ကဗျာနာမည်က “၃” တဲ့

ကဗျာနာမည်က “၃” တဲ့

ကကက ရယ် ဘဆ ရယ် ခမမရယ်

ကိုကြီး နဲ့ ကုန်းလားရေလား ရေသူကြီးရေ လို့ငယ်ငယ်ကဆော့ဘူးတယ်
ကြီးမားလှတဲ့ အသင်လောကရေ နင့်ကိုအမြဲ ငါကုန်နေတာကတော့ “စိတ်” ပဲ
ကျွန်း ရေ နင့် ကို ရေတွေပတ်လည်ဝိုင်းနေပြီဟာ (ဘေးမှာငါးမန်းတွေ နဲ့)
(အမေရိက ကို အမေကြီးနဲ့ “က” ပြီးရင် သွားမယ်)

ဘုတ်ထိုင်းလေးတစ်ယောက်နဲ့ ဘွတ်ရွှတ်ဒိုင်းလို့ ငယ်ငယ်ကဆော့ဘူးတယ်
ဆုံရတဲ့ ဘုံဘ၀က ဆရာမ ဘုတ်ဘုတ်ရေ
(ရန်ကုန်ကို ရန်တွေကုန်မှပဲပြန်လာတော့မယ်ဟာ)

ခင်ရာဆွေမျိုးတဲ့ ငယ်ငယ်က ကြားဖူးတယ်
မြင့်ရေ
မြတ်ရင်ပြောအုံးနော် ငါလဲရင်းရအောင်
(စ လုံးမှာ စာလုံးတွေရောင်းစားမယ်)

ဒီကဗျာလေးကိုလျှို့ဝှက်သောကဗျာလို့လဲခေါ်တယ်
အဓိပ္ပါယ်ဖော်တတ်ရင် မုန့်ဝယ်ကျွေးမယ်နော်
(ခုမဟုတ်ဘူး အကျွေး နဲ့ကျွေးမှာ ဟိဟိ)

ဘာရယ်မဟုတ်ပါဘူး
အမှတ်တရပေါ့ (“ယ” နဲ့ရေးရင်အရမ်းစိတ်ဆိုးတာပဲ)
(ဘ ကုံးက အန်တီချမ်း)

A Chen
9:55 pm
28th Feb 2009
Home
Bkk

ဘယ်လိုဖြစ်တာလဲ

ဘယ်လိုဖြစ်တာလဲ

နင် ဘယ်လိုဖြစ်တာလဲ
တကယ်တန်း ထိခိုက်ခဲ့တာ
ငါ မဟုတ်လား
ချစ်ခဲ့တဲ့သက်တမ်း တစ်လျောက်မှာ
နင်ပြောပါ

ငါ ဘယ်လိုဖြစ်တာလဲ
ဒီလိုနင့်လက်ကို လွှတ်ခဲ့တာ
ကြင်နာချင်းတွေ ကျဲခဲ့ရတဲ့နဖူးစာ
ကုန်သွားပြီ

ရင်နာနာနဲ့ နင့်ကို ငါခွဲ
ငိုနေတဲ့နှလုံးသား မင်းမှမသိပဲ
ငိုပွဲ ငိုပွဲ ကြေကွဲ

နှောင်တွယ်နေတဲ့ နှလုံးသား ကကွဲ
တွေဝေနေတဲ့အတွေးကြောင့် မင်းနဲ့တို့လွဲ
ကြေကွဲ ကြေကွဲ ငိုပွဲ (အစဉ် အမြဲ)

A Chen

Tagged (Karen mok)
2:09 pm
25th Feb 2009
Office
Bkk

ပန်းချီဆရာများ

ပန်းချီဆရာများ

အသက် ၈၀ အရွယ်အမယ်အိုကြီးဟာ
အိမ်ရှေ့ကပြင်မှာထိုင်ရင်း
တိမ်တွေပျံပြေးသွားတာငေးကြည့်နေတယ်
တိမ်တွေက သူမချစ်သူကိုသတိရစေတယ်လေ
သူ သူမကိုဘယ်လိုခွဲခွာသွားတယ်ဆိုတာကအစပေါ့
ကြာတော့တော်တော်ကြာခဲ့ပါပြီလေ
သူမက သူ့ရဲ့ပုံတူကိုစိတ်အမှတ်မဲ့ရေးဆွဲနေမိတာ
အကြိမ်ထောင်သောင်းမကရှိပါပြီလေ
သူ့အပြုံးလေးကိုပဲဖြစ်ဖြစ်ပေါ့
ဘာလို့လဲဆိုတော့ သူမရော၊သူမရဲ့ ကင်းဘတ်စရောက
သူဘယ်သွားသွားသူ့နောက်ကိုတစ်ကောက်ကောက်လိုက်နေခဲ့ဖူးတာပေါ့
အကြောင်းကလဲ သူတို့တွေက ပန်းချီဆရာတွေဆိုတော့
လှပတဲ့၊ချစ်စရာကောင်းတဲ့ ကမ္ဘာလေးကိုမင်းအတွက်ဆွဲပေးချင်လို့ပါ

ဆီဆေးနဲ့ဆွဲထားတဲ့ ဒေဆီပန်းတွေကတော့
ဧည့်ခန်းနံရံတွေမှာ အပြည့်နေရာယူလို့ပေါ့
သူမရဲ့ဆံနွယ်တွေကြားမှာတော့ သူကရေဆေးနှင်းဆီတွေဖြည့်ထားပေးလေရဲ့
သူကပြောတယ်
“အချစ်ရယ်၊ မင်းကိုကိုယ်သိပ်ချစ်ပါတယ်၊
မင်းကိုကိုယ်က ဟောဟိုက တောင်တန်းတွေ၊ နေခြည်တွေ၊
နေ၀င်တဲ့အလှအပတွေအားလုံးကိုပေးချင်တာပေါ့
ကိုယ့်အတွက် အရမ်းကိုလှပတဲ့မင်းအတွက်
မင်းလောက်နီးနီးလှတဲ့အရာတွေအားလုံး
ကိုယ်မင်းကိုပေးချင်ပါတယ်”
အကြောင်းကလဲ သူတို့တွေက ပန်းချီဆရာတွေဆိုတော့
လှပတဲ့၊ချစ်စရာကောင်းတဲ့ ကမ္ဘာလေးကိုသူတို့ကိုယ်တိုင်အတွက်လဲဆွဲပေးချင်လို့ပါ

သူတို့တွေအတူတူထိုင်ပြီးတော့ သူတို့ရဲ့အချစ်တွေကို ပန်းချီတွေဆွဲကြတယ်
သူတို့ ပန်းချီကားတွေဆွဲပြီးတော့အသက်မွေးကြတယ်
သူတို့ရဲ့လိုအင်တွေရယ်၊ လှပနွေးထွေးတဲ့အိမ်လေးရယ်
ချစ်စရာကောင်းတဲ့ ကလေးတွေရယ် ဖန်တီးခဲ့ကြတယ်
သူတို့တွေဟာ ဆောင်းဆိုရင်
နွေးထွေးမှု ယက်လုပ်သူတွေဖြစ်နေကြပြီးတော့
နွေဆိုရင်တော့ အချစ်တွေထုဆစ်တဲ့
လက်သမားတွေ ဖြစ်နေကြပြန်ရော
အကြောင်းကလဲ သူတို့တွေက ပန်းချီဆရာတွေဆိုတော့
လှပတဲ့၊ချစ်စရာကောင်းတဲ့ ကမ္ဘာလေးကိုမင်းအတွက်ဆွဲပေးချင်လို့ပါ

နောက်ဆုံးတစ်ရက်မှာတော့
ကောင်းကင်ပေါ်ကနေ ဆီတွေလို ပျစ်တဲ့ မိုးမည်းမည်းတွေရွာချလာပါရောတဲ့
သူမရဲ့နှလုံးသားထဲကနေသိလိုက်တာကတော့
တစ်ခုခုတော့မှားနေပြီဆိုတာပါပဲ
သူမတောအုပ်ထဲကနေအော်ရင်းပြေးလာတယ်
“ဘုရားသခင်၊ သူ့ကိုကျွန်မဆီကနေ ခေါ်မသွားပါနဲ့အုံး”

ဒါပေမယ့် သူမဟိုကိုမရောက်ခင်မှာပဲ သူသွားနှင့်မှာကိုလဲ
သူမရဲ့ စိတ်ထဲက စိုးရိမ်နေမိပါရဲ့
သူလဲလျောင်းနေတဲ့နေရာကိုရောက်သွားတော့
သူ့လက်ထဲမှာသူမအတွက် ရေဆေးနဲ့ရေးထားတဲ့နှင်းဆီတွေပေါ့
သူမကအားလုံးကိုလွှတ်ချလိုက်ပြီးဟစ်အော်ကာ
“လူဆိုးကြီးရေ
ရှင်ကျွန်မကိုထားမသွားပါနဲ့အုံး၊
ဘာမှမရှိတော့တဲ့ဒီကမ္ဘာကြီးမှာ အေးစက်စက်ပန်းချီကားတွေ၊

ဒီပုံတူတွေနဲ့ ရှင့်ကို သတိရနေအောင်
ကျွန်မကို နှိပ်စက်ပြီးမထားခဲ့ပါနဲ့”

သူက
“အချစ်ရယ်
ကိုယ်မင်းအတွက်နည်းနည်းလေးပဲထားခဲ့နိုင်တာ
ကျေးဇူးပြုပြီးတော့နားလည်ပေးပါနော်
တို့ရဲ့လက်လေးဘက်နဲ့ဆောက်တည်ထားခဲ့တဲ့
ဒီဘ၀ထဲမှာ ငါ့ဝိညဉ်ကိုမြုပ်နှံထားတာပါ
အချစ်ရယ်
ကိုယ်ထားခဲ့ပါတယ်
နည်းနည်းလေးပါ ဒါပေမယ့်
ဒီကမ္ဘာကြီးကကိုယ့်ကိုလက်ခံထားဆဲပါ
အခုအခါမှာကိုယ့် ခန္ဓာကတော့သေချင်သေသွားခဲ့မယ်
ဒါပေမယ့် ဒီပန်းချီကားတွေကတော့ အစစ်တွေပါ”

ဒီလိုနဲ့
ဥတုရာသီတွေကရောက်လာလိုက် ပြောင်းသွားလိုက်နဲ့
ပန်းပင်လေးတွေကိုရေလောင်းနေချိန်မှာ၊
သစ်ပင်တွေနဲ့စကားပြောနေချိန်တွေမှာ၊
သူ့ကလေးတွေကိုသီချင်းဆိုပြနေချိန်တွေမှာ
သူမကလဲသူ့မျက်နှာကိုအကြိမ်ကြိမ်မြင်ယောင်ရင်းပေါ့
ပြီးတော့ လေတွေတိုက်သွားတဲ့အခါတိုင်းလဲသူနားထောင်နေမယ်ဆိုတာ
သူမသေချာသိနေတယ်လေ
ပြီးတော့သူ ရယ်ပြုံးနေခဲ့တာတွေ
သူမ ငိုကြွေးချိန်တွေမှာ သူပွေ့ဖက်နှစ်သိမ့်ပေးခဲ့တာတွေ
အကြောင်းကလဲ သူတို့တွေက ပန်းချီဆရာတွေဆိုတော့
လှပတဲ့၊ချစ်စရာကောင်းတဲ့ ကမ္ဘာလေးကိုသူတို့ကိုယ်တိုင်အတွက်လဲဆွဲပေးချင်လို့ပါ

အသက် ၈၀ အရွယ်အမယ်အိုကြီးဟာ
အိမ်ရှေ့ကပြင်မှာထိုင်ရင်း
တိမ်တွေပျံပြေးသွားတာငေးကြည့်နေတယ်
တိမ်တွေက သူမချစ်သူကိုသတိရစေတယ်လေ
သူ သူမကိုဘယ်လိုခွဲခွာသွားတယ်ဆိုတာကအစပေါ့
ကြာတော့တော်တော်ကြာခဲ့ပါပြီလေ
သူမက သူ့ရဲ့ပုံတူကိုစိတ်အမှတ်မဲ့ရေးဆွဲနေမိတာ
အကြိမ်ထောင်သောင်းမကရှိပါပြီလေ
သူ့အပြုံးကိုပဲဖြစ်ဖြစ်ပေါ့
ဘာလို့လဲဆိုတော့ သူမရော၊သူမရဲ့ ကင်းဘတ်စရောက
သူဘယ်သွားသွားသူ့နောက်ကိုတစ်ကောက်ကောက်လိုက်နေခဲ့ဖူးတာပေါ့
အကြောင်းကလဲ သူတို့တွေက ပန်းချီဆရာတွေဆိုတော့
လှပတဲ့၊ချစ်စရာကောင်းတဲ့ ကမ္ဘာလေးကိုသူတို့ကိုယ်တိုင်အတွက်လဲဆွဲပေးချင်လို့ပါ

A Chen
4:46 pm
26th Feb 2009
Office
Bkk

အချစ်ဆိုတာ (နောက်တစ်မျိုး)

အချစ်ဆိုတာ (နောက်တစ်မျိုး)

Before

Darling
Sweetie
Honey
Sweet heart
Sweet pie
Sweet bear
Love
My heart

After

Screw you
Fuck you
Eat this (middle finger)
Bitch
Bastard
Son of a Bitch
Slut
Moron
Whore
Mother fucker

A Chen
2:57 pm
26th Feb 2009
Office
Bkk

ကျွန်တော်လူညစ်

ကျွန်တော်လူညစ်
(သို့)
အဇ္ဈတ္တ ကိုဖွင့်ချခြင်း

ကစားပွဲမှာ ကြက်တောင်ကို
ခတ်ပြင်းပြင်းရိုက်မလိုလုပ်ပြီးမှ
တေ့ယုံ တော့လိုက်တာ

ကလေးဘ၀တုံးက နှစ်ကူးမှာ
မောင်နှမအချင်းချင်း၂၁ ဖဲဆော့ရင်
ကိုယ့်ဖဲကို အသက်ပြည့်ယုံ လျှိတတ်တာ

သူငယ်ချင်းချင်း ဘာမဟုတ်လေးကိုတောင်
သာချင်စိတ် နိုင်ချင်စိတ်နဲ့
တစ်ကွက်ချန်ပြီး ညစ်တတ်တာ

တခါတလေ မုန့်ဝယ်စားတုံး
ဆိုင်ရှင်က အတွက်မှား လို့
မှားပြီးငွေပို အမ်းမိ ရင်ပြန်မပေးတတ်တာ

၉တန်း ၁၀တန်း တုံးက
ကျူရှင်မှာ ဆရာစာမေးတဲ့နေ့ဆို
သူများခိုးကူးမှာစိုးလို့ စာကိုအုပ်ပြီးဖြေတတ်တာ

ပြေးခုန်ပစ် ကျောင်းပေါင်းစုံ
အားကစားပြိုင်တုံးက ဒိုင်လူကြီးမသိအောင်
ပြေးပွဲမှာစည်းတစ်လှမ်းခိုးခဲ့တာ

ဘာမှမဟုတ်ပါဘူး
ဘာမှမဟုတ်ပါဘူး
ဘာမှမဟုတ်ပါဘူး

ဒီစာကြောင်းလေးတွေကိုတောင်
ကော်ပီ ပေစ့် လုပ်လို့ရရဲ့သားနဲ့
၃ ခါတိတိ ရိုက်လိုက်တယ်
ငါကွ မှတ်ထားဆိုပြီးတော့

အဲဒါပါပဲ
ကျွန်တော်ပြောချင်တာ
(လူဆိုတာ)
ခင်ဗျားသဘောပေါက်ရဲ့လား?

A Chen
2:28pm
26th Feb 2009
Office
Bkk

ညရဲ့ အသုဘ…

ညရဲ့ အသုဘ…

တိမ်တွေလဲမွဲလို့
ကောင်းကင်ကပြို
ကြယ်တွေတောင်အလုပ်မဆင်းတော့
လမင်းကတစ်ကိုယ်တည်း။ ။

မြို့ပြရဲ့အလင်း
စက်ရပ်တဲ့သတင်း
ကြေငြာတာက
ဒီနေ့မီးပျက်ရက်။ ။

ဗမိုး ၊ ငတက်ပြား
ထွက်လာပြီလား
အောင်နက်၊ ဘရောင်နီ
အာရုံတွေလွှတ်ထား။ ။

သံချောင်းခေါက်သံလား
ဘယ်သူ့ဟောက်သံကြား
လှူလိုက်ရတာက
အိပ်မက်ညတွေလား။ ။

A Chen
4:04pm

24th Feb 2009
Home
Bkk

တစ်ချိန်က…

တစ်ချိန်က…

အင်းလျားကိုလွမ်းတယ်
ကန်ဘောင်ကိုလွမ်းတယ်
လေပြေလေးတွေကိုလွမ်းတယ်
ကုက္ကိုပင်တန်းက
သိမ်းငှက်အုပ်ကိုလဲလွမ်းတယ်
ကိုယ်တို့အတူတူလျောက်ခဲ့ကြတဲ့
လမ်းလေးကိုလွမ်းတယ်

အပြိုင်ပြေးတက်ခဲ့ကြတဲ့
အုတ်လှေကားထစ်လေးတွေကိုလဲလွမ်းတယ်
ကန်စပ်နားကကိုယ်ဆော့ခဲ့တဲ့
မြက်ပင်လေးတွေကိုလဲလွမ်းတယ်
ထိုင်ခဲ့ကြတဲ့အုတ်ခုံလေးကိုလွမ်းတယ်

တူတူရှုခဲ့ဖူးတဲ့ဆေးခြောက်တွေကိုလဲလွမ်းတယ်
(ရှုနည်းတော့မတူခဲ့ကြပါဘူး)

အတူကြည့်ခဲ့ဖူးတဲ့ကြယ်လေးကိုလွမ်းတယ်
(မင်းမှတ်မိလား…ကိုယ်အရင်သေသွားခဲ့ရင်
ဖြစ်ချင်တဲ့ကြယ်လေးလေ
ဟိုးကောင်းကင်ကြီးပေါ်ကနေ
မင်းကိုငုံ့ကြည့်စောင့်ရှောက်ဖို့ပေါ့
ကိုယ်တောင်သူ့ကိုနာမည်လေး
ပေးထားသေးတယ်လေ Elsa တဲ့)

တူတူထိုင်နေကြ Moon Bakery ဆိုတဲ့
ကော်ဖီဆိုင်ကလေးကိုလွမ်းတယ်
တုတ်ထိုးတဲကလေးကိုလွမ်းတယ်
ဘူးသီးကြော်ကိုလဲလွမ်းတယ်
မင်းစားချင်တယ်ဆိုလို့
ကိုယ်သွားဝယ်ပေးပြီးကန်ဘောင်မှာအတူတူ
ထိုင်စားကြတဲ့ Silom Village က
ကြက်ကင်နဲ့ ကောက်ညှင်းပေါင်းကိုလဲလွမ်းတယ်

မင်းရဲ့ဂစ်တာလေးကိုလွမ်းတယ်
မင်းတီးပြခဲ့တဲ့သီချင်းလေးတွေကိုလွမ်းတယ်
(မင်းအမြဲတီးပြလေ့ရှိတဲ့
ထူးအိမ်သင်ရဲ့ “ကြယ်တွေစုံတဲ့ည”ဆိုတဲ့သီချင်းလေ
ကိုယ်ခုထိမှတ်မိနေသေးတယ်
မကြာမကြာလဲနားထောင်မိပါရဲ့)

တူတူဆိုင်ကယ်စီးခဲ့ကြတာကိုလဲလွမ်းတယ်
ဖက်ထားခဲ့ရတဲ့မင်းရဲ့ခါးကိုလွမ်းတယ်
ဆိုင်ကယ်စီးရင်းကိုယ်ခိုးခိုးနမ်းခဲ့ရတဲ့
မင်းလည်ကုပ်ကမွှေးညှင်းနုလေးတွေကိုလဲလွမ်းတယ်
ခေါင်းလျှော်ရည်နံ့သင်းနေတတ်တဲ့
မင်းဆံပင်လေးတွေကိုလဲလွမ်းတယ်
(ယောက်ျားတစ်ယောက်အတွက်တော့
တော်တော်ပျော့တဲ့ဆံပင်တွေပေါ့)

တို့ထိဆော့ကစားဖူးခဲ့တဲ့
မင်းရဲ့ပါးပြင်လေးကိုလွမ်းတယ်
ကိုယ့်ရဲ့ပါးပြင်လေးကလဲ
မင်းရဲ့နှုတ်ခမ်းတွေကိုလွမ်းတယ်
(မင်းနမ်းခဲ့ဖူးတဲ့ ကိုယ်ရဲ့ညာဘက်ပါးကို
ဘယ်ဘက်ပါးပြင်ကမနာလိုလို့တဲ့လေ
နောက်တစ်ခါတွေ့ရင်
နှစ်ဖက်လုံးကိုနမ်းမှဖြစ်မယ်နော်)

ကိုယ့်ရဲ့နှုတ်ခမ်းတွေကလဲ
မင်းရဲ့နှဖူးပြင်လေးကိုလွမ်းတယ်
ပြီးတော့ ကိုယ်ရဲ့
နှုတ်ခမ်းတွေကလဲ
မင်းရဲ့နှုတ်ခမ်းတွေကိုလွမ်းတယ်

အခုတော့ကိုယ်တို့တွေမိုင်ပေါင်းများစွာ
ဝေးကွာနေကြပါပြီ
ကိုယ့်သတ်မှတ်ချက်နဲ့ဆို
ဘ၀တွေတောင်ခြားနေပါပြီလေ
ဟိုတလောကမင်းဆီကစာလာတော့
“အစ်ကို့ ကိုလွမ်းလို့
ကန်ဘောင်ကကြယ်လေးကိုသွားကြည့်တယ်”
တဲ့

တကယ်တန်းတော့
ကိုယ်ကလဲ
မင်းကိုလွမ်းနေတာပါ
ဒါပေမယ့်လဲလေ…
မဖြစ်နိုင်တော့တဲ့အခါ
မဖြစ်သင့်တော့တဲ့အခါ
နေသားကျနေတဲ့ဘ၀မှာပဲ
နေပျော်အောင်နေပါတော့မယ်
တစ်ချိန်က…..

A Chen
5:15 am
22nd Feb 2009
Home
Bkk

ဆင်းရဲသား (နင်းပြား)

ဆင်းရဲသား (နင်းပြား)

ဆည်ကြီးတွေ၊ မြောင်းကြီးတွေ
ဆောက်ပေးလဲ
ဆင်းရဲတွင်းကနက်မြဲ

ဆာလောင်မှုတွေနဲ့
ဆယ်ပြားစေ့ကိုခွာနေလဲ
ဆိုက်ကားသမားအတွက်ကတော့
ဆယ်ပင်သာသာကန်စွန်းစည်းရယ်ပါ
ဆွမ်းတောင်ကပ်စရာမရှိ
ဆံပင်ညှပ်စရာပိုက်ဆံမရှိ

ဆိုင်တွေပေါ်မှာတော့
ဆီတစ်ထပ် သားတစ်ထပ်ပေါ့
ဆေးမရှိတဲ့
ဆောင်း
ဆွယ်တာကလဲမရှိတော့
ဆင်းရဲသားငါ့မှာ
ဆင်းစိုက်စိုက်စိတ်တွေကိုပိုက်ပြီး
ဆာဆာနဲ့
ဆွေးရပြန်တာပဲ

ဆံရစ်ဝိုင်းကလေးတောင်
ဆံတောက်ဖြစ်တော့
ဆတ်စလူးထပြီး
ဆတ်ဖလူးပန်းလေးကိုပန်ကာ
ဆိုင်ရာလူကိုမျှော်တတ်နေပြီလေ

ဆန်းစစနေရယ် ငါ့အတွက်ကျတော့
ဆည်းဆာတောင်ရောက်နေပြီလား
ဆွေးလိုက်တာနော်

ဆန္ဒတွေရယ်ပြည့်ပါတော့လို့
ဆုတောင်းမိပါတယ်

ဆာနေသူအတွက်ကတော့
ဆားနဲ့ပဲစားရစားရပါ
ဆိတ်တို့၊ဆတ်တို့
ဆိုတာ ဂျိုပါမပါတောင်မေ့နေခဲ့တာကြာပြီပဲလေ။ ။

A Chen
7:26 am
21st Feb 2009
Home
Bkk

ငါ့ရဲ့ပိုက်ဆံတွေ

ငါ့ရဲ့ပိုက်ဆံတွေ

ငါ့ရဲ့ပိုက်ဆံတွေ
စုထားသမျှအားလုံး
ရုံးမှာကျန်ခဲ့တော့
ညနေအိမ်အပြန်
အနှိပ်ဝင်ခံတော့မှ
ကျန်ခဲ့တာသတိရ
ပေးစရာငွေမရှိ
ပြေးစရာမြေမရှိ
တွေးစရာဝေနေ၏
လူများခိုးသွားမလား
မီးများလောင်မလား
ပျောက်များသွားမလား
ပူလောင်လိုက်ရတာ
စိုးထိတ်လိုက်ရတာ
စိတ်ညစ်လိုက်ရတာ
စားလဲဒီစိတ်
ထိုင်လဲဒီစိတ်
ထနေလဲဒီစိတ်
မောဟရယ်
လောဘရယ်
ဒေါသရယ်
ငါရယ်
အိပ်မပျော်တဲ့ညရယ်
အတူတူထိုင်ပြီး
ဒီကဗျာကိုရေးကြတယ်
အဲဒါနင်ဖတ်ဖို့
အချိန်ကိုသာကြည့်ပေတော့…

A Chen
4:49am
21st Feb 2009
Home
Bkk