ
သားမျက်စိထဲ မြင်ယောင်လာအောင် အဖေ အားပါးတရပြောပြသည်။ ချောက်နှင့်
ရေနံချောင်းမှ တစ်ဆက်တည်း အဖေသည် သူမမှီလိုက်သော ရေနံမြေသပိတ်
အကြောင်းကိုပါ ပြောလေသည်။

“၁၃၀၀ ပြည့် အရေးတော်ပုံအကြောင်း မဟုတ်လား အဖေ။ ကျနော်တို့ စာသင်ရတယ်”

သားနှင့်အတူ ယောင်နနဖြင့် အဖေ့ပုံပြင်နားထောင်နေသော ညီမလေးသည်
ပခုက္ကူမရောက်မီ ကတည်းက အဖေ့ပေါင်ပေါ်မှာ အိပ်ပျော်လျက်ရှိသည်။ သားကတော့
ဧရာဝတီမြစ်အား စုန်ဆင်းအောင်မြင်ခဲ့သော အဖေ့ပုံပြင်ကို
ညောင်တုန်းမြို့ရောက်သည်အထိ စိတ်ပါဝင်စားစွာ နားထောင်နေဆဲ။ အဖေ့မျက်နှာမှ
အားမာန်နှင့် မျက်လုံးများ၏ ဂုဏ်ယူရိပ်ကို သားသည် အားကျစွာ
ငေးမောနေလေသည်။

“ရန်ကုန်ရောက်တဲ့အထိ အဖေတို့ ဘယ်နှစ်ရက်ကြာခဲ့သလဲဟင်”

“ညတွေမှာ ကမ်းစပ်မှာအိပ်ပြီး နားကြတာဆိုတော့ အားလုံးပေါင်း
၁၈ရက် ကြာခဲ့တယ်ကွ”

သားကတော့ ချက်ချင်း ငှက်တစ်ကောင်အဖြစ် ပျံဝဲကာ ဧရာဝတီကို
မြင်ချင်လှပါပြီ။

Irrawaddy River at Bagan

ဧရာဝတီကြောင့် ပျော်ရွှင်ကြည်နူးပြီး ဧရာဝတီကြောင့်
မိမိကိုယ်ကို ဂုဏ်ယူဝင့်ကြွားနိုင်သူ လူသားတစ်ယောက်ဖြစ်သော အဖေသည်
ဧရာဝတီနှင့် ကင်းကွာပြီး အသက်ရှင် နေထိုင်ရလိမ့်မည်ဟု ဘယ်တုန်းကမှ
မမျှော်လင့်ခဲ့ဖူးချေ။

အဖေ့မျက်နှာ သည်တစ်ခါလောက် ညှိုးနွမ်းခြောက်သွေ့နေသည်ကို
သားတစ်ခါမျှ မမြင်ဖူးပါ။ အဖေ့ချွေးနဲစာ ကူးတို့ခများနှင့်
အမေ့ဈေးတောင်းမှ ၀င်ငွေကလေးများကို အနှစ်နှစ်အလလခြစ်ခြုတ်စုဆောင်း ပြီး
ဆောက်ခဲ့ရသော လေးပင်အိမ်ကလေးကို ဖျက်သိမ်းလိုက်ရသော နေ့တွင်
အမေမျက်ရည်ကျသည်ကို ကြည့်၍ အဖေ တောက်တစ်ချက် ပြင်းပြင်းခေါက်ခဲ့သည်။
သားသည် ဧရာဝတီနှင့် ဝေးရာကို သွားရတော့မည်ဟူသည့် သတင်းကို
ဟိုးခပ်စောစောကတည်းက သိထားသော်လည်း ဤသတင်း အတည်ဖြစ်လာလိမ့်မည်ဟု
မထင်မိခဲ့ပေ။ တကယ်တမ်း သားတို့ပြောင်းရွှေ့ရမည်ဆိုတော့ သားသည် ရင်ထဲမှာ
ဆို့နင့်ဝမ်းနည်းနေ၏။

“ဘာဖြစ်လို့တဲ့လဲဟင် အစ်ကို”

စကားတတ်ခါစ ညီမလေးက သားကို အားကိုးတကြီးမေးတော့ သားက
လူကြီးတစ်ယောက်ပမာ ဖြေခဲ့၏။

“ငါတို့တစ်တွေက ဧရာဝတီကို ဖျက်ဆီးကြလို့ပေါ့ဟာ။ ငါတို့မရှိရင် ဧရာဝတီက
ပိုလှလာမှာမို့ပေါ့”

ထိုစကားကို သားကိုယ်တိုင် ယုံမိသလား ဆိုတာတော့ သားမသေချာပါ။

“အခုလည်း မြစ်ကြီးက လှနေတာပဲ”

ညီမလေးက သူထင်ရာကို စွတ်ပြောတော့ သားက ညီမလေးကို ခေါင်းညိတ်ပြသည်။

“ဧရာဝတီမြစ်ကမ်းပါးမှာ အိမ်ကလေးတွေ ဆောက်ထားတာ မြစ်ကိုလည်း
ရုပ်ဆိုးစေတယ်။ လူရဲ့ အမှိုက်သရိုက်အညစ်အကြေးတွေကြောင့် မြစ်ဟာ
ညစ်ပတ်လာတယ်။ မသန့်စင်တော့ဘူး”

အဖေက သားကိုယ်စား ညီမလေးကို ၀င်ဖြေပေးသည်။

“အထက်ပိုင်းက ဧရာဝတီဆိုရင် အခုလိုညစ်ထပ်ထပ်ရွှံ့ရောင် မဟုတ်ဘူး သမီးရဲ့။
ဟောဟို ကောင်းကင်ကြီးလိုပြာလဲ့ကြည်လင်နေတာ”

အဖေ့စကားကို ညီမလေးသိပ်နားမလည်ပါ။

“ညီမလေးတို့ ဘယ်ပြောင်းမှာလဲ”

“ဟို…မှာ မြင်နေတဲ့ ဘုရားကလေးတစ်ဆူ တွေ့လား။ အဲဒီဘုရားနဲ့
တည့်တည့်ကုန်းပေါ်မှာ ငါတို့အားလုံး နေကြရမယ်။ အခုလို သဲမြေမဟုတ်ဘူး။
မြေမာ၊ ကုန်းမြေ”

“မြစ်နဲ့ နီးသလား”

“အဝေးကြီး….အဝေးတကာ့ အ၀းကြီး။ နင် မြစ်ကိုတောင် လှမ်းမြင်နိုင်မှာ မဟုတ်ဘူး”

အဖေသည် တစ်ချိန်လုံး ငြိမ်သက်နေ၏။ အဖေကလည်း မျက်နှာသုတ် ပ၀ါကလေး
လည်ပင်းမှာပတ်၍ မျက်ရည်ခိုးခိုးသုတ်နေသည်။ ပတ်ဝန်းကျင် တစ်ခုလုံး
တိတ်ဆိတ်နေ၏။

ထို့နောက် အဖေသည် သူ့လက်ဖ၀ါး၊ လက်ဖမိုးနှင့် လက်ဖျံများကို တစ်ခါမှ
မမြင်ဖူးသည့် အရာဝတ္တုတွေလို စူးစူးစိုက်စိုက်ကြည့်နေ၏။

“ဟောဒီလက်တွေနဲ့ ငါ နှစ်တွေအကြာကြီး လှော်တက်ကို ကိုင်ခဲ့တယ်။
ငါ့လက်တွေဟာ လှေရွက်တိုက်ဖို့ လှော်တက်ကိုင်ဖို့။ ရွက်ကြိုး
အသိမ်းအနှုတ်အတတ် ပဲ့ကိုင်အတတ် အဲဒါတွေ ငါကျွမ်းကျွမ်းကျင်ကျင်
လုပ်ခဲ့တယ်။ နှစ်ပေါင်းလေးဆယ်လောက်ရှိခဲ့ပြီ သိလား။ ဘယ်ရာသီမှာ
ဘယ်လေကြောင်းနဲ့ ရင်ဆိုင်ရမယ်ဆိုတာ ငါသိတယ်။ ပဲ့ကို ဘယ်လိုကိုင်ရမယ်၊
ရွက် ဘယ်အချိန် တင်ရမယ်ဆိုတာ ငါသိတယ်”

အဖေသည် သူ့လက်သူ ငုံ့ကြည့်ကာ တတွတ်တွတ်ရေရွတ်နေရာမှ အမေ့ကို လှည်းကြည့်လိုက်သည်။

“အေးမြိုင်…နင် မန္တလေးမှာ သိပ်နေချင်သလား”

အမေသည် အဖေ့ကို မျက်လုံးအ၀ိုင်းသားနှင့် ခဏငေးကြည့်ပြီးနောက်
ဖြည်းညင်းစွာ ခေါင်းရမ်းပြ၏။ သားက အဖေ့လက်မောင်းကို ခိုတွဲလိုက်သည်။

“ကျနော်လည်း မန္တလေးကို မချစ်ဘူး အဖေ။ ကျနော် ဧရာဝတီကိုပဲ ချစ်တယ်”

အဖေက ခပ်သဲ့သဲ့ပြုံး၏။

နောက်ဆုံးတွင် အဖေသည် သားအတွက် သိပ်အံ့သြစရာ မကောင်းသော
ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

အဖေသည် တချို့ပစ္စည်းများကို မလိုအပ်တော့ဘူးဟု ရှင်းပြကာ
ရောင်းချပစ်လိုက်၏။ အိမ်တိုင်တွေ ၀ါးတွေ ထရံတွေ
အကုန်ရောင်းချပစ်လိုက်သည်။ အိုးခွက်ပန်းကန်နှင့် အ၀တ်အထည်၊ သား၏
ကျောင်းစာအုပ် စသည့်ပစ္စည်းများကို လှေပေါ်မှာ စနစ်တကျတင်လိုက်သည်။ အဖေ
ဘာလုပ်တော့မည်ဆိုတာ ညီမလေး မသိသော်လည်း သား သိသည်။

“ကျမတို့ ဘယ်ပြောင်းမလို့လဲ”

အမေကမေးတော့ အဖေက စဉ်းစဉ်းစားစား မျက်လုံးဖြင့် အမေ့ကိုတစ်လှည့်
သားကိုတစ်လှည့် ကြည့်၏။

“မြစ်ကမ်းပါး ရွာတစ်ရွာပေါ့။ အခြေအနေအရပေါ့”

သားသည် လှိုက်ခနဲ ၀မ်းသာသွားသည်။

တစ်ခုသော အရုဏ်တက် နံနက်ခင်းတစ်ခုတွင် အဖေ၏ လှေသည် နေရာဟောင်းမှ
အပြီးတိုင်ခွာခဲ့၏။ မြစ်ကမ်းပါးသည် အိမ်အိုအိမ်ဟောင်းများ
ရှင်းလင်းသွားသောကြောင့် လှပသာယာနေသည်။ ဆိုက်ကပ်ထားသည့် လှေကြီး
လှေငယ်များ၊ သင်္ဘောကြီးများမှာ သက်ဝင်လှုပ်ရှားစပြုနေပြီ။
စိတ်လက်ပေါ့ပါးနေသော သားသည် အမှောင်မပြယ်တပြယ်
အလင်းမှိန်ဖျော့ဖျော့အောက်တွင် တွေ့သမျှလှေတွေပေါ်က လူများကို အားရပါးရ
လက်ဝှေ့ယမ်းနှုတ်ဆက်နေ၏။ သားသည် ဧရာဝတီကို လက်ပြနှုတ်ဆက်ရမှာ
စိုးရွံ့သလောက် လူတွေကို လက်ပြရသည့်အခါ ပျော်ရွှင်တတ်လေသည်။

ကောင်းကင်တွင် တိမ်များ ပြိုစပြုပြီ။ နေ့အလင်းရောင်သည် တိမ်အကွဲ
အအက်များကြားမှ ထွက်ပြူစ ပြုလာသည်။ ငှက်ကလေးတချို့ အိပ်တန်းထကာ
ပျံဝဲနေပြီ။

လေးပြင်းတစ်ချက် ဝှေ့လိုက်သောအခါ လှေသည် ရုတ်တရက် လွန့်လူးသွား၏။ သား၏
ကိုယ်မှာ ဆက်ခနဲဖြစ်သွားသည်။ သားကို နောက်မှလှည်းကြည့်နေသော အဖေက တက်မကို
ကျွမ်းကျင်စွာ ထိန်းချုပ်ရင်းက ပြုံးလေသည်။

“သား ကြောက်သလားကွ”

သားသည် ကြောက်သည်ဟု ၀န်ခံရမှာကို ရှက်သလိုလိုဖြစ်နေသည်။

“ဧရာဝတီဟာ သားရဲ့ သူငယ်ချင်းဖြစ်နေသမျှ မြစ်ကြောင့် သားဘယ်တော့မှ
ဒုက္ခမရောက်နိုင်ဘူး။ မြစ်ကိုသာ ရင်းနှီးပစေ… ကြားလား။ မြစ်ကြောင့်
သားဘယ်တော့မှ မသေရဘူး”

သားသည် အားတက်ကာ ခပ်သွက်သွက် ခေါင်းညိတ်၏။

“နောက်ပြီး ဧရာဝတီမြစ်ကြီးရှိနေသမျှ သားတို့ဘယ်တော့မှ ထမင်းမငတ်စေရဘူးကွ… ကြားလား”

“ဟုတ်ကဲ့”

ခပ်လှမ်းလှမ်းမှာ စစ်ကိုင်းတံတားကြီးကို လှမ်းမြင်နေရသည်။

“အဖေ…ညတွေ ညတွေမှာ ကျနော့်ကို မြစ်ရဲ့ပုံပြင်တွေ ပြောပြဦးမှာ မဟုတ်လား”

“ပြောပြမှာပေါ့ကွ”

ခဏတိတ်ဆိတ်သွားပြီးနောက် အဖေက ခပ်တိုးတိုးစကားဆက်သည်။

“ဒါပေမဲ့ သား…သားကြီးပြင်းလာတဲ့အခါ သားကိုယ်တိုင် ဧရာဝတီမြစ်ရဲ့
ပုံပြင်သစ်တွေ ဖန်တီးယူရမယ်နော်။ သားကိုယ်တိုင်ပါတဲ့ ပုံပြင်မျိုးပါ့…
ကြားလား”

အဖေ့မျက်နှာသည် တည်ငြိမ်ရင့်ကျက်နေသည်။ သားသည် ထိုကတိကို ရင်ထဲ
နှလုံးသားထဲက ပေးလိုက်ခြင်းဖြစ်သည်။ သား၏ သားသမီးများကို
သားကိုယ်တိုင်ပြန်ပြောမည့် ဧရာဝတီမြစ်ပုံပြင်များသည် အဖေ
ပိုင်ဆိုင်သည့်ပုံပြင် မဖြစ်စေရ။ သားကိုယ်တိုင်ပါဝင် ဖန်တီခဲ့သည့်
ပုံပြင်များသာ ဖြစ်ရပေမည်။

မိမိကိုယ်တိုင် ပါဝင်မည့် ပုံပြင်သစ်တစ်ခုကို တကယ်ဖန်တီးရန် သား၌
ခွန်အားပြည့်ရှိသည်ဟု သား ယုံကြည်သည်။

[၁၉၉၅ခု၊ သြဂုတ်လ၊ မဟေသီမဂ္ဂဇင်း]

Typing Credit to >> http://www.diaryofyonekalay.blogspot.com/

လုပ်မှာပဲ လုပ်မှာပဲ….

from the forward email

မည်သည့်ကန့်ကွက်မှုများရှိသည်ဖြစ်စေ၊ ဧရာဝတီမြစ်ဆုံစီမံကိန်းကို ဆက်လုပ်မည်ဖြစ်ကြောင်း၊ ဘယ်တော့မှ နောက်ဆုတ်မည်မဟုတ်ကြောင်း အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းပြောကြား

မည်သည့်ကန့်ကွက်မှုများရှိသည်ဖြစ်စေ၊ ဧရာဝတီမြစ်ဆုံစီမံကိန်းကို ဆက်လုပ်မည်ဖြစ်ကြောင်း၊ ဘယ်တော့မှ နောက်ဆုတ်မည် မဟုတ်ကြောင်း အမှတ်(၁)လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းက မီဒီယာများ၏ မေးမြန်းမှုအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။ စက်တင်ဘာလ ၁၀ ရက်နေ့က နေပြည်တော်ရှိ မီးရထားဝန်ကြီးဌာန ၀န်ကြီးရုံးတွင် ပြုလုပ်ခဲ့သည့် မီဒီယာများနှင့် တွေ့ဆုံပွဲအခမ်းအနားတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“အခု တစ်လလောက်အတွင်းမှာဖြစ်နေတဲ့ ဧရာဝတီရောဂါနဲ့ အမီလိုက်နေသူများရဲ့ မေးခွန်းတွေနဲ့ ကာတွန်းတွေ၊ အခုဧရာဝတီမြစ်ဆုံစီမံကိန်း ဆက်လက်လုပ်ဆောင်ဖို့ ရှိပါသလား၊ ဘယ်အဆင့်ရောက်နေပြီလဲလို့ မေးပါတယ်။ ဧရာဝတီမြစ်ဆုံစီမံကိန်းကို ဆက်လုပ်ပါမယ်။ ကျွန်တော်တို့ ဘယ်တော့မှ နောက်မဆုတ်ပါဘူး။ ဘယ်အဆင့်ထိ ရောက်နေပြီလဲဆိုတော့ အခုချိန်မှာတော့ ကျွန်တော်တို့က အကြိုအင်ဂျင်နီယာလုပ်ငန်းတွေဖြစ်တဲ့ စီမံကိန်းတည်ဆောက်မယ့်ဧရိယာကို ရှင်းလင်းခြင်းလုပ်ငန်းတွေ၊ စီမံကိန်းဧရိယာထဲမှာ ရှိတဲ့လူတွေကို ပြန်လည်နေရာချထားတဲ့ လုပ်ငန်းတွေ၊ နောက်တစ်ခါ လုပ်ဆောင်စရာရှိတဲ့ စီမံကိန်းနဲ့ပတ်သက်တဲ့ အင်ဂျင်နီယာလုပ်ငန်းတွေ စတင်လုပ်ဆောင်နေပါတယ်။ မိုးတွင်းကာလဖြစ်တဲ့အတွက် အဲဒီနေရာကလည်း weather window အရ တစ်နှစ်မှာ ခြောက်လလောက်ပဲ လုပ်လို့ရတဲ့အတွက် မိုးတွင်းမှာတော့ လုပ်ငန်းရပ်နေတယ်။ နွေရာသီ open season စတာနဲ့ ဒီလုပ်ငန်းကို ဆက်လုပ်မှာဖြစ်ပါတယ်။ ဒီလုပ်ငန်းကို ကျွန်တော်တို့စလုပ်တဲ့ အချိန်ကစပြီးတော့ ရှစ်နှစ်အတွင်းမှာ အပြီးလုပ်မှာဖြစ်ပါတယ်။ ဒီလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ နောက်မဆုတ်ပါဘူး။ အဲဒီတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က ကန့်ကွက်နေလို့ နောက်ဆုတ်မှာလားလို့ မေးခွန်းတစ်ခုမေးပါတယ်။ နောက်မဆုတ်ပါဘူး။ ဆက်လုပ်မှာဖြစ်ပါတယ်။ UN က ထပ်မံစစ်ဆေးဦးမှာလား၊ UN နဲ့ ဒီကိစ္စနဲ့ ဘာမှ မဆိုင်ပါဘူး။ ကျွန်တော်တို့နိုင်ငံနဲ့ပဲ ဆိုင်ပါတယ်။ ကျွန်တော်တို့သည် ကျွန်တော်တို့နိုင်ငံရဲ့ လျှပ်စစ်မီးရရှိရေးဟာ ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွား ဖြစ်ပါတယ်။ ဒီအမျိုးသားအကျိုးစီးပွားကို ဆက်ပြီးအောင်မြင်အောင် လုပ်မှာဖြစ်ပါတယ်။ ကျန်တာ ကိစ္စတွေကတော့ နောက်မှရှင်းပြမယ်”ဟု ၎င်းက ပြောကြားခဲ့ပါသည်။ “ဒီမှာ တက်ရောက်သောသူများ နည်းနည်းလေး ရေအားလျှပ်စစ်စီမံကိန်းနဲ့ ပတ်သက်ပြီး Knowledge လေးရအောင် ကျွန်တော် နည်းနည်းရှင်းပြပါမယ်။ ရေအားလျှပ်စစ်စီမံကိန်း တစ်ခုလုပ်ဖို့ဆိုသည်မှာ အနည်းဆုံးသုံးနှစ်လောက် လေ့လာရပါတယ်။ သုံးနှစ်လောက် လေ့လာတဲ့အတွင်းမှာ ဒီမြစ်ဝှမ်းကြီးတစ်ခုမှာ ဘယ်နေရာတွေမှာ စီမံကိန်းတွေ ဘယ်လိုလုပ်လို့ရတယ်ဆိုတာ သူရဲ့ Geology အနေအထား၊ သူရဲ့ရေစီးရေလာ Hydrology အနေအထား အကုန်လုံး သုံးနှစ်လောက် လေ့လာရပါတယ်။ သုံးနှစ်လောက်လေ့လာပြီးတဲ့အခါကျတော့မှ ဘယ်နေရာတွေမှာ လုပ်ရင်တော့ ဖြစ်နိုင်ပါတယ်ဆိုတာ proposal လေးတစ်ခုရလာတယ်။ အဲဒီလို proposal လေးရလို့ရှိရင် ဘယ်နေရာဟာ အကောင်းဆုံး ဖြစ်မလဲဆိုတာ ထပ်ပြီးတော့ လေ့လာရပါတယ်။ အကောင်းဆုံးဖြစ်မယ့် တစ်နေရာကို ရွေးပြီးတော့ အဲဒါကို ထပ်လေ့လာတာ၊ အသေးစိတ် ထပ်လေ့လာတာ တစ်နှစ်လောက်ကြာပါတယ်။ အဲဒါပြီးတော့မှ ဒီလုပ်မယ့်နေရာနဲ့ ပတ်သက်တဲ့ design အသေးစိတ်ဆွဲရပါတယ်။ ဒီဥစ္စာတွေအားလုံးဟာ အနည်းဆုံး သုံးနှစ်၊ လေးနှစ် မကြာဘဲနဲ့ စီမံကိန်းတစ်ခု မဖြစ်ပေါ်လာဘူး။ စီမံကိန်းသစ်ကို လုပ်ဆောင်တိုင်းမှာ Tactical အရ ဒါတွေလေ့လာရတဲ့အပြင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အကျိုးသက်ရောက်မှု ဘာတွေရှိမလဲ ဒါကိုလည်း တစ်ချိန်တည်းမှာ လေ့လာရတယ်။ ဒီသက်ရောက်မှုတွေ အားလုံးဟာ ကျွန်တော်တို့ ၀န်ကြီးဌာနက မလေ့လာဘူး။ ကျွန်တော်တို့က ပိုက်ဆံပေးငှားပြီး လေ့လာပါတယ်။ ဥပမာ မြစ်ဆုံကို ပြောတာပေါ့။ မြစ်ဆုံကို လေ့လာတာ ဆိုရင် BANCA က လေ့လာတယ်။ BANCA ကို ကျွန်တော်တို့ ဘယ်လောက်ပေးရလဲဆိုရင် ၁ ဒသမ ၂၅ သန်း အမေရိကန်ဒေါ်လာ ပေးရတယ်။ ဒီဟာတွေဟာ ကျွန်တော်တို့ ၀န်ကြီးဌာနက လေ့လာတယ်ဆိုရင် ကိုယ့်ဖာသာကိုယ် လေ့လာပြီးတော့ ကိုယ့်ဖာသာကိုယ် လုပ်သလို ဖြစ်မှာစိုးတဲ့အတွက် Third Party ဖြစ်တဲ့ အဖွဲ့အစည်းကိုလေ့လာခိုင်းပါတယ်။ Tactically အရ နည်းပညာအရ လေ့လာမယ်ဆိုရင်လည်း ကမ္ဘာမှာရှိတဲ့ နိုင်ငံကျော်ဒီဇိုင်းနဲ့ Institute တွေကို ငှားပြီးတော့ လေ့လာရပါတယ်။ ဒါမှသာလျှင် တစ်နေရာ တစ်နေရာမှာ အင်မတန် သေချာတဲ့ စီမံကိန်းတစ်ခု ရပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ လေ့လာခဲ့တဲ့ စီမံကိန်းဟာ Environmental အရရော၊ Tactically အရရော သေချာလေ့လာပြီးသား လုပ်တဲ့စီမံကိန်းဖြစ်တဲ့အတွက် ကျွန်တော်တို့ ဘယ်တော့မှ နောက်မဆုတ်ဘူး ဆက်လုပ်မှာ ဖြစ်ပါတယ်။ ရောဂါဆန်းဖြစ်နေတဲ့ ဟာတွေကို ရှင်းသွားအောင်ပြောတာ၊ ဆက်လုပ်မယ်ဆိုတာကို”ဟု ၎င်းက ပြောကြားခဲ့ပါသည်။

“ဒုတိယအချက်ကတော့ ကျွန်တော်တို့ ဘီလူးချောင်းရေအားလျှပ်စစ် စီမံကိန်းတည်ဆောက်ပြီး လျှပ်စစ်ထုတ်ပေးခဲ့အခါ ဒီနေ့အထိ going strong ဖြစ်ပါတယ်။ သူသည် ၅၂ နှစ် ရှိပါပြီ။ ဘီလူးချောင်းစီမံကိန်းကြောင့် ဘီလူးချောင်းကြီး ပျက်စီးသွားပြီလို့ ဒီလိုမျိုးတွေ ညီအစ်ကို မောင်နှမတွေ ကြားဖူးသလား။ မကြားဖူးပါဘူး။ ဒီတော့ ပေါင်းလောင်းစီမံကိန်း မဂ္ဂါဝပ် ၂၈၀ ရှိပါတယ်။ ပေါင်းလောင်းစီမံကိန်းကြီးကြောင့် ပေါင်းလောင်းချောင်းကြီး ပေါင်းလောင်းမြစ်ကြီး ပျက်စီးသွားပြီလား။ မပျက်စီးပါဘူး။ ရဲရွာစီမံကိန်း မြန်မာနိုင်ငံမှာ လက်ရှိမှာ အကြီးဆုံးစီမံကန်း ရဲရွာစီမံကိန်းပါပဲ။ လျှပ်စစ်ဓာတ်အားလည်း ပေးနေပါတယ်။ ရဲရွာစီမံကိန်းကြောင့် ဒီနေ့ဒီအချိန်ခါမှာ ပြီးခဲ့တဲ့နှစ်ကာလများထက် လျှပ်စစ်သုံးဆလောက် ပေးနိုင်ပါတယ်။ ဒီနေ့ ကျွန်တော်တို့ပေးနေတဲ့ လျှပ်စစ်မဂ္ဂါဝပ် ၁၅၀၀ လောက် ပေးပါတယ်။ ကျွန်တော်တို့ ပြီးခဲ့တဲ့ ၂၀၀၄၊ ၂၀၀၅၊ ၂၀၀၆ လောက်က ၅၀၀၊ ၆၀၀ လောက်တောင် အနိုင်နိုင် ပေးနေရတာ ဖြစ်ပါတယ်။ ဒါဟာ အဲဒီရဲရွာစီမံကိန်းကြောင့် ဒုဋ္ဌ၀တီ မြစ်ကြီး၊ မြစ်ငယ်မြစ်ကြီး ပျက်စီးသွားပြီလား။ မပျက်စီးပါဘူး။ ဒါဟာ အားလုံးအမြင်ပဲ ဖြစ်ပါတယ်။ အဲဒီတော့ ဒီ environmental နဲ့ ပတ်သက်ပြီးတော့ ဒီအယူအဆနဲ့ ပြောနေဆိုနေကြတဲ့ ကိစ္စတွေ အများကြီးရှိပါတယ်။ environmental အကျိုးသက်ရောက်မှု ရှိလား မရှိဘူးလား၊ ရှိပါတယ်။ ဒီ သဘာဝကို ဆန့်ကျင်ပြီးတော့ မြစ်ချောင်းတစ်ခု ပိတ်လိုက်ရင်၊ အဲဒီမြစ်ချောင်း မှာ reserver ဆိုတာ ဖြစ်သွားပါတယ်။ reserver ဖြစ်သွားလို့ရှိရင် reserver အနီးမှာ နေထိုင်တဲ့ သားရဲတိရစ္ဆာန်လေးတွေ ငှက်ကလေးတွေ နေရာမရှိဘူး၊ ဘာဘူး ညာဘူး။ သစ်ပင်ပန်းမန်တွေ ပျက်စီးတယ်စသည် ဖြင့်ပေါ့လေ။ လူတွေ စိုက်ဧက နည်းနည်းပါးပါးတွေ ပျက်စီးတယ်၊ လူတွေနေရာ ရွှေ့ပေးရတယ် စသည်ဖြင့် အချက် လေး၊ ငါး၊ ရှစ်ချက်လောက် ရှိပါတယ်။ environmental နဲ့ ပတ်သက်ရင်၊ environmental ပျက်စီးသွားတဲ့ဥစ္စာကြောင့် ခံစားရမယ့် အကျိုးသက်ရောက်မှုနဲ့ မိမိတို့နိုင်ငံကရရှိမယ့် အကျိုးအမြတ်ရရှိမှု ဘယ်ဟာက ပိုများသလဲ။ ပိုများတဲ့ အပေါ်မှာမူတည်ပြီးတော့ ကျွန်တော်တို့က ရေအားလျှပ်စစ်လုပ်ငန်းကို လုပ်ပါတယ်။ အဲဒီတော့ ကျွန်တော်ခုနက ပြောခဲ့တဲ့ ရဲရွာစီမံကိန်းတစ်ခု လုပ်လိုက်တယ်။ မြစ်အထက်မှာရော၊ မြစ်အောက်မှာရော အခုချိန်မှာ ဘယ်လောက်များ ပျက်စီးသွားပြီးတော့ လူတွေက ဒုက္ခသုက္ခ ရောက်နေကြလို့လဲ။ ဒီဧရာဝတီမြစ်မှာလည်း ၎င်းအတိုင်းပါပဲ။ ပျက်စီးမှုနည်းနည်း ပါးပါးရှိပါတယ်။ ဒီဥစ္စာလူတွေက ထိန်းသိမ်းစောင့်ရှောက်ပေးလို့ ကျွန်တော်တို့က ၀ိုင်းဝန်းကူညီပေးလို့ ဒါတွေနဲ့ ဒီအကျိုးသက်ရောက်မှုဟာ နှေးနှေးသွားပြီးရင် မြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေ သန်း ၅၀၊ သန်း ၆၀ရဲ့ အကျိုးကျေးဇူးအများကြီးပြန်ရမှာ ဖြစ်ပါတယ်။ အဲဒီတော့ မြစ်ဆုံစီမံကိန်းကို လူတွေကဘာတွေ ပြောလဲဆိုတော့ မြစ်ကြီးပိတ်လိုက်ရင် မြစ်ကြီးကခြောက်သွားပြီ၊ ဧရာဝတီမြစ်ကြီးက သေသွားပြီ၊ ကျွန်တော်တို့က မြစ်ကြီးကို ချစ်တဲ့သူတွေ ဖြစ်ပါတယ်။ ဒီမြစ်ကြီး အသေမခံနိုင်ပါဘူးဆိုတဲ့သူတွေပေါ့။ ဧရာဝတီမြစ်မှာ စီးဆင်းတဲ့ရေရဲ့ ၇% ကျွန်တော်တို့ ဖမ်းပါတယ်။ နှစ်တိုင်း နှစ်တိုင်း မဖမ်းခင်တုန်းက ဧရာဝတီ မြစ်ရဲ့ရေက ဘယ်သွားလဲ။ ပင်လယ်ထဲကိုသွားတယ်။ ကျွန်တော်တို့က ဧရာဝတီမြစ်ရဲ့ ရေကို ၇% ဖမ်းတယ်။ ၉၃% ဆက်လက်စီးဆင်းနေတဲ့အတွက် မြစ်ရဲ့ရေစီးကြောင်းက ဘာမှပြောင်းလဲစရာမရှိဘူး။ ၇% ဖမ်းထားတဲ့ရေကို စက်မောင်းပေးတယ်။ ကျွန်တော်တို့ရဲ့ ရေအားလျှပ်စစ်ဆိုတာက ဂက်စ်တာဘိုင်လို ဂက်စ်ထည့်ရတာ၊ ဒီဇယ်တာဘိုင်လို ဒီဇယ်ထည့်ရတာ မဟုတ်ဘူး။ ရေထည့်မောင်းရတာ။ အဲဒီရေနဲ့ မောင်းလိုက်ရင် အဲဒီရေက မြစ်ထဲပြန်စီးသွားမယ်။ အဲဒီတော့ဘာတစ်ခုမှ ရေစီးရေလာ ပြောင်းသွားစရာမရှိပါဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့နိုင်ငံရဲ့ အကျိုးစီးပွားရေး၊ National Interest နဲ့ ပတ်သက်ရင် ဘယ်ဟာက အကျိုးရှိသလဲ။ ဘယ်ဟာက အကျိုးယုတ်သလဲ အဲဒီပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့ အကျိုးအမြတ်များရင် ကျွန်တော်တို့ ဆက်လုပ်မှာ ဖြစ်ပါတယ်။ ဧရာဝတီ မြစ်ကြီးပျက်စီးရင် ကျွန်တော်ခုနက ဖတ်တဲ့ကာတွန်းလို၊ ဒီမှာအများစု ပညာရှင်တွေပါတယ်။ မဟာဗန္ဓုလ အရိုးအိုးစေတီ ဘယ်နားမှာ ရှိသလဲ သိကြသလား။ မသိနိုင်ဘူး။ မဟာဗန္ဓုလ အရိုးအိုးစေတီအစစ်က မင်းလှမှာ၊ မလွန်မင်းလှမှာ ရှိတယ်။ ခွေးသာချောင်းဆိုတဲ့ ခွေးသာချောင်းနဲ့ ဧရာဝတီမြစ်ဆုံတဲ့ နေရာမှာ ရှိပါတယ်။ အဲဒီအရိုးအိုးစေတီကို ကျွန်တော် တိုင်းဥက္ကဋ္ဌဘ၀က ရွှေ့ပေးခဲ့ရတယ်။ လွန်ခဲ့တဲ့ ၉ နှစ်၊ ၁၀ နှစ်လောက်က၊ ကမ်းပါးပြိုမှာစိုးလို့ ရွှေ့ပေးလိုက်ရတယ်။ မြစ်က နှစ်ပေါင်း ၁၀၀၊ ၂၀၀ ဘယ်သူမှမထိန်းသိမ်းလို့ ပျက်စီးတာ။ “မြစ်ကြီးကို ဘယ်သူမှ မထိန်းသိမ်းခဲ့လို့ မြစ်ကြီးက ပျက်စီးတာ ရေကစီးချင်တဲ့နေရာ လျှောက်စီးနေတာ။ ဒီမြစ်ကို ထိန်းသိမ်းရေးလုပ်မယ့်လူ ဘယ်သူမှ မရှိခဲ့ဘူး။ ရေက စီးချင်တဲ့နေရာ လျှောက်စီးနေတာ။ ဆိုပါတော့ ဧရာဝတီမြစ်က အရင်က ကိုက် ၁၀၀ ကျယ်တယ်ဆိုပါတော့၊ အခု ကိုက် ၅၀၀ ကျယ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရေက စီးချင်တဲ့ နေရာ လျှောက်စီးနေလို့။ ဒါကို နိုင်ငံမှာ ဓနအင်အားကြောင့်ရော၊ စိတ်ဝင်စားမှုကြောင့်ရော ဘယ်သူမှ မထိန်းသိမ်းခဲ့ဘူး။ မထိန်းသိမ်းခဲ့တဲ့အတွက် ကိုက် ၁၀၀ စီးရမယ့် ရေက ကိုက် ၅၀၀ စီးနေတဲ့အခါ ရေအနက် ပေ ၁၀၀ ရှိရမယ့်နေရာမှာ ပေ ၅၀ ပဲ ရှိမှာပေါ့။ ရေအနက် ငါးပေ ရှိရမယ့်နေရာမှာ ရေကတစ်ပေပဲရှိမှာပေါ့။ ဒါဟာ ဒီမြစ်ကြီးတစ်လျှောက်လုံး ဘယ်သူမှမထိန်းသိမ်းခဲ့လို့ ဖြစ်ပါတယ်။ သွားရမယ့် issue က ဘယ်ကို သွားရမယ့် issue လဲဆိုတော့ ဒီမြစ်ကြီး သေသွားမယ်မဟုတ်ဘူး။ ဒီမြစ်ကြီးကို ဘယ်လို ၀ိုင်းဝန်းထိန်းသိမ်းမလဲဆိုတဲ့ issue ကို သွားရမှာ။ အဲဒီတော့ ဟိုမှာ ဒီတစ်ခါ ကျွန်တော်တို့ သတင်းစာထဲမှာ ဘာတွေပြောလဲဆိုတော့ တရုတ်ကအကျိုးရှိတဲ့ စီမံကိန်းလို့ပြောတယ်။ တရုတ်အကျိုးရှိတယ်။ မြန်မာပြည် အကျိုးမရှိဘူးလို့ပြောတယ်။ ဒီစီမံကိန်းတွေ လုပ်တိုင်းလုပ်တိုင်းမှာ ကျွန်တော်တို့ နိုင်ငံမှာ ပိုက်ဆံမရှိလို့ လုပ်တာ။ ပိုက်ဆံရှိရင် ကိုယ့်ဟာ ကိုယ်လုပ်မှာပေါ့။ ဒါ နံပါတ်တစ်။ ပိုက်ဆံရှိလို့ ကိုယ့်ဟာကိုယ် လုပ်ပြီးရင် ဒီလျှပ်စစ်ကို ဘယ်သူကသုံးမှာလဲ။ ကျွန်တော်တို့ နိုင်ငံမှာ အခုမဂ္ဂါဝပ် ၁၅၀၀ ပေးတာတောင် ကုန်အောင် မသုံးနိုင်ဘူး။ အဲဒီတော့ ဘယ်သူက သုံးမှာလဲ။ သုံးစရာမရှိရင် market ရဲ့သဘောအရ ရောင်းစားရမှာပေါ့။ သုံးစရာမရှိရင် ရောင်းစားရမယ်။ လုပ်မယ့်လူလာရင် ၀ယ်သုံးရမှာ။ ဒါ market ရဲ့ သဘောပဲ။ ကျွန်တော်တို့ဟာ ကိုယ်တိုင် မလုပ်နိုင်တဲ့အခါ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုကို ခေါ်ပြီးတော့ JVDI နဲ့လုပ်ကြတယ်။ ကျွန်တော်တို့က free power ၁၀% အလကားရတယ်။ ဒီကောင်က ၁၈၀၀၀ ထွက်ရင် ကျွန်တော်တို့က ၁၈၀၀ အလကားရမယ်။ free ရတယ်။ နောက်တစ်ခါ သူ့ဆီက သူက လာရောက်ရင်းနှီး မြှုပ်နှံတယ်။ ကျွန်တော်တို့ရဲ့ resource ကိုသုံးတာ ဖြစ်တဲ့အတွက် ၁၅% အရင်းထည့်ပေးရတယ်။ ကျွန်တော်တို့အရင်း၊ ကျွန်တော်တို့ free share ၁၅% ရတယ်။ ဒီလျှပ်စစ်က Both Country သုံးခွင့်ရှိတဲ့အတွက် နှစ်နိုင်ငံလုံး သုံးခွင့်ရှိတဲ့အတွက် ကျန်တဲ့ဟာကို ကျွန်တော်တို့ ကြိုက်သလောက် ၀ယ်သုံးလို့ရတယ်။ နောက်တစ်ခုက ရောင်းတိုင်း ရောင်းတိုင်းမှာ ၈% Commercial Tax ရတယ်။ နောက်တစ်ခါ မြတ်တဲ့ဟာရဲ့ ၃၀%။ ကျွန်တော် အမြတ်ဝေစုအဖြစ် ခွဲဝေရရှိတယ်။ တစ်ခါ အခြား မြတ်တဲ့အမြတ်ရဲ့ ၃၀% ခွဲဝေ ရရှိတယ်။ withholding tax ရတယ်။ သူ့ကို perception period တစ်ခုပေးလိုက် ပြီးတဲ့အချိန်မှာ ပြီးပါပြီ၊ ကုန်ပြီ၊ မင်းပြန်တော့ ဒါကြီးထားခဲ့တော့။ ကိုယ့် နိုင်ငံအပိုင်ဖြစ်တယ်။ ဒီထက် အကျိုးရှိတဲ့ဟာ ဘာရှိမလဲ။ လျှပ်စစ်ဆိုတာ ကွန်တိန်နာနဲ့တင်ရောင်းလို့ မရဘူး။ ကြိုးနဲ့ သွယ်ရောင်းလို့ရတယ်။ ဒီ neighboring country မှတစ်ပါး လျှပ်စစ်ရောင်းလို့မရဘူး။ တရုတ်ကိုရောင်းလို့ရမယ်၊ ထိုင်းကို ရောင်းလို့ရမယ်။ အိန္ဒိယကို ရောင်းလို့ရတယ်။ ဘင်္ဂလားဒေ့ရှ်ကို ရောင်းလို့ရမယ်။ လျှပ်စစ်က ကွန်တိန်နာနဲ့မှ ပို့လို့မရဘဲကိုး”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။

ကျွန်တော်တို့ နိုင်ငံမှာ အခုမဂ္ဂါဝပ် ၁၅၀၀ ပေးတာတောင် ကုန်အောင် မသုံးနိုင်ဘူး။ အဲဒီတော့ ဘယ်သူက သုံးမှာလဲ။ သုံးစရာမရှိရင် market ရဲ့သဘောအရ ရောင်းစားရမှာပေါ့။ သုံးစရာမရှိရင် ရောင်းစားရမယ်။

“လျှပ်စစ်က ထုတ်ထားပြီးရင်လည်း သိမ်းထားလို့မရဘူး။ ထုတ်ထားပြီးရင်သုံးမှ မသုံးနိုင်ရင် ရောင်းမှ။ ဒီ Idea တွေ ဒီဟာတွေက ကျွန်တော်တို့ဟာ ကိုယ့်နိုင်ငံ စက်မှုနိုင်ငံ ဖြစ်ထွန်းဖို့ကိစ္စမှာ လျှပ်စစ် အလွန်အရေးကြီးတယ်။ လျှပ်စစ်ရဖို့ က နည်းမျိုးပေါင်းစုံနဲ့ ကြိုးစားနေတဲ့ အချိန်မှာ ခုနတုန်းကပြောတဲ့ မလိုလားအပ်တဲ့ တခြားတစ်မျိုးတစ်မည် ကြံစည်မှုတွေ၊ ဒီစီမံကိန်းတွေ ပျက်ပြားအောင်ဆိုပြီးတော့ environmental အကြောင်းပြပြီး လျှောက်ပြောနေခြင်းသည် ကျွန်တော်တို့နိုင်ငံရဲ့ အကျိုးစီးပွားအပေါ် ထိခိုက်စရာကလွဲလို့ ဘာမှမရှိပါဘူး။ ဒါက ရှင်းရှင်းလေးပါပဲ။ အဲဒီတော့ လူတစ်စုတစ်ဖွဲ့ရဲ့ အကျိုးစီးပွားရေးကိုပဲ ကျွန်တော်တို့က နားယောင်ပြီး လုပ်လိုက်ကြမလား။ ကျွန်တော်တို့ နိုင်ငံရဲ့ လူဦးရေ သန်း ၅၀၊ ၆၀ ရဲ့ အကျိုးကို ကြည့်ပြီးတော့ ဆောင်ရွက်မလား။ ဒါလေး ၀ိုင်းစဉ်းစားဖို့ပါပဲ။ ကျွန်တော်တို့ကတော့ ခုနကပြောတဲ့အတိုင်းပဲ ဒီစီမံကိန်းကို ဆက်လုပ်မှာ ဖြစ်ပါတယ်။ ဒီ BANCA နဲ့ တရုတ်ပညာရှင်တွေ၊ ဒီတရုတ်ပညာရှင်တွေ ဘာလုပ်ရသလဲဆိုတော့ ဒီစီမံကိန်း ကြီး တကယ်ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတဲ့ Tactically Investigation တွေ အများကြီး လုပ်ရတယ်။ သုံးနှစ်၊ လေးနှစ် လုပ်ရပါတယ်။ BANCA သည် ရှစ်လ၊ တစ်နှစ်လောက် ကောင်းကောင်း environmental နဲ့ ပတ်သက်ပြီးတော့ လေ့လာပြီးတော့ ကျွန်တော်တို့ကို သူက ဘာလုပ်ရလဲဆိုရင် ဘာတွေတွေ့ရှိပါတယ်။ ဘာတွေ အကျိုးသက်ရောက်မှုရှိတယ်။ ဘာတွေ ဖြစ်ပျက်နိုင်တယ် ဒီ့အတွက် ခင်ဗျားတို့ ဘာတွေလုပ်ပါ။ ဘာတွေ လုပ်သင့်ပါတယ်ဆိုတာ BANCA က recommendation ပေးရတယ်။ သူ့ recommendation ကျွန်တော်တို့ လိုက်လုပ်ရတယ်။ ဒီဟာ International Practice ပဲ။ ဒီအတိုင်းပဲ ကျွန်တော်တို့ လုပ်ပါတယ်။ BANCA နဲ့ပတ်သက်ရင်လည်း BANCA ကို ကျွန်တော်တို့က တစ်သန်းခွဲနီးပါးလောက် လုပ်ခပေးပြီး ငှားထားတာဆိုတော့ ကိုးရိုးကားယား မလုပ်ရဲဘူး။ နောက် ဒုတိယအချက် ခင်ဗျားတို့ မီဒီယာတွေက ပြောနေကြတဲ့ အချက်ပေါ့။ အင်တာနက်မှာ တင်ထားတဲ့ report က စာမျက်နှာ ၅၀၀ လောက်ရှိတယ်။ အဲဒီထဲမှာ ရေးထားတာ မြန်မာအစိုးရက မလိုက်နာဘူးလို့ ပြောကြတယ်။ BANCA က ဒီ report ကို တင်လို့ မရဘူး။ BANCA ကို ကျွန်တော်တို့က စာချုပ်နဲ့ ငှားထားတာ၊ မင်းတို့ ဒါလုပ်၊ ပြီးရင် အဲဒီ report ငါ့ပေး။ ဒါက Trade Secret ဖြစ်တယ် ပြောလို့မရဘူး။ ဒါခုနက စီးပွားရေးအကြောင်း နည်းနည်းပါးပါး ပြောပြလိုက်တယ်။ ဒါက trade secret ဖြစ်တယ် ပြောလို့မရဘူး။ ဒါပေမယ့် ကျွန်တော်တို့ ကိုယ့်နိုင်ငံသားတွေ ဖြစ်တယ်ဆိုတော့လည်း ပါးစပ်ပိတ်ပြီး မနေနိုင်ဘူး ပြောတာပေါ့လေ။ ဒါ Trade Secret ဖြစ်တယ်။ ပြောလို့ မရဘူး။ ကျွန်တော်တို့က လျှို့ဝှက်ထားတာ။

လာမယ့်အပတ် စနေနေ့မှာ ဧရာဝတီမြစ်ဝှမ်းစီမံကိန်းများကြောင့် ဧရာဝတီမြစ်ပေါ်မှာ အကျိုးသက်ရောက်မှု ဘယ်လိုရှိသလဲဆိုတဲ့ ဒါတော့ Technical Workshop ပါပဲ။ ဒါတော့ စီမံကိန်းတိုင်း စီမံကိန်းတိုင်း မှာတော့ဒီ workshop လုပ်ပါတယ်။ သို့သော်လည်း ဒီ workshop မှာတော့ မီဒီယာကလည်း စိတ်ဝင်စားတယ်။ ပညာရှင်တွေလည်း စိတ်ဝင်စားတယ်။ ဒီ workshop မှာတော့ မီဒီယာတွေရော၊ ပညာရှင်တွေရော ဖိတ်ထားတယ်။ လာနားထောင်ကြည့်လိုက်။ လာနားထောင်ကြည့်ရင် ဘာလဲဆိုတာ သိသွားလိမ့်မယ်။ နို့မို့ဆိုရင် သေချာမသိဘဲနဲ့ ဟိုပြောဒီပြောဆိုရင်တော့ မကောင်းဘူးပေါ့လေ။ ကျွန်တော်တို့ ဒါလေးကို သိအောင်ဆိုပြီးတော့ ပြီးခဲ့တဲ့လ ၉ ရက်နေ့က ဆောင်းပါးလေးတစ်ပုဒ် ရေးပြီးတော့ သတင်းစာမှာ ထည့်ခိုင်းလိုက်တယ်။ ဒီဆောင်းပါးကို ကျွန်တော်ပဲ တည်းဖြတ်ပြီး ကျွန်တော်ပဲရေးပြီး ကျွန်တော်ပဲ ထည့်ခိုင်းလိုက်တာ။ ဒါပေမယ့် ဆောင်းပါးပြီးတဲ့နောက် သိပ်ရက်မကြာဘူး သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။ သတင်းစာရှင်းလင်းပွဲမလုပ်ခင်မှာ ဂျာနယ်တစ်စောင်က ဘာရေးလဲဆိုတော့ ဒီဆောင်းပါးရေးတဲ့ကောင် ဘယ်လောက်တတ်လို့လဲ၊ ဒီကောင်က ဘာအဆင့်ရှိလဲဆိုတော့၊ ကျွန်တော် မပြောတော့ဘူး။ ညွှန်ချုပ် မင်းရေးတယ်ပြောလိုက်၊ ငါရေးတယ်မပြောနဲ့။ ငါ့ထက်ပိုပြီးတော့ သိနိုင်တဲ့လူ မရှိတော့ဘူး။ မြန်မာနိုင်ငံမှာတော့ ရေအားလျှပ်စစ်နဲ့ပတ်သက်ပြီးတော့ လက်ရှိအချိန်မှာ ကျွန်တော့်ထက် ပိုပြီးတော့ အတွေ့အကြုံရှိတဲ့လူ မရှိတော့ဘူး။ ဒါကြောင့်မို့ မင်းပဲရေးတယ်ပြောလိုက်၊ ငါရေးတယ်ဆိုလို့ရှိရင် မကောင်းဘူးဖြစ်သွားမယ်။ အမှန်ကတော့ ကျွန်တော်ပဲ ရေးလိုက်တာ။ ဆိုတော့ ခင်ဗျားတို့မေးတဲ့မေးခွန်းတွေ၊ ကျွန်တော် အသာလေးဖြေနိုင်ပါတယ်။ ဒီဥစ္စာ နိုင်ငံအကျိုးရှိမယ့်ကိစ္စ၊ ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွား National Interest ကိစ္စ၊ ဒီဥစ္စာကို ၀ိုင်းဝန်းကာကွယ်ရမှာ ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ ခင်ဗျားတို့မှာ တာဝန်ရှိတယ်။


မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်သည့် အမြင်များ

ဒီမိုကရေစီကိုဖော်ဆောင်မယ့် ဒီမိုကရေစီခြေလှမ်းကိုလှမ်းနေတဲ့ အစိုးရတစ်ရပ်ရဲ့ တာဝန်ရှိသူတစ်ဦးအနေနဲ့ ဒီလိုစကားမျိုးပြောတဲ့အတွက် အင်မတန်စိတ်ပျက်မိတယ်။ နောက်တစ်ခုက အကျိုးခံစားခွင့်မှာ တရုတ်က ၇၀% ယူတယ်။ မြန်မာနိုင်ငံက ပြည်ထောင်စုအစိုးရက ၂၀% ယူတယ်။ ၁၀% ကို ကြားပွဲစားကယူတယ်။ အဲဒီတော့ မြန်မာနိုင်ငံအကျိုးအတွက်ရတာ တစ်နှစ်ကို သန်း ၅၀၀ ရတာဆိုရင် ကြားပွဲစားက တစ်နှစ်ကို သန်း ၂၅၀ ရမယ်။ အဲဒီတော့ နှစ်က နှစ် ၃၀ စီမံကိန်းဆိုရင် ဒေါ်လာသန်းပေါင်း ၇၅၀၀ ကို ကြားပွဲစားကရမယ်။ ဒီကိစ္စကို ဟုတ်မဟုတ် မှန်မမှန်ကို ၀န်ကြီး ဖြေရှင်းသင့်တယ်။ မဟုတ်ဘူးဆိုလည်း မဟုတ်ဘူးဆိုတဲ့အကြောင်း ရှင်းသင့်တယ်။ နောက်ပြီးတော့ ဒီမြစ်ဆုံစီမံကိန်းမှာ ကျွန်တော်တို့ သမ္မတကြီးကိုပဲ မေတ္တာရပ်ခံချင်တယ်။ အခု နိုင်ငံမှာ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးအတွက် လမ်းစတွေ ပေါ်နေပြီ။ နိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေကလဲ အရှိန်ရနေပြီ။ တိုင်းပြည်ကလည်း ရှေ့ကိုသွားနေပြီ။ ပြည်သူလူထုကလဲ စိတ်ချမ်းသာစပြုနေပြီ။ အဲဒီ အခြေအနေမျိုးမှာ ဒီစကားမျိုးဟာ တိုင်းပြည်အတွက် အင်မတန်မှ နစ်နာစေတဲ့ စကားမျိုးဖြစ်ပါတယ်။ ဒီစကားမှန်မမှန်ကို သမ္မတကြီးအနေနဲ့ စဉ်းစားစေချင်ပါတယ်။ ဒီအကျိုးဆက်ကြောင့် နိုင်ငံမှာ အကြီးအကျယ်ဆုံးရှုံးရမယ့် နစ်နာမှုတွေ ကြုံတွေ့ရမယ်။ ဒါဟာ ကျွန်တော်က စတုတ္ထမဏ္ဍိုင်တစ်ယောက်အနေနဲ့ ကျွန်တော် တိုင်းပြည်အတွက် စေတနာရှေ့ထားပြီး သတိပေးတာပါ။ ဒီမြစ်ဆုံကိစ္စက (၁) environment ရဲ့ issue တစ်ခုတည်းမဟုတ်ဘူး၊ (၂) ဒါဟာ political နိုင်ငံရေးပြသနာ political agenda တစ်ခုမဟုတ်ဘူး။ ဒီဟာဟာ အမျိုးသားရေးပြဿနာ ဖြစ်ပါတယ်။ ဒါကြောင့် သမ္မတကြီးအနေနဲ့ နိုင်ငံ့အကျိုး၊ ပြည်သူလူထုအကျိုးအတွက် ဒီပြဿနာကို တိုက်ရိုက်ကိုင်တွယ်ဖြေရှင်းစေချင်ပါတယ်။
ဒေါက်တာသန်းထွဋ်အောင် (CEO, Eleven Media Group)

“စီမံကိန်းကို တိုင်းသူပြည်သားတွေက ဆက်မလုပ်ဖို့ ၀ိုင်းဝန်းတောင်းဆိုနေတာကို ဆက်လုပ်တဲ့အတွက် တိုင်းသူပြည်သားတွေ စိတ်မချမ်းမြေ့စရာဖြစ်လာမယ်။ အရင်အစိုးရက လုပ်လက်စမို့ ဒီအစိုးရက ဆက်လုပ်မယ်ဆိုရင်လည်း ပြည်သူတွေတင်မြှောက်ထားတဲ့ ပြည်သူကိုယ်စားပြုထားတဲ့ လွှတ်တော်အမတ်တွေရှိနေတဲ့ လွှတ်တော်မှာ ဆွေးနွေးပြီးမှ ဆက်လုပ်ဆောင်သင့်တယ်။ နောက်ပြီး စတုထ္ထမဏ္ဍိုင်လို့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကိုယ်တိုင်က အသိအမှတ်ပြုထားတဲ့ သတင်းမီဒီယာတွေရဲ့ တင်ပြနေမှုကို အလေးထားသင့်တယ်။ အကျိုးအပြစ်ကိုပြောတဲ့ အခါမှာလည်း ကိုယ့်အကျိုးဘယ်လောက် ရမှာလဲဆိုတာကို ရှင်းရှင်းလင်းလင်း ပြောသင့်တယ်။ အင်တာနက်နဲ့ အခြားလူမှုဆက်သွယ်ရေးနယ်ပယ်မှာ တင်ပြထားတဲ့ အချက်တွေကို ကြည့်ရင်လည်း ဆိုကျိုးက ပိုများနေတယ်။ အကျိုးပိုင်းမှာ တရုတ်ကယူမယ့် အကျိုးက ပိုများနေတယ်။ အဲတာတွေမဟုတ်ဘူးဆိုရင်လည်း မဟုတ်တဲ့ အကြောင်းကို ရှင်းသင့်တယ်။ အခု သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရအဖွဲ့သစ်က ဖော်ဆောင်နေတဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ခြေလှမ်းတွေ၊ ဆင်ရဲမွဲတေမှု တိုက်ဖျက်ရေးခြေလှမ်းတွေ အဲဒါတွေ ကြိုးစားလုပ်ဆောင်နေတာတွေကို တွေ့ရတော့ ပြည်သူလူထုက အစိုးရအဖွဲ့သစ်အပေါ် ကိုင်းညွှတ်တာတွေ၊ မျှော်လင့်ချက်ထားတာတွေ ရှိလာတယ်။ ဒီလိုအချိန်မျိုးမှာ ပြည်သူလူထုက မလုပ်သင့်ဘူးလို့ တောင်းဆိုလာတာတွေကို ဆက်လုပ်နေမယ်ဆိုရင် အစိုးရအဖွဲ့အနေနဲ့ ပြည်သူ့ဆန္ဒတွေကို မျက်ကွယ်ပြုလိုက်တာနဲ့ အတူတူပဲ။ စိတ်မချမ်းမြေ့စရာတွေပဲ ဖြစ်လာလိမ့်မယ်။”
ဆရာမောင်ဝံသ

ပြည်သူတွေကလည်း ဒီကိစ္စနဲ့ပတ်သက်လို့ သူတို့ရဲ့သဘောထားတွေကို ထုတ်ဖော်ပြောဆိုလာတာတွေ ကြားသိရပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း မြစ်ဆုံကိစ္စ ရေအရင်းအမြစ်ထိန်းသိမ်းရေးကိစ္စနဲ့ ပတ်သက်လို့အဆိုအနေနဲ့ လွှတ်တော်မှာ တင်ထားတာရှိပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်း

ကျွန်တော်တို့နိုင်ငံက မဂ္ဂါဝပ် ၁၅၀၀ သုံးမကုန်ဘူးလို့ ပြောတယ်။ အခု နယ်တွေ၊ ရွာတွေမှာ လျှပ်စစ်မီးတောင် မရှိသေးဘူး။ ကျွန်တော်တို့ရဲ့ Power Consumption က အခု ကျောက်ခေတ်အတိုင်း ရှိမှာလား။ နိုင်ငံက ဘယ်တော့မှ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံ မဖြစ်တော့ဘူးလား။ အခု တည်ဆောက်နေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်း၊ နောက်ထပ်လာမယ့် ရန်ကုန်မြို့တော်သစ်စီမံကိန်း၊ တိုးတက်လာမယ့် စက်မှုလုပ်ငန်းတွေအတွက် အနည်းဆုံး မဂ္ဂါဝပ် ၁၀၀၀၀ အထက်လိုမယ်။ ခေတ်စနစ်တွေက ပြောင်းနေပြီ၊ ပြောင်းလဲသင့်နေပြီ။ ခေတ်ဟောင်းမှာ ကျန်ခဲ့ရင်တော့ ခေတ်စနစ်ဟောင်းရဲ့ ဒဏ်ခတ်ခြင်းခံရမှာပဲ။ ဒါသမိုင်းရဲ့သဘောလည်း ဖြစ်သလို၊ တရားဓမ္မသဘောလည်း ဖြစ်တယ်လို့ဝန်ကြီးကို ပြောချင်ပါတယ်။
ဒေါက်တာသိန်းမြင့် (Managing Director, Eleven Media Group) “ဧရာဝတီမြစ်ဆုံ စီမံကိန်းနဲ့ပတ်သက်ပြီး ဂျာနယ်လစ်တွေ၊ ပညာရှင်တွေ ပြောဆိုနေကြတာဟာ ထင်ရာမြင်ရာပြောပြီး ထင်ရာမြင်ရာ လျှောက်ပြောနေကြတာမဟုတ်ဘူး။ ပြည်တွင်းပြည်ပက ပညာရှင်တွေအားလုံး လေ့လာ သုတေသနပြုလုပ်ထားတဲ့ စာရွက်စာတမ်းတွေ၊ အထောက်အထားတွေကိုဖတ်ရှုလေ့လာပြီး ရေးနေကြတာဖြစ်တယ်။ ပြည်သူတွေအားလုံးကလည်း ဒီစာရွက်စာတမ်းတွေ၊ အထောက်အထားတွေကို သိရှိကြတဲ့အတွက် သဘောမတူကြောင်း တောင်းဆိုနေကြတာဖြစ်တယ်။ ကျောင်းသားလူငယ်တွေ၊ ရဟန်းရှင်လူတွေနဲ့ အနုပညာရှင်၊ စာပေနယ်သားတွေအားလုံးကလည်း ဒါတွေကို သိတဲ့အတွက် ဆက်မလုပ်ဖို့ ၀ိုင်းဝန်းတောင်းဆိုနေကြတာ ဖြစ်တယ်။ ပြည်သူလူထုက တရားသဖြင့် လူယဉ်ကျေးနည်းနဲ့ တောင်းဆိုနေတာကို လျစ်လျူရှုပြီး လုပ်ချင်ရာဆက်လုပ်မယ်၊ ရှေ့ဆက်လုပ်မယ်ဆိုရင် ပြည်သူလူထုက မဖြစ်၊ ဖြစ်တဲ့နည်းနဲ့ ဧရာဝတီကို ကာကွယ်ကြမှာပဲ ဖြစ်တယ်။ ကာကွယ်တဲ့နေရာမှာ လူယဉ်ကျေးနည်းနဲ့ မရရင် လမ်းပေါ်ထွက် ဆန္ဒပြပြီး တောင်းဆိုလာခဲ့မယ်ဆိုရင် ဒီလိုဆန္ဒပြမှုတွေအတွက် စီမံကိန်းကို ဆက်လုပ်တဲ့သူတွေသာ တာဝန်ယူရလိမ့်မယ်။ မလုပ်ဖို့ တောင်းဆိုဆန္ဒပြနေတဲ့သူတွေမှာ တာဝန်မရှိဘူး”
လူထုစိန်ဝင်း

“မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး အစိုးရက အကျိုးအမြတ်ရလဒ်တွေကို တိတိကျကျ ပြည်သူကို ချမပြသရွေ့ ကျွန်တော်ကတော့ ဒီစီမံကိန်းဆက်လုပ်မှာကို ကန့်ကွက်တယ်။ ကျွန်တော်တို့ကို ချပြပါ။ ချပြလို့ တကယ်အကျိုးရှိတယ်ဆိုရင် ကျွန်တော်တို့ စဉ်းစားမယ်။ ထောက်ခံမယ် မပြောသေးဘူးနော်။ စဉ်းစားမယ်လို့ ပြောတာ။ ဘာတွေချပြရမလဲဆိုတာကိုတော့ ကျွန်တော့်ဝက်ဘ်ဆိုက်မှာလည်း ရေးထားခဲ့ပြီးသားပါ။ အကြောင်းအရာသုံးချက်နဲ့ အချက်ကိုးချက်ပါပါတယ်။ (၁)ရေကာတာမှ ထွက်တဲ့လျှပ်စစ်ကို တရုတ်က ဘယ်လောက်ယူမလဲ၊ ဒေသခံကချင်က ဘယ်လောက်ရမလဲ၊ ပြည်ထောင်စုကြီးက ဘယ်လောက်ရမလဲ (၂) စီမံကိန်းအတွက် ရင်းနှီးမြုပ်နှံမှုကို ဘယ်သူက အကုန်ကျခံမလဲ၊ တရုတ်က ဘယ်လောက်၊ ကချင်က ဘယ်လောက်၊ ပြည်ထောင်စုက ဘယ်လောက် (၃) စီမံကိန်းကြောင့် ထိခိုက်မှုကို အခု ဘယ်လိုလုပ်ထားသလဲ။ နောက်လာမယ့် အနာဂတ်အတွက် ထိခိုက်မှုတွေကို ဘယ်လို ကြိုတင်စီမံထားသလဲ၊ ဖြစ်လာသမျှထိခိုက်မှုတွေအတွက် ဘယ်သူက တာဝန်လဲ။ အဲတာတွေကို အစိုးရက ရှင်းရှင်းလင်းလင်း ချပြသင့်တယ်။ အဲတာတွေ သိရမှ ဆက်လုပ်သင့်၊ မလုပ်သင့်ဆိုတာကို ကျွန်တော်တို့ စဉ်းစားမယ်။ လွှတ်တော်မှာလည်း ဒီကိစ္စကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသင့်တယ်။ လက်ရှိလုပ်နေတဲ့ လွှတ်တော်ကို ကျွန်တော် အားမရဘူး။ မေးခွန်း မေးနေတာတွေချည်း မလုပ်ဘဲ ဧရာဝတီမြစ်ဆုံစီမံကိန်းလို ကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးစေချင်တယ်”
ဦးနေမျိုးဝေ (ဥက္ကဋ္ဌ ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ)

“ပြီးခဲ့တဲ့ သောကြာနေ့က လုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ချင်းပြည်နယ်၊ ကန်ပက်လက်မဲဆန္ဒနယ်က သူရဦးအောင်ကိုက အဆိုတစ်ခု တင်သွင်းတယ်။ ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တင်သွင်းရာမှာ တောပြုန်းတာတွေ၊ ချင်းတွင်းမြစ် ထိခိုက်တာတွေကို ပြောခဲ့တယ်။ တစ်ဆက်တည်း ဧရာဝတီကိစ္စကိုလည်း ဆက်ပြောခဲ့တယ်။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေအတွက် တော်တော်ပြောသွားတယ်။ မြစ်ဆုံကိစ္စကို ဆက်လုပ်မယ်ဆိုရင်တော့ ပျက်စီးဆုံးရှုံးတာတွေ ပိုပြီးဆက်ဖြစ်လာနိုင်စရာရှိတယ်။ ပြီးခဲ့တဲ့ အစိုးရက လုပ်ခဲ့လို့ အခုဆက်လုပ်တယ်ဆိုတာတော့ မဖြစ်သင့်ဘူး။ တရုတ်နိုင်ငံမှာတောင် သူတို့ဆီမှာလုပ်မယ့် စီမံကိန်းတွေကို ရပ်ထားတယ်။ ကျွန်တော့်အနေနဲ့ကတော့ မြစ်ဆုံစီမံကိန်းကို ဆက်လုပ်တဲ့အခါ တကယ့်အကျိုးအမြတ်က ဘာလဲ၊ ဆုံးရှုံးမှုက ဘာလဲဆိုတာတွေကို သေချာတွက်ချက်စေချင်တယ်။ အကျိုးအမြတ်က တွက်ရလွယ်တယ်။ ဆုံးရှုံးမှုတွက်ဖို့က သိပ်ခက်တယ်။ တရုတ်က အကျိုးအမြတ်များများရမှာကို သိလျက်နဲ့ ငွေရရင် ပြီးရောဆိုတဲ့ ဆက်လုပ်မယ်ဆိုရင် ကျွန်တော်ကတော့ ကိုယ့်အမျိုးသား အကျိုးစီးပွားအတွက် နာတယ်။ ပြန်ပြီးတော့ သုံးသပ်စေချင်တယ်။ ဒီကိစ္စကို လွှတ်တော်မှာ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးဖို့ လိုမယ်။ လွှတ်တော်ကို ချပြဖို့လည်း လိုအပ်မယ်။ ချင်းတွင်းမြစ် ပျက်စီးတာကိုတောင် ပြောနေရပြီဆိုရင် ဧရာဝတီကိစ္စဟာ ပိုပြီးအရေးကြီးလာခဲ့ပြီ။ ဧရာဝတီကောလို့ မဖြစ်ဘူး။
ဦးကြည်မြင့် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ လသာမြို့နယ်မဲဆန္ဒနယ်)

ရေအားလျှပ်စစ်စီမံကိန်းတွေ၊ ဆည်မြောင်းတာတမံတွေ ဆောက်လုပ်မယ်ဆိုရင် သဘာဝပတ်ဝန်းကျင်မထိခိုက်အောင် လုပ်ရမယ်။ စီမံကိန်း မစခင်ကတည်းက သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုကို သေသေချာချာ သုံးသပ်သင့်တယ်။ ထိခိုက်မှုရှိရင် မလုပ်ထိုက်ဘူး။ အိန္ဒိယတို့၊ တရုတ်တို့မှာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်တယ်လို့ ပညာရှင်တွေက ဝေဖန်တာကို အသိအမှတ်မပြုဘဲ ဆောက်လုပ်ခဲ့တဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေကြောင့် နောင်အချိန်တွေမှာမှ အစိုးရတွေက ပြည်သူတွေကို ပြန်တောင်းပန်ရတယ်။ ဒါပေမယ့် သဘာဝက ပျက်ယွင်းပြီးဖြစ်နေတော့ ပြင်ဆင်ပြောင်းလဲလို့မရတော့ဘူး။ ဒါကြောင့် တစ်ခုခုလုပ်ရင် ဘယ်လိုအကျိုးဆက်ရှိမလဲ သေချာတွက်ဆသင့်တယ်။ လုပ်ထိုက်၊ မလုပ်ထိုက်တွက်ရမယ်။ ပျက်စီးမှု၊ နစ်နာဆုံးရှုံးမှုတွေများရင် လုံးဝ ဆက်မလုပ်သင့်ဘူး။ အခု မြစ်ဆုံစီမံကိန်းကလည်း မြန်မာပြည်ရဲ့အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ပေါ်မှာ ဖြစ်တယ်။ ကြိုတင်လေ့လာတိုင်းတာမှုတွေလည်း လုပ်ခဲ့ပြီးပြီလို့သိရတယ်။ အချက်အလက်တွေမှာ မလုပ်သင့်တဲ့အချက်များနေရင် အကောင်အထည် မဖော်သင့်ဘူး။ တတ်သိပညာရှင်တွေရဲ့ ဝေဖန်သုံးသပ်မှုတွေနဲ့ ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို အစိုးရကအလေးထားဖို့လိုတယ်။
ဒေါက်တာဒေါ်မြင့်မြင့်ခင်

တစ်တိုင်းပြည်လုံးနဲ့ဆိုင်တဲ့ မြစ်ဆုံလိုကိစ္စမျိုးကို ပြည်သူတွေကသာ ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ ဒီလို ဆက်လုပ်မယ်ဆိုရင် ဘာတွေဖြစ်မယ်၊ မဖြစ်နိုင်ဘူးစတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာနဲ့ ပတ်သက်လို့တော့ မငြင်းခုံချင်တော့ဘူး။ ငြင်းနေရမယ့် အချိန်လည်းမဟုတ်တော့ဘူး။ ပြတ်ပြတ်သားသား ပြောရမယ့်အချိန်ပါ။ မြစ်ဆုံကိုဆက်လုပ်ခြင်းနဲ့ ပတ်သက်လို့တော့ risk သိဖို့လိုတယ်။ ဒါဟာ ဗမာပြည်ဒုက္ခဖြစ်မယ့်ကိစ္စ။ သေရေးရှင်ရေး ကိစ္စပါ။ လူတစ်ယောက်က ဆုံးဖြတ်ရမှာမဟုတ်ဘူး။ တိုင်းပြည်မျက်နှာကို မကြည့်ဘဲ အကျိုးအမြတ်ကိုပဲ ကြည့်လို့မရဘူး။ နောင်တစ်ချိန်မှ မှားသွားပြီဆိုရင်လည်း ပြန်ပြင်လို့ မရတော့ဘူး။ အခုဆိုရင် အစိုးရသစ် ဖြစ်နေပြီ။ အစွဲဟောင်းတွေ ပြုတ်ဖို့ လိုတယ်။ ပြည်သူတွေကတော့ အသစ်ကို လိုချင်တယ်။ အဟောင်းထဲက ကောင်းတာပဲယူပြီး မကောင်းတာကို ယူမလာစေချင်ဘူး။
ဦးစိုးညွန့် (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ငှက်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း)

ဧရာဝတီဟာ ကျွန်မတို့နိုင်ငံရဲ့ အလှတရား၊ သဘာဝအမွေပါ။ ရေမြေတောတောင် သဘာဝတရားနဲ့ ပတ်သက်လို့ တန်ဖိုးမဖြတ်နိုင်ပါဘူး။ မြစ်ဆုံဟာ မြန်မာနိုင်ငံအတွက် အလွန်တန်ဖိုးကြီးပါတယ်။ နောက်ပိုင်း နှစ်များစွာအထိ မြေးမြစ်တွေအထိ လက်ဆင့်ကမ်းပေးနိုင်ရမှာ။ မြစ်ဆုံကိုရော ဧရာဝတီကိုရော သဘာဝအတိုင်း ဆက်ရှိနေစေချင်ပါတယ်။
ဆရာမ ဂျူး

ဧရာဝတီနဲ့ ပတ်သက်ရင် ဧရာဝတီဆိုတာ မြန်မာပြည်ရဲ့အသက်သွေးကြောပဲ။ လူတိုင်းနဲ့သက်ဆိုင်တယ်။ လူတိုင်းပြောပိုင်ဆိုခွင့်ရှိတယ်။ လူထုရဲ့အသံကို နားထောင်သင့်တယ်။ အများပိုင်ပစ္စည်းဖြစ်တဲ့အခါမှာ အများရဲ့ဆန္ဒလိုပါတယ်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်

“ဒီပရောဂျက်ကို စပြီးလုပ်ကတည်းက ပွင့်လင်းထင်သာမှု မရှိခဲ့ပါဘူး။ ဧရာဝတီဆိုတာ နိုင်ငံသားတိုင်းပိုင်တဲ့ အရာပါ။ တစ်ဦးတစ်ယောက်ပိုင်ပစ္စည်း မဟုတ်ပါဘူး။ ကိုယ်ပစ္စည်းလိုလုပ်လို့မရပါဘူး။ နိုင်ငံသားတိုင်းကိုချပြပြီးမှ လုပ်ရမှာပါ။ ပြည်သူတွေသိအောင်ချပြရမယ်။ မီဒီယာတွေကို ပွင့်ပွင့်လင်းလင်းပြောပြီးမီဒီယာတွေက တစ်ဆင့်ပြောရမှာပါ။ အခုက ဘွားခနဲပေါ်လာပြီမှ သိရတော့ စိတ်မကောင်းဖြစ်မိပါတယ်။ အခုဆက်ပြီးလုပ်မယ်ဆိုတော့ ၀မ်းနည်း ဆို့နင့်ရပါတယ်။ တရုတ်နိုင်ငံမှာတောင် သူတို့ရဲ့ 3 Project Dam အတွက် နောင်တရတာတွေ၊ ပြန်ပြီးသုံးသပ်တာတွေ လုပ်နေပါတယ်။ ကျွန်တော်တို့လည်း နောက်မကျသေးပါဘူး။ ပြန်ပြီးပြုပြင်လို့ ရပါတယ်။ နောက်ဆုံးမဖြစ်မနေ ဆောက်ရမယ်ဆိုရင်တောင် လျှော့ချလို့ရပါသေးတယ်။ စွမ်းအင်တစ်ခုတည်းရဖို့အတွက် ဧရာဝတီမှာ စီမံကိန်းလုပ်ဖို့မလိုသေးပါဘူး။ သဘာဝဓာတ်ငွေ့လို တခြားရွေးစရာနည်းတွေ ရှိပါသေးတယ်။ သဘာဝဓာတ်ငွေ့ကို နိုင်ငံခြားတိုင်းပြည်တွေဆီ မရောင်းဘဲ ကိုယ့်နိုင်ငံတွင်း သုံးမယ်ဆိုရင်တောင် နှစ်ပေါင်း ၁၀၀လောက် သုံးလို့ရတယ်လို့ ကျွန်တော်သိရပါတယ်။ ကျွန်တော် ဧရာဝတီမြစ်ဆုံကို KIA နဲ့ ငြိမ်းချမ်းရေး မရသေးခင် ၁၉၉၃ ခုနှစ်က ရောက်ခဲ့ဖူးပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်တုန်းက နိုင်ငံတော်ဧည့်သည်အဖြစ် လာရောက်တဲ့ နိုင်ငံခြားသတင်းထောက်တွေရဲ့ ဆက်သွယ်ရေး တာဝန်ခံအနေနဲ့ ရောက်ခဲ့တာပါ။ အဲဒီတုန်းကမြင်ရတဲ့မြင်ကွင်းတွေနဲ့ အခုတွေ့ရတဲ့ အခြေအနေတွေကို မြင်ရတာ စိတ်မကောင်းဖြစ်ရပါတယ်။ အဲဒီ အချိန်တုန်းက ဧရာဝတီဆိုတာ သဘာဝအတိုင်းပဲရှိပါသေးတယ်။ အခုတော့ ရွှေတူးတာတွေနဲ့ ရေထုညစ်ညမ်းနေပြီး ဆောက်လုပ်ရေးအကြီးကြီးတွေ လုပ်နေတာကိုလည်းတွေ့ရပါတယ်။ ကျွန်တော်ကတော့ ဒီစီမံကိန်း ဆက်လုပ်ဖို့ စဉ်းစားစေချင်တယ်။ ပွင့်လင်းမှုရှိရှိ ချပြစေချင်ပါတယ်။ အခုလွှတ်တော် ပေါ်လာပြီဆိုတော့ လွှတ်တော်က တစ်ဆင့် ချပြစေချင်ပါတယ်”
ဦးအောင်လှထွန်း (ရိုက်တာသတင်းဌာန)

မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်လို့ပြောရရင် ဧရာဝတီဆိုတာ မြန်မာ နိုင်ငံရဲ့အသက်သွေးကြော၊ သမိုင်းအနေနဲ့ထင်ရှားတဲ့အရာတစ်ခု၊ မြန်မာ တွေတန်ဖိုးထားရတဲ့ရင်းမြစ်တစ်ခုလို့ပြောရမယ်။ ဧရာဝတီမြစ်ကြီးရဲ့ထိပ်မှာ တစ်နည်းပြောရရင် ဧရာဝတီကိုစတင်ဖြစ်တည်စေတဲ့နေရာမှာပိတ်ပြီးရေကာ တာ ကိုတည်ဆောက်နေကြတယ်ပေါ့လေ။ အဲဒီအခါမှာတတ်သိနားလည်တဲ့ ပညာရှင်တွေကမဆောက်သင့်ဘူးလို့သူတို့သိထားတဲ့အချက်အလက်တွေ အရထောက်ပြလာကြတယ်။ ဒီအချိန်မှာသတင်းစာထဲမှာလျှပ်စစ်ဝန်ထမ်း တစ်ဦးဆိုတဲ့ဘယ်သူမှန်းမသိတဲ့သူတစ်ယောက်ကဒီရေကာတာကိုဆောက်လို့ရ ပါတယ်။ ဘာမှမဖြစ်နိုင်ပါဘူးလို့ရေးလာတဲ့အခါမှာ ဒီရေကာတာစီမံကိန်း နဲ့ပတ်သက်တဲ့အသံတွေကပိုပြီးကျယ်ကျယ် လောင်လောင်ဖြစ်လာကြတယ်။ သက်ဆိုင်ရာနယ်ပယ်အသီးသီးကလည်း လက်မှတ်ထိုးပြီးတင်လာကြ တယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း စောင့်ကြည့်နေကြတယ်။ ဒီစီမံကိန်း ကိုဆက်ဆောက်မယ်ဆိုရင်တော့အစိုးရတစ်ရပ်အနေနဲ့လုပ်ချင်တာကို လုပ် ပိုင်ခွင့်ရှိခြင်းမရှိခြင်းကတော့ တစ်ပိုင်းပေါ့။ သဘာဝသယံဇာတဆိုတာက တကယ်တမ်းပြောရရင်ပြည်သူလူထုကပိုင်တာလေ။ ဒါကိုစီမံခန့်ခွဲနိုင်ဖို့ အတွက်ပြည်သူလူထုကပေးထားတဲ့ နေရာတစ်ခုကိုအစိုးရလို့ ပြောလို့ရ တယ်။ ဒါကြောင့်ဒီကိစ္စကဘယ်သူမှပိုင်တယ်လို့ပြောလို့မရဘူး။ အများစုရဲ့ ဆန္ဒသဘောထားနဲ့ဖြစ်သင့်တယ်လို့ထင်တယ်။ ဒါကိုမှအစိုးရတစ်ရပ် အနေနဲ့လုပ်ချင်တာကိုလုပ်ခွင့်ရှိတယ်ဆိုပြီးလုပ်မယ်ဆိုရင်နောက်ဆက်တွဲ အကျိုးဆက်တွေရှိလာနိုင်သလိုသမိုင်းရဲ့တရားခံတွေတော့ဖြစ်လာမှာပဲ လေ။ ဒါကြောင့်ဆက်လုပ်မယ်ဆိုရင်တော့တစ်ပြည်လုံးရဲ့ သဘောဆန္ဒကိုခံယူ တာမျိုးလုပ်သင့်တယ်လို့ထင်တယ်။ ဒါမှမဟုတ်သီးခြားလွတ်လပ်ပြီး တတ်သိနားလည်တဲ့ပညာရှင်တွေရဲ့အကြံဥာဏ်တွေကိုယူသင့်တယ်။ ဒီကိစ္စ နဲ့ပတ်သက်ပြီးအားလုံးကတော့ စိုးရိမ်တကြီးဖြစ်နေကြပြီ။ အဓိကတော့ ဧရာဝတီမြစ်ဖြစ်နေလို့ပါပဲ။ သီးခြားလွတ်လပ်တဲ့တတ်သိနားလည်သော ပညာရှင်တွေဆီကအကြံဥာဏ်တွေရယူသင့်ပါတယ်။ကျွန်တော့်သဘောအရ ဆိုရင်တော့ဒီရေကာတာဆက်လုပ်မယ်ဆိုတဲ့ အချက်ကို သဘောမတူပါဘူး။
ဒါရိုက်တာမင်းထင်ကိုကိုကြီး

၂၃ ရက် သြဂတ်စ်လ ၂၀၁၁ ခုနှစ် ပထမ နေ့

ဘူဆန် ဒေးဝမ်း

တောင်ကိုရီးယား မှာ ရှိတဲ့ ကိုရီးယားတွေ ရဲ့ ဒုတိယ မြို့တော် ဘူဆန် ကို ဆယ်ကြိမ်မြောက် အာရှ ပစိဖိတ် အိတ်ခ်ျ အိုင်ဗီ အေစ့် ညီလာခံ (International Congress of AIDS in Asia and the Pacific ICAAP 10th) အတွက် ၂၀၁၁ ခုနှစ် သြဂတ်စ်လ ၂၃ ရက်နေ့ မနက် ၂နာရီ ၁၅ မိနစ် လေယာဉ် နဲ့ သွားခဲ့ပါတယ်။

ဒီအိုင်ကပ်ဆိုတာ ကို ကိုယ်ဒီ ဖီး ထဲ စရောက်တဲ့ ၂၀၀၅ ဂျပန် (ကိုဘေ ညီလာခံ) ကနေ စသွားရတာ ၂ နှစ်တခေါက် ဆိုတော့ အမြဲ တက်ဖြစ်တာ ၄ ခေါက်ရှိပါပြီ။ ၂၀၀၅ တုံးက ကိုဘေ (ဂျပန်) နောက် ၂၀၀၇ ကျတော့ ကိုလံဘို (သီရိလင်္ကာ) ၂၀၀၉ မှာ ဘာလီ (အင်ဒိုနီးရှား) ခု ၂၀၁၁ မှာ ဘူဆန် (ကိုရီးယား)ပေါ့။

သူက နှစ်နှစ်ခြားတကြိမ် အာရှ ပစိဖိတ်နိုင်ငံ တခုခုမှာ ကျင်းပတာပါ။ နောက်လာမယ့် ညီလာခံ၂၀၁၃ ကတော့ ဘန်ကောက် (ယိုးဒယား) ဖြစ်ပါမယ်။ ဘန်ကောက်မှာ ၂၀၀၄ တုံးကလဲ အပြည်ပြည်ဆိုင်ရာ အေ့စ် ညီလာခံ International AIDS conference (IAC) ကျင်းပခဲ့ပါသေးတယ်။ ကျင်းပပုံတွေက ဒီနှစ် ICAAP ဆို နောက်နှစ် IAC ပေါ့ အဲ့လိုဆိုတော့ နှစ်တိုင်းမှာ ညီလာခံ တခုတော့ ရှိနေတာပေါ့။

ဘူဆန်အကြောင်းရေးမယ် ဆိုတော့ ညီလာခံအကြောင်းပဲ သီးသန့် ရေးရမလား ကိုယ်လည်တာတွေအကြောင်းပဲ သီးသန့် ရေးရမလား စားခဲ့တာတွေ အကြောင်းပဲသီးသန့် ရေးရမလားဆိုပြီး ဝေခွဲမရတွေဖြစ်ပါသေးတယ်။

စာကလဲ မရေးတာကြာပြီဆိုတော့ နောက်ပြီး ကိုယ်က ခရီးသွား ဆောင်းပါးမျိုး အရေးနည်းတယ်။ အရင် သွားခဲ့တာတွေဆိုလဲ ကဗျာ လိုလိုတွေသာရေးဖြစ်တာများတာ။

ခုတော့ သေချာ ရေးမယ် စိတ်ကူးတယ်။ နောက် တခေါက်လဲ (မောင်နဲ့) အလည်သက်သက် ပြန်သွားဖို့ ရည်ရွယ်ပါတယ်။ လေယဉ်လက်မှတ်ကလွဲရင် အစားအသောက် နဲ့ နေဖို့ အတွက်က ဈေးလဲ သိပ်မကြီးပါဘူး။ အဲ့တော့ အညွှန်းအနေမျိုး ကျန်အောင်ပေါ့ သေချာရေးချင်ပါတယ်။

ဗီဇာ ယူတာ က အမှန်ဆိုရင်တော်တော်ခက်မယ့် ပုံပေါက်ပါတယ် တခြား နိုင်ငံတော်တော်များများ အထူးသဖြင့်
တောင် အာရှ ဘက်က နိုင်ငံတွေဗီဇာ မရ လို့ မလာကြရတဲ့ သူတွေများပါတယ်။

သူက ဗီဇာ ယူရင် ဒီမှာ ရှိတဲ့ အလုပ်က ထောက်ခံစာ ပေးရတယ်။ နောက် ဘဏ်က ၆ လ အသုံးစာရင်း ပြရတယ်။ နောက် အရင်သွားဖူးတဲ့ နိုင်ငံ စာရင်းပေးရတယ်။ အဲ့တော့မှပဲ ကြည့်ကြည့်လိုက်တော့ ကိုယ်သွားခဲ့တာ ၂၀၀၅ ကတည်းက စရေရင် နိုင်ငံပေါင်း ၁၃ နိုင်ငံကျော် ရှိပြီပဲ။ တောင်အာရှ၊ မဲခေါင်မြစ်ဝှမ်းနိုင်ငံတွေ။ အရှေ့ အာရှ၊ မက္ကဆီကို တောင်ပါသေး။ ထားတော့ ကြွားတာတွေပါကုန်ပြီ။

ကိုရီးယား ဗီဇာ က ခက်ပါတယ် တင်လိုက်တော့လဲ အင်တာဗျူး ပြန်ထိုင်ရမယ် လို့ ဆိုလာပါတယ်။ ရက်ချိန်းပေးပါတယ်။ သို့သော် အရင် ကိုယ် ဂျပန် သွားတုံးက ဗီဇာ ကိုလဲ ကော်ပီ ကူးယူထားလိုက်ပါတယ်။ အဓိက ကတော့ အနီရောင်စာအုပ်မို့ အနှိမ်ခံရတာ နည်းနည်းတော့ ပါပါတယ်။ နောက်တော့ အရင် ဂျပန် ဗီဇာ ကြောင့် ရယ် နောက် ကိုရီးယား ဘက်က အော်ဂနိုက်ဇာ တွေ ဆီက ဖိတ်စာ စတာတွေကြောင့် အင်တာဗျူး စရာမလိုပဲ တန်းပေးလိုက်ပါတယ်။ လွယ်လွယ်နဲ့ပဲ ရသွားတယ်ပေါ့။

နောက် လေယာဉ် လက်မှတ် ဘွခ်တော့လဲ တီဂျီ က ဈေးတော်တော်ကြီးပါတယ် အဲ့တာနဲ့ ကိုရီးယား အဲ နဲ့ ပဲ သွားဖြစ်တယ်။ ပိုတောင် ကောင်းသလိုပဲ။ စောစောက ပြောခဲ့သလို ၂၃ ရက်နေ့ မနက် ၂ နာ၇ီ ၁၅ ထွက်ပါတယ်။ ၅ နာရီ ကျော်စီး ရပါတယ်။ မနက် စောစော ရောက်သွားပါတယ်။

အင်မီဂရေးရှင်း ဖြတ်တော့ ဘယ်နိုင်ငံ နဲ့မှ မတူ အတော့ ကိုမြန်တာ တွေ့ရပါတယ်။ ၁ မိနစ်တောင် ကြာရဲ့လားမသိဘူး။ တုံးထုပေးလိုက်တာပဲ။ နောက်ပြီး လေယာဉ်ပေါ်မှာ arrival form ဝေတော့ ကိုယ်တောင် ကြောင်နေပါသေးတယ် departure form မပါလို့လေ။ တကယ်ပါပဲ။ အထွက် ကဒ် မလိုပါဘူး။ ကြည့်ရတာ မပြန်စေချင်ဘူးထင်ပါတယ်။

လေဆိပ်ကနေ မြို့ထဲကို ဝင်ရတာ တော်တော် အဆင်ပြေပါတယ်။ လေဆိပ်မှာ တက်စီ တွေက နှစ်မျိုး ရှိပါတယ်။ တမျိုးက ရိုးရိုး နောက်တမျိုးကတော့ ရှယ်ပေါ့။ ရှယ်က ဈေး နည်းနည်း ပိုကြီးတယ် လေဆိပ်ကနေ မြို့ထဲကို ၄ သောင်း ၅ သောင်း လောက်ပေးရတယ်။ ရိုးရိုးက တော့ ၂ သောင်း ခွဲ အလွန်ဆုံးပဲ။ နောက် ငွေလဲနှုံး ကိုရီးယား ပိုက်ဆံ ဝေါင်က မြန်မာငွေ နဲ့ တူတူပါပဲ။
၁ ဒေါ်လာ ကို ဝေါင် ၁ ထောင်ပါ။ အော်ပြောဖို့ မေ့နေတယ် မြန်မာငွေလဲနှုံးဆိုတာ အရင် ငွေလဲနှုံး ကိုပြောတာပါ။ (ခု ဈေးမဟုတ်)။ နောက် တက်စီ သမားတွေက သဘောကောင်းပါတယ်။ အဖိုးကြီးတွေများတယ်။ ကြည့်ရတာ ရီတိုင်ယာ သွားပြီးမှာ အလုပ်ထွက်လုပ်ကြတာထင်တယ်။ ကိုယ်တို့ ဆီက အဖိုးကြီး အဖွားကြီးတွေ နဲ့ယှဉ်ရင်တော့ သူတို့က ပိုကျန်းမာ သွက်လက်ပုံပေါက်ပါတယ်။ နောက်ပိုင်းမှာ လူကြီးတွေအလုပ်လုပ်ကြတာနဲ့ပတ်သက်ပြီး ရေးပါအုံးမယ်။ တက်စီတွေမှာ က ဂျီပီအက်စ်တွေပါတော့ ကိုယ်ဘယ်သွားမလဲ သိသာပါတယ်။ မကောင်းတာတခုကတော့ လမ်းမ ဆိုင်းဘုတ်တွေမှာ အီး လိုရေးမထားတာပါပဲ။ အများစု က ကိုရီးယား လိုရေးထားတယ် နောက် တရုတ် (ခန်းဂျီး) ထင်ပါတယ် ရေးထားတာတွေ့တယ် အထင်ကရ လမ်းမတွေဆိုရင်ပေါ့ နောက် ဘူတာရုံနာမည်တွေလဲ ခန်းဂျီးပါတယ် ကိုယ့်အတွက်တော့ နည်းနည်း ပိုအဆင်ပြေပေမယ့် အများစု အတွက် ယူဆာ ဖရင်းလီး မဖြစ်ဘူး။ ယိုးဒယား ဆိုရင် လမ်းမတိုင်းမှာ နာမည် ကို အီးလိုလဲ ရေးပေးတယ်။ ပိုအဆင်ပြေတာပေါ့။

လေဆိပ်ကနေ ကိုရီးယား လူမျိုးတွေ ရဲ့နည်းပညာ နဲ့ ဆောက်လုပ်ထားတယ် လို့သူတို့ တွေဂုဏ်ယူကြတဲ့ နှစ်ထပ် တံတား ကို ဖြတ်လိုက်ရင် မြို့ထဲဘက်ကို ရောက်ပါတယ်။ မြို့ထဲ ရောက်တော့ သူငယ်ချင်း တွေဟိုတယ် ချက်ကင်ဝင်တာတွေလိုက်ကြည့်ပေး။ နောက်တော့ ကိုယ့် ဟိုတယ် က ညီလာခံ ကျင်းပမယ့် BEXCO (Busan Exhibition and Convention Center) နဲ့ ဝေးနေတော့ ဟိုတယ် ပြောင်းဖို့ လုပ်ပါတယ်။ အဲ့မှာ ဟိုတယ်တွေကို ဒီကနေ မသွားခင်ကတည်းက ဘွခ်ထားကြတာလေ။ အဲ့တာကို cancellation penalty က ၁၀၀% အပြည့်ဆိုပါတယ်။ ဘယ်ရမလဲ ကိုယ်က တီချမ်းပဲ ရန်ဖြစ်တာပေါ့။ မရပါဘူး။ အမှန်က ညီလာခံ ကိုမှီပြီး လုပ်စားကြတာပါ။ အဲ့တာနဲ့မရ အရ ပြောပစ်တာပဲ။ ငါက နိုင်ငံတကာလှည့်လာတာ ဒီလို စည်းကမ်း တခါမှ မကြားဘူးဘူးလို့။ cancel လုပ်ရင် fee ပေးရမယ်ဆိုတာ လက်ခံတယ် ၁၀၀% ကိုလက်မခံတာ။ အဲ့တာနဲ့ နောက်ဆုံးတော့ ရသွားရော။ ဘယ်ရမလဲ ငါကွ ရွှေ မြန်မာ။ သူတို့ကတော့ တော်တော်သောက်ညင်ကပ်ကြမယ်။

ကိုယ် ပထမ နေတဲ့ နေရာက ဘူဆန်မြို့ ရဲ့ တရုတ်တန်းလိုနေရာပါ Haeundae လို့ ခေါ်တယ်။ တရုတ်လိုဆိုရင် ဟိုင်ယွင်ထိုင် ပေါ့ တိမ်နဲ့ပင်လယ် လို့အမည်ရတာပေါ့။ ဒီနာမည်နဲ့ပဲ ကိုရီးယား ရုပ်ရှင် တကားလဲ ရှိပါသေးတယ် ဆူနာမီ အကြောင်းရိုက်ထားတာပါ။ ကြည့်ကောင်းပါတယ်။

နောက်တော့ ဟိုတယ် ကို ချက်ကင် ဝင်ပြီး အထုပ်ချပြီးတာနဲ့ တညလုံး မအိပ်ခဲ့ရတာတွေအတိုးချပြီး အိပ်လိုက်တာ ဒေသ စံတော်ချိန် (မြန်မာထက် ၂ နာရီ ခွဲနောက်ကျပြီး ဘန်ကောက် ထက် ၂ နာရီနောက်ကျပါတယ်) ည ၁၀ နာရီ မှာ ပြန်နိုးလာပါတယ်။ အဲ့တာနဲ့ ဟိုဟိုဒီဒီလျောက် ဓါတ်ပုံလေး ဘာလေးရိုက်ပြီးတော့ ပြန်လာတာပါပဲ။

Hello Kitty ပုံလေးနဲ့ က ကိုယ်တည်းတဲ့ ဟော်တယ်ပါ။ Haeundae Riviera Hotel လို့ ခေါ်ပါတယ်။ တည ကို ဝေါင် ၈သောင်း ၉ ထောင်ကျပါတယ် မနက်စာ မပါပါဘူး။ အကြမ်းဖျင်း ဒေါ်လာ ၉၀ ပေါ့။ အောက်က ၈ ထပ်လုံးက ရှော့ပင်း စင်တာပါ ဟော်တယ် က ၉ ထပ်ကနေမှ စပါတယ်။ ဘေးပုံက ဘေးပတ်ဝန်းကျင် တဝိုက်ကပုံတွေပါ။ လျောက်သွား လျောက်ရိုက်ပေါ့။

ကမ်းခြေ က လမ်းလျောက်သွားရင် မိနစ်ပိုင်းနဲ့ ရောက်တယ် ၂ ဘလောက် လောက်လျောက်လိုက်ရုံပဲ။ အလယ်ကပုံက စားပွဲချပြီး အရက်စပ်ရောင်းနေတာပါ။ ကက်ဆက် အကြီးကြီး ကို ဝူဖာ နဲ့ ဖွင့်ထားပါတယ်။ သူနားတဝိုက်ကလေး ကို ကလပ်လေးလိုဖြစ်နေတာ။ အရက်က ထိုင်သောက်လို့ မရပါဘူး။ ပါဆယ်ပါ။ ဘေးကပုံက Haeundae market street ပါ။ အဓိက ကတော့ ပင်လယ်စာ စားသောက်ဆိုင် အများစု နဲ့သစ်သီးဆိုင်တွေ နောက် ကင်ချီတွေ နဲ့ စားတဲ့ ရေညှိ လိုဟာမျိုး စုံတွေ့တယ်။ အဓိက ကတော့ အစားအသောက်တန်းပေါ့။ ၁၉ လမ်း နဲ့ တောင်ဆင်သေးတယ်။

ဟိုလျောက်ဒီလျောက် ခြေညောင်းတော့ ထိုင်စားဖို့ ဝင်လိုက်တာပါ။ လူတွေအများကြီး ဝိုင်းအုံစားနေတဲ့ တုတ်ထိုးလို ဆိုင်ပါ။ နောက်တော့ မှ မြန်မာပြည်က မြဝတီ မြန်မာ့ အသံကပြသမျှ ကိုရီးယားကား အကုန် မလွတ်အောင် ကြည့်ပြီး တတိယလှိုင်း အဆိပ်တွေတော်တော်တက်နေတဲ့ သူငယ်ချင်းပြောပြမှ အဲ့တာ ကို တာဘူကီး လို့ ခေါ်မှန်း သိရပါတယ်။ နောက် ဘေးက မဲမဲလေးတွေက အမဲအူ ထဲကို ကောက်ညှင်းဆန်ကို အမဲသွေးနဲ့ နယ်ပြီး ပြန်အစားသွပ်ထားတာပါ။ ဘေးကတော့ အမဲ အူမ ဘာညာ ပေါ့။ အဆုတ် နှလုံး အူစတာတွေ လဲတွေ့တယ်။

နောက် ဘေးက တန်ပူရာ ပွဲက ကမ်ဘွခ် လို့ ခေါ်တဲ့ ရေညှိ ထမင်းလိပ် ကို တမ်ပူရာ နဲ့ ကြော်တာ၊ ပုစွန် တမ်ပူရာ။ ငရုတ်သီး ထဲမှာ ပဲကြာဇံ အစာသွပ်ကြော်။ တမ်ပူရာရှေ့ က ထမင်းလိပ်နဲ့ တို့ စားဖို့ဆော့ ဘေးက နီနီ က ပဲငပိ လိုဆော့ နောက် ကြက်သွန်နီတွေ ကို အတုံးလေးတွေ လှီး ပေးပြီး တို့ စားတာ။ ကောင်းတယ်။ ချိုနေတာပဲ။ ကိုယ်က ကြက်သွန်နီ မကြိုက်တာတောင် စားဖြစ်တယ်။ နောက် ဘေးက တူတင်ထားတာက ယွန်းခွက်လေး ရှေ့ က ချင်ခွက်လိုလို က ခုနက အမဲအူတွေ ပဲလိပ်တွေ ကို ပြုတ်ထားတဲ့ ဟင်းရည်။ ယွန်းခွက်လေးနဲ့ သောက်ရတာ။ နောက် ကမ်ချီလဲ ပေးတယ်။

A Chen
9:19 PM
3rd Sept 2011
Saturday
Home
Bangkok