ဘဲဥချဉ်ရည်ဟင်း

အင်း ဘာစားရမလဲ လဲ မသိတော့ ခုတလော ရိုးရိုးသားသား ဖိုးသခွားလေးတွေပဲ အာရုံလာနေတယ် အသားတွေပါတွေ သိပ်မစားချင်ဘူး ဒေါ်ချစ် က ဖြူစုတ်စုတ် လို့ ပြောထားတဲ့ အတွက်လဲ အရောင်လေးနဲ့ ချက်ပြီး တင်ချင်ပါတယ် အဲ့တာနဲ့အိမ်မှာ အသင့်ရှိနေတဲ့ ဘဲဥ ကိုပဲ ချက်စားမယ် လို့တွေးပါတယ်။ ကြက်ဥ ကို နောက်ပိုင်းမှာ လူတွေက အလွယ် ချက်စားကြပေမယ့် ကိုယ်ကတော့ ဘဲဥ စစ်စစ် ကိုမှ ကြိုက်ပါတယ် ချဉ်ရည်ဟင်းချက်စားမယ် ဆိုရင်ပြောတာပါ တကယ်လို့ မကျက်တကျက် ကြော်မယ် ဆိုရင်တော့ ကြက်ဥ ကိုပဲ ပိုကြိုက်ပါတယ် အကြော်ဆိုရင်တော့ ကြက်ဥ ပေါ့ ဟင်းချက်စားမယ်ဆိုရင်တော့ ဘဲဥ ပေါ့ ဒီလိုခွဲပါတယ် ရွေးချယ်စရာလဲရှိရင်ပြောတာပါ။

တီ့ တို့ ချက်တဲ့ ဘဲဥ ချဉ်ရည် က အရင်ကြော်ပါတယ် အမေ ဆီက သင်ထားတဲ့ အတိုင်းပါ တီကလဲ ကြော်ပြီး မှ ချက်တာ ပိုကြိုက်ပါတယ် မုန့်ဟင်းခါးတွေ ထဲမှာ ထည့်တဲ့ အိုးဘဲဥ လိုမျိုး ပြုတ်ပြီး ဓါးခြစ်ချက်တဲ့ ချဉ်ရည်ဟင်းဆိုရင် တယ်မကြိုက်ချင်ပါဘူး နောက်ပြီး တချို့ဘဲဥ ကို အချပ်လိုက်ကြော်ပြီး ချဉ်ရည်ဟင်း ချက်တာ ရှိသေးတယ် အဲ့တာမျိုး အမုန်းဆုံးပဲ….ထားပါတော့

ပထမဆုံး ဘဲဥကိုပြုတ်ပါတယ် နောက် အပ်ချည်ကြိုးလေးတွေ နဲ့ ထက်ခြမ်းခွဲပါတယ် ပြီးတော့မှ ဘဲဥ ကိုဆီပူထဲ ခဏ ကြော်လိုက်ပါတယ် အခွံလေးတွေ ရွှေရောင်သန်းလာတဲ့ အထိကြော်ပေးပါ ပြီးတော့မှ ပြန်ဆယ်ပြီး ပန်းကန်ထဲထည့်ထားပါမယ် နောက် ခရမ်းချဉ်သီးလေးတွေ ကိုသေးသေးလေးတွေလှီးထားပါ နောက်ဆုံးပန်းကန် ကတော့ မန်ကျည်းနှစ်တွေကိုဖျော်ထားတာပါ အသင့်ပြင်တာတွေပြီးပြီဆိုရင် ချက်တဲ့စခန်းထပါမယ်နော်

ပထမဆုံး ဆီပူထဲမှာ ကြက်သွန်ဖြူနီ ကိုအရင်ဆီသတ်ပါမယ် တလက်စတည်း အရောင်တင်မှုန့်နဲ့ နနွင်း နည်းနည်း ထည့်လိုက်ပါ ကြက်သွန်ဖြူနီတွေ ရွှေရောင်သန်းလာရင် ခရမ်းချဉ်သီးတွေ ထည့်ပါမယ် ခရမ်းချဉ်သီးတွေ နွမ်းတဲ့ အထိသေချာမွှေကြော်ပေးနေပါ

ခရမ်းချဉ်သီးတွေပုံမှာ ပြထားတဲ့ အတိုင်း အနှစ်ဖြစ်သွားပြီဆိုရင် မန်ကျည်းမှည့် ရေထည့်ပါမယ် ခဏပေးဆူ လိုက်ရင်တော့ ဘဲဥ ထည့်လို့ ရပါပြီ။ ဘဲဥထည့်ပြီးရင် ဆီပျံတဲ့ အထိ ခဏတည်ပေးပါလေ။ ဆီပျံလာပြီဆိုရင်တော့ အိုကေပါပဲ တီကတော့ တခါတလေ အရေလေးဆမ်းစားချင်ရင် ဆီပျံ ရေကျန်လေးလဲ ချက်တတ်ပါတယ်

ပုံမှာ ပြထားတဲ့ အတိုင်း လွယ်ကောင်းသက်သာ မြန်ဆန်အရသာရှိ ဘဲဥ ချဉ်ရည်ဟင်း တခွက်ရပါပြီ
စားကြပါအုံးနော်

ဒါလေးကတော့ ဘောနပ်စ် အချိုတည်းဖို့ ဒူးရင်းသီးပါ

A Chen
7:15 PM
30th April 2011
Saturday
Home
Bangkok

သက်သက်လွတ် ပဲကြာဇံကြော် နဲ့ ယိုးဒယား ပဲကြာဇံ သုပ်

ဒီတခါတော့ အပြောင်းအလဲ ကလေးဖြစ်အောင် သက်သတ်လွတ်ပဲကြာဇံ ကြော် နဲ့ ယိုးဒယား ပဲကြာဇံ သုပ် ကိုတင်ပေးမယ်နော်။ တလောက အသားတွေ ချည်းချက်စားနေတော့ အီလာပြီ။ အအီပြေပေါ့။

ပဲကြာဇံ ကို ရေနွေးနဲ့ပြုတ်ပြီး ရေအေးစိမ် စစ်ထားပါ။ ပဲကြာဇံ နော် ကြော်စားတဲ့ ဆန်ကြာဇံ မဟုတ်။ ပဲဟင်းထဲထည့်တာ ကြာဇံချက် ချက်တာမျိုးနော်။ Glass Noodle လို့ ခေါ်တယ် vermicelli မဟုတ်။ မမှားပါစေနဲ့နော် ကြော်ရတာ အရမ်းလွယ်ပါတယ် ကိုယ်ကြိုက်တဲ့ အသီး အရွက်လေးတွေကို လှီး ပြီး ရေဆေးထားအုံးနော် တီကတော့ အလွယ်ပဲ ရှိတဲ့ ဂေါ်ဖီထုပ် နဲ့ ဟိုတလောက ဝက်သား နန့်ဖစ်အောဝ် တုံးက ကျန်တဲ့ ဆလပ်တွေ ကို ထည့်ဖို့ ကြံတယ်

ဆီပူ အိုးနဲ့ငရုတ်သီး ခြောက် ကို နည်းနည်း အရင်ထည့်ကြော်ပါ အနံလေးမွှေးနေအောင်ဖြစ်ပါတယ် ပြီးရင်တော့ ဂေါ်ဖီတွေ ကြော် ဆား အချိုမှုန့် ထည့် ပဲငဲပြာရည် နည်းနည်း ထည့် ပြီးတော့ မှ ခုန က စိမ်ထားတဲ့ ကြာဇံ ကိုထည့် ခဏ ကြော်လိုက်ရင် ရပါပြီ ကြိုက်တတ်ရင် အသား၊ ကြက်ဝက်။ ကြက်သွန်ဖြူ နီ တွေ လဲ ထည့်ကြော် လို့ ရပါတယ် အရောင် လှချင်ရင် အရွက်တွေ ကို အရောင်ပါတာရွေးထည့်ပေါ့ ဥနီ တို့ မုန်ညှင်း တို့ ဘရိုကိုလီ တို့ ဘေဘီကောန်း တို့

ကဲ ဒါဆိုရင်တော့ မြန်ကောင်း သက်သာ လွယ်ကူ အရသာရှိပါပဲ သက်သတ်လွတ် ပဲ ကြာဇံ ကြော် တပွဲ ရပါပြီ ထမင်း နဲ့စားစား သူ့အတိုင်း စားစား အိုအိရှိပါပဲနော်
တီကတော့ ရိုးရိုးလေးပဲ အိမ်က လက်ကျန် အကုန်ဖြတ်တာ ဆိုတော့ သက်သက်လွတ် ဖြစ်သွားတယ်
မြည်းကြည့်ကြပါအုံးနော်

နောက်တမျိုးကတော့ ဒီမှာ ယမ်းဝန်းဆင့် လို့ ခေါ်တဲ့ ပဲကြာဇံ ယိုးဒယားစတိုင်လ် သုပ်ပါ သူက တော့ အသုပ်ဖြစ်တဲ့အတွက် ကြိုတင်ပြင်ဆင်ရတာတွေကပဲ ပိုများပါတယ် ကြည့်ကြည့်ရအောင်နော်

ပထမဆုံးကတော့ ပုစွန်ခြောက် သေးသေးလေးတွေ ကို ရေနွေးဖျော် လိုက်ပါတယ် ပြီးတော့ ရေစစ်ထားပါ နောက်ဝက်သား တောက်တောက်စင်း (တီကတော့ စင်းပြီးသားပဲ ဝယ်လိုက်တယ် အလွယ်) ကို ရေစပ်စပ်လေးနဲ့ ကြော်လိုက်ပါ ပုံ ၂ ကိုကြည့် နောက် ပုံ ၃ ကတော့ အစာပလာ ပြင်တာပါ ပန်းရောင်လေးတွေက ဝက်သားချဉ်ချောင်း ကိုချေထားတာပါ ဘေးက သံပရာသီး နောက် ခုန က ရေစပ်စပ်နဲ့ ကြော်ထားတဲ့ ဝက်သား တောက်တောက်စင်း ကြက်သွန်နီ ပါးပါးလှီး နဲ့ ငရုတ်သီးစိမ်း ပါးပါးလှီး အလယ်က မြေပဲလှော် အခွံချွတ်ထားတာ

ပြုတ်ပြီး ရေစစ်ထားတဲ့ ပဲကြာဇံတွေကို နယ်မဲ့ ဇလုံထဲ ထည့်ပါ ကြက်သွန်နီ နဲ့ ငရုတ်သီးစိမ်းတွေ ထည့်ပါ အစာပလာ တွေထည့်ပါ ဆား အချိုမှုန့် သကြားနည်းနည်း (အရသာလေးအောင်ပါ) ပြီးတော့ ပုစွန် ငံပြာရည် နည်းနည်း ထည့်ပါနော် သံပရာသီး စိပ်တွေ ကို ညှစ်ထည့်ပြီး နယ်လိုက်ရင် အရသာရှိတဲ့ ပဲကြာဇံ သုပ်တပွဲ ရတာပေါ့ လွယ်မှလွယ် မြန်မှမြန် ကောင်းမှကောင်း ပဲနော်…….

ဒါကတော့ ဆာဗ် လုပ်ခါနီးမှာ အသင့်လှော်ထားတဲ့ မြေပဲ တွေ ကိုထည့်လိုက်တာပါ နယ်တဲ့ ထဲ ထည့်မနယ်ပါဘူးနော် ပျော့ ကုန်မှာစိုးလို့ပါ

ပြီးရင်တော့ အချိုတည်းစရာ ပိန္နဲသီး စေ့ပြုတ် ဆီ နဲ့ ဆားလေးနဲ့ တို့ စားလိုက်ရင် စိမ့်နေတာပေါ့ တီချမ်း က အိမ်လည်လာတာ အစေ့ ကြီးပဲ ကျွေးတယ် မပြောပါနဲ့ အသီးလေးလဲ စားပါ အမွှာလိုက် ခွာပြီးသားတွေ ဝယ်လာတာ

A Chen
4:54 PM
29th April 2011
Friday
Bangkok

လရောင်လမ်း နှင့် အခင်းဖြစ်ပွားခြင်း

မောင်တေဇာ (လရောင်လမ်း) ရဲ့ စာတွေကို သွားသွားဘတ်နေကြပါ။ တခါတခါ တော်တော်သဘောကျတာ တွေ့ရင် ကါန်မန့် ရေးတတ်ပါတယ်။ ခုလဲကါန်မန့် ရေးတဲ့ထဲက တခု အတော် သဘောကျလို့ ပြန်ရှယ် ချင်ပါတယ်။ အော်ရီဂျင်နယ် က ဒီမှာပါ

အခင်းဖြစ်ပွားမှု (Phenomenological)

Posted by တေဇာ (လရောင်လမ်း)

အဲလိုပဲ ဖြစ်သွားတယ်
ကဲ့ရဲ့ဖို့မဟုတ်၊ ချီးမြှောက်ဖို့မဟုတ်
သေချာတာက အဲလိုပဲ တကယ်ဖြစ်သွားတယ်
အဲဒီဖြစ်စဉ်အတိုင်း ကျွန်တော်လိုက်သွားကြည့်မယ်
အနည်းဆုံး မဆုံးသေးတဲ့အထိ။

Phenomenological

It just happens.
Worthy of neither polemics nor compliments.
The fact is that it really happens.
I will follow the phenomenon,
At least, until it ends.

တေဇာ (လရောင်လမ်း)

7 comments:

Addy Chen said…

မောင်တေဇာ နောက်ဆုံး အကြောင်း က မြန်မာလို နဲ့အီး လို ကွန်ထရာဒစ်နေလားလို့ April 25, 2011 9:39 AM

အင်္ဂလိပ်လိုမှာတော့ ပြဿနာမရှိဘူးထင်တယ် တီချမ်း။ မြန်မာလိုကို `ဘာသာပြန်ဖတ်´ ဖတ်တဲ့အခါကျတော့ နည်းနည်းလေး ပြောရင် ပြောစရာဖြစ်နေတယ်။ အဲဒါက `အနည်းဆုံး မဆုံးမချင်း´ လို့မသုံးဘဲ၊ `အနည်းဆုံး မဆုံးသေးတဲ့အထိ´ လို့ သုံးလိုက်လို့လည်း ဖြစ်မယ်။

ဥပမာ-
I read the poem until its end.
ဒီကဗျာကို မဆုံးမချင်း (Negative) ဖတ်တယ်၊ (ဒါမှမဟုတ်)
ဒီကဗျာကို ဆုံးတဲ့အထိ/တိုင်အောင် (Positive) ဖတ်တယ်။

မြန်မာဘာသာကို ဖလှယ်တဲ့အခါမှာ `မဆုံးမချင်း´ လို့ Negative နဲ့ပြန်ပြန်၊ `ဆုံးတဲ့အထိ´လို့ Positive နဲ့ ပြန်ပြန်၊ အဓိပ္ပာယ် တူတူပဲ ဖြစ်နေတယ်။ မဆုံးမချင်းဖတ်ဖတ်၊ ဆုံးတဲ့အထိ/တိုင်အောင်ဖတ်ဖတ် ကဗျာတစ်ပုဒ်လုံးပြီးအောင် ဖတ်လိုက်တာချင်း တူတယ်။

နောက်ထပ်ဥပမာတစ်ခုပြောရရင်
He held the power until his death. ကို မြန်မာဘာသာပြန်မယ်ဆိုရင်
သူဟာ အာဏာကို မသေမချင်း ဆုပ်ကိုင်ခဲ့တယ်။
(ဒါမှမဟုတ်)
သူဟာ အာဏာကို သေတဲ့အထိ/တိုင်အောင် ဆုပ်ကိုင်ခဲ့တယ်။
(ဒါမှမဟုတ် ကျွန်တော် ကဗျာမှာသုံးထားသလို)
သူဟာ အာဏာကို မသေသေးတဲ့အထိ ဆုပ်ကိုင်ခဲ့တယ်။

မြန်မာလိုမှာ Positive/Negative ကွဲနေပေမယ့် `အနက်´မှာ အတူတူချည်းပဲ ဖြစ်နေတယ်။

You don’t know what you can achieve until you try.
ဒီလိုဝါကျမျိုးကျတော့ `မကြိုးစားသေးတဲ့အထိ´ (ဒါမှမဟုတ်) `မကြိုးစားမချင်း´ လို့ Negative နဲ့ မြန်မာလို ဖလှယ်မှပဲ အဆင်ပြေတာကို တွေ့ရတယ်။ အဲဒါက ရှေ့မှာ Negative (don’t know) ပါနေလို့ဖြစ်လိမ့်မယ်။

ကဗျာက Present Continuous ကိုတော့ will ပြောင်းလိုက်တယ်ဗျာ။ အမြင်မတော်တာရှိရင် နည်းနည်းထောက်ပါ တီချမ်း၊ ကျွန်တော်လည်း သိသလောက်နဲ့ လျှောက်ရေးတယ်။း) April 25, 2011 6:15 PM

Addy Chen said…

ဟုတ်ကဲ့ ပေါက်ပြီ ကိုကိုတေဇာ ပြောတာကောင်းတယ်

အမှန်က မဆုံးမချင်း လို့ပြန်ရင် ပိုဘတ်ရတာ ချောမှာ

မသေသေးတဲ့ အထိ နဲ့ မသေမချင်း ဘတ်ရတာ ကွာသလိုပေါ့ အသုံးကွာတယ် ထင်တာပဲ

နောက် အက်တစ်ပက်စစ် လေနော် အီး အသုံးမှာက

ဥပမာ English စစ်တွေ ဆိုရင် i cut my hair လို့ မှ မရေးတာ
i had my hair cut ဆိုမှ သဒ္ဒါ အရမှန်မယ်လေ အခုနောက်ပိုင်း တော့ တီတို့ ပတ်ဝန်းကျင်မှာ က အမေရိကန် အီး အပျက်တွေ ပဲ သုံးတာများနေတာလဲပါတယ် ခုနောက်ပိုင်းပိုဆိုးတယ် အမေရိကန် ရုပ်ရှင်တွေမှာ အမဲကောင်တွေက စကားပြောရင် he don’t she don’t တွေ တောင်လာတယ်
မောင်တေဇာ ကဗျာ တိုတွေမှာ အစကတည်း အီး ကို သဒ္ဒါ မှန်အောင် သုံးတာတွေအတွေ့များတယ် အဖေ့ ဆီက ရတာထင်တယ်

အခုဟာကတော့ ခုန က ပြောသလို မောင်ရင့် စကားလုံး အသုံးအနှုန်းရွေးချယ်မှုပေါ့ မဆုံးမချင်း လို့ မောင်ရင် သုံးရင် မဆုံးသေးတဲ့ အထိ ထက် ပိုလှမယ် လို့ ကိုယ်ကထင်တယ်

ဒါက ဘတ်သူဘက်က ခံစားချက် (တခါတခါ စာဘတ်သူက အသိဥာဏ် ရှိတယ် သူစာဘတ်ကျေတယ် လို့ သူ့ကိုယ်သူ ထင်တဲ့ အခါ စာရေးသူ ကို စမ်းတာ တော့မဟုတ်ဘူး စာရေးသူ ကဗျာရေးသူ ရဲ့ လွတ်လပ်ခွင့် ကိုထိပါးတတ်တယ် ကိုယ်လို လူတွေအဖြစ်များတယ် အမှန်ကတော့ မောင်တေဇာ ရေးတာ ကောင်းတယ် ကြည့်တဲ့ ခံစားတဲ့တဲ့ ထောင့်မတူတာပါ)

မနေနိုင်မထိုင်နိုင် တတ်သလောက် မှတ်သမျှ ပြန်ဆွေးနွေးကြည့်တယ်

ကြည့်လိုက် ဒီနေရာမှာ တတ်သလောက် မှတ်သလောက် လို့ ပဲ သုံးရင် ရတယ် ကိုယ်က မှတ်သမျှ လို့ကွန့်သုံးတယ်

ပြန်ဆွေးနွေးကြည့်တယ် လို့ ပညာရှိချင်ယောင်ဆောင် (ဟန်ဆောင်) ပြီး ရေးသေးတယ် April 26, 2011 10:50 AM

ကျေးဇူး တီချမ်းး) April 26, 2011 2:50 PM

Addy Chen said…

mg tay zar if u agree i would like to post this comments at my blog
including ur poem of course with ur link stated.

only if u agree
i think this is a good conversation and i think it will benefits some people at least, see i am being proud again… April 26, 2011 3:55 PM

Why not? T chan. I agree. 🙂 April 26, 2011 4:16 PM

Addy Chen said…

အိုကေ နော် အဲ့တာဆို လုပ်ချလိုက်တော့မယ် April 27, 2011 9:09 AM

ခွင့်ပြုချက်တောင်း……..ရန်မလို……….

foto from google

ခွင့်ပြုချက်တောင်း……..ရန်မလို……….

တချို့ ကိစ္စတွေဆိုရင် ရှင် က ကျမ ကို သဘောတူမတူ ခွင့်ပြုချက်တောင်းစရာမလိုပါဘူးလေ။ ဥပမာ…
“ကိုယ်မင်း ကို နမ်းရမလားဟင်”
“ဒီည ကိုယ်ဒီမှာ အိပ်လို့ ရမလားဟင်”
“ကိုယ်မင်းဆီကို ဖုန်းဆက်လို့ရမလားဟင်”
“မင်း လက်ကလေးကို ကိုယ်ကိုင်ထားလို့ရမလားဟင်”
“မင်း ကို ကိုယ်ထပ်တွေ့နိုင်အုံးမလားဟင်”

ကောင်လေးက ကောင်မလေး ကို “နမ်းရမလားဟင်” လို့မေးရင် ကိုယ်ကတော့ အဲ့ဒီကောင်လေး သိပ်တုံးတယ် လို့ ထင်တာပဲ။ စဉ်းစားကြည့်လေနော်….တကယ်လို့ကောင်မလေး က “အင်း….” လို့ ဖြေရင်….အဲ့ဒီကောင်မလေးက အိနြေ္ဒ မရှိလိုက်တာ လို့ဖြစ်နေမယ်လေ။ အဲ့တော့ ကိုယ်တို့ တွေမှာ “ဟင့်အင်း……” လို့ ဖြေရန်မှ တပါးအခြားမရှိ။ ဒါမှ မဟုတ် ဘာမှမဖြေဘဲ တိတ်ဆိတ် နေယုံပဲ။ တကယ်လို့ ကောင်လေးတွေ က ကောင်မလေးတွေကို နမ်းချင်တယ် ဆိုရင် နမ်းသာနမ်းလိုက်ပါ။ သဘောတူလားမတူလားမေးမနေပါနဲ့။ တကယ်လို့ ဝေါ့စ်ကေစ့် စနေရီယို သဘောတူညီချက် (ဝါ) ခွင့်ပြုမှု မရဘဲ နမ်းလိုက်မယ် ဆိုပါတော့ မသကာ အလွန်ဆုံး ရ လက်ဝါး တဘက်ပေါ့။ ဒါပေမယ့် ကံကောင်းရင် ကိုယ့်ရင်ခွင်ထဲ ပြိုဆင်းလာမယ့် အပွေ့အဖက် တခုတောင် အပိုဆု ရနိုင်သေးတယ်။ ကံကောင်းရင်ပြောတာနော် အဲ့တာဆို တီ့ စာဘတ်လို့ ဆိုပြီး ကျေးဇူး လာတင်ပါ (ကောင်လေးတွေ လက်ခုပ်တီးပါတယ်) ပါးရိုက်ခံ ရရင် တော့ ငါ ကိုက ကံမကောင်းတာပါ လို့ဖြေသိမ့်ပါ (ကောင်မလေးများ လက်ခုပ်တီးပါတယ်)

ဒါပေမယ့် ကောင်လေးက “နမ်းရမလားဟင်” လို့ သာ သွားမေမိမယ်ဆိုရင်တော့ သူက ဘာမှ မရနိုင်တဲ့ အပြင် ကောင်မလေးကလဲ ငတုံး လို့ တောင် သူ့ကို သတ်မှတ်နိုင်ပါသေးတယ်။

နောက်ပြီး ကောင်လေး က ကောင်မလေး ဆီမှာ ညဘက် နေချင်တယ်။ အဲ့တာဆိုရင်လဲ နေလို့ ရမရ မမေးပါနဲ့။ တကယ်လို့ ကောင်မလေးက ကိုယ့်ကို နေစေချင်ရင် ဟင့် (hint) ပေးပါလိမ့်မယ်။ မနေစေချင်ရင်လဲ “ဟင့်” ပေးပါလိမ့်မယ်။ ဘယ်လို အနေအထားမျိုးမှာ နေသင့်တယ် သွားသင့်တယ်ဆိုတာလောက် ကတော့ ယောက်ျားတွေ က သိပါတယ်။
(ဒါကတော့ တီ့ စိတ်ကူးယဉ် ခေတ်လွန် လူတန်းစားကိုပြောပါတယ် အာတီကယ် ကို အာတီကယ် အတိုင်းပဲ ဘတ်ပါနော် မြန်မာပြည်မှာတော့ ဒါမျိုးတွေ မရှိဘူး ဘာညာ ကိုယ်သိတာ ကွက်ကွက်လေးနဲ့ မငြင်းပါနဲ့ ရှိတဲ့နေရာတွေမှာလဲ ရှိနေမှာပါနော်)

တကယ်လို့ များ ကောင်လေးတယောက်က ကိုယ့်ကို “လက်ကလေးကိုင်ထားရမလားဟင်” လို့ မေးလာရင်တော့
ကိုယ်တော်တော်ဒေါသထွက်မိမယ်ထင်တယ်။ “မကိုင်နဲ့” လို့ပဲ ငြင်းရတော့မှာကိုး။ တခြားရွေးချယ်စရာမှ မရှိတာနော်။ ကောင်မလေးတွေ ကိုယ်သဘောကျတဲ့ ကောင်လေးက လက်ကိုင်တယ်ဆိုတဲ့ အတွေ့အကြုံဟာ အင်မတန်မှ ရိုမန်တစ်ဖြစ်ပါတယ်။ ဘဝတလျောက်လုံး ပြန်ပြန် အမှတ်ရနေမယ့် surprise ပါ။ တကယ်လို့ ကိုယ့်ကောင်လေးကသာ ကိုင်လို့ ရမရ (လက်ကို) အရင်မေးမယ်ဆိုရင် ဘယ်လာ surprise ပါတော့မလဲနော်။ ယောက်ျားတွေ ဟာ ဘယ်တော့မှများ ဘယ်လို ကိစ္စမျိုးကိုဆိုရင် သူတို့ ကောင်မလေးတွေကိုခွင့်တောင်းရမယ် ဘယ်လိုကိစ္စမျိုး ဆိုရင် ခွင့်တောင်းစရာ မလိုဘူးလဲ လို့ သေချာ နားလည်သဘောပေါက် မှာပါလိမ့်နော်…။

ဂျူး ရဲ့ “ကံကြမ္မာ ကို မယုံကြည်ကြသူများ” ထဲက မမ ထင်တယ် ဝေဘုန်း က အင်္ကျီ ကြယ်သီး ကိုင် တာနဲ့ ပတ်သက်ပြီးဖြစ်တာ ကိုသတိရမိသေးတယ်။ အခုဟာကလဲပိုစ့်ရေးနေတာ မို့လို့သာ တကူးတက လျောက်တွေး လျောက်ရေးနေတာပါ အပြင်လောက မှာတော့ တီက အင်မတန်မှ ဦးဆောင် ဦးရွက် ရှိပါတယ် တီ့ ကောင်လေးတွေ ဆိုရင် ဘယ်တော့ မှ ခွင့်တောင်းနေစရာမလိုဘူး တီ က ပဲ ဦးအောင် ကိုင်လိုက်တာပဲ (လမ်းကူးတဲ့ အခါ လက်ကိုပြောတာပါ)

မှတ်ချက်

ခေါင်းစဉ် ကို လာဘ်ပေး “ရန်” မလိုပါ ကဲ့သို့ ခွဲ မဘတ်ရ…။

A Chen
3:40 PM
28th April 2011
Thursday
Bangkok

ကျိုင်းတုံ ရှမ်းခေါက်ဆွဲ

လာပြီ….လာပြီ….ဒေါ်ချမ်းတီ…..နောက်တခါပြန်လာပါပြီ ရှမ်းခေါက်ဆွဲ ကျိုင်းတုံ မုန့်တီ…..အရင်တခါ တင်ဖူးတဲ့ ရှမ်းခေါက်ဆွဲ နဲ့မတူပါဘူး ဘာလို့လဲဆိုတော့ အရင်တခါ ချက်တာ က အသားသပ်သပ် ဟင်းရည်သပ်သပ်ပါ သူက မြောက်ပိုင်းရှမ်း ပိုဆန်ပါတယ် အခုဟာက အရှေ့ ပိုင်းရှမ်း တီ့မွေးရပ်ဇာတိမြေ ကျိုင်းတုံ က ကျိုင်းတုံ မုန့်တီ တဖြစ်လဲ ရှမ်းခေါက်ဆွဲဖြစ်ပါတယ် ဘာတွေကွာလဲ ဆိုတာကိုတော့ ချက်ကြည့်လိုက်ကြရအောင်နော် ….

ပထမ ပုံ ကိုကြည့်ပါ ဝက်နံရိုး ရှယ်နံရိုး ကို လိုအပ်သလောက်ရေနဲ့ပြုတ်ပါမယ် ပြီးတော့ ပုံ ၂ က အတိုင်း ပဲပုပ် ၂ ချပ်ခွဲကို တခါတည်း ထည့်ပြုတ်ပါမယ် ……နံရိုး ရယ် ပဲပုပ် ရယ် ရေ ရယ် ဒါပါပဲ ပြီးတော့ တီ့ တို့ မျိုးရိုးစဉ်ဆက် မဟာဟင်းရည်ကြည်အောင် တည်နည်းအတိုင်း တည်ပါမယ် အိုး ကို အဖုံးမဖုံးပါနဲ့ မဟုတ်ရင် ဟင်းရည်က မကြည်ဘဲ နောက်သွားပါမယ် ….အရင် ရှမ်းခေါက်ဆွဲက နည်းအတိုင်းတည်ပါ

ဒါကတော့ ဟင်းရည်ချက်ဖို့အတွက် ခရမ်းချဉ်သီး ကို သေးသေးလေးတွေ လှီးထားတာပါ ပြီးတော့ ကြက်သွန်ဖြူ နီ ကို ပုံအတိုင်း များများလေး ကြိတ်ထားပါ ဒါက အသင့်ပြင်ထားရမယ့် နောက်တခုပေါ့

ခုနက ဟင်းရည်အိုး ဆူရင် အဖုံး ကို ပုံအတိုင်း နည်းနည်းလေး ဟပြီးတော့ ဖုံးထားလိုက်ပါ ပုံ ၂ မှာ ပြထားပါတယ် ရှယ်နံရိုးကျက်သွားပါပြီ….ဒါဆိုရင် ဟင်းရည် ပထမပိုင်း တပိုင်းပြီးသွားပါပြီ ခဏတစခန်းရပ် ဘေးက ပုံ ၃ က တလောက အသစ်ဝယ်ထားတဲ့ မက်ဘွခ်အဲ ၁၁ အင့်ခ်ျ ပါ ဟင်းချက်တာနဲ့ ဘာမဆိုင်ပါဘူး တမင်သက်သက် မမကွမ် လို့ ကြွားချင်လို့ ပုံထည့်ထားတာပါ ငှဲငှဲငှဲ….ပြီးတော့ ဘေးကတော့ ကိုင်တာ နှစ်နှစ်ခွဲ ရှိပြီ ဖြစ်တဲ့ နိုကီယာ အဟောင်း အစုတ်လေးပါ ဘေးက မက်ခ်ဘွခ် ကိုပဲ ကြည့်ပြီး ဖုန်းကိုတော့ မမြင်ချင်ယောင်ဆောင်နေလိုက်ပါ (ဒါလဲ မမကွမ် ရေးနည်းအတိုင်းပေါ့)

ဝက်သား ကိုပုံအတိုင်း လေးထောင့် သေးသေးလေးတွေ တုန်းထားပါ ပြီးရင်တော့ ပုံ ၂ မှာ ပြထားတဲ့ အတိုင်း ငရုတ်သီးမှုန့် ကို အရောင်တင်မှုန့် ကော အကြမ်းမှုန့် ကော ထည့်ပါမယ် ပြီးရင်တော့ တတိယ ပုံက အတိုင်း ဆား အချိုမှုန့် ထည့်ပါမယ်

အရောင်တင်မှုန့်ရယ် ဆား အချိုမှုန့် ရယ် ပြီးရင် နနွင်းနည်းနည်းလေး ထပ်ထည့်ပေးပါ ပြီးရင်တော့ နောက်ဆုံးပုံထဲက အတိုင်း ငံပြာရည် နည်းနည်းထည့်ပြီးတော့ နယ်ပြီး နပ်ထားပေးပါ

ကဲ အစစ အရာရာ ပြင်ဆင်ပြီးရင်တော့ စတင်ချက်ပြုတ်ပါတော့မယ် ဆီကို အရင်ပူအောင်တည်ပါမယ် အဆင့်တွေက လုပ်နေကျ လွယ်လွန်လွန်းလို့ အမြန်ပဲ ရမ်းသရူးရေးသွားပါမယ် တီ့ စာဘတ်ရင် တော်ပြီးသား ပဲလေနော် ကဲ ဒုတိယ ပုံက အတိုင်း ကြက်သွန်ဖြူနီ ကို ဆီသတ်ပါမယ်

ကြက်သွန်ဖြူနီ ဆီသတ်လို့ ရွှေရောင်သန်းလာပြီဆိုရင် ခရမ်းချဉ်သီး ထည့်ပါမယ် ပုံ ၂ အတိုင်း ခရမ်းချဉ်သီးတွေ ကျေကုန်တဲ့ အထိ မွှေပေးနေပါ ခရမ်းချဉ်သီးတွေ ကျေကုန်ပြီဆိုရင် ခုနက နယ်ပြီး နပ်ထားတဲ့ ဝက်သား ကိုထည့်ပါမယ် ဝက်သား ကို ခဏ ဆီမွှေးလာအောင် ကြော်ပေးပါ ပြီးရင် ရေနည်းနည်း ထည့်ပြီးတော့ ဆက်တည်ပေးပါမယ်

ကြော်ရင်းနဲ့ မွှေမွှေပေးနေပါ အောက်က အသားတွေ မတူးကုန်အောင်ဖြစ်ပါတယ် ပြီးရင် ဇွှန်းလေးနဲ့ဆယ်ဆယ်ပြီး ဝက်သား နူးမနူး မြည်းကြည့်ပေးပါ ပုံ ၂ ကိုကြည့်ပါ ဝက်သားတွေ အိုကေ ပြီဆိုရင်တော့ အစကနေ ရေရင် ပုံ ၈ က ဟင်းရည်အိုးထဲကို အခု ချက်ထားတဲ့ ဝက်သားကော ဆီတွေ ကော ဘာဘာညာညာ အကုန်လောင်းထည့်လိုက်ပါ

ဝက်သားအနှစ်တွေ လောင်းထည့်လိုက်တဲ့ အတွက် ဟင်းရည် ကို တခါ ပြန်တည်ပေးရပါမယ် ပြီးရင် ခုန ကအတိုင်း ဟင်းရည် ကို ပြန်ဆူပါစေ ဒီနေရာမှ နောက်ထပ်ပြင်ထားရမယ့် ကြက် ဘဲ ပဲ ဝက်သွေးကြိုက်ရာ ကို အရင်ရေနဲ့ပြုတ်ပြီး ကြိုက်တဲ့ အရွယ် အနေတော် အတုံးလေးတွေ လုပ်ထားပါ ပျော့ပျော့လေးစားချင်ရင် ရေနဲ့အရင်မပြုတ်လဲရပါတယ် တီက မာမာလေး ကြိုက်လို့ပါ ပြီးရင် ခုန က ဝက်သား ပဲပုပ်နံရိုးဟင်းရည် ဆူလာရင် အသွေးတုံးတွေ ထည့်ပေးပါမယ် ပြီးရင် ဆားချိုငံပေါ့ မြည်းပေး လိုတိုး ပိုရေနည်းနည်းရောလုပ်ပါ (ရေ ကို ရေရမယ် ဆိုရင် နည်းနည်းပဲ ရောပါ မဟုတ်ရင် ဟင်းရည်က ကျဲပြီး စားမကောင်ဖြစ်နေမယ် ဆရာမ နာမည်မပျက်ချင်ဘူးနော်) လုပ်ပြီးရင် ခဏပေးဆုလိုက်ရင် ကျိုင်းတုံ မုန့်တီ ရှမ်းခေါက်ဆွဲစစ်စစ်အတွက် ပထမအဆင့်အနေနဲ့ ဟင်းရည် ရပါပြီ…

ပြီးပြီလားဆိုတော့ မပြီးသေးပါဘူး ပြင်စရာနောက်တဆင့် ရှိပါသေးတယ် ကြည့်ရအောင်နော်..

ဒီမှာက မြီးရှည်ဖတ် အစို အလွယ်မရတဲ့အတွက် မြီးရှည်ခြောက် ကိုညကတည်းက ရေအရင်စိမ်ထားရပါတယ်
နောက်စားခါနီးကျတော့မှ ပြန်ပြုတ် ပြီးတော့ ရေအေးနဲ့ပြန်ဆေးပြီးမှ ဆယ်ထားပေးပါ
နောက်ဘေးက ပန်းရောင်ဇလုံထဲမှာ မြင်ရတာကတော့လက်ပံပွင့်တွေဖြစ်ပါတယ်
ရေအရင်သေချာဆေး ရွေးပြီးတော့ ရေပြန်စိမ်ထားပါ

ပြီးရင် ပုံမှာ ပြထားတဲ့အတိုင်း ရေနွေးတအိုးသပ်သပ်တည်ပြီးတော့ လက်ပံတွေကို ပြုတ်ပါမယ် ပြီးရင် နူးမနူးမြည်းပေးပြီးတော့ ပန်းကန်လေးထဲ ဆယ်ထားပေးပါ အရင် တီအရင်ချက်တုံးကဆို အလုပ်ပိုရှုပ်မှာစိုးလို့ဆိုပြီး ဟင်းရည်အိုးထဲ ကို လက်ပံပွင့်တွေ တခါတည်း ထည့်ချက်လိုက်တာပါပဲ (အမေရောက်လာမှ ပြောပြတာက လက်ပံ ကို အဲ့လို ထည့်ချက်ရင် ဟင်းရည်တွေက ချွဲ သွားတတ်တယ်တဲ့ လက်ပံကြောင့်ပေါ့) အဲ့တာကြောင့် ရေနွေးဖျော်ပြီး သပ်သပ်ထားတာပါ

ပြီးပြီလား ဆိုမပြီးသေးပါဘူး ကြိုက်တတ်ရင် ဂေါ်ဖီ ကို ပုံထဲ က အတိုင်း ပါးပါးလေးလှီးထားပေးပါမယ်
ဂေါ်ဖီမကြိုက်ရင်ပဲဖြစ်ဖြစ် မရရင်ပဲဖြစ်ဖြစ် ပဲပင်ပေါက်နဲ့လဲ အစားထိုးသုံးနိုင်ပါတယ် နောက် နံနံပင် သံပရာသီး လှီးထားပါ နောက်ဆုံး ပုံကတော့ ပွဲပြင်တာပါ ရှမ်းခေါက်ဆွဲ (မြီးရှည်ဖတ် အမှန်ကတော့ ရန်ကုန်အခေါ်နန်းလတ်အဖတ်ပါ ဒါပေမယ့် မြီးရှည်ခြောက်နဲ့ နန်းလတ်ဖတ်က တကယ်တော့ ကွာပါတယ် မြီးရှည် က အပြုတ်ခံတယ် နန်းလတ်သုံးရင် ဒီနေရာမှာ သိပ်စားမကောင်းဘူး သူက ရေနွေးဖျော်လို့လဲအဆင်မပြေ ဘူး မှလား…မြီးရှည်ဖတ် ကို အစိုကော အခြောက်ကော မရနိုင်ရင် မုန့်တီဖတ် ကိုလဲအစားထိုး အသုံးပြုနိုင်ပါတယ်) ကိုအောက်ဆုံးကနေထည့် ပြီးတော့ ဂေါ်ဖီထည့် လက်ပံပွင့်ပြုတ်တွေထည့် ပြီးတော့ နံနံပင်ထည့်ပြီးပြင်ပါမယ် ပြီးလို့ရှိရင်တော့ ခုန က ချက်ထားတဲ့ ဟင်းရည် ပူပူလေး ကို ဆူနေအောင်တည်ပြီး လောင်ထည့်လိုက်ရင် အင်မတန်မှ ချက်ပြုတ်ရတာ လွယ်ကောင်း သက်သာ မြန်ဆန် အရသာရှိတဲ့ ကျိုင်းတုံမြီးရှည် တပွဲ ရပြီပေါ့နော် တချို့ ကလဲ ဟင်းရည် မဆမ်းခင် ရေနွေးအိုးထဲကို ဇကာ နဲ့အရင် တရေပြုတ်ပါတယ် အရွက်တွေနည်းနည်းလေးနွမ်းအောင်ရယ် ခေါက်ဆွဲ ကို ပါပြုတ်လိုက်တာပေါ့လေ တီတို့ကတော့ ခေါက်ဆွဲက ပြုတ်ပြီးသားဖြစ်တဲ့ အတွက် အဲ့အဆင့် မလိုတော့ဘဲ တခါတည်း ဟင်းရည်ထည့်ပြီး စားမယ့် အဆင့် ကို ဒါရိုက် ခုန်ကျော်လိုက်တာပါ မစောင့်နိုင်တော့ဘူးလေ စားချင်လှပြီ….

ကဲ အားပေးကြပါအုံးနော် ကျိုင်းတုံ မြီးရှည် ကို။ တီကတော့ စားကောင်းကောင်းနဲ့ နှစ်ပွဲ တွယ်လိုက်ပါတယ်

ဒါကတော့ ခေါက်ဆွဲနဲ့ တွဲဘက်တွယ် ရမယ့် ဝက်ခေါက်ကြော်ပဲ ဖြစ်ပါတယ် ရှောက်ရွက်ကြော်လေးတွေပါတော့ ပိုမွှေးပါတယ် ရှောက်ရွက် က စားလို့လဲကောင်းတယ် တီတော့ ကြိုက်တယ်

ပြီးရင်တော့ ဂရပ်စ်ဂျဲလီ လို့ခေါ်တဲ့ ကျောက်ကျောမဲကို အချိုပွဲ သုံးဆောင်ပါအုံးနော် ဒီမှာကတော့ ကျောက်ကျော ကို သကြားရည်နဲ့ ဖျော်သောက်တာ မဟုတ်ဘဲ ကြံသကာမှုန့် ရေခဲ တို့ နဲ့ယိုးဒယားနည်း အတိုင်း သုံးဆောင်ပါတယ် ဒီမှာကတော့ အတုံးလိုက် လုပ်ထားပြီးသား တခါသုံးကော်ခွက်လေးတွေ နဲ့လာပါတယ် သကြား အချို နည်းနည်းပါပြီးသားပါ တီက ပါးပါးလေးတွေပြန်လှီးပြီးတော့ ကြံသကာမှုန့် နဲ့ ရေခဲ ထည့်လိုက်တာပါ အေးအေးလေး မွှေးမွှေးလေးနဲ့ တကယ် စားကောင်းပါတယ်

ဒါတွေကတွေကတော့ ဘောနပ်စ် ပုံတွေဖြစ်ပါတယ် အမေရယ် ညီရယ် မောင် ရယ် ကိုယ်ရယ် ပါ

အားလုံးပဲ ချမ်းသာ ပကတိ ကျန်းမာစွာရှိကြပါစေ လို့ဆုတောင်းပေးရင် အချက်အပြုတ် တီချမ်း တကယ်လုပ် ကဏ္ဍ ကို ခဏ ရပ်နားလိုက်ပါတယ်နော် …..

A Chen
12:07 AM
28th April 2011
Thursday
Home
Bangkok

အသည်းကြော် နဲ့ အသီးစုံ

ခုတလော အမေရောက်ကတည်းက ခဏခဏ ချက်စားဖြစ်တဲ့ အသည်းကြော်ပါ အမေကြော်တာ ကိုသိပ်ကြိုက်တယ်လေ ကိုယ်လဲ ကိုယ့်ဘာသာ ကြော်ကြော်စားပါတယ် အမေကြော်တာတော့ ပိုကောင်းတာပေါ့
အရင်တပတ်ကဆို တပတ်ထဲ ၄ ခါတောင် ကြော်စားဖြစ်တယ် အမေကတောင် ပြောယူရတယ် ခဏခဏ စားတာ မကောင်းဘူးတဲ့ အသည်းကြော်ပြောပါတယ်…မတတ်နိုင်ဘူးလေနော် ကိုယ့်အကျင့် က အဲ့လိုပဲ ကြိုက်တာဆို ရင် ခဏခဏ စားတယ် မကြိုက်တာဆိုရင် ပိုက်ဆံပေးမယ် ပြောတောင် မစားဘူး….ဒီလိုနဲ့ပဲ…………

အရင်တခါကလဲ ကိုယ်ကြော်တဲ့ အသည်းကြော် ကို တင်ဘူးပါတယ် ဒီမှာပါ ချက်နည်းက တူတူပဲဆိုပေမယ့် ပြန်ဘတ်ကြည့်လိုက်ပါလေ မတူတာတွေ့ရပါလိမ့်မယ် …..

အပေါ်ပုံကတော့ ပြင်ဆင်ထားရမယ့် ဟာတွေပါ အသည်း ကိုပါးပါးလှီးပြီးတော့ ကော်မှုန့် ဆားအချိုမှုန့် ငံပြာရည်နည်းနည် ငရုတ်ကောင်းမှုန့် စတာတွေနဲ့ နယ်ထားပါမယ် ပြီးရင်မကြော်ခင် အရင်နယ်ထားရပါမယ်။ ပြီးရင် ဂျင်း ကို အချောင်းသေးသေးလေးတွေလှီးထား၊ ကြက်သွန်နီ ဥတွေကို ၈ စိပ်ကွဲအောင်လှီးထား။ ငရုတ်သီးခြောက်လေးတွေကို ရေစင်စင်ဆေးထားပါ။ ပြီးရင် ပန်းကန်ထဲမှာ အဲ့လို လှလှလေးပြင်ထားပေးပါ။ အဲ့တာ က ပုံရိုက်ဖို့ သာမဟုတ်ဘဲ ကြော်လှော်တဲ့ အခါမှာလဲ အဆင်ပြေစေပါတယ်။
တီချမ်း ဆိုရင် ဘာပဲ လုပ်လုပ် သေချာ သပ်ရပ် ရမယ်မဟုတ်လားနော် (ဖြစ်ကတတ်ဆန်းလုပ်ရအောင် မိန်းမ မှမဟုတ်တာနော်)

ပြီးရင် ပုံမှာ ပြထားတဲ့ အတိုင်း အိုးထဲ ကိုဆီထည့်ပါ။ ပြီးတာနဲ့ တခါတည်း ငရုတ်သီးခြောက်လေးတွေ ထည့်လိုက်ပါ။ ဟုတ်ပါတယ် ဆီမပူခင်ထည့်ရမှာပါ။ ဆီပူလာရင် ငရုတ်သီး က တဖြည်းဖြည်းကျက်လာပါမယ်။ ဆီပူမှ ထည့်ရင် ငရုတ်သီး က ကျွမ်းသွားပါမယ် အဲတာကြောင့် ဆီအိုးတင်တာနဲ့ တပြိုင်တည်း ငရုတ်သီးခြောက် ကိုထည့်ပါ ဆီပူလာရင် ငရုတ်သီး က အနံ့ နည်းနည်း ထွက်လာပါလိမ့်မယ် အဲ့တာဆိုရင်တော့ ကြက်သွန်နီ နဲ့ ဂျင်း ကိုထည့်လို့ရပါပြီ ငရုတ်သီး ကိုတူးတဲ့ အထိမစောင့်ပါနဲ့နော်……..(နောက်မှ သတိမပေးဘူးမပြောနဲ့)
ကြက်သွန်နီ နဲနဲနွမ်းရင် ခုနက နယ်ပြီးနှပ်ထားတဲ့ အသည်းကို ထည့်လို့ရပါပြီ မီး ပူပူလေးနဲ့ ခဏ ကြော်ရင် ရပါပြီ အသည်းကို အကြာကြီးမကြော်ပါနဲ့ ကြာကြာကြော်ရင် အသည်း က မာပြီး စားမကောင်းတတ်ပါဘူး အသည်းလေးတွေ အကုန်အရောင်ပြောင်းပြီ (ကျက်သွားပြီ)ဆိုရင် ရပါပြီ

အိုးချခါနီးမှာ အပေါ်တတိယ ပုံမှာ ပြထားတဲ့ အတိုင်း သကြားနည်းနည်း နဲ့ ခရုဆီလေး နည်းနည်းထည့်ပေးပါ ဆားအချိုမှုန့် က ခုန က နယ်တုံးက ထည့်ပြီးသားဖြစ်တဲ့ အတွက် ထပ်မထည့်တော့ပါဘူး…

ကဲ မလွယ်လားနော် အဲ့တာဆိုရင် တီ့ မိုတို အတိုင်း လွယ်ကောင်း သက်သာ မြန်ဆန် အရသာရှိ အသည်းကြော်လေး တပွဲရပါပြီ ကြက်သား ဝက်သား တွေကို အသည်း အစား ထည့်ပြီး ကြော်ရင်လဲ ကြက်ကုန်းဘောင် ဝက်ကုန်းဘောင် စတာတွေ ရတဲ့ တြိ ရတနာ နည်းသုံးဖြာ ပါပဲနော်

ပြီးရင်တော့ အချိုတည်း ရအောင် ပန်းမက်မုံလေးတွေစားသွားပါအုံးနော် ဒါက ဝူခုန်းကားထဲ က မျောက်မင်းဝူခုန်း တာဝတံသာ ပေါ်တက်ပြီး ခဏခဏ ခိုးစားတဲ့ ပန်းမက်မုံပါ ခုတော့ တရုတ်တွေ က ကမ္ဘာအနှံ့လှည့်လည်ရောင်းချတဲ့ အတွက် တီတို့လဲ ထိုင်းတို့ ဌာနေ ဘန်ကောက်မြေမှာတောင် စားနေရပါပြီ ငယ်ငယ်ကတော့ တောင်ကြီးမှာ မက်မုံအစိမ်းလေးတွေ ကို သကြားရည်နဲ့ စိမ်စိမ်ပြီး စားကြပါတယ်။ အသီးက အမွှေးလေးတွေပါလို့ စားခါနီးမှာ ဂွမ်နီအိတ်တို့ ဘောင်းဘီ တို့ နဲ့ပွတ်ပွတ်ပြီး စားခဲ့ရတာ မှတ်မိတယ် ခုဟာကတော့ သိပ်မတူပါဘူး သူက အခွံစားလို့ မရလို့ ခွာစားရတာပါ သရက်သီး အမှည့်နဲ့ နည်းနည်း အရသာတူတယ် သရက်သီး အမှည့်လောက်လဲမချိုပြန်ဘူး ခြုံပြောရရင်တော့ သိပ်စားမကောင်းပါဘူးပေါ့နော် ကဲရှင်းရော…….အလည်ပုံက အမေက ခွာပေးနေတာပါ နောက်ဆုံးပုံ ကတုတ်နဲ့ထိုးပြီး မောင့်ကို ကိုင်ခိုင်းထားတာ ဓါတ်ပုံရိုက်ဖို့အတွက်…

ဒါကတော့ ၁၂ လ ရာသီ ဘန်ကောက်မှာ ရတဲ့ သရက်သီးစိမ်းပါပဲ သူက အချို အချဉ် နှစ်မျိုး ရှိပါတယ် တီကတော့ အချဉ် ပိုကြိုက်လို့ အချဉ် ဝယ်စားဖြစ်တယ် မောင်ကတော့ အချို ပိုကြိုက်တယ် ဘေးက နှစ်ခွက်မှာ အမဲက တီ့ ဘာသာဖျော်ထားတဲ့ ငံပြာရည် အကျက်မှုန့် ပုစွန်ခြောက်မှုန့် အတို့ပါ ဘေးက ဆိုင်ကပေးတဲ့ ငရုတ်သီး အစိမ်းမှုန့် ဆား နဲ့ တို့စရာပါ မကုန်သေးပါဘူး အောက်မှာ ကျန်ပါသေးတယ်

ဟုတ်ကဲ့ နာနတ်သီး ပါ ငရုတ်သီးမှုန့် ပျားရည် သကြား စတာတွေနဲ့ ရောသမမွှေထားတာပါ အိုအိရှိပါပဲ အားပေးကြပါအုံးနော်……..

A Chen
2:35 AM
24th April 2011
Sunday
Home
Bangkok

သည် king, သည် queen and သည် princess

အမေရောက်ပြီး ဒုတိယနေ့ပါ ခါတိုင်းဆို ကို်ယ့်ဘာသာ မနက်ကို မနိုးနိုးအောင် zif ကုန်းထ ပြီးတော့ ကိုယ်ရေချိုးနေတုံး မောင်ထ ဖျော်ပေးတဲ့ ကော်ဖီ ကို အမြန်မော့ ပြီး ရထားဆီ ပြေးရတာ နေ့တိုင်းပါ စနေ တနင်္ဂနွေ ကျတော့လဲ ညနေ နေမစောင်းမချင်း အိပ်တာဆိုတော့ ဘရိတ်ဖတ်စ် ဆိုတဲ့ မနက်စာ က ကိုယ့်အတွက် မဟုတ်သလိုပါပဲ မောင်နဲ့ ကိုယ်က ပိတ်ရက်ဆိုရင် မနက်စာ နေ့လည်စာ ညစာပေါင်းစားတာပါ ထားတော့ ……

အခုတော့ အမေရောက်လာပြီလေ အဲ့လို လုပ်လို့မရတော့ဘူး ကိုယ်ကမစားတောင် သူက စားပါမယ် အဲ့တော့ ရောက်ရောက်ချင်း ဆိုတော့ ကိုယ်ကလဲ ပိတ်ရက်နဲ့ ကြုံနေလို့ စိတ်ပါလက်ပါ ထ လုပ်ပေးပါတယ် ကြားဖူးကြတယ်မဟုတ်လား သိုးဆောင်း စကားပုံလေ ……
မနက်စာ ကို ဘုရင်လိုစားပါတဲ့ (ဖွယ်ဖွယ်ရာရာ ပြည့်ပြည့်စုံစုံနှစ်ထောင်းအားရ စားပါပေါ့လေ အဲ့တာကြောင့် အင်္ဂလိပ်ရှ် ဘရိတ်ဖတ်စ် အမေရိကန် ဘရိတ်ဖတ်စ် စတာတွေ က ဘုန်းပေါလအော စားကြသောက်ကြတာကလား) …..အဲ့တာကြောင့်လဲ မနက်စာဟာ တနေ့လုံး စားသမျှ အစားအသောက်တွေထဲမှာ အရေးအကြီးဆုံးလို့ ဆိုလိုတာပေါ့

အဲ့တာကြောင့် တီကလဲ မနက်စာ ကို ဒီလို စိတ်ပါလက်ပါ ဖွယ်ဖွယ် ရာရာ အမေ့ ကို လုပ်ပေးရင်းနဲ့ စားလိုက်ပါတယ် ဟော့ဒေါ့ လို့ခေါ်တဲ့ ခွေးပူတွေကို ကိုယ့်စိတ်ကြိုက် များများလေး ကြော် ကြက်ဥ ကို တဝက်တပျက် ကြော်တာ က နှစ်လုံး ပေါင်မှုန့်မီးကင်လေး ကို ကုလားမ ခြင်းဆွဲတံဆိပ် ချိစ် (ခက်ရင်းနာက ပန်းရောင်အတုံး) နဲ့ အထဲမှာ ယိုသုပ်ပြီး တဖုံ နောက် အသီး အနေနဲ့က ကျွဲကော်သီးလေးတွေ ခွာပြီးသား သိပ်ချိုတယ် ဟော ဖျော်ရည်လဲ မကျန်စေရပါဘူး…..ဘိထ်ရုသ် (Beet roots) လို့ခေါ်တဲ့ မချစ်ဥလား ဘာလား တီ မြန်မာလို မသိ အသင့်သောက် ဘူးလေးတွေနဲ့လာပါတယ် ၁၀၀% ဂျုစ့်လေးတွေလေ အဲ့တာ တခွက် ဝိုင်မဟုတ်ပါနော် စောစောစီးစီး တီချမ်း တို့တော့ လုပ်ချလိုက်ပြန်ပြီ မထင်ပါနဲ့ …….ဘေးကတော့ တနေ့၃ ခွက်ထက်မနည်းတဲ့ ကော်ဖီပါ

ဇာတိလမ်း ကမပြီးသေးပါဘူး ခုနက သိုးဆောင်း စကားပုံလေ သူက မနက်စာ ကိုဘုရင် ကြီး လို စားပြီးသကာလ နေ့လည်စာ ကိုတော့ မိဘုရားကြီးလိုစားပါတဲ့….စားတော့ စား သိပ်တော့မများစေနဲ့ ဆိုလိုတာပေါ့ အဲ့သဟာနဲ့ တီလဲ မြန်ဆန်သက်သာလွယ်ကောင်း အရသာရှိဆိုတဲ့ မိုတို နဲ့ ညီအောင် ရခိုင်မှုန့်တီ ဟင်းရည်ချက်တဲ့ အထုပ်လေး ၃ ထုပ်နဲ့ အမြန် ဟင်းရည်ချက်ပြီး မှုန့်တီ သုပ်လေး နေ့လည်စာ လုပ်စားလိုက်ပါတယ် လုပ်နည်း က ရေးဘူးလို့ ထပ်မရေးတော့ဘူးနော်……

ကျန်ပါသေးတယ် အဲ့ဒီ သိုးဆောင်း စကားပုံကပဲ ညစာ ကို မင်းသမီးလေး လို စားပါလို့ဆိုပါတယ် ဆိုလိုတာက စားတော့စား နည်းနည်းလေးပဲ စားပေါ့လေ အဲ့တာနဲ့ တီက လွယ်လွယ်ကူကူပဲ ကြက်ကြော် ပူပူလေး ကြော်ပြီး ထမင်းဆီဆမ်း ရွှေလင်ဘမ်း နဲ့ ပြီး လိုက်ပါတယ် ကြက်က အမေ မြန်မာပြည်ကနေ တကူးတက ရေခဲရိုက်ပြီး သယ်လာတဲ့ သံဈေး ၁၇ လမ်း က မြန်မာကြက်ပါ အခု တပိဿာ ၁၂ ၀၀၀ ကျပ် တိတိ ဖြစ်သွားပြီတဲ့တော်တို့ရေ အော်………ရွှေပြည်တော် အမိမြေ မြန်မာ အံ့ဖွယ် ပါ့လား…….

မောင်ညီမလေးတို့ ရေ ဒီတပတ် စကားပုံ အလိုက် စားကြမယ် အစီအစဉ် အရ ကတော့ ဒါပဲပဲကွယ် မောင်ညီမလေးတို့ လဲ အစားကိုရှောင် အားကိုဆောင်ပြီးတော့ ကျန်းမာပျော်ရွှင်ကြပါစေကွယ်…

A Chen
2:52 AM
24th April 2011
Sunday
Home
Bangkok

Cheap sense, happy memory ….

@font-face { font-family: “MS 明朝”; }@font-face { font-family: “Cambria Math”; }@font-face { font-family: “Cambria”; }@font-face { font-family: “Zawgyi-One”; }p.MsoNormal, li.MsoNormal, div.MsoNormal { margin: 0in 0in 0.0001pt; font-size: 12pt; font-family: Cambria; }.MsoChpDefault { font-family: Cambria; }div.WordSection1 { page:Cheap sense, happy memory ….

(foto from google)
Cheap sense, happy memory …. တခါတုံး က သူငယ်ချင်းနှစ်ယောက် (ဝါဝါ နဲ့ ပြာပြာ ဆိုပါတော့) နဲ့မိုးကောင်းဘုရား ပွဲကိုသွား လည်ကြတယ်။ ငယ်ငယ်တုံး က ပါ၊ ကျောင်းတက်တာ က အ.ထ.က -၂- ရန်ကင်း ဆိုတော့ မိုးကောင်းဘုရားပွဲရှိရင် အမြဲ လိုလိုရောက် ဖြစ်တယ်လေ။ ငယ်ငယ်ကတော့ ဘူးသီးကြော်၊ ကြာဇံချက် သွားသွားစားကြတာပေါ့။ တုတ်ထိုးလဲ စားကြတယ် သူငယ်ချင်းတို့ ခြံထဲ ကိုခေါ်ပြီးတော့လေ ထားပါတော့။ တခါကျတော့ မုန့်စားပြီးတော့ သူငယ်ချင်း နှစ်ယောက် နဲ့အတူဈေးတန်းလျောက်ကြတယ်။ လျောက်ရင်းနဲ့ ပလုံစီ ပလုံစီလေးတွေ ဘာဘာ ညာညာ သေးသေးကွေးကွေးလေးတွေ ကို အထမ်းနဲ့လည်ရောင်းတဲ့ ဈေးသည်ကြီးနားရောက်တော့ ကိုယ်လဲ ဘာရယ်မဟုတ် အသည်းပုံ ရင်ထိုးလေး တွေ့တော့ သဘောကျမိတယ်။ သူငယ်ချင်း နှစ်ယောက်ကတော့ တားကြတယ် ကိုယ်က ဂရုမစိုက်ပါဘူး။ ဘာပဲဖြစ်ဖြစ်ပေါ့ ဆိုပြီး ဝယ်ခဲ့တယ်။ နောက်ပိုင်း တော်တော်ကြာလာတော့မှ စကားစပ်မိတော့ ဝါဝါကပြောတယ်။ “တကယ်လို့သာ အဲ့နေ့ က ဝယ်လိုက်တဲ့ အသည်းပုံ ရင်ထိုး ကို ကိုယ် တပ်လိုက်မယ် ဆိုရင် ပြာပြာ နဲ့ သူ က ကိုယ်နဲ့ လမ်းတူတူမလျောက်တော့ဘူးလို့ တိုင်ပင်ထားတာ” တဲ့။ ကိုယ်ကလဲ ဝယ်ကတည်းက တပ်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ကိုမဟုတ်ပါဘူး။ အကြောင်းတွေကလဲ အများကြီး ရှိတယ် ဆိုပါတော့၁) ပုံက တုံးလွန်းနေတယ် ၂) အပေါစားမှန်းလဲ သိသာနေတာပဲ ၃) အဲ့လို ရင်ထိုး ထိုးတယ် ဆိုတာ ခုခေတ်မှာ ကြောင်တောင်တောင်ဆိုတာ ကိုယ်လဲသိနေတာပဲ ကို ထားပါတော့။ အဲ့ဒီ ဝယ်လိုက်တဲ့ အခိုက်အတန့် တုံးကလဲသူငယ်ချင်းတွေတားနေတဲ့ ကြား က ခေါင်းမာမာ နဲ့ ဇွတ်ဝယ်တာ က အဲ့ဒီ အချိန်မှာ ကိုယ်က လောလောလတ်လတ် ချစ်သူ ရနေလို့ဖြစ်မယ် ထင် တယ်။ ကိုယ့် စိတ်ထဲ မှာ အချစ်တွေရှိနေတယ်။ လူတယောက်ကိုလဲ ရင်ခုန်ပြီး ကိုယ်က ချစ်နေရ တယ်။ လူတယောက်က ကိုယ့်ကို ချစ်နေတာကိုလဲ ခံနေရတယ်။ တလောကလုံး အချစ်တွေ နဲ့ပြည့်နေသလိုလို ကိုယ့်ပတ်ဝန်းကျင်မှာပဲ အချစ်ငွေ့တွေနေရာတိုင်း ထုံမွှန်းနေသလိုလို… အချစ်ဆိုတဲ့ စကားလုံး ကိုကြားရရင် အချစ်ကို ကိုယ်စားပြု အသည်းပုံလေးတွေကိုတွေ့ရရင် မျက်လုံးတွေကလဲအရောင်တဖျပ်ဖျပ် လက်လို့ပေါ့ တောက် လို့ ပ လို့… အဲ့တာကြောင့်ပဲ အဲ့ဒီ ရင်ထိုးဆိုတဲ့ အရာ ကိုယ်နဲ့ဘယ်လိုမှ မအပ်စပ်တာလဲသိတယ် ကိုယ်လဲ တပ်ဖြစ်မှာ မဟုတ်ဘူးဆိုတာ သိ တယ် ဒါပေမယ့် ခေါင်းမာမာနဲ့ဝယ်ဖြစ်အောင် ဝယ်လိုက်မိ တယ်လေ။ ဘာလို့လဲဆိုတော့ အချစ်ကို ကိုယ်နှစ်သက်တယ်။ အချစ်ထဲမှာ ကိုယ်ပျော်ဝင်နေ တယ်။ အချစ်ကို ကို်ယ်ကိုးကွယ်တယ်။ အချစ်ဆိုတာ နဲ့သက်ဆိုင်တဲ့ အရာမှန်သမျှ ကိုယ်လို လားနေတယ်လေ။ အိမ်ပြန်ရောက်တော့ ကိုယ် အဲ့ဒီ ရင်ထိုးလေး ကို ခေါင်းအုံးပေါ်မှာ တင်ထားမိတယ်။ အဲ့ဒီ အသည်းပုံလေး က တလက်လက်တောင်ပ နေတဲ့ ကျောက်မျက်တုတွေ နဲ့ စီထားတာပါ။ ပုံစံ လဲမလှ ပါဘူး။ လက်ရာကလဲ မသေမသပ် နဲ့ပါ။ ဒါပေမယ့် အဲ့ဒီ ရင်ထိုးလေးကို တွေ့တိုင်း ထုတ်ကြည့်မိတိုင်း ရင်ထဲက နေ လှိုက်လှိုက်လှဲလှဲ ကိုယ် ရယ်မိတယ်။ နှစ်သိမ့်ကြည်နူးတယ်။ ပြီးတော့ အဲ့အချိန် တုံးက ချစ်နေတဲ့ ချစ်သူ ကိုတောင် ပြောပြမိသေးတယ်…. “ဝါဝါ နဲ့ ပြာပြာ ကပြောသေးတယ် သိလား…တကယ်လို့ ကိုယ်ကသာ အဲ့ဒီ ရင်ထိုး ကို တပ် ထားမယ် ဆို် ရင် သူတို့က ကိုယ်နဲ့ တူတူ လမ်းမထွက်ချင်ပါဘူးတဲ့လေ” လို့…… အဲ့ဒီစကားကိုလဲသူကြားရော သူက ဘာမှ မပြောဘဲ ညင်ညင်သာသာ ညံ့ညံ့သက်သက်လေး ပြုံးယုံပဲ ပြုံးပါတယ်။ ကိုယ်ထင်တယ်လေ တချို့ပစ္စည်းတွေက အကောင်းကြိုက်တာ၊ ပစ္စည်းကောင်း သုံးတတ်တာ၊ နောက် လူတဦးတယောက် ရဲ့ ‘sense’ စတာတွေနဲ့ဘာမှ မဆိုင်ပါဘူးလို့….ကိုယ် သူတို့ တွေ ကို ကြိုက်တာ၊ ဝယ်သိမ်းတာ၊ စုဆောင်းတာတွေအကုန်လုံးဟာ ကိုယ့်မှာတော့ ကိုယ့် သီးသန့် ရည်ရွယ်ချက်နဲ့ကိုယ်ရှိပါတယ်။ တချို့ တလေ ကို ချစ်စရာကောင်းလို့ နဲ့ပဲ ကို ကို်ယ့်အတွက် မလိုမှန်းသိပေမယ့် အသုံးမဝင်ပေမယ့် ဝယ်ချင်လဲ ဝယ်မိမယ်လေနော်… အပေါစား ပစ္စည်း နဲ့ “ကြိုက်နှစ်သက်မှု” ပြီးတော့ ပျော်ရွင်တဲ့ မန်မိုရီ…..ဘာများ မကောင်းလို့လဲနော်….. A Chen3: 47 PM25th April 2011MondayBangkok

ရှမ်းရိုးရာ ဝက်သား နန့်ဖစ်အောဝ် (သို့) ရှမ်း ဝက်သား ခရမ်းချဉ်သီးချက်

ခုတလော ဟင်းတွေချည်းချက်နေတယ် လို့အပြစ်မတင်ကြပါနဲ့….သင်္ကြန် က အားရက်တွေ ရတာရယ် အမေရောက်နေတာရယ်နဲ့ပေါင်းပြီး ချက်ထားတာတွေ အကုန် ဓါတ်ပုံရိုက်ပြီး တင်ထားလို့ပါ အကုန်တင်ပြီးတော့ save လုပ်ထားခဲ့တယ် ကိုယ်ခရီးထွက်နေလဲ ဘယ်ရောက်ရောက် ကြုံရင် ကြုံသလိုတင်လို့ရတာပေါ့။

ခုတော့ တခါ ရှမ်းရိုးရာ နန့်ဖစ်အောဝ် လို့ခေါ်တဲ့ ခရမ်းချဉ်သီး ဝက်သား ပဲပုပ်ချက်ပေါ့။ အရမ်းအရသာရှိတယ် ဒီအတိုင်း ရိုးရိုး အရွက်တွေနဲ့ စားလဲရတယ် ထမင်းနဲ့စားလဲကောင်းတယ်။

…….အို……….ဘယ်လိုစားစား ကောင်းမှကောင်း…..အိုအိရှိပဲ….

ဒီပုံကတော့ မချက်ခင် ပြင်ဆင်နေတဲ့ အမေနဲ့သူ့သားမက် (မောင်) နဲ့ပါ။ တည့်ကြတယ် တွေ့လား။ ကြက်သွန်ဖြူ ခွာနေကြတာပါ။ တည့်လွန်းလို့ ခက်နေတယ် တခါတခါ ကိုယ်နဲ့မောင် ရန်ဖြစ်ရင် အမေက သူ့ သားမက်ဘက်ကပါတယ်။ ကိုယ့်အတွက် သိပ်ခက်တယ် အမှန်က သူတို့ မတည့်မှ ကိုယ့်အတွက် ကောင်း မှာ လေ။ ခုလောလောဆယ်တော့ အမေက ဂျွန်လ အထိနေမှာဆိုတော့ ကိုယ့်မှာ မောင်နဲ့အတူ မအိပ်ရဘဲယောက္ခမ နဲ့တထောင့်တည ဖြစ်နေတယ်…..

ဒါတွေကတော့ ချက်ပြုတ်ရန် ပြင်ဆင်ရာ အဆင့်ဆင့်ပေါ့နော်…..ခွာပြီးသားကြက်သွန်ဖြူတွေ နဲ့ ငရုတ်သီးတွေ ကိုရေဆေးပြီး စစ်ထားပါတယ်။ ဒုတိယ ပုံက ကြိတ်စက်ထဲထည့်ကြိတ်မယ့် ကြက်သွန်ဖြူ ငရုတ်သီစိမ်း နဲ့ပဲပုပ်ချပ်တို့ ပါ ပဲပုပ်ကို တချပ်ခွဲသုံးပါတယ်။ ဒီနေရာမှာ ငရုတ်သီးစိမ်း ကော ကြက်သွန်ဖြူကော ကပ်စေးမနဲ ပါနဲ့ ထည့်သာထည့်ပါ များလေ စားကောင်းလေပါပဲ…. အကုန်ရောပြီး ကြိတ်စက်ထဲထည့်ကြိတ်ထားပါ

နောက်ဆုံးပုံကတော့ ခရမ်းချဉ်သီးပါ သေးလေးတွေကလဲ ခရမ်းချဉ်သီးတွေပါပဲ ကိုင်းသီးခေါ်ပါတယ် မြန်မာပြည်မှာတော့ အလွယ်ရတယ် ဈေးထဲမှာ ကိုင်းသီးလို့မေးလိုက်ရင် ရတယ် ဒီမှာတော့ ပါရာဂွမ်မှာ သွားရှာတာတောင် ကိုယ်လိုချင်တာ သေချာမရဘူး…ပုံမှာ ပြထားတာပဲ ရခဲ့တယ် စိတ်ကြိုက်တော့ မဟုတ်ပေမယ့် ရှိတာလေးနဲ့ဖြစ်အောင်ချက်တတ်တာ တီချမ်းပဲပေါ့နော် ခရမ်းချဉ်သီး ဝက်သားချက်က ကိုင်းသီး နဲ့ မှ ကောင်းတာပါ သူက ပိုချဉ်တယ်လေ ……အရသာပိုရှိတာပေါ့………

ဒါကတော့ ထည့်ချက်မယ့် ဝက်သားကြိတ်သားပါ။ ဘာမှ မနယ်ထားပါဘူး ဝယ်လာတဲ့ အတိုင်း ကြိတ်ပြီးသားပဲ။ ခရမ်းချဉ်သီးတွေကိုတော့ ပုံမှာ ပြထားသလို ပါးပါးလေးတွေ လှီးထားပါ။ နောက်ဆုံးပုံက နံနံပင် ကို သေးသေးလေး စိပ်စိပ်လေးတွေ လှီးထားတာပါ။ သူလဲနောက်ဆုံး အိုးချခါနီးကျရင် အုပ်ရပါမယ်။

အကုန်ပြင်ဆင်ထားပြီးပြီဆိုရင်တော့ စချက်ပါမယ်။ ဆီကို အိုးလေးထဲထည့်ပြီး အပူပေးပါမယ်။ ဆီပူလာပြီဆိုရင် ခုန က အကုန်ရောကြိတ်ထားတဲ့ ကြက်သွန်ဖြူ ငရုတ်သီးစိမ်း နဲ့ ပဲပုပ် ကို ဆီသတ်ပါမယ် မွှေးလာတဲ့ အထိ နည်းနည်းနွမ်းကုန်တဲ့အထိ ဆီသတ်ပေးပါ။ ရွှေရောင်လေးသန်းလာတဲ့အထိပေါ့နော်……(တီချမ်းက ဂရန်းဒ် (ဂီအာအေအန်ဒီ) ဆန်တဲ့အတွက် ဝါလာတဲ့အထိလို့ မသုံးပါဘူး ပိုပြီး ဟိုက်ဆို (အိတ်ခ်ျအိုင်အက်စ်အို) ဆန်အောင် ရွှေရောင်သန်းလာ တယ်လို့သုံးပါမယ်နော် အချေပေါ့အေတို့ရယ်)

နောက်တဆင့်အနေနဲ့ ခုန က ကြက်သွန်ဖြူ ငရုတ်သီးစိမ်း ပဲပုပ် ဆီသတ်တာမွှေးလာပြီဆိုရင် နနွင်းမှုန့် နဲ့ အရောင်တင်မှုန့်တွေ ထည့်ပါမယ် ခဏကြော်ပေးပါ ပြီးရင်တော့ ခုန က လှီးချွတ်ထားတဲ့ ခရမ်းချဉ်သီး ရိုးရိုးကော ကိုင်းသီး ကော ကို ထည့်ပါမယ် ပြီးရင် ခရမ်းချဉ်သီးတွေ နွမ်းလာတဲ့အထိ ဆက်ကြော်ပေးပါ။ သူက နည်းနည်းကြာကြာလေးကြော်ရပါတယ် ခရမ်းချဉ်သီး အခွံတွေပါ နွမ်းကုန်ပြီး အနှစ် လိုလိုဖြစ်လာတဲ့ အထိ ကြော်ပေးပါမယ်နော် ချိုချဉ်ပေါ့ ငံ မြည်းပြီး ဆား အချိုမှုန့် ထည့်ပါ……

ရပြီဆိုရင်နောက်တဆင့်အနေနဲ့ ခရမ်းချဉ်သီးအနှစ်တွေ အရသာမြည်းပြီးရင် ခုန က ဝက်သားကြိတ်သားတွေ ကိုထည့်ပါမယ် လိုအပ်ရင် ရေ နည်းနည်းထည့်နိုင်ပါတယ် ပြီးရင်အသားကျက်အောင် ကြော်ပေးပါ အချိုအငံအပေါ့ ကို ထပ်မြည်းပေးပါ လိုတိုး ပိုရေနည်းနည်းရောပါ ခဏလေးနေလို့ တခါ ထပ်ဆူပြီးပြီဆိုရင်တော့ ဆီပျံမပျံ နည်းနည်းကြည့် ရေ နည်းနည်းခမ်းပြီး ဆီပျံစပြုပြီဆိုရင်တော့ ချလို့ ရပါပြီ မီးပိတ်လိုက်ပြီးတော့ ခုနက ပါးပါးသေးသေးလေးတွေလှီးထားတဲ့ နံနံပင် ကို အုပ်လိုက်ပါ။ ဒယ်အိုးထဲ ခဏ ထားထားလိုက်ပါ။

ဒါကတော့ ရေသေချာဆေးကြောထားတဲ့ ဆလပ်ရွက်အကြွပ်ပါ။ ပန်းကန်ထဲကို ဒီလို ပုံထည့်ပြီးတော့ သခွားသီးလေးတွေနဲ့ ဆာဗ် လုပ်လို့ရပါပြီ။

ပြီးရင်တော့ ဆာဗ်လုပ်ဖို့အတွက် ခုန က အိုးထဲက ခရမ်းချဉ်သီး ဝက်သားချက် ရှမ်းရိုးရာ အခေါ် နန့်ဖစ်အောဝ် (ဝ သတ်ပါနော်) ကို တည်ခင်းကျွေးမွေးလို့ ရပါပြီနော်……သူက ခရမ်းချဉ်သီးနဲ့ချက်ထားတာ ဖြစ်တဲ့အတွက် အထားခံအောင် ပိုတာ တွေ ကို သပ်သပ်ဖယ်ပြီးတော့ ရေခဲသေတ္တာ (သိပ်မသစ်တော့) ထဲ ထည့်ထားပါမယ်။ ကုန်သလောက်ပဲ ပန်းကန်ထဲထည့်စားပါ။ သေချာ မသိမ်းရင်နောက်နေ့ အမြုပ်တွေ ထွက်လာပါလိမ့်မယ် အဲ့တာဆိုရင် ပစ်ရပြီပေါ့။

စားနည်းကတော့ ထမင်းပူပူနဲ့ နယ်ဖတ်စားလို့ရသလို ခုနက ပြတဲ့ အရွက်ထဲ ကို နည်းနည်းစီ ဇွန်းလေးနဲ့ ခပ်ထည့်ပြီးတော့ စားလဲရပါတယ် သခွားသီးလေးနဲ့ကလော်ပြီး စားလဲ ကောင်းပါတယ်

နောက်တမျိုးစားလို့ရသေးတဲ့ တနည်းက ခုနက ဆလပ်ရွက်ကြွပ်ကြွပ်ထဲ ကို ဆန်ပြားခေါက်ဆွဲအရွက် ကိုအနေတော် လေးတွေ လှီးထား ပြီးတော့ အုပ်ထည့်၊ ဆန်ပြား (ညှပ်ခေါက်ဆွဲဖတ်) မရှိရင်လဲ မုန့်တီဖတ်လေးတွေ ထည့်ပြီး ဝက်သားလေးတွေ ကလော်ထည့်ပြီး သွားရည်စာ အနေနဲ့ စားလို့ ရပါသေးတယ်။

ကြိုက်သလိုစား စားတဲ့သူမှန်သမျှကြိုက်တဲ့ တီချမ်း လက်ရာ ခရမ်းချဉ်သီး ဝက်သားချက်ပါပဲရှန်……….အို……..ဘယ်လိုစားစား အိုအိရှိ ကောင်းမှကောင်း သိပ်ဟောက်ချိဇ် ပါပဲ………

နောက်တိုး…
ပေါက် ကိုပြောရင်းနဲ့အမေ့ ကိုမေးကြည့်တော့ သက်သတ်လွတ် အနေနဲ့စားချင်ရင် ပဲပြား အသားတု စတာတွေနဲ့ ချက်ရင်လဲ ရပါတယ်တဲ့

A Chen
7:10 PM
23rd April 2011
Saturday
Home
Bangkok

ကိန် လို့ခေါ်တဲ့ ယိုးဒယား အုန်းနို့ခေါက်ဆွဲ

ဒီနေ့တော့ တလောက ကိုတင်ဇာအေး သူ့ဘလောခ် မှာ တင်သွားတဲ့ ယိုးဒယား အုန်းနို့ ခေါက်ဆွဲ (ကိန်) လို့ခေါ်တဲ့ အစားအသောက်တမျိုး ချက်ကျွေးချင်ပါတယ်။ သူက ပြင်ဆင်ရတာလဲ လွယ် ချက်ရတာလဲ လွယ် စားရတာလဲ လွယ် ဆေးရတာလဲလွယ်ပါတယ် အဲ့တာကြောင့် တီ့ မိုတို နဲ့ လဲ ကိုက်ညီ တဲ့ အတွက် ချက်ကျွေးလိုက်ပါတယ်နော်

ပြင်ရတာ ကိုက မခက်တာပါ တွေ့လား ခရမ်းသီး လိုမယ် နောက် ကဖောင်းချက်ရင် ထည့်တဲ့ ပင်စိမ်းရွက်လိုမယ် နောက် ဟင်းချက်မယ့် အနှစ်လိုမယ် (ဆိုင်တွေမှာ ရှာဝယ်လို့လွယ်ပါတယ် သူက ဒီဟင်းချက်တဲ့ အနှစ်ပဲ ယိုးဒယားတွေက ဟင်း အားလုံး လိုလို လုပ်ပြီးသားအနှစ်တွေနဲ့ ချက်တတ်တဲ့ အတွက် ဝယ်တဲ့ အခါ သတိတော့ထားပါနော် ( သေချာချင်ရင် အထုပ်ပေါ်မှာ English လို Red curry လို့ ရေးထားတဲ့ အထုပ်ရှာဝယ်ပါ သူက အစပ်ထုပ်ပါ ၊ နောက်ထပ် Green curry နဲ့ Yellow curry ဆိုပြီးတော့လဲ လာပါသေးတယ် သူတို့ က တော့ အချိုတွေပါ အခုဟာက တော့ အနီ ထုပ်ကို သေချာရှာဝယ်ပါ) ပုံ ကိုသေချာချဲ့ ပြီး အထုပ်ကို ကြည့်ပါ။

ပြီးရင်တော့ နောက်ပုံမှာ ပြထားတဲ့ အတိုင်း ခရမ်းသီးတွေ ကိုလှီး ပြီးရေဆေး စစ်ထားပါမယ် တီက လျာရှည်ပြီး ခရမ်းသီး နှစ်မျိုး ဝယ်ပါတယ် ကြိုက်တဲ့ အမျိုးထည့်ပါ ခရမ်းရောင် အသီး ကိုတော့ အရောင်ပိုလှအောင်ပါ မရရင် အစိမ်းသီးလေးတွေလဲထည့်ရပါတယ် နောက် ခရမ်းကြွပ်သီး လဲထည့်တယ် နောက် တမျိုး အစိမ်း မာမာသေးသေးလေးတွေလေ (ပဲစိမ်းသီးစေ့လေးတွေလိုမျိုး) ရှိသေးတယ် ခရမ်းသီး မျိုးနွယ်ပဲ နည်းနည်းခါးတယ် ယိုးဒယားတွေကတော့ အဲ့တာလေးတွေလဲ ထည့်တယ် ထားတော့ ခရမ်းသီး ရေခင်းပြနေရတာ နဲ့ ရှည်နေပြီစာက
နောက်ပြီး ပုံဘေးက ပင်စိမ်းရွက်ကိုလဲသင်ပြီး ရေစိမ်ထားနော်….

နောက်ပြင်ထားရမှာ က အုန်းနို့ပါ ဒီဟင်းမှာ သူက မင်းသမီးပဲလေနော်။ နောက်တော့ အသား တီက မောင်ကြက်သားမစားတဲ့အတွက် ဝက်သား နဲ့ ချက်ပါတယ် ဒီမှာကတော့ ကြက် ဝက် ငါး အကုန်ချက်ကြပါတယ် အသားလုံးလေးတွေထည့်လဲ ရတယ် ဝက်သား ကို ပုံမှာ ပြထားတဲ့အတိုင်း ပါးပါးလှီးပါ နောက် ငံပြာရည် ဆား အချိုမှုန့် နည်းနည်း နယ်ထားပါ နောက် မင်းသား မုန့်တီ ဖတ်လေးတွေ ကိုပြင်ထားပါ အပေါ်က ပြောတာတွေအကုန်လုပ်ပြီးပြီဆိုရင်တော့ စချက်ပါတော့မယ်

ပထမဆုံး ကျမတို့ ဆီအိုးလေးတည်ပါမယ် ဆီတွေပူလာပြီဆိုရင်တော့ အုန်းနို့ကို နည်းနည်းလေးထည့်ပါမယ် ပြီးရင်အုန်းနို့လေးတွေပြစ်လာအောင် ဆီသတ်ပါမယ် ပုံမှာ ပြထားသလို အပေါက်အပေါက်လေးတွေ ပေါက်လာတဲ့ အထိ လုပ်ပါ တူးမသွားအောင်လဲ မွှေပေးနေအုံးနော် မီးလဲအရမ်းမပြင်းစေနဲ့ အုံး
(အမလေး အကုန် ကိုစေ့စေ့ပေါက်ပေါက် ပြောနေရတာပဲ ခေတ်ကာလသားသမီးတွေများ တကယ် တကယ်….ပြောချင်ဘူး ပြောကိုမပြောချင်ဘူး ဒေါ်မြလေးလို ရင်ဘတ်ကို လက်ကလေးနဲ့ဖိ) ဒါကတော့ ပြဇာတ်မရေးတာ ကြာလို့ စိတ်နည်းနည်းပါသွားတာ ခွင့်လွှတ် …..

နောက်အဆင့်ကတော့ ခုနက အုန်းနို့ ဆီသတ်ထားတာထဲကို ဟင်းနှစ် နှစ်ထုပ်လုံးဖောက်ထည့်လိုက်ပါမယ် ပြီးရင် ဆက်ပြီး မွှေးလာအောင်မွှေပေးနေပါ။ (မတူးစေနဲ့နော်……အင်း ပြောရပြန်ပြီ ကဲဟာ …..ဒေါက်…….ခေါင်း ကို ခေါက်လိုက်တာဖြစ်ပါတယ်) မွှေးလာပြီဆိုရင်တော့ နောက်ဆုံး ပုံမှာ ပြထားသလို ခုနက နယ်ပြီး နပ်ထားတဲ့ ဝက်သား ကို ထည့်ကြော်ပါမယ် ဝက်သား ကိုမွှေးလာအောင်ကြော်ပေးပါမယ်နော်

ဝက်သား ရပြီဆိုရင်တော့ ခရမ်းသီး တွေကိုထည့်ကြော်ပါမယ် ခရမ်းသီး ကို အနူးကြိုက်ရင် ဒီနေရာမှာ အရင်ခဏ ကြော်ပေးပါ ရတယ် ရိုးရိုးပဲဆိုရင်လဲ ခဏနေ ဟင်းရည်အိုး ဆူပွက်ပြီး ရခါနီးမှ ထည့်ရင်လဲရပါတယ် ခရမ်းသီး ကိုနည်းနည်း ပိုနူးချင်ရင်တော့ တီပြထားသလိုပဲ ဟင်းအနှစ် ထဲ ဝက်သားထည့်ပြီး မွှေးလာရင် ထည့်ကြော်ပေးပါ ခရမ်းသီး နည်းနည်းနွမ်းတဲ့ အထိကြော်ပေးပါမယ်နော်

ခရမ်းသီး နဲ့ဝက်သား ဟင်းအနှစ်ကိုကြော်နေတဲ့အချိန်မှာ တပြိုင်တည်း ရေနွေးအဖြူတအိုး တည်ထားပေးပါမယ် ရေနွေးဆူရင် ခုနက ပိုတဲ့ (ဒီအုန်းနို့ က မုန့်လုံးရေပေါ် လုပ်တုံးက ပိုတဲ့ အုန်းနို့ပါပဲ)အုန်းနို့ နည်းနည်းထည့်ပြီး တည်ပေးပါ အုန်းနို့တွေမွှေးပြီးဆူလာပြီဆိုရင်တော့ ခုန က ချက်ထားတဲ့ ခရမ်းသီး ဝက်သား အနှစ် တွေကိုလောင်းထည့်လိုက်ပါမယ် ပြီးရင် အပေါ့ အငံ မြည်းပြီး လိုတိုး ပိုရေရော လုပ်ပေးပါ

နောက်ထပ်ပြင်ထားရမှာ တခုက ကြက်သွေး ပဲသွေး ဘဲသွေး ဝက်သွေး ကြိုက်ရာ ရရာ စားတတ်ရာ ဝယ်ပြီးတော့ သေးသေးလေးတွေ တုံးထားပါ တီက တော့ ခု ချက်တာ ပြုတ်တာ ပြမှာ မို့လို့ပုံရိုက်ကောင်းအောင် ပြင်ထားတာပါ ချက်တော့လဲ အကုန်ပစ်ထည့်တာပဲလေနော့် နောက် ခုနက ရွေးထားပြီး သား သင်ထားပြီးသား ပင်စိမ်းရွက်တွေကို ရေစိမ်ပြီး ဆေးထားပါမယ်

အုန်းနို့ ဟင်းရည်ထဲ ကို ခရမ်းသီးရောအပြီး နောက်တခါ ဆူလာပြီဆိုရင် တော့ ရပါပြီ ခရမ်းသီး နူးမနူး တချက်ကြည့်ပြီးရင် ရပါပြီ အချိုပေါ့ ငံ ကို ခုန က တခါတည်းမြည်းထားပါ ပြီးရင် အသွေးတုံးတွေ လှီး ထားတာ ထည့်ပါမယ် နောက် တခါ ထပ်ပေးဆူလိုက်ပါ အသွေးတွေထည့်ရင် သူက ခဏ ပြန်အေးသွားတတ်လို့ပါ နောက်တခါ ပြန် ဆူပြီးဆိုရင်တော့ အပေါ့အငံ ထပ်မြည်း လိုအပ်ရင် နည်းနည်းပြင် ပါ ပြီးရင်တော့ ပင်စိမ်းရွက် အုပ်လိုက်ရင် အိုးချ လို့ ရပါပြီ

ဒါတွေကတော့ မုန့်တီကိန် နဲ့ စားရမယ့် ငံပြာရည်ပါ ငံပြာရည်ထဲကို ငရုတ်သီးစိမ်း ပါးပါးလှီး ပြီး ခဏ စိမ်ထားပေးပါ အရသာဝင်အောင်ဖြစ်ပါတယ် ဘေးကတော့ နံနံပင်နဲ့ သံပရာသီးပါ နောက်ဆုံးပုံက မုန့်ဖတ်တွေ ထည့်ပြီး ပွဲပြင်တာပါ နံနံပင် ကြိုက်တတ်ရင် နည်းနည်ထည့်ပါ ငံပြာရည် နည်းနည်းဆမ်းလိုက်ပါ ကြိုက်တတ်ရင် ငရုတ်သီးဖတ်လေးတွေ ဆယ်ထည့်ပါ

ခုနက ပွက်ပွက်ဆူနေတဲ့ ဟင်းရည်ဆမ်းလိုက်ရင် အရသာရှိတဲ့ ကိန်မုန့်တီ တပွဲ ရပါပြီ တီက အသားထက် အသွေးကြိုက်လို့ရွေးထည့်ထားတယ် ကြက်သားနဲ့ ချက်ရင်လဲ အရသာတမျိုး ထူးပါတယ် မြန်မာကြက်ရရင်တော့ ပိုကောင်းတာပေါ့
ဒီမှာတော့ ဆိုင်တွေမှာ သွားစားရင် ဝက်ခေါက်တို့ ပဲပင်ပေါက်ရေနွေးဖျော် တို့ ကြက်ဟင်းခါးသီး ပြုတ် တို့ ကန်စွန်းရွက်ပြုတ် တို့ စတာတွေ နဲ့ အရွက်စိမ်း ပင်စိမ်း ပူဆီနံ စတာတွေနဲ့ လဲတွဲစားကြပါတယ် ကြိုက်သလိုသာ စားကြပေတော့နော်………

A Chen
9:17 PM
21st April 2011
Thursday
Home
Bangkok