မီ နှင့် သူမ၏ ကမ္ဘာ သုံးလွှာ

Me and her three worlds

 

ယနေ့ နံနက် က မီ အိပ်ရာထ နောက်ကျလေသည်။ အကြောင်းအရင်းက မနေ့က တနေ့လုံး ည ၈ နာရီ ခွဲထိ ၁၂ နာရီကျော်ကြာ အစည်းအဝေး ၃ ခု ဝင်ရလို့ပင်။ ဒီနေ့ ကားမောင် ပြန်ရန်မှ အပ လုပ်စရာထွေထွေထူးထူးလဲ မရှိတော့ နားနားနေနေပင် အိပ်စက်ဖို့ စဉ်းစားမိလေသည်။

 

၁၀ နာရီခွဲတွင် သိမ်းမည့် မနက်စာကို ၁၀ နာရီ ၁၅ တွင်မှ ကတမ်းကတန်းထ ကာ မျက်နှာ သစ်၍ သွားစားရလေသည်။ ထုံးစံအတိုင်း အလုပ်မရှိသော နေ့များတွင် မနက်စာကို အီလေဆွဲစားတတ်သည်မှာ မီ့ အကျင့်။ မကောင်းမှန်း သိပေမင့် မီ သည်လောက်တော့ အနားယူဖို့ ထိုက်တန်သည်ဟု ကိုယ့်ကိုကိုယ် ဆင်ခြေပေးလေသည်။

 

မနက်စာ စားပြီး ပြန်လာတော့ ရေကူးကန်နားအရောက်တွင် ကျေးငှက်တို့၏ တီတီတာတာ သံသာများ ကြားရလေသည်။ ရေကူးကန်ထဲသိုပ တသွင်သွင် တငြိမ့်ငြိမ့် ရေကျသံသည် ရေကူးကန်ပတ်လည်တွင် စဥ့်အိုးပုံစံ ရာဝင်အိုးများနှင့် လုပ်ယူထားသော ရေပန်းငယ်လေးမှ လာ၏။ ရေကျသံ ပလုံပလုံ နှင့် ကျေးငှက်သံ တီတီတာ သည် အင်မတန် ပနာကျလှသည်ဟု မီထင်မိလေသည်။ ရေကူးကန်ဘေးတွင် ထိုင်၍ စာအုပ်လေး ဘတ်ရသော် ကောင်းမလားဟုပင် တွေးမိ၏။ နောက်ဆက်တွဲ ရေပါကူးလိုက်ရင်ကော…….သို့သော် ၅ နာရီကြာ မောင်းရဦးမည့် ကားလမ်းကြောင်းတွင် အိပ်ငိုက်မည် စိုးသဖြင့် မီ့ စိတ်ကူး ဖျက်လိုက်ရသည်။ ရေကူးထားလျှင် အကြောအချင်များ ပြေ၍ အိပ်ငိုက်မည် မဟုတ်လား။ သို့သော် တငြိမ့်ငြိမ့်တိုက်လာသော လေညှင်းလေးများ၊ ကျေးငှက်တို့၏ ဘာသာဘာဝ မြည်ကျူးသံလေးများ နှင့် ရေကူးကန် ပတ်လည် သြကာသသည် အင်မတန်မှ နားနေချင့်စဖွယ် ဖြစ်နေပေတော့သည်။ မီသည် စိတ်ကို မနည်း ပိုင်းဖြတ်ကာ ………မီ့ အိပ်ခန်းရှိရာ အဆောင်ကြီး သို့ ဝင်လိုက်လေတော့သည်။

 

အဆောင်ခန်းမကြီးထဲ ခြေချလျှင် ချခြင်း ပထမဆုံး ခံစားမိသည်မှာ ပြင်ပ နှင့် မတူသော အပူချိန်ပင် ဖြစ်သည်။ အုတ်တိုက်၏ အေးစိမ့်ခြင်း နှင့် လေအေးပေးစက်၏ ထိန်းညှိပေးထားသော အပူချိန်သည် ခန်းမကြီးထဲ မအေး မပူ အနေအထားလေးကို ဖြစ်စေ၏။ လူတွေများ သူများဆီက ပိုက်ဆံရှာနိုင်ဖို့ ရှာကြံစဉ်းစားတတ်လိုက်တာ ဟု ကန့်လန့်တိုက် တွေးမိသော မီပင် အော် သူတို့က ဧည့်သည်တွေ နေရထိုင်ရ ကောင်းအောင် သက်တောင့်သက်သာ ရှိအောင် စေတနာ ထား တွေးပေးတတ်ပါလား ဟုပင် အကောင်းမြင်လာရသည်။ ခန်းမတလျောက် လှမ်းလျောက်လာရာတွင်လည်း တေးသံ ငြိမ့်ညောင်း သာယာသံများက မကျယ်လွန်း မတိုးလွန်း လှမ်းလျောက်ရာ ခြေလှမ်းတိုင်း ပါလာသလို ခံစားမှုကို ပေးလေသည်။ ခန်းမထောင့်ကျယ်များ၏ သန့်ရှင်းခြင်း သပ်ရပ်ခြင်း အမှိုက်တစ မရှိခြင်းများက ၂၄ နာရီ တပတ်လုံး အဆက်မပြတ် အလေးထား ဆောင်ရွက်မှုကိုလဲ ပြသေး၏။ မြန်မာ စီမံခန့်ခွဲမှုနှင့် နိုင်ငံခြား စီမံခန့်ခွဲမှု ကွာခြားချက်ပင်။ မီ သည် တိုင်းတပါးကို အထင်မကြီးတတ်ပေ။ ယဉ်ကျေးမှု တလေ့ထုံးစံကို မြတ်နိုးတတ်သော သူပင်။ သို့ရာတွင် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းကို ထိန်းသိမ်းတာ နှင့် စည်းကမ်းရှိမှု၊ ကြီးမြတ်သော စိတ်ထား ရှိမှု၊ ကောင်းသော အလေ့ကို အတုယူမှု တို့၏ ကွာခြားချက်ကိုတော့ မီကောင်းကောင်းနားလည်သည်။ ဤသည်ကိုလည်းပဲ တိုင်းတပါးကို အထင်ကြီးသောကျွန်စိတ်ဟု မီမမြင်၊ တိုးတက် ထွန်းကားလိုသောစိတ်၊ နိုင်ငံကြီးသား ပီသသော စိတ်အခြေ ဟုသာ မီထင်လေသည်။ စည်းကမ်းသည်ပင် လူ၏ မူလ တန်ဖိုး ဖြစ်သည်မှလား။ စည်းကမ်းရှိမှလဲ တိုးတက်ပေမည်။ ဤသည်ကား စာအုပ်ထဲမှာ ဘတ်ရှု သိမြင်လာသော စာတွေ့မဟုတ် နိုင်ငံများစွာ လည်ပတ်သွားလာရာမှ မီရခဲ့သော ကိုယ့်တွေ့ အသိအမြင်ပင်။

 

မြောက်များစွာသော ကော်ရစ်တာ ထောင့်ချိုးများကို ဖြတ်ပြီးသည့်အခါတွင်တော့ မီ့ အိပ်ခန်းလေးရှိရာ လျောက်လမ်းလေး သို့ရောက်ခဲ့ပေပြီ။ သို့တိုင်အောင် မီ့မှာ ရေကူးကန်ဘေးတွင် ကျေးငှက်သာရကာများ၏ တေးသံကို နားဆင်ကာ စာဘတ်၍ ခေတ္တအနားယူရမလား၊ အိပ်ခန်းထဲပဲ ပြန်ကာ အပြန်အတွက် အဝတ်များ ထည့်ရမလား ဝေခွဲမရဖြစ်ဆဲ။

 

သို့သော် အခန်းတံခါး ဖွင့်လိုက်သည်နှင့် တပြိုင်နက် အအေးဓါတ် စိမ့်စိမ့်လေးက မီ့ကို ထွေးပွေ့ကြိုလေသည်။ (ထွေးပွေ့ ဟုသော စကားရပ်သည် နွေးထွေးမှု ကိုသာ သုံးလေသလား၊ အေးစိမ့်သော ထွေးပွေ့မှုကော မရှိနိုင်ဘူးလား……မီ စာအများကြီး ဘတ်ရန် လိုပေသေးသည်) မီ အခန်းထဲက မထွက်ခင် အအေးကို ၂၃ ဒီဂရီ စင်ဒီဂရိတ် ထားခဲ့သည်ကိုး။ မီသည် အအေး အင်မတန်ကြိုက်လေသည်။ နှစ်ရှည်လများ ဆေးစွဲသောက်ခြင်း၏ အကျိုးဆက်ပင်၊ မီ့ ကိုယ့်ခန္ဓာ အပူချိန်က သာမာန်လူ အဖျားတက်နေသလောက်ရှိလေရာ ညညတွင် မီသည် အိပ်သောအခါလည်း အဝတ်မကပ်ပေ။ လေအေးပေးစက်ကို အေးစိမ့်နေအောင် ဖွင့်ကာ စောင်ခြံထူထဲ ကွေးဝင်အိပ်စက်တတ်တာ မီ့အကျင့်။ ဒီဟိုတယ်ကိုလဲ မီအထူးသဖြင့် ကြိုက်နှစ်သက်သည်မှာ အိပ်ခန်းအတွင်း အသုံးပြုထားသော အမန်နတီများခေါ် မွေ့ရာ စောင် နှင့် ခေါင်းအုံးများ ဖြစ်သည်။ ခေါင်းအုံးများ ဖြစ်ပါသည်။ အများစုကို ဖော်ပြသော နာမ်ပင်။ သာမာန်အုံးနေကျ ခေါင်းအုံး လေး အုံးအပြင် သရိုးပီလို ဟုခေါ်သော ဆက်တီသုံး ခေါင်းအုံးသေးသေးလေး ၃ လုံးပါပေသေးသည်။ မီ့ ကုတင် ကျယ်ကြီးသည် ခေါင်းအုံးများ နှင့် ပြည့်နေကာ မီ့ ခန္ဓာကိုယ်လေးသည် စောင်အောက်တွင် ဖုံးကွယ်ပျောက်ရှနေသော ခံစားချက်ကို မီသိပ်ကြိုက်လေသည်။ ကမ္ဘာလောကကြီးကနေ ဘယ်သူမျှ လိုက်မရှာနိုင်အောင် ပုန်းကွယ်နေနိုင်သော ခံစားချက်မျိုး။

 

ထို့နောက် မီ ဖုန်းကလေးဖြင့် မီ ကြိုက်နှစ်သက်ရာ တေးသံလေးများ ဖွင့်ကာ စောင်ခြံအောက်ထဲ တိုးဝင်၍ ထွက်ခွာချိန် မနီးမခြင်း ခန ထပ်နှပ်ရန် အိပ်ရာပုံအောက်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားလေတော့သည်။

 

အော်…..လူဖြစ်ရကျိုး နပ်လေစွ။

 

၁၅ ရက် ဖေဖော်ဝါရီ ၂၀၁၈ ခု

ဟီလ်တန် ဟိုတယ်

နေပြည်တော်

၁၁ နာရီ ၂၇ မိနစ်

အချဉ်ပေါင်း (၂)

တနေ့က စီးတီးမတ်ရောက်တယ် လိုတာလေးတွေသွားဝယ် ညဘက် မုန့်တွေပေါ့ လက်ဘက် ဘာညာ သာရကာ လေ…….
ထုံးစံအတိုင်းရောက်တော့ စာအုပ် ဝင်ကြည့် နည်းနည်း ဝယ်
အဲ့မှာ ဘာတွေ့လဲ ဆိုတော့
ကလေး စာပေတွေ
ပေါက်နေတဲ့ အိတ်ထောင်
ငွေဖလား ဆယ့်နှစ်လုံး
အန္တရာယ်ကောင်
စတဲ့ ဟိုမှာတော့ လူငယ်ဘတ် အသက်အရွယ် အကန့်အသတ်နဲ့ပေါ့ ဒါလေးတွေဆို ၈-၁၃ နှစ်ကြား ကလေးစာပေ ခေါ်မယ် ထင်တယ်
ပြီးတော့ စာကြည့်တိုက် စာစဉ် အတွဲ ၁ နဲ့ ၂
အဓိကကတော့ ကမ္ဘာ အရပ်ရပ်က မာ့ခ် ဇူကာဘတ် တို့ ဘီလ်ဂိတ်တို့ မာသာထရီစာ စသဖြင့်ပေါ့ သူတို့တွေရဲ့ဘိုင်အိုဂရပ်ဖီတွေပေါ့
ကောင်းပါတယ် ဘာသာပြန်လေးတွေ စာကြည့်တိုက် စာစဉ်လေးတွေအနေနဲ့ ထွက်တာ
တို့ဆီမှာကော အဲ့လို ရေးဆရာ လူတွေ မရှိဘူးလား အခု သေတန် မိတဲ့ သူတို့ ကျော်လင်းတို့ ငုံးဥ သည်ကြီး တို့ ရဲ့ဘိုင်အိုဂရပ်ဖီတွေ ရေးကြပါလိမ့် လူငယ်တွေ အဲ့လို မဖြစ်အောင် ပညာယူရအောင်
ဘာကို သွားတွေးမိလဲ ဆိုတော့ ငါတို့ နိုင်ငံမှာကော အဲ့လို တခုတ်တရ စာအုပ်ရေးချင်လောက်စရာ လူမရှိဘူးလား ရှိရင်ကော ဘာလို့ စာရေးဆရာတွေက မရေးနေကြတာလဲ ဘာလို့ ဆူလွယ် နပ်လွယ် လထထ လမမမ ပညခ ၇မ တို့လို ချစ်ကြိုက်ကွဲညား မွဲပြာပုဆိုး ဝတ္ထူတွေပဲ ရေးနေကြတာလဲ
ဟိုးအရင် ဆရာကြီး ရွှေဥဒေါင်း တို့ စုံထောက်တွေ ဆရာကြီး မောင်ဝံသ ရဲ့ ရှေ့နေကြီး ပယ်ရီ မေဆင် တို့လို မှုခင်း စုံထောက်တွေ ဆိုလဲ အကုန် ဘာသာပြန်
ဆရာသော်တာဆွေလို ဟာသတောင် အမှီး ဆိုတော့ တို့မြန်မာပြည် စာပေလောက နဲ့ အနာဂတ် ကို ရင်လေးစရာတောင် ရှာမတွေ့တော့ဘူး ဟိုးအောက်ဆုံး ရောက်နေလို့
ခုနောက်ပိုင်းဆိုလဲ အရင် အလားအလာ ရှိတယ် ဆိုတဲ့ မခစစ တို့ ဆိုလဲ သုည လား ဘာလား တို့ဘဝ တို့ကမ္ဘာ ကို မှီးတယ် ဆိုပြီး ရှိတဲ့ အလားအလာ ပျောက်
ပဆလ တို့ဆိုတော့ ဘာသာပြန်အမှီးတောင် မဟုတ်ဘူး မြန်မာလို ရေးထားတဲ့ တာရာမင်းဝေ တို့ကို တိုက်ရိုက်ကို ခိုးချတာ ဆရာမ မနော်ဟ၇ီ ကလဲ ဘာမှ မပြောဘူးလာ မသိဘူး
ထားတော့ ပြောချင်တာ တို့တွေ မှာ ကလေး စာပေ သိပ်နည်းတယ် အရင် ကို်ယတို့ငယ်ငယ်က ဘတ်ဖူးတဲ့ မိုးသောက်ပန်း တေဇ ရွှေသွေး တို့ကျောင်းသား မင်္ဂလာမောင်မယ် ဆိုလဲ အီစွတ်တွေ လိမ်မာယဉ်းကျေး ပုံပြင်ဆိုလဲ ဇာတ်ကြီး ဆယ်ဘွဲ့ ၅၅ာ ဇာတ်နိပတ်တော် ဇာတက ဒါတွေထဲက ကို မထွက်ဘူး
ဘတ်ကြည့်ရင်လဲ အတင်း လိမ်မာစေချင်တာနဲ့ မထော်မနန်း ယုတ်္တိ မတန်တဲ့ ဇာတ်လမ်းတွေ နဲ့ အတင်း မိဘကျေးဇူး သိခိုင်းတာ ယူမလား ဆရာ ကို ဇွတ် ကိုးကွယ် ခိုင်းတာ ယူမလား ငရဲ နဲ့ ဖြဲ ခြောက်တာ ယူမလား အများစုက ဘူး ရှစ်
အဲ့တော့ အဲ့ကွက်လပ်ကလေး ကို ခရီရေးရှင်း ရှိရှိနဲ့ ရေးမယ့် လူရှိရင် ထုတ်ပေးချင်ပါတယ်
ကိုယ်ပိုင်ရေးတာ ဖြစ်ရမယ် အတင်း သွတ်သွင်း လိမ်မာခိုင်းတာ မဖြစ်ရဘူး
ရှိခဲ့တဲ့ သောက်တလွဲတွေ အမှီးတွေ ထဲ က ခွဲထွက်ပြီး ထူးခြားဆန်းသစ်တဲ့ အတွေးအခေါ်တွေ ရှိရမယ်
ဟယ်ရီပေါ်တာဆို မဖြစ်နိုင်တာရေးတာပဲ နာမည်ကျော်လွန်းလို့ သူ့ ဝတ္တုဘတ်ဖို့ ဒစ်ရှင်နရီ တောင် သပ်သပ် ထွက်သေးတယ်
အဲ့လို ပညာရှင်မျိုး ဘာလို့ မပေါ်လာပဲ
ပဆလ လို ငါးစိမ်းသည်တပိုင် သူခိုးမ နဲ့ ထမနဇ လို မခစစ လို ပညခ လို
လကရက လို ဆရာဝန် စာရေးဆရာ အများစု လို ဘာသာပြန်ရင် ပြန် မပြန်ရင် ဖာ တွေ ကို ချနင်း ဖာ အကြောင်းရေး ရင် စာရေး ဆရာ ဖြစ် ပေါက် ရောင်းကောင်း တွေပဲ များနေတယ်
တခုခု လုပ်ကြပါ

အချဉ်ပေါင်း (၁)

အချဉ်ပေါင်း (၁) 
ကိုယ်က အမြင် တခုခုရေးတယ် ဆိုပါတော့ ဥပမာ နိုင်ငံရေး နဲ့ ပတ်သက်တာပဲ ဖြစ်ဖြစ် ပညာရေးနဲ့ ပတ်သက်တာပဲ ဖြစ်ဖြစ် ကလေးတွေ အကြောင်း ကျန်းမာရေး တခုခုပေါ့
အဲ့တာကို အောက်နေလာပြီး အတွေးက တူတူပဲ တထပ်ထဲပဲ လာရေးရင် သိပ်အမြင်ကပ်တယ်
သူများအတွေးအကြံကို ခူးစားချင်လို့ 
နှမ်းဖြူးတယ်လို့ပဲ မြင်တယ် အတွေးတူရင် အစကတည်းက ကိုယ့်ဘာသာ အဲ့အတွေးကို ဖော်ထုတ်လေ မရေးတတ်ဘူး မပြောနဲ့ ကိုယ့်နှမ်းဖြူးတဲ့ ကွန်မန့် ကိုယ်ပြန်ကြည့် ဒါလောက်ပဲ ပြောမယ်
နောက် ခံစားချက်တွေကို ဘလိုင်ကြီး attention ရအောင် တင်တဲ့ သူတွေလဲ အမြင်ကပ်တယ်
Pls no one wanna know or care about your personal life or how heart broken you are, people are just laughing at your back with amusement, that’s all.
နောက်တမျိုးက မဟုတ်တမ်းတရားတွေ ဥပမာ ကိုယ်တွေက သိနေတယ် အခြောက်ကြီး က အခြောက်လေးကို ကြိုက်တယ် အဲ့တာကို ကိုကြီးတွေ ကိုလေးတွေ လုပ်နေတယ်
ပိုဆိုးတာက အပုန်းမတွေက မိန်းမတွေကပဲ သူတို့ကို ကြိုက်သလိုလို မိန်းမနို့တွေကိုပဲ သူတို့ကြိုက်သလိုလို ရေးပြောပြီး ပို့စ် တွေ ရှဲတာ
မိန်းမနို့တွေကို သူတို့ကြိုက်တာကတော့ ဟုတ်တယ် လိုချင်စိတ်နဲ့ ငါလဲ အဲ့လိုကြီးချင်လိုက်တာ ဆိုတဲ့ စိတ်နဲ့ ကြိုက်ကြတာ ဒါပဲ
ဤတွင် စောက်ဆရာကြီးလုပ်ကာ စောက်ဖောင်းထုခြင်း အစီအစဉ် အပိုင်း (၁) ပြီးဆုံးပါပြီ ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာ လန်းဖျာ ယွပိုးထိုးနိုင်ကြပါစေရှန်

First of May

First of May
ညီညီ
နင်ငါ့ကို မှတ်မိသေးရဲ့လား။
ငယ်ငယ်တုံးက ခရစ်စမတ်သစ်ပင်ကို မော့ကြည့်ရင် အကြီးကြီး အမြင့်ကြီးလို့ ထင်ရတယ်
အရွယ်ရောက်လာတော့ ခရစ်စမတ်သစ်ပင်ဆိုတာ
သေးသေးလေး ဖြစ်သွားရော
တချို့အရာတွေဟာ အချိန်ရဲ့
တရွေ့ရွေ့တိုက်စားမှု နဲ့အတူ မျောပါသွားတတ်ပေမယ့် အဲ့ဒီ တို့တွေအသက် ၁၇ နှစ် အရွယ်က
ခရစ်စမတ်သစ်ပင်လေးကတော့ ငါ့စိတ်ထဲမှာ အမြစ်နစ်နစ်နဲ့ ပျိုးခဲ့သလို တသက်လုံး  ရှင်သန်နေခဲ့တယ်
မှတ်မိသေးရဲ့လား
ငါ့ကို မှတ်မိသေးရဲ့လား
ညီညီ
အဲ့ဒီ နှစ်က အင်္ဂလိပ်စာ
စကားရည်လုပွဲ ဆုပေးပွဲမှာ ငါ့ဘေးနားကနေ နင်တိုးတိုးလေး ပြောခဲ့တာလေ
“နောက်တခေါက်ကျ နင့်ကို
ငါနိုင်စေရမယ်” တဲ့
တလောက ဂီတပွဲတစ်ခု မှာ
နင့်ကို မြင်တော့ ငါထင်ပါတယ်လေ ဒီတခေါက် နင်ငါ့ကို တကယ် နိုင်သွားပြီလို့….. အရွယ်ရောက်လာတဲ့
နင့်ရဲ့ ပုံစံကို မြင်ရတာ သိပ်ဝမ်းသားတာပဲ အချိန်တွေ ဒီလောက်ကြာသွားခဲ့တာတောင် နင်ကတော့
ဘာမှ သိပ်မပြောင်းလဲ ခဲ့ဘူးနော်
ဒါပေမယ့် ငါတို့ မိန်းမတွေကတော့
မတူဘူးဟ
ဘာလို့လဲဆိုတော့ နင်ငါ့ကို
မမှတ်မိခဲ့ဘူးလေ….
When I was small,
and Christmas trees were tall
We used to love while others used to play
Don’t ask me why, but time has passed us by
Some one else moved in from far away
Now we are tall,
and Christmas trees are small
And you don’t ask the time of day
But you and I, our love will never die
But guess we’ll cry come first of May
The apple tree that
grew for you and me
I watched the apples falling one by one
And I recall the moment of them all
The day I kissed your cheek and you were mine
Now we are tall,
and Christmas trees are small
And you don’t ask the time of day
But you and I, our love will never die
But guess we’ll cry come first of May
Bee Gee
Bee Gee

T Chen 
6:54 PM
1st Dec 2016
Thursday
WAD
DFB

အတိတ်

ညီညီ
မှတ်မိသေးရဲ့လား
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ
ငါတို့ ၁၇ နှစ် အရွယ်က
မိုးရက်လေးတရက်ကိုလေ
အေးမြတဲ့ ရာသီဥတု
မိုးရွာပြီးစ မြေသင်းနံ့မွှေးမွှေးလေးနဲ့
မြေနီလမ်းကလေး
ပန်းခြံကြီးထဲက နေရောင်ခြည်နွေးနွေးတွေ
ရေကန်ကြီးနာ အတူတူထိုင်ကြတော့
ရုတ်တရက်ရွာချလာတဲ့ မိုးစက်တွေ
မင်း မှတ်မိသေးရဲ့လား
နှမြောစရာ တစ်ခုက
ကိုယ်တို့တွေနေရာဟောင်းတွေဆီ
ပြန်သွားလို့ရပါ့ရဲ့
ဒါပေမယ့် အဲ့လို အခိုက်အတန့်တွေကိုတော့
ပြန်မရနိုင်တော့ဘူးနော်
11:09 PM
Thursday
Sweet December 1st
2016

DFB

ငါ့တယောက်ထဲရဲ့အချစ်သီချင်း

ငါ့တယောက်ထဲရဲ့အချစ်သီချင်း
အချစ်တမျိုးက အေးစက်တယ်
တယောက်ထဲအနေများတော့ အတွေးဝေတယ်
ခရီးလမ်းတစ်ခုက လျောက်လာတာ
ကြာတော့ ငြီးငွေ့တယ်
စိတ်ထဲမှာ စကားတခွန်း မပြောဘဲ
(ထား)ရှိခဲ့တယ်
လူတယောက်ကို တိတ်တိတ်လေး
ချစ်နေတာ သိပ်ပျော်စရာပါ
ကိုယ့်ဘေးကနေ ဖြတ်လျောက်သွားတဲ့
မင်းကို တိတ်တခိုး ရင်ခုန်သလိုပေါ့
လရောင်လေးကတောင် မပွင့်တပွင့်
ဝါးဝါး မှုံမှုံ ဆမ်းလို့
ကောင်းကင်ကြီးက ကိုယ့်ဆုတောင်းကို
ကြားတော့ ဘာများပြောချင်ပါလိမ့်မလဲ
အချစ်ဆိုတာ ချစ်နေချိန်တော့
မှန်းရခက်တာပဲ
စစ်လား မစစ်လား ကတိတွေဆိုတာလဲ
အချိန်တန်တော့
ခဏတာသာ လင်းပွင့် လှပခဲ့တဲ့
မီးရှုးမီးပန်းတွေလိုပါပဲ
အဆုံးသတ် ကို မျှော်မှန်းလွန်းရင်
ခရီးလမ်းကို မခံစားနိုင်ဘဲ ဖြစ်နေမယ်
ချစ်တာပဲ ဖြစ်ဖြစ် မုန်းတာပဲ
ဖြစ်ဖြစ် တကယ်တော့ ကိုယ်တို့ ဘာမှ မပိုင်ပါဘူးလေ
အဲ့တော့ လူတယောက်ကို အဆုံးထိ
မချစ်ပါနဲ့
မင်းယူလာတဲ့ လေပြေလေးတွေ
ကိုယ့်ကို ဖြတ်တိုက်သွားတာ ကြိုက်တယ်
ရိုးရိုးရှင်းရှင်းပဲတွေးတဲ့အခါ
အနာဂတ် ကို မမျှော်မိတော့
ဘဝက သာယာလှပါတယ်လေ
တချို့ ခံစားချက်တွေကို
မပြောပြဘဲ
သိမ်းထားရတာ ပိုကြိုက်တယ်
တချို့ခံစားချက်တွေက
ပြောပြစရာ မလိုဘဲနဲ့
နားလည်တယ်
တီချမ်း
သောကြာ
နိုဝင်ဘာလ ၁၁ ရက်နေ့ ၂၀၁၆
ခုနှစ်
မွန်းလွဲ ၁၂ နာရီ ၅၄ မိနစ်
LTO
ပန်းဆိုးတမ်း

သူစိမ်း နဲ့ သူစိမ်းပြင်ပြင်

သူစိမ်း နဲ့ သူစိမ်းပြင်ပြင်
သူစိမ်းဆိုတဲ့ စကားကြားဖူးလား Closer ဆိုတဲ့
ရုပ်ရှင်ထဲမှာ နာတလီက ဂျူဒ် ကို ကားအက်စီးဒန့် ဖြစ်ပြီးပြီးချင်း မျက်လုံး အပွင့်မှာ
“hello…..stranger” လို့ နှုတ်ဆက်လိုက်သလိုပေါ့
တခါမှ မမြင်ဘူး မတွေ့ဘူးတဲ့ သူနှစ်ယောက်ကို
သူစိမ်း လို့ခေါ်သလိုပဲ
တခါက အရမ်းချစ်ခဲ့ကြပြီး အကြောင်းအမျိုးမျိုး နဲ့ ခွဲခွာခဲ့ကြရလို့
နောင်တချိန် လမ်းမှာ ပြန်တွေ့ကြတဲ့ အခါ တယောက်ကို
တယောက် စ နှုတ်ဆက်ဖို့ မဝံ့မရဲ ဖြစ်မှုတွေဟာလဲ လူနှစ်ယောက်ကို သူစိမ်းပြင်ပြင် ဖြစ်စေတတ်တာမျိုးလေ……
အဲ့ဒီ အကြောင်းကို ကဗျာလေးရေးရင် ဒီလိုများ
ဖြစ်မလား……..
သူစိမ်း
(က)
တိမ်တိုက်တခုက သတိရ လွမ်းရဆွတ်မှု 
တမ်းတမှု ဘယ်လောက်ကိုများ 
သယ်ကူပေးနိုင်မှာလဲ 
(ခ)
ရုတ်တရက် မပြင်ဆင်ထားတဲ့ လမ်းအကူးမှာ 
ပုခုံးချင်းတိုက်မိမလိုလို အဖြစ်နဲ့ 
တို့နှစ်ယောက် ပြန်ဆုံကြရတဲ့အခါ 
အဲ့ဒီ အလိုက်အတန့်လေးမှာ 
အရာရာဟာ ပြောင်းလဲသွားခဲ့ပြီ 
အရာရာဟာ သူစိမ်းတွေ လိုပါပဲ လားလို့ 
ကိုယ်နားလည်လိုက်တယ်
(ဂ)
တဘက်ကိုလှည့်လိုက်တာနဲ့ တပြိုင်နက်ထဲမှာ
ပြန်ဆုံတွေ့ရတဲ့ ရှိုးတို့ရှန့်တန့်ဖြစ်မှုတွေကို
ဦးနှောက်ရဲ့ဟိုးနောက်ဆုံး အပိုင်းကို အမြန်ပို့ပြီး
ဘာမှ မဖြစ်သလိုမျိုး
(မနေ့ကပဲ တွေ့ခဲ့သေးလို့ ဘာမှ မထူးခြားသလိုလို)
အလျင်ဟန်ဆောင်နိုင်သူက အနိုင်လား
(ဃ)
ပြီးသွားခဲ့တဲ့ အခါ အတိတ်တွေဟာလဲ အလကားပါပဲလား
အဖြစ်အပျက်တွေက အတိတ်မှာကျန်ခဲ့တဲ့အခါ
အရင်က အသည်းနှင့်အောင် ချစ်ခဲ့ကြတာ တွေဟာ
အတွေ့အကြုံသာသာပဲတဲ့လားလေ
(င)
အတိတ်မှာ ကျန်ခဲ့ပြီဆိုရင် ဘာများ ပြောင်းလဲ
နိုင်ဦးမှာလဲလေ
ကမ္ဘာကကော စောင်းနေရက်နဲ့တောင်
ဘယ်နှစ်ပတ်လည်ပြီးပြီလဲ
အသည်းအသန်ချစ်ခဲ့တဲ့ အချစ်တွေဟာလဲ
အခုတော့ သူစိမ်းပြင်ပြင်ဖြစ်ခဲ့ပြီပဲလေ
(စ)
ကိုယ်မခံစားရတော့ပါဘူး
စိတ်လဲ မနာတော့ပါဘူး
မင်းကိုတောင် ပျော်ရွှင်စေဖို့
တကယ့်ကို စိတ်ရင်း မှန်မှန်နဲ့
ဆုတောင်းပေးနိုင်နေပြီ
(ဆ)
ခုတော့ ကိုယ်နားလည်ပြီလေ
မင်းဟာ ခုထိ အတိတ်ထဲမှာပဲ
ရှင်သန်နေသေးတယ်ဆိုတာ
(ဇ)
မင်းကိုလဲ ကိုယ်မမုန်းတော့ပါဘူး
အရင်က မင်းပေးခဲ့တဲ့ ရက်စက်တဲ့
ဆင်ခြေတွေကိုတောင် ခွင့်လွှတ်နိုင်နေပြီ
(စ်)
မချစ်တော့ဘူးဆိုတာ
ကိုယ်နားလည်လာတဲ့အခါ
အတိတ်ဆိုတာတောင်
ပြန်တွေးကြည့်တော့ ခပ်ရေးရေးပါကွယ်
(ည)
ဒီလိုခွဲခွာခဲ့ရတာကိုပဲ ကျေးဇူးတင်မိသေးတယ်
မင်းမျက်ဝန်းတွေကိုကြည့်တဲ့အခါ
မြင်ရတဲ့ အစိမ်းရိပ်တွေ
အော်
ခုတော့လဲ
သူစိမ်းပြင်ပြင်တွေပါပဲလားလေ
ကိုယ်က သူစိမ်းပါကွယ် 
T Chen
30th Jan
2016
12:17 AM

Home, D Lax

ချစ်သူ ဇလပ်ဖြူ

ချစ်သူ ဇလပ်ဖြူ
အင်္ဂလိပ်စကားပုံတစ်ခုရှိတယ်။
“ကိုယ်မပြောရဲတဲ့ စကားလေးတွေကို
ပန်းလေးတွေကို ပြောခိုင်းပါ” ……..တဲ့…..
“အဓိပ္ဗါယ်ရှိတဲ့ နှင်းဆီပွင့်လေးတွေမှာလဲ
နှုတ်ခမ်းလေးတွေ ရှိတယ်”……….တဲ့
(နီကိုရဲ က သူ့ဝတ္ထု တပုဒ်ထဲမှာ
ရေးထားတာ ဘတ်ဖူးတယ်)
ရင်နဲ့ မဆန့်တော့တဲ့ ကိုယ့်အချစ်တွေအကြောင်း
ပန်းကလေးတွေက ကိုယ့်ကိုယ်စားပြောပြပါစေ
လမင်းကြီးက ကိုယ့်ကိုယ်စားပြောပြပါစေ
ငှက်ကလေးတွေကလဲသူတို့ရဲ့
တေးသံသာနဲ့ ဆိုပြကြပါစေ
လေညှင်းကလေးတွေကလဲ သယ်ဆောင်ပေးပါစေ
မင်းရဲ့ လည်ကုတ်မွှေးညှင်းလေးတွေကို
နှင်းဆီပန်းလေးတွေရဲ့ နှုတ်ခမ်းဖူးဖူးလေးတွေနဲ့
ထိတွေ့ နမ်းရှိုက်ကြပါစေ 
ကိုယ်ကတော့ ရဲရင့်တဲ့ နှင်းဆီထက်
ဖြူလွလွ ဇီဇဝါ ကိုသာ ပို သဘောကျသူပါ
ချမ်း
၂၉  ရက် ဇန္နဝါရီ ၂၀၁၆ ခု
သောကြာ
LTO

Only Blue

Only Blue……..
@အထီးတည်းငါ့မှာ သဲသောင်ပြင်ပေါ်
လေအေးလေးတိုက်လာ ကမ်းခြေပေါ်မှာ
ကိုယ်ဖိနပ်ထဲမှာ ဝင်နေသဲတွေ 
ခါထုတ်ရင်း ဆက်လျောက်ဆဲ
တယောက်ထဲ ဖော်ကွာမဲ့ ကျန်နေတယ်
@ရေစိမ်းမြမြပြာ ကောင်းကင်ပြာပြာ
အချစ်ခရီးရဲ့ တဝက်မှာ မင်းချန်နေတာ
ကိုယ်ဒီလို အမှတ်မဲ့ ရေပြာနက်ထဲ
ဟိုးအဝေးကူးခတ်လို့သွား
ကြင်နာသူမင်း(ကို) တိုင်တည်ရင်း ရင်မှာငို
‪#‎ပင်လယ်ရေလှိုင်းသံ‬ တီးတိုးရှိုက်ကာငို
တိမ်ဖြူအဝေးမှာ တွယ်ရာမဲ့လွင့်
ရင်ခွင်သစ်ထဲက
မင်းကိုယ့်ကို လွမ်းရင်
ငဲ့ကြည့်
ဟမ်း ဟင်း……..
only blue only blue
အချစ်ကပေးတဲ့ ငရဲမီး
ရင်နာရင်း ရင်မှာမင်း ကိုယ်လွမ်းမိ
@သောင်ကမ်းစပ်နားက ကိုယ့်လှေငယ်ဟာ
ဟိုးအဝေးကို ခတ်ပြီး သွားနိုင်ပါ့မလား
ကိုယ်အကြိမ်ကြိမ်ကြိုးစား
ဒီသောင်ကမ်းက
ခွာလဲ မေ့ဖို့က အခက်သား
ရင်မှာမင်း ငါငိုရင်း
ကြင်နာမယ့်သူ မရှိပြီ
နင်ချန်ထားခဲ့ ငါ့မှာ
တစ်ဘဝလုံး blue Only blue only blue ……

ကိုယ့်ကို ခေါ်သွားပါချစ်သူ


ကိုယ့်ကို ခေါ်သွားပါချစ်သူ
ကိုယ့်ကို ခေါ်သွားပါလား ချစ်သူ
နှစ် ၁၀၀ ကျော် တံတားကြီး ဆီကိုပေါ့
နာမည် ဆန်းဆန်း ကျော်ကြားလှတယ်
ကိုယ့်ကို ခေါ်သွားပါလား ချစ်သူ
ထူးဆန်းရိုးရာ နဲ့ ရှမ်းရွာလေးတွေဆီကိုပေါ့
တောင်ပတ်လမ်းပေါ် တူတူလျောက်ရင်း
လတ်ဆတ်လေတွေ ရှုကြမယ်လေ
ကိုယ့်ကို ခေါ်သွားပါလား ချစ်သူ
ဒုဌဝတီမြစ်ကမ်းနဘေး
တသွင်သွင်တေး နဲ့ စိမ်းမြမြ အလှ
အေးချမ်းချင်သေးတယ်
ကိုယ့်ကို ခေါ်သွားပါလားချစ်သူ
မြို့ဦး ဘော်ကြို စေတီတော်ကို
တူတူဖူးရင်း ဆုတွေ တောင်းကြမယ်လေ
မြို့ကို တပတ် စက်ဘီးစီးကြတဲ့ခါ
မင့်ခါးကို ကိုယ်ဖက်ထားမှာပေါ့
ကိုယ်ကို ခေါ်သွားပါချစ်သူ
လူသူတွေ နဲ့ ဝေးတဲ့
တို့ရဲ့ နှစ်ယောက်ထဲကမ္ဘာကိုလေ
ကိုယ့်ကို ခေါ်သွားပါချစ်သူ
ချမ်း