တီချမ်း နဲ့ ဆေးရုံ

အင်းဒိုင်ယာရီ မရေးတာ တော်တော်ကြာသွားပြီ
ဘာလို့လဲတော့မသိဘူး
ခုလောလောဆယ် ဆေးရုံအကြောင်းရေးချင်နေတယ်
အင်းဘာလို့လဲတော့မသိ
ဆေးရုံတက်ရခါနီးကတခါ တကယ်တက်ရတာတခါ ဖြစ်ဖူးတယ် ကိုယ်တိုင်အတွေ့အကြုံအနေနဲ့ပါ
ဘာလို့လဲတော့မသိဘူး ပြောပြမယ်နော်
၂၀၀၃ လောက်က အိုအိုင် OIs (Opportunistic infections) လို့ခေါ်တဲ့
အခွင့်အရေးယူဝင်ရောက်လာတဲ့ရောဂါများ ဆိုတာတွေ ကြောင့် ကိုယ်သေမလို တခါ ဖြစ်ဖူးတယ်
ဆရာဝန်က ဆေးရုံတင်ခိုင်းတာ ကိုယ်က အိမ်မှာပဲသေမယ် ဆိုပြီးပေနေတာ
မသေခဲ့ဘူး သေမင်းကလက်မခံသေးလို့ ကိုယ်တခါ ပြန်လာပြန်တယ်
နောက်တခါ က ၂၀၀၅ မှာ မှတ်မိနေသေးတယ် မတ်လ ၁၁ ရက်ပေါ့
ကိုယ့်ခြေထောက်ကိုခွဲရတယ်လေ ခြေခုံမှာ- Ex P. TB (Extra Pulmonary Tuberculosis) အလွယ်ခေါ် အဆုတ်ပြင်ပ တီဘီလေ အဲဒီတုံးက ဆေးရုံကို ၃ ပတ်လောက်တက်ရတာ ကြည့်မြင်တိုင် အရိုးဆေးရုံမှာ ခိခိ ပိုက်ဆံမှမရှိတာနော် အကောင်းစားဆေးရုံကိုတက်ဖို့က
ခုတော့ ကိုယ်စဉ်းစားမိတယ်
ဒီတခါ ဆေးရုံတက်ရရင် အင်တာနက် အက်စက် internet access ရှိတဲ့ ဆေးရုံမှာတက်ချင်တယ်လို့လေ
အရင်တခါ တုံးက တော့ ပျင်းနေရတယ် တနေ့တနေ့ စာဖတ် ထမင်းစားအိပ် ပေါ့ ဘေးကုတင်က
ကောင်လေး ကို သွားသွားအားပေးတာပေါ့ သူက သနားပါတယ် ၁၉ နှစ်ပဲရှိသေးတာ
သူ့ဘ၀ ရဲ့အချိန်တော်တော်များများ ဆေးရုံပေါ်မှာ ဖြတ်သန်းနေရရှာတာ ကိုယ်နဲ့စခင်တော့ သူဆေးရုံတက်ရတာ ၃ နှစ်ရှိနေပြီ တက်လိုက်ဆင်းလိုက် နဲ့ အော်ပရေးရှင်းကလဲ ၃ ခေါက် လုပ်ထားတယ်
များသောအားဖြင့်က အိပ်နေရတာတဲ့လေ
သူလဲ Ex P. TB (Extra Pulmonary Tuberculosis) ပဲဖြစ်တာ သူကကျော မှာဆိုတော့ ပိုဆိုးတယ်လေ

ပြောချင်တာက အဲမှာ ဆေးရုံတက်တုံးက စာရေးဖြစ်တယ်
ကိုယ် တရုတ် ၀တ္ထု တအုပ်ကို ဘာသာပြန်တာ အခန်း ၆ ခန်း မှာ ၃ ခန်းလောက်ပြီးထားတယ်
နောက်တခါ ဆေးရုံတက်ရရင် ကျန်တာဆက်ပြန်မယ်လို့တေးထားတယ် အဲဒါကြောင့်ပြောတာ
ဒီတခါ ဆေးရုံတက်ရင် အင်တာနက်ပါတဲ့ဆေးရုံမှာပဲတက်မယ်လို့ ဘလောခ် လဲရေးမယ်
ဝတ္ထုလေးလဲပြီးအောင်ဆက်ပြန်မယ်လေ လာကြည့်ကြနော်
ပန်းအ၀ါလေးတွေ ယူလာခဲ့ကြ
ရနိုင်ရင်တော့ လာဗင်ဒါး လေးတွေ လိုချင်တာ မမကျွန်း ရှင်လာတဲ့နေရာမှာရှိလောက်တယ် ရှာယူခဲ့ပေးနော်
ခုလောလောဆယ် တော့ ဆေးရုံတက်ချင်နေတယ် ကိုယ်နေမကောင်းဘူး (စိတ်လေ ကျနေပြန်ပြီ)
မမကျွန်းကိုလဲသတိရတယ်

မနေ့ညကတော့ ဖိုးစိန်လေးကြောင့်တော်တော်ပျော်သွားရတယ်
အဖြူရောင်သံစဉ်ရေဒီယို မှာ သီချင်းတောင်းပေးတာ
သီချင်းနာမည် သိချင်လားမပြောပြဘူး သူ့သွားမေးကြ
ကျေးဇူးပါ ဖိုးစိန်ရယ်

တီချမ်း
၁း၄၆ နာရီ
ဧပရယ် ၁ ရက်နေ့
၂၀၀၉ ခုနှစ်
နေအိမ်
ဘန်ကောက်။

တီ ချမ်း ၏ ချစ်သူများ………………….

ဒီမနက် တီ အစောကြီးနိုးပါတယ် အဲဒါမနေ့ညက တင်တဲ့ ပိုစ့် ကိုပြန်ကြည့် ရင်း လက်က ဘောပင်ဆီရောက်သွားတယ်
ဘေးမှာ ရှိတဲ့စာရွက်ကို ခေါက်လိုက်တယ်
ပြီးတော့ ဒေါ်ရီတာ နဲ့ က စကားပြောလက်စဆိုတော့ သူ့အကြောင်းအရင်ဆုံးခေါင်းထဲရောက်လာတယ်
နောက်တော့ လက်က ဦးနှောက်နဲ့ပေါင်းပြီးတော့ သူ့ဘာသာ အလုပ်လုပ်သွားတော့ တာပဲ
လက်ရေးက သိပ်မလှတော့ အောက်မှာပြန်ရိုက်ပေးလိုက်တယ်နော်
တခါတလေ လဲ ကွန်ပျူတာနဲ့ရေးပါတယ် ဒါပေမယ့် လက်နဲ့ရေးရတာ ပိုအားသာတယ် အဲလို အဲလို
ပြီးတော့ တီ က မကောင်းတာတခု က ဟိုတစ ဒီတစ လျောက်ရေးတတ်တာပဲ
အရင်က ရေးထားတာလေးတွေလဲ အဲလိုနဲ့တိုလီမွစလေးတွေ ဖြစ်ပြီးပျောက်ကုန်တာအများကြီး

တအားစိတ်ထဲကနေ ခင်နေတဲ့ မမတွေ ဥပမာ ဦးမွန် မမကွမ် မမသီရိ
ကောင်လေးတွေ သဟသ တို့ ဖျော်မိုး မောင်ငယ် အမြဲစိမ်းဖြိုးတို့ ရှိပါသေးတယ်
မပါလို့ စိတ်ဆိုးကြနဲ့အုံးနော်

ပြီးတော့ ဖြိုးမော်လေးရဲ့မွေးနေ့ မနက်ဖြန်အတွက်လဲ သီချင်းလေးတစ်ပုဒ်တင်ပေးနိုင်ဖို့ကြိုးစားနေတယ်လေနော်

ခုက အရင်တင်ပေးတာ ဖတ်ရအောင်လို့ သမီးလေးတွေ အရင် လေဒီ ဖတ်စ် လေ နော်

တချို့သမီးလေးတွေ ကို တီ က အရင် သူတို့ ပရိုဖိုင်းကြည့်လိုက်ပါတယ်
အဲဒီကနေ ရေးလို့ ရမယ့် ဟာလေးတွေယူရေးတာလေနော်
ပြီးတော့ တီ က တီ့ထက်ငယ်ရင်သမီးပဲခေါ်တတ်တာအကျင့်ဖြစ်နေပြီ
မကြိုက်ရင်လဲ စိတ်ဆိုးကြနဲ့နော်

ချီးကျူးမိသူလေးများ

စာပြင်းပြင်းတွေဖတ်
အတွေးပြင်းပြင်းတွေတွေးတဲ့
အပျင်းစားမိန်းမ “ဒေါ်ရီတာ”

သေသေချာချာလေ့လာ
သေသေချာချာမှတ်သား
သေသေချာချာ ထည့်ကြွားတတ်တဲ့ “သူသူ”

အရွယ်လေး က ငယ်
မငယ်တာက ဇ
ပန်းချီ ကိုဝါသနာပါ “နန်းညီ” ရေ က

မိသားစု အပေါ်တာဝန်ကျေ
သားလိမ္မာလေး
ချစ်စရာကောင်လေးငယ် “ဖိုးစိန်” တဲ့လေး

ကဗျာတွေကောင်း စာတွေကောင်း
အတွေးကောင်းတွေ ကို ကတုံးကြီးနဲ့တွေး
“ကိုရင်” နော် တဲ့လေး


ချစ်ရတဲ့ မီးလေးတွေ

“မာလာ” က ငယ်ငယ်
ပန်းလှလှ မူး
ရေးလိုက်တဲ့စာတွေ ရွရွ
ပန်းလှလှဖူး

မနက်ကိုနာရီနဲ့ ထ
“မေဒီ” တဲ့ဟ
နေတာက ထိုင်ဝမ်မှာ
ကော်ဖီခါး မှ

ရေးတာတော့မဖြစ်ညစ်ကျယ်
“မိုးခါး”တဲ့လား
ကောင်မလေးအကြွားပို မောင့်ကိုချစ်ဆုံး

တွေးမိပါတယ် “မိဘာဘာ”
ရေးမှာက ဘာတွေတုန်း
မင်းကိုလဲတီကခင်တော့
မုန့်ဝယ်လို့ကျွေး

နာမည်လေးက “ဏီဏီ”
တီတီ့တူမ
မေတ္တာသုတ်မှန်မှန်ရွတ်
လိမ္မာ သဟ

လူလေးငယ်ငယ်
ပညာမသေး
ဟင်းချက်ကောင်း “နွေးနေခြည်”
အောင်သွယ်မလေး

စာရေးကောင်းတဲ့ “လွမ်းသုရင်”
မိန်းမစိမ်းလေး
တကယ်တန်း သူမစိမ်း
ဝတ္ထု ထဲလေး

ခံစားတဲ့ လူမလေး
“မေ့သမီးလေး”
တီကလဲချစ်ကာ ခင်တော့
တီ့သမီးလေး

မိုင်ဒီယားလေး “ဒိုင်ယာရီ”
စာမှန်မှန်ရေး
ပြောချင်တာတွေ ရင်ဖွင့်
စာမျက်နှာ လေး

တီချမ်း
ညနေ ၄း၁၀ နာရီ
၃၁ ရက် မတ်လ ၂၀၀၉ ခုနှစ်
ဘန်ကောက်ရုံး။

ယောက်ျား

အင်းပြောပြရအုံးမယ် တခါသားကပေါ့ကွယ် တီ (မမကွမ်လိုပဲ) အင်္ကျီတွေ တပုံကြီး ၀ယ်ခဲ့တုံးက ၊
“မင်းအင်္ကျီတွေဝယ်ပြန်ပြီ၊ ဘာလဲ မင်းမှာ ၀တ်စရာတွေ မရှိတော့ဘူးလား? ဗီဒိုထဲကဟာတွေက ဘာတွေလဲ?” လို့ သူတခါမှမပြောခဲ့ဖူးဘူး။

အင်း…သူ့ရုပ်ရည်က လဲ သူငယ်ချင်းတွေကြားထဲမှာ တီမျက်နှာငယ်စရာလို့ တခါ မှ မခံစားစေခဲ့ရဘူး။ သူ့ရဲ့ရုပ်ရည်ကြောင့် တီ တခါမှ ကိုယ်ကိုယ်ကိုယ် နှစ်သိမ့် သလိုနဲ့ “ယောက်ျားတယောက်အတွက် စိတ်လှတာ လူလှတာထက်ပိုအရေးကြီးပါတယ်” လို့ မပြောခဲ့ရဖူးဘူး။

ပြီးတော့ သူက တီ အရင်ချစ်ခဲ့ဖူးတဲ့ ရည်းစားဟောင်း ခေါင်းမာမာနဲ့အကောင် ထက် အများကြီးပိုမို တောက်ပ အရောင်လက်တယ်။

သူက ပညာလဲတတ်တယ်၊ နှာဗူးလဲမထ ဘူး။

သူက ပိုက်ဆံလဲအရှာတော်တယ် မာန်မာနလဲမကြီးဘူး သူ့ကိုယ်လုံးက လဲချွေးနံ့ နံမနေသလို၊ ချိုင်းပတ်စော်လဲမနံဘူး။

ပြီးတော့ တီ စိတ်ညစ်လို့ စကားပြောရင်ဖွင့် ချင်ရင်လဲ သူကနားထောင်ပေးတတ်တယ်၊ ပြီးတော့ တီ့ ဘ၀အကြောင်း၊ မိသားစု အကြောင်း၊ သူ့ အရင်ရည်းစားတွေ အကြောင်းပြောပြ ရင်လဲ စိတ်ရှည်ရှည်နဲ့နားထောင်ပေးတတ်တာပဲ။

တီ့ ကို သူပေးတဲ့လက်ဆောင်တွေ ဆိုလို့ရှိရင်လဲ အမြဲတမ်း တီလိုချင်နေလို့ (၇) ပိုင်းလောက်သေနေတဲ့ ဟာမျိုးတွေချည်းပဲ။ သူပေးတဲ့လက်ဆောင်ကို လက်ခံ ရရှိတဲ့ အချိန်မျိုး ဆို တခါ မှ တီ က ဟန်ဆောင်ပြီး “အဲ ချစ်စရာလေးတော့ ကြိုက်လိုက်တာ” လို့ လုပ်ပြောနေစရာမလိုဘူး။ အဲလိုအဖြစ်ကလဲ အမြဲတမ်း လိုလိုပါပဲ။

ပြီးတော့ သူက တီ နဲ့ ဘုရားအကြောင်းတရားအကြောင်းလဲပြောနိုင်တယ်၊ ဟော နိုင်ငံရေးအကြောင်းလဲရ၊ သမိုင်းလာမလား၊ သိပ္ပံ လာမလား၊ အင်းနောက်ဆုံးအနုပညာပဲပြောအုံးမလား ဘာလာလာ ဒေါင်း (အဲလေ) ဘာလာလာ အကုန် လုံးစေ့ပတ်စေ့ မဟုတ်တောင် စကားဝိုင်းဖြစ်အောင်တော့ အမြဲပြောနိုင်တယ်။ နောက်ဆုံးကုန်ကုန်ပြောမယ်ကွယ် တီ တို့ စိတ်ဝင်စားတဲ့ မိန်းကလေး သဘာဝ အလှအပ ရေးရာ၊ ဖက်ရှင် က အစ ရေစီးကြောင်းမီအောင်ပြောနိုင်တဲ့သူ။ (ယောက်ျားလေး များ အဲကောင်က ခြောက်နေလို့နေမှာပေါ့လို့တွေးနေတယ် မှလား၊ ခိခိ ဒါတကယ့် လိုအပ်ချက်တွေနော် မိမိ တို့ရဲ့ ကောင်မလေး ချစ်သူ များ အပေါ် အမောင်တို့ သကောင့်သားတွေ ဘယ်လောက်အရေးထားတယ် ဆိုတာ ဒါတွေ ကိုကြည့်ပြီး တီ တို့က ဆုံးဖြတ်တာ ဟွန်း အဲတော့ အမှတ် များများ လိုချင်ရင် စာများများကျက် ခိခိ။ ။ ဤကားစာရေးသူ၏ စေတနာစကားချပ်)

တခါသားတုန်းကဆို အင်း………..တီ ၀ိတ်ချတုံးကပေါ့ (ပြန်မပြောတော့ဘူး လို့ဆုံးဖြတ်ထားတာ ဒီကိစ္စ ခုတော့ သမီးလေးတို့အရေးလေ အင်းပေါ့…) သူက တီ့ ကို တခြားယောက်ျားတွေလို ဟိုဟာ ဒီဟာတွေ စားချင်လာအောင် တခါ မှ လာမမြူဆွယ်ဘူး၊ “ဒါလေး လာစားပါလား အချစ်ရယ် အရမ်းကောင်းတာ၊မင်းအကြိုက်လေ” လို့ တီ့ ၀ိတ်ချ ပရိုဂရမ် ကိုပျက်အောင်လဲ ဖျက်လိုဖျက်ဆီးဘယ်တော့မှမလုပ်ဘူး၊ တီ ကို “ချစ်က မ၀ နေပါဘူး၊ ချစရာမလိုပါဘူး၊ မောင်ကချစ် “၀”နေလဲ ချစ်မှာပါ လို့ လိမ်နေတာ သိသာတဲ့ စကားတွေ၊ တီ စိတ်ပျက်စေမယ့် စကားတွေ လုံးဝမပြောဘူး။

သူဟာဆိုရင် တီ့ ကို ဘယ်တော့ မှ၊ လုံးဝ “နိုး” ဆိုတဲ့ အငြင်းဝါကျ ကို မပြောရက်၊ မပြောရဲ၊ မပြောချင် သူပါကွယ်။ ဘယ်တော့ မှလဲပြောမှာမဟုတ်ဘူး။

သူမှာလေ မကောင်းတဲ့ အကျင့် ဆိုလို့ ဘာဆိုဘာမှ မရှိပါဘူး၊ ပြီးတော့
အသက်ကလဲရှည်မယ့် ရုပ်၊ တသက်လုံး တီ့ ကိုသူက စောင့်ရှောက်သွားမှာတဲ့၊ နောက်ဆုံး တီ မျက်စိ နှစ်လုံးမှိတ်သွားတဲ့အချိန်အထိပေါ့ကွယ်။ တီ့ ကိုစောင့်ရှောက်ပြီး တီ မျက်ကွယ် ပြု သွားချိန်မှ သူက တီမပါတဲ့ သူ့ရဲ့ အဓိပ္ပါယ်မဲ့နေပြီ ဖြစ်တဲ့ ဘ၀ ကို ဆက်မှာတဲ့ကွယ်။

ပြီးတော့ မပြောမပြီး မတီးမမြည် ပြောရအုံးမယ် မိန်းကလေးများကျော်ဖတ်ရန်……

တီ ဟိုဟာ ကို မလိုချင်တဲ့ အချိန် ဆို သူက လိမ်လိမ် မာမာ လေး သွားအိပ်နေတတ်ပြီး
တီ လိုချင်တဲ့ အချိန် ဆို သူက ချက်ချင်း ခုန်တက်လာတတ်တယ် အဟိ…

အခုပြောခဲ့တာတွေ အားလုံးက တီ တို့ မိန်းမတွေ လိုချင်တဲ့ယောက်ျားမျိုးပါ။ အမှန်တော့ ဒီလောက ကြီးမှာ အဲလို ကောင်းတဲ့၊ အဲလောက်ကောင်းတဲ့ ယောက်ျား မရှိလောက်ပါဘူးထင်ပါတယ်။

တွေ့ရင်လက်တို့ ကြနော် တဦးတည်းမောင်ပိုင်မစီးနဲ့ (မယ်ပိုင်လဲ မစီးနဲ့နော် ဒါပဲ မစီးနဲ့)

အဲဒီယောက်ျား က အဖေ၊ မောင်၊ အကို၊ သား၊ ချစ်သူ၊ သူငယ်ချင်း၊ ကိုယ်ရံတော် အိုနောက်ဆုံး ကုန်ကုန်ပြောရရင် ဘလောခ်ဂါ မိတ်ဆွေ တွေလဲ ဖြစ်နိုင်တယ်လေနော် အားလုံးပေါင်းလိုက်ရင် တော့ ရချင်ရမှာပေါ့နော်။

ဒီပို့စ်လေး က တီ့ ညီမ၊ တူမ ၊မမ၊ ဒေါ်ဒေါ် တွေ ဒီလိုယောက်ျားကောင်းကောင်းလေးတွေ ရှာယူနိုင်ဖို့၊ ကြီးတော်ကွမ် (ခိခိ စတာနော် စိတ်ဆိုးရဘူး ခင်လို့ပါတော် ရပြီးရင်လဲ ထပ်ရှာယူ နောက်တယောက် ခစ်ခစ်) နောက်ပြီး တီ့ တူ၊ သား၊ မောင်၊ ကိုကို၊ ဦးဦး၊ ဘဘကြီး လေးတွေ အဲလိုယောက်ျားကောင်းကောင်းလေးဖြစ်ချင်လာအောင် ကြိုးစားချင်စိတ် ရှိကြဖို့ ရည်ရွယ် တယ်လေနော်။ သားကောင်းသမီး ရတနာလေးတွေ ဖြစ်ကြပါစေကွယ်။

တီချမ်း၊ ၁၂ နာရီ ၄၆ မိနစ် ဘန်ကောက်မြို့နေအိမ်။

တီချမ်း အကြောင်းတစေ့တစောင်း…..

အင်း လာလာမေးကြ အော်ကြပါတယ် စီပုံးမှာ
တီချမ်းဆိုတာ ဘာလဲ ယောက်ျားလားမိန်းမလား ဂေး ဆို တာ ပေါ့စတစ်ဆိုတာတကယ်လား ဘာညာပေါ့
ကဲ အခု အားလုံးကို တပြိုင်ထဲဖြေပေးလိုက်ပြီနော်
၂၀၀၆ ဂျူလိုင်တုံးက တီ့ ကို လုပ်ထားတဲ့ အင်တာဗျူးလေးပါ လုပ်တဲ့ အဖွဲ့ က အမေရိကားက အေစ့် နဲ့ ပတ်သက်တဲ့ သုတေသန လုပ်နေတဲ့အဖွဲ့တခုရဲ့ ကွန်မြူနတီ (ခေါ်) လူထုအခြေပြု ပရိုဂရမ်က လုပ်တဲ့
တီ တို့လို အိတ်ခ်ျအိုင်ဗီပိုး နဲ့နေထိုင်နေတဲ့ လူငယ်လေးတွေကို စုပြီး မြေတောင်မြောက်ပေးတဲ့ ပရိုဂရမ်ကနေဗျူးတာပါ။ အော်ရီဂျင်နယ် က ဒီမှာပါ။

အစကတော့ တင်ရင်ကောင်းမလား မတင်ရင်ကောင်းမလား စဉ်းစားနေသေးတယ်
ကိုယ်ပေါင်ကိုယ်လှန်ထောင်းသလို ဖြစ်နေလို့လေ။
ဒါပေမယ့် တီ က ဒီလိုလူပဲဆိုတာ ပြချင်၊ သိစေချင်တာပါ
အဲလို တင်လိုက်ခြင်းအားဖြင့် အကူအညီ လိုတဲ့ လူတွေ ပြောပြ တိုင်ပင် ချင်တဲ့ လူတွေ တီ့ ကိုဆက်သွယ် လို့ တယောက်အကျိုးရှိရင် လဲ ၁ ယောက်ပေါ့ အဲလို စဉ်းစားတာပါ
မကြိုက်လို့ ဖတ်ပြီးစိတ်အနှောက်အယှက်ဖြစ်တယ် ဆိုရင်တော့ လဲ ကိုယ့် ဒေါသနဲ့ ကိုယ်ပေါ့နော် ခိခိ
မှတ်ချက်။ ။
အင်တာဗျူးက ၂၀၀၆ ကပါ အဲဒါကြောင့် တချို့အင်ဖော်မေးရှင်တွေ က အပ်ဒိတ်မဖြစ်တော့ ပါဘူး။

Voices: Taking a Stand in Myanmar


Addy Chen.

July 2006—Addy Chen is a consultant with the International HIV/AIDS Alliance Myanmar, working with men who have sex with men (MSM). In addition to volunteering among people living with HIV/AIDS, he also serves as the organization’s representative to the Asia-Pacific Network of People Living With HIV/AIDS (APN+) and is a member of TREAT Asia’s Asian Community for AIDS Treatment and Advocacy (ACATA).

When I was in my early 20s I worked as a tour guide, but after four or five years I thought it was time to change my career and so I applied to be a flight attendant for Myanmar’s local airline. I got the job and I began training to become cabin crew. But all of us who had been selected had to take a mandatory HIV test, which was performed without any pre-test counseling. After I took it, the airline managers called me in and told me that they had checked my test results twice and they showed that I was HIV positive.

So they kicked me out with the excuse that I would not be able to perform my job because it was in customer service. I was really upset. My test result was not kept confidential so everyone in the office learned about my status. At that time I did not know anything about HIV/AIDS. I didn’t know anything about my rights, either, so I didn’t know how to fight for my rights.

When I found out I was positive, I was really afraid, but I am an MSM and some of my friends knew a lot about HIV. Some were really supportive of me and helped me find a way to face the disease. At first I didn’t tell my family, but they found out when I really got sick. Eventually they accepted it and they have been supportive emotionally. So I’m kind of lucky.

Since I was diagnosed I have been very ill at times with various opportunistic infections. When I started taking antiretrovirals [ARVs] I didn’t get a CD4-count test and I didn’t receive any treatment education about drug side effects or how the drugs work, but my symptoms were very bad so I had to start ARV treatment. After a while, my health got better and I thought taking the drugs wasn’t so important any more. So I stopped taking them as regularly as I was supposed to. If I had known as much about the medications as I do now, I would have had really good adherence!

After I was diagnosed with HIV, I went back to my first job as a tour guide, and when I had been there for a while I became friends with a guy from UNOPS [the United Nations Office of Project Services]. He saw that I spoke openly about my status and that I was quite willing to work with HIV-positive people, so he asked that I come to his office and volunteer there. Then my friend said that UNOPS, along with other aid groups such as the International HIV/AIDS Alliance, CARE Myanmar, and the UN Development Program, wanted to establish a network in Myanmar to support people living with HIV/AIDS [PLWA], and I became involved with this group.

The Myanmar country representative for the International HIV Alliance also approached me and I started working with them as an MSM prevention consultant. Now we have the network for PLWA established and we’re starting to build our capacity to understand how anti-HIV drugs work, what is happening in the region, and how we can get access to treatment.

America

America

This is where u can be white
He can be black
I can be yellow and
She can be red

We eat Maccas and KFC
We drink coke and sprite
We used to have divas singing pop
And home boy hip hop
But now…..
White rapping and
Blacks popping

We talk about republic and democracy
And we stay sides
A man in the street corner said
“See this is what we are fighting for”

We are one BIG family
Where brothers killing each other
(Meaning: CIA and KKK as by BEP)
We have liberty monument and 911
Women weep while children sleep

We rule
We screw
We chill
We drill

NYC to LA
East coast and west coast
The cities that have sex
But still…………..
So desperate

In this country
Women are disposable pleasure
And where men are tissues
(You used them and you threw them away)
And love
Love is something you chewed someone up and spit them out
And there isn’t enough room for you and your ego

A Chen
3:29pm
26th Feb 2009
Office
Bkk
(Acknowledgement: Some of the lines are from the movies I watched, the song I heard)

ခန္ဓာကိုယ်အကြောင်းသိမှတ်စရာ

တီ တို့ရဲ့ခန္ဓာကိုယ်အကြောင်းသိမှတ်စရာ အချက်ကလေးတွေပါ
သူငယ်ချင်းဆီက ရတဲ့ ဖော်ဝတ်ပ်တက် အီးမေးလ်ပါ
အောက်မှာ တီ ဘာသာပြန်ထားပေးပါတယ်
နောက် အော်ရီဂျင်နယ်လိုလဲပြန်ထည့်ပေးထားပါတယ်
ပျော်ရွှင်ကြပါစေလေနော်။

  1. တီ တို့စားတဲ့အစာတွေ ပါးစပ်ကနေ အစာအိမ်ကိုရောက်ဖို့အတွက် အချိန် ၇ စက္ကန့်ကြာပါသတဲ့
  2. လူတယောက်ရဲ့ဆံတပင်ဟာ အလေးချိန် ၃ ကီလို (၆.၆ ပေါင်) နိုင်ပါသတဲ့ (၀ီဝီ ပွမ်ပွမ် ရက်လိုက် ပရီကောရှင်း။=။=။ မိန်းကလေး များကိုယ့်စိတ်ကိုကိုယ်မနိုင်လျင် နံပါတ် (၃)ကိုကျော်ဖတ်ပါရန် ဖတ်ပြီးမှတီ့ ကိုရန်လာမတွေ့ရ)
  3. ယောက်ျားတယောက်ရဲ့ လိင်တံအရှည်ဟာ အကြမ်းဖျင်း သူ့လက်မအလျားရဲ့ ၃ ဆရှိပါသတဲ့
  4. လူတွေရဲ့ ပေါင်ရိုးဟာ ကွန်ကရစ်ထက် မာပါသတဲ့
  5. မိန်းမတွေ က ယောက်ျားတွေထက် နှလုံးခုန်တာပိုမြန်ပါသတဲ့
  6. တီ တို့ရဲ့ ခြေထောက်တဖက်စီမှာ ဘက်တီရီယား ပိုးတွေ ထရီလီယံ လောက်ရှိပါသတဲ့
  7. မိန်းမတွေဟာ မှန်းခြေ ယောက်ျားတွေထက် နှစ် ဆ ပိုမျက်တောင်ခတ်ပါသတဲ့
  8. သာမန် လူတယောက်ရဲ့အရေပြား အလေးချိန်က သူ့ဦးနှောက်အလေးချိန် ရဲ့ ၂ ဆ ရှိပါသတဲ့
  9. တီ တို့မတ်မတ်ရပ်နေတဲ့အခါ မှာ တီ တို့ ခန္ဓာကိုယ်က သမကျကျ မျှမျှတတ ဟန်ချက်ညီညီ ရပ်နိုင်ဖို့အတွက် ကြွက်သား ၃၀၀ ကျော်သုံးပါသတဲ့
  10. တကယ်လို့များ တံတွေးက အရာတခု ကို အရည်မဖျော်နိုင်ဘူးဆိုရင် တီ တို့အဲဒီအရာကို အရသာမခံနိုင်ပါဘူးတဲ့
  11. အခု ဒီစာကိုဖတ်နေတဲ့ ဘလောခ်သူ မမ၊တီတီ ဒေါ်ဒေါ် များကတော့ စာဖတ်တာ ပြီးဆုံးလုပြီဖြစ်ပေမယ့်
  12. ဦးဦး ကိုကို ညီညီ မောင်မောင် သားသားလေးများကတော့ အခုထိ သူတို့ လက်မ ကို တိုင်းလို့မပြီးသေးဘူးတဲ့

အဟိဟိဟိဟိစိတ်ဆိုးကြနဲ့နော် ပြီးတော့ လိုက်လဲတိုင်းကြနဲ့အုံး ပြီးတော့ လူမြင်ကွင်းမှာလဲ တူညားတွေရဲ့လက်မကို ကြာကြာငေးကြည့်တာကောင်းဘူးတဲ့လေနော် ဒါပဲအောက်မှက အော်ရီဂျင်နယ်ပါနော်……….အဟစ်အဟစ်အဟစ် ရယ်ချင်နေသေးတယ် (တီချမ်းမကောင်းဘူးနော်)ခစ်ခစ်ခစ် ခိခိခိ ခွိခွိခွိ ဟားဟားဟား ဟီးဟီးဟီး အဟွင်းဟွင်းဟွင်း ငှဲငှဲငှဲ ငွီးငွီးငွီး

  1. It takes your food seven seconds to get from your mouth to your stomach.
  2. One human hair can support 3 kg (6.6 lb).
  3. The average man’s penis is three times the length of his thumb.
  4. Human thighbones are stronger than concrete.
  5. A woman’s heart beats faster than a man’s.
  6. There are about one trillion bacteria on each of your feet.
  7. Women blink twice as often as men.
  8. The average person’s skin weighs twice as much as the brain.
  9. Your body uses 300 muscles to balance itself when you are standing still.
  10. If saliva cannot dissolve something, you cannot taste it.
  11. Women reading this will be finished now.
  12. Men are still busy checking their thumbs.

ချစ်ချမ်းညနေ ၄း၀၀ နာရီမတ်လ ၂၇ရက် သောကြာနေ့၂၀၀၉ ခုနှစ်ရုံးမှာခေတ္တ ဘန်ကောက် အဟစ်ဟစ်ဟစ်

ကျေးလက် နဲ့ မြို့ပြ

တယောက် တဗိုက် မဟုတ်တဲ့ တယောက်တပိုဒ်ပါ
မမတူးတူးသာနဲ့ တီတီချစ်ချစ်ချမ်း တို့ရဲ့ ပူးပေါင်းမှုပါ
ဆရာသွေတာဆော် ကို ဒီကဗျာလေးနဲပ ဂါဝရပြုပါတယ်
ကိုယ့်ကိုယ်ကိုလဲ တော်တော် မာန်တက်သွားတယ် ဟိဟိ ငါကွလို့ ခိခိ အလကားပြောတာနော် ယုံကြနဲ့
သမိုင်းကြောင်းကို သိချင်ရင် မမတူးရဲ့ ဒီမှာ ကြည့်ကြပါတော်တို့ရေ

ကျေးလက်မြို့ပြ

လယ်တောကအပြန်
စားချင်တယ် ဖာပေါင်းစင်းဆိုလို့
မောင်ရိုက်ကာပေး
မနက်တုန်းဆီက
ကျော့ဆုံးကိုမောင်မြင်တော့
သူ့စားပွဲမှာ ဟမ်ဘာဂါနဲ့
ဂုဏ်တင့်တယ်လေး …။ ။

Central ကအပြန်
ဝယ်လာတယ် Burger King
ချစ်တဲ့သူမင်းအတွက်
ဝယ်ခဲ့တဲ့မောင်မောင့်မှာ
စားပွဲပေါ်လက်ဖက် ကိုတွေ့တော့
ရင်ခွင်ကို ခြေစုံကစ်သလို
မျက်မှောင်က တင်း။ ။

A Chen
12:17 pm
27th March 2009
Friday
Office
Bkk

အော်ရီဂျင်နယ် နဲ့ အော်ရီဂျင်နယ် ဖျက် ပါ

လယ်တောကအပြန်
ပန်ချင်တယ် ခရေဖူးဆိုလို့
မောင်ခူးကာပေး
မနက်တုန်းဆီက
ကျော့ဆုံးကို မောင်မြင်တော့
သူ့ဆံပင် နှင်းဆီပွင့်တွေနဲ့
ဂုဏ်တင့်တယ်လေး .. ။ ။

(ဆရာ မင်းသုဝဏ်)

လယ်တောကပြန်
အန်ချင်တယ် ထန်းရည်ဗူးလွယ်လို့
မောင်မူးတယ်လေး
မနက်ခင်းဆီက
ချက်ပုလင်းမြင်ပြန်တော့
ဝက်နံကင် ဘဲကင်ကြီးရယ်နဲ့
မြည်းလိုက်ချင်သေး။

(တောရာခွေ တဲ့ ဆရာသွေတာဆော်ပါ)

အထီးကျန် သူရဲကောင်း

အထီးကျန် သူရဲကောင်း

ယောက်ျားတွေ က ကိုယ့်ကိုယ် ကို သူရဲကောင်းအဖြစ် မျှော်လင့် ချင်ကြတယ်။ အနည်းဆုံး အနေနဲ့ လူတွေအများကြီး ရဲ့ရင်ထဲက သူရဲကောင်းမဟုတ်ရင်တောင် ကိုယ့် မိန်းကလေးရဲ့ မျက်လုံးထဲမှာတော့ သူရဲကောင်းဖြစ်ချင်ကြတာချည်းပဲ။
ဒါပေမယ့် သူရဲကောင်းဆိုတာ ပေးဆပ်မှုတွေနဲ့ပါ။

သူရဲကောင်းဆိုတဲ့ ပုံရိပ် ကို တည်ဆောက်ဖို့အတွက် ယောက်ျားတွေဟာ မျက်ရည်မကျဖို့ ကို ထိန်းကြတယ်။ ဘယ်လောက်ပဲ စိတ်ထိခိုက်နာကျင်စရာ အဖြစ်နဲ့ ကြုံ ကြုံ၊ ဘယ်လောက်ပဲ ကြေကွဲ ယူကြူံးမရ ဖြစ်နေနေ သူငိုတာ ကို သူချစ်တဲ့ မိန်းကလေး ဘယ်တော့မှမမြင်စေရဘူး။

သူရဲကောင်းရဲ့ မာကျောမှု၊ ခံနိုင်ရည်ရှိမှု ကိုပြသဖို့အတွက် ဘယ်တုံးကမှ သူ့ရဲ့ စိတ်ထဲက ခံစားချက် ကို မဖော်ပြဘူး၊ မထုတ်ပြောဘူး။ ပြောလိုက်ရင် အဲဒါက သူ့ကို လူပျော့လူညံ့ အဖြစ် မြင်စရာဖြစ်သွားမှာ စိုးတယ်လေ။

သူရဲကောင်းတွေ ဟာ ဘယ်အရာကိုမဆို စိတ်ထဲမှာ ၀ှက်ကွယ်ထားပြီး တယောက်တည်း ကြိတ်မှိတ် ခံစားချင်ကြတယ်၊ကိုယ်ချစ်တဲ့ သူနဲ့ အတူတူ လက်တွဲရင်ဆိုင်မယ် ဆိုတာမျိုးမရှိဘူး။

သူတို့အမြဲပြောလေ့ရှိတဲ့ စကားက “ ငါတို့ နှစ်ယောက် ဒီလောက်ချစ်ကြတာ၊ ကိုယ်ရဲ့ ရင်ထဲက ခံစားချက်တွေကို မင်း နားမလည်ဘူးလား” တဲ့လေ။

မိန်းမတွေ ဟာ ယောက်ျားတွေ ရဲ့ နှလုံးသားထဲ မှာ အသံသာတဲ့ ချူလေး၊ ဆွဲလည်းလေးတော့ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ အချိန်တိုင်း သူတို့ ကို သာယာသံလေးနဲ့ နှိုးဆော်ပေးနေတယ်ဆိုရင်တောင်လေ။

ဒါပေမယ့် ကျမတို့ က သူတို့ဗိုက်ထဲက ပုဏ္ဏားလေးမှ မဟုတ်ပဲလေနော်။

တချို့တ၀က်တော့ နားလည်မှာပေါ့လေနော် သူတို့စိတ်ထဲဘာဖြစ်နေလဲဆိုတာ ဘယ် အကုန်လုံးတော့ အမြဲတတ်သိနားလည်နေပါ့မလဲ။ ဥပမာပြောရရင် ယောက်ျားတွေ ကလဲ မိန်းမတွေရဲ့စိတ်ကိုနားမလည်နိုင်သလိုပဲပေါ့နော်။

ယောက်ျားတွေကအမြဲ မိန်းမတွေဟာ နားလည်ရခက်တယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ် နဲ့ ပြောလေ့ရှိကြတယ် မိန်းမတွေ လဲ တပြိုင်တည်းမှာပဲ ယောက်ျားတွေနဲ့ပတ်သက် ပြီး အဲလိုခံစားနေကြရတာ ကိုမသိကြဘူး။
(မူး စရာကောင်းလိုက်တဲ့ ယောက်ျားနဲ့ မိန်းမတွေပဲနော်။ ။ဤကားစာရေးသူ၏စကားချပ်။)

ဒါပေမယ့် မိန်းမတွေရဲ့ စိတ်ကူးအတွေးတွေ ကတော့ ယောက်ျားတွေနဲ့မတူပါဘူး။
ကျမ တို့ က သူရဲကောင်း ဖြစ်ချင်စိတ်လဲ တယ်မရှိကြပါဘူး။
တကယ်လို့ သူရဲကောင်းဆိုတာ အထီးကျန်ကျန်နေရရင် သေချာတယ် ကျမတို့ မိန်းမတွေ က သူရဲကောင်းလုံးဝ မဖြစ်ချင်ပေါင်။

တကယ်လို့ သူရဲကောင်းဆိုတာ မငိုရဘူးဆိုရင်လဲ သေချာတယ် မိန်းမတွေဘယ်တော့မှသူရဲကောင်းဖြစ်ဖို့ စိတ်မ၀င်စားနိုင်ဘူး။ မျက်ရည်ဆိုတာ ကျမတို့အတွက် မရှိမဖြစ်အဖော်ပါ။ ၀မ်းသာရင်လဲငိုတယ်၊ ၀မ်းနည်းရင်လဲငိုမယ်၊ စိတ်ထိခိုက်ရင်လဲငို အိုဘာပဲ ဖြစ်ဖြစ် အမြဲမျက်ရည်က လိုကိုလိုတယ်တယ်။

တကယ်လို့ သူရဲကောင်းဆိုတာ ရင်ထဲခံစားရသမျှ ကို ထိန်ချန်ဖုန်းကွယ်ပြီး သိုဝှက်ထားရမယ်ဆိုရင် ကျမတို့တွေ ဘယ်နည်းနဲ့မှ သူရဲကောင်းမဖြစ်နိုင်ဘူး။ မိန်းမတွေ ဟာ သူတို့ ရဲ့ အချစ်ဆုံး ယောက်ျားတွေနဲ့ ပတ်သက်လာရင် စိတ်ခံစားချက်ကို လျှို့ဝှက် ဖုန်းကွယ်နိုင်မှု အားနည်းလွန်းပါတယ်လေ။

ပြီးတော့ ကျမတို့လိုချင်တာကလဲ အသွေးအသား အသည်းနှလူံးမရှိတဲ့ သူရဲကောင်းတွေမဟုတ်ပါဘူး။ သူရဲကောင်းဆိုတာ စက်ရုပ်မှမဟုတ်တာပဲလေနော်။

တကယ်လို့ ကျမ ယောက်ျားတယောက်ကို ချစ်မိတဲ့အခါကျရင် ကျမကတော့ သူ့ရဲ့မျက်ရည် ကို အားနည်းချက် ပျော့ညံ့မှုလို့မြင်မှာမဟုတ်ပါဘူး။ စိတ်ခံစားချက် လို့ပဲမြင်ပေးမှာပါ။

သူရဲကောင်းရေ

တကယ်လို့သာ မောင်က အဲလောက် အထီးကျန်ဆန်ဆန်နေနေ ရမယ်ဆိုရင် ကျမကတော့ မောင့်ကို ရိုးရိုး သာမန်လူပဲဖြစ်စေချင်ပါတယ်။

တီချမ်း
၁၁း၄၅ မိနစ်
၂၇ ရက်နေ့၊ ၃လပိုင်း၊ ၂၀၀၉ ခုနှစ်။
နေအိမ်
ဘန်ကောက်။

မမြင်ခြင်းများ ၁၊ ၂၊ ၃။ (၃ ပုဒ်တွဲကဗျာ )

မမြင်ခြင်းများ (BS’s Solo Version)

တစ်ခုသောလမ်းလေးမှာ ကြွေနေပေမယ့် . . .
တစ်ခုသောလမ်းလေးမှာ ဝေနေတာမျိုးဆိုရင် . . .
ငါ . . . ပျော်တတ်ရတော့မယ်။

ကိုယ့်ရှေ့က လေပြေတွေ ဖြတ်လျှောက်သွားတိုင်း
အလွမ်းငွေ့တွေ မှုန်မှိုင်းသွားတယ် . . .
မချစ်ဖူးပဲ လွမ်းတယ်။

ဘာရယ်မဟုတ်ပါဘူး . . .
ကံကြမ္မာကို ရေတွက်ကြည့်တော့ . . .
အလွဲတွေချည်းပဲ။

မနေ့ညက အိပ်မက်မက်တယ် . . .
ကိုယ်သေသွားလို့တဲ့ . . .
ကိုယ့်ကိုယ်ကို အသုဘချရတာ မောလိုက်တာ။

ညရဲ့ အလင်းဒဏ်ကို မခံနိုင်ဘူး . . .
လောကကြီးက ပူတယ် . . .
ကိုယ်တို့ အတိတ်တွေက အနာဂတ်တွေလောက် မဆူညံခဲ့ဘူး . . .
ဒီလိုနဲ့ တစ်နေ့ ကူးခဲ့ပြန်ရော။

ဒီဘ၀အတွက်တော့ သိမ်ငယ်ရတာ ပျင်းပြီ . . .
မုဒိတာ ပါရမီ တစ်မျိုးကိုပဲ တစ်သက်စာ ကျင့်ပါရစေ . . .
ဘယ်လောက်ခက်ခက်ပေါ့ဟာ။

(BS)
Tags: own poem
Mar 24, ’09 11:24 PM

ဒါလေးက တီ့ကဗျာပါ

မမြင်ခြင်းများ (Addy ‘s Solo Version)

တနေ့သောနေ့ကလေးမှာ လွမ်းနေပေမယ့်
တနေ့သောနေ့ ကလေးမှာ တမ်းနေတာသိရရင်လဲ
ငါပျော်မှာပါပဲ

တိုးတိတ်ညနေ “နေ” ၀င်ရောက်သွားတိုင်း
စိုးစိတ်တွေ ထုံထိုင်းသွားတယ် ……..
ချစ်ဖူးလို့ နွမ်းတယ်

လာတယ် မရောက်ပါဘူး……..
အိမ်နံတွေကိုယ်ဖတ်ကြည့်တော့…..
အမွဲချည်းပဲ။

ဒီနေ့ညမှ လေတိုက်တယ်…
နင်သေသွားလို့တဲ့…
နင့်အသုဘကိုငါလိုက်ပို့ရတာ…..
စောလိုက်တာဟယ်။

ဘ၀ ရဲ့အနင်းဒဏ်ကို မခံနိုင်ဘူး…
ကျောပြင်ကြီးက ဆိုတယ်…
ငါ့တို့ရဲ့နေ့တွေက ညတွေလောက်မသာယာခဲ့ဘူး……
ဒီလိုနဲ့ တမိုးသောက်ခဲ့ပြန်ရော

ဒီဘ၀ အတွက်တော့ ရင်နာရတာ ရင်းပြီး…….
ဥပေက္ခာ ခန္ဓီ တမျိုးကိုပဲ ရမက်မပါ ကျင့်ပါရစေ…..
ဘယ်လောက် နက်နက်ပေါ့ကွာ

A Chen
11:43 am
25 March 2009
Office
Bkk

ဒါလေးက ၂ယောက်ပေါင်းပါ

မမြင်ခြင်းများ (unseen) (BS and Addy dual version)

တစ်ခုသောလမ်းလေးမှာ ကြွေနေပေမယ့် . . .
တစ်ခုသောလမ်းလေးမှာ ဝေနေတာမျိုးဆိုရင် . . .
ငါ . . . ပျော်တတ်ရတော့မယ်။

တနေ့သောနေ့ကလေးမှာ လွမ်းနေပေမယ့်
တနေ့သောနေ့ ကလေးမှာ တမ်းနေတာသိရရင်လဲ
ငါပျော်မှာပါပဲ

ကိုယ့်ရှေ့က လေပြေတွေ ဖြတ်လျှောက်သွားတိုင်း
အလွမ်းငွေ့တွေ မှုန်မှိုင်းသွားတယ် . . .
မချစ်ဖူးပဲ လွမ်းတယ်။

တိုးတိတ်ညနေ “နေ” ၀င်ရောက်သွားတိုင်း
စိုးစိတ်တွေ ထုံထိုင်းသွားတယ် ……..
ချစ်ဖူးလို့နွမ်းတယ်

ဘာရယ်မဟုတ်ပါဘူး . . .
ကံကြမ္မာကို ရေတွက်ကြည့်တော့ . . .
အလွဲတွေချည်းပဲ။

လာတယ် မရောက်ပါဘူး……..
အိမ်နံတွေကိုယ်ဖတ်ကြည့်တော့…..
အမွဲချည်းပဲ။

မနေ့ညက အိပ်မက်မက်တယ် . . .
ကိုယ်သေသွားလို့တဲ့ . . .
ကိုယ့်ကိုယ်ကို အသုဘချရတာ မောလိုက်တာ။

ဒီနေ့ညမှ လေတိုက်တယ်…
နင်သေသွားလို့တဲ့…
နင့်အသုဘကိုငါလိုက်ပို့ရတာ…..
စောလိုက်တာဟယ်။

ညရဲ့ အလင်းဒဏ်ကို မခံနိုင်ဘူး . . .
လောကကြီးက ပူတယ် . . .
ကိုယ်တို့ အတိတ်တွေက အနာဂတ်တွေလောက် မဆူညံခဲ့ဘူး . . .
ဒီလိုနဲ့ တစ်နေ့ ကူးခဲ့ပြန်ရော။

ဘ၀ ရဲ့အနင်းဒဏ်ကို မခံနိုင်ဘူး…
ကျောပြင်ကြီးက ဆိုတယ်…
ငါ့တို့ရဲ့နေ့တွေက ညတွေလောက်မသာယာခဲ့ဘူး……
ဒီလိုနဲ့ တမိုးသောက်ခဲ့ပြန်ရော

ဒီဘ၀အတွက်တော့ သိမ်ငယ်ရတာ ပျင်းပြီ . . .
မုဒိတာ ပါရမီ တစ်မျိုးကိုပဲ တစ်သက်စာ ကျင့်ပါရစေ . . .
ဘယ်လောက်ခက်ခက်ပေါ့ဟာ။

ဒီဘ၀ အတွက်တော့ ရင်နာရတာ ရင်းပြီး…….
ဥပေက္ခာ ခန္ဓီ တမျိုးကိုပဲ ရမက်မပါ ကျင့်ပါရစေ…..
ဘယ်လောက် နက်နက်ပေါ့ကွာ

A Chen and BS (Legendary)
ဘုတ်ဆုံမှ စတင်၍
တယောက်တပိုဒ်ရေးသည်

5:07 pm
23rd march 2009
Online
Office (bkk) and Office (ygn)

တီနဲ့ ဘုတ်ဆုံက ခုလိုကဗျာတွေ မကြာခဏရေးလေ့ရှိပါတယ်
လက်တန်းချကြတာပါ
တော်လွန်းတတ်လွန်းလို့မဟုတ်ပါဘူး
ဝါသနာတူတာပါ
ရေးဖြစ်တာလဲပါတယ်လေ
အဲလိုပဲ ဂျီတော့ခ် မှာပြောရင်းရေးရင်း ရေးရင်းပြောရင်းနဲ့
ကဗျာတွေရေးဖြစ်ကြပါတယ်
ဒါလေးက ၃ ပုဒ်မြောက်ပါ
အရင် က ၂ ပုဒ်ရေးဖူးပါတယ်
မဖတ်ရသေးသူတွေ
ဒီမှာလင့်ခ် ပေးထားပါတယ်
ပထမ အပုဒ်လေးက နင်နဲ့ ငါ၊ တို့ နှစ်ယောက်ပေါင်းပြီး ဒါ တဲ့
နောက်တစ်ပုဒ်က
ထီဆန်းခင်ရမ် တဲ့စိတ်ဝင်စားတဲ့သူတွေ ပြန်ဖတ်လို့ရအောင်တီ လင်ခ့် ပြန်ထည့်ပေးလိုက်ပါတယ်
အခုမမြင်ြခင်းများ ၁ ၂ ၃ ကိုဘယ်လို စ ရေးဖြစ်တယ်ဆိုတာ သေချာနားလည်ချင်တယ်ဆိုရင်
အောက်ကို ဆက်ဖတ်ပါ
ကဗျာရသ ကိုမပျက်စေချင်ရင်တော့ ဒီမှာပဲ ရပ်ပါ

အောက်မှာ အိုင်တဲလစ်ခ် နဲ့ပြထားပေးပါတယ်

Addy: မယ်ဖော့ ဆက်မရေးတော့ဘူးလား
ကဗျာကို
Hnin Mon: တစ်ခုသောလမ်းလေးမှာ ကြွေနေပေမယ့် . . . တစ်ခုသောလမ်းလေးမှာ ဝေနေတာမျိုးဆိုရင် . . . ငါ . . . ပျော်တတ်ရတော့မယ်။Addy: တနေ့သောနေ့ကလေးမှာ လွမ်းနေပေမယ့် တနေ့သောနေ့ ကလေးမှာ တမ်းနေတာသိရရင်လဲ ငါပျော်မှာပါပဲ
Sent at 4:21 PM on Monday
Addy: ငပုတောလမ်းမှာ သေနေပေမယ့် လအုတော ရမ်းကာနေလေသူမို့ အော် တခုသောလမ်းမှာ ခွေးဆွဲပါစေ
Hnin: ကိုယ့်ရှေ့က လေပြေတွေ ဖြတ်လျှောက်သွားတိုင်း အလွမ်းငွေ့တွေ မှုန်မှိုင်းသွားတယ် . . . မချစ်ဖူးပဲ လွမ်းတယ်။
ဟဲ့
အစုတ်အပြတ်တွေ မပါကျေးဟ
Addy: အေးပါဟ
ခဏနေအုံး
တိုးတိတ်ညနေ “နေ” ၀င်ရောက်သွားတိုင်း စိုးစိတ်တွေ ထုံထိုင်းသွားတယ် ……..ချစ်ဖူးလို့နွမ်းတယ်
Hnin: ဘာရယ်မဟုတ်ပါဘူး . . . ကံကြမ္မာကို ရေတွက်ကြည့်တော့ . . . အလွဲတွေချည်းပဲ။
Addy: လာတယ် မရောက်ပါဘူး……..အိမ်နံတွေကိုယ်ဖတ်ကြည့်တော့…..အမွဲချည်းပဲ။
Hnin: ဘာရယ်မဟုတ်ပါဘူး . . . ကံကြမ္မာကို ရေတွက်ကြည့်တော့ . . . အလွဲတွေချည်းပဲ။
Addy: လာတယ် မရောက်ပါဘူး……..အိမ်နံတွေကိုယ်ဖတ်ကြည့်တော့…..အမွဲချည်းပဲ။
Hnin: မနေ့ညက အိပ်မက်မက်တယ် . . . ကိုယ်သေသွားလို့တဲ့ . . . ကိုယ့်ကိုယ်ကို အသုဘချရတာ မောလိုက်တယ်။
Addy: ကလေးဘ၀ ကအသေမိုက်တယ်…..လာကျောင်းလစ်စို့တဲ့…..ကိုယ့်ကိုယ်ကို ဆရာမမြင်အောင်ပုန်းရတာ လောလိုက်တာ……
အင်း ဒါသိပ်မကောင်းဘူး
ခဏ
Hnin: အေး ရတယ်
Addy: ဒီနေ့ညက လေတိုက်တယ်…နင်သေသွားလို့တဲ့…နင့်ကိုငါလိုက်ပို့ရတာ…..စောလိုက်တာဟယ်။
ဒါကပိုကောင်းတယ် ထင်တယ်နော်
Addy: ဟေးမမရေ
ရှုပ်နေလားဝေ
Hnin: မရှုပ်ပါဘူး ညီမလေးရဲ့
အဟဲ့အဟဲ့
Addy: လုပ်လေ မမဒါဆိုလဲ
အယ်တော့ အယ်တော့
မယ်ဖော့ကွ
Hnin: ညရဲ့ အလင်းဒဏ်ကို မခံနိုင်ဘူး . . . လောကကြီးက ပူတယ် . . . ကိုယ်တို့ အတိတ်တွေက အနာဂတ်တွေလောက် မဆူညံခဲ့ဘူး . . . ဒီလိုနဲ့ တစ်နေ့ ကူးခဲ့ပြန်ရော။
Addy: နင်ငါ့ကိုပညာပြပြီ
ဘ၀ ရဲ့အနင်းဒဏ်ကို မခံနိုင်ဘူး…ကျောပြင်ကြီးက ဆိုတယ်…ငါ့တို့ရဲ့နေ့ကတွေ ညတွေလောက်မသာယာခဲ့ဘူး……ဒီလိုနဲ့ တမိုးသောက်ခဲ့ပြန်ရော
Hnin: ဒီဘ၀အတွက်တော့ သိမ်ငယ်ရတာ ပျင်းပြီ . . . မုဒိတာ ပါရမီ တစ်မျိုးကိုပဲ တစ်သက်စာ ကျင့်ပါရစေ . . . ဘယ်လောက်ခက်ခက်ပေါ့ဟာ။
Addy: ဒီဘ၀ အတွက်တော့ ရင်နာရတာ ရင်းပြီ ဥပေက္ခာ ခန္ဓီ တမျိုးကိုပဲ ရမက်မပါ ကျင့်ပါရစေ ဘယ်လောက် နက်နက်ပေါ့ကွာ
Hnin: ဟဲ့
ရပြီထင်တယ်
တအားရှည်သွားလိမ့်မယ်
Addy: tifawmfjyDvm;
Addy: tifawmfjyDvm;
i mean enough lar??
Hnin: ဘာရယ်
Addy: ok lay
i will sorted it
what do u want for name??
Hnin: အေး
သုံး
Addy: what u want the name as 3??
Hnin: no no
မမြင်ခြင်းများ
Addy: aye kaung tal
english loe taw unseen pop naw
hihi

အဖြေပေးပြီ…………….

ကဲကဲ အဖြေကိုပြောမယ်
သေချာနားထောင်နော်
အင်းအမှန်က အဖြေဆိုတာထက်
ထပ်ဆွေးနွေးထားတယ် လို့ပြောမှပိုမှန်မယ်
ကြက်ငှက် တုပ်ကွေးဖြစ်လာရင်တယောက်ကိုတယောက် စောင့်ရှောက်ကြမယ်လို့
ကြက်၊ ငှက် တကောင်က ပြောလာရင်
ဘယ်လောက်ယုံရမလဲ
နောက်ဥပမာ တခုပေးမယ်နော်
လူလိမ်တယောက်က
ကျတော် လူလိမ် ပါလို့လာပြောရင် ဘယ်လောက်အထိယုံမလဲ
အဆိုးမြင်တယ်ပဲပြောပြော
ဒီကမ္ဘာကြီးမှာ ဘယ်နေရာမှ မလုံခြုံဘူးလို့ကျတော်ပြောရင်
ခင်ဗျား ဘယ်လိုသဘောရလဲ
ဒီတကွက် ကာတွန်းလေးက လောက ကြီးရဲ့ ကမောက်ကမတွေကို
ပုံဖော်ထားတာပါဆိုရင်ရော
ခင်ဗျားလက်ခံမှာလား? ငြင်းဆိုမှာလား?
ကြိုက်တာလုပ်ပါ
အဲလိုပဲ ကျတော်လဲ ကြိုက်တာလုပ်တယ် လုပ်မယ်
ပြီးတော့ တကယ်လို့သာ…..
ကြက် ငှက်တုပ်ကွေးတကယ်ဖြစ်လာခဲ့ရင်လဲ ကျတော်
ခင်ဗျားကိုစောင့်ရှောက်မှာပါ
အဲလိုပေါ့
ဒါပါပဲ
ရှင်းချင်လဲရှင်းသွားမယ်
မရှင်းရင်လဲ ပိုရှုပ်သွားတယ်ပေါ့
ဒါပါပဲ
ကဲ
ဘယ်လိုသဘောရလဲ?
တီချမ်း
၂း၃၇ မနက် အာရုံ
၂၆ ရက် မတ်လ ၂၀၀၉ ခုနှစ်
နေအိမ်
ဘန်ကောက်မြို့