ကျားစကား = ပျားစကား

မနေ့က New York i love u….ဆိုတဲ့ ရုပ်ရှင် ကို ပြန်ကြည့်ဖြစ်ပါတယ်။ အဲ့မှာ အီသန်ဟော့ခ် က မက်ဂီ ခရူး ကို ဆေးလိပ်သောက်နေတုံး ပြောတဲ့ အခန်း ကို ကြည့်ပြီး ယောက်ျားတွေအကြောင်း တွေးမိတာပါ။ သူပြောတဲ့ စကားတွေကတော့ စာဘတ်သူတွေအတွက် ဆင်ဆာပါတဲ့ အတွက် တီချမ်း အတွေး တွေပဲ အသားပေးရေးပါမယ်။

လောကမှာ ပျားသကာလိုချိုတဲ့ စကားမပြောတတ်တဲ့ ယောက်ျား ရယ်လို့ရှိပါသလား?

တချို့ယောက်ျားတွေဆို အချစ်ဇာတ်လမ်းတွေကို ခဏခဏ လုပ်တတ်လွန်လို့စကားချိုချိုပြောတယ်ဆိုတာ သူတို့အတွက် ထမင်းစား ရေသောက်။ တခါတခါများ အတန်းထဲမှာ သူငယ်ချင်းတွေ ကြားမှာ ရည်းစားစာရေးနည်း သင်ပေးတာ၊ စကားလိုက်ပြောနည်း သင်ပေးတာ စသဖြင့် ဂုရုကြီးတွေကိုဖြစ်နေတဲ့ ယောက်ျားတွေ ရှိတတ်ပါတယ်။

အဲ့တော့ တီချမ်းကလဲ သမီးတွေအတွက် self defense mechanism လို့ခေါ်တဲ့ မိမိကိုယ်ကို ကာကွယ်စောင့်ရှောက် နားမယောင်မိအောင် နည်းလမ်းလေးတွေ ပြောပြချင်ပါတယ်။

ယောက်ျားတွေ တော်တော်များများဟာ အရွယ်ကလေး စရောက်တာနဲ့ မိန်းကလေးတွေကို စာလိုက်ပေး စကားလိုက်ပြော မဟုတ်ရင်လဲ ကိုယ်တိုင်အတွေ့အကြုံမရှိတဲ့သူတွေကတောင်မှ သူငယ်ချင်းတွေ နဲ့ လက်ဘက်ရည်ဆိုင်ထိုင်ရင် ပြန်ပြောတဲ့ စကားတွေကြား စတာတွေကြောင့် နားရည်ဝ ပြီး မတတ်ဘူးဆိုတဲ့ ယောက်ျားလေးတောင် အနည်းဆုံးတော့ ကြမ်းပိုး ကို လိပ်ဖြစ်အောင် ပြောနိုင်ပါတယ်။
သူတို့ တွေက တွေ့ခါစ မိန်းကလေးတွေ ခင်ခါစ မိန်းကလေးတွေကို စကားစပြောတဲ့ အခါ ဒီလိုပြောလေ့ရှိပါတယ်။

“ကိုယ့်ဘဝမှာ မိန်းမတွေအများကြီး ကြုံတွေ့ခဲ့ဖူးတယ်၊ ဒါပေမယ့်….တခါမှ တယောက်ကို မှကိုယ်ဒီလောက် အထိ မချစ်ခဲ့ဘူးဘူး”

အပြောခံရတဲ့ မိန်းကလေးမှာတော့ အတွေ့အကြုံသာ မရှိရင် ဆွတ်ပျံ့ ကြည်နူးပြီး မျက်ရည်တွေတောင် ဝိုင်းလောက်တယ်။ (အကြည်တော်သာဆိုရင်တော့ မျက်ရည်တွေဘူးသီးလုံးလောက်လို့ ရေးပါလိမ့်မယ်)

ထားတော့ ဒါက တကဒ်ပေါ့။

နောက် တနှစ်လောက် ကြာတဲ့ အခါကျတော့ အဲ့ဒီ ယောက်ျားကပဲ အဲ့ဒီ မိန်းမယောက်ထဲကိုပဲ ဘယ်လို ထပ်ပြောနိုင်သေးလဲ ဆိုတော့…..

“မင်းဟာ ငါတွေ့ ဘူးသမျှ မိန်းမတွေထဲမှာ ပစိပစပ် အများဆုံး မိန်းမပဲ” ဒါမှမဟုတ်….
“မင်းဟာ ငါတွေ့ဘူးသမျှ မိန်းမတွေထဲမှာ စိတ်ပျက်စရာ အကောင်းဆုံး မိန်းမပဲ” လို့ ဖြစ်နိုင်ပါတယ်။ မယုံမရှိပါနဲ့။ တကယ်ပါ။
ထားတော့ ဒါကတော့ နောက်တကဒ်ပေါ့နော်။

အဲ့တော့ အဲ့လို မာယာများတတ်တဲ့ မောင်တို့ ယောက်ျားတွေကို ရင်ဆိုင်နိုင်ဖို့အတွက် ကိုယ်တို့မိန်းမတွေ ဘာတွေသိထားဖို့ လိုလဲ ဆိုတာ ကိုယ်တို့ မိန်းမထု အတွက် ပါရာဒိုင်းအပြောင်းအလဲလောက်ကို အရေးကြီးတဲ့ မေးခွန်း တခု ဖြစ်လာပါတယ်။
(မှတ်ထားကွ ကိုယ်လဲ ပါရာဒိုင်းတွေဘာတွေရေးတတ်ပါတယ်) တကဒ်….

တကယ်လို့ ယောက်ျားတယောက်ကများ ကိုယ့်ကို ……

“တကယ်ပါ ကိုယ်နောက်ထပ် ဘယ်မိန်းမတယောက်ကိုမှ ထပ်ချစ်မိမှာ မဟုတ်ဘူး” လို့ပြောလာရင် ကိုယ်တို့ မိန်းမတွေ နားလည်ရမှာက ……

သူပြောချင်တာက “လတ်တလော” ”လောလောဆယ်” “ခုချက်ချင်း” စတဲ့စကားစပ်တွေနဲ့ နောက် မိန်းမတယောက်ကို ချစ်မှာ မဟုတ်သေးဘူးလို့ ပြောနေတာပါလား လို့ သဘောပေါက်ရပါမယ်။

တကယ်လို့ယောက်ျားတယောက်က “ကိုယ့်တဘဝလုံး မိန်းမ တယောက်ထဲ ကိုပဲ ချစ်ဘူးတယ်” လို့ပြောရင် အော်…..သူက အမေ ကို တော်တော်ချစ်တဲ့ သားပါလား လို့ သဘောပေါက်ရမယ်။

ယောက်ျား တယောက်ယောက်ကများ ကိုယ့်ကို “ကိုယ် မင်းကို တသက်လုံး စောင့်ရှောက်ပါရစေ” လို့ ပြောလာရင်တော့ “သတိ”ဆွဲပါ။

ဘာလို့လဲဆိုတော့ သူတို့ ရဲ့စောင့်ရှောက်မှုတွေ က များသောအားဖြင့် ကိုယ်တွေက …..

သူတို့ အတွက် အိမ်ထောင်မှု ထိန်းသိမ်းပေးတာ၊ ထမင်းဟင်းချက်ပြုတ်ကျွေးမွေတာ၊ စီးတဲ့ရေတွေဆည်ပေးတာ၊ သူ့ အိမ်သားတွေနဲ့ သူနဲ့ ရတဲ့ ကလေးတွေကို ပြုစုပျိုးထောင်စောင့်ရှောက်ပေးတာတွေ နဲ့ အဆုံးသတ် တတ်လို့ပါ။ သိပ်အရေးကြီးတယ် ဒီအချက်။

ယောက်ျားတွေ ရဲ့ ချိုသကာ ပျားစကားတွေ က သိပ်ပလီပလာ အတည်အတာ ပျစ်ချွဲ ချိုခဲ နေတတ်ပါတယ်။ ဒါပေမယ့် တချိန်ထဲမှာလဲ ယောက်ျားတွေ ရဲ့ ကတိတွေဟာ များသော အားဖြင့် လေထုထဲမှာ မှေးမှိန်ပျောက်ကွယ် သွားလွယ်လောက်အအောင် ပေါ့သွမ်း တယ် ဆိုတာလဲ သတိမူမိဖို့ လိုပါတယ်။ သူတို့ စကားတွေကတိတွေဟာ အကုန်လုံး လိုလို ပြောလွယ်တယ် မေ့လွယ်တယ်။

ဒီလိုစကားတွေကို အချစ်မှာ ဝေမူးမှိုင်းမှုန်နေတဲ့ ဦးနှောက်မဲ့ မိန်းမတွေသာ ယုံတတ်တာကလား။

ဒါပေမယ့်လဲ အွန်ကွန်ထရာရီ…..အချစ်နဲ့ တွေ့ရင် မမူးတဲ့ မှိုင်းမမိတဲ့ မိန်းမရယ်လို့ ကော လောကကြီးမှာ ကြားဖူးပါသလား…..မိန်းမတွေဟာ ဦးနှောက်မပါရင် ဟိုဟာပါ စားမယ် ဆိုတာ ရှေးလူကြီးတွေပြောခဲ့တဲ့ စကား အလကားမဟုတ်ဘူးနော်။ တကယ်လဲ မိန်းမ အများစု တခါတခါ ကိုယ်တွေ ကို ငါဟဲ့ မိန်းမထက် လို့ ထင်တလုံးနဲ့နေနေတဲ့ မိန်းမတွေတောင် အချစ်နဲ့ တွေ့ရင် တခါတည်း မူးပြီး လည်ထွက်သွားရင် ပိုခက်တတ်တာ အများကြီးကြားဖူး ကြုံဖူး တွေ့ဖူးတယ်လေနော်။

အဲ့တော့ ကါန်ကလူးရှင်း ရရင် ယောက်ျားတွေ ရဲ့ ချိုသကာ ပျားစကား တွေ က အခါချိန်ထိ အလုပ်ဖြစ်နေတာ ကိုယ်တို့ မိန်းမတွေ ညံ့နေသေးလို့ ပဲပေါ့။

ကဲ နန်းမတော် မိမိချမ်းတယောက်ကတော့ ငါဟဲ့ အဆိုးမြင် မကြီးဆိုပြီးသကာလ ရုံးမှာ အားနေတော့ မနေ့ညက တခါပြန် ကြည့်တဲ့ ရုပ်ရှင် ကို ပြန်မြင်ယောင်ပြီး ဦးခေါင်း ကို အလုပ်ပေး လက်ကလိုက်ရေးနဲ့ ရေးတော့ ရေးလိုက်ပြန်ပြီ မစဉ်းစား မဆင်ခြင်ဘဲ ကောင်းတာ ယူတတ်ရင်တော့ အကျိုးရှိမှာပေါ့။

A Chen
1:13 PM
29th July 2011
Friday
Bangkok

ဧရာဝတီ နာနေရှာပြီ……

@font-face { font-family: “Cambria Math”; }@font-face { font-family: “Cambria”; }@font-face { font-family: “Zawgyi-One”; }@font-face { font-family: “MS Mincho”; }p.MsoNormal, li.MsoNormal, div.MsoNormal { margin: 0in 0in 0.0001pt; font-size: 12pt; font-family: Cambria; }a:link, span.MsoHyperlink { color: blue; text-decoration: underline; }a:visited, span.MsoHyperlinkFollowed { color: purple; text-decoration: underline; }span.d { }.MsoChpDefault { font-size: 10pt; font-family: Cambria; }div.WordSection1 { page: WordSection1; }

China’s assessment calls for Burma’s Myitsone Dam to be scrapped

မြစ်ဆုံရေကာတာ ဆောက်လုပ်ရေး လုပ်ငန်းကို “လုံးဝ” ပယ်ဖျက်ရန်အတွက် မြန်မာ့မြစ်ဆုံ ရေကာတာဆန်းစစ်ချက်က တရုတ်ပြည်ကို တောင်းဆိုခြင်း

China Power Investment Corporation is forging ahead with its controversial Myitsone dam in northern Burma despite its own assessment calling for the project to be cancelled.

တရုတ်ပြည်၊ တရုတ်စွမ်းအင် ရင်းနှီးမြုပ်နှံရေး (CPI) ကော်ပိုရေးရှင်းက ၄င်း အဖွဲ့ ကိုယ်တိုင် ပြုလုပ်ထားတဲ့ ဆန်းစစ်မှုတွေမှ မြန်မာပြည် မြောက်ပိုင်းမှာ ဆောက်လုပ်နေတဲ့ မြစ်ဆုံ ရေကာ တာ စီမံကိန်းကို ဆောက်လုပ်မှုများ ရပ်ဆိုင်းသင့်ကြောင်း တောင်းဆိုမှုတွေကို လစ်လျှူရှုပြီး အစွမ်းကုန်အောင်မြင်အောင် ဆက်လက်လုပ်ဆောင်နေပါတယ်။

The 945-page “environmental impact assessment,” fully funded by China’s CPI Corporation and conducted by a team of Burmese and Chinese scientists, recommends that the Irrawaddy Myitsone Dam not proceed. “There is no need for such a big dam to be constructed at the confluence of the Irrawaddy River” says the assessment.

၎င်း စီပီအိုင် ကော်ပိုရေးရှင်း အဖွဲ့ရဲ့ ရာနှုန်းပြည့် ငွေကြေးစိုက်ထုတ်မှု နဲ့ တရုတ်၊ မြန်မာ သိပ္ဗံ ပညာရှင်များက “သဘာဝ ပတ်ဝန်းကျင် အပေါ် သက်ရောက်မှုဆိုင်ရာ လေ့လာ ဆန်းစစ်ချက်” တရပ်လုပ်ခဲ့ပါတယ်။ စာမျက်နာ ၉၄၅ မျက်နှာ ရှိတဲ့ ၄င်း လေ့လာ ဆန်းစစ်ချက်က ဧရာဝတီ မြစ်ဆုံရေကာတာစီမံကိန်းကို ဆက်လက်ဆောက်လုပ်ခြင်းများ ရပ်တန့် ရန် အကြံပြုထား ပါ တယ်။ “ဧရာဝတီ မြစ်ရဲ့ မြစ်ဆုံမှာ အဲ့လောက်ကြီးမားတဲ့ ရေကာတာ ဆောက်လုပ်ရန် မလို အပ်ကြောင်း” လဲ ၄င်း လေ့လာဆန်းစစ်မှုက ဆိုပါသေးတယ်။

CPI is planning to build and operate seven mega dams on the Irrawaddy and its tributaries. According to the assessment the dams will impact millions that depend on the river and threaten biodiverse ecosystems: “The fragmentation of the Irrawaddy River by a series of dams will have serious social and environmental problems not only at upstream of dams but also very far downstream to the coastal area.”

ဧရာဝတီမြစ် နဲ့ ၄င်း ရဲ့ မြစ်လက်တက်တွေမှာ ကြီးမားတဲ့ ရေကာတာကြီး ၇ ခုကို ဆောက်လုပ် မောင်းနှင်ဖို့ စီပီအိုင်က စီစဉ်နေပါတယ်။ လေ့လာဆန်းစစ်ချက်များအရကတော့ အဲ့သည် ရေ ကာတာတွေကိုဆောက်လုပ်အသုံးပြုခဲ့ရင် မြစ်ကို မှီတင်းနေထိုင်ကြတဲ့ သန်းချီတဲ့ လူတွေ အ ပေါ်မှာ သာမက သတ္တဂေဟစနစ်တွေ အပေါ်မှာပါ ခြိမ်းခြောက်မှုတွေ ရှိလာမှာဖြစ်ပါတယ်။

“မြစ်ကို ပိုင်းဖြတ်ပြီး ရေကာတာတွေ အစဉ်လိုက်ဆောက်လုပ်ခြင်းအားဖြင့် မြစ်အထက်ပိုင်း ရေကာတာဆောက်လုပ်ရာ နေရာများမှာသာမက မြစ်အောက်ဆုံးပိုင်းဖြစ်တဲ့ မြစ်ဝကျွန်းပေါ် နဲ့ ပင်လယ်ကမ်းရိုးတန်း ဒေသတွေမှာပါ ပြင်းထန်တဲ့ လူမှုရေး နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ ပြဿနာများဖြစ်ပေါ် သက်ရောက်မှုရှိမှာဖြစ်ပါတယ်။

Last month fighting broke out between the Kachin Independence Organization and the Burma Army near China’s Dapein Dams, also in Burma’s northern Kachin State. An estimated 30,000 people have been displaced.

ပြီးခဲ့တဲ့လက တာပိုင် (Dapein) တရုတ် ရေကာတာအနီး နဲ့ မြန်မာပြည်မြောက်ပိုင်း ကချင် ပြည်နယ်မှာ ကချင်လွတ်လပ်ရေးအဖွဲ့ နဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ခန့်မှန်းခြေ လူ ၃ သောင်းခန့် နေရာပြောင်းရွေ့ ပေးခဲ့ရပါတယ်။

Mega dams in Kachin State and Burma are deeply unpopular and numerous appeals to Chinese companies and government to stop the dams have gone unanswered. CPI’s own assessment warned, “the majority of local races oppose construction of the dams” and called for consultation with and consent of affected peoples.

မြန်မာပြည်တွင်း နှင့် ကချင်ပြည်နယ်မှာ တည်ဆောက်နေတဲ့ ရေကာတာကြီးများနဲ့ပတ်သက် ပြီး လူအများ မကျေနပ်ချက်များကြောင့် ရေကာတာ ဆောက်လုပ်ရေးလုပ်ငန်းတွေကို ရပ်တန့် ပစ်ဖို့အတွက် တရုတ်ကုမ္ဗဏီ နဲ့ အစိုးရဆီ တောင်းဆိုထားမှုတွေဟာလဲ အခုချိန်ထိ အကြောင်း ပြန်ချက် တစုံတရာ မရရှိသေးဘဲဖြစ်နေပါတယ်။ စီပီအိုင် ကုမ္ဗဏီ ကိုယ်တိုင်က ပြုလုပ်ခဲ့တဲ့ ဆန်းစစ်ချက်ကလဲ “ဒေသတွင်း မှီတင်းနေထိုင်နေကြတဲ့ တိုင်းရင်းသားအများစုက ရေကာတာ ဆောက်လုပ်ခြင်း ကို ဆန့်ကျင်ကြကြောင်း” ဖော်ပြပါရှိပြီး၊ ဆောက်လုပ်ရေးကြောင့် ထိခိုက် နစ်နာမယ့်သူများရဲ့ သဘောထား နဲ့ ခွင့်ပြုချက်တွေကို ရယူဖို့ သတိပေးထားပါတယ်။

Although finished in late 2009, the assessment has never been made public.

လေ့လာဆန်းစစ်မှုများအားလုံးဟာ ၂၀၀၉ ခုနှစ်မှာ ပြီးဆုံးခဲ့ပေမယ့် စစ်တမ်း ကိုတော့ လူထု နဲ့ အများစု သိအောင် ကြောညာ ထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။

“Chinese companies are increasing their investments in Burma yet they are not following their own standards” said Sai Sai, coordinator of the Burma Rivers Network. “While CPI Corporation is hiding its assessment from the people of Burma, construction of the dams is speeding ahead.”

“တရုတ်ကုမ္ဗဏီအများစုဟာ မြန်မာပြည်တွင်းမှာ ရင်းနှီးမြုပ်နှံမှုတွေ ပိုမိုတိုးချဲ့ လုပ်ဆောင်လာ ခဲ့ကြပေမယ့် သူတို့ကုမ္ဗဏီရဲ့ ကိုယ်ပိုင် စံတွေကို လိုက်နာကျင့်သုံးမှု မရှိနေကြသေးပါဘူး” လို့ မြန်မာမြစ်ကြောင်းများ ကွန်ယက် ညှိနှိုင်းရေး အရာရှိ ကိုစိုင်းစိုင်း က ပြောပါတယ်။ စီပီအိုင် ကော်ပိုရေးရှင်းက မြန်မာပြည်သူတွေအပေါ် လေ့လာချက်စစ်တမ်းကို ဖုံးကွယ်ထားပြီး ရေ ကာတာ ဆောက်လုပ်ရေးတွေကိုလဲ မြန်နှုန်းမြှင့်ပြီး လုပ်ဆောင်လျက်ရှိနေပါတယ်။

The study also recommends a full social impact assessment be conducted along the length of the whole river but this has not happened.

လေ့လာချက်စစ်တမ်းမှာ နောက်တချက်အနေနဲ့ မြစ်ကြောင်းတလျောက် လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုတွေအတွက် ပြည့်ပြည့်ဝဝ လေ့လာဖို့ အကြံပြုထားပေမယ့် လုပ်ဆောင် ခြင်းမရှိသေးပါဘူး။

ဆက်သွယ်ရန်

စိုင်းစိုင်း

(+ ၆၆) ၈၈၄၁၅၄၃၈၆

အနန်

(+၆၆) ၈၄၈၈၅၄၁၅၄

လေ့လာချက်စစ်တမ်း အပြည့်အစုံ ကိုဘတ်ရှုရန်အတွက်

www.burmariversnetwork.org

မှတ်ချက်။
မြန်မာပြည်က ဆရာမဂျူး တို့ ဆရာအောင်သင်းတို့ နဲ့အတူတူ အရင်က အလုပ်လုပ်တဲ့ ဆရာတွေ လုပ်နေကြတဲ့ ပရောဂျက်လေးတွေပါ။ တီက ဘာသာပြန်ပေးတာ ကူပေးတာပါ။ အရင် တီရေးခဲ့ဘူးတဲ့ ဧရာဝတီ ဆိုတဲ့ ကဗျာ မြန်မာလို အင်္ဂလိပ်လို ကိုတောင် သတိရမိသေးတော့တယ်။ နောက်ဆို ကိုယ်တို့ ဧရာဝတီ ကို မေခ မေလိခ ကနေ လာတယ်လို့ ပြောရင် နောက် ဂျင်နရေးရှင်းက ကလေးတွေယုံမှာ မဟုတ်ဘူး။

တီတီ့ စာအုပ်စင်

ဘန်ကောက် ကီနိုကုနိယ က ၂၀ ရက်နေ့ကနေစပြီး စာအုပ်တွေ ဈေးချပါတယ် သြဂုတ်လ ၂ ရက်နေ့ ထိ ချမယ် ပြောပါတယ် ဖြစ်ချင်တော့ ကိုယ်က ဈေးစချတဲ့ နေ့ က ရောက်သွားပါတယ် သူငယ်ချင်း နဲ့ ကိုယ် နှစ်ယောက် ပေါင်းပြီး တော်တော်ဝယ်ဖြစ်ပါတယ် တနေ့ က ပိုစ့် ထင်ပြီးပါပြီ နောက်နေ့ ကျတော့ မကျေနပ်သေးတာနဲ့ ထပ်သွားပါသေးတယ် တော်တော်ကို ချတာပါ ကြေငြာထားတာကတော့ အပ်တူ ၇၀% ထိ လို့ ဆိုပါတယ် တကယ်က မကဘူးထင်ပါတယ် ဝတ္ထုတွေဆို ဘတ် ၅၀ ပဲ မြန်မာငွေနဲ့ တွက်ရင်တောင်တန်ပါတယ် မြန်မာစာအုပ်ထက်ကို ဈေးပေါတယ် စာရွက်အသားကောင်းတယ် ကျန်တာကတော့ ပြောစရာမရှိ ဒီလိုမျိုးက ကြုံခဲ့တယ် တနှစ်မှ တခါ ပဲထင်တယ် ကိုယ်ကတော့ ဒီမှာနေတာ ၃ နှစ်ရှိပြီ ထားတော့ အရင်ကလဲ ဝယ်ပါတယ် အရင်က ဘတ် ၃၀၀၀ ဖိုး ဝယ်ရင် ၄ ၅ အုပ်လောက်ပဲ ရတာ ခု က ဘတ် ၃၀၀၀ ဖိုး ဝယ်ရင် အုပ် ၂၀ လောက်ရတယ် ဆိုတော့ ဘယ်ပြောကောင်းမလဲအန်တီချမ်းတို့ နှစ်ရက်ရှိပြီ ရောက်တာ တခါ ကို ၅ နာရီထက်မနည်းပဲ ခြေထောက်တောင့်နေအောင် ရပ်ပြီး ကြည့်တာနော်…သူက တကယ်တော့ ရောင်းမကောင်းတဲ့ စာအုပ်တွေ ချတာပါ နာမည်ကြီး စာရေးဆရာတွေမပါဘူး ဥပမာ ဟယ်ရီပေါ်တာတို့ တွိုင့်လိုက် တို့ မပါဘူး ဂေါ့ဇစ်ပ်ဂဲလ် လဲ မပါဘူး ကိုယ်လိုချင်တာတွေပြောနေတာ သို့သော် သူက အမျိုးအစားစုံချတယ် တရုတ်စာအုပ်တွေလဲပါတယ် နည်းနည်း ဝယ်ခဲ့တယ် ဆေးစာအုပ် လီဒါးရှပ် ဘီးဇိနက် အို အကုန်အကုန် ကာတွန်းတွေလဲ ချတယ် သူရဲစာအုပ်တွေကော ဝယ်ကောင်းကောင်းနဲ့အသေဝဝယ်တာပဲ နောက်နေ့ ထပ်သွားအုံးမယ်လဲမှန်းပါတယ် ကိုယ်ကလဲ စာအုပ်သရဲလေ…..နင်နဲ့ငါ လယ်ပြင်မှာတွေ့ကြပြီပေါ့ ကီနိုကုနိယ ရယ် ညှင်းညှင်းညှင်း ဆိုပြီး ပါရာဂွမ်ထဲမဝင်ခင် ကိုယ်ပျောက်ဝိဇ္ဇာ ဓါးသမား ပုံစံ နဲ့ ကျူးရင့်ပါသေးတယ် မြင်ယောင်သာကြည့်ကြပေတော့ ပြီးတာနဲ့ ပိုက်ဆံအိတ်ထဲ ကခရက်ဒစ်ကဒ် ကို လက်နက်ပုန်း ထုတ်သလို ရွှတ်ခနဲထုတ်ပြီး သကလာ ဝှစ်ဝှစ်ဝှစ် ဆိုပြီး တက်သွားပါတော့တယ်……

ထားတော့ အဲ့တာနဲ့ ဘလာဘလာဘလာ တွေကိုကျော်လိုက်ရင် အောက်က ပုံတွေရောက်တာပဲ ဒီပိုစ့်တင်ရတဲ့ နောက်ကွယ်က အတွေးအခေါ်က ဒီလိုပါ….ဝယ်လာတဲ့ စာအုပ်တွေကို ကြွား အဲလေ ပိုစ့် တခု အဖြစ် တင်ထားရင် ကောင်းမယ် ဆိုပြီး ဓါတ်ပုံ ရိုက် ပိုစ့်တင် သေချာ ကြွား အဲလေ စကားက ခဏခဏ မှားတယ် ….သေချာ ပြန်စုထားတဲ့ သဘောပါ
ကြည့်ကြပေတော့ သွားရည်တွေဘာတွေကျတတ်ရင် သွားရည်ခံလေးပါလေး ယူထားကြ ငှဲငှဲငှဲ

ကြွားတာ အဲလေ….ရှယ်တာ အားမရလို့ မြန်မာပြည်က သူငယ်ချင်းတွေကိုတောင် ပီဒီအက်ဖ် နဲ့ မေးလ် ပို့တော့ တယောက်က သတ်ချင်တယ် ပြောပါတယ် မေတ္တာထားကြတယ်လေ ငှဲငှဲငှဲ….

ကဲ ကြိုက်သလောက်သာ သဘောရှိ ဂလောဟိ ကြည့်ကြပေတော့ ….

အော် အရေးကြီးတာ မေ့နေတယ် ပြောဖို့ ဒေါ်ရီတာ ကို အားကျလို့ပါ

“စာအုပ်များ ကို လုံးဝ လုံးဝ လုံးဝ ငှားမည်မဟုတ်ပါ”

သူ့ပိုစ့် ကို ဘတ်ပြီးတော့ အကြံပေါ်တာဆိုတော့ ကိုယ့် အပြစ်မဟုတ် မေတ္တာပို့ချင်ကြရင် အဲ့လို အကြံကောင်းရအောင် ပေးတဲ့ ဒေါ်ရီတာ ကိုသာ ပို့ ကြပေတော့ ……..

for soe….(not for show)

ဆိုးတယ် စိုးရယ်…

စိုးကိုချစ်မိတော့လဲ
စိုးမသိမှာ စိုးမိတယ်

စိုးကို ငြိမိတော့လဲ
စိုးမထိမှာ စိုးမိတယ်

စိုးကို တိုးချစ်မိဖို့
တိုးတထိတ်ထိတ် ရဲဝံ့တယ်

စိုးကို တမ်းတမိလို့
စိုးတဲ့စိတ်မှာ နွမ်းလျတယ်

စိုးကို လွမ်းဆွတ်မိလို့
တိုးငြိစိတ်မှာ ဆိုးလွန်းတယ်

အနေဝေးတော့လဲ
အတွေ့ကိုတောင် မသိနိုင်တာမို့
စိုးကို လွမ်းတာ
တမ်းတာ
ဆိုးတယ် စိုးရယ်

A Chen
10:38 PM
Wednesday
20th July 2011
Home
Bangkok

စိုးအတွက် တီ့ အချစ်စစ်စစ်များ….

ဝက်သားယောင်….ဝက်ခေါင်းသုပ်….ဝက်နံရိုး….ဝက်ဆီပျံ

မနေ့ညက ချက်စားကြတဲ့ ဟင်းတွေပါ တူမတော် မိရောင်ကတောင် လာမေးနေတယ် ဝက်တကောင်လုံး အသုံးချနည်းလားတဲ့ ဆိုပါတော့ ပြောလဲ ပြောချင်စရာ နော် တီချမ်းတို့များ စားလိုက်ရင် အရမ်းချည်းပဲ ဆိုတာလိုပေါ့။ ထားပါတော့။ ပြောရမှာက ပထမဆုံးဟင်းပါ ငါးဖယ် ကိုအုန်းနို့ နဲ့ ချက်တာပါ ဒါက မောင်တို့ တောဘက် အဲလေ ဝေါဘက်ကပေါ့ ပဲခူးတိုင်းထဲက ချက်နည်းလို့ ပြောပါတယ် မောင်ချက်တာပါပဲ။ ကိုယ်တော့ မစားဘူးဘူး ငါးဖယ် ကိုကြော်ပဲ စားတယ် အစာသွပ် နောက် မုန့်ဟင်းခါး တို့ ဘာတို့ ထဲထည့်စား နောက် သုပ်စား အဲ့တာလဲ ကြော်ပဲ အကုန် ကြော် ကိုပဲ ဘေ့စ် လုပ်ပါတယ် ဟင်းချက်ရင် ကိုယ်က မကြိုက်လို့ပါ။ ထားပါတော့…ဒါပေမယ့် ငါးဖယ် ချက်ကို ဘာလို့ ဝက်သားယောင် လို့ခေါ်လဲ တော့ ကိုယ်လဲ မသိပါဘူး ပြောပြီးပြီလေ မောင်တို့ တောဘက် အဲလေ ဝေါဘက်ကပါဆို…..ချက်တာတော့ သိပ်မခက်ပါဘူး လွယ်တယ် ကဲ ကြည့်ကြရအောင်……

ဒါက ရန်ကုန်ကနေ အရင်တပတ်က သူငယ်ချင်း ဦးညီတို့ မဝေ တို့ လင်မယား ယူလာပေးတဲ့ ငါးဖယ် ကြော်ပြီးသားတွေပါ ပထမ မကပ်တဲ့ အိုးနဲ့ ဆီမပါ ပျားမပါ ပြန် အပူပေးပါတယ် ဆီထည့်ချင်တော့ ဆွတ်ရုံ ထည့်လဲ ရပါတယ် ပူရင် ဖောင်းကြွ လာလိမ့်မယ် နောက် ကပ်ကြေးနဲ့ နှစ်ပိုင်းစီ ညှပ်ထားပါ။ ပြီးရင်တော့ တတိယ ပုံက ကြက်သွန်ဖြူ နီ ဆီသတ်နေတာပါ နနွင်းလေး အရောင်တင်မှုန့်လေးထည့်သတ်ပေါ့နော် အရောင်လှအောင်

ဆီသတ်တာမွှေးလာရင် ငါးဖယ် ထည့်လို့ ရပါပြီ ငါးဖယ် ထည့်ပြီး ခဏ ထပ်လုံးပေးပါ ပြီးရင်တော့ အုန်းနို့ ထည့်တဲ့ အဆင်ပေါ့ ဒီမှာတော့ အလွယ်ရတဲ့ အုန်းနို့ ဘူး ကိုပဲ ၇-၁၁ ကနေ ဝယ်ထည့်ပါတယ် ပုံမှာ ကြည့်ပါ မောင်ကတော့ ကိုယ်တို့ အီပြီး မစားနိုင်မစိုးလို့ အုန်းနို့ လျော့ထည့်တယ် ပြောပါတယ် ကြိုက်တတ်ရင်တော့ နှိုင်းချင်းသာထည့်ပါလေ အားနာစရာမှမလိုဘဲနော်….

အုန်းနို့ထည့်ပြီးရင် တခါ ထပ်မွှေးပြီး ဆီပျံလာအောင် လုံးပေးပါ မကပ်အောင်တော့ေ မွှပေးနေပေါ့အေ.. ……ပြီးရင်တော့ ရေ နည်းနည်းထည့် ပြီး ဆီပျံ လာရင်…….

အုန်းနို့ နံ့ သင်းသင်းလေးနဲ့ ငါးဖယ် ဝက်သားယောင် တခွက်ရတာပေါ့နော်………….

ဒါကတော့ တနေ့က ကျန်တဲ့ ဝက်သားဆီပျံ ပါ (အရင်က ချက်နည်းက ဒီမှာပါ ထပ်မရေးတော့ဘူးနော်) ဆိုပြီး လင်ခ့် ထည့်မလို့ လိုက်ရှာတာ… ဟော့တော့ အရင်က ချက်ထားတယ်ထင်ပြီး လင့်ရှာနေတာ ချိတ်ဖို့ မတွေ့ဘူးတော်တို့ရေ လက်စသတ်တေ့ တီချမ်း ဝက်ဆီပျံမတင်ဘူးပါကလားပေါ့နော် အံ့ဖွယ်သုတပဲ အံ့ပါရဲ့အံ့ကြီးမောင်ရယ် လို့ တောင်ပြောရမလိုဖြစ်နေပြီ ကဲကဲ အမြန်ချက်နည်း ကို တဖန်ထပ်ပြီး တင်ရမယ်ဆိုရင်တော့ဖြင့်….ကြက်သွန်ဖြူနီ ဆီသတ် ဝက်သားကိုလုံး ဆားအချိုမှုန့်ထည့် ရေထည့် ဆီပျံ အောင်တည် အပ်ချလောင်းပါပဲ….

ဒါလေးကလဲ သိပ်လွယ်ပါတယ် သိပ်လွယ်ပေမယ့် သိပ်လဲ ကောင်းပါသေးတယ် ဝက်နံရိုး ကီလိုဝက် ကို ရေစင်စင်ဆေး အိုးထဲထည့် တီချမ်း ရဲ့ဟင်းရည်မဟာတည်နည်းအတိုင်း တည်ပါ။ ပြီးရင် မုန်လာဥဖြူ တွေကို ကြိုက်တဲ့ ပုံစံ လှီးပြီး ထည့်ပါ မီးအေးလေးနဲ့ ကြာကြာဆူပါစေ ပြီးတော့ မှ အကုန်နူးရင် ဆား အချိုမှုန့် ကြိုက်သလောက်ထည့်ပါ ပြီးတော့ မှ မြည်းပြီးရင် အိုးချ လို့ ရပါပြီလေနော်

တီ့ အကြိုက်ဆုံး ဟင်းလျာ တမျိုးဖြစ်တဲ့ အသည်းကြော်ပါ ကြော်နည်းက ဒီမှာပါနော်

ကန်စွန်းနဲ့ မှို ပလိန်းပါ ကြော်နည်းက ဒီမှာပါ

ဒါလေးကတော့ ဝက်အာခေါင်နဲ့ နားရွက်သုပ်ပါ ခါတိုင်း တရုတ်သုပ်စားနေတာ များနေတော့ ဒီတခါ မြန်မာသုပ်လုပ်စားပါတယ် ဖြစ်ချင်တော့ ကိုယ်တကယ်စားချင်တာ က ချီးပန်းချဉ် အနီလေးတွေ နဲ့ သုပ်တာမျိုး မရှိတော့လဲ ရှိတာလေးနဲ့ ဝအောင်စား ရပါတယ်သနားတာနော် ကိုယ့်ကိုယ်ကိုယ်….

အသားတွေအာခေါင်တွေ နားရွက်တွေကိုတော့ ဈေးကနေ လုပ်ပြီးသား ဝယ်လာတာပါ ဘတ် ၃၀ ဖိုး မြန်မာငွေ ကျပ်၉၀၀ တိတိခန့်ပေါ့လေ ပြီးတော့ ကြက်သွန်နီ နှစ်ဥ လောက်ကို ပါးပါးလှီး ပါတယ် ပဲမှုန့် ငရုတ်သီး အကျက်မှုန့် ကြက်သွန်ဖြူ ဆီကျက် ပံပြာရည် စဉ်းငယ်ခန့် ဆား အချိုမှုန့် နည်းနည်း ထည့်ပြီး အချဉ် ကိုတော့ မန်ကျည်းရေ ပဲသုံးလိုက်ပါတယ် ပုံ တစ် ကိုကြည့်ပါ ။ ပြီးရင်တော့ ဇလုံထဲကို ခုနက ပြောတာတွေအကုန်ပစ်ထည့် လိုက် ပြီးရင် နယ်ပါ အားရပါးရသာနယ်ပါ နယ်တာ မနှံ့ ရင် စားမကောင်းပါဘူး ပြီးရင် မြည်းကြည့်လိုတာ ထပ်ထည့် ထပ်နယ်

ဟော…….ချဉ်ငံစပ် ဝက်နားရွက် အာခေါင်သုပ်လေး တပွဲရကရောပေါ့အေ….

အအီစာတွေချည်းပဲ ကျွေးတယ် ပြောမစိုးလို့ အသီးလေးတွေပါ ထည့်ပေးထားတယ်နော် စထရော်ဘယ်ရီ နဲ့ပန်းသီး နီ စိမ်းတွေလဲစားကြပါ

A Chen
12:38PM
20th July 2011
Wednesday
Home
Bangkok

မယုံသင့်တဲ့ မမ်မိုရီ………..

မယုံသင့်တဲ့ မမ်မိုရီ………..

သူငယ်ချင်းမမကြီးတယောက်ပါ…. ၁၇ နှစ် လုံးလုံး ရှိပြီ။ ကောင်လေးတယောက်ကို မေ့မရခဲ့ပါဘူးတဲ့။ ၁၃ နှစ်သမီး တုံးကပေါ့…သူနဲ့ကောင်လေး ၆ လလောက်ကြိုက်ပြီး လမ်းခွဲခဲ့ကြတာပေါ့။ နှစ်တွေကြာလာတော့ သူလဲ ရည်းစားတွေ ထပ်ရပါတယ်။ နောက်တော့ အိမ်ထောင်ပြုလိုက်တယ်။ ကိုယ့်မိသားစုနဲ့ကိုယ်ပေါ့လေ။

ဒါပေမယ့် ဘာ့ကြောင့်ရယ်မသိ သူ အဲ့ကောင်လေး ကိုမေ့မရပါဘူး။ ကောင်လေးနေတဲ့ အိမ်နား တဝိုက်မှာ မကြာမကြာ သူယောင်လည်လည် လုပ်နေတတ်တယ်။ ကောင်လေး အိမ်က ပြတင်းပေါက်ကို မော့မော့ကြည့်ရင် ကောင်လေးကိုများ တခါတခါ တွေ့ရလေမလားလို့ သွားသွားချောင်းတတ်ပါတယ်။

နောက်တော့ မကြာပါဘူး ကောင်လေး က အိမ်ပြောင်းသွားပါတယ်။ သူလာလာချောင်းနေတာ သိလို့တော့ မဟုတ်ပါဘူး။ ဒီလိုပဲ သူ့ဘာသာ ပြောင်းသွားတာပါ။ ၁၇ နှစ် ကြာသွားပြီးတဲ့ အခါမှာတော့ ကောင်လေးက ဆံပင်ညှပ် ဆိုင်တဆိုင်မှာ အလုပ်လုပ်နေတာ သိသွားတဲ့ သူမ သတ္တိတွေမွေးပြီး ကောင်လေး ကို သွားရှာပါတယ်။
အဲ့ဒီအချိန်မှာတော့ ကောင်လေးက ယောက်ျားကြီး တယောက်တောင် ဖြစ်နေပြီပေါ့။ သူ့ပုံစံ က သိပ်တော့ မပြောင်းလဲ သွားပါဘူး။ အထူးသဖြင့် မျက်ဝန်းတွေ ဆို အရင်လို ရီဝေဝေရှိနေတတ်တုံးပဲ။

သူမ က အားတင်းပြီးတော့
“တို့ ကိုမှတ်မိလားဟင်?” လို့မေးလိုက်တယ်။
သူက ကြောင်တောင်တောင်နဲ့ကြည့်လို့…..မျက်ဝန်းတွေမှာ ဘာအရိပ်အရောင်မှမပါဘူးလေ။
သူမ သူ့ရှေ့မှာ ရပ်နေရင်းနဲ့ မျက်နှာ ကို ဘယ်ထားရမှန်းမသိလောက်အောင် ရှက်သွားခဲ့တာ။ နောက်ဆုံးတော့ သူ သတိရလာပါတယ်။ သူ့အရှေက က မိန်းမဟာ အရင် သူ အသက် ၁၅ ၂၀ လောက်က ချစ်ခဲ့ဖူးတဲ့ ရည်းစားဟောင်းတယောက်ဆိုတာ။ နာမည်ကိုတော့ သူမမှတ်မိတော့ဘူး။

အစက သူမ ဘာသာ စဉ်းစားစီစဉ်ထားတာက လင်ယောက်ျား ကိုပစ်ပြီး သူနဲ့ တူတူ ဝေးရာ ကိုပြေးပြီး နှစ်ယောက်ကမ္ဘာတည်ကြမယ်ပေါ့။ ခုတော့…ဘယ်လိုလုပ်ပြီး သူ့ကိုပြောရပါ့မလဲ…?

သူက သူမ ကို သူ့အကြောင်းတွေပြောပြနေပါသေးတယ်။ သူလက်ထပ်လိုက်ပြီတဲ့ မိဘတွေပေးစားတာ။ ကလေးတောင် ရနေပြီ လို့ ဆိုပါတယ်။ အရင်က ငယ်ဘဝတုံးက ရည်းစားဟောင်း ကို အခု မျက်နှာချင်းဆိုင်ပြန်တွေ့ချိန်မှာ သူ့မှာ ဘာခံစားချက်မှ မရှိတော့ဘူးလေ။ သူမ သူ့ကို ခုမှ ဘာစိတ်ကူးပေါက်ပြီး လာရှာသလဲ လို့ နားမလည်စွာတွေးနေတာတခုပါပဲ။

သူမ ရဲ့စိတ်မှတ်ဥာဏ်ထဲမှာ ဟိုး အရင် လမ်းခွဲခဲ့တဲ့ ၁၇ နှစ် ကတည်းက သူဟာ စွဲစွဲမြဲမြဲ တောက်လျောက် မှတ်မိနေခဲ့တယ် အမှတ်တရ ရှိနေခဲ့တယ်ဆိုတာ လဲသူလုံးဝမသိခဲ့ပါဘူး။

သူမ က ကိုယ့်ကိုကိုယ် အားပေးနှစ်သိမ့်တဲ့ အနေနဲ့ တကယ်လို့ သူမက သူ့ကို အမှတ်တရ ရှိနေခဲ့တာသာ သူသိရင် သူ နားလည်မှာပါတဲ့။

ခံစားချက်တောင် မှ မရှိတော့တာ ဘယ်ကလာပြီး နားလည်မှု ရှိမလဲနော်။

အဲ့တာကြောင့်ပြောတာ ကိုယ့် မမ်မိုရီ ကိုလဲကိုယ့်ဘာသာ သိပ်မယုံပါနဲ့ လို့။ ကိုယ့် မှတ်ဥာဏ်ထဲက ကိုယ့်ချစ်သူက ကိုယ့်ကိုလဲ အမှတ်ရနေပါ့မယ် သတိရနေပါ့မယ် လို့ဘယ်သူက မှ အာမမခံ နိုင်ဘူးလေနော်။
တခါတခါ ကိုယ်တွေဘာသာ တဘက်သတ်စွဲလမ်းတာလဲ ဖြစ်နိုင်သေးတာပဲ တဘက်ကတော့ လွမ်းလို့ကျန်ရစ်ခဲ့မှာ ကို အားနာပါတယ်လေ လို့ တောင် ပြန်ပြောဖို့ မလွမ်းလောက်တော့ဘူး။

မှတ်ချက်။

တီချမ်း က လုပ်ကြံပြီးရေးတယ် လို့ထင်ရင်လဲ အပြင်မှာတကယ်ရှိလို့ လို့ပဲမှတ်ပါ။ မမကွမ်တော့ မဟုတ်ပါ။

A Chen
13th July 2011
Wednesday
4:35 PM
Bangkok

အတိုအထွာ စားစရာ စာဘတ်သူက တောင်းလို့ပါ

ကဲကဲကဲ လာပြီလာပြီ ဒေါ်ချမ်း လာပြီ………တလောက အနောနိမတ်စ် တယောက်ထင်ပါတယ် လွယ်ကူ သက်သာ ဟင်းလေးတွေ ၃၊ ၄ မျိုးတင်ပေးပါအုံး တီရေ ပြောလာလို့ခု စိတ်ကူးရတာနဲ့ တင်ပေးလိုက်တယ်နော်
တီလဲဟင်းမချက်တာ ကြာ ပိုစ့် မတင်တာကြာ နေကလဲ မကောင်း ၂ ပတ်လောက် ရှိပါပြီ နေမကောင်းတာ ပျောက်ချင်သလိုလိုဖြစ်လိုက် ပြန်ဖြစ်လိုက် ……….အင်း……..
ဒီတပတ်တော့ အရည်သောက် တမျိုး ရယ် အကြော် တမျိုး ရယ် အသုပ် တမျိုး ရယ် အသားတခွက် ရယ် လေးမျိုး လွယ်ကူမြန်ဆန် တင်ပေးလိုက်တယ်နော် ………..နိုင်ငံရပ်ခြားမှာ နေသူအများစု ဟာ အင်မတန်မှ ကို အချိန်ရှားပါးကြပါတယ် သို့သော်လည်း ကိုယ်တွေလဲ လူတွေပဲမို့ အချိန်သာမရှိရင်နေမယ် အရသာကတော့ ရှိတာပဲ စားချင်ကြတာမှလား…….အဲ့တော့ တီက ချက်ရတာ လွယ်လဲလွယ် အချိန်လဲသိပ်မပေးရ စားလို့လဲကောင်း စတဲ့ နာမဝိသေသနတွေနဲ့ ပြည့်စုံတဲ့ လွယ်ကူ သက်သာ စားကောင်း ဟင်းချက်နည်းလေးတွေရှယ် ရတာပေါ့နော်။…….

ပထမဆုံးတော့ ရှမ်းချက်နည်း တမျိုးဖြစ်တဲ့ ဝက်နံရိုး ပိန္နဲသီး ပဲပုပ် ဟင်းရည်ပါ အရင်တခါကလဲ ချက်နည်းမဟာ ကို ဒီမှာ တင်ဘူးပါတယ်နော် ခုတခါတော့ တီက အလွယ်ချက်နည်း ကို တင်ပေးမှာဖြစ်ပါတယ် အလွယ်ချက်နည်း ဖြစ်တဲ့ အတွက် တီက ဆီသတ်တာတွေဘာတွေစတဲ့ အသေးစိတ်ချက်နည်း ကိုကျော်ပလိုက်ပါတယ်နော်။

လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေပါ ပဲပုပ် ၃ ချပ်လောက် ပိန္နဲသီးစိမ်း ဆူးပုပ်ရွက်။ ဒီတခါတော့ ပိန္နဲသီး ကို လုပ်ပြီးသား (ပြုတ်ပြီးသား) တွေ့လို့အလွယ် ဝယ်လာလိုက်ပါတယ်။ ဒီကနေ စလွယ်တာနော်။ အရင်က အစိမ်းဆိုတော့ လှီးရ အစေးတွေဖယ်ရ ဆေးရ အခွံနွှာရ စတဲ့ အဆင့်တွေ အကုန် ကျော်ပလိုက်ပါတယ်။ မြန်မာပြည်မှာလဲ ရှိတယ်လေ ပြုတ်ပြီးသား ကိုတို့စရာအနေနဲ့ ရောင်းတာ တီလဲ ဒီမှာ တနေ့က ညဈေးသွား တာ တွေ့လို့ဝယ်လာ လိုက်ပါတယ်။ နောက်တခု ကျန်သေးတယ် ခရမ်းချဉ်သီး အရမ်း မမှည့်တဲ့ဟာတွေကို ၄၊ ၅ လုံးလောက် ၄စိပ်စီ လှီးထားပါနော်။

ဝက်နံရိုး နုနုလေးတွေအရိုးနု ပါပါတဲ့ ဟာမျိုး ကီလိုဝက်လောက်ကို ရေ လိုသလောက်နဲ့ပြုတ်ပါတယ် (နံရိုး ကိုအရင်ဆေးအုံးနော်) တီထည့်မပြောတာနဲ့ တော်ကြာ ဒီနည်းက ပိုလွယ်တယ်ဆိုပြီး ရေပါမဆေးပဲ ချက်နေကြမစိုးလို့…..ဝက်နံရိုး ပြုတ်နေရင်း တခါတည်း ခုန က ပဲပုပ် ၃ ချပ်ကို ထည့်ပြုတ်လိုက်ပါ။ ပြီးတော့ တဖြည်းဖြည်း ဆူလာရင် အဆီအနှစ်တွေကို ဇွန်းလေးနဲ့ ခပ်ခပ်ထုတ်ပေးပါ။ ပြီးတော့ ခရမ်းချဉ်သီး နဲ့ပိန္နဲသီး တွေထည့်ပေါ့……ပြီးရင် ခဏပေးဆူလိုက်ပါ နောက် တခါ ထပ်ဆူပြီးရင်တော့ ငရုတ်သီး အစိမ်းမှုန့် ဟင်းချက်တဲ့ အမှုန့် ကို နည်းနည်း အရောင်လှအောင် ထည့်ပါ ဆီသတ်ပြီး ထည့်ရင်လဲ ရပါတယ် တီကတော့ အလုပ်ပိုရှုပ်မှာ စိုးတာရယ် နေလဲသိပ်မကောင်းတော့ ဆီရှောင်ချင်တာနဲ့ ဆီမသတ်တော့ပါဘူး ဒီအတိုင်းပဲ ထည့်လိုက်ပါတယ်။ ပြီးတော့ ဆူလာရင် အရသာ ချိုငံပေါ့ မြည်းပေးပြီးတော့ ဆူးပုပ်ရွက်ခပ် လိုက်ရင် …..

အရသာရှိတဲ့ ရှမ်းရိုးရာ ဝက်နံရိုး ပိန္နဲသီး တခွက်ရပြီပေါ့ ။ အဲ့တာက အရည်သောက်ပေါ့နော်။

ဒါကတော့ အများသိကြတဲ့ ကြက်သား ပြုတ်ကျော်ပါပဲ ဒါကတော့ မောင်ချက်တာပါ တီက အဲ့လို အရမ်းလွယ်တာလောက်ကို ဆိုရင်တော့ တီ့ လက်ထောက် မောင့် ကိုပဲ လွှဲထားလေ့ရှိပါတယ်။ ငှဲငှဲငှဲ….. ကြက်သားက ပြုတ်ပြီးသားပါ ဘယ်လိုပြောမလဲ ပြုတ်ထားတာ အသင့်စားဖို့မျိုးလေ အချဉ် နဲ့ တို့စားတာမျိုးပေါ့ တရုတ်တွေ လုပ်လေ့ရှိတဲ့ ဟာမျိုးလေ တီက အဲ့ဒီ ကြက်သား အမြဲဝယ်စားပါတယ် သူက စီပီ နဲ့မတူဘဲမြန်မာကြက်နဲ့ ပိုတူလို့ပါ။ ထားတော့ တဘူး ၉၅ ဘတ် နဲ့ နှစ်ဘူး ဝယ်လာလိုက်တယ် မောင်က ကြက်သွန်ဖြူနီ ဆီသတ်ပြီးတော့ ကြက်သားထည့် လုံးပြီးတော့ ဆားအချိုမှုန့် ထည့် ပြီးရင် ရေထည့်ပြီးတော့ ခရုဆီထည့် တည်လိုက်ဆူရင် ရပြီ။ အရသာလဲရှိ ကောင်းမှကောင်း ချက်ရတာလဲသိပ်လွယ် အိုအိရှိပါပဲ။ကဲ အသားဟင်းလဲပြီးပြီနော်။

ဒါကတော့ ဝက်အူမကြီးသုပ်ပါ ရခိုင်နည်းနဲ့သုပ်ပါတယ်။ ဘေးဆုံးက ပုံက ရန်ကုန်ကနေ သယ်လာတဲ့ ရခိုင်ငပိထောင်းပါ သူငယ်ချင်း ရခိုင်မ ဆိုင်ကနေ အော်ဒါစပယ်ရှယ် မှာပြီး ထောင်းခိုင်း ပြီးတော့ ဘူးလိုက် ထည့်လာတာပါ။ သူက ကြာကြာအထားခံအောင် ကြက်သွန်ဖြူနီ ထည့်မထောင်းထားဘဲ ငပိနဲ့ ငရုတ်သီးစိမ်းပဲ အဓိက ထောင်းထားပေးတယ် ခါတိုင်း စားချင်တဲ့ အချိန် သံပရာရည် နည်းနည်း ညစ်လိုက်ရင် တို့ စရာ သခွားသီးလေးနဲ့ စားလိုက်ရင် လျှာကျွမ်းပြန်ပဲ။

ပထမဆုံး အူမကြီး ကိုအရင်ဆုံး ပဲငံပြာရည်နည်းနည်း နဲ့ပြုတ်လိုက်ပါတယ် အနံ့ရှိရင် ကုန်အောင်ပါ။ ပြီးတော့ ပါးပါးလှီး ကြက်သွန်နီ ငရုတ်သီးစိမ်း ပါးပါးလှီး ဆားအချိုမှုန့် နည်းနည်းထည့် ပြီးတော့ ရခိုင် ငပိထောင်း နည်းနည်းထည့် ပြီး နယ်လိုက်ရင်…..

လျှာကျွမ်းပြန် အောင် ရှယ်စပ် ရှယ်ကောင်းတဲ့ ရခိုင် အူမကြီး သုပ်ရတာပေါ့ အူမကြီး အစား အချင်းတွေ ဘာတွေနဲ့သုပ်လဲကောင်းမယ် ထင်ပါတယ်။ ဒါလေးကတော့ အသုပ်ပါ။

နောက်ဆုံးကတော့ တရုတ်နည်းနဲ့ ကြော်တဲ့ ဘိုစားပဲသီးပါ။ တီက စားချင်နေတာ ကြာပြီ အဲ့လိုမျိုးလေး ငရုတ်သီးနဲ့ ကြော်တာကို။ အဲ့တာနဲ့ တနေ့ကတော့ ပါရာဂွမ် ကို သွားပြီးတော့ ဘိုစားပဲ နှစ်ထုပ်ဝယ်လာပါတယ် ဘတ် ၃၀ နှစ်ထုပ်ဆိုတော့ ဘတ် ၆၀ပါ မြန်မာပြည်မှာဆိုရင်တော့ အများကြီး ရမှာပဲ ဆိုပြီးတွေးမိတာကိုတော့ တားမရပါဘူး။ ဘိုစားပဲ တောင့်လေးတွေကို နှစ် လက်မ စီလောက် ချိုး ထိပ်နှစ်ဘက် အမျှင်ဖယ် ပြီးတော့ ရေဆေး စစ်ထားပါ။ မကပ်တဲ့ အိုးနဲ့ ဆီထည့် ငရုတ်သီးခြောက် နည်းနည်း ကိုမွှေးအောင် အရင်ကြော် ဘိုစားပဲ ထည့် ငရုတ်သီး အစိမ်းမှုန့် ထမင်းစားဇွန်း တဇွန်းလောက်ထည့်လိုက် ဆား အချိုမှုန့် ထည့် ခဏကြော် လိုက်ရင် ………….

အရာသာရှိတဲ့ ဘိုစားပဲသီး တရုတ်စတိုင်လ် ရပါပြီ။ အသီးကြော်ပေါ့နော်……..

ဒါလေးကတော့ ရာသီစာ အချိုပွဲပါ ထိုင်းမှာ မိုးတွင်းဆိုရင် ချင်းမိုင်ဘက်က လာတဲ့ လိုင်ချီစ့် တွေသိပ်ကောင်းပါတ် အရည်ရွမ်းပြီးတော့ အလုံးကြီး ပြီး သိပ်ချိုတာပါပဲ စားကြပါအုံးနော်…..

A Chen
10:50PM
12th July 2011
Tuesday
Home
Bangkok

ကြည်လဲ့လဲ့ဦး တုတ်ထိုး

တလောကတည်းက တုတ်ထိုးလုပ်စားမယ် တင်မယ် ဘာညာ ဘာညာ ပြောနေအော်နေတာ အတော်ကြာပါပြီ။ တကယ်က တီက တုတ်ထိုး မလုပ်တတ်ပါဘူး စားပဲစားတတ်တာပါ။ တုတ်ထိုးဆိုရင် ဆီနဲ့ ကြော်တာလဲ ကြိုက်တယ် ရေနဲ့ပြုတ်တာလဲ ကြိုက်တယ် ရန်ကုန်စတိုင်လ် လဲကြိုက်တယ် မန္တလေး စတိုင်လ် လဲ ကြိုက်တယ် နီနီအရောင် အရည်တွေနဲ့တောင်ကြီး စတိုင်လ် မငြင်းဘူး ကြံမဆိုင်ထည့် ပြုတ်တဲ့ အရည်သောက်လဲ လာထားပဲ

ငယ်ငယ်ကဆို မိုဃ်းကောင်းဘုရားပွဲနေ့တွေဆိုရင် ကျောက်ကုန်းမှာ နေတဲ့ သူငယ်ချင်း ခြံထဲ ကနေ အသည်ကို တောင်းလိုက် ခေါ်စားနေကြပါ။ အဲ့တုံးက ခြင်း ၁၆ တွေ ဘာတွေတောင်မပေါ်သေးဘူး တီတို့က ခြင်းလိုက် အုပ်နေပြီ။

နောက် ငယ်ငယ်က တသက်လုံးကြီးလာတာကတော့ ရန်ကင်း ၁၂ လုံးတန်း တုတ်ထိုးပါ ရောင်းတဲ့ လူကြီး ဆို မိုက်တယ် သူ့သားသမီးတွေအကုန် တုတ်ထိုးရောင်းပြီးကျောင်းထားလာတာ နောက်တော့ မြေနီကုန်း
ရောက်တော့ မြေနီကုန်း ရွှေမန်းရုံ နားက အဖိုးကြီး တုတ်ထိုး အဲ့မှာ လဲ ဂျမခါနာက နပ်စ်မတွေ ဆရာဝန်မတွေနဲ့အကြီး အကျယ် ရန်တွေဖြစ်ပြီး စားခဲ့ရတာပါ မှတ်မှတ် ရရနောက် မန်းတလေးရောက်တော့ သူငယ်ချင်းတယောက် လိုက်ကျွေးတဲ့ ဒညင်းသီးတွေ ထည့်ပြုတ်တဲ့ သူ့အိမ်နားက တုတ်ထိုး ငယ်ငယ်က တောင်ကြီးမှာ ကျောင်းနေတုံးက စားခဲ့ရတဲ့ လိမ္မော်ရောင် ဟင်းရည်ပါသောက်လို့ရတဲ့ တုတ်ထိုး စတာတွေကို တခုမှ မမေ့ပါဘူး။

ခုတော့ အရင်မြန်မာပြည်က သမီးတပည့်မလေးကြောင့် ကိုယ်တိုင်ချက် တုတ်ထိုး ကိုစားရပါတော့မယ် ဒန်ဒန့်ဒန့်

တုတ်ထိုးမှာ အရေးကြီး တာ အချဉ်ပါ ပရိတ်သတ်ကြီးတွေလဲ အကုန် သဘောတူကြမယ် မျှော်လင့်ပါတယ် မတူလဲ မရဘူးလေ တီ့ စာလာဘတ်နေတာပဲကိုးနော်…..အဲ့တာကြောင့် အရေးအလွန်အင်မတန်မှကြီးတဲ့ အချဉ် ဖျော်နည်း ကို ဦးစွာပထမ ပြုကာပြရရင်တော့….

ပထမဆုံး မြန်မာပြည်ဖြစ် အချဉ်ရည် လိုပါမယ် ယိုးဒယားသော ထိုင်းသော တရုတ်သော အမေရိကန်သော အချသ်တွေ မရပါဘူး တုတ်ထိုးဆိုရင် မြန်မာပြည်ဖြစ် ချီးပန်းချဉ် လို့ တချို့တွေ ခေါ်ကြတဲ့ အဲ့ဒီ အချဉ် လိုကိုလိုပါတယ် မရှိရင် မကောင်းပါဘူး ချီတို လို အချဉ်မျိုး ဆိုရင်လဲ မကောင်းပါဘူး။ အဲ့တော့ မြန်မာပြည်ဖြစ် ချီးပန်းချဉ် ပဲရအောင်ရှာပါ။ ဘေးကတော့ ငရုတ်သီးစိမ်း ဂျင်း ကြက်သွန်ဖြူ တောက်တောက်စင်းပါ။

ပထမ ပုံကတော့ ထန်းညက်ရည်ပါ ညောင်စီးကျအောင်ကြိုပါလို့ ဆရာမကြီး ကြည်လဲ့လဲ့ဦးက ပြောပါတယ်။ သူ့ဘေးကတော့ မန်ကျီးရည်နှစ်ပါ သေချာဖျော်ပြီးတော့ အဖတ်တွေ ဆယ်ထားလိုက်ပါ။

ပြီးရင် ခုနက ချီးပန်းချဉ်ထဲကို ခုနက ဟာတွေအဆင်ပြေအောင် အကုန်ထည့် သမမျှတအောင်မွှေ ဆားအချိုမှုန့်ရော သံပရာရည်ထည့် ပြီးရင် သေချာမွှေအရသာမြည်း အဆင်မပြေရင် လိုတာ ထည့် ပိုသွားရင် ခုနက ထန်းညက်နဲ့ မန်ကျီးရည်ရော ကြိုက်သလိုပြင်ပါလေ။ အဲ့တာ ဆိုပုံမှာ ပြထားတဲ့ အတိုင်း အရသာရှိတဲ့ အချဉ်တခွက် ရတာပေါ့။

ဒါတွေကတော့ ထည့်ဝင်မယ့် ကလီစာ အကုန်ပါပဲ။ တီကတော့ အလွယ် စီယမ်ပါရာဂွမ်ကပဲ ဝယ်ပါတယ် အကုန်လုံးက လုပ်ပြီးသား ကိုင်ပြီးသား သန့်သန့်လေးတွေပဲ အူလေးတွေဆို အရောင်တောင် တောက်နေတယ် သန့်ပြီးတောက်ပြောင်နေတယ် ဆိုတာ အဲ့လိုမျိုးဟာကိုပြောတာပဲ။ ပထမ အိုးကတော့ တီက အလွယ် အပျော့ အိုးလို့ခေါ်ပါတယ် အချင်း၊ အူပွ၊ အူချို စတဲ့ အူနဲ့ဆိုင်သော အနုကလေးများပေါ့။ ဒုတိယအိုးကတော့ အမာအိုးလို့ တီကခေါ်တဲ့ အူမကြီး၊ သရက်ရွက်၊ အသဲ၊ နှလုံး၊ ကျောက်ကပ်၊ အမြီး၊ လျှာ စတာတွေပါပါတယ်။ နောက်ဆုံးပုံလေးကတော့ အူချိုပါ ဘေးနှစ်ဘက်နှစ်ချက် ကို သွားရေကွင်းလေးနဲ့ ချည်ရပါမယ်။ ပုံထဲမှာ ပါတဲ့ အနီရောင်လေးပါ သေချာကြည့်ရင် ပုံရဲ့ ညာဘက်ကနေဆိုရင် ၃ ချိုး ၂ ချိုးလောက် အလယ်မကျတကျမှာ တွေ့ရမှာပါ။ အူချိုက အရမ်းနုတော့ ဆေးနေတုံး ပြုတ်နေတုံး အထဲက အစာတွေထွက်ကျကုန်မှာ စိုးလို့ပါ။ ပြီးရင်တော့ အကုန်လုံး ကိုသေချာဆေးကြောပြီးရင် နယ်ဖတ်တဲ့ အစီအစဉ် စပါမယ်။

ပုံမှာ ပြထားတဲ့ အတိုင်း အရေးကြီးတဲ့ ပဲငံပြာရည် အနောက် ကိုထည့်ပါမယ် ဆား အချိုမှုန့် သကြား စတာတွေထည့်ပါမယ်။ အောက်ကတော့ ပြုတ်တော့မယ် တကဲကဲ အနေအထားပါ။ ပြုတ်တဲ့အခါမှာ ဆီနည်းနည်းထွက်အောင် ဝက်ဆီဖတ်တွေ ထည့်ပြုတ်ပါမယ်။ နောက် မွှေးအောင် ဂျင်း ပြားပြားလေးတွေ လှီးပြီးထည့်ပါသေးတယ်။ ငရုတ်ကောင်းမှုန့် လည်းနည်းနည်းထည့်ပါ။

အပေါ် နှစ်ပုံက အပျော့အိုးပါ။ မပြုတ်ခင် နဲ့ပြုတ်ဆဲ အနေအထားပေါ့။ ဖြူဖြူ အဖတ်တွေက ဝက်ဆီဖတ်တွေဖြစ်ပါတယ်။

အမာအိုးဖြစ်ပါတယ်။

ပျော့မာပြိုင် တူတူ ပြုတ်ကြတယ် ဆိုတာ ဖြစ်ပါတယ်။ နူးတဲ့အထိ ဆိတ်ဆိတ်ကြည့်ပြီး အားရပါးရသာပြုတ်ပါလေ။ ကတ်ကြေးလေးနဲ့ သေးသေးလေးတွေညှပ်ညှပ်ပြီး ပြုတ်ရင်း မြည်းရင်း နူးမနူးကြည့်ရင်း လုပ်ရမယ့် အချိန်အခါပေါ့ကွယ်။

ဟော်ပြုတ်တဲ့ အခန်းပြီးသွားတော့ ကြော်ရပါမယ် တီကတော့ သေချာမသိပါဘူး တီတို့စားတော့ တောင်းပေါ်ရောက်နေပြီလေနော်။ အိုးထဲထည့်ထည့် ယူလာတာတော့ တွေ့တယ် အဲ့တာတွေက အရောင်လှအောင် ကြော်ပြီးသား လို့ ဆရာမကြီး ကြည်လဲ့လဲ့ဦး ကဖြည့်ပြောပါသေးတယ်။ ပုံမှာ ပြထားတဲ့ အတိုင်း ခုနက ပြုတ်တာတွေ ဆယ်ပြီး သကာလ ဆီလေးနည်းနည်းနဲ့ ဒယ်အိုးထဲမှာ လှိမ့်ရပါမယ်။ အကုန်လုံးကို တခါဆီလောက် လှိမ့်ပြီးရင်တော့ အနံအရသာ အရောင်အဆင်းနဲ့ ပြည့်စုံတဲ့ မူလလက်ဟောင်း ကြည်လဲ့လဲ့ဦး တုတ်ထိုး တအိုးရတာပေါ့ကွယ်။

ဒါကတော့ မနက်ကတည်းက ချွေးတလုံးလုံး နဲ့ တီတို့စားဖို့အရေး ချက်ပြုတ် ပြင်ဆင်နေတဲ့ ဆရာမကြီး ကြည်လဲ့လဲ့ဦးပဲ ဖြစ်ပါတယ်။ ဟုတ်ကဲ့ ……ပရိတ်သတ်များ လက်ခုပ်တီးပေးပါ။

ဒါတွေကတော့ ခုနက ကြော်ပြီးတဲ့ အိုးထဲကနေ အအေးခံပြီးတော့ ပန်းကန်ပြားပေါ်ပြန်တင်ထားတာပါ။လှီးတော့မယ်လေ။ ၂၀၀ တန်လား ၃၀၀ တန်လား ၅၀၀ တန်လား ပွဲနဲ့လား တုတ်ထိုးလား အူချည်းပဲလား။ အသံချည်းပဲလား၊ လျှာလေးရောအုံးမလား ပေါ့။

အောက်ကပုံတွေကတော့ တုတ်ထိုးသည်ကြီး တီချမ်း လှီးနေတာပါ ရောင်းနေမကျတော့ အတုံးတွေကြီး ကုန်တယ် အရင်းတော့ ပြုတ်တော့မှာပဲ။ကြိုက်တတ်တဲ့ သူတွေစားဖို့ ကြက်သွန်ဖြူ ဥလေးတွေ ကိုလဲ အခွံခွာထားပါသေးတယ်နော်။

ဒါကတော့ လှီးပြီးသားပုံတွေပေါ့ အူချို သရက်ရွက် အသည်း ကျောက်ကပ် အူမကြီး အချင်း လျှာ စတာတွေပါ။

ဒီနေရာလေးကလဲစိတ်ဝင်စားဖို့ ကောင်းပါတယ် အစက ဝက်သားတွေ ပြုတ်လို့ ကျန်တဲ့ အရည်တွေကို လိုသလောက်ရေ ရောပါ ပြီးရင် မုန်ညှင်းဖြူ သို့မဟုတ် ချဉ်ပြုံးလေး လိုချင်ရင် ကြံမဆိုင်ရွက် ခတ်ပြီးတော့ ပြုတ်ပါ ဟင်းရည်ဆူ ရင် နံနံပင် ကြက်သွန်မိတ် တရုတ်နံနံ စတာတွေခပ်ပြီးတော့ အရည်သောက် လုပ်လို့ ရပါသေးတယ်။ မို်က်တယ်နော်။ ဝက်ဆိုရင် “အော်သံ” ကအစ ပစ်ရက် စရာတခုမှ မရှိဘူးတဲ့။ အဲ့တာကြောင့်လဲ အသီးမှာ သရက်၊ အရွက်မှာ လက်ဘက်၊ အသားမှာ ဝက်၊ ပညာမှာ တီချမ်း လို့နာမည်ကျော်ကြပေတာပဲ။

ဒါကတော့ လွယ်ကူစားမြိန် ယူလာတဲ့ သက်သတ်လွတ် ဂေါ်ဖီကြာဇံကြော်များနဲ့ ဝိုင်းဖွဲ့စားသောက်ကြစဉ်ပေါ့လေ။ ကြာဇံ ကြော်နဲ့ လိုက်အောင် သခွားသီးလေးတွေကို အဝိုင်းလေးတွေ မှတဆင့် အချောင်းလေးတွေ ရအောင်လှီး လိုက်ပါသေးတယ်။ နောက် တို့ချင်ရင် အချဉ် နဲ့ တို့ လို့ရအောင်လဲ သခွားဘေဘီလေးတွေကို လေးစိပ်လှီး လိုက်သေးတာပေါ့နော်။

ဒါကတော့ စကော့ဈေးကုန်းတံတားအောက်က တုတ်ထိုး ကိုလွမ်းလို့ တီချမ်းဘာသာ လုပ်ချလိုက်တဲ့ ကြာဇံ ဝက်သား တပွဲပေါ့အေ။ စားကြပါအုံး ပရိတ်သတ်ကြီးတို့ရေ………..ကြည်လဲ့လဲ့ဦး လက်ရာ တုတ်ထိုး။

A Chen
7:58 PM
Friday
8th July 2011
Home
Bangkok

အချဉ်ပေါင်း (၂)

တနေ့ကပဲ ရေးနေသေးတယ် ခုတော့ နောက်ထပ်နောက်ဆက်တွဲ အပုပ်နံက ဆက်တိုက် ဆိုသလို လိုက်ချလာတာပါပဲ မြန်မာစကား ပုပ်လို့ ပေါ် ဟုတ်လို့ကျော်ဆိုတာ သိပ်မှန်တယ် ရှေးလူကြီးတွေ သိပ်ပြောတတ်တာပဲ

ဖော်ဝပ်မေးက နေရလာတာလေးပါ အရင်ပိုစ့် နဲ့ဆက်နေလို့ တင်ဆက်ပေးလိုက်ပါတယ် ဘာလိုလိုနဲ့ တီချမ်း ရဲ့ဘလောခ်လဲ အတင်းအဖျင်း သတင်းစဉ် ဖြစ်တော့မယ်

ဘီစူ ဘီစူ

ချမ်း

etone says:
မေးလ်ကနေရလို့ ဖြန့်ဝေတာပါ… ။ စာရေးသူက ဦးကိုကိုဌေးလို့ ရေးထားပေမဲ့… နာမည်အမှန်ကတော့ ဦးကိုကိုထွေးပါနော် ။
%%%%%%%%%%%%%%%%%%%%%
တော်ဝင်စင်တာအပုတ်နံ့  ကျွန်တော်တို့ရန်ကုန်မြို့ရဲ့ကျက်သရေဆောင်
ကြီးကျယ်ခန်းနားလှတဲ့တော်ဝင်စင်တာကြီး ဖွင့်ပြီးလို့မှ
မကြာအပုတ်နံ့သတင်းတွေက
တထောင်းထောင်းထွက်လာပါရောလားဗျို့ ။
ပြွတ်သိပ်အောင်မတရားပိုက်ဆံကြိုတင်ငွေတွေယူထည့်သွင်းခံထားတဲ့
ဆိုင်ခန်းပိုင်ရှင် တွေစီကမကြေလည်သံတွေကကြွက်စီကြွက်စီပေါ့။
ဒီအဆောက်အဦးကြီးမပြီးခင်ထဲကကြော်ညာပန်းဖလက်ကို
စပါယ်ရှယ်ရိုက် ကြော်ညာကောင်းကောင်းနဲ့ အခုဆိုင်ရှင်တွေဆီ က
ဆိုင်ခန်းခငွေကတနှစ်စာ၃နှစ်စာစသဖြင့ိုကြိုတင်ယူပြီးမှ
ဒီငွေတွေနဲ့ဒီအဆောက်အဥှီးကိုဆောက်ခဲ့တာ။
ပုံမှာပြတော့တမျိုးမိုးလားကဲလားပြီးလဲပြီးရော
ဆိုင်ခန်းတွေဆေးဆိုးပန်း၇ိုက်မတရာပြွတ်သိပ်နေ
၊ ဆိုင်ခန်းအမှတ်ဆိုင်ခန်းနာမည်နဲ့လမ်းညွှန်တွေ
ကနိုင်ငံခြားမှာလိုရှိမနေ
ပြီးတော့နိမ့်လိုက်တဲ့မျက်နှာကျက်
အိမ်မြှောင်ကတောင်ခေါင်းကိုလျှာနဲ့လျှက်သွားနိုင်တယ်။
လေပိုက်တွေကရုပ်ဆိုးစွာအစီအရီ။ထားလိုက်ပါတော့လေ။
ဒီ အထိဆိုင်ရှင်တွေ က မေ့ထားနိုင်ပါတယ်။
ပထမဆုံးကြားရတာကတော့အစားအသောက်တန်းပြသနာပါဘဲ။
ဆိုင်ခန်းတခန်းကျဉ်းးကျဉ်းလေးကိုတလ၅သိန်းအထက်
တနှစ်စာအစောကြီးထဲကကြိုယူထားတဲ့တော်ဝင်စင်တာပိုင်ရှင်ဦးကိုကိုဌေးက
ဆိုင်ခန်းတွေမှာလေထုတ်စစ်စတန်တည်ဆောက်ပုံမမှန်ကန်လို့
အကြော်အလှော်နံွ့တထောင်းထောင်းအသက်ရှုမဝ
ရောဂါရလောက်တဲ့ကိစ္စကိုမသိကျိုးကြဉ်ပြုနေပါသတဲ့
။ အစားအသောက်တန်းကဆိုင်ပိုင်ရှင်တွေ
တညီတညွတ်ထဲတောင်းဆိုမှုကိုယခုထက်ထိပြုပြင်ပေးခြင်းမရှိပါတဲ့။
တိုင်ချင်တဲ့နေရာတိုင်ဖို့စိန်ခေါ်တယ်တောင်သဲ့သဲ့ကြားနေရပါတယ်။
ယနေ့အာဏာရှိလူကြီးအသိုင်းအ၀ိုင်းတချို့နဲ့လုပ်ငန်းရှယ်ယာပတ်သက်တယ်
သတင်းထွက်တဲ့ဦးကိုကိုဌေးရဲ့မောက်မာမှုလူလယ်ကြမှုနဲ့
သူရဲ့သခင်အားရကျွန်ပါးဝတပည့်တပန်းတချို့ရဲ့စကားပြောရင့်သီးမှုကို
ဆိုင်ခန်းပိုင်ရှင်များကခံပြင်းနေကြတယ်လို့ကြားရပါတယ်။
ညှော်နံ့မီးခိုးနံ့တွေကြောင့်စားသုံးသူအတော်များများကလဲ
အပေါ်ထပ်စားသောက်တန်းကိုရှောင်ဖယ်ကုန်တော့
ဆိုင်ပိုင်ရှင်တွေခမြာကျန်းမာရေးထိခိုက်ရုံမက
ရင်းထားတဲ့ဆိုင်ဘိုးပစ္စည်းဘိုးအလုပ်သမားခ
တနှစ်စာကအရှုံးလဲပေါ်နေကြပါပြီ။
ရပ်လိုက်ရင်လဲငွေပြန်အမ်းမဲ့သူမျိုးကမဟုတ်
ဆက်လုပ်ရင်လဲဆေးရုံပါတက်ကြရတော့မယ့်အတိုင်းပါ။
ဆုတ်လဲစူးစားလဲရူးဆိုတာကဒီကိစ္စမျိုးကိုခေါ်တာပါဘဲ။
ဒီပုံအတိုင်းဆိုရင်တော်ဝင်စင်တာက
နှစ်ရှည်မခံလောက်ဘူးလို့ အားလုံးက ခန့်မှန်းနေကြပါတယ်။
ဟောအခုနောက်တမျိုးကြားရပြန်ပါဘီ
။ မိုးရာသီအရောင်းမြှင်တင်ရေးပေါ့လေ။
တကယ်တော့ဆိုင်ခန်းပိုင်ရှင်တွေ ကို
အစည်းအဝေးခေါ်တိုင်ပင်သင့်ပေမယ့် ဦးကိုကိုထွေးက
သူ့သဘောနဲ့သူကံစမ်းမဲကိုသူ့အရောင်းထိုင်းတိုက်ခန်း
မဲဖောက်မယ်ဆိုပြီးမြူဆွယ်လိုက်ပါပြီ။
စားသုံးသူတွေလားပျော်တာပေါ့တိုက်ခန်းရမှာဘဲ။
သူ့တိုက်ခန်းကရေမလာတဲ့တိုက်ခန်းလား
ဘိလပ်မြေမပါတဲ့တိုက်ခန်းလား
ဘယ်သိနိုင်ပါ့မလဲ။အလကားရမှာဘဲလေ။
မပျော်သူတွေကဘယ်သူတွေလဲဆိုင်ပိုင်ရှင်တွေပါ။
သူ့သဘောနဲ့သူမတိုင်ပင်ဘဲလုပ်တာလေ
ပြီးတော့သူတိုက်ခန်းဘိုးငွေကိုဆိုင်ရှင်တွေစီက
အချိုးကျ လယ်ပင်းညှစ်တောင်းတာစနေပြီတဲ့။
ပရိုမိုးရှင်းကာလတွေမှာဆိုင်ရှင်ပါရမယ်ပြောထားတာတော့ရှိတယ်။
ဒါပေမယ့်ဒီလောက်ပြင်းထန်မယ်တော့တွေးမထားမိတဲ့
ဆိုင်ရှင်တွေအငိုက်မိတာပေါ့။ မိုးရာသီ၃လမှာ
ဆိုင်အကျယ်အ၀န်းအလိုက်တလ၃သောင်းခွဲ၎သောင်းခွဲ
၃လဆက်တိုက်ပေးရမယ်။ လမ်းကြားလည်ချထားတဲ့စင်ကလေးနဲ့
ကလေးအကျီင်္ဘီဒိုသမားလဲ ၂သောင်းခွဲ၊
စသဖြင့်companyletterhead ရိုက်မထားတဲ့စာရွက်
လိုက်ဝေပြီး အားလုံးကိုလိုက်တောင်းပါတယ်။
မပါလဲရတယ်။မပါတဲ့သူဆိုင်နံပါတ်နဲ့
ဆိုင်ပိုင်ရှင်လက်မှတ်ထိုးပါလို
ပထမအဖွဲ့ကခပ်မာမာခြိမ်းခြောက်ပြောပါတယ်။
မပါလဲရတယ်ဆိုတော့မပါဘူးဆိုပြီး
ရေးပြီးစာတင်လိုက်တဲ့ဆိုင်ပိုင်ရှင်တွေရဲ့
အိမ်ဖုန်းတွေကိုရွေးပြီးနောက်တဖွဲ့ က ထပ်ဆက်ပါတယ်။
၁၆ ရက်ဇွန်လ ၂၀၁၁ ကပါ။
၁၈ ဇွန်လ၂၀၁၁ မှာမှ ငွေလာမသွင်းရင်
နောက်တပတ် မှာ ဒါဏ်ငွေကောက်မှာမို့
၃၅၀၀၀ သမားသည် ၇၀၀၀၀၊
၄၅၀၀၀ သမားသည် ၉၀၀၀၀ လို့ဆိုပါတယ်။
နောက်ထပ်တပါတ်မှာမှလာမသွင်းရင်
ငွပြန်အမ်းမည်မဟုတ် ဆိုတဲ့ခြိမ်းခြောက်တဲ့စကားကို
လက်တောက်လောက်ရုံးဝန်ထမ်းတွေက
ဆိုင်ပိုင်ရှင်ဝန်ထမ်းတွေကိုပြောပါသတဲ့။
အေးလေ
သူတို့လဲသခင်ခိုင်းလို့ကိုက်ရတဲ့ခွေးတွေဘဲ
လို့နှလုံးသွင်းကြပြီး ဆိုင်ရှင်တွေခေါင်းခြင်းရိုက်ကုန်ကြပါပြီ။
၁၇ရက်နေ့အဖွဲ့ကတော့သမီးတို့ကိုကူညီပေးတယ်လို့ဘဲ
သတ်မှတ်ပါ လို့ချိုချိုသာသာနဲ့
ဘဲအေးဓါးပြတိုက်တယ်လို့ကြားပါတယ်။
ဓါးပြတိုက်ခံရတာခြင်းတူတူတော့ချိုချိုသာသာနှိုက်ယူတာက
တော်သေးတာပေါ။့
မအေနှမမဆဲရုံတမယ်တောင်းတာတော့မကောင်းပါဘူးလို့
တချို့ကလဲပြောနေပါတယ်။နောက်ဆုံး သတင်းကို အခုထွသေချာမသိရသေးပေမယ့် ဒီ ၂ပတ်အတွင်း
ဦးကိုကိုဌေးရဲ့တုန့်ပြန်မှုကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။
ရှော့ပင်စင်တာတစ်ခုရဲ့
အသက်သွေးကြောဖြစ်တဲ့အစားအသောက်တန်း ကတော့
တပြားမှမပေးဘူးလို့လူညီနေတာတွေ့ရပါတယ်
သူတို့က အခံစားရဆုံးလူတွေ ကိုး။
အသက်သွေးကြောလို့ပြောရတာက
ရာသီဥတုလေးပူတယ်လူတွေ က အားနေတယ်ဆို
အိမ်မှာမနေလဲ ရှော့ ပင်စင်တာလေးလျှောက်ကြည့်
မျက်လုံးနဲ့စိတ်ကူးနဲ့ဘဲ ဈေးဝယ်
(တကယ်လဲ မြန်မာတွေ အပို မဖြုန်းနိုင်တော့တဲ့ ဘ၀ပါ)
ပြီး၇င် အစားအသောက်ဆိုင်လေးခနထိုင်ပြီးနားကြတာဘဲလေ။
ဒါပေမဲ့
တလ၅သိန်းကျော်ပေးထားရတဲ့တော်ဝင်စားသောက်ခန်းတွေက
နဲနဲလေးမှတခေါက်နားချင်စရာမကောင်းတဲ့နေရာတွေဖြစ်နေပါတယ်။
တလ၁၀သိန်းကျော်ပေးပြီးဖွင့်ထားတဲ့မြေအောက်ထပ်
မွန်းဘိခရီတို့ကြက်ကြော်ဆိုင်တို့
ကိုရီးယားစားသောက်ဆိုင်တို့ကတော့
တော်ပါသေးတယ်လေ
။ အခုတလောအမည်းဝမ်းဆက်ကိုယ်ရံတော်၎၊၅၊၆ယောက်
နဲ့ဈေးကို ဟန်ရေးပြပတ်တတ်တဲ့ဦးကိုကိုဌေးသမီးတော်ရော
ဦးကိုကိုဌေးရောတော်ဝင်ကိုရောက်မလာလို့
လူရိုက်ခံရမှာကြောက်လို့လားမသိဘူးလို့
ရယ်စရာပြောနေကြပါတယ်
။နောက်ပြီး
ဒီလောက်သူ့ကိုယ်ပိုင်ငွေ တပြားမှ မထွက်ဘဲ
သူများငွေကိုသာကိုယ့်အိပ်ထဲ အရောက်
သဲ့ယူတတ်တဲ့ သူဌေးက ဒီစင်တာဖွင့်ပွဲမှာ
ကိုရီးယားစားသောက်ဆိုင်ပိုင်ရှင် ကိုရီးယားလူမျိုးကို
ကိုရီးယားမင်းသားမင်းသမီးတွေခ်ါပေးဖို့ကြိုတင်ငွေ
ဒေါ်လာ၅သောင်းပေးလိုက်တယ်ဆိုပြီးတရားစွဲထားတဲ့
ကိစ္စဟာလုံးဝကို မဖြစ်နိုင်တဲ့ကိစ္စလို့တွက်ချက်နေကြတယ်လေ။
သူ့လိုလူမျိုးက ဘယ်လိုလုပ်ငွေကြိုပေးတာဖြစ်နိုင်ပါ့မလဲတဲံ့။
ပင်ပမ်းရတဲ့ ဘ၀အပမ်းတွေ ကြားမှာရယ်စရာတွေ
ရှာပြောနေပေမယ့် တကယ်တော့ တော်ဝင်က ဘယ်ဆိုင်ရှင်မှ
ဟက်ဟက်ပက်ပက် မရယ်နိုင်တာကြာပါပြီ။