ဟိုက္ကူ ခေတ်စမ်း ထရိုင်ချင်း

ဟိုက္ကူ ခေတ်စမ်း ထရိုင်ချင်း

ဝေးနေတော့လဲနော်
ချစ်သူမောင် ဘယ်ရောက်နေလို့
မယ့်မှာတကာတမ်း

တွေးလေပေါ့မယ့်မှာ
ရော်ရွက်ကြွေ ပြန်လာလိမ့်မယ်
မှန်းဆကာ မျှော်မှန်း

လွမ်းနေတဲ့စိတ်တော်
ဆွေးလေလေ ဘေးပြေစေဖို့
ညိုးလျကာသာပမ်း

နန်းမတော် မိမိချမ်း
သာသနာ သက္ကရာဇ် ၁၃၇၂ ခု
ကဆုန် လဆန်း

ထမင်းပွဲ

ထမင်းပွဲ

တိမ်တွေတောင်ညို
ရောက်လာပေါ့ ညချမ်း
ချစ်တဲ့သူ အိမ်ပြန်လမ်း
လည်ဆန့်လို့ မှန်း

မင်းပူပူ
ဟင်းခပ်ရည် ဆူဆူလေးနဲ့
ပြန်လာမယ့် မယ့်လင်မောင်ကို
ဝိုင်းပြင်လို့တမ်း

မယ်တို့မှာ ကြေးကယ်မပြည့်တာကြောင့်
ရိုးဆင်းတဲ့ ညနေစာ
ဆူးပုပ်ကိုရေပူခပ်
ဟင်းလုပ်လို့ ဟတ်

ဆားထောင်းနဲ့ မိုးမျှော်
ဟပ်ပါမှ ရှူးရှဲ
မောမောနဲ့ နယ်ကာဟဲ
သုဓာ သို့ပဲ

နန်းမတော် တီချမ်း
သာသနာ သက္ကရာဇ် ၁၃၇၂ ခု
ကဆုန် လဆန်း

တချင်း

တချင်း

မှောင်လာတော့လဲနော်
မောင်မလာတော့မျှော်
မျှော်သာမျှော်
ပေါ်မလာကိုယ်တော်
တွေးလေပေါ့ မယ့်မှာ
တမ်းကာတသော်လည်း
မှန်းကာဆ ဖော်မွဲ
ဆွေးပေါ့စိတ်ထဲ

နန်းမတော် မိမိချမ်း
သာသနာ သက္ကရာဇ် ၁၃၇၂ ခု
ကဆုန် လဆန်း

လှတယ်လို့ပြောကြတဲ့ လက်

စာမရေးတာကြာတော့ ဘာရေးရမှန်းမသိပါဘူး အမှန်ပြောတာပါ အဆက်ပြတ်နေတာ ရာစုနဲ့ချီနေသလိုပါပဲ ဒီနှစ်သင်္ကြန်ကတော့ မှတ်မှတ်ရရ ကောင်းကောင်းနားရတယ်ပြောရမှာပါ ပိုက်ဆံစရှာကတည်းက ဒီလို သင်္ကြန်မှာ ကောင်းကောင်းမနားရတာ ကြာလှပေါ့ အလုပ်လုပ်ရင်လုပ် မလုပ်ရင်လဲ ကဲပါတယ် ပြောရမယ်ဆိုရင် ကဲရတာနည်းပါတယ်လေ အဲ့လိုနဲ့ပဲ သင်္ကြန်တွေတောင် အခါခါ ကျော်ဖြတ်လာခဲ့တာ များလှပြီ…
ခုနက ပြောသလို စာမရေးတာကြာတော့ ရေးစရာရှာရပါတယ် ရှားကုန်တာတော့မဟုတ်ပါ ဂျမ်းဖြစ်ကုန်တယ် ပြောရင် ပိုမှန်မယ် ခေါင်းက တန်းမထွက်ဘူး အဲ့တာကြောင့် အလေ့အကျင့်ကလဲတကယ်ကို လိုတာပါပဲ စာကို ဟုတ်သော်ရှိမဟုတ်သော်ရှိ နေ့တိုင်းရေးနေဖို့ကတော့ တကယ်ကိုကျင့်ယူရမယ်ထင်ပါတယ်
အဲ့တာနဲ့ပဲ ပုံတွေပြန်လှန်တော့ တိုက်တိုက်ဆိုင်ဆိုင် အရင် ၂၀၀၇ ခုနှစ် သင်္ကြန်ကာလ တရုတ်ပြည် ရှန်ဟိုင်းမြို့ကိုအလည်ရောက်ခဲ့တုံးက ဝယ်ခဲ့တဲ့ ဆွဲကြိုးလေးတခုကို သွားတွေ့ပါတယ် အောက်ကပုံမှာကြည့်ပါ
အထဲမှာပါတာက ကံကောင်းတယ်လို့ပြောကြတဲ့ four leaf clover ပါ ကလိုဗာဆိုတာ တကယ်တော့ မြက်ပင်အမျိုးအစားဝင် ပန်းတမျိုးပါပဲ ပန်းလို့တောင် မသတ်မှတ်ကြဘူးနဲ့တူပါတယ် ထားပါတော့ ပန်းဖြစ်ဖြစ် မြက်ဖြစ်ဖြစ် ခုဒီ အာတီကယ်မှာတော့ သူက မင်းသားပဲ (မင်းသမီးလို့ ပြောရင်လဲရပါတယ်)
အမှန်က ကလိုဗာတွေဟာများသောအားဖြင့် ၃ ရွက်ပဲရှိတတ်ကြပါတယ် အဲ့တာ ၄ ရွက်ရှိရင် ကံကောင်းတယ် ဘာညာပေါ့နော် အဲ့လို ယူဆကြပါတယ် ၄ ရွက်ထက်ပိုတာတွေလဲရှိပါတယ် အများဆုံးက ဘယ်လောက်အထိလဲဆိုရင် ၂၁ ရွက်ထိပါ အဲ့တာက ၂၀၀၈ ဂျွန် မှာတုံးက လူတယောက်က အရင် ဂရင်းနစ် စံချိန်စာအုပ်မှာ ၁၈ ရွက်နဲ့ သူတင်ခဲ့တဲ့ ရက်ကော့ကိုပဲ ထပ်ချိုးတာပါ။ ကြည့်ရတာ အဲ့လူက ဘာအလုပ်မှမလုပ်ပဲ ကလိုဗာတွေပဲရှာနေပုံရပါတယ် အဲ့တာကိုကလဲ သူ့အလုပ်ဖြစ်နေနိုင်တာပဲလေနော်
အဲ့လိုများ ကိုစိတ်ဝင်စားတာကိုပဲ လုပ်ရပြီး ပိုက်ဆံ ရမယ်ဆိုရင် သိပ်ကောင်းမှာပဲလို့ တခါတခါ တွေးမိတာ ဝန်ခံချင်ပါတယ် အဆိုတော်တွေ ပန်းချီဆရာတွေ စာရေးဆရာတွေပေါ့လေ အဲ့တာကြောင့်များ ကိုလဲ စာရေးဖို့ကြိုးစာနေမိတာလားမသိပါဘူး သေချာတာကတော့ ကိုရေးပုံမျိုးနဲ့ဆို ငတ်မယ်ဆိုတာပါပဲ
ခုနပြောသလိုပေါ့ ကလိုဗာတွေက အများအားဖြင့် ၃ ရွက်ပါ ခုဟာလေးကတော့ ၄ ရွက်တွေ့လား အဲ့တာကလဲ ဒီလိုလေ ဇာတ်လမ်းရှိတယ် တကယ်ကို ဇာတ်လမ်းရှိတာပါ တရုတ်ပြည်ကရိုက်ရိုက်နေတဲ့ အဆက်ကားတွေကြည့်ဖူးကြတယ်ဟုတ် အဲ့လိုပါပဲ ဟောင်ကောင်က တရုတ်အမည် စီ့ယဲ့ခြောတ် [(အရွက်လေးရွက်ပါတဲ့ မြက်) အမှန်ကတော့ ခုနကပြောတဲ့ သိုးဆောင်းဘာသာနဲ့ four leaf clover ပါပဲ] ဆိုတဲ့နာမည်နဲ့ ရုပ်ရှင်တကားရိုက်ခဲ့ဘူးပါတယ် ခုခေတ်စားနေတဲ့ F4 လိုကားမျိုးပါ လူငယ်ကြိုက် ချစ်ကြိုက်ကွဲညား soap opera ပေါ့ အဲ့တာလေးကို ကိုယ် ရှန်ဟိုင်းရောက်တော့ တွေ့တာနဲ့ဝယ်ဖြစ်ပါတယ် နှစ်ခု ပါ တခုကတော့ အချစ်ဆုံးချစ်ခဲ့ဖူးတဲ့ တခါက လူတယောက်ဆီမှာ (ထားပါတော့)
ခုလဲ ဘန်ကောက်မှာ အများကြီးတွေ့ပါတယ် ဒါပေမယ့် အစစ်မဟုတ်ဘူး ပလပ်စတစ်နဲပ လုပ်ထားတာ တီအခု ပုံထဲက ဆွဲပြားလေးထဲမှာပါတာက ပန်းအစစ်လေးလေ….အော် အဲ့တာနဲ့ ခုနက ပြောလက်စ အဲ့ဒီပန်းအကြောင်းပြောပြအုံးမယ် ဘာလို့ အရွက်လေးရွက်ပါရင်ကံကောင်းတယ်လို့ပြောကြတာလဲဆိုတာကိုပေါ့ ရှေးရိုးစဉ်ဆက် ပြောလာကြတဲ့ ပါးစပ် ပုံပြင်တွေကနေ လာတဲ့ အယူအဆတခုပေါ့လေ ဘယ်လိုယုံကြည်ကြလဲဆိုတော့ ပထမတရွက်က မျှော်လင့်ခြင်းပါတဲ့ ဒုတိယတရွက်ကတော့ သစ္စာတရားပေါ့ တတိယတရွက်က အချစ်ပါတဲ့ အဲ နောက်ဆုံး စတုထ္တအရွက်ကတော့ ကံကောင်းခြင်းကို ရည်ညွှန်းပါတယ်တဲ့ ယုံသော်ရှိမယုံသော်ရှိပေါ့ တီလဲ အချစ်ကို ရူးမိုက်တုံး အရွယ်ကတော့ ယုံတာပေါ့ ရင်ခုန်စရာကောင်းတာကိုးနော် ယုတ္တိရှိရှိ မရှိရှိလေ ရိုမန်တစ်ဖို့က ပိုအရေးကြီးတာမှလား ကောင်းကင်က ကြယ်ကို စွတ်မယ်ဆိုတာတောင် ယုံကြသေးတာပဲလေနော့ ခုဟာကလဲ ရှားတယ်လေ ပုံမှန်က ၃ ရွက်ပဲလာတာ သူက ရှားရှားပါးပါး ၄ ရွက် နောက် ဟုတ်သော်ရှိ မဟုတ်သော်ရှိ လှတယ်လေ ကဲ ကြည့်….မလှဘူးလား

လက်တွေအများကြီးရှိပါတယ် လက်တွေအမျိုးမျိုးရှိပါတယ် လှတဲ့လက် မလှတဲ့လက် အဲ့လိုပဲ လက္ခဏာ လို့ခေါ်တဲ့ လက်ဖတ်တဲ့ပညာရပ် စသဖြင့်ပေါ့လေ နောက်အနုပညာသမားလက် အလုပ်ကြမ်းသမားလက် ဆိုတာတွေလဲရှိပါသေးတယ်
ခုဟာကတော့ လှတယ်လို့ မကြာခဏ ချီမွမ်းခံ အပြောခံရတဲ့ လက်ပါ
အမှန်အတိုင်းပြောရရင် ဒီပိုစ့်ကို ရေးဖြစ်တာ နန်းညီရဲ့ ပိုစ့် တခုခုကို ဖတ်မိရင်း သူက လှတယ်လို့ပြောကြတဲ့ လက်ဆိုလား စာတကြောင်းရေးထားတာတွေရပါတယ် အဲ့တာနဲ့ ပုံတွေပြန်ရှာရင်းရေးဖြစ်တာပါ
လှလားမလှလားတော့ ကို့ဘာသာပဲ ကြည့်ရှူဆုံးဖြတ်ပေတော့ ဒါပေမယ့် လှလှမလှလှ သေချာတော့ လဲ မထူးသွားပါဘူး ငယ်ငယ်ကတော့ လက်မိုဒယ် ဖြစ်ချင်ခဲ့ဖူးတယ် အင်းခုတော့ လူလဲအိုပြီ လက်လဲအိုပြီ ဘယ်သူကမှလဲ လက်နဲ့ကြေငြာဖို့လာ မငှားကြဘူး နောက် အနုပညာ လက် အနုပညာ လက်နဲ့ ပြောပြောကြတာ ခံရပေမယ့် အနုပညာနဲ့ ပတ်သက်တာ ဘာမှ ဖြစ်ဖြစ် မြောက်မြောက် မလုပ်ဘူးဘူး
ငယ်ငယ်လေးကတော့ ပန်းချီလေးဘာလေးဆွဲ ကျောင်းပေါင်းစုံပြိုင်ပွဲတွေဘာတွေမှာ ဆုတွေဘာတွေရ နောက်တော့ ခဲနဲ့ ပုံတူလေးတွေ ဟိုခြစ်ဒီခြစ် စနစ်တကျ သင်တဲ့ အထိတောင်မရောက်လိုက်ပါဘူး
နောက် အရွယ်ကလေးရလာတော့ ကဗျာလေး စာလေးရေး ခုထိလဲ ရေးဖြစ်နေသေးတာတော့ တခု ကောင်းတယ်ပဲပြောရမလား နောက် သီချင်းဆိုတာလဲ ကောင်းတယ်ပြောကြပါတယ် သီချင်းလဲရေးပါတယ် ကော်ပီပါပဲ ဘာမှမှမှ မတီးတတ်တာကို………….တခါတခါတော့ ကိုယ့်လက်ကလေးတွေဟာ စန္ဒရားမတီးရတာ တော်တော်နှမြောစရာကောင်းတာပဲလို့ ထင်ပါတယ် ဂစ်တာတီးဖို့သင်ချင်ပြန်တော့လဲ လက်သည်းလေးတွေကို သနားတာနဲ့ အလုပ်မဖြစ်ပြန်ပါဘူး လက်သည်းအိမ်ရှည်ရှည်ကျယ်ကျယ်လေးတွေနဲ့ တော်တော်လှတဲ့လက်လို့တောင် မိန်းကလေး သူငယ်ချင်းတွေ မနာလိုဖြစ်ကြရတဲ့ လက်ပါ ကိုယ်ကိုယ်တိုင်ကလဲ မြန်မာပြည်မှာ စိုးမြတ်သူဇာ ပြီးရင် င့ါလက် အလှဆုံးလို့ မကြခဏ ဝါကြွခဲ့ဘူးပါတယ် ခုတော့လဲ………………………….